နတ်ဆေးဆရာ၏ဓာတ်လုံး
Vol. 18 Ch. 262
အလှဆင်ထားသော အရိုးလေးကို ကိုင်ရင်း ရှောက်ရွှမ်သည် ထိုစဉ်တုန်းက အခြေအနေကို ပြန်စဉ်စားကြည့်နေသည်။ ကျောက်တုံးတီကောင်ကို အနိုင်ယူနိုင်သည်မှာ အရိုးအလယ်တွင် ဆွဲထားသော ဓာတ်လုံးလေးကြောင့် ဖြစ်ကြောင်း မှတ်မိသွားသည်။ “ဒီဓာတ်လုံးလေးက ဘာလဲ အရှင်သိလား…ဘိုးဘေးတွေကရော ဒါကို ဘယ်ကရလာတာလဲ” ဟုရှောက်ရွှမ်မေးလိုက်သည်။
ကျောက်တုံးတီကောင်ဘုရင်ကြီးနေသော ဂူထဲတွင် မှောင်မဲနေသော်လည်း ရှောက်ရွှမ်က သူ့အထူးအမြင်အာရုံဖြင့် ဓာတ်လုံးလေး၏ အလင်းရောင်ကို မြင်နေရသည်။ အလင်းရောင်သည် ဘေးကို ဖြာထွက်နေသည်။ သာမာန်အမြင်နှင့် ကြည့်လျှင်တော့ အလင်းရောင်ဖြာထွက်နေသည်ကို မြင်ရမည် မဟုတ်ပါ။
ထိုဓာတ်လုံးလေးသည် ထူးဆန်းသော ပစ္စည်းတစ်ခုဖြစ်သည်။ “ရတနာတစ်ခုခုများလား၊ တော်တော်တော့ အဖိုးတန်တဲ့ ပစ္စည်းပဲ” နတ်ဆေးဆရာသည် ထိုဓာတ်လုံးလေးကို ရိုသေလေးစားစွာကြည့်လိုက်သည်။ “ဟိုးအရင်တချိန်၊မီးတောက် မျိုးနွယ်စုကိုစတည်ထောင်ခါစက နတ်ဆေးဆရာကြီးသေသွားတဲ့အခါမှာ မျိုးနွယ်စုအကြီးအကဲက နတ်ဆေးဆရာရဲ့ရုပ်အလောင်းကို မီးပုံထဲထည့်လိုက်တယ်ပြောတယ်…ပထမဆုံးနတ်ဆေးဆရာက အခြားလူတွေလိုမျိုး ပြာကျမသွားဘဲ မီးသင်္ဂြိုဟ်ပြီးနောက်မှာ ဓာတ်လုံး၆လုံးကျန်ခဲ့တယ်တဲ့”
“ဒါဆို ဒီဓာတ်လုံးက အဲဒီ၆လုံးထဲက တစ်လုံးလား” ရှောက်ရွှမ်က အံ့ဩသင့်စွာမေးလိုက်သည်။
နတ်ဆေးဆရာက ခေါင်းငြိမ့်ပြပြီး “နောက်ပိုင်းမှာတော့ မျိုးနွယ်စုအကျိုးကို ထူးချွန်ပြောင်မြောက်အောင် စွမ်းဆောင်နိုင်တဲ့သူတွေကို အဲဒီ
ဓာတ်လုံး၆လုံးကို ပေးတယ်လို့ပြောကြတယ်…အဲဒီဓာတ်လုံးရထားတဲ့လူတွေကို ဝါစဉ်ကြီးပုဂ္ဂိုလ်လို့ခေါ်ကြတယ်…နတ်ဆေးဆရာနဲ့ မျိုးနွယ်စုအကြီးအကဲ ပြီးရင် သူတို့က ရာထူးအကြီးဆုံးပဲ…နတ်ဆေးဆရာနဲ့ မျိုးနွယ်စုအကြီးအကဲရဲ့လက်ထောက်တွေဆိုပါတော့…အဲဒီဓာတ်လုံး၆လုံးက မျိုးနွယ်စုရဲ့ အလင်းရောင်ဆိုလည်း ဟုတ်တယ်…မီးပုံကြီးနဲ့အလှမ်းဝေးတဲ့နေရာရောက်နေရင်တောင် အဲဒီ ဓာတ်လုံးတွေက မျိုးနွယ်စုအတွက် အလင်းရောင်ကို ပေးနိုင်တယ်…ကံမကောင်းချင်တော့ မီးတောက်မျိုးစေ့ကို ခွဲခြားလိုက်ပြီးနောက်မှာ အဲဒီဓာတ်လုံး၆လုံး အရောင်မှိန်သွားတော့တာပဲ” ဟုပြောလိုက်လေတော့သည်။
ရှောက်ရွှမ်သည် ခဏလောက် စကားမပြောတော့ဘဲ သူကိုင်ထားသော အလှဆင်ထားသည့်အရိုးကို လက်ထဲတွင်ဆကြည့်လိုက်သည်။ အလှဆင်ထားသော အရိုးသည် အတော်ပင်လေးပါသည်။ ပျောက်သွားလျှင်တော့ နတ်ဆေးဆရာက သူ့ကို သတ်ပစ်မည် ဖြစ်သည်။ သာမန်
အဖိုးတန်သည့်အရာဆိုလျှင်တော့ နတ်ဆေးဆရာက ခွင့်လွှတ်မည်ဖြစ်သည်။ သို့သော် အခုပစ္စည်းသည် ပထမဆုံးနတ်ဆေးဆရာချန်ထားခဲ့ သောပစ္စည်းဖြစ်ပြီး ဤကမ္ဘာလောကတွင် နောက်တစ်ခုထပ်မရှိနိုင်တော့သော ပစ္စည်းတစ်ခုဖြစ်သည်။
ရှောက်ရွှမ်သည် စိတ်ရှုပ်ထွေးသွားသည်။ ဓာတ်လုံးက ၆လုံးတောင်ရှိတာလား။
ရှောက်ရွှမ်က သံသယဖြစ်လာသောကြောင့်မေးလိုက်သည် “ပထမဆုံးနတ်ဆေးဆရာ ထားခဲ့တဲ့ ဓာတ်လုံး၆လုံးကို အရှင်သိမ်းထားတာလား”။ နတ်ဆေးဆရာထုတ်ယူလိုက်သော သေတ္တာထဲတွင်တော့ အလှဆင်ထားသော အရိုး၆ချောင်းကိုသာ သူတွေ့လိုက်သည်။
နတ်ဆေးဆရာက ခေါင်းခါလိုက်ပြီး နောင်တရစွာဖြင့် ပြောလိုက်သည် “ မီးတောက်မျိုးစေ့တခြမ်းပျောက်သွားတုန်းက အဲဒီဓာတ်လုံး၃လုံး ပျောက်သွားတာပဲ…မီးတောက်မျိုးစေ့ရဲ့ တခြားကျန်တဲ့တစ်ခြမ်းက ဘယ်နားမှာ ရှိနေမလဲ ငါ
အာရုံခံလို့မရဘူး”။
နတ်ဆေးဆရာပင်အာရုံခံလို့မရဘူးဆိုလျှင် ကျန်သူများလည်း သိမည်မဟုတ်တော့ပေ။ မီးတောက်မျိုးစေ့သည် နှစ်ခြမ်းကွဲသွားခြင်းဖြစ်သည်။ ပျောက်ဆုံးနေသော မီးတောက်မျိုးစေ့တစ်ခြမ်း ဘယ်မှာရှိမလဲ ဘယ်သူမှ မသိပါ။
နတ်ဆေးဆရာသည် ဆောင်းရာသီတွင် ကျင်းပမည့် ရိုးရာအခမ်းအနားနှင့် ပတ်သက်သည့် အကြောင်းအရာတချို့ကို ပြောပြီးနောက် ရှောက်ရွှမ်ကို ပြန်လွှတ်လိုက်သည်။ ဒီတစ်ခေါက်တွင်လည်း ရှောက်ရွှမ်သည် ရိုးရာအခမ်းအနားတွင် ပါဝင်ကပြရန် ရွေးချယ်ခံရပြန်သည်။
ရှောက်ရွှမ်ထွက်သွားသောအခါ နတ်ဆေးဆရာသည် နဂိုနေရာတွင် ပြန်ထိုင်လိုက်ပြီး သေတ္တာထဲတွင် ရှိသော အရောင်မှိန်နေသည့် ဓာတ်လုံး၂လုံးကို ကြည့်နေလေသည်။ သူသည် ထိုဓာတ်လုံးများနှင့် ပတ်သက်၍ တွေးတောနေသည်မှာ အတော်ကြာပြီဖြစ်သည်။ အခုမှ သူသက်ပြင်းချနိုင်
တော့သည်။ နတ်ဆေးဆရာသည် နယ်မြေဟောင်းကို ပြန်ရန် မြစ်ကို ဖြတ်သန်းနိုင်မည့် နည်းလမ်းများကို စဉ်းစားနေသလို နယ်မြေဟောင်းကို ပြန်ရောက်လျှင် ဘာဆက်လုပ်ကြမလဲဆိုတာကိုလည်း စဉ်းစားနေသည်။ သို့သော် နယ်မြေဟောင်းမှ ပြန်လာပြီးသောအချိန်မှစတင်၍ နတ်ဆေးဆရာသည် လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်နေလေသည်။
မီးတောက်ဦးချိုမျိုးနွယ်စုသည် အင်အားတောင့်တင်းပါသလား။ အင်အားတောင့်တင်းပါသည်။ သို့သော် လက်ရှိအချိန်တွင်တော့ ဗဟိုဒေသမှ မျိုးနွယ်စုကြီးများလောက်တော့ အင်အားမတောင့်တင်းပါ။ ဝမ်ရှစ်မျိုးနွယ်စုနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက သူတို့ရှုံးနိမ့်မည်ဖြစ်သည်။ နတ်ဆေးဆရာသည် ထိုအဖြစ်မျိုးနှင့် မကြုံချင်ပါ။ ဆောင်းရာသီတွင် ကျင်းပမည့် ရိုးရာအခမ်းအနားတွင် လေလွင့်သူများလည်း စွမ်းအင်နိုးထလာနိုင်ပါသေးသည်။
သူတို့အနေနှင့် အင်အားပိုတောင့်တင်းလာမှဖြစ်
မည်။ သို့မှသာ ထိုနေရာတွင် အခြေချနေထိုင်နိုင်မည်ဖြစ်သည်။
ရှောက်ရွှမ်သည် နတ်ဆေးဆရာဆီမှ ထွက်လာပြီး အိမ်သို့ပြန်လာသည်။ သူပြန်လာအချိန်တွင် မှောင်နေပြီဖြစ်သည်။ လူအသွားအလာ အနည်းငယ်လောက်သာ ရှိတော့သည်။ ညဘက်တွင်ထွက်သော ပျံလွှားငှက်များလည်း မရှိပါ။ မီးတောက်မျိုးစေ့ ရှိနေခြင်းကြောင့် စိတ်ဒုက္ခပေးသော ညဘက်တွင်ထွက်သည့် ပိုးမွှားများလည်းမရှိပါ။
မီးတောက်မျိုးစေ့သည် မီးပုံနှင့် ဆက်သွယ်သွားသောကြောင့် အခြားသတ္တဝါများက မီးတောက်မျိုးစေ့ကို ကြောက်ရွံ့ကြပါသည်။ ချာချာသည်လည်း မီးပုံနားတွင် နေရသည်ကို မနှစ်သက်ပါ။ ချာချာသည် လောင်ခဲ့အတွက်တော့ သားကောင်များလာပေးသည်။ သူပေးစရာရှိသည်ကို ပေးပြီးလျှင် ပြန်သွားသည်သာ ဖြစ်သည်။
ညစာစားပြီးချိန်တွင် ရှောက်ရွှမ်သည် ခဲ့ခဲ့မွေးထားသော ငှက်ကို သွားကြည့်ရန် စိတ်ကူးလိုက်သေးသည်။ သို့သော် နတ်ဆေးဆရာပေးလိုက်သော အလှဆင်ထားသည့် အရိုးလေးရှိနေသောကြောင့် အပြင်မထွက်ဖြစ်တော့ပါ။ အခန်းထဲတွင်သာနေပြီး သားရေချပ်များဖတ်နေတော့သည်။
အလှဆင်ထားသောအရိုးတွင် အရေးအကြီးဆုံးပစ္စည်းမှာ ဓာတ်လုံးဖြစ်သည်။ ရှောက်ရွှမ်သည် အရောင်မှိန်နေသော ဓာတ်လုံးမျက်နှာပြင်ကို ထိကြည့်လိုက်သည်။ ဆောင်းတွင်းဖြစ်သော်လည်း မျက်နှာပြင်မှာ အခြားအရာဝတ္ထုများလို အေးစက်နေခြင်းမရှိဘဲ နွေးထွေးနေသည်။ ထိုဓာတ်လုံးသည် ပထမဆုံးနတ်ဆေးဆရာ၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ရာမှ ကျန်ရှိခဲ့သောပစ္စည်းဖြစ်သည်။ နတ်ဆေးဆရာသာ ပြောပြမထားလျှင် ထိုဓာတ်လုံးဘယ်ကရသလဲ ရှောက်ရွှမ်သိမည် မဟုတ်ပါ။
ထိုဓာတ်လုံးမှာ ထူးခြားသည်ဆိုသည်ကလွဲ၍
ထိုဓာတ်လုံးနှင့် ပတ်သက်သော အကြောင်းအရာများကို ရှောက်ရွှမ်မသိပါ။ နောက်ဆုံးတွင်တော့ ရှောက်ရွှမ် အိပ်ပျော်သွားပြီး အိပ်မက်တစ်ခုကို မြင်မက်လေသည်။
သူ့အိပ်မက်ထဲတွင် လူပုံစံမီးတောက်ကြီးတစ်ခုပေါ်လာသည်။ နောက်ပိုင်းတွင် ထိုလူပုံစံမီးတောက်မှာ တဖြည်းဖြည်း ကြည်လင်လာသည်။အစပိုင်းတွင်တော့ ထိုလူမှာ ရှောက်ရွှမ်နှင့်အလှမ်းဝေးသောနေရာတွင် ရပ်နေသည်။ နောက်ပိုင်းတွင်တော့ ထိုလူသည် ရှောက်ရွှမ်ဆီသို့ တဖြည်းဖြည်းလျှောက်လာလေသည်။ ထိုလူသည် ရှောက်ရွှမ်နှင့် နီးကပ်လာသော်လည်း ထိုလူ၏မျက်နှာကို ကောင်းစွာမမြင်ရပါ၊ ထိုလူ၏အသက်၊ ယောင်္ကျားလား၊မိန်းမလားလည်း မသဲကွဲပါ။ မီးတောက်များရစ်သိုင်းခြုံထားသော လူပုံစံတစ်ခုကို သာမြင်နေရသည်။
လူပုံသဏ္ဍာန်မီးတောက်သည် သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး နတ်ဆေးဆရာပြုလုပ်သလို မီးပုံနားတွင် မီးတောက်မျိုးစေ့ကို မန်းမှုတ်နေ
သည့် အပြုအမူမျိုးကို လုပ်ပြနေသည်။ ကြည့်ရသည်မှာ တစ်စုံတရာကို ပြောချင်နေသည့် ပုံစံပင်။ သို့သော် သူပြောနေသည်ကို ရှောက်ရွှမ်မကြားရပါ။
ထိုလူပုံသဏ္ဍာန်မီးတောက်သည် နတ်ဆေးဆရာတစ်ယောက်များလား။
ရှောက်ရွှမ်သည် လူပုံသဏ္ဍာန်မီးတောက်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။ ရှောက်ရွှမ်တစ်ယောက်ထူးဆန်းသောအိပ်မက်ကို မက်နေသည့်အချိန်တွင် အလှဆင်ထားသော အရိုးလေးသည် ညအမှောင်တွင် တောက်ပနေသည်။ ထို့နောက်တွင်တော့ အရောင်ပြန်မှိန်သွားပြီး အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။
နောက်တစ်နေ့ အိပ်ရာနိုးလာသောအခါ ရှောက်ရွှမ်သည် ထိုအိပ်မက်ကို ကောင်းစွာ မှတ်မိနေသည်။ သူ့လည်ပင်းတွင်ဆွဲထားသော အလှဆင်ထားသည့်အရိုးကို ကြည့်လိုက်ရင်း ဘိုးဘေးတစ်ယောက်ယောက်က တစ်ခုခုပြောလို၍
အိပ်မက်ပေးခြင်းများလား သူစဉ်းစားနေသည်။သို့သော် ထူးထူးခြားခြားဘာမှ ဖြစ်မလာသောကြောင့် သာမန်အိပ်မက်တစ်ခုမျှသာ ဖြစ်ပေမည်။
ရှောက်ရွှမ် ခေါင်းခါလိုက်သည်။ ထို့နောက် ဓာတ်လုံးကို ကြည့်လိုက်သောအခါ အရောင်မှိန်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခါ ဓာတ်လုံးအကြောင်းကို ထပ်မံမစဉ်းစားတော့ပါ။ ဒီနေ့တွင် သူအမဲလိုက်ထွက်စရာ မလိုတော့ပါ၊ သို့သော် ကင်းလှည့်ရမည် ဖြစ်သည်။
ဝမ်ရှစ်အဖွဲ့မှ လူများသည် ဆောင်းမဝင်မီကာလတွင် သတင်းအချက်အလက်ရယူရန် နယ်စပ်မဒေသသို့ လျှို့ဝှက်စွာလာလေ့ရှိသည်။ ဆောင်းရောက်လာသောအခါတွင်လည်း လူအနည်းငယ်လောက် လာသည့်အခါလာသေးသည်။ လက်ရှိအချိန်တွင် မျိုးနွယ်စုအတွင်း လေလွင့်သူများစွာရှိနေပြီဖြစ်သောကြောင့် သစ္စာဖောက်မည်ကိုလည်း စိုးရိမ်နေရသည်။
သူတို့နောက်ကို လိုက်လာသော လေလွင့်သူအများစုကတော့ သစ္စာရှိပါသည်။ ထို့ပြင် သူတို့မည်သို့နေထိုင်သင့်သည်ကိုလည်း သိကြသည်။ သူတို့သည် လက်မှုပညာမကျွမ်းကျင်သေးလျှင်တောင် သင်ယူလိုစိတ်ရှိပါက ထမင်းငတ်မည် မဟုတ်ပါ။
“ရှောက်ရွှမ်…ဒီမျိုးနွယ်စုအခမ်းအနားမှာ လူဘယ်နှယောက်လောက် စွမ်းအင်နိုးထနိုင်လဲ” လန်ကာ့ကမေးလိုက်သည်။
“အခြေအနေပေါ်မူတည်တာပေါ့…တစ်ထောင် သို့မဟုတ် နှစ်ထောင်လောက်ပေါ့” ရှောက်ရွှမ်က ပြန်ဖြေလိုက်သည်။
“၁၀၀၀၊၂၀၀၀လောက်ပဲ ဟုတ်လား” လန်ကာ့သည် မဟုတ် အခြားကင်းလှည့်နေသည့် စစ်သည်တော်များပါ မယုံချင်ဖြစ်သွားကြသည်။
မျိုးနွယ်စုထဲတွင် မျိုးနွယ်စုစစ်သည်တော်ပေါင်း ၁၅၀၀လောက်ရှိပြီး တချို့က အမဲမလိုက်
တတ်ကြပါ။ စွမ်းအင်နိုးထရန် အသက်မမှီသေးသော ကလေးများနှင့် မိန်းမများလည်း ရှိပါသည်။ နောင်တချိန်တွင် ကလေးအများစုသည် စွမ်းအင်နိုးထလာပြီး မျိုးနွယ်စု စစ်သည်တော်များ ဖြစ်လာကြမည်ဖြစ်သည်။ နယ်မြေဟောင်းကို ပြန်သည့်အချိန်တွင် လေလွင့်သူများအပါအဝင် သူတို့မျိုးနွယ်စုသည် လူ၆၀၀၀၊၇၀၀၀ လောက်ရှိနေမည်ဖြစ်သည်။ သူတို့ထဲက လူများစုသာ စွမ်းအင်နိုးထာလာပါက မျိုးနွယ်စုအတွက် အကျိုးရှိမည်ဖြစ်သည်။
သို့သော် ထိုကဲ့သို့ဖြစ်နိုင်မည် မဟုတ်ပေ။ မျိုးနွယ်စုတွင် နေထိုင်ကြသော လေလွင့်သူမိသားစုဝင်များကို မီးတောက်ဦးချိုမျိုးနွယ်စု၏လူများဟု မသတ်မှတ်ကြပါ။ ဥပမာအနေနှင့် ပြရမည်ဆိုလျှင်ယန်ရှော၏ ဇနီးနှင့် လောင်ဟယ်၏ ဇနီးတို့ဖြစ်သည်။ သို့သော် တချို့အမျိုးသမီးများကတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များဖြစ်ကြပြီး သူတို့ လင်ယောင်္ကျားများကတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များမဟုတ်ကြပါ။ ထို့ကြောင့် အတိအကျပြောရမည်ဆိုလျှင် လူ၆၀၀၀၊
၇၀၀၀လောက်ထဲက ၃၀ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်းအထိကို လျှော့ချရမည် ဖြစ်သည်။ ထို့ကြောင့် လူ၁၀၀၀၊၂၀၀၀ လောက်သာ စွမ်းအင်နိုးထနိုင်သည်ဟု ခန့်မှန်းခြင်းဖြစ်သည်။
ရှောက်ရွှမ်၏ သုံးသပ်ချက်ကို နားထောင်ပြီးသောအခါ ကင်းလှည့်နေသော စစ်သည်တော်များ စိတ်ပျက်သွားကြသည်။
“လေလွင့်သူတွေရဲ့တစ်ဝက်လောက်က မိန်းမတွေဖြစ်နေတယ်” ရှောက်ရွှမ်က ပြောသည်။ လေလွင့်သူအမျိုးသားအများစုက ထွက်ခွာသွားပြီး အမျိုးသမီးများသာ ကျန်ခဲ့သည်ဖြစ်သည်။ မျိုးနွယ်စုအနေနှင့် အကျပ်အတည်းကို ရင်ဆိုင်နေရသောကြောင့် အမျိုးသားလေလွင့်သူများထွက်ခွာသွားခြင်းက အကောင်းဆုံးဖြေရှင်းနည်းဖြစ်သည်ဟု အမျိုးသမီးလေလွင့်သူများက သိနေခြင်း ဖြစ်ချင်ဖြစ်မည်။
ထိုစကားကို ကြားသောအခါ စိတ်ပျက်နေသော လန်ကာ့နှင့် ကျန်သူများ စိတ်အားပြန်လည်
တက်ကြွသွားသည်။ အမျိုးသမီးအရေအတွက်များခြင်းက သူတို့အတွက် ကောင်းသည် မဟုတ်ပါလား။
အရင်တုန်းကဆိုလျှင် မိန်းမဦးရေနည်းသောကြောင့် နတ်ဆေးဆရာက မိန်းမကိစ္စနှင့် ပတ်သက်လျှင် တင်းကျပ်စွာ ကိုင်တွယ်လေ့ရှိသည်။ ထို့ကြောင့် မျိုးနွယ်စုထဲတွင် လူပျိုအရေအတွက် များပါသည်။ မွေးဖွားနှုန်းနည်းခြင်း၊ ရေမြေတောတောင်ကြမ်းတမ်းခြင်းတို့ ကြောင့် သူတို့မျိုးနွယ်စုသည် လူဦးရေ နည်းပါးပါသည်။
အခုတော့ ပြန်လာသော လေလွင့်သူများထဲတွင် အမျိုးသမီးများစွာ ပါလာသဖြင့် မွေးဖွားနှုန်းမြင့်တက်လာတော့မည် ဖြစ်သည်။ ယန်ရှောတို့မိသားစုတွင် ကလေး၂ယောက်ရှိသည်။ လူနေမှုအဆင့်အတန်းများ မြင့်မားလာခြင်းကြောင့် သူ့ဇနီးသည်သည် ကျန်းမာရေးကောင်းမွန်ကာ နောက်တစ်ကြိမ်ကိုယ်ဝန်ကို ဆောင်ရပြန်သည်။ လန်ကာ့နှင့် အခြားသူများက
သူတို့စုံတွဲကို အားကျကြသည်။
မျိုးနွယ်စုသည် မကြာခင်ဖွံ့ဖြိုးတိုးတက်လာတော့မည်ဟု အားလုံးက ယုံကြည်ထားကြသည်။ ရှောက်ရွှမ်သည် ထိုအချက်ကို စဉ်းစားနေသည်။ ရုတ်တရက်လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်ပြီး အရပ်မျက်နှာတစ်ဖက်သို့ မျက်နှာမူလိုက်သည်။ သူမျက်နှာမူလိုက်သည့်ဘက်မှာ လေလွင့်သူများနေကြသော ဘက်ဖြစ်သည်။
“ဘာဖြစ်လို့လဲ” လန်ကာ့နှင့် အခြားလူများက ရှောက်ရွှမ်၏ အမူအရာကို သတိထားမိသွားပြီး မေးလိုက်ကြသည်။
ရှောက်ရွှမ်က သတိဝီရိယကြီးစွာနှင့် “လူတစ်ယောက်က ကျွန်တော့်ကို အမြဲစောင့်ကြည့်နေတယ်လို့ခံစားရတယ်” ဟုပြောလိုက်သည်။
“မထူးဆန်းပါဘူး..မင်းကနာမည်ကျော်ဆိုတော့ မင်းကိုကြိုက်တဲ့ ကောင်မလေး…” လန်ကာ့ပြောရင်းတန်းလန်း ရပ်သွားသည်။
ရှောက်ရွှမ်မျက်နှာမှာ အတည်ပြောနေကြောင်း သိသာသဖြင့် အခြားလူများသည် ရှောက်ရွှမ်ကို မစနောက်တော့ပါ။ ရှောက်ရွှမ်သည် အမဲလိုက်အတွေ့အကြုံရင့်ကျက်သူ ဖြစ်သည်။ သူမသိစိတ်ထဲက ထိုကဲ့သို့ခံစားနေရသည်ဆိုလျှင် တစ်ခုခုတော့ မှားယွင်းနေ၍ ဖြစ်သည်။ လေလွင့်သူများအားလုံးသည် စိတ်ချရပါသည်ဟု မည်သူမျှ အာမမခံနိုင်ပါ။
“သွားကြည့်ကြမလား” လန်ကာ့က မေးလိုက်သည်။
“ဟင့်အင်း…” ရှောက်ရွှမ်က လန်ကာ့ကို တားလိုက်သည်။ “အဲဒီနေရာကို သေချာ သတိထားရင်ကောင်းမယ်” သူခန့်မှန်းတာသာမှန်လျှင် လေလွင့်သူများထဲတွင် ပုန်းအောင်းနေသူတစ်ယောက်ယောက်ရှိရမည် ဖြစ်သည်။
ရှောက်ရွှမ်သည် လေလွင့်သူများနေထိုင်ရာနေရာကို ထပ်ကြည့်လိုက်ပြန်သည်။ ထိုနေရာတွင်
သာမန်တဲတစ်လုံးသာရှိလေသည်။
“ငါမင်းကို သတိထားဖို့ပြောထားရဲ့သားနဲ့ ငါ့စကားကို နားမထောင်ဘူး” တဲအတွင်းတွင် ရိုးသားပုံရသောလူငယ်တစ်ယောက်သည် သစ်သားခုံတစ်လုံးပေါ်တွင် ခြေထောက်ချိတ်၍ ထိုင်နေသည်။ ထိုလူငယ်၏မျက်နှာပေါ်တွင် လှောင်ပြောင်လိုသော အရိပ်အယောင်များကို တွေ့ရသည်။
တဲပြတင်းပေါက်အနီးတွင် လှပချောမောသော အမျိုးသမီးတစ်ယောက်သည် တဲနံရံကို မှီရင်း မတ်တပ်ရပ်နေလေသည်။ ထိုအမျိုးသမီးက လူငယ်၏တုံ့ပြန်မှုကို စောင့်ကြည့်ရန် စဉ်းစားထားသော်လည်း လူငယ်က သတိထားမိသွားသည်။ ကံကောင်းစွာဖြင့် သူမသည် အလျင်အမြန်ပုန်းအောင်းနိုင်လိုက်ပြီး လူငယ်က သူ့ကို မြင်မသွားပေ။
အမျိုးသမီးသည် တစ်စုံတရာကို ရှာဖွေနေခြင်းဖြစ်သည်။ ထိုအချိန်တွင် တဲအပြင်ဘက်မှ ခြေသံ
များကို ကြားလိုက်ရသည်။ မျိုးနွယ်စုစစ်သည်တော်များ၏ ခြေသံများမဟုတ်သဖြင့် သူမစိတ်သက်သာရာရသွားသည်။
“ငါ့ကို လာရှာတဲ့လူတွေ ဖြစ်လိမ့်မယ်…ငါအလုပ်သွားလုပ် ရတော့မယ်…နင်သတိဝီရိယနဲ့နေခဲ့နော်…မဟုတ်ရင် ငါတို့အကြောင်းကို သိသွားလိမ့်မယ်” ထိုအချိန်တွင် လူငယ်၏မျက်နှာတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များမရှိတော့ပါ။ သူ့ပုံစံမှာ ရိုးသားထုံအသော ပုံစံသို့ ပြန်ပြောင်းသွားသည်။
နောက်ရက်များတွင် ကင်းလှည့်အဖွဲ့များသည် လေလွင့်သူများကို သတိနှင့် စောင့်ကြည့်နေကြတော့သည်။ နောက် ၄၊၅ရက်အတွင်း ထူးထူးဆန်းဆန်း ဘာမှမဖြစ်ပေါ်ပါ။
မကြာခင် ဆောင်းရာသီကုန်ဆုံးတော့မည်။ မျိုးနွယ်စုသမိုင်းတွင် အထင်ကရအဖြစ်ဆုံးသော မျိုးနွယ်စုအခမ်းအနားကို မကြာခင် ကျင်းပတော့မည် ဖြစ်ပေသည်။