← Chapters

သဘောတူညီချက်

Vol. 18 Ch. 258

သဘောတူညီချက်

Vol. 18 Ch. 258

ရှောက်ရွှမ်တစ်ယောက် ဟွေမျိုးနွယ်စုမှ လူများနှင့် အေးဆေးစွာ စကားပြောနေသည်ကို မြင်လိုက်ရမှ မိုင်စိတ်ချမ်းသာရာရသွားသည်။ သူတို့သည် အခုမှ ယခုနေရာကို ရောက်လာခြင်းဖြစ်သည်။ ထိုနေရာတွင် မျိုးနွယ်စုအတော်များများသည် ဒုက္ခသည် အနေနှင့် ခိုလှုံလေ့ရှိသည်ဟု ခွင်းထူကပြောထားသည်။ အင်အားတောင့်တင်းသော မျိုးနွယ်စုမှ လူများသည် တောင်အပေါ်ပိုင်းက ဂူများတွင် အနားယူလေ့ရှိကြသည်။

တိရှန်မျိုးနွယ်စုနှင့် တိုက်ခိုက်ပြီးသောအခါ မီးတောက်ဦးချိုမျိုးနွယ်စုမှ စစ်သည်တော်များသည် ခြေကုန်လက်ပန်းကျသွားသလို ဒဏ်ရာများလည်းရထားကြသည်။ မြက်ခင်းလွင်ပြင်ဒေသမှ အင်အားတောင့်တင်းသော မျိုးနွယ်စုတစ်

ခုနှင့် ထပ်မံတိုက်ပွဲဝင်ပါက သူတို့သည် အနိုင်ရရန် အခွင့်အ‌ရေးအတော်နည်းသွားမည် ဖြစ်သည်။ နောက်ပြီးတော့ မီးတောက်ဦးချိုမျိုးနွယ်စုမှာ လူအင်အားလည်း နည်းနေသည်။ ထို့ပြင် ကူလာ့ဆိုသူမှာ တိရှန်မျိုးနွယ်စုခေါင်းဆောင် ထက်အတွင်းအားပိုကောင်းကြောင်းကို မိုင်အကဲခတ်မိသည်။ ထိုသူကို တိုက်ခိုက်ပါက နိုင်မည်၊မနိုင်မည် မိုင်မကျိန်းသေပေ။

မိုင်သည် တိရှန်မျိုးနွယ်စုဝင်တို့နေသော ဂူထဲသို့ကြည့်လိုက်သောအခါ သူ့မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းသည့် အသွင်ကိုဆောင်သွားသည်။ ကြောက်မက်ဖွယ်သားရဲတို့နယ်မြေတွင် အမဲလိုက်ခဲ့သလိုပင် ရန်သူကို အပြီးတိုင် ရှင်းပစ်သင့်သည်။ မဟုတ်လျှင် ဟေးစစ်ဖုန်းကဲ့သို့ အဖြစ်မျိုးနောက်တစ်ကြိမ် ကြုံတွေ့ရနိုင်ပြီး ရန်သူကအလစ်ချောင်းတိုက်ခိုက်မှုကို ခံရနိုင်သည်။

မိုင်သည် တိရှန်မျိုးနွယ်စုဝင် လက်ကျန်များကို ရှင်းပစ်ရန် ဒဏ်ရာအနည်းငယ်ရထားသော စစ်သည်တော်များကို သွားခေါ်ရန် ပြင်ဆင်နေသည်။ ထိုအချိန်တွင် သူတို့အပေါ်ရှိ ဂူပေါက်ထဲမှ မျိုးနွယ်စုခေါင်းဆောင်၏ အော်ဟစ်သံကို ကြားလိုက်ရသည် “ကူလာ့…ငါမင်းကို ပြောစရာရှိတယ်”။

ထိုစကားသံကို ကြားလိုက်ရသောအခါ မိုင်သည် တိုက်ခိုက်ရန် ဓားဆွဲထုတ်လိုက်သည်။ ထို့နောက် ကျန်သူများကို မလှုပ်ရှားသေးရန် အချက်ပြလိုက်သည်။ အခြားသူများပြောကြသော ဟွေမျိုးနွယ်စုအကြောင်းကို ကြားဖူးထားကြသော်လည်း မိုင်တို့သည် ဟွေမျိုးနွယ်စု အကြောင်း ကောင်းကောင်းမသိသေးပါ။ ထို့ကြောင့် သူတို့သည် အလျင်စလို မလှုပ်ရှားဘဲ အခြေအနေကို အကဲခတ်နေကြသည်။

တိရှန်မျိုးနွယ်စုခေါင်းဆောင်သည် မိုင်၏အကြံကို သိသဖြင့် သူတို့နှင့်တိုက်ခိုက်ရန် ရှောင်ရှားလိုက်သည်။ တိရှန်မျိုးနွယ်စု

ခေါင်းဆောင်သည် ဘေးမှလွတ်ရန် အကြံတစ်ခုရသွားသည်။

ကူလာ့မျက်မှောင်ကြုံ့သွားသည်။သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် တိရှန်မျိုးနွယ်စုဝင်များ၏ တိုက်ပွဲကို တားဆီးရန် မရည်ရွယ်ပါ။ သူတို့ရောက်နေသော နေရာတွင် အဆုံးအဖြတ်သည် ခွန်အားပင်ဖြစ်သည်။ မျိုးနွယ်စုနှစ်ခု ပဍိပက္ခ ဖြစ် လျှင် တိုက်ခိုက်ခြင်းဖြင့် ဖြေရှင်းလေ့ရှိသည်။ အနိုင်ရသူက အားလုံးကို ဆုံးဖြတ်နိုင်လေသည်။ ရှုံးနိမ့်သူကထွက်ခွာလျှင် ထွက်ခွာ၊ မထွက်ခွာလျှင် အသတ်ခံရမည် ဖြစ်သည်။ သူတို့သည်လည် အခြားအဖွဲ့ပေါင်းများစွာကို သတ်ဖြတ်ဖူးပါသည်။ သို့သော် ဟွေမျိုးနွယ်စုဝင်များသည် သူတို့ အကျိုးမရှိဘဲ ရန်ပွဲများတွင် ပါဝင်ပတ်သက်လေ့မရှိပါ။

ကူလာ့က မျက်စိမှိတ်ထားလိုက်သည်။ အခြားလူများသည်လည်း ကူလာ့စိတ်ထဲဘာရှိသည်ကို မခန့်မှန်းနိုင်ကြပါ။ ကူလာ့သည် ခေါင်းမော့လိုက်ကာ ရှောက်ရွှမ်ကို ပြုံးပြလိုက်ပြီး “စောင့်

ဦး”။

ထိုသို့ပြောလိုက်ခြင်းမှာ ရှောက်ရွှမ်ကို တောင်အောက်မှ တက်လာသူများကို စောင့်ဆိုင်းစေလို၍ဖြစ်သည်။ ရှောက်ရွှမ်သည် သူနှင့် ငြင်းမနေတော့ပါ။ ထို့နောက် ရှန်းတောက်နှင့်တိုက်ခိုက်ရန်တာစူနေသော ချာချာ့ကို လှမ်းအချက်ပြလိုက်သည်။

တိရှန်မျိုးနွယ်စုခေါင်းဆောင်သည် တောင်ပေါ်သို့တက်လာသည်။ တောင်ပေါ်သို့ ရောက်သောအခါ ရှောက်ရွှမ်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်သည်။ ထို့နောက် သူသည် ကူလာ့ထံလျှောက်သွားလိုက်ပြီး တစ်စုံတရာကို တီးတိုးပြောလိုက်သည်။ ထို့နောက် သူတို့၂ယောက်သည် လျှို့ဝှက်တိုင်ပင်ရန် ဂူထဲသို့ဝင်သွားကြလေသည်။

ကူလာ့၏မျက်နှာအမူအရာမှာ ခဏလောက် ပြောင်းလဲသွားသည်။ ရှောက်ရွှမ်သည် ကူလာ့မျက်နှာကို မြင်လိုက်ရသောအခါ သက်ပြင်းချ

မိသည်။ သူတို့အနေနဲ့ တိရှန်မျိုးနွယ်စုဝင်အားလုံးကို သတ်ရန် မဖြစ်နိုင်တော့ပါ။ တောင်စွန်းသို့လျှောက်သွားပြီး၊ ရှောက်ရွှမ်သည် မိုင်နှင့် ကျန်သူများကို ဒဏ်ရာများအားသန့်ရှင်းရေးပြုလုပ်ရန် အချက်ပြလိုက်သည်။

၅မိနစ်ခန့်ကြာသောအခါ တိရှန်မျိုးနွယ်စုခေါင်းဆောင်နှင့် ကူလာ့တို့ ဂူအပြင်သို့ ထွက်လာကြသည်။ တိရှန်မျိုးနွယ်စုခေါင်းဆောင်က မျက်နှာပေါ်တွင် ဘာခံစားချက်မှ မဖော်ပြသော်လည်း၊ ကူလာ့ကတော့ အရေးကြီးသော တစ်စုံတရာ ဆုံးရှုံးသွားသလို စိတ်ပျက်လက်ပျက်ဖြစ်နေသည်။

ကြည့်ရသည်မှာ တိရှန်အဖွဲ့ခေါင်းဆောင်သည် ကူလာ့ကို တစ်စုံတရာ ပေးရန် ကတိပေးဖူးသည်ထင်သည်။ တိရှန်မျိုးနွယ်စုခေါင်းဆောင်တောင်အောက်သို့ ဆင်းသွားသောအခါ ကူလာ့ ရှောက်ရွှမ်ကို မေးလိုက်သည် “မင်းတို့အဖွဲ့ထဲမှာ ခေါင်းဆောင်က ဘယ်သူလဲ”။ ရှောက်ရွှမ်သည် အောက်တွင်ရှိသော သူများကို လှမ်းအော်လိုက်

သည် “ မိုင်…လာပါဦး”။

မိုင်ကလည်း အသင့်စောင့်နေသူဖြစ်သဖြင့် အပေါ်တက်လာကာ ကူလာ့ကို နှုတ်ဆက်လိုက်သည် “မီးတောက်ဦးချိုမျိုးနွယ်စုက မိုင်ပါ”။

“ဟွေမျိုးနွယ်စုက ကူလာ့ပါ” မီးတောက်ဦးချိုမျိုးနွယ်စု၏ လျှို့ဝှက်သော သဘောသဘာဝနှင့် ရှောက်ရွှမ်ပြောပြထားသော သိမ်းငှက်ကြီး အကြောင်းတို့ကို သိထားသောကြောင့် ကူလာ့သည် အပိုတွေ မပြောတော့ပါ။

“တိရှန်မျိုးနွယ်စုဝင်တွေကို ချမ်းသာပေးလိုက်ပါ” ကူလာ့သည် သူ့ဘေးတွင် ရပ်နေသူများကို ညွှန်ပြရင်းပြောလိုက်သည်။ ဟွေမျိုးနွယ်စုဝင်သုံးယောက်တို့သည် အိတ်ကြီးများကို ထမ်းလာကာ “ဒါခင်ဗျားတို့အတွက် လျှော်ကြေးပါ” ။

အိတ်ကိုဖွင့်ကြည့်လိုက်သောအခါ ကျောက်စိမ်းများ၊ ခရုခွံများနှင့် ကူမျိုးနွယ်စုမှ ရေလကျောက်တုံးများကိုတွေ့လိုက်ရသည်။ ထိုပစ္စည်းများကို

အခြားသူများနှင့် ပြန်လည် လဲလှယ်နိုင်သည်။ ကျန်ပစ္စည်းများကို ရေလကျောက်တုံးများနှင့် လဲလှယ်လိုက်မည်ဆိုလျှင် သူတို့သည် ကူမျိုးနွယ်စုမှ ရရှိလာသော ရေလကျောက်တုံးများထက် ၂ဆပိုများသော ရေလကျောက်တုံများကို ရရှိမည် ဖြစ်သည်။

မိုင်သည် ခဏလောက်စဉ်းစားနေပြီး ပြောလိုက်သည်။ “ကောင်းပါပြီ”။

ကူလာ့က တိရှန်မျိုးနွယ်စုဝင်များကို လွှတ်ပေးရန်သာ ပြောခြင်းဖြစ်သည်။ သူတို့ထွက်ခွာသွားလျှင် ဘာဖြစ်မလဲ ကူလာ့ဂရုစိုက်မည် မဟုတ်ပေ။ နောက်အကြိမ်တိုက်ခိုက်မှုများတွင် ဟွေမျိုးနွယ်စုသည် ဝင်စွက်ဖက်မှာ မဟုတ်တော့သည် သဘောပင်။

မိုင်ကထိုအချက်ကို နားလည်လိုက်သည်။ နယ်မြေဟောင်းသို့ မပြန်မီ လွန်ခဲ့သော၂နှစ်မှ စတင်၍ သူတို့ကို နတ်ဆေးဆရာက အမဲလိုက်အဖွဲ့များ၏ ခေါင်းဆောင်များအနေဖြင့် လေ့ကျင့်

ပေးထားသည်။ ထို့ကြောင့် သူတို့၏ စိတ်သဘောထားများသည် အရင်နှင့် မတူတော့။

တိရှန်မျိုးနွယ်စုဝင်များကတော့ ဒဏ်ရာအနည်းငယ်ရထားသူများကိုခေါ်၍ ထွက်ခွာသွားလေသည်။ ဒဏ်ရာအပြင်းအထန်ရထားသူများကိုတော့ ထားပစ်ခဲ့သည်။

လန်ကာ့နှင့် ကျန်လူများသည် တိရှန်အဖွဲ့ဝင်များထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။ သူတို့သည် တစ်စုံတစ်ခုပြောရန် ပြင်နေစဉ်မှာ ဝေ့က ဖြတ်ပြောလိုက်သည် “နေကြဦး”။ ဟွေမျိုးနွယ်စုပါဝင်လာသဖြင့် သူတို့သည် ဆက်လက် တိုက်ခိုက်၍ မရတော့ပေ။

တိရှန်မျိုးနွယ်စုဝင်များ ယူလာသော ပစ္စည်းများတွင် ကူလာ့ပေးလိုက်သော သစ်သားသေတ္တာလေးတစ်လုံးပါဝင်လေသည်။ ထိုသေတ္တာလေးထဲတွင် ရှားပါးဆေးမြစ်များစွာ ပါဝင်လေသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အရည်အသွေးမီသော ဆေးမြစ်များကို မြင်ဖူးကြ

သော်လည်း သူတို့အတွက် အခုအချိန်အတွင် ဒဏ်ရာကုသရန် ဆေးမြစ်များကို လိုအပ်နေပါသည်။

မိုင်က ကူလာ့ကို နောက်အခေါက်တိုက်ခိုက်မှုများတွင် ဝင်ရောက်မစွက်ဖက်ရန် ပြောဆိုနေသည်။ ထို့နောက်သူသည် ဒဏ်ရာရစစ်သည်တော်များကို ဆေးထည့်ပေးရန် ထွက်ခွာသွားလေသည်။

မိုင်သည် ဆေးမြစ်များပါသော သေတ္တာကိုသာယူခဲ့ပြီး ကျောက်စိမ်းများနှင့် ခရုခွံများပါသော သားရေအိတ်များကို ထားခဲ့လေသည်။

“ဟေ့လူ…ဒါတွေမယူတော့ဘူးလား” ကူလာ့နားတွင်ရပ်နေသူက လှမ်းအော်လိုက်သည်။

ထိုသူပြောပြီးမကြာမီတွင် လေတိုးသံတစ်ချက်ထွက်ပေါ်လာသည်။ မြေပြင်ပေါ်တွင် ရှိသော အိတ်များအားလုံးကို ချာချာက ကုတ်ယူသွားပြီး တောင်အောက်သို့ ပျံဆင်းသွား လေသည်။

ဟွေမျိုးနွယ်စုမှ လူများသည် ချာချာ့ကို ကြည့်ပြီး ကူလာ့နားတွင်ရပ်နေသော ရှန်းတောက်ကိုလှမ်းကြည့်လိုက်သည်။ အိတ်များစွာကိုအလွယ်တကူသယ်သွားနိုင်သော သိမ်းငှက်သည် တောတော်ခွန်အားကြီးမည်ဟု သူတို့တွက်ဆလိုက်သည်။ သူတို့သိမ်းငှက်ကတော့ ယုန်တစ်ကောင်ပင် အဖြစ်ရှိအောင် မဖမ်းနိုင်ပါ။

“အထဲဝင်ပြီး စကားပြောကြမလား” ကူလာ့က သူတို့အနားယူသော ဂူပေါက်ကို ညွှန်ပြလိုက်ပြီး ရှောက်ရွှမ်ကို လှမ်းပြောလိုက်သည်။

“ကောင်းတာပေါ့” ရှောက်ရွှမ်သည် သူတို့ကိစ္စကို ဟွေမျိုးနွယ်စုက ဝင်ပါလိုက်သဖြင့် စိတ်ပျက်သွားသော်လည်း ကူလာ့ကို မြင်သောအခါ ပြောစရာရှိသေးသည်ကို သတိရသွားသည်။ ထို့ကြောင့် ကူလာ့ကို သူမငြင်းလိုက်ပါ။

ဂူပေါက်ထဲဝင်ပြီးနောက် သူ့လူတစ်ယောက်ကို အခြားလူများအား ဝင်ခွင့်မပေးရန်‌စောင့်နေဖို့

မှာလိုက်သည်။

“တိရှန်မျိုးနွယ်စုခေါင်းဆောင်ဘာပြောသွားသလဲ မင်းသိလား” ကူလာ့က မေးလိုက်သည်။

“မသိပါဘူး” ရှောက်ရွှမ်သည် ကူလာ့က ထိုအကြောင်းကို ပြောလိမ့်မည်ဟု မထင်မှတ်ထားပေ။

ကူလာ့ အသံတိုးတိုးဖြင့် “မီးသလင်းကျောက်မိုင်တွင်းတစ်တွင်း ရှိတယ်တဲ့”။

ရှောက်ရွှမ်မျက်တောင်ခတ်လိုက်မိသည်။ ဟွေမျိုးနွယ်စုဝင်များ တိရှန်အဖွဲ့ဝင်များကို ကူညီချင်ရသည့် အကြောင်းရင်းကို သူသိလိုက်ပြီ။ မီးသလင်းကျောက်မိုင်တွင်းဆိုသည်မှာ မက်လောက်စရာပင် မဟုတ်ပါလား။

“မြက်ခင်းလွင်ပြင်ဒေသမှာ မီးသလင်းကျောက်မိုင်တွင်း အသေးလေးတစ်ခုရှိတယ်၊ တိရှန်မျိုးနွယ်စုဝင်တွေက အဲဒီတွင်းကို ရှာတွေ့ထားပေမဲ့

ယူတော့မယူနိုင်သေးဘူး..တခြားလူတွေဆိုရင်တော့ အဲဒီအကြောင်းကို လျှို့ဝှက်ထားမှာပေါ့ကွာ…” ကူလာ့က သရော်သလိုလိုဖြင့် “ဒီကောင်တွေ ဘာအကွက် ရွှေ့နေလဲ ငါသိပါတယ်ကွာ…မီးလျှံသလင်းကျောက်တွေရဖို့ ငါတို့က တိုက်ခိုက်ပေးရမယ့်သဘောပေါ့…ဒါမှ သူတို့က အခက်အခဲမရှိ ယူနိုင်မှာလေ…ဟုတ်တယ်မဟုတ်လား”

ကူလာ့သည် စကားပြောနေသည်ကို ရပ်လိုက်ပြီး ရှောက်ရွှမ်ကို ကြည့်လိုက်သည်။ “မီးလျှံသလင်းကျောက်ကို ကြည့်ချင်သေးလား”။

ရှောက်ရွှမ်က ခေါင်းခါလိုက်ရင်း “မီးလျှံသလင်းကျောက်တွေက မြက်ခင်းလွင်ပြင်ဒေသမှာဆိုတော့ အရမ်းဝေးတယ်…ကျွန်တော်တို့ အဲဒီနေရာတော့ မသွားတော့ဘူး” ။

ကူလာ့က မီးတောက်ဦးချိုအဖွဲ့၏ သဘောထားကို သိလိုသဖြင့် မီးလျှံသလင်းကျောက်အကြောင်းကို ပြောပြလိုက်ခြင်းဖြစ်သည်။ သို့သော် ရှောက်ရွှမ်၏ အဖြေမှာ သူမမျှော်လင့်

ထားသော အဖြေဖြစ်နေသည်။

“မင်းတို့မျိုးနွယ်စုက ဘယ်မှာနေတာလဲ…နောက်တစ်ခါ ခရီးထွက်လာရင် ငါတို့ မင်းတို့ဆီကို လာလည်မယ်” ကူလာ့က ပြောလိုက်သည်။

“သိပ်မဝေးပါဘူး” ရှောက်ရွှမ်က အရပ်မျက်နှာတစ်ဖက်ကို ညွှန်ပြလိုက်သည်။ “အဲဒီလမ်းအတိုင်းသွားလိုက်…ကျွန်တော်တို့နေတဲ့နေရာက သားရဲတို့ ပျော်စံရာမြေနားမှာ”

ကူလာ့က ဘာမှပြန်မပြောပါ။ ဟွေမျိုးနွယ်စုဝင်များကတော့ ရှောက်ရွှမ်ပြောသည်ကို သေချာနားထောင်နေကြသည်။ အပြင်ကို ငေးမောကြည့်နေသော ရှန်းတောက်ပင် ထူးဆန်းသော အော်သံတစ်ချက်ကို ပေးလိုက်သည်။

ကူလာ့လည်း စိတ်လှုပ်ရှားသွားပြီး “ငါမှတ်မိသလောက်ဆိုရင်တော့ ဝမ်ရှစ်မျိုးနွယ်စုလည်း အဲဒီဘက်မှာနေတာပဲ”

“ဟုတ်တယ်” ရှောက်ရွှမ် ခေါင်းငြိမ့်လိုက်ရင်း “ဝမ်ရှစ်မျိုးနွယ်စုနဲ့ ကပ်လျက်လို့ပြောရမှာပေါ့ဗျာ…သူတို့ကတောအုပ် အပြင်မှာ ကျွန်တော်တို့က တောအုပ်ထဲမှာ”

ကူလာ့က မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်းကို ထပ်မေးသော်လည်း ရှောက်ရွှမ်က မဖြေတော့ပါ။ ကူလာ့ သူဆက်မေးနေလျှင်လည်း ရှောက်ရွှမ်က ဖြေမည် မဟုတ်ကြောင်း သိသွားသည်။ ထို့ကြောင့် ဟွေမျိုးနွယ်စုအကြောင်းနှင့် ရှန်းတောက်အကြောင်းများကိုသာ ပြောနေလိုက်သည်။

“လွယ်တော့မလွယ်ဘူး” ကူလာ့ သက်ပြင်းချလိုက်သည်။ ရှောက်ရွှမ်လည်း ခေါင်းငြိမ့်လိုက်ပြီး “ဟုတ်တယ် သိမ်းငှက်တစ်ကောင် ပျိုးထောင်ဖို့ဆိုတာ မလွယ်ဘူး”

“အမှန်ပဲ”သိမ်းငှက်များအကြောင်းပြောရင်းနှင့် ကူလာ့ စိတ်လှုပ်ရှားသွားသည်။ “ ရှန်းတောက်ကို စခေါ်လာတုန်းက သူ့အသိုက်ထဲမှာ သူအသေးဆုံး

ပဲ…သူ့ဥလေးက ဒီလောက်ပဲရှိတယ်” ။

ကူလာ့ လက်ဟန်ခြေဟန်ဖြင့် ရှန်းတောက် ဘယ်လောက်သေးငယ်သည်ကို ပြသနေသည်။ ကူလာ့ကဆက်ပြောသည် “သူ့ဥကို ထောင်ထားရင် အခုသူ့ဒူးခေါင်းအမြင့်လောက်ပဲရှိတယ်…အသိုက်ထဲမှာ သူ့ဥက အသေးဆုံးပဲ...” ထိုစကားကို ကြားသောအခါ ရှောက်ရွှမ်စိတ်ထဲ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

ကူလာ့ကတော့ စိတ်လှုပ်ရှားစွာ ဆက်ပြောနေသည်။ “ ရှန်းတောက် အကောင်ပေါက်လာတော့ ဒီကောင်လေးက သူ့ညီအကို မောင်နှမတွေထဲမှာ အသေးဆုံးအကောင်ပဲ…တချို့တွေက ဥသေးရင် အကောင်ပေါက်ဖို့မလွယ်ဘူးလို့ ပြောကြတယ်…အကောင်ပေါက်ရင်တောင် ရှင်ဖို့မလွယ်ဘူးတဲ့…ငါရှန်းတောက်ကို ဒီခေါ်လာတုန်းက သိပ်မမျှော်လင့်ထားဘူး…မမျှော်လင့်ဘဲ ရှန်းတောက်က မသေဘူးလေ…အခုဆို ဒီကောင်က သူ့ညီအကို မောင်နှမတွေထဲမှာ ခွန်အားအကြီးဆုံးကောင် ဖြစ်နေပြီ…မျိုးနွယ်စုထဲက အရွယ်တူ

တောင်သိမ်းငှက်တွေထဲမှာဆိုရင်လည်း ဒီကောင်က အရွယ်အစား အကြီးဆုံးပဲ”။

ကူလာ့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောနေသည်။ ရှန်းတောက်ကို ပျိုးထောင်နိုင်ခဲ့သောကြောင့် သူသည် ဟွေမျိုးနွယ်စုဝင်များ၏ ချီးကျူးခြင်းကို ခံရသည်။ မမျှော်လင့်ဘဲ ရှန်းတောက်၏ ပထမခရီးတွင် ချာချာနှင့် ရင်ဆိုင်တိုက်ခိုက်မိပြီး ရှုံးနိမ့်သွားလေသည်။ အတော်ဆိုးရွားစွာ ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

ဧရာမတောင်သိမ်းငှက်ကြီးများ၏ တိုက်ပွဲသည် ထိုကဲ့သို့ပင် ဖြစ်လေသည်။ မျိုးနွယ်စုအတွင်းတွင်လည်း တောင်သိမ်းငှက်ကြီးများ ရန်ဖြစ်လေ့ရှိပြီး တချို့ငှက်များမှာ ရှန်းတောက်ထက်ပင် အခြေအနေဆိုးသေးသည်။ ကူလာ့ကတော့ သူ့ငှက် အနိုင်ကျင့်ခံ လိုက်ရသည်ဟု မထင်ပါ၊ တောင်သိမ်းငှက်ကြီးများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ပြီးသောအခါမှသည် ပိုသန်စွမ်းလာမည် မဟုတ်ပါလား။ထိုနည်းအားဖြင့် နောက်တချိန်တွင် ကြုံတွေ့ရမည့် အခက်အခဲများကို

ကျော်ဖြတ်နိုင်မည် မဟုတ်ပါလား။ထို့ကြောင့် ရှန်းတောက်ရှုံးနိမ့်သွားသောအခါ ကူလာ့က စိတ်မဆိုးခြင်း ဖြစ်သည်။

ကူလာ့ကရှောက်ရွှမ်ကို မေးပြန်သည် “ချာချာကတော့ တကယ်ကျန်းမာသန်စွမ်းတဲ့ ကောင်ပဲ…ငါမြင်ဖူးတဲ့ သူ့အရွယ်သိမ်းငှက်တွေထဲမှာ သူအသန်ဆုံးပဲ…သူ့ဥကလည်း တော်တော်ကြီးမှာပဲနော် ဟုတ်လား”။

ရှောက်ရွှမ်က “…”။

“သူ့ဥအရွယ်အစားဘယ်လောက်ရှိလဲ…မစိုးရိမ်ပါနဲ့ ငါ့ကို အမှန်အတိုင်းပြောပါ…ငါဥအကြီးကြီးတွေ မြင်ဖူးပါတယ်…ဘယ်လောက်ကြီးလဲ ပြောြပစမ်းပါ”။

ရှောက်ရွှမ်က လက်ညိုးနှင့် လက်မကို ဝိုင်းပြလိုက်ပြီး “ဒီလောက်ရှိမယ်ထင်တယ်”

ကူလာ့က “ငါအကြီးဆုံး တောင်သိမ်းငှက်ဥတွေ

ကို မမြင်ဖူးဘူးထင်လို့လား”

ရှောက်ရွှမ်လည်း ဘာမှ မပြောတတ်တော့ပေ၊ သိမ်းငှက်ဥများ၏အကြီးအသေးကို သူမသိသောကြောင့်ပင်။ ဥအရွယ်အစားကတော့ မျိုးစုံရှိပြီး သူကတော့ ထိုဥများကို ချက်စားပစ်ရန်လောက်သာ စိတ်ဝင်စားလေသည်။

All Chapters