ဘိုဘေးတို့၏ အရိုးများ
Vol. 18 Ch. 261
ဆောင်းတွင်းတွင် နှင်းများ ထူထပ်စွာကျလေသည်။ လေလွင့်သူများကတော့ နှင်းကျသည့်ဒဏ်ကို မနည်းခံနေရသည်။ သို့သော် မြစ်တစ်ဖက်ကမ်းမှ လာသူများကတော့ နွေးထွေးသည်ဟုပင်ထင်နေကြသေးသည်။
နှင်းများထူထပ်စွာကျနေပါသည်။ အမြင့်တစ်နေရာမှ ကြည့်လျှင် တောင်ပေါ်တွင် ရှိသော အရာအားလုံးမှာ နှင်းများဖုံးလွှမ်းနေသည်ကို တွေ့မြင်ရနိုင်သည်။ နှင်းများကျနေသော်လည်း နှင်းပုံများကတော့ လူတစ်ရပ်စာထက်မမြင့်ပါ။ နေ့စဉ်ရက်ဆက်နှင်းများထူထပ်စွာကျသည် မဟုတ်ဘဲ တချို့ရက်များတွင် ရာသီဉတု သာယာပါသည်။ သို့သော် တောနက်ထဲတွင်တော့ ရာသီဥတုမှာ ဆိုးဝါးပါသည်။
ရှောက်ရွှမ်နှင့် အမဲလိုက်အဖွဲ့မှ စစ်သည်တော်များက နှင်းများကို ဖြတ်သန်း၍ ပြန်လာသည့်အခါတိုင်း သားကောင်များကို သယ်လာစမြဲဖြစ်သည်။ သူတို့ ဖြတ်သန်းလာသော လမ်းတလျှောက်တွင် မီးတောက်ဦးချိုမျိုးနွယ်စုမှ ပြန်လည်ရယူ ထားသောလယ်မြေများ ရှိပါသည်။ ဆောင်းရာသီနှင့် နွေရာသီတွင်ပင် ထိုလယ်မြေများ၌ သူတို့ယူလာသော မျိုးစေ့များကို စိုက်ပျိုးနိုင်သည်ဟု ဆိုကြသည်။ အဘယ်ကြောင့် ဆိုသော် ထိုအပင်များမှာ ဆောင်းဥတု၏ အအေးဒဏ်ကို ခံနိုင်သောကြောင့်ဖြစ်သည်။ လယ်မြေမှာ သိပ်မကျယ်သော်လည်း အပင်တချို့တလေကိုတော့ စိုက်ပျိုးနိုင်ပါသည်။ ထိုလယ်မြေတဝိုက်တွင် အလုပ်ရှုပ်နေသော လူများကိုတွေ့မြင်နိုင်ပါသည်။
ထိုလယ်ကွင်းများအပြင် ထိုနားတွင် အသစ်ဆောက်လုပ်ထားသော တိရစ္ဆာန်တင်းကုပ်တစ်ခုရှိပါသည်။ တင်းကုပ်အဟောင်းက သေးငယ်လွန်းသည်။ မျိုးနွယ်စုက ကျွဲ၊နွားများကို များများ
မွေး၍ရရန် တင်းကုပ်ကို ချဲ့လိုက်ခြင်းဖြစ်သည်။
လေလွင့်သူများသည် အဆောင်ကြီးနှင့်တူသော အိမ်တစ်လုံးတွင်စုနေကြသည်။ အရင်တုန်းကတော့ လေလွင့်သူများအတွက် နေရာအခက်အခဲရှိသော်လည်း အခုတော့ သူတို့နေသော နေရာသည် အရင်ထက် သုံးပုံနှစ်ပုံခန့်ပိုကျယ်သွားပြီဖြစ်သည်။ ထို့ပြင် တချို့လေလွင့်သူများသည် အဆောင်များတွင် မနေတော့ဘဲ သူတို့အလိုရှိသောနေရာတွင် ကိုယ်ပိုင်အိမ်များကို ဆောက်လုပ်နေထိုင်ကြလေသည်။
မျိုးနွယ်စုဝင်များက လေလွင့်သူများကို နေထိုင်ခွင့်ပြုထားသော်လည်း အစားအသောက်ကိုတော့ အခမဲ့မပေးနိုင်ပါ။ လေလွင့်သူများသည် သူတို့လိုအပ်သော အစားအသောက်အတွက် လုပ်အားနှင့်လဲလှယ်ရသည်။ အခြားမျိုးနွယ်စုဝင်လေလွင့်သူ များသာမဟုတ် မီးတောက်ဦးချိုမျိုးနွယ်စုဝင်လေလွင့်သူများလည်း ထိုကဲ့သို့ လုပ်ဆောင်ရသည်။ နတ်ဆေးဆရာနှင့် မျိုးနွယ်စုအကြီးအကဲက သူတို့ကို အလုပ်မလုပ်လျှင် ဘာ
ပစ္စည်းမှ အထောက်အပံ့မပေးပါ။ ထို့ကြောင့် လေလွင့်သူများသည် မျိုးနွယ်စုအတွင်း အခြေချနေထိုင်ရန် အတတ်ပညာတစ်ခုခုကို တတ်ကျွမ်းရမည် ဖြစ်သည်။ ထိုသို့ အတတ်ပညာဖြင့် အလုပ်လုပ်မှသာ သူတို့လိုအပ်သော အစားအစာကို ရရှိမည်ဖြစ်သည်။
အခြားမျိုးနွယ်စုမှ လေလွင့်သူများကတော့ သားရဲတို့ပျော်စံရာမြေ၏ နယ်စပ်မျဉ်းနားတွင် နေလေသည်။ထိုနေရာမှဆိုလျှင် သူတို့ တောထဲဝင်ချင်လျှင်လည်း အလွယ်တကူဝင်နိုင်မည်ဖြစ်သည်။ အခုထိတော့ လေလွင့်သူများသည် တောထဲသို့ မဝင်ကြသေးပေ။
ဘေးရန်များကို ရှင်းလင်းပြီးနောက် သားရဲတို့ပျော်စံရာမြေတွင် အခြေချနေထိုင်နေသော်လည်း ထိုနေရာမှာ အခြားတောအုပ်များနှင့် သိပ်မကွာခြားလှပါ။ ထို့ပြင် သားရဲတို့ပျော်စံရာမြေဖြစ်နေသဖြင့် သားကောင်ကြီးများရန်မှ ကာကွယ်ရန် အစောင့်အကျပ်များကို အမြဲချထားရသည်။ သေးငယ်ပြီး အားနည်းသော သားရဲများကိုတော့
ဖမ်းယူချက်ပြုတ်ပစ်ကြသည်။
စစ်သည်တော်များက မျိုးနွယ်စုပိုင်နက်၏ အချက်အခြာကျသော နေရာများနှင့် နယ်စပ်တလျှောက်ကို ကင်းလှည့်ကြသည်။ အချက်အခြာကျသောနေရာတွင် နတ်ဆေးဆရာ၊မျိုးနွယ်စုခေါင်းဆောင် ၊ မျိုးနွယ်စုအတွင်း အရေးပါအရာရောက်သောသူများ နေထိုင်ကြပြီး မျိုးနွယ်စု၏ အရေးအကြီးဆုံး မီးဖိုမှာလည်း ထိုအချက်အခြာကျသော နေရာတွင်ရှိလေသည်။
မျိုးနွယ်စုထဲမှ လူများက ငါးမမျှားနိုင်သေးသော မိဘမဲ့ကလေးများကို စောင့်ရှောက်ပါသည်။ သူတို့အတွက် အစားအစာလည်း လုံလောက်စွာ ထောက်ပံ့ပေးသည်။ အခုဆိုလျှင် မျိုးနွယ်စုဝင်များက မိဘမဲ့များကို ယခင်ကထက် ပိုဂရုစိုက်ကြသည်။ မိဘမဲ့ကလေးများကို ပညာသင်ကြားလေ့ကျင့်ပေးခြင်းများ ပြုလုပ်ကြပါသည်။ ထူးချွန်သောကလေးများကို ဆုချသော ကြောင့် ကလေးများမှာလည်း ပညာသင်ကြားရန် စိတ်အားထက်သန်လာကြသည်။
အစစအရာရာ အဆင်ပြေနေသည်ဟု ပဲ ပြောရမည် ဖြစ်သည်။
သားကောင်တစ်ကောင်နှင့် ပြန်လာသော ရှောက်ရွှမ်သည် အိမ်ရောက်သောအခါ သားကောင်ကို ဖျက်ရန် ပြင်ဆင်နေလေသည်။ လောင်ခဲ့က “ သားကောင်ကို ငါဖျက်ထားလိုက်မည်...မင်းနတ်ဆေးဆရာဆီသွားလိုက်ပါ…မင်းပြန်လာရင်သူ့ကို လွှတ်လိုက်ဖို့ သူ့တပည့်တစ်ယောက် လာပြောထားတယ်” ဟုပြောလိုက်လေသည်။
ဘာများဖြစ်ပါလိမ့်။ ဆောင်းရာသီအကုန်တွင် ကျင်းပမည့် ရိုးရာအခမ်းအနား အကြောင်းများပြောမလို့လား။ ရိုးရာအခမ်းအနားနှင့် ပတ်သက်သည်ဆိုလျှင် တခြားလူတစ်ယောက်ယောက်ကို ပြောခိုင်းလိုက်မည်ဖြစ်သည်။ ရှောက်ရွှမ်ကို လူကိုယ်တိုင်လာတွေ့ခိုင်းရန် မလိုအပ်ပေ။ ရှောက်ရွှမ်လည်း ခေါင်းရှုပ်သွားသည်။ အချိန်ဆွဲမနေတော့ဘဲ သားကောင်ကို အောက်ပစ်ချကာ နတ်ဆေးဆရာကို ရှာရန်
ထွက်လာခဲ့လေသည်။
နတ်ဆေးဆရာနေသော အဆောင်မှာ မီးပုံကြီးနားတွင် ရှိလေသည်။ သူ့အဆောင်မှာ ဘိုးဘေးများထားခဲ့သော နတ်ဆေးပညာကျမ်းများထဲမှ ပုံများအတိုင်း ဆောက်လုပ်ထားသည်။ ရှောက်ရွှမ်ရောက်သွားသောအခါ နတ်ဆေးဆရာသည် ကျောက်သားအိမ်တော်တွင် စာရေးနေသည်ကိုတွေ့လိုက်ရသည်။
နတ်ဆေးဆရာက စာကိုသာ ဆက်လက်ရေးသားနေခြင်းကြောင့် ရှောက်ရွှမ်က မနှောင့်ယှက်တော့ပါ။ ခွေးခြေတစ်လုံးပေါ်ထိုင်လိုက်ပြီး ရေနွေးအိုးနှင့် ရေနွေးခွက်ကို ယူလိုက်သည်။ ထို့နောက် ရေနွေးတစ်ခွက်ငှဲ့ကာသောက်ရင်း နတ်ဆေးဆရာကို စောင့်နေလိုက်သည်။
ရေနွေးကုန်သွားလျှင် နတ်ဆေးဆရာ၏ တပည့်တစ်ယောက်က ရေနွေးလာဖြည့်ပေးသည်။ မြစ်တစ်ဖက်ကမ်းမှာနေတုန်းကလည်း ထိုသို့ပင်ဖြစ်သည်။
၁၅မိနစ်ခန့်ကြာသောအခါ နတ်ဆေးဆရာက စာရေးသားခြင်းကို ရပ်လိုက်ပြီး သားရေချပ်ကို လိပ်သိမ်းလိုက်သည်။ ထို့နောက် ရှောက်ရွှမ်ကို မော့ကြည့်လိုက်သည်။
“ဆောင်းတွင်းမှာ အမဲလိုက်ရတာ ဘယ်လိုနေလဲ” နတ်ဆေးဆရာက မေးလိုက်သည်။
“အခြေအနေကောင်းပါတယ်…ကျွန်တော်တို့ တောနက်ထဲသိပ်မဝင်တော့ ကြောက်မက်ဖွယ်သားရဲကြီးတွေနဲ့ သိပ်ရင်ဆိုင်စရာမလိုတော့ဘူး…နှင်းတွေကျနေရင်တောင် အမဲလိုက် ထွက်လို့ရတယ် ဒါပေမဲ့ သားကောင်တော့ သိပ်မရဘူးပေါ…နယ်စပ်နားမှာ ရှိတဲ့ အန္တရာယ်မှန်သမျှကို ကျွန်တော်တို့ ရှင်းလင်းပြီးပါပြီ”။
ရှောက်ရွှမ်ပြောသော နယ်စပ်ဆိုသည်မှာလွန်ခဲ့သော နှစ်တစ်ထောင်က မီးတောက်ဦးချိုမျိုးနွယ်စုပိုင်နက်နှင့် သားရဲတို့ပျော်စံရာမြေတို့ ဆုံသော နေရာကိုပြောခြင်းဖြစ်သည်။ အခုထိုနေရာ
ကို နတ်ဆေးဆရာနှင့် မျိုးနွယ်စုအကြီးအကဲတို့က နယ်စပ်အဖြစ်သတ်မှတ်လိုက်ပြီဖြစ်သည်။ စစ်သည်တော်များသည် ထိုနေရာကို သွား၍ ဘေးရန် အန္တရာယ်များကို ရှင်းလင်းပေးရသည်။
နယ်စပ်ဒေသတွင် စာလုံးများ၊မျိုးနွယ်စုအမှတ်အသားများ ရေးထွင်းထားသော ကျောက်တုံးကြီးများကို တွေ့နိုင်ပါသည်။ ထိုကျောက်တုံးကြီးများကို ဘိုးဘေးများက ထားခဲ့ခြင်းဖြစ်သည်။ တချို့ကျောက်တုံးများမှာ ကျိုးပဲ့နေပြီး တချို့ကျောက်တုံးများမှာ တစ်ဝက်လောက်က မြေကြီးထဲနစ်ဝင်နေကြပြီဖြစ်သည်။
“ကောင်းပြီ” နတ်ဆေးဆရာက ခေါင်းငြိမ့်ရင်းတည်ငြိမ်စွာ ပြောလိုက်သည်။ ရှောက်ရွှမ် ပြောသော အရာများကို သူသိပြီးသားဖြစ်သည်။ စကားစပ်မိ၍သာ ထပ်မေးနေခြင်းဖြစ်သည်။ ရှောက်ရွှမ်ကို ခေါ်လိုက်သည်မှာ ထိုကိစ္စကို မေးရန်မဟုတ်ပါ။
နတ်ဆေးဆရာသည် တခြားဖက်သို့လှည့်သွား
ပြီး အခန်းတစ်ခန်းထဲသို့ ဝင်သွားသည်။သူသည် ကျောက်သားသေတ္တာတစ်လုံးကို ရတနာပစ္စည်းတစ်ခုကို ကိုင်တွယ်သကဲ့သို့ တလေးတစား ထုတ်ယူလာသည်။
ထိုအရာကို မြင်လိုက်ရသောအခါ ရှောက်ရွှမ်၏ခန္ဓာကိုယ်မတ်သွားလေသည်။ နတ်ဆေးဆရာသည် ဘိုးဘေးတို့၏ ပစ္စည်းများကို သာထိုကဲ့သို့ ကိုင်ဆောင်လေ့ရှိကြောင်း ရှောက်ရွှမ်သိထားသည်။သို့သော် ထိုပစ္စည်းကို နတ်ဆေးဆရာက ဘာကြောင့် ထုတ်ယူသနည်း။
ကျောက်တုံးသေတ္တာလေးကို စားပွဲပေါ်တင်လိုက်ပြီးနောက် နတ်ဆေးဆရာသည် သေတ္တာကို ထုတ်လိုက်ကာ အလှဆင်ထားသော အရိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထိုအရိုး၏အလယ်တွင် အရောင်မှိန်နေသာ ဓာတ်လုံးတစ်လုံးကို ချိတ်ဆွဲထားလေသည်။
ရှောက်ရွှမ်သည် ထိုအရာကို မြင်ဖူးနေပြီးဖြစ်သည်။ ကျောက်တုံးတီကောင် ဘုရင်ကြီးနေ
သော ဂူထဲမှ ဘိုးဘေးများကို ကျောပိုးလာစဉ်က ဘိုးဘေးတစ်ယောက်သည် ထိုကဲ့သို့ အလှဆင်ထားသော အရိုးတစ်ချောင်းကို ဝတ်ဆင်ထားသည်ကို ရှောက်ရွှမ်တွေ့ဖူးထားသည်။ နောက်ပိုင်းတွင် ထိုအရိုးမှာ မျိုးနွယ်စုထဲက ဘိုးဘေးတစ်ယောက်၏ အရိုးဖြစ်ကြောင်း နတ်ဆေးဆရာက ရှောက်ရွှမ်ကို ပြောပြသည်။
“မင်းဒါကို မှတ်မိသေးလား” နတ်ဆေးဆရာက မေးလိုက်သည်။
“မှတ်မိပါတယ်” ရှောက်ရွှမ်က ပြန်ဖြေလိုက်သည်။ ထိုအလှဆင်ထားသော အရိုးလေးမှာ ကျောက်တုံးတီကောင်ဘုရင်ကို အနိုင်ယူနိုင်သော ပစ္စည်းဖြစ်သဖြင့် ရတနာတစ်ခုလို အဖိုးတန်ပါသည်။ ထို့အရိုးကြောင့်သာ ဘိုးဘေးများသည် ဂူထဲတွင် နေထိုင်နိုင်ခြင်းဖြစ်မည်။
နတ်ဆေးဆရာသည် သက်ပြင်းချလိုက်ပြီး အလှဆင်ထားသော အရိုးကို ကိုင်ကာ ရှောက်ရွှမ်ကို ပေးလိုက်သည်။ “ဒီအရိုးကို မင်းယူလိုက်
တော့…မျိုးနွယ်စုအခမ်းအနားကျရင် ဒီအရိုးကို ဝတ်ဆင်ခဲ့” ဟုပြောလိုက်သည်။
ရှောက်ရွှမ် အံ့ဩသွားသည် “ဒါ ကျွန်တော့်ကို ပေးတာလား…ပျောက်သွားရင် ဘယ်လိုလုပ်မလဲ” ။
နတ်ဆေးဆရာမျက်နှာ ရှုံ့မဲ့သွားသည်။ ထို့နောက် ရှောက်ရွှမ်ကို မျက်နှာသေကြီးနှင့် စိုက်ကြည့်နေသည်။ “စိတ်မရှိပါနဲ့” ရှောက်ရွှမ်သည် အလှဆင်ထားသော အရိုးလေးကို ယူလိုက်ပြီး မေးလိုက်သည် “ ကျွန်တော့်ကို ဘာလို့ ဝတ်စေချင်တာလဲ…ဒါကို ဝါစဉ်ကြီးပုဂ္ဂိုလ်တွေပဲ ဝတ်ရတာ မဟုတ်ဘူးလား”။
“ဟုတ်တယ်” နတ်ဆေးဆရာသည် ခံစားချက်ပေါင်းများစွာဖြင့် ရှောက်ရွှမ်ကို ပြောလိုက်သည်။ “အဲဒီအရိုးကို မီးတောက်အောင်လုပ်နိုင်ရင် မင်းလည်း ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီပေါ့”။
“ဒါက ဘိုးဘေးတွေထားခဲ့တဲ့ပစ္စည်းဆိုတော့
လွယ်လွယ်နဲ့ မီးတောက်အောင် လုပ်လို့ရမှာ မဟုတ်ဘူး” ရှောက်ရွှမ်က ပြောလိုက်သည်။ သူသည် မီးမျိုးစေ့မှ မွေးဖွားလာသူမဟုတ်သဖြင့် မီးတောက်အောင် ဘယ်လိုလုပ်ဆောင်နိုင်မည်နည်း။ ထို့ပြင် သူသည် ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာရန် အသက်အရမ်းငယ်နေသေးသည် မဟုတ်ပါလား။
“ငါလည်း သေချာတော့ မသိဘူးကွာ…မင်းကြိုးစားကြည့်ပါ” နတ်ဆေးဆရာက ပြောလိုက်သည်။ နတ်ဆေးဆရာသည် စိတ်ပြောင်းမည့်ပုံမပေါ်ပါ။ ရှောက်ရွှမ်ကို ကြိုးစားခိုင်းသည်မှာ အလှဆင်ထားသော အရိုးသည် မီးပြန်တောက်နိုင်လား၊မတောက်နိုင်လား သိလို၍ဖြစ်သည်။
အမှန်တကယ်တော့ နတ်ဆေးဆရာလည်း သိပ်မမျှော်လင့်ထားပါ၊ မီးတောက်မျိုးစေ့က မပြည့်စုံတော့သောကြောင့် ဖြစ်သည်။ သို့သော် ရှောက်ရွှမ်စွမ်းအင်နိုးထလာတုန်းက အခြေအနေမှာ သူများတွေနှင့် မတူသည်ကို သူမှတ်မိလေသည်။ သူ့စွမ်းအင်နိုးထပုံမှာ ပြီးပြည့်စုံသော မီးတောက်
မျိုးစေ့တစ်ခုမှ စွမ်းအင်နိုးထလာပုံနှင့်တူနေသည်။ ရှောက်ရွှမ်၏ ပညာဆက်ခံနိုင်မှုစွမ်းရည်ကြောင့် နတ်ဆေးဆရာက ရှောက်ရွှမ်ကို ကြိုးစားခိုင်းနေခြင်းဖြစ်သည်။ နောက်ဆုံးတွင် ရှောက်ရွှမ်သည် ဘိုးဘေးများ ချီးမွမ်းသော ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံရတော့မည် ဖြစ်သည်။ အလှဆင်ထားသော အရိုးကို မီးတောက်အောင် မလုပ်နိုင်လျှင်လည်း အကာအကွယ်အနေနှင့်တော့ သုံး၍ရမည် ဖြစ်သည်။