← Chapters

အခန်း (၂၅၉)

Vol. 18 Ch. 259

အခန်း (၂၅၉)

Vol. 18 Ch. 259

ရှောက်ရွှမ်သည် ချာချာ့ကို ချက်စားရန် အထိစိတ်ကူးဖူးတာကိုတော့ မပြောပြတော့ပေ။ သူပြောပြလိုက်ပါက ဟွေမျိုးနွယ်စုဝင်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်လေသည်။

“မဖြစ်နိုင်ဘူး…လုံးဝမဖြစ်နိုင်ဘူး” ဟွေမျိုးနွယ်စုမှ လူငယ်များစိတ်မရှည်တော့ပေ။ သူတို့သည် သစ်လုံးများကို ဖြတ်တောက်နေရာမှ ရှောက်ရွှမ်ဆီ ပြေးလာပြီး “မင်းလိမ်ပြောနေတာ”

ရှောက်ရွှမ်ကတော့ တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ “ကျွန်တော် လိမ်ပြောနေတာ မဟုတ်ပါဘူး”

ကူလာ့သည် ရှောက်ရွှမ်၏ မျက်နှာကို သေချာအကဲခတ်နေသည်။ ထိုအခါ ရှောက်ရွှမ်အတည်

ပြောနေသည်ကို သိသွားပြီး “မင်းသိမ်းငှက်က ဘာတွေစားလဲ”

“စားတာတော့ အစုံပဲ…များသောအားဖြင့်တော့ ကြောက်မက်ဖွယ်သားရဲတွေရဲ့ အစာကို စားလေ့ရှိတယ်” ရှောက်ရွှမ်က ပြန်ဖြေလိုက်သည်။ ဟွေမျိုးနွယ်စုဝင်များ တိတ်ဆိတ်သွားပြန်သည်။ သူတို့သည် ချာချာ့ကို မမြင်ဖူးပါက သို့မဟုတ် ရှန်းတောက်၏ ရှုံးနိမ့်မှုကိုမမြင်တွေ့ရပါက ရှောက်ရွှမ်ကို “မင်းလူလိမ်တစ်ယောက်ပဲ” ဟုအော်လိုက်မိမည်သာ ဖြစ်သည်။

ဒါပေမဲ့ ရှောက်ရွှမ်က အမှန်ကို ပြောနေခြင်းပင်။

“အဲဒါကြောင့် မင်းတို့သိမ်းငှက်သာမန်ထက်ပိုသန်စွမ်းနေတာတော့ မဖြစ်နိုင်ဘူး” ကူလာ့က ခေါင်းခါလိုက်ပြီး ရှောက်ရွမ်ပြောစကားကို ငြင်းဆန်လိုက်သည်။ “မြက်ခင်းလွင်ပြင်ဒေသမှာလည်း ကြောက်မက်ဖွယ်သားရဲတွေ အများကြီးရှိတာပဲ…ဒါပေမဲ့ မင်းပြောတဲ့အကောင်တွေကိုတော့

ငါတစ်ခါမှ မမြင်ဖူးဘူး…ငါမြင်ဖူးတဲ့သားရဲတွေနဲ့ မင်းပြောတဲ့ သားရဲတွေက ကွာခြားချက်ရှိနေတယ်…အမှန်အတိုင်းပြောရမယ်ဆိုရင် မင်းပြောပြတဲ့ ဥအရွယ်အစားအရဆိုရင် အဲဒီဥက တောင်သိမ်းငှက်တစ်ကောင်ရဲ့ ဥမဖြစ်နိုင်ဘူး…တခြားငှက်တွေက တောင်သိမ်းငှက်ကြီးတွေလောက် အသက်မရှည်ဘူး…ဘာလို့လဲဆိုတော့ သူတို့က သိမ်းငှက်တောင်ကို သွားနိုင်လောက်တဲ့အထိ မသန်စွမ်းကြဘူးလေ” ။

“သိမ်းငှက်တောင် ဆိုတာ မင်းမကြားဖူးဘူးလား…သိမ်းငှက်တောင်ကို ရောက်ဖူးတဲ့ သိမ်းငှက်တွေကိုပဲ တောင်သိမ်းငှက်အစစ်လို့ခေါ်ကြတာကွ…အတိအကျပြောရရင်တော့ ရှန်းတောက်က တောင်သိမ်းငှက်အစစ်တစ်ကောင် မဟုတ်ပါဘူး…ဒါပေမဲ့ ရှန်းတောက် အဲဒီကို သွားဖို့ လုံလောက်တဲ့ခွန်အားရတဲ့တစ်နေ့မှာ သူ့မိဘတွေလိုပဲ သိမ်းငှက်တောင်ကို သွားမှာပါ၊ မင်းပြောတဲ့ သိမ်းငှက်အသေးစားလေးတွေရဲ့မိဘတွေက သိမ်းငှက်တောင်ကို တစ်ခါမှ မရောက်ဖူးကြဘူး…အဲဒီကောင်တွေရဲ့မိဘတွေက ရှန်းတောက်ရဲ့မိဘတွေ

နဲ့ မတူဘူးဆိုပါတော့”။

“ဒါဆို ခင်ဗျားပြောချင်တာက ချာချာ့မိဘတွေက တောင်သိမ်းငှက် အစစ်တွေ မဟုတ်ဘူးပေါ့…ခင်ဗျားက ချာချာ့မိဘတွေရဲ့အရွယ်အစားက သေးတယ်…ဥတွေကလည်း သေးတယ်လို့ထင်နေတာမဟုတ်လား”

“ဟုတ်တယ်” ကူလာက သူတို့ဟွေမျိုးနွယ်စုသာ တောင်သိမ်းငှက်တွေ အကြောင်းကို အသိဆုံးဟု ထင်နေသည်။

“ချာချာက သိမ်းငှက်တောင်ကို ရောက်ရင်ရောက်ဖူးမှာပေါ့” ရှောက်ရွှမ်က ပြောလိုက်သည်။ ဂူထဲမှ လူများအားလုံး ကြက်သေသေသွားပြီး ရှောက်ရွှမ်ကို ကြည့်နေကြသည်။

“ချာချာက မျိုးနွယ်စုထဲက အချိန်အတော်ကြာပျောက်သွားသေးတယ်…သူပြန်လည်းရောက်လာကော အကောင် အကြီးကြီးဖြစ်လာတာဗျ” ရှောက်ရွှမ်က ဆက်ပြောသည်။ ဂူပေါက်ထဲမှ လူ

များသည် တိတ်ဆိတ်လျက်ရှိသည်။ ပထမတော့ သူတို့သည် ရှောက်ရွှမ်ပြောသည်ကို မယုံနိုင်ကြပေ။ နောက်သေချာပြန်စဉ်းစားကြည့်မိသောအခါမှ ရှောက်ရွှမ်ပြောသည်မှာ ဖြစ်နိုင်သည်ဟု သိသွားကြသည်။

ဂူပေါက်အပြင်ဘက်တွေ ချာချာသည် သူသယ်လာသော ပစ္စည်းများကို မိုင်တို့ကို ပေးလိုက်ပြီး လေပေါ်ပျံတက်သွားသည်။ ချာချာသည် ရှောက်ရွှမ်ကို မတွေ့ပါ။ ထို့ကြောင့် ဂူပေါက်အဝင်ဝသို့ သွားလိုက်ပြီး ခေါင်းကို စောင်းငဲ့ကာ အထဲသို့ ကြည့်နေလေသည်။

ကူလာ့ အစောင့်များကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးရန်မှာထားသော်လည်း သိမ်းငှက်ကိုတော့ ဝင်ခွင့်မပေးရန် မမှာထားပါ။ ထို့ကြောင့် ဂူပေါက်နားသို့ ချာချာချဉ်းကပ်လာသောအခါ အစောင့်က သူ့ကို တားဆီးမနေပါ။ သူသည် ချာချာ့ကို လမ်းဖွင့်ပေးလိုက်သည်။ သို့သော် ချာချာက ဂူပေါက်ထဲသို့ မဝင်ပါ။

ချာချာသည် ရှန်းတောက်နှင့် တိုက်ခိုက်ထားသဖြင့် ဒဏ်ရာအများအပြားရရှိခဲ့သည်။ အခုတော့ သူသည် ဒဏ်ရာများမှ ပြန်လည်သက်သာလာပြီး စွမ်းအင်ပြည့်ဝနေလေသည်။ ချာချာသည် ရှန်းတောက်ကို ထပ်မံတိုက်ခိုက်ရန် ယုံကြည်မှု အပြည့်ဖြစ်နေလေသည်။

ကူလာ့သည် သက်ပြင်းချလိုက်ရင်း “အေးပါ ငါမင်းကိုယုံပါပြီ” ။ ချာချာသည် သိမ်းငှက်တောင်သို့ ရောက်ဖူးခြင်းကြောင့်သာ သူ့အရွယ်တူ သိမ်းငှက်များထက် ပိုသန်မာနေပြီး ဒဏ်ရာများလျင်မြန်စွာ ပျောက်ကင်းခြင်းဖြစ်ရမည်။

အစပိုင်းတွင်တော့ ချာချာနှင့် ရှန်းတောက်တို့သည် မတူညီပါ။ ရှန်းတောက်နှင့်နှိုင်းယှဉ်လျှင် ချာချာသည် အစစအရာအရာနိမ့်ကျနေခဲ့သည်။ သို့သော် ကံကောင်းထောက်မသောကြောင့် ချာချာသည် သိမ်းငှက်တောင်သို့ ရောက်ဖူးထားသူဖြစ်ပြီး အခက်အခဲများစွာကို ဖြတ်သန်းကာ ရှင်သန်လာသူဖြစ်သည်။ အခုတော့ သူသည် ရှန်းတောက်ထက် သာလွန်နေပြီ

ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ရှန်းတောက်သည် သိမ်းငှက်တောင်သို့ မရောက်ဖူးသေးသောကြောင့် ဖြစ်သည်။ အံ့ဩစရာကောင်းလှသည်။ ဟွေမျိုးနွယ်စုဝင်များသည် အစပိုင်းတွင် ရှောက်ရွှမ်ကို သံသယဝင်နေကြသော်လည်း အခုတော့ ယုံကြည်သွားကြပြီ ဖြစ်သည်။

“သိမ်းငှက်တောင်က ဘယ်မှာ ရှိတာလဲ” လူတစ်ယောက်က ရှောက်ရွှမ်ကို မေးလိုက်သည်။

“မသိဘူး” ရှောက်ရွှမ်က ပြန်ပြောလိုက်သည်။ ရှောက်ရွှမ်သည် သိမ်းငှက်တောင် တည်နေရာကို သိသော်လည်း မပြောပြပါ။

သို့သော် ဟွေမျိုးနွယ်စုဝင်များက ရှောက်ရွှမ်ကို ယုံကြည်သွားကြပြန်သည်။ ဧရာမတောင်သိမ်းငှက်ကြီးများသည် သိမ်းငှက်တောင်သို့ တစ်ကိုယ်တော်သွားလေ့ရှိကြသည်။ ဟွေမျိုးနွယ်စုဝင်များသည် တောင်သိမ်းငှက်များကို မွေးမြူလာသည်မှာ အချိန်ကြာပြီဖြစ်သော်လည်း သူတို့၏ဘိုးဘေးများလောက်သာ သိမ်းငှက်တောင်

ကို ရောက်ဖူးကြသည်။ ထို့ကြောင့် ထိုနေရာနှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာများ သိပ်မရှိပေ။

ရှောက်ရွှမ်က ဂူပေါက်ထဲမှ ထွက်ရန် ပြင်ဆင်နေစဉ်တွင် ကူလာ့က စိတ်အားထက်သန်စွာ ပြောလိုက်သည် “ အကယ်၍ ခရီးရှည်ထွက်ဖို့ စိတ်ကူးထားတယ်ဆိုရင် ဟွေမျိုးနွယ်စုနဲ့အတူ သွားလို့ရတယ်လေ…ငါတို့ဆီမှာ တောင်သိမ်းငှက်တွေ အများကြီးရှိတယ်” ထို့နောက်ကူလာ့ကပင်ဆက်၍ “တိရှန်မျိုးနွယ်စုကြောင့်တော့ စိုးရိမ်သောက ရောက်မနေပါနဲ့” ဟုပြောလိုက်သည်။

“ကျွန်တော်တို့ သူတို့ကို မကြောက်ပါဘူး” ရှောက်ရွှမ်က ရယ်မောရင်း “အခုတစ်ကြိမ်အနိုင်ရပြီးသွားပြီဆိုတော့ နောက်တစ်ကြိမ်လည်း ကျွန်တော်တို့ပဲ နိုင်မှာပါ”

သူ့စကားများမှာ ကြွားဝါနေသလိုဖြစ်သော်လည်း ရှောက်ရွှမ်တို့ တိရှန်အဖွဲ့ကို အနိုင်တိုက်လိုက်သည်ကို မြင်ခဲ့သောသူများကတော့ ထို

စကားသည် အပိုမဟုတ်ကြောင်း သိကြသည်။

ကူလာ့တစ်စုံတရာပြောရန် ပြင်လိုက်သော်လည်း မလိုအပ်တော့ဟု ယူဆလိုက်သဖြင့် ဘာမှမပြောတော့ပါ။ ရှောက်ရွှမ်သည် ဂူပေါက်ထဲမှ ထွက်ခွာလာပြီး တောင်အောက်သို့ဆင်းသွားသည်။ တိရှန်အဖွဲ့ဝင်များ နေထိုင်ခဲ့သော ဂူပေါက်ကို မိုင်နှင့်သူ့လူများက ဝင်ရောက်နေရာယူထားလိုက်ပြီဖြစ်သည်။

“ဒဏ်ရာရတဲ့သူတွေက စိုးရိမ်ရလား” ရှောက်ရွှမ်က မေးလိုက်သည်။ သူသည် တောင်ပေါ်မတက်ခင်က ဒဏ်ရာရသူများအခြေအနေကို ကြည့်သွားသေးသည်။ထို့ကြောင့် အသက်အန္တရာယ်စိုးရိမ်ရလောက်သောသူမရှိကြောင်း ရှောက်ရွှမ်သိထားသည်။

“အခြေအနေကောင်းပါတယ်…လမ်းမလျှောက်နိုင်သေးတဲ့လူတွေကတော့ အများကြီးပဲ…သူတို့ကို ရထားလုံးနဲ့တင်ခေါ်သွားမှရမယ်”မိုင်က ပြောလိုက်သည်။

သူတို့သည် ထိုနေရာတွင် အချိန်ကြာကြာဆက်မနေချင်တော့။ ခွင်းထုတို့အဖွဲ့သည် တောင်အောက်တွင် သူတို့ကို စောင့်နေသည် မဟုတ်ပါလား။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ခွင်းထူတို့ကို စောင့်ရှောက်ပေးနေသဖြင့် အခြားလူများသည် ခွင်းထူတို့ကို မတိုက်ခိုက်ရဲပေ။ ခွင်းထူတို့ကို တိုက်ခိုက်သော တိရှန်မျိုးနွယ်စုဝင်များ အထိနာသွားခဲ့သည် မဟုတ်ပါလား။

သိမ်းဆည်းစရာရှိသည်များကို သိမ်းဆည်းပြီးနောက် မိုင်သည် အဖွဲ့ကို ဦးဆောင်၍ တောင်အောက်သို့ ဆင်းသွားလေသည်။

“ကျန်တဲ့သူတွေဘယ်မှာလဲ” မိုင်က မေးလိုက်သည်။ “ဒီနေရာနဲ့နည်းနည်းလှမ်းတဲ့နေရာမှာ ရှိပါတယ်…ကျွန်တော့်နောက်လိုက်ခဲ့” ချီယိက ပြောလိုက်သည်။ ချီယိသည် စိတ်လှုပ်ရှားနေသလို ပျော်လည်း ပျော်ရွှင်နေပါသည်။ တောင်ပေါ်မှ ဆင်းလာသောအခါ တောင်အဝင်လမ်းကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်သည် “မမျှော်လင့်ဘဲ

တောင်တော့ ပြိုသွားပြီ” ။

“ဒီတောင်ကြီးပေါ်မှာ တိုက်ပွဲတွေ အများကြီးဖြစ်ခဲ့ဖူးတယ်၊ လူသွားလမ်းတွေမှာ ခြေရာလက်ရာတွေ ကျန်ခဲ့တယ်၊ ကျွန်တော်တို့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာက သိပ်မခိုင်ခံ့ဘူး၊ တိုက်ပွဲက ပြင်းထန်တော့ ပြိုကျလာတာပေါ့” ရှောက်ရွှမ်က ရှင်းပြလိုက်သည်။

မိုင်က ချီယိနှင့် လိုက်ပါသွားသူများကို ကြည့်လိုက်ရင်း “ငါတို့တွေ တိရှန်မျိုးနွယ်စုတွေနောက် ဆက်မလိုက်တော့ဘဲ မသတ်ဖြတ်တော့တာကို မင်းတို့တွေ ကျေနပ်ရဲ့လား”

“ကျေနပ်ပါတယ်”

ချီယိတို့က မဆိုင်းမတွပင်မိုင့်စကားကို ထောက်ခံလိုက်သည်။ သူတို့သည် အလွန်တရာ စိတ်ကျေနပ်နေကြသည်။ တိရှန်မျိုးနွယ်စုဝင် စစ်သည်တော် အမြောက်အများ သေဆုံးခဲ့သည် မဟုတ်ပါလား။ အကြီးတန်း စစ်သည်တော် သုံးယောက်မှာ

တစ်ယောက်သေပြီး၊ တစ်ယောက်က မသေမရှင်ဖြစ်နေလေပြီ။ ဆက်လက်တိုက်ခိုက်နိုင်သူဆို၍ ခရီးသွားအဖွဲ့ခေါင်းဆောင်တစ်ယောက်သာရှိတော့သည် မဟုတ်ပါလား။ ချီယိတို့သည် သူတို့၏လက်စားချေမှု အောင်မြင်သည်ဟု ယူဆလိုက်သည်။ ထို့ပြင် လေလွင့်သူများအနေဖြင့် သူတို့သည် အခြားလူများထက်အခြေအနေကို ပိုနားလည်သည်။ မိုင်သည် သူတို့အတွက် အကောင်းဆုံးရွေးချယ်မှုကို ပြုလုပ်ပေးခဲ့သည် မဟုတ်ပါလား။

“မကျေနပ်သေးရင် မင်းတို့ စွမ်းအင်နိုးထလာပြီးရင် လက်စားသွားပြန်ချေလို့ရတယ်” လန်ကာ့က ပြုံးရင်း ပြောလိုက်သည်။

စွမ်းအင်နိုးထရင်…။ ထိုစကားကို ကြားလိုက်ရသောအခါ ခွင်းထူနှင့်ချီယိတို့သည် စိတ်လှုပ်ရှားသွားကြသည်။ ထိုအချိန်မှာပင် ရှောက်ရွှမ်က ဖြတ်ပြောလိုက်သည် “ခင်ဗျားတို့ လက်စားချေလို့ရချင်မှလည်း ရမယ်”။

“ဘာလို့လဲ” မိုင်ပင်လျှင် ရှောက်ရွှမ်စကားကြောင့် ခေါင်းရှုပ်သွားသည်။

“ဟွေမျိုးနွယ်စုကလူတွေက သူတို့ကို အကူအညီပေးမယ်လို့ထင်လို့လား” လန်ကာ့က မေးလိုက်သည်။

“အဲဒီလိုမဟုတ်ပါဘူး” ရှောက်ရွှမ်က ပြောလိုက်သည် “ တိရှန်မျိုးနွယ်စုဝင်တွေက ဟွေမျိုးနွယ်စုဝင်တွေကို အသုံးချရဲတယ်၊ တကယ်တမ်းအကျိုးရှိသွားမှာက ဟွေမျိုးနွယ်စုဝင်တွေပဲ…သူလို့လိုချင်တာရသွားပြီးရင် ဟွေမျိုးနွယ်စုဝင်တွေက တိရှန်မျိုးနွယ်စုဝင်တွေကို ချမ်းသာပေးမှာမဟုတ်ဘူး…အဲဒီတော့ နောက်တစ်ကြိမ် တိရှန်မျိုးနွယ်စုသတင်းကြားမယ်ဆိုရင် ဒီကောင်တွေ ခံလိုက်ရတဲ့ သတင်းပဲ ဖြစ်လိမ့်မယ်”။

ထိုခရီးသွားအဖွဲ့သည် တိရှန်မျိုးနွယ်စုဝင်များ၏ တစ်ခုတည်းသော အင်အားဖြစ်သည်။ သူတို့အဖွဲ့ဝင်များစွာ အသတ်ခံလိုက်ရသော်လည်း အုပ်စုလိုက် ပြုတ်သွားလောက်အောင်တော့ မရှုံး

သေးပေ။ သူတို့ကို စောင့်ကြိုနေသည်က ငါးပါးမှောက်မည့် ဆုံးရှုံးမှုမျိုးဖြစ်သည်။

ကူလာ့ပြောပြသွားသော မီးလျှံသလင်းကျောက်မိုင်းတွင်း အကြောင်းကို မပြောပြသင့်သေးဟု ရှောက်ရွှမ်ယူဆထားသည်။ မျိုးနွယ်စုဆီပြန်ရောက်သောအခါမှ မိုင်နှင့် နတ်ဆေးဆရာတို့ကို ပြောပြရန် ဆုံးဖြတ်ထားသည်။

ချီယိက ရှောက်ရွှမ်တို့ကို လေလွင့်သူများ အနားယူသော တောင်ဆီသို့ ခေါ်ဆောင်သွားလေသည်။‌ ချီယိနှင့် ခွင်းထူတို့အပြင် လျန်ဖန်းလည်းရောက်ရှိနေပါသည်။မိုင်သည် သူတို့နှင့် တွေ့ဆုံပြီးနောက် အပြန်ခရီးကို စတင်လေတော့သည်။

လေလွင့်သူများကို ပြန်လာခေါ်ရန် သူတို့သည် မြက်ခင်းလွင်ပြင်ဒေသကို လာကြခြင်း ဖြစ်ပါသည်။ လမ်းတွင် တွေ့သော လေလွင့်သူများကလည်း သူတို့နှင့် လာပူးပေါင်းကြသည်။ ထိုလူများမှာ မြက်ခင်းလွင်ပြင်ဒေသသို့ သွားကြသော သူများဖြစ်ပြီး သူတို့ကို နေရာတစ်နေရာတွင်

နေရာချထားပေးခဲ့သည်။ အပြန်ခရီးတွင် သူတို့ကို ဝင်ခေါ်မည်ဖြစ်သည်။

နောက်ဆုံးတွင် အလာတုန်းက မျိုးနွယ်စုစစ်သည်တော် ၅၀လောက်သာရှိသော်လည်း အပြန်တွင်တော့ လေလွင့်သူအားလုံးပေါင်း အယောင်၆၀၀ကျော်လောက်ရှိလာပြီဖြစ်သည်။

လေလွင့်သူများ များပြားလာသဖြင့် သူတို့သည် အစားအစာကို အရင်ကထက် ပိုရှာရလေသည်။ သို့သော် ကံကောင်းချင်တော့ တိရှန်မျိုးနွယ်စုက အလျော်အနေနဲ့ ပေးလိုက်သည် ပစ္စည်းများနှင့် အကြီးအကဲကပေးလိုက်သော ရေလကျောက်တုံးများ ပါဝင်လာသည်။ ထိုပစ္စည်းများကို အခြားမျိုးနွယ်စုထံမှ အစားအစာ၊အသား၊သီးနှံများနှင့် လဲလှယ်ရသည်။ ရှောက်ရွှမ်သည်လည်း မျိုးစေ့အနည်းငယ်ကို ရရှိလာခဲ့သည်။ ထိုမျိုးစေ့များကို မျိုးနွယ်စုထံသို့ ပြန်သယ်ဆောင်လာရန် သိမ်းဆည်းထားခဲ့သည်။

လေလွင့်သူများပါလာသောကြောင့် သူ

တို့သည် ခရီးမတွင်ပါ။ ကျွဲ၊နွား၊တိရစ္ဆာန်များအပါအဝင် လူရာနှင့်ချီသည့် ခရီးသွားအဖွဲ့ကြီးကို လူများက စိတ်ဝင်စားနေကြသည်။ အဖွဲ့ကို ဒုက္ခပေးသော သူများကိုတော့ သတ်ဖြတ်ပစ်သည်။ စစ်သည်တော်များသည် မောပန်းနေကြပြီဖြစ်သည်။ သို့သော် ချာချာနှင့် ဆီဇာတို့က သူတို့ကို ကူညီပါသည်။

လေလွင့်သူများကို ခေါ်ဆောင်ရန် စေလွှတ်ခံရသော အခြားအဖွဲ့များသည် မိုင်တို့အဖွဲ့ထက်ပင် အကျပ်အတည်းနှင့် ရင်ဆိုင်ရသေးသည်။ အနည်းဆုံးတော့ မိုင်တို့အဖွဲ့တွင် ရထားလုံးများ ပါဝင်ပြီး လုံလောက်သော ငွေကြေးလည်းရှိပါသည်။

ထိုအဖွဲ့များ၏ လုပ်ရပ်ကြောင့် မီးတောက်ဦးချိုမျိုးနွယ်စုသည် နာမည်ကျော်လာရသည်။ အခုတော့ ဗဟိုဒေသတွင် မီးတောက်ဦးချိုမျိုးနွယ်စုဟူသော နာမည်တစ်ခုတွင်သွားပြီဖြစ်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုမှ လူများသည်

ကြောက်မက်ဖွယ်ကောင်းသည်။ မြက်ခင်းလွင်ပြင်ဒေသမှလူများက သူတို့အဖွဲ့တွင် ကြောက်မက်ဖွယ်သားရဲ၂ကောင်ကို ပျိုးထောင်ထားသည်ဟု ဆိုကြသည်။ အခြားကြောက်မက်ဖွယ်သားရဲများ ရှိသေးသလား သူတို့လည်း မသိပါ။

သူတို့မျိုးနွယ်စုက ဘယ်မှာနေတာလဲ။

ဒီလမ်းအတိုင်း တည့်တည့်သွားပါ။ ဝမ်ရှစ်မျိုးနွယ်စုဘေးကပ်ရပ်။ ဟုတ်ပါသည်… သားရဲတို့ပျော်စံရာမြေမှာ နေထိုင်ပါသည်။

All Chapters