မင်္ဂလာပါ
Vol. 18 Ch. 257
ရုတ်တရက် အတော်အတန် ကြီးမားသော သိမ်းငှက်ကြီးတစ်ကောင်သည် တောင်ပေါ်သို့ ပျံတက်လာသည်။မြေပြင်ပေါ်တွင် မတ်တပ်ရပ်လိုက်သောအခါ အမြင့်မှာ လူနှစ်ရပ်စာလောက် ရှိလေသည်။ ထူးတော့ ထူးဆန်းသည်။
သို့သော် မြက်ခင်းလွင်ပြင်ဒေသတွင် နေထိုင်သော မျိုးနွယ်စုများမှာ ထိုကဲ့သို့ သိမ်းငှက်များကို မြင်ဖူးကြပါသည်။ ခရီးသည်များသည်လည်း ထိုကဲ့သို့ သိမ်းငှက်မျိုးကို မြင်ဖူးကြသည်။
ချာချာ့ကိုတွေ့သော့အခါ တောင်ပြိုကျသောကြောင့် ယောက်ယက်ခတ်နေသော လူများသည် ချာချာ့ကို အာရုံစိုက်မိသွားကြသည်။ သူတို့သည် တောင်ထိပ်နားတွင်ရှိသော ဂူပေါက်တစ်ခုထဲသို့ ကြည့်လိုက်မိကြသည်။
ဂူပေါက်အရှေ့တွင်ရှိသော ကူလာ့နှင့် အခြားသူများသည် အံ့ဩသွားကြသည်။
“အဲဒါ ဧရာမတောင်သိမ်းငှက်ကြီးလား” တောင်ခြေကို ကြည့်နေကြသော လူငယ်၂ယောက် စိတ်လှုပ်ရှားသွားကြသည်။
“ဒါဆို ရှန်းတောက် ဒဏ်ရာရလာတာ အဲဒီငှက်ကြောင့်ပေါ့ ဟုတ်လား” တစ်ယောက်က ပြောလိုက်သည်။
ရှန်းတောက်သည် သူတို့နှင့်ပါလာသော သိမ်းငှက်၏ နာမည်ဖြစ်သည်။ ထိုငှက်ကို ငယ်စဉ်ဘဝထဲက ကူလာ့က မွေးမြူလာခြင်းဖြစ်သည်။ သို့သော် အခုအချိန်တွင်တော့ ဒဏ်ရာရနေသော ရှန်းတောက်သည် ဒဏ်ရာများမှ သက်သာလာရန် အနားယူနေရသည်။
“ဘယ်လိုလုပ်ပြီး မီးတောက်ဦးချိုမျိုးနွယ်စုထဲမှာ တောင်သိမ်းငှက်ကြီး တစ်ကောင်ရှိနေတာလဲ…
တောင်သိမ်းငှက်တွေက လူတွေနားမှာ သိပ်မနေကြဘူးမလား” ဟွေမျိုးနွယ်စုမှ လူကြီးတစ်ယောက်က ပြောလိုက်သည်။
ကူလာ့တို့က သူတို့အဖွဲ့ကိုသာ တောင်သိမ်းငှက်များက ခင်တွယ်ကြသည် ဟုထင်နေကြခြင်း ဖြစ်သည်။ သူတို့အပြင် ငှက်မွှေးမျိုးနွယ်စု အပါအဝင် မျိုးနွယ်စု အနည်းငယ်တို့သည် တောင်သိမ်းငှက်များကို မွေးမြူနိုင်ကြလေသည်။ မျိုးနွယ်စုတစ်ခုအနေနှင့် တောင်သိမ်းငှက်များကို ပျိုးထောင်နိုင်မည်ဆိုလျှင်တောင် လွယ်ကူသော ကိစ္စတော့ မဟုတ်ပါ။ တောင်သိမ်းငှက်များသည် သူတို့ကို မွေးသော လူများကိုပင် နှုတ်သီးဖြင့် ပြန်ပေါက်လေ့ရှိသည်။ တောင်သိမ်းငှက်များသည် ရိုင်းစိုင်းသော အကောင်များဖြစ်ကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုက ဘာကြောင့် ထိုသိမ်းငှက်ကို ယဉ်ပါးအောင် လေ့ကျင့်ပေးနိုင်ရသနည်း။
နာမည်မကျော်ကြားသော မီးတောက်ဦးချိုမျိုးနွယ်စုမှာ သိမ်းငှက်တစ်ကောင်ကို ပိုင်ဆိုင်
ထားသည်ဖြစ်ပြီး ထိုသိမ်းငှက်မှာ သူတို့နှင့်ပါလာသော သိမ်းငှက်ထက် ပို၍ ခွန်အားကြီးလေသည်။
သူတို့၂ကောင်မှာ အရွယ်အစားချင်းတော့ တူပါသည်။ သို့သော် ရှန်းတောက်မှာ ထိုသိမ်းငှက်ကြောင့် ဒဏ်ရာရလာခဲ့သည်။ထိုသိမ်းငှက်မှာ တော်တော်ခွန်အားကြီးသော သိမ်းငှက်ပင်။
သူတို့သည် တိုက်ပွဲကို အပျော်ကြည့်နေရင်းနှင့် မမျှော်လင့်ဘဲ သိမ်းငှက်ကို တွေ့လိုက်ရခြင်းဖြစ်လေသည်။
“ကူလာ့…ငါတို့ဘာလုပ်ကြမလဲ” ဘေးနားတွင်ရှိသော လူများက ကူလာ့ကို ကြည့်လိုက်သည်။ သူတို့အဖွဲ့တွင် အစစအရာရာကို ကူလာ့သာ ဦးဆောင်သည် မဟုတ်ပါလား။ အရာအားလုံးကို ကူလာ့သာ ဆုံးဖြတ်လေ့ရှိသည်။
ကူလာ့သည် တစ်စုံတစ်ခုကိုတွေးပြီး ပြောရန်ပြင်နေစဉ်မှာပင် တောင်ခြေမှ သိမ်းငှက်တစ်
ကောင်၏ အော်သံထွက်ပေါ်လာသည်။
“ကျောင်း…”
ချာချာသည် ရှောက်ရွှမ်ကို မချီလာပြီးနောက် မိုင်နှင့် အခြားသူများရပ်နေသော နေရာနားတွင် ချပေးလိုက်သည်။ ချာချာသည် တိရှန်မျိုးနွယ်စုဝင်များနေသော ဂူပေါက်ဝသို့ ပျံသန်းသွားသည်။ သူ့လက်သည်းကြီးများဖြင့် နံရံကို ကုတ်လိုက်ပြီး တောင်နံရံမှ ကျောက်တုံးများကို ဆွဲထုတ်လိုက်သည်။ ချောင်နေသော ကျောက်တုံးတချို့ နံရံမှ ကျွတ်ထွက်လာပြီး အောက်သို့ ပြုတ်ကျသွားသည်။ တိရှန်မျိုးနွယ်စုဝင်များသည် ထိုကျောက်တုံးများ သူတို့ပေါ်ကျလာမည်စိုးသောကြောင့် ခေါင်းပင်မလှုပ်ရဲပါ။
ခဏကြာသောအခါ ချာချာသည် ထိုနေရာမှ ထွက်ခွာသွားသည်။ သူရောက်ရှိနေသာနေရာကို ချာချာသဘောကျပုံမပေါ်ပါ။ လက်ထဲတွင် မြားများကိုင်ဆောင်ထားသော လူများရှိသဖြင့် သူ့အတွက် အန္တရာယ်ရှိနေသလို ခံစားနေရသည်။ ချာချာ
သည် လေထဲသို့ ပျံတက်ရန် ပြင်နေစဉ်မှာပင် ကောင်းကင်ပေါ် မှ သိမ်းငှက်အော်သံတစ်ချက်ကို ကြားလိုက်ရသည်။
“ဝှီး…” တောင်ပေါ်ရှိ ဂူပေါက်တစ်ခုထဲမှ ဒဏ်ရာရနေသော သိမ်းငှက်တစ်ကောင် ပျံထွက်လာသည်။ ချာချာသည် ထိုသိမ်းငှက်ကိုတွေ့သောအခါ ဒေါသထွက်သွားပြီး ကောင်းကင်ပေါ်သို့ ပျံမတက်တော့ပေ။ ထိုငှက်ကို တိုက်ခိုက်ရန် လက်သည်းများကို အသင့်ပြင်ထားလိုက်သည်။
“ရှန်းတောက်…ပြန်လာခဲ့” ကူလာ့သည် စိတ်လှုပ်ရှားလွန်းသဖြင့် အပြေးသွားမိမတတ် ဖြစ်သွားသည်။ သူသာ ပျံနိုင်မည်ဆိုပါက သူ့သိမ်းငှက်နောက်သို့ ပျံလိုက်သွားမည် ဖြစ်သည်။ သိမ်းငှက်၂ကောင်တိုက်ခိုက်လျှင် ချာချာသာ အနိုင်ရမည် ဆိုတာကို သူသိထားသည်။
ရှောက်ရွှမ်က ချာချာ့ကို မတိုက်ခိုက်ရန် လေချွန်၍ အချက်ပေးလိုက်သည်။ သိမ်းငှက်၂ကောင်ကို တွေ့လိုက်ရသောအခါ
တောင်ပေါ်တွင် နားနေသော ခရီးသွားများမှာ စိတ်ရှုပ်သွားကြသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စု၏ ခွန်အားကို လျှော့မတွက်ရဲကြတော့ပါ။
မီးတောက်ဦးချိုမျိုးနွယ်စုသည် သူတို့ထင်ထားသည်ထက် ပိုအစွမ်းထက်နေသည်။ထို့ကြောင့် သူတို့သည် ထိုမျိုးနွယ်စုအကြောင်းကို သိချင်လာကြသည်။
ကူလာ့နှင့် အခြားသူများအနားယူနေသော ဂူပေါက်ထဲတွင် လူတစ်ယောက်နားရပ်နေသော ဒဏ်ရာရ သိမ်းငှက်တစ်ကောင်ကို ရှောက်ရွှမ်တွေ့လိုက်သည်။ ထိုသူမှာ ခင်မင်ရင်းနှီးလိုစိတ်မရှိဘဲ သိလိုစိတ်သာရှိသည့်ပုံပေါ်နေသည်။ ထိုသူသည် သူ့လူများကို တစ်ချက်ကြည့်လိုက်ပြီး လက်ဖြင့် အချက်ပြလိုက်သည်။
ကူလာ့နှင့် အခြားလူများထွက်ပေါ်လာခြင်းကြောင့် ချာချာသည် အန္တာရာယ်ကို ရှောင်ရှားရန် လေပေါ်သို့ ပျံတက်လိုက်သည်။ သို့သော် ရှောက်
ရွှမ်က အချက်ပေးလိုက်သဖြင့် လေထဲသို့ မပျံတော့ပါ။ ထိုနေရာတွင်ရှိသော လမ်းမှာ မကျဉ်းမြောင်းသော်လည်း ချာချာ့အတွက်တော့ သေးငယ်နေသည်။
ရှောက်ရွှမ်နောက်တွင် ရပ်နေလိုက်သောအခါ ချာချာသည် စိတ်ခွန်အားရှိသွားသည်။ ချာချာသည် ရန်သူသိမ်းငှက်နှင့် ထိုအကောင်နားတွင် ရပ်နေသောသူကို လှမ်းအော်လိုက်သည်။ ထိုသိမ်းငှက်ကို အကူအညီတောင်းသည့် အတွက်ကြောင့် လှောင်ပြောင်နေဟန်ရှိပါသည်။
ကူလာ့သည် သိမ်းငှက်ကို သေချာကြည့်လိုက်သည်။ သိမ်းငှက်၂ကောင်မှာ ဆင်တူသော်လည်း အနည်းငယ်ကွဲပြားသည်ကိုတော့ သူသိလိုက်သည်။ သူ့သိမ်းငှက်နှင့်အရွယ်တူသော သိမ်းငှက်တစ်ကောင်ထပ် လာကူလျှင်တောင် သူတို့ရှုံးနိမ့်မည်ကို ကူလာ့သိထားသည်။
“ဟွေမျိုးနွယ်စုလား ကူလာ့” ကူလာ့ကပြောလိုက်သည်။
ရှောက်ရွှမ်မျက်ခုံးများ မြင့်တက်သွားသည်။ ထို့နောက် ပျော်ရွှင်စွာဖြင့်ပြောလိုက်သည် “မီးတောက်ဦးချိုမျိုးနွယ်စုက ရှောက်ရွှမ်ပါ” ။
ရှောက်ရွှမ်၏အပြုံးတို့ကို မြင်လိုက်ရသောအခါ ကူလာ့တို့အံ့ဩသွားသည်။ ရှောက်ရွှမ်သည် ကြွားဝါခြင်းမပါ၊ ခင်မင်ရင်းနှီးလိုစိတ်ဖြင့် ပြုံးပြလိုက်ခြင်း ဖြစ်လေသည်။
သို့သော် လူငယ်စစ်သည်တော်၂ယောက်ကတော့ ရှောက်ရွှမ်ထိုသို့ ဖော်ရွေနေသည် မှာ သူတို့ကို ဟွေမျိုးနွယ်စုကမှန်း သိနေ၍ဖြစ်မည်ဟု ယူဆကြသည်။ မြက်ခင်းလွင်ပြင်ဒေသတွင် ဟွေမျိုးနွယ်စုသည် အင်အားအကောင်းဆုံးမှန်း အားလုံးသိထားကြသည်။ ရှောက်ရွှမ်သည် ထိုကဲ့သို့ မျိုးနွယ်စုနှင့် ရန်မဖြစ်လိုသောကြောင့် ခင်မင်ရင်းနှီးလိုစိတ်ကို ပြသခြင်းဖြစ်မည်။
တိရှန်မျိုးနွယ်စုကတော့ မီးတောက်ဦးချိုမျိုးနွယ်စုကို ဆိုးရွားစွာ ရှုံးနိမ့်ထားသဖြင့် ဟွေမျိုးနွယ်စု
ကို မီးတောက်ဦးချိုမျိုးနွယ်စုအား တိုက်ခိုက်စေချင်နေသည်။ ဟူမာ သေဆုံးသွားသလို အဖွဲ့ခေါင်းဆောင်မှာလည်း ဒဏ်ရာပြင်းထန်စွာရထားသည်။ အကြီးတန်း စစ်သည်တော်တစ်ယောက်သည်လည်း လက်ပြတ်သွားပြီး သေခါနီးဖြစ် နေလေသည်။ သူတို့သာ ဆက်လက်တိုက်ခိုက်မည်ဆိုပါက သူတို့အားလုံး သေဆုံးကုန်မည် ဖြစ်သည်။
သို့သော် အားလုံးထင်ထားသလို အခြေအနေများမှာ သိပ်တင်းမာမှုမရှိတော့ပါ။ ဟွေမျိုးနွယ်စုဝင်များသည် ရှောက်ရွှမ်ကို လေးစားပုံပြသည်။ မီးတောက်ဦးချိုမျိုးနွယ်စု၏ ဘိုးဘေးများသည် ဟွေမျိုးနွယ်စုမှ လူများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ခဲ့သည်။ ထိုသိမ်းငှက်ကို မြင်တွေ့ရခြင်းအတွက် သူတို့ မျိုးနွယ်စုကို ကျေးဇူးတင်ရမည်။
“မင်းက ငါတို့မျိုးနွယ်စုကို သိလို့လား” ကူလာ့က မေးလိုက်သည်။
“နာမည်ကြားဖူးနေတာပါ” ရှောက်ရွှမ်က ဖြေလိုက်သည်။ ကူလာ့နောက်တွင် ရှိသော လူငယ်မှာ စိတ်ပျက်သွားသည်။ ဟွေမျိုးနွယ်စုသည် မြက်ခင်းလွင်ပြင်ဒေသတွင် အင်အားအတောင့်တင်းဆုံးမျိုးနွယ်စု ဖြစ်လေသည်။ ထိုလူငယ်သည် ရှန်းတောက်၏ အမွှေးများကို ပွတ်သပ်ပေးရင်း ဒဏ်ရာမှသက်သာလာအောင် ချော့မြူနေသည်။
“နောက်မှ မီးတောက်ဦးချိုမျိုးနွယ်စုကို သင်ခန်းစာပေးဖို့ ကူလာ့ကို ပြောဦးမယ်” ထိုလူငယ်သည် သူကိုယ်တိုင် လက်စားမချေဘဲ ဘာကြောင့် ကူလာ့ကို အားကိုးနေရသနည်း။ အဘယ်ကြောင့်ဆိုသော် သူသည် ရှောက်ရွှမ်ကို မနိုင်သောကြောင့် ဖြစ်သည်။
ဟွေမျိုးနွယ်စုဝင်တို့သည် ရှောက်ရွှမ်အနေဖြင့် သူတို့မျှော်လင့်ထားသော စကားများကို ပြောမည်ထင်ထားသော်လည်း ရှောက်ရွှမ်က “ ဟွေမျိုးနွယ်စုက ကျွန်တော် ပထမဆုံး တွေ့ဖူးတဲ့ ပြင်ပမျိုးနွယ်စုပါ”။
“ဟုတ်လား” ကူလာ့က မေးလိုက်သည်။ အမှန်တော့ သူသည် ရှောက်ရွှမ်နောက်တွင် ရပ်နေသော သိမ်းငှက်အကြောင်းကို မေးချင်နေခြင်းဖြစ်သည်။
“ဒီကျောက်တုံးမှာ ခင်ဗျားတို့မျိုးနွယ်စုရဲ့ အမှတ်အသားတွေ ပါတယ်ဗျ”
ရှောက်ရွှမ်၏ စကားကိုကြားလိုက်သော ကူလာ့သည် ရှောက်ရွှမ်ကို လှည့်ကြည့်လိုက်သည်။ သူသည်ရှောက်ရွှမ်ကို တစ်ခါမှ မမြင်ဖူးသကဲ့သို့ ခြေဆုံးခေါင်းဆုံး ကြည့်နေလေသည်။ သူ့မျက်နှာမှာ တင်းမာသွားပြီး ရှောက်ရွှမ်ကို စိုက်ကြည့်လိုက်ကာ “ မင်းဒီကျောက်တုံးကို ဘယ်လိုရလာတာလဲ” ဟုမေးလိုက်သည်။
“တောင်သိမ်းငှက်ကြီးတစ်ကောင် ကျွန်တော့်ကိုပေးတာပါ”
ရှောက်ရွှမ်၏ စကားများကို ကြားရသောအခါ ကူ
လာ့သည်နှုတ်ဆိတ်သွားသည်။ သို့သော် ကူလာ့နောက်မှ လူငယ်လေးက အော်လိုက်သည် “အဓိပ္ပါယ်မရှိတာ…တောင်သိမ်းငှက်ကြီးတစ်ကောင်က မင်းကို ပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး” ။
“တိတ်စမ်း” ကူလာ့က သူ့နောက်တွင်ရပ်နေသောသူကို အော်လိုက်သည်။
“ကျွန်တော်အမှန်ကို ပြောနေတာပါ…သိမ်းငှက်လည်းသည်းတွေမှာ ခင်ဗျားတို့ မျိုးနွယ်စုရဲ့ နတ်အမှတ်အသားကို ဆွဲထားတယ်” ကူလာ့တို့၏ မေးခွန်းများကြောင့် ရှောက်ရွှမ်သည် စိတ်အနှောင့်အယှက်ဖြစ်မသွားဘဲ ဆက်ပြောသည် “ သိမ်းငှက်ကြီးက တော်တော်ကြီးတယ်ဗျ…သူ့လက်သည်းပေါ်က အခွံတစ်ထပ်ကွာနေတော့ အမှတ်အသားကို ကောင်းကောင်းမမြင်ရဘူး…”
ရှောက်ရွှမ်စကားကို နားထောင်နေကြသော ကူလာ့နှင့် သူ့လူများသည် တစ်စုံတရာကို တွေးမိသွားသည်။ ထိုအခါ သူတို့တုန်လှုပ်သွားပြီး
အသက်ရှူသံများ ပြင်းထန်လာကြသည်။ ရှောက်ရွှမ်ပြောပြသော စကားနှင့် ကိုက်ညီသော သိမ်းငှက်မှာ တစ်ကောင်တည်းသာရှိပြီး လက်တလောတွင် ထိုသိမ်းငှက်ကြီးမှာ မျိုးနွယ်စုအတွင်းတွင် မရှိပေ။ ထိုသိမ်းငှက်ကြီးသည် ဟွေမျိုးနွယ်စုအတွင်းတွင် ခေါင်းဆောင်နှင့် အဆင့်အတန်းချင်း အတူတူပင်ဖြစ်လေသည်။
ဘာကြောင့် မီးတောက်ဦးချိုမျိုးနွယ်ဝင်များသည် ထိုသိမ်းငှက်ကြီးနှင့် တွေ့ဆုံခဲ့ရသနည်း။ ထိုငှက်ကြီးမှာ မစဉ်းစားမတွေးခေါ်ဘဲနှင့် ဘာကြောင့် မျိုးနွယ်စုအမှတ်အသားပါသော ကျောက်တုံးကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအား ပေးခဲ့ရသနည်း။
ရှောက်ရွှမ်က “အခုလောက်ဆို အဲဒီငှက်ကြီး ပြန်ရောက်လောက်ရောပေါ့…ကျွန်တော် အဲဒီငှက်ကြီးကို နောက်တစ်ခါ တွေ့ချင်ပါသေးတယ်”ဟုပြောလိုက်လေသည်။ ရှောက်ရွှမ်သည် ထိုငှက်ကြီးကို တကယ်ပင် ထပ်တွေ့ချင်ပါသေးသည်။
“ဟုတ်တယ်…အခုသူပြန်ရောက်နေပြီ…အခြေအနေလည်းကောင်းပါတယ်” နောက်ဆုံးတွင် ကူလာ့တည်ငြိမ်သွားပြီး သူ့မျက်နှာမှာလည်း မတင်းမာတော့ပါ။ သူသည် ပျော်ရွှင်စွာ ပြုံးလိုက်ရင်း ရှောက်ရွှမ်ဆီသို့ လက်၂ဖက်ဆန့်တန်းရင်း လျှောက်သွားလေသည်။ ထို့နောက် ကူလာ့သည် ရှောက်ရွှမ်ကို ဖက်လိုက်သည်။ ထိုကဲ့သို့ ပြုမူခြင်းမှာ ဟွေမျိုးနွယ်စု၏ ပျော်ရွှင်ခြင်းကို ဖော်ပြသည့် အပြုအမူဖြစ်လေသည်။
“တွေ့ရတာဝမ်းသာပါတယ်” ကူလာ့က ပြောလိုက်သည်။ ထိုသိမ်းငှက်ကြီးက ကျောက်တုံးကို စိတ်လိုလက်ရပေးခဲ့သော သူအား ကူလာ့တို့သည် ရန်မမူရဲတော့ပါ။
သူတို့ကိုရပ်ကြည့်နေသော ခရီးသွားများသည် ကူလာ့၏အပြုအမူကို တွေ့လိုက်ရသောအခါ အံ့ဩသွားကြလေသည်။ ဘာတွေဖြစ်ကုန်တာလဲ။ ဟွေမျိုးနွယ်စုနဲ့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ ဘာလို့မတိုက်ကြတော့တာလဲ။ တိုက်ခိုက်မည့်အစား မိတ်ဟောင်းဆွေဟောင်းများ ပြန်တွေ့
သလို ပြုမူနေကြသည်။
တိရှန်မျိုးနွယ်စုဝင်များကတော့ ထိုအဖြစ်အပျက်ကို မြင်ရသောအခါ သူတို့မျက်နှာများမှာ သွေးဆုတ်သွားကြလေတော့သည်။