← Chapters

Chapter 193 (ဇာတ်သိမ်းပိုင်း)

Vol. 15 Ch. 193-Final

Chapter 193 (ဇာတ်သိမ်းပိုင်း)

Vol. 15 Ch. 193-Final

လင်းဝေ့၏ စကားကို နားထောင်ပြီးနောက် သူက သူ့သူငယ်ချင်းများကို နှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။

သူက သူ့အရုပ်များကို ရေတွက်ကာ အနည်းငယ်ကို ယူလိုက်ပြီး သူ့သူငယ်ချင်းများကို ပေးရန် ဆုံးဖြတ်လိုက်သည်။ အနာဂတ်တွင် သူတို့က အရုပ်များနှင့် ကစားသောအခါ သူ့ကို သတိရစေလိုသည့် မျှော်လင့်ချက်နှင့် ဖြစ်သည်။

ရှောင်းရှီက်ို ပေးခဲ့သည်က သူ့မိဘတွေ ဝယ်ပေးထားသော သစ်သားလှည်းလေးဖြစ်ပြီး သူ့ပစ္စည်းများထဲတွင် အကြီးဆုံးနှင့် အကောင်းဆုံး ဖြစ်သည်။

သူ့အစ်ကို၏ စကားကို ကြားတော့ ရွေ့ရွေ့က ဖြတ်ပြောလိုက်သည်။ "ဒါပေမယ့် သံကားလေးက အကောင်းဆုံး မလား?"

မင်မင်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ "ဒါက မိဘတွေပေးတဲ့ လက်ဆောင်လေ ဘယ်သူ့ကိုမှ မပေးနိုင်ပါဘူး!"

ပြီးတော့ ဒီကားက သူ့အကြိုက်ဆုံး ဖြစ်သည့်အတွက် သူများကို မပေးနိုင်ပေ။

ရွေ့ရွေ့က ပြောလိုက်သည်။ "ဟုတ်ပါပြီ"

"မင်းရော ရှောင်းရှီကို ဘာပေးမှာလဲ?"

"ပေးရမှာလား?" ရွေ့ရွေ့က လက်ဆောင် ပေးသင့်မပေးသင့် မဆုံးဖြတ် နိုင်သေးဘဲ ကလေးဆန်သည်ဟု သူက တွေးနေမိသည်။

မင်မင်က ချက်ချင်း ပြောလိုက်သည်။ "ဒါပေါ့! ရှောင်းရှီက အစ်ကိုနဲ့ ညီမလေးက လွဲပြီး မင်းအတွက် အကောင်းဆုံးသူငယ်ချင်းလေ။ အစ်ကိုတို့က ထွက်သွားတော့မှာကို သူ့ကိုနှုတ်မဆက်ဘဲ သွားတော့မလို့လား?ပြီးတော့ အစ်ကိုက သူ့ကို လက်ဆောင်ပေးမှာကို မင်းက ဘာလို့ မပေးတာလဲ!"

ရွေ့ရွေ့က သူ့အစ်ကို၏ စကားကြောင့် စိတ်ပြောင်းသွားသည်။ "ဟုတ်ပြီ ကျွန်တော် ဘာပေးရမလဲ စဉ်းစားလိုက်ဦးမယ်"

"မင်း အရုပ်တွေထဲက ရွေးလိုက် ဒါဆို သူတို့ အရုပ်တွေနဲ့ ကစားရင် မင်းကို သတိရနေမှာ!" မင်မင်က သူက ဒီလို အကြံဉာဏ် ထွက်လာသည့်အတွက် ဉာဏ်ကောင်းသူဟု လက်ခံထားသည်။

သူ့အစ်ကို၏ တောင်းဆိုမှုကြောင့် ရွေ့ရွေ့က အရုပ်ဆက်သည့်ကဒ်ကို ရှောင်းရှီအတွက် ပေးရန် လုပ်လိုက်သည်။

လက်ဆောင်များ ရွေးပြီးနောက်တွင် မင်မင်က အငယ်နှစ်ယောက်ကို ခေါ်၍ သူငယ်ချင်းများကို နှုတ်ဆက်ရန် သွားခဲ့သည်။

တပ်ရင်းမှ လူကြီးအားလုံးက ကျုံးရှောက်တို့ ပြောင်းတော့မည်ကို သိသော်လည်း ကလေးများက မသိသဘ့်အတွက် မင်မင်က လက်ဆောင်ပေးကာ သူတို့ပြောင်းတော့မည် ပြောတော့ သူတို့က လက်ဆောင်ကို လက်ခံကြသည်။ ကလေးများ အားလုံးက ငိုခဲ့ကြသည်။

အကြီးတစ်ယောက် အနေနှင့် သူက နှစ်သိမ့်ရမည် ဖြစ်သည့်အတွက် ပြောလိုက်သည်။ "အနာဂတ်မှာ ပြန်တွေ့ဖို့ ခက်နိုင်တယ် ဆိုပေမယ့် ဘဝမှာ ခွဲခွာခြင်းနဲ့တော့ ကြုံတွေ့ရမှာပဲ။လက်ရှိ အချိန်မှာ ပျော်ရွှင်နေသ၍ နှုတ်ဆက်ဖို့ လုံလောက်ပါတယ်"

လင်းဝေ့က သူ့ကို ဒီစကားတွေ ပြောချ်န်က သူက မတွေးနိုင် ဖြစ်နေခဲ့ပေမယ့် ယခု သူက အခြား ငါးနှစ်၊ ခြောက်နှစ်၊ခုနှစ်နှစ်၊ ရှစ်နှစ် အရွယ် ကလေးများကို ဒါတွေ ပြောတော့ သူတို့က နားလည်ပုံပေါ်သည်။

အချို့ကလေးများက တကယ်ကို တုံးအပြီး သူတို့ခေါင်းဆောင်က အာဏာရှိပြီး အရာအားလုံးကို သိသည်ဟု ထင်နေကြသည်။ "အနာဂတ်တွင် တွေ့ရန် မလွယ်"ဟူသော စကားကိုသာ ကြားလိုက်သော ကလေးများက ပို၍ ငိုကြွေး ကြသည့်အတွက် မင်မင်က ခေါင်းစားသွားကာ သူတို့ကို အနာဂတိမှာ တွေ့ဖို့ မလွယ်ပေမယ့် သူ့ကို လွမ်းရန် စာရေးလို့ရသည့် အကြောင်းနှင့် သူ့အမေက သူ့ကို အားသည့်အချိန်တွင် အလည်ခေါ်လာမည့်အကြောင်း အမြန် ပြောလိုက်ရသည်။

ဒါကိုကြားတော့ ကလေးအချို့က အငိုတိတ်သွားကာ အချို့ကလေးများက မင်မင်ကဲ့သို့ စိတ်ပူကြသည်။ "ဒါပေမယ့် ကျွန်တော်တို့ စာမရေးနိုင်ရင်ရော?"

မင်မင်က သူတွေးမိသည့်အတိုင်း သူတို့ကို ပြောလိုက်သည်။ "ဒါဆို စာကို သေချာ ကြိုးစားရမယ်။ အဆင့်တွေကောင်းလာရင် စာလုံးတွေ ပိုသိလာမယ်။ ငါ့ညီဆိုရင် စာပိုဒ်ရှည်တွေ ရေးနိုင်နေပြီ!"

ရွေ့ရွေ့က ပြောလိုက်သည်။ "မရှည်ပါဘူး ရာကျော်လေးပါပဲ!"

ကလေးများက အံ့သြသွားသည်။ စာလုံး ရာကျော်က မများဘူးတဲ့လား! သူတို့က ရွေ့ရွေ့ကို အထင်ကြီးသည့် အကြည့်များနှင့် ကြည့်လိုက်သည်။

မင်မင်ကလည်း သူက စာလုံးပေါင်းရာကျော်ကို မရေးနိုင်သည့်အတွက် သူ့ညီက်ို အထင်ကြီးသည်။ စာမေးပွဲ ပြီးတိုင်းတွင် သူက ပုံကိုဖော်ပြသည့် စာလုံးနှင့် စာပိုဒ်ရှည်ကို မရေးနိုင်လျှင် သူ့ညီက သူ့ကို သတ်လိမ့်မည်။

ဒါပေမယ့် ထိုအချိန်တွင် သူက သူ့အထင်ကြီးမှုကို ရင်ထဲတွင်သာ ထားသည်။ သူက ခေါင်းဆောင်ဖြစ်သည့်အတွက် မျက်နှာ အပျက်မခံနိုင်ပေ။ သေချာပေါက် သူက စာလုံးများ ရေးနိုင်ရန် အခက်တွေ့နေသည်ကို သူ့သူငယ်ချင်းများကို မပြောနိုင်ပေ။

ဒါကြောင့် သူက မတွေဝေဘဲ ပြောလိုက်သည်။ "မင်းတို့ စာလုံးတွေ အများကြီး သိလာရင် စာအရှည်ကြီး ရေးပို့လို့ရတယ်။ ငါက နောက်ပြန်စစ်မှာမလို့ ကြိုးစားဖို့လိုတယ်"

သူ့စကားကို နားထောင်ပြီးတော့ ကလေးများတွင် ပုံစံနှစ်မျိုးရှိသည်။ တစ်မျိုးက ငယ်သေးပြီး စာကြိုးစားရန် အချိန်ရှိသူများ ဖြစ်သည်။ သူတို့က သူငယ်ချင်းများကို စာပို့ရန် စာကြိုးစားရမည်ဟု ဆုံးဖြတ်လိုက်ကြသည်။နောက်တစ်မျိုးကတော့ အသက်ကြီးနေပြီး သူတို့အကြောင်း သူတို့ သိသူများ ဖြစ်သည်။ သူတို့က ပျင်းရိပြီး အိပ်နေရန်သာ သိသည်။ သူငယ်ချင်း သံယောဇဉ် မြဲဖို့ကတော့ ချစ်နေလျှင် ရပြီ ဖြစ်သည်။

.........

လင်းဝေ့က သူတို့မကြာခင် သွားတော့မည်ဟု ပြောသဖြင့် သူက သူ့သူငယ်ချင်းများကို ချက်ချင်း ထွက်သွားမည်ဟု ပြောခဲ့သည်။

သူငယ်ချင်းများက ဒါကိုကြားတော့ ရွေ့ရွေ့တို့က မနက်ဖြန် သွားတော့မည်ဟု ထင်ကာ အနာဂတ်တွင် ဆက်သွယ်၍ ရတာ သိကြသော်လည်း ငိုနေကြသေးသည်။

နောက်တစ်ရက်တွင် သူတို့က မင်မင်နှင့်ရွေ့ရွေ့ကို တွေ့ရုံသာမက တစ်နေ့လုံး ကစားခဲ့ကြပြီး ညမှ ခွဲခွာခဲ့ကြသည်။ ကလေးအချို့က မေးလိုက်သည်။ "ဘယ်တော့ သွားကြမှာလဲ?"

မင်မင်က ဖြေလိုက်သည်။ "ချက်ချင်းပဲ"

ဒါကြောင့် ကလေးများက ဝမ်းနည်းသွားကြပြန်ကာ မင်မင်နှင့် ရွေ့ရွေ့ကို မနက်ဖြန် မတွေ့ရတော့ဘူးဟု ထင်ကြပြန်သည်။

ဒါပေမယ့် သူတို့က မင်မင်တို့ကို သုံးရက်၊ လေးရက်၊ ငါးရက်မြောက် နေ့အထိ တွေ့ခဲ့ရပြီး ငါးရက်မြောက်နေ့ ခွဲခွာကျသောအခါ သူတို့ဘယ်တော့ သွားမည်ကို ဘယ်သူကမှ မမေးခဲ့ကြပေ။

ထိုနေ့ရောက်ရန် အတော်ကြာမည့်ပုံ ပေါ်သည်။

ဒါပေမယ့် ခြောက်ရက်မြောက်နေ့ မနက်ခင်းမှာတော့ မင်မင်က အိပ်ယာထပြီး အိပ်ခန်းကိုလာချိန်တွင် အိပ်ယာက နံရံတွင် ထောင်ထားကာ ခုတင်ခေါင်းရင်းမှ ပစ္စည်းများကလည်း ထိုနေရာတွင် ဖြစ်သည်။

မင်မင်က အံ့သြသွားသည်။ "အိမ်က ဖြိုထားပြီ!"

ရွေ့ရွေ့ကလည်း သူ့အသံကြားတော့ သူတို့အိပ်ခန်းထဲမှ ထွက်လာသည်။ "ပြောင်းတော့မှာပဲ"

"ဘာပြောင်းတာလဲ?" ပေ့ပေ့က သူ့အစ်ကိုနှစ်ယောက် နောက်မှ မျက်လုံးကို ပွတ်ကာ မေးလိုက်သည်။

"အစ်ကိုတို့ ပြောင်းတော့မှာ" သူ့ညီမက အိပ်ချင်စိတ် မပျောက်သေးတာမလို့ ရွေ့ရွေ့က တစ်ဖက်လှည့်ကာ သူ့ကိုထိလ်ိုက်ပြီး ပြောလိုက်သည်။

သူတို့က ပြောင်းရမည်ဆိုတာကို လက်ခံထားတာ ကြာပြီ ဖြစ်သော်လည်း ယခု အခြေအနေတွင် အနည်းငယ် ဝမ်းနည်းရသည့်အတွက် မေးလိုက်သည်။ "တကယ်ပဲ မကြာခင် ပြောင်းရတော့မှာလား?"

"မကြာခင်မှာပေါ့" ရွေ့ရွေ့က ပြောလိုက်သည်။

ကျုံးရှောက်က ပစ္စည်းများကို သယ်မည့်သူကို ခေါ်လာစဉ် မောင်နှမသုံးယောက်ကို အခန်းဝတွင် တွေ့ရတော့ မေးလိုက်သည်။ "ဘာလုပ်နေကြတာလဲ?"

"ကျွန်တော်တို့ ပြောင်းတော့မှာလား အဖေ?" မင်မင်က ခေါင်းမော့ကာ မေးလိုက်သည်။

ကျုံးရှောက်က ခေါင်းငြိမ့်လိုက်သည်။ "အင်း နေ့ခင်းဖက် လှေနဲ့လေ။ အမေနဲ့ အဖေက လုပ်စရာတွေ အရမ်းများတာမလို့ သားတို့ကို ဂရုစိုက်ဖို့ အချိန်မရှိဘူး။ အဝေးကြီး မသွားကြနဲနော်"

ဒီတစ်ခါတွင် မင်မင်နှင့် ပေ့ပေ့က အမြန်ဆုံး ဖြေလိုက်ပေမယ့် သူတို့က တွေဝေနေသေးသည့်အတွက် ပေ့ပေ့၏ အသံကသာ ကျယ်လောင်စွာ ထွက်လာသည်။ "သိပါပြီ"

ရွေ့ရွေ့က ဆက်ပြောလိုက်သည်။ "သိပါပြီ"

ကျုံးရှောက်က မင်မင်၏ ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။ "အဖေနဲ့ ဦးလေးက ခုတင်ကို ပြောင်းရမှာ လုပ်စရာတွေ အများကြီးရှိတယ်။ သား ညီလေးနဲ့အတူ ညီမလေးကို မျက်နှာသစ် သွားတိုက်ပေးလို့ ရမလား?"

မင်မင်က စူပုတ်စွာနှင့် သူ့မောင်နှမများနှင့်အတူ သူ့ညီမလက်ကို ဆွဲပြီး အောက်ဆင်းလာခဲ့သည်။

ပေ့ပေ့၏ ခြေထောက်က တိုသည့်အတွက် သူတို့မောင်နှမသုံးယောက်က နှေးကွေးစွာ လမ်းလျှောက်လာခဲ့သည်။ ဒါပေမယ့် သူတို့အောက်ကို ရောက်တော့ ပေ့ပေ့က ပတ်ပြေးကာ သူ့အမေကို အော်ခေါ်နေသည်။

သူ့သမီး အသံကိုကြားတော့ လင်းဝေ့က မီးဖိုချောင်မှ ထွက်လာကာ သူ့သမီးကိုဖက်လိုက်ပြီး မေးလိုက်သည်။ "ဘယ်တုန်းက နိုးတာလဲ?"

"အခုပဲ" ပေ့ပေ့က ပြန်ဖြေလိုက်သည်။ သူ့လက်နှင့် လင်းဝေ့၏ နားကိုကွယ်ကာ မေးလိုက်သည်။ "အမေ သမီးပြောပြမယ် သမီးတို့မိသားစုက ပြောင်းတော့မှာတဲ့!"

လင်းဝေ့က အလွန်အံ့သြသည့်ပုံစံ လုပ်ပြလိုက်သည်။ "ဒီလို ကိစ္စကြီးကို ဘယ်လိုသိလာတာလဲ?"

"အစ်ကိုပြောတာ" ပေ့ပေ့က ခဏစဉ်းစားလိုက်သည်။ "အဖေလည်း ပြောတယ်"

"ဒီလိုကိုး" လင်းဝေ့က ရုတ်တရက် သဘောပေါက်သွားသည်။

ပေ့ပေ့က မေးလိုက်သည်။ "ပြောင်းတယ်ဆိုတာ ဘာလဲ အမေ?"

တကယ်တော့ ပေ့ပေ့က သူ့မိဘတွေနဲ့ အစ်ကိုတွေ ပြောင်းမည်ဟု ပြောသည်ကို ကြားထားပေမယ့် မေ့နေသည့်အတွက် ဒီလို မေးခဲ့ခြင်း ဖြစ်သည်။

လင်းဝေ့က ရှင်းပြလိုက်သည်။ "ပြောင်းတယ်ဆိုတာက အိမ်အသစ်မှာ နေဖို့ သွားတာလေ"

ပေ့ပေ့က ရုတ်တရက် နားလည်သွားသည်။ "အိမ််အသစ်က ဘယ်လိုမျိုးလဲ?"

"အဆောက်အဦး တစ်ခု ဖြစ်မှာပေါ့" လင်းဝေ့က ယန်ချန်အခြေစိုက်စခန်းမှ ရေတပ်စုကို မရောက်ဖူးပေမယ့် သူတို့ ယားကျိုကျွန်းကိုလာစဉ်က ယန်ချန်အခြေစိုက်စခန်းမှ တည်းခိုခန်းတွင် နေခဲ့သည့်အတွက် မိသားစု အခန်းများမှာ တစ်လွှာတွင် အိမ်ထောင်စု နှစ်ခုနေရသည်ဟု သ်ိထားသည်။

ပေ့ပေ့က နားမလည်သည့်အတွက် မေးလိုက်သည်။ "အဆောက်အဦးက ဘယ်လိုပုံစံလဲ?"

"မြို့ပေါ်မှာလိုမျိုး လေးထပ်၊ငါးထပ် ဒါမှမဟုတ် ခြောက်ထပ် ရှိတဲ့ အဆောက်အဦး အမြင့်ကြီးတွေလေ"

ပေ့ပေ့က မြို့ပေါ်မှ အဆောက်အဦး အမြင့်များကို မမှတ်မိသည့်အတွက် သူမအိမ်သစ်ကို တွေးကြည့်၍ မရပေ။ ဒါပေမယ့် သူမက အများကြီး စိတ်မပူပါ သူမ မိဘများနှင့် အစ်ကိုများ ရှိနေလျှင် သူမက အဆင်ပြေသည်။

သူတို့သားအမိ စကားပြောပြီးနောက် လင်းဝေ့က သူ့သမီးကို ရေချိုးခန်းထဲ ခေါ်သွားကာ သွားတိုက် မျက်နှာသစ် ပေးလိုက်သည်။ ပေ့ပေ့က ငယ်သေးသည့်အတွက် သွားတိုက်ရမည့်နည်းကို မသိသည့်အတွက် မိဘများ အကူအညီ လိုအပ်သည်။

.........

ထောက်ပို့သင်္ဘောက နေ့ခင်း နှစ်နာရီမှာ ထွက်မှာ ဖြစ်ပြီး ယခုက မနက်ခင်း ဖြစ်၍ လင်းဝေ့နှင့် ကျုံးရှောက်က သူတို့ယူသွားမည့် ပစ္စည်းများကို သန့်ရှင်း ထုတ်ပ်ိုးနေသည််။

လင်းဝေ့က အားလုံးကို ယူသွားချင်ပေမယ့် သူမအမှန်တကယ် ယူသွားနိုင်မည့် အရာကိုသာ ယူသွားရန် ဆုံးဖြတ်လိုက်သည်။ သူမအိတ်ထဲတွင် အဝတ်များ အိပ်ယာခင်းများ မကျိူးပဲ့ နိုင်သည့် ပုံးများ အိုးများ နှင့် အကြော်အိုးများ ပါသည်။

ကြွေပန်းကန်လုံးများနှင့် ဖန်ခွက်များကတော့ သင်္ဘောလှုပ်လျှင် ကျိုးပဲ့လွယ်သည့်အတွက် ယူမသွားတော့ပေ။

ဓာတ်ဘူးကိုတော့ ယူသွားလိုက်သည်။ ဒါကို ဝယ်ရန် လက်မှတ်လိုသည်။ ဒါက ကောင်းနေလျှင် လက်မှတ်သုံးစရာ မလိုပေ။ အထဲမှ ပစ္စည်း ပျက်စီးသွားလျှင်လည်း အစားထိုးလို့ရပြီး ဒါက ကုန်ကျစရိတ် ချွေတာခြင်း ဖြစ်သည်။

ကျန်သော ပစ္စည်းများကိုတော့ ပရ်ိဘောဂ ပစ္စည်းများမှလွဲ၍ ကျန်သည်များကို အိမ်နီးချင်းများ လိုတာရှိလျှင် ပေးခဲ့လိုက်သည်။

ထားခဲ့လျှင်လည်း အသုံးမဝင်သလို ယူသွားလို့လည်း မရပေ။ ဒီအိမ်မှာ ဘယ်သူတွေ နေမယ် ဆိုတာနှင့် နေမည့်သူတွေက ပစ္စည်းတွေကို လိုချင် မလိုချင် သေချာမသိနိုင်ပေ။ အိမ်တွင် ထားခဲ့မည့်အစား အိမ်နီးချင်းများကို ပေးလိုက်သည်က ပ်ိုသင့်တော်သည်။

ဆယ့်နှစ်နာရီ မတိုင်ခင်ထိ အလုပ်ရှုပ်နေခဲ့ပြီး ပစ္စည်းများအားလုံး ထုပ်ပိုးပြီးနောက် လင်းဝေ့နှင့် ကျုံးရှောက်က ကလေးသုံးယောက်ကို ခေါ်ကာ တန့်ရှင်းယွမ်၏ အိမ်တွင် နေ့လည်စာစားရန် ခေါ်လာခဲ့သည်။

တန့်ရှင်းယွမ်နှင့် သူ့အမျိုးသားက လင်းဝေ့တို့ကို လိုက်ပို့မည် ဖြစ်၍ နေ့လည်ပိုင်း ခွင့်ယူထားသည်။ ကျိုးကျင်းဟွေ့က စစ်ကား တစ်စီးကို ယူကာ သူတို့ကို ပစ္စည်းများ ရွှေ့ပြောင်းပေးရန် ဆုံးဖြတ်ထားသည်။

တန့်ရှင်းယွမ်က ယခုမှ အလုပ်ဆင်းရသည့်အတွက် ချက်ပြုတ်ရန် အချိန်မရသည့်အတွက် စားသောက်ဆိုင်မှ ဝယ်ခဲ့သည်။

ထမင်းများများနှင့် ဟင်းလျာ အနည်းငယ်ဖြစ်ပြီး ဟင်းကသိပ်မစုံပေ။ အရသာက မဆိုးပေမယ့် နှစ်အတော်ကြာ စားပြီးနောက်မှာတော့ သိပ်အရသာ မရှိဘူးဟု လူတိုင်းက ထင်ကြသည်။

မကြာခင် ခွဲရတော့မည့်အတွက် သူတို့က အစားစားချင်စိတ် မရှိကြပေ။ လူကြီးများရော ကလေးများပါ ဝမ်းနည်းနေကြသည်။

နေ့လည်စာ စားပြီးနောက် လင်းဝေ့က နာရီကိုကြည့်လိုက်ရာ တစ်နာရီ ဖြစ်နေပြီကို သိလိုက်သောအခါ ပြောလိုက်သည်။ "သွားဖို့ အချိန် ရောက်ပြီ"

တန့်ရှင်းယွမ်က ချက်ချင်း ပြောလိုက်သည်။ "အိတ်တွေ သယ်ဖို့ သွားကြတာပေါ့"

လင်းဝေ့က မငြင်းဆန်ဘဲ ကျေးဇူးတင်လိုက်ကာ ကလေးလေးယောက်ရော လူကြီးလေးယောက်လုံးပါ ရှေ့သို့ ထွက်လာခဲ့ကြသည်။

ထုတ်ပိုးထားသော အိတ်များကို အောက်ထပ်သို့ ချထားပြီး ဖြစ်သည်။ အချို့က ဆိုဖာပေါ်တွင် ဖြစ်ကာ အချို့က ကြမ်းပြင်ပေါ်တွင် ဖြစ်သည်။ ပစ္စည်း အတော်များပုံ ပေါ်သည်။

ကျိုးကျင်းဟွေ့က ဒါကိုကြည့်ပြီး ပြောလိုက်သည်။ "မင်းတို့က တကယ် သွားကြမှာပေါ့!"

"ငါတို့က မသွားဘူးဆိုရင် ဘာလို့ ဒါတွေ ပြောင်းနေမှာလဲ?"

လင်းဝေ့က ကျိုးကျင်းဟွေ့၏ ဆိုလိုရင်းကို သိသည်။မိသားစုနယ်မြေမှ လူအများက မြို့အစွန်မှ ဖြစ်သည်။သူတို့က စစ်တပ်ကို ဝင်သည် ဒါမှမဟုတ် အလုပ်ပြောင်းလျှင် ခရီးဝေးသည့်အတွက် အရေးကြီးပစ္စည်း အနည်းငယ် ကိုသာ ယူပြီး သူတို့လို မြွေအရေခွံပုံစံ အိတ်များနှင့် ထုတ်ပိုးလေ့မရှိပေ။

လင်းဝေ့က ရှင်းပြလိုက်သည်။ "ထောက်ပို့သင်္ဘောက ယန်ချန် အခြေစိုက်စခန်းမှာ ရပ်မှာဆိုတော့ ပစ္စည်းတွေ ရွှေ့စရာ လိုမယ်မထင်လို့ ကျွန်မ ထပ်ပြီး မဝယ်ရအောင် ပစ္စည်းနည်းနည်း ပိုပြီး ထုပ်ပိုးလိုက်တာပါ"

"သူက နောက်နေတာပါ စိတ်ထဲထားမနေနဲ့" တန့်ရှင်းယွမ်က မေးလိုက်သည်။ "အထုပ်တွေအားလုံး ထုပ်ပြီးပြီလား? ကျန်တာ ရှိသေးလား?"

လင်းဝေ့က ခေါင်းခါလိုက်သည်။ "ဟင့်အင်း သယ်ဖို့ မလွယ်တာတွေကို ထားခဲ့ဖို့ လုပ်ထားတယ်"

တန့်ရှင်းယွမ်က ပြောလိုက်သည်။ "ကောင်းတယ်။ မေ့ခဲ့ရင်လည်း ရပါတယ်။ ကျွန်မကို ခေါ်လိုက်ရင် ကျွန်မက ထုပ်ပိုးပြီး ပို့ပေးလိုက်မယ်"

ပြောနေချိန်တွင် အမျိုးသားနှစ်ယောက်က အိတ်များကို သယ်နေပြီ ဖြစ်သည်။

ကျိုးကျင်းဟွေ့က အိတ်များကိုသယ်ကာ ကျုံးရှောက်က ထက်ဝက်မှ ယူပြီး ကားပေါ်တင်သည်။ ဒါကြောင့် အိတ်များကို ကားပေါ်တင်ပြီးနောက် ကျုံးရှောက်က မေးလိုက်သည်။ "အဆင်ပြေရဲ့လား?သယ်စရာတွေ ရှိသေးတယ်နော် ရရဲ့လား?"

ကျိုးကျင်းဟွေ့ - "သေချာပေါက် ရတာပေါ့"

ကျိုးကျင်းဟွေ့က အိတ်ကို ပုခုံးပေါ် မတင်ဘဲ လက်နှင့်ဆွဲကာ အိတ်ကလည်း နှစ်အိတ် သယ်လာပြီး လမ်းတွင် တစ်အိတ်ထဲ သယ်လာသော ကျုံးရှောက်ကို နောက်ပြောင်လိုက်သည်။ "ငါက အများကြီး သယ်နိုင်တယ်...မင်းလုပ်နိုင်လား?"

ထို အမျိုးသားနှစ်ယောက်က ဘာမဟုတ်သည့် ကိစ္စလေးနှင့် အငြင်းပွားနေသည်ကို မြင်ရတော့ လင်းဝေ့နှင့် တန့်ရှင်းယွမ်က စိတ်ညစ်ရပြီး သူတို့က နားလည်မှုနှင့် ဒီကိစ္စကို လက်ရှောင်ကာ ပါးစပ်နှင့်သာ ညွှန်ကြားနေသည်။

"ဖြည်းဖြည်းလုပ် မလွှတ်လိုက်နဲ့။ ပြုတ်ကျလာမယ်၊ အဲ့အိတ်နှစ်လုံးက လေးတယ် လက်တစ်ဖက်ထဲနဲ့ မသယ်နဲ့...."

အမျိုးသား နှစ်ယောက် ပြိုင်ဆိုင်မှု ပြီးတော့ ဆယ်မိနစ်အတွင်းမှာပဲ အိတ်များအားလုံးက ကားထဲရောက်သွားပြီ ဖြစ်သည်။

အောက်ထပ်က ရှင်းလင်းသွားတော့ လင်းဝေ့က အပေါ်ထပ်ကို တက်၍ ကြည့်ခဲ့သည်။

သူမက သေဆုံးမည့်အခြေအနေမှ လွတ်မြောက်ပြီးနောက်တွင် လင်းဝေ့နှင့် ကျုံးရှောက်က အိမ်ပြောင်းရန် တိုင်ပင်ခဲ့သော်လည်း နေရာလွတ်က မြို့ထဲမှအိမ်သာ ရှိသည့်အတွက် သူမက တွေဝေနေပြီး မပြောင်းချင်ခဲ့ပေ။

ဘယ်လို ထားခဲ့ နိုင်မှာလဲ?ကျုံးရှောက်က လူငှားကာ မီးဖိုချောင် သန့်စင်ခန်း ရေချိုးခန်း အားလုံးမှ ပြတင်းပေါက်များကို ပြင်ထားခဲ့သည်။ အိပ်ခန်းမှ ပရိဘောဂများကလည်း သူကိုယ်တိုင် ရွေးထားတာ မဟုတ်လျှင် သူများကို လုပ်ခိုင်းထားတာ ဖြစ်သည်။

အခန်းတိုင်းနီးပါး၏ ကန့်လန့်ကာ များက လင်းဝေ့ကိုယ်တိုင် ချုပ်ထားတာ ဖြစ်ပြီး ခြံထဲမှ ကြက်သွန်ဖြူ ကြက်သွန်နီများ နှင့် မကြီးသေးသော်လည်း ရှင်နေသော ဒူးရင်းပင်များ အားလုံးက လင်းဝေ့ကိုယ်တိုင် စိုက်ထားခြင်း ဖြစ်သည်။

လင်းဝေ့က ပြတင်းပေါက်တွင် ရပ်၍ ငေးမောနေစဉ် ကျုံးရှောက်က အပေါ်တက်လာကာ သူမပုခုံးကို ကိုင်ပြီး မေးလိုက်သည်။ "တွေဝေနေတာလား?"

"နည်းနည်းပါ" လင်းဝေ့က ခေါင်းငြိမ့်လိုက်သည်။

"ကိုယ်တို့ အနာဂတ်မှာ ပြန်လာဖို့ အခွင့်အရေး ရှိဦးမှာပါ"

ဒါပေမယ့် နောက်တစ်ခါ ပြန်လာရင် ဒီအိမ်က ဘယ်လို ဖြစ်နေမှာလဲ?

လင်းဝေ့က မသိသလို မေးလဲမမေးခဲ့ပေ။ သူမက ထွက်သွားတော့မှာ ဖြစ်သည့်အတွက် ထိုသို့မေးရန် မလိုပေ။

...........

ဆိပ်ကမ်းသို့ သွားသည့်လမ်းတွင် ကလေးများက ခွဲခွာရမည်ကို မေ့နေသကဲ့သို့ စကားပြောကာ ရယ်မောနေကြသည်။

ကျုံးရှောက်နှင့် ကျိုးကျင်းဟွေ့က အိတ်များကို သင်္ဘောပေါ် တင်ပြီးချိန်တွင် လင်းဝေ့က ကလေးသုံးယောက်ကို ရှောင်းရှီကို နှုတ်ဆက်ရန် ပြောတော့ မျက်ရည်များကျလာကြသည်။

မင်မင်က ငိုသလို ရှောင်းရှီကလည်း မထိန်းနိုင်ဘဲ ပေ့ပေ့ကလည်း ငိုလိုက်သည်။ ရွေ့ရွေ့က အခြားသူများကဲ့သို့ မငိုဘဲ မျက်ရည်များဝေ့ကာ မျက်လုံးများ နီရဲနေသည်။

လင်းဝေ့နှင့် တန့်ရှင်းယွမ်က ကလေးများကို ချီရန် ထိုင်လိုက်ပေမယ့် ကလေးလေးယောက်လုံးက ငိုနေသည့်အတွက် ဘယ်သူ့ကို ချီရမည်ကို မသိကြပေ။

ကံကောင်းစွာနှင့် ကျုံးရှောက်နှင့် ကျိုးကျင်းဟွေ့က အထုပ်များကို မြန်မြန် တင်၍ ပြီးသွားသည့်အတွက် ကလေးများကို ခဏအတွင်း ချီလိုက်ကြသည်။

မင်မင်က အငိုရပ်သွားတော့ သူ့မောင်နှမများနှင့် သူငယ်ချင်းကို ကြည့်လိုက်သည်။ သူတို့မျက်လုံးတွေက နီနေပြီး မျက်နှာက မျက်ရည်များ ပြည့်နေတော့ ရယ်စရာကောင်းနေသဖြင့် သူက ရယ်လိုက်သည်။

သူရယ်တာ မြင်တော့ အခြားကလေးတွေက အငိုမရပ်ပေမယ့် ပေ့ပေ့က ရိုးရှင်းသည့် စိတ်ရှိသည့်အတွက် သူနှင့်အတူ ရယ်လိုက်သည်။

ကလေးများ ရယ်နေချိန်တွင် သူတို့နောက်မှ ဝီစီမှုတ်သံကို ကြားရသဖြင့် ကျုံးရှောက်က လှည့်ကြည့်လိုက်သည်။ "သွားဖို့ အချိန် ရောက်ပြီ"

"သွားကြတော့ ငါတို့ နှစ်ကုန်မှာ မင်းတို့ကိုတွေ့ဖို့ ဇာတိကို ပြန်လာခဲ့မယ်"

တန့်ရှင်းယွမ်က လင်းဝေ့ကို ဖက်လိုက်သည်။ "ခရီးလမ်း ဖြောင့်ဖြူးပါစေ"

"ဟုတ်ပါပြီ နှစ်ကုန်မှ ပြန်တွေ့ကြတာပေါ့"

ဒါကိုမြင်တော့ မင်မင်ကလည်း ရှောင်းရှီကို ဖက်လိုက်သည်။။"ငါ့ကို စာရေးဖို့ မမေ့ပါနဲ့"

ရှောင်းရှီက ချက်ချင်း ဝမ်းနည်းနေသည်ကို မေ့သွားသည်။ "ရေးမှာပါ" သူက စာရေးနိုင်ရန် စာပိုကြိုးစားရတော့မည်။

ရွေ့ရွေ့က ရှောင်းရှီကို ဖက်လိုက်ကာ လူကြီးများ ပြောသည့်အတိုင်း ပြောလိုက်သည်။ "နှစ်ကုန်မှ တွေ့ကြတာပေါ့"

ရှောင်းရှီကလည်း ပြန်ပြောလိုက်သည်။ "နှစ်ကုန်မှ တွေ့ကြတာပေါ့"

ညီအစ်ကို နှစ်ယောက်က ရှောင်းရှီကို ဖက်တာ မြင်ရတော့ ပေ့ပေ့ကလည်း ဖက်ချင်သဖြင့် ရှောင်းရှီက ငုံ့ကာ သူ့ကိုဖက်လိုက်ပြီး ကျောကို ပုတ်ကာ ပြောလိုက်သည်။ "ညီမလေး ပေ့ပေ့ကို သတိရနေမှာပါ"

ပေ့ပေ့ကလည်း ပြန်ပြောလိုက်သည်။ "အစ်ကို ရှောင်းရှီ ကိုလည်း သတိရနေမှာပါ"

ရှောင်းရှီ၏ အပြုအမူကြောင့် မင်မင်က သင်္ဘောပေါ် ရောက်တော့ သူ့ညီကို ပြောလိုက်သည်။ "ရှောင်းရှီက ငါ့ကို သတိရနေမယ်တောင် မပြောဘူး"

ရွေ့ရွေ့ - "..."

...........

သင်္ဘောပေါ်ရောက်တော့ ကျုံးရှောက်နှင့် လင်းဝေ့က ကလေးများကို ကုန်းပတ်ပေါ် ခေါ်သွားလိုက်သည်။ သူတို့က ခေါင်းငုံ့ကြည့်တော့ ကျိုးမိသားစုက ဆိပ်ကမ်းတွင် ရပ်နေသည်ကို မြင်ရသည်။

မင်မင်က သူ့လက်ကို ဝှေ့ယမ်းကာ အော်လိုက်သည်။

"ဦးလေးကျောက်! အဒေါ်တန့်! ကျွန်တော် ဒီမှာ ရှောင်းရှီ!"

အသံကြားတော့ ကျိုးမိသားစု သုံးယောက်က ခေါင်းမော့ကြည့်ကာ လက်ယမ်းပြကြသည်။ လင်းဝေ့ ရွေ့ရွေ့နှင့် ပေ့ပေ့ကလည်း ဒါကိုမြင်တော့ လက်ယမ်းပြကြသည်။ ကျုံးရှောက်ကသာ သူ့ပုံရိပ် ထိခိုက်မည်ဟု ခံစားရကာ ငြိမ်ငြိမ် ရပ်နေခဲ့သည်။

သူတို့ လက်ယမ်းပြနေချိန်တွင် ထောက်ပို့သင်္ဘောက ပင်လယ်ဘက်သို့ ဦးတည်၍ ထွက်သွားလိုက်သည်။

သင်္ဘောက အစပိုင်းမှာ မမြန်ပေမယ့် မကြာခင်မှာပဲ အရှိန်တင်လိုက်သည်။ ခဏအကြာမှာတော့ ကျိုးမိသားစု သုံးယောက်က အစက်လေးများ ဖြစ်သွားကာ ထိုအစက်လေးများကလည်း မှုန်ဝါးလာပြီး ဆိပ်ကမ်းကလည်း သေးငယ်လာသည်။

တပ်အခြေစိုက်ဆိပ်ကမ်း၏ အကွာအဝေးကို ကြည့်ကာ လင်းဝေ့၏ ယခင်က မှတ်ဉာဏ်များက ပြန်ပေါ်လာသည်။

လွန်ခဲ့သည့် သုံးနှစ်ကျော်က သူမက ကလေးများနှင့်အတူ သင်္ဘောစီးကာ ကျုံးရှောက်ထံ လိုက်လာခဲ့ပြီး ယားကျိုကျွန်းကို ရောက်ခဲ့သည်။ သူမက ကျွန်းပေါ် ရောက်သည့်အချိန်တွင် ရှေ့ရေးကို တွေးကြောက်ခဲ့သည်။

အနာဂတ်ကို သိထားသည့်အတွက် ကြောက်နေပေမယ့် ဘဝသစ်ကို စရန် လုပ်ခဲ့သည်။

ယားကျိုကျွန်းတွင် နေခဲ့သော နှစ်အနည်းငယ်တွင် လင်းဝေ့က နာကျင်မှု ကြောက်ရွံ့မှု အရာအားလုံးကို ခံစားခဲ့ရပြီး အဆုံးမှာတော့ ဖြတ်ကျော်နိုင်ခဲ့သည်။ ယခု ပြန်ကြည့်လိုက်လျှင် အတိတ်က နှစ်အနည်းငယ်က သူမအတွက် ကောင်းနေသေးသည်။

ဒါပေမယ့် သူမ မင်မင်ကို ပြောခဲ့သည့်အတိုင်း လူတိုင်းက ဘဝမှာ ခွဲခွာခြင်း အမျိုးမျိုးနှင့် ကြုံတွေ့ရမည်။ သူတို့က ကောင်းကောင်းမွန်မွန် နှုတ်ဆက်ခဲ့ပြီး အတွေ့အကြုံကောင်းများ ရခဲ့သည်ကပင် နောင်တမရဘဲ ထွက်ခွာသွားနိုင်ရန် လုံလောက်သည်။

ကျွန်းလေးက သေးသည်ထက် သေးလာသည်ကို ကြည့်ကာ လင်းဝေ့က တွေးလိုက်မိသည်။

နှုတ်ဆက်ခဲ့ပါတယ် ယားကျိုကျွန်း။

ပြီးပါပြီ

All Chapters