← Chapters

Chapter 192

Vol. 15 Ch. 192

Chapter 192

Vol. 15 Ch. 192

လင်းဝေ့က အထုပ်များ ထုပ်ပိုးနေချိန်တွင် မိသားစုနယ်မြေတွင် ကွာရှင်းမှုနှင့် ပတ်သက်သော ပြဿနာများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

ထိုကွာရှင်းမှု ပြသနာများထဲတွင် နှစ်ခုက ကောလိပ်ဝင်ခွင့်ရခြင်းနှင့် ပတ်သက်နေသည်။ တစ်ခုက ဝင်ခွင့်ရသော တပ်ထဲမှ ညီအစ်မတစ်ယောက်၏ က်ိစ္စဖြစ်သည်။ ခုနစ်ယောက်က ဝင်ခွင့်ရခဲ့ပြီး သုံးယောက်က ဝင်ခွင့်ရသည့် အထိမ်းအမှတ်အဖြစ် စားသောက်ပွဲ မလုပ်ခဲ့ပေ။

"အကြောင်းကြားစာတွေ ရထားတာ ကြာပြီလေ၊ ဘာလို့ ခုမှ ပြဿနာတွေ ထဖြစ်ရတာလဲ?" လင်းဝေ့က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်ဖြေရန် ကြေငြာပြီးချိန်ကပဲ မိသားစုနယ်မြေမှ စုံတွဲများက ကွာရှင်းမည့်ကိစ္စနှင့် ပတ်သက်၍ မကြာခဏ ပြဿနာ ဖြစ်ကြသည်။ စာရင်းသွင်းချိန် စာမေးပွဲဖြေချိန်နှင့် အကြောင်းကြားစာ ရချိန်တို့တွင် ပြဿနာ ဖြစ်ကြသည်။

တပ်အခြေစိုက် မူလတန်းကျောင်းမှ ဆရာမဆွန်းနှင့် သူ့အမျိုးက စာရင်းသွင်းချိန်က ပြဿနာ ဖြစ်ကြသည်။ ပြဿနာက ပြင်းထန်ပြီး ကွာရှင်းရန်ပင် သဘောတူခဲ့ကြသည်ဟု ကြားရသည်။ ဒါပေမယ့် ဆရာမဆွန်း၏ အမျိုးသားက စိတ်ပြောင်းသွား၍ မဟုတ်ဘဲ ဆရာမဆွန်းက စာမေးပွဲ မအောင်ခဲ့သောကြောင့် သူတို့နှစ်ဦးက မကွဲကွာ ဖြစ်ခဲ့ကြပေ။ သူမက သတ်မှတ် အမှတ်ကို မမှီခဲ့သည့်အတွက် စာမေးပွဲဆက်ဖြေမည့်ကိစ္စကို ရပ်နားထားသည်။

စာမေးပွဲကာလတွင် ပြသနာ ဖြစ်ကြသော စုံတွဲများရှိသည်။ ကောလိပ်ဝင်ခွင့် ဖြေသည့်နေ့တွင် မိသားစုတွင် ပြသနာများသည့်အတွက် လာမဖြေခဲ့သောသူ နှစ်ယောက်ရှိသည်။ နောက်ပိုင်းမှာတော့ တစ်ယောက်က လုံးဝ လက်လျှော့လိုက်ပြီး နောက်တစ်ယောက်က နှစ်သစ်ရောက်တော့ နောင်တရလာကာ ကွာရှင်းသည့်ကိစ္စ၏ အဓိက ဇာတ်ဆောင်တစ်ဦး ဖြစ်လာသည်။

အကြောင်းကြားစာ ရပြီးနောက်မှာ ကွာရှင်းခွင့်တင်ခဲ့ကြသူ အများကြီးရှိပေမယ့် ယခု ယခင်ပြဿနာ ဖြစ်ခဲ့သူများ အကြောင်းကို မကြားရတော့ဘဲ အမှန်တကယ် ကွာရှင်းသည့် အဆင့်ကို ရောက်သွားသူက ယခင်က ရန်ပွဲ မဖြစ်ခဲ့သူ ဖြစ်သည်။

ဒါပေမယ့် သဲလွန်စ မရှိသည်တော့ မဟုတ်ပေ။ ဝင်ခွင့်ရသည့် အထိမ်းအမှတ် စားသောက်ပွဲ မလုပ်နိုင်သည့် တပ်ထဲမှ ညီအစ်မ သုံးယောက်က အမှန်တော့ သူတို့ ခင်ပွန်းများက လက်မခံ၍ ဖြစ်သည်။

ကျောက်လီက သတင်းရထားသည့်အတွက် ပြောလိုက်သည်။ "သူတို့ ဘာလို့ ပြသနာ ရှာနေတာလဲ? တကယ်တော့ ဒါက စာရင်းသွင်းတဲ့ ကာလကလည်း ဖြစ်ပြီးပြီ။အဲ့အချိန်တုန်းက သူ့ယောက်ျားက သူမက စာမေးပွဲ အောင်မှာမဟုတ်လို့ ဘာလို့ အချိန်ဖြုန်းနေတာလဲတဲ့?သူက သူသာ စာမေးပွဲ မအောင်ရင် အခုကစပြီး ကောလိပ်ဝင်ခွင့် ကိစ္စကို လက်လျှော့လိုက်မှာ ဖြစ်ပြီး စာမေးပွဲအောင်ရင် ကျောင်းသွားတက််မယ်လို့ ပြောခဲ့တယ်။ သူ့ယောက်ျားက သူအောင်မယ်ဆိုတာ မယုံလို့ သဘောတူလိုက်တယ်"

"ပြီးတော့ ဘာဖြစ်သွာလဲ?"

"ပြီးတော့ သူက စာမေးပွဲအောင်သွားတယ်" ကျောက်လီက စဉ်းစားပြီး ပြောလိုက်သည်။

"မှန်းကြည့်ရသလောက်တော့ အရင်က လုပ်ခဲ့တဲ့ အလောင်းအစားကြောင့် သူ့ယောက်ျားက အကြောင်းကြားစာရပြီးတော့ လက်မခံဘူး ဒါကြောင့် သူမက ငြင်းပေမယ့် ဘာမှ မတတ်နိုင်ဘူးထင်တယ် မဟုတ်ရင် သူတို့မိသားစုက ဝင်ခွင့်ရတဲ့ အထိမ်းအမှတ် စားသောက်ပွဲ သတင်း ဘာလို့မကြားတာ ဖြစ်မလဲ? အခု သူ့မိန်းမ ကျောင်းကို ပြဿနာ မရှိဘဲ သွားန်ိုင်အောင် သူက မလုပ်ပေးနိုင်ဘူး"

လင်းဝေ့က ဒီလိုလူကို အလွန် အထင်သေးသည့်အတွက် ပြောလိုက်သည်။ "သူ သဘောမတူရင် အရင်ထဲက အလောင်းအစား မလုပ်နဲ့လေ ဘယ်လိုလူလဲ?"

တန့်ရှင်းယွမ်က လက်ခံလိုက်သည်။ "တကယ်ကို ယောက်ျား မပီသဘူး"

ကျောက်လီက သက်ပြင်းချပြီး ပြောလိုက်သည်။

"မိန်းမတွေက ခက်ခဲပါတယ်။ ကျွန်မတို့ တပ်ထဲက ညီအစ်မတွေက လက်ထပ်ပြီး တပ်ထဲကို ရောက်မလာခင်က ယောက်ျားတွေနဲ့ နှစ်တွေအကြာကြီး ခွဲနေခဲ့ရတယ်။ မိန်းမတွေက စောင့်နိုင်ပေမယ့် ယောက်ျားတွေက ဘာလို့ မစောင့်နိုင်တာလဲ?"

"တစ်ကိုယ်ကောင်း သမားတွေ"

ထိုကောလိပ် ဝင်ခွင့်စာမေးပွဲကြောင့် ကွာရှင်းသည့် ပြသနာနှစ်ခု ဖြစ်လာသည်က မိသားစု နယ်မြေတွင် လူတိုင်းသိကာ ယောက်ျားရော မိန်းမရောကို ထောက်ခံသူများရှိသည်။ ကျန်သော ကွာရှင်းရန် ကိစ္စကတော့ လူထုအမြင်က တစ်ဖက်ဖြစ်သည်။

ကွာရှင်းသည့် ကိစ္စ၏ အဓိက ဇာတ်ဆောင်များက ကောရှူးလျန်နှင့် ကျောက်ဖန် ဖြစ်သည်။

ကျောက်မိသားစုက နယ်မှအိမ်ကို ပြောင်းပြီး ချိန်ကပဲ လင်းဝေ့နှင့် ကောရှူးလျန်က မျက်နှာချင်းဆိုင် မတွေ့ခဲ့ကြပေ။ ရုတ်တရက် တွေ့လျှင်လည်း နှုတ်မဆက်ဘဲ ကိုယ့်လမ်းကိုယ်သာ သွားခဲ့ကြသည်။

ပြီးတော့ အစိုးရ ဟိုတယ်တွင် ကောရှူးလျန်က ပြသနာ သိပ်မရှိခဲ့ပေ။ အချိန်ကြာတော့ လူအများက သူမက လိင်ပြောင်းထားသည်ဟု ထင်ခဲ့ပေမယ့် အမှန်ကတော့ နိုင်ငံပြောင်းရလွယ်ပေမယ့် သဘာဝက ပြောင်းရန်ခက်သည်။

ကျောက်ဖန်နှင့် ကောရှူးလျန်၏ ကွာရှင်းမှု အစက လွန်ခဲ့သည့်နှစ် ကျောက်ဖန် လေ့ကျင့်စဉ်က ခြေထောက် ဒဏ်ရာ ရသွားရာမှ စသည်။ အရိုးလွဲသွားသည်မလို့ မပြင်းထန်သော်လည်း ကျောက်ချန်က လဝက်ကျော်လောက် ဆေးရုံတွင် နေခဲ့ရသည်။

ဆေးရုံမှ ဝန်ထမ်းများက နည်းသည့်အတွက် ကျောက်ဖန်က ဆေးရုံတက်နေချိန်တွင် သူနာပြုတစ်ယောက်ထဲက ဂရုစိုက်တာ ခံခဲ့ရသည်။

ဒါက တကယ်တော့ ဘာမှ မဟုတ်ပေ။ဘဆေးရုံမှ လူနာများက လာလိုက်သွားလိုက် ဖြစ်သည့်အတွက် တစ်နှစ်တွင် လူနာဘယ်နှယောက် ကြည့်ရသည်ကိုပင် သူနာပြုက မသိပေ။ ပြဿနာက လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကောရှူးလျန်နှင့် ကျောက်ဖန်၏ ဆက်ဆံရေးက မကောင်းခဲ့ခြင်း ဖြစ်သည်။ ကောရှူးလျန်က လှလှပပ သူနာပြုများကို တွေ့လျှင် အမြဲ သံသယဝင်သည်။ ကျောက်ဖန် ဆေးရုံတက်နေချ်ိန်တွင် သူမက သူနာပြုများကို လဲရန် မကြာခဏ ပြောခဲ့သည်။

ကျောက်ဖန်က ကောရှူးလျန် လျှောက်တွေးနေသည်ဟု ထင်ပြီး တပ်အခြေစိုက် ဆေးရုံတွင် လူအင်အား နည်းသည့်အတွက် သူက သူနာပြုကိစ္စကို ဘာမှ မလုပ်ခဲ့ပေ။ သူနေရသည့် အရိုးအကြော အဆောင်တွင် တာဝန်ကျသည့် သူနာပြုက နှစ်ယောက် သုံးယောက်သာရှိပြီး သူနာပြု တာဝန်ချိန် အပြောင်းအလဲ ရှိသည်။ သူနာပြု ဆရာမက သူပြောင်းချင်လျှင် ပြောင်းလို့ရပေမယ့် သူက မပြောင်းခဲ့ပေ။

ကောရှူးလျန်က မကြာခဏ ပြောနေသည့်အတွက် သူတို့က ဆေးရုံတက်နေချိန်တွင် မကြာခဏ ရန်ဖြစ်ရကာ နောက်ဆုံးမှာတော့ သူက ဆေးရုံမှ စောစောဆင်းခဲ့သည်။

ဆေးရုံမှ ဆင်းပြီးနောက် ကျောက်ဖန်က သူနာပြုများနှင့် ဘာမှ မပတ်သက်ခဲ့ပေ။ သူက ဆေးပြောင်းချင်လျှင်တောင် ထိုဌာနမှ သူနာပြုများက တာဝန် ကျမနေပေ။ ကိစ္စအားလုံးက ပြီးသွားခဲ့သည်။

တရုတ်နှစ်သစ်ကူးကာလက ကျောက်ဖန်က ကလေးများနှင့် ကောရှူးလျန်ကို အပြင်ထွက်ရန် ခေါ်သွားချ်ိန်တွင် ထိုသူနာပြုနှင့် ဆုံသည်။ သူတို့က အချင်းချင်း သိသည့်အတွက် နှုတ်ဆက်ကာ စကားအနည်းငယ် ပြောခဲ့ကြသည်။

အမှန်တော့ ဒါက ဘာမှမဟုတ်ပေမယ့် သူနာပြု၏ အပြုံးက ချိုလွန်းသည်ဟု ကောရှူးလျန်က ခံစားရသည့်အတွက် သူမယောက်ျားကို မြှူဆွယ်သည်ဟူ၍ သူနာပြုကို တိုင်စာ တင်ခဲ့သည်။

တိုင်စာရသည့်အတွက် ဆေးရုံအုပ်က သူနာပြုကို ခေါ်ကာ ဒီကိစ္စကို မေးခဲ့သည်။ သူနာပြုက ငြင်းပေမယ့် ကောရှူးလျန်က အလျှော့မပေးသည့်အတွက် ဒီကိစ္စက ကိစ္စကြီး ဖြစ်သွားသည်။

ပြဿနာဖြစ်ပြီးတော့ တပ်ထဲတွင် လာရောက်စုံစမ်းသော်လည်း ဘာမှ မသိခဲ့ရပေ။ ကျောက်ဖန် ဆေးရုံတက်နေစဉ်က အခြားသူများလည်း ရှိပြီး သူတို့နှစ်ဦးက မရိုးသားသည့် ဆက်ဆံရေးမျိုး မဟုတ်ပေ။ ကျောက်ဖန်က ဆေးရုံမှ ဆင်းပြီးနောက် သူတို့နှစ်ဦး ဆုံခဲ့သည်မှာလည်း ကောရှူးလျန် မြင်ခဲ့သည့် အချိန် ဖြစ်သည်။

ဒီကိစ္စပြီးသွားတော့ ကောရှုးလျန်က အကြောင်းအရင်းမရှိဘဲ အသရေဖျက်မှု အတွက် တိုင်ကြားခံရသည်။ ကျောက်ဖန်က အပြစ်မရှိသူဆိုပေမယ့် သူ့မိန်းမ၏ အသရေဖျက်မှုကိစ္စနှင့် ပတ်သက်၍ ရာထူးတက်မည့် အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။

ဒီကိစ္စတွင် အဆိုးဆုံးကတော့ သူနာပြုဖြစ်သည်။ သူမက ရိုးသားကြောင်း သက်သေပြနိုင်ခဲ့ပေမယ့် သူနာပြုအလုပ်မှ ရပ်နားခံရကာ တပ်ဆေးရုံမှ ရွှေ့ပြောင်းခဲ့ရသည်။

ဒါကြောင့် ကျောက်ဖန်က ကောရှူးလျန်နှင့် ကွာရှင်းတော့မည် ကြားတော့ မိသားစုနယ်မြေမှ အမျိုးသား အမျိုးသမီး အားလုံးက အားပေးခဲ့ကြသည်။

ဒါပေမယ့် သူတို့က ဇာတိမြို့မှာ လက်ထပ်ခဲ့သည့်အတွက် ကွာရှင်းရန် ကျောက်ဖန်က ခွင့်တင်ကာ ကောရှူးလျန်ကို ဇာတ်ိခေါ်သွားခဲ့သည်။

လင်းဝေ့က အံ့သြသွားပြီး မေးလိုက်သည်။ "ကောရှူးလျန်က ကွာရှင်းဖို့ လွယ်လွယ်နဲ့ သဘောတူလိုက်တာလား?"

"မလွယ်လို့ ရမလား?တစ်ဖက်လူရဲ့ အနာဂတ်က သူ့ကြောင့် ပျက်စီးသွားပြီလေ!" ကျောက်လီက ပို၍ စိတ်တိုလာသည်။

လင်းဝေ့ကလည်း ထိုသို့တွေးမိသည်။ "ကျွန်မက ကိစ္စက မြန်တယ်လို့ တွေးမိလို့ပါ။ ဒီလို ဖြစ်သွားတယ် ဆိုရင်တောင် ကောရှူးလျန်က လွယ်လွယ်နဲ့ ကွာရှင်းဖို့ သဘောမတူဘူး ထင်လို့လေ"

"သေချာပေါက် မရိုးရှင်းဘူးပေါ့" ကျောက်လီက အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ကျောက်ဖန်က ကောရှူးလျန်နဲ့ ညှိနှိုင်းခဲ့တယ်လို့ ကြားတယ်။ ကွာရှင်းပြီးနောက်မှာ သူက သူမကို လစဉ်အသုံးစရိတ်ပေးပြီး နောက်တစ်ကြိမ် လက်မထပ်ဘူးလို့ ကတိပေးခဲ့တယ်တဲ့"

ကျောက်ဖန်တို့မိသားစုက ကျောက်လီတို့နေခဲ့သော အရင်အိမ်တွင် နေသည့်အတွက် သူမက ထိုနေရာက အိမ်နီးချင်းများနှင့် ရင်းနှီးနေကာ သတင်းမြန်မြန် ရခဲ့ခြင်း ဖြစ်သည်။

လင်းဝေ့က ဒါကိုကြားတော့ မျက်မှောင်ကြုတ်လိုက်သည်။ "ဒါက မကွာရှင်းထားတာနဲ့ ဘာကွာလို့လဲ?"

"ကွာတာပေါ့။ ပထမဆုံးအနေနဲ့ သူတို့က ကွာရှင်းလက်မှတ်ရမယ် ပြီးတော့ မသက်ဆိုင်သူတွေ ဖြစ်သွားမယ်လေ။ အနာဂတ်မှာ ကောရှူးလျန်က တစ်ခုခု လုပ်ခဲ့ရင်တောင် ကျောက်ဖန်နဲ့ မပတ်သက်တော့ဘူး။ ဒုတိယအနေနဲ့ကတော့...."

လင်းဝေ့က ဘေးကိုကြည့်နေတာ မြင်တော့ ကျောက်လီက ရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"တွေးကြည့်လိုက် ဒါက ပါးစပ်သဘောတူညီချက် ဖြစ်လို့ ထည့်စဉ်းစားစရာ မလိုဘူး။ ကွာရှင်းလက်မှတ်ရရင် နေထိုင်စရိတ်ပေးမယ့်အချိန်ကျရင် မိန်းမနဲ့လည်း လက်ထပ်ပြီးသား မဟုတ်တော့ဘူးလေ ဒါက ကျောက်ဖန်က နောက်ဆုံး ဆုံးဖြတ်ချက် မလား?"

ကျောက်လီ ပြောပုံအရဆိုရင် ကောရှူးလျန်က ကျောက်ဖန်ထံက လှည့်စားခံလိုက်ရပုံ ပေါ်ပေမယ့် သူမလုပ်ခဲ့သည့် ကိစ္စများကြောင့် လင်းဝေ့က သူမကို မသနား မိသည့်အတွက် သူမက အများကြီး မပြောခဲ့ပေ။

.........

မိသားစုနယ်မြေမှ သူများက ကွာရှင်းသည့် ကိစ္စများကြောင့် အလုပ်များနေစဉ် လင်းဝေ့က သူမအိမ်မှ ပရိဘောဂများကို တစ်ခုပြီးတစ်ခု ရောင်းနေသည်။

သူတို့ အိပ်ရန် လိုသေးသည့်အတွက် ခုတင်ကိုသာ ချန်ထားပြီး သူတို့ပြောင်းမည့်နေ့တွင် လာယူမည် ဖြစ်သည်။

ဒါပေမယ့် အခြား အဝတ်ဗီရိုများ စာအုပ်စင်များနှင့် စားပွဲခုံများကတော့ ပြောင်းရွေ့ပြီးပြီ ဖြစ်ပြီး ယခု အိပ်ခန်းတွင် ခုတင်တစ်လုံးနှင့် မြွေအရေခွံပုံစံ အိတ်သာ ကျန်တော့သည်။

အိပ်ခန်းမှ ပစ္စည်းများ ဖယ်ရှားပြီးတော့ ကလေးသုံးယောက်က ပြောင်းရွှေ့ရတော့မည်ကို ခံစားမိလာသည်။

ပေ့ပေ့က ငယ်သေးသည့်အတွက် အဆင်ပြေသည်။ သူမက ပြောင်းရမည်ကိုသာ သိပြီး အိမ်အသစ်အကြောင်း မတွေးမိသလို သူမ ယခု သူငယ်ချင်းများနှင့် အနာဂတ်တွင် ထပ်တွေ့နိုင် မတွေ့နိုင်ကိုလည်း မတွေးမိပေ။

မင်မင်နှင့် ရွေ့ရွေ့က အနည်းငယ် ဝမ်းနည်းနေသည်။သူတို့က ခုနစ်နှစ် ရှိပြီဖြစ်ပြီး ကိစ္စအတော်များများကို သိနေပြီ ဖြစ်သည်။ သူတို့က ထွက်သွားပြီးလျှင် ပြန်လာရန် ခက်သည်ကို သိထားသည်။

ရွေ့ရွေ့က ပို၍ တည်ငြိမ်ပြီး ဝမ်းနည်းလျှင်တောင် မျက်ရည်ဝေ့ကာ မျက်လုံးများ နီနေသည်။ ဒါပေမယ့် မင်မင်ကတော့ မတူပေ။ သူက သူငယ်ချင်းများနှင့် နောက်ပိုင်းမတွေ့ရတော့မည်ကို တွေးကာ မျက်ရည်ကျလာသည်။

ဒါကြောင့် ညနေခင်းတွင် လင်းဝေ့နှင့် ကျုံးရှောက်က ပြောင်းမည့်နေ့ကို တိုင်ပင်နေချိန်တွင် မင်မင်က အပြင်မှ မျက်လုံးများနီရဲကာ ပြေးလာပြီး ဖက်လိုက်သည်။

လင်းဝေ့က သူအပြင်တွင် အန်ိုင်ကျင့်ခံရသည်ဟု တွေးကာ ဖက်၍ နှစ်သိမ့်လိုက်သည်။ သူက မင်မင်ဘာကြောင့် ငိုနေသည်ကို မသိဘဲ သူက အငိုရပ်ကာ မပြောင်းချင်ဘူးဟု ပြောတော့မှ သိသည်။

လင်းဝေ့က မင်မင်ကို ထရန် ကူညီလိုက်ပြီး မေးလိုက်သည်။ "ဘာလို့ ရုတ်တရက် မပြောင်းချင်ရတာလဲ?"

"ကျွန်တော်တို့က အဝေးကိုသွားမှာ ဖြစ်ပြီး ဒီအိမ်ကို ပြန်လာဖို့ မလွယ်တော့ဘူး ပြီးတော့ ကျွန်တော်က ရှောင်းရှီ နဲ့ အခြားသူတွေကို မတွေ့ရတော့ဘူး...."

မင်မင်က ငိုနေရာမှ ခေါင်းမော့လိုက်သည်။ "အမေ ကျွန်တော်တို့ မပြောင်းလို့ ရမလား?"

"အမေက မပြောင်းချင်ပါဘူး ဒါပေမယ့် အဖေက နောက်တစ်နေရာကို ပြောင်းရမှာလေ ပြီးတော့ အမေကလည်း အဲ့ဒီမှာ ကျောင်းတက်ရမယ်။ မပြောင်းရင် အဖေကလည်း အလုပ်လုပ်လို့ မရသလ်ို အမေကလည်း ကျောင်းတက်လို့ မရဘူး"

လင်းဝေ့၏ စကားကို နားထောင်ပြီးနောက် မင်မင်က အငိုရပ်ပြီး မေးလိုက်သည်။ "အဖေက အလုပ်မလုပ်ရဘဲ အမေက ကျောင်းမတက်ရရင် ဘာဖြစ်သွားမှာလဲ?"

"အဖေက အလုပ်မလုပ်ရင် မိသားစုမှာ ငွေမရှိတော့ဘူး။ငွေမရှိရင် အစားအသောက် ဝယ်မရလို့ အားလုံး ဆာလောင်ပြီး သေသွားကြမယ်။ အမေက ကျောင်းမသွားနိုင်ရင်... "

လင်းဝေ့က စဉ်းစားပြီး ပြောလိုက်သည်။ "အမေက နောက်ပိုင်း ပြန်တွေးမိပြီး စိတ်မကောင်း ဖြစ်ရလိမ့်မယ် ပြီးတော့ အဖေကလည်း အလုပ်မလုပ်ရရင် စိတ်မကောင်း ဖြစ်ရလိမ့်မယ် "

မင်မင်က ခေါင်းငုံ့ကာ စဉ်းစားလိုက်ပြီး ခဏကြာတော့ ပြောလိုက်သည်။ "မိသားစုက ငွေမရှိလို့ မဖြစ်ဘူး ပြီးတော့ ကျွန်တော့်မိဘတွေကိုလည်း စိတ်မကောင်း မဖြစ်စေချင်ဘူး..."

လင်းဝေ့က သူ့ဆံပင်ကို ထိလိုက်ကာ ပြောလိုက်သည်။

"သားက အခုအိမ်ကို မခွဲနိုင်တာ အမေသိပါတယ် ဒါပေမယ့် အိမ်ဆိုတာ ဘာနဲ့လုပ်ထားတာလဲ တွေးကြည့်လိုက်?"

"နေတဲ့အိမ်?မိဘတွေ မောင်နှမတွေလား?" မင်မင်က မေးလိုက်သည်။

"ဒါက နောက်ကိစ္စပါ။ အိမ်ဆိုတာက လူတွေနဲ့ လုပ်ထားတာ။ လူတွေရှိပြီး ပရိဘောဂပစ္စည်းတွေရှိတယ် ဆိုပေမယ့် ပစ္စည်းတွေက ရောင်းလို့ရပြီး နေအိမ်ကလည်း အစားထိုးလို့ရတယ်။ ဒါပေမယ့် လူတွေရှိနေသ၍ အိမ်က ရှိနေမှာပဲ"

မင်မင်က နားလည်သွားကာ မေးလိုက်သည်။ "ကျွန်တော်တို့ နေရာအသစ်ကို ရောက်ရင် အိမ်ရှိဦးမှာလား?"

"ဒါပေါ့ နေရာအသစ်မှာလဲ အ်ိမ်ရှိပါတယ်"

လင်းဝေ့က ခေါင်းငြိမ့်လိုက်ပြီး ဆက်ပြောလိုက်သည်။

"သူငယ်ချင်းတွေကတော့ ကြီးလာရင် ခွဲကြရမှာပဲလေ။ ပထမဆုံး မတူတဲ့ အတန်းတွေ တက်ရမယ် ပြီးရင် မတူတဲ့ အလယ်တန်းကျောင်း အထက်တန်းကျောင်းတွေ တက်ရမယ် နောက်ပြီး မတူတဲ့မြို့တွေမှာ တက္ကသိုလ်သွားတက်ရင် ခွဲကြရမှာပဲ။ အခုက နည်းနည်းလေး ပိုစောသွားတာပါ သူတို့နဲ့ ခွဲရမှာမလို့ ဝမ်းနည်းနေရင် အခု သွားပြီး နှုတ်ဆက်လိုက်ပါ"

မင်မင်က မေးလိုက်သည်။"နောက်ပိုင်း သူတို့ကို လွမ်းလာရင်ကော?"

"သား သူတို့ကို စာရေးလို့ရတယ် အမေက စာပို့ပေးမယ်။ နောက်ပိုင်း အခွင့်အရေးရှိရင် အမေက အလည် ပြန်ခေါ်လာပေးမယ်။ အဆင်ပြေတယ်မလား?"

မင်မင် - "ဟုတ်၊ ဟုတ်ကဲ့..."

ဒါပေမယ့် သူက အခုထိ စာလုံးတွေကို သေချာ မသိသေးဘူး။ သူက အချိန်တိုင်း ပုံတွေကို ကြည့်ပြီး စာရေးရင်တောင် စိတ်ရှုပ်နေရတယ်။ဘယ်လိုလုပ် စာရေးနိုင်မှာလဲ?

စိတ်ပူစရာပဲ!

All Chapters