← Chapters

တောက်လောင်ခြင်း

Vol. 18 Ch. 263

တောက်လောင်ခြင်း

Vol. 18 Ch. 263

မြေပြင်ပေါ်မှ နှင်းများအရည်ပျော်ကြနေပါသည်။ တချို့နေရာများတွင် နှင်းများဖုံးလွှမ်းမနေတော့ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်အားလုံး ပျော်ရွှင်နေကြသည်။ တချို့က သူတို့စိုက်ပျိုးထားသော မျိုးစေ့များ အောင်မြင်သဖြင့် ပျော်နေကြသလို တချို့က ကာလရှည်ကြာခွဲခွာနေရသော လက်တွဲဖော်များနှင့် ပြန်ဆုံရသဖြင့် ပျော်နေကြသည်။

အဓိကအကြောင်းရင်းကတော့ မကြာခင်တွင် ကျင်းပတော့မည့် ရိုးရာအခမ်းအနားကြောင့်ပင် ဖြစ်လေသည်။

သန်စွမ်းခြင်းနှင့် ပိုင်ဆိုင်လိုခြင်းတို့မှာ လေလွင့်သူများတောင့်တနေသော အရာများဖြစ်ကြသည်။ လေလွင့်သူများအတွက်‌တော့ မျိုးနွယ်စု စစ်သည် ဖြစ်လာရေးသည် အလှမ်းကွာဝေးသော

အိပ်မက်ပင်ဖြစ်သည်။ အခုတော့ သူတို့အိပ်မက်များ တကယ်ဖြစ်လာတော့မည်။

မနက်အစောပိုင်းတွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင် စစ်သည်တော်များသည် လေလွင့်သူများ၏ မျက်နှာပေါ်တွင် မျိုးနွယ်စုအမှတ်အသားများ ရေးဆွဲရန် တောင်အောက်သို့ ဆင်းသွားကြသည်။ ထိုလေလွင့်သူများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင် ဖြစ်လာမည့်သူများ ဖြစ်ကြသည်။ မျက်နှာတွင် မျိုးနွယ်စုအမှတ်အသားရေးဆွဲခြင်းမှာ အခမ်းအနားအတွက် လိုအပ်ချက်ဖြစ်သည်။ စွမ်းအင်နိုးထာလာနိုင်ခြေမရှိသူများနှင့် အခြားမျိုးနွယ်စုများမှ လေလွင့်သူများပါ သူတို့မျက်နှာပေါ်တွင် မျိုးနွယ်စုအမှတ်အသားများကို ရေးဆွဲရသည်။ အခြားမျိုးနွယ်စုမှ လေလွင့်သူများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ဆွေမျိုးများဖြစ်သဖြင့် သူတို့သည်လည်း မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ဖြစ်လာမည် ဖြစ်သည်။

ရိုးရာအခမ်းအနားကို တက်ရောက်သူများသာ

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ဖြစ်လာမည်ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်မဟုတ်သူများမှာ စွမ်းအင်နိုးထလာမည် မဟုတ်ပါ၊ သို့သော် မီးတောက်မျိုးစေ့မှ စွမ်းအင်များကိုတော့ ရနိုင်သည် ဖြစ်သည်။ သူတို့သည် မျိုးနွယ်စုစစ်သည်တော်များလောက် အင်အားကြီးမားမည် မဟုတ်သော်လည်း၊ အထိုက်အလျောက်တော့ အင်အားတိုးသွားမည်ဖြစ်သည်။ ဘာမှဖြစ်မလာသည်ထက်စာလျှင်တော့ ကောင်းသေးသည် မဟုတ်ပါလား။

လေလွင့်သူများအနေဖြင့် အခုမှသာ စတင်၍ မျိုးနွယ်စုအခမ်းအနားတွင် ပါဝင်ဖူးခြင်းဖြစ်လေသည်။ သူတို့သည် ပျော်လွန်းသဖြင့် မျက်နှာပေါ်တွင် မျိုးနွယ်စု အမှတ်အသားများကို ရေးဆွဲချင်နေကြသည်။ သို့သော် နားမလည်ဘဲရေးဆွဲလျှင် ပျက်စီးသွားမည် ဆိုသောကြောင့် မရေးဆွဲရဲကြပါ။ မျိုးနွယ်စုအမှတ်အသားသည် သက်ရှိတစ်ယောက်နှင့်ပင်တူနေသေးတော့သည်။

မျိုးနွယ်စုထဲတွင် နေထိုင်သူအားလုံးသည်

ဆောင်းတွင်းတစ်တွင်းလုံး ရိုးရာအခမ်းအနားအတွက် ပြင်ဆင်ခဲ့ကြသည်။ အအေးဆုံးအချိန်များတွင်ပင် သားရေအနွေးထည်များကို မဝတ်ဆင်နိုင်ကြပါ။ သားရေအနွေးထည်များကို ရိုးရာအခမ်းအနားတွင် ဝတ်ရန် သိမ်းထားကြခြင်းဖြစ်လေသည်။ အခမ်းအနားတွင် ဝတ်မည့် အင်္ကျီသည် သူတို့အဆင့်အတန်းကို ဖော်ပြသည် မဟုတ်ပါလား။

ရှောက်ရွှမ်ကတော့ မနက်အစောပိုင်းကတည်းက အိမ်မှ ထွက်ခွာရမည် ဖြစ်လေသည်။ ဒီနှစ်တွင်လည်း သူ့ကို နတ်ဆေးဆရာနှင့် မျိုးနွယ်စုအကြီးအကဲတို့က တာဝန်များစွာပေးထားလေသည်။ ရိုးရာအခမ်းအနားအောင်မြင်စွာ ပြီးဆုံးစေရန် ရှောက်ရွှမ်ကို တာဝန်များစွာပေးထားခြင်းဖြစ်လေသည်။

နတ်ဆေးဆရာ သူ့အဆောင်မှ ထွက်လာသောအခါ ရှောက်ရွှမ်ကို ခဏစိုက်ကြည့်နေသည်။ မျက်နှာပေါ်တွင် ခံစားချက်ကို မဖော်ပြသော်လည်း၊ နတ်ဆေးဆရာသည် စိတ်ပျက်သွား

သည်။

ဘာမှမပြောင်းလဲပေ။ အလှဆင်ထားသည့် အရိုးပေါ်မှ ဓာတ်လုံးသည် အရောင်မှိန်မြဲမှိန်လျက်ပင်။

ရှောက်ရွှမ်သည် နတ်ဆေးဆရာကို ကြည့်လိုက်သောအခါ နတ်ဆေးဆရာစိတ်ထဲ ဘာစဉ်းစားနေသည်ကို သိလိုက်သည်။ သူလည်း ဓာတ်လုံးကို မီးတောက်အောင် မလုပ်တတ်ပါ။ ပထမဆုံးသော နတ်ဆေးဆရာက သူ့အပေါ်အထင်သေးနေ၍ ဓာတ်လုံး မီးမတောက်ခြင်းဖြစ်ပေလိမ့်မည်။ သားရေချပ်တွင်ရေးသားထားသော မှတ်တမ်းများအရ ဝါစဉ်ကြီးပုဂ္ဂိုလ်ဖြစ်ရန် အနည်းဆုံး ထာ့အသက်အရွယ်ခန့်ရှိရမည် ဖြစ်သည်။ ရှောက်ရွှမ်သည် အရမ်းငယ်နေသေးသည်။

လူများသည် အလှဆင်ထားသော အရိုးကို မြင်ဖူးကြပြီးသားဖြစ်သည်။ အထူးသဖြင့် ရှောက်ရွှမ်တို့ကဲ့သို့ အမဲလိုက်အဖွဲ့ဝင်များက ရင်းနှီးပြီးသားဖြစ်လေသည်။ ရှောက်ရွှမ်တို့သည် ဘိုးဘေးများ

ကို မျိုးနွယ်စုဆီ ပြန်သယ်လာကြဖူးသဖြင့် ဘိုးဘေးများ၏ လက်နက်များနှင့် အလှဆင်ထားသော ပစ္စည်းများကို မှတ်မိနေခြင်းဖြစ်သည်။ ထို့ကြောင့် အလှဆင်ထားသော အရိုးကို ရှောက်ရွှမ်လည်တွင် ဆွဲထားသည်ကို မြင်လိုက်ရသောအခါ အားလုံးအံ့ဩသွားကြသည်။ သူတို့သည် ထိုအလှဆင်ထားသော အရိုးကို ဘာပစ္စည်းမှန်း မသိကြပါ။ သိလျှင်တောင် နတ်ဆေးဆရာနှင့် မျိုးနွယ်စုအကြီးအကဲတို့ ချမှတ်သော ဆုံးဖြတ်ချက်ကို ယုံကြည်ကြမည်သာ ဖြစ်သည်။ ထို့ပြင် ရှောက်ရွှမ်သည် မျိုးနွယ်စုအတွက် များစွာ စွမ်းဆောင်ပေးခဲ့သူဖြစ်လေသည်။

နေဝင်ချိန်ရောက်လာပြီ။

မီးတောက်ဦးချိုမျိုးနွယ်စု၏ မူလမျိုးနွယ်စုဝင်များ၊ လေလွင့်သူများ၊ လေလွင့်သူများ၏ ဆွေမျိုးများအားလုံး အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိလာကြပြီဖြစ်သည်။ စွမ်းအင်နိုးထလာနိုင်ချေရှိသောသူများကိုလည်း မီးပုံကြီးဆီ

သို့ ဖိတ်ကြားထားသည်။ လူများသည် မီးပုံကြီးကို စက်ဝိုင်းသဏ္ဍာန် အထပ်ထပ်ပတ်ထားကြသည်။ အငယ်ဆုံးများက မီးပုံနှင့် အနီးဆုံးတွင် နေရာယူထားကြသည်။ ပိုငယ်လေ မီးပုံနှင့် ပိုနီးသောနေရာတွင် နေရာရလေဖြစ်သည်။ မျိုးနွယ်စုအတွက် စွမ်းဆောင်ပေးခဲ့သူများ၊ အပင်စိတ်ကျွမ်းကျင်သူများ၊ တိရစ္ဆာန်များကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့သူများ၊ အိုးခွက်လုပ်ရာတွင် ကျွမ်းကျင်သူများသည်လည်း မီးပုံကြီးနှင့် ပိုနီးကပ်သော နေရာတွင် နေရလေသည်။

မီးပုံနှင့် ပိုနီးလေ စွမ်းအင်ပိုရလေဖြစ်မည်ကို အားလုံးက သိထားကြသည်။ ထိုအစီအစဉ်ကို ကန့်ကွက်မည့်သူမရှိပါ။ သဘောမကျသူတချို့ရှိသော်လည်း အစီအစဉ်ကို လိုက်နာရမည်သာ ဖြစ်သည်။

နောက်ဆုံးအခေါက်တွင် မီးတောက်မျိုးစေ့များကို တောက်လောင်စေနိုင်ခဲ့ပြီး၊ ဒီနေ့တွင်တော့ ပထမဆုံးရိုးရာအခမ်းအနားတွင် ပါဝင်ဆင်နွှဲရတော့မည်ဖြစ်သည်။

မီးပုံကြီးထဲတွင် လက်ဝါးခန့်အရွယ်အစားရှိသော မီးတောက်တစ်ခု စတင်တောက်လောက်လာသည်။ထို့နောက် မီးတောက်သုံးခုထဲမှ ပထမဆုံးမီးတောက်ဖြစ်သော တိမ်ညွန့်မီးတောက်ပေါ်ထွက်လာသည်။ တိမ်ညွှန့်မီးတောက် ထွက်ပေါ်လာြပီးသောအခါ နတ်ရုပ်ပေါ်ထွက်လာသည်။ နတ်ရုပ်ပေါ်ထွက်လာသောအခါ မျိုးနွယ်စုစစ်သည်တော်များ၏ ကိုယ်ပေါ်တွင် နတ်အမှတ်အသားများပေါ်ထွက်လသည်။ ထိုအမှတ်အသားများသည် မီးပုံကြီးမှ ထွက်သော အလင်းနှင့် လွန်ပနံသင့်နေလေသည်။

မီးပုံကြီးအတွင်းမှ မီးတောက်များသည် လွန်စွာကြီးမားနေသည်။ သာမန်ထက်ပင် ပိုကြီးမားနေသည်။ ဘေးတွင်ရှိသော အရာအားလုံးကို ဖုံးအုပ်သွားတော့မလိုတောက်လောက်နေသည်။ နတ်ရုပ်မှ ဦးချိုနှစ်ဖက်မှာ ခါတိုင်းထက် ပိုကြီးမားနေသယောင်ဖြစ်နေသည်။ ထိုနားတဝိုက်တွင်ရှိသော အရာများမှာလည်း မီးတောက်များကဲ့သို့ ရဲရဲနီနေလေသည်။

နတ်ဆေးဆရာက မီးပုံကြီးနားတွင် ရပ်နေသည်။ မီးပုံကြီးကို မျက်နှာမူ၍ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ဘယ်သူမှနားမလည်သော ဂါထာကို ရွတ်ဆိုနေသည်။ နတ်ဆေးဆရာက ဂါထာကိုရွတ်ဆိုနေချိန်တွင် မျိုးနွယ်စုသီချင်းသံများထွက်ပေါ် နေသည်။ မျိုးနွယ်စုသီချင်းကို တိရစ္ဆာန်သားရေဖြင့် ပြလုပ်ထားသော ဗုံများကို အရိုးများဖြင့် တီးခတ်၍ သီဆိုကြလေသည်။ စည်းချက်မှာမြန်လိုက်၊ နှေးလိုက်ဖြစ်နေသည်။ ဦးချိုများတပ်ဆင်ထားသော မျိုးနွယ်စုကချေသည်များသည် မီးပုံကြီးနားတွင် သီချင်းစည်းချက်အတိုင်း လိုက်လံကခုန်နေကြသည်။

ဒုတိယမီးတောက် ပျံလွှားမီးတောက် ထွက်ပေါ်လာပြီ။ယခုနှစ်ထွက်ပေါ်သော မီးတောက်မှာ ယခင်နှစ်မီးတောက်များထက် ပိုမိုကြီးမားလေသည်။ မီးတောက်များသည် မီးပုံကြီးပြင်ပသို့ လျှံကျလာပြီး လေထဲတွင် တလူလူဖြစ်နေပြီး မြေပေါ်သို့ ပြန်ကျမလာပါ။ မီးပုံကြီးထဲမှ အပူလှိုင်း၆လှိုင်း ထွက်ပေါ်နေသည်။

ရှောက်ရွှမ်ကတော့ အကအပေါ်တွင် အာရုံစိုက်ထားသည်။ သို့သော် ရုတ်တရက် တစ်စုံတရာထူးဆန်းနေသည်ကို သူခံစားလိုက်ရသည်။ သူ့စိတ်ထဲမှ နတ်ရုပ်သည် ပြင်းထန်စွာ လှုပ်ရှားနေသည်။ နတ်ရုပ်ကို ဖုံးအုပ်ထားသော အခွံမှာလည်း လွန်စွာတောက်ပနေသည်။ ထိုအဖြစ်မှာ သာမန်မဟုတ်ပါ။

အခြေအနေကို သိရရန် ရှောက်ရွှမ်သည် ကနေရင်းတန်းလန်း အလှဆင်ထားသော အရိုးလေးကို ကြည့်လိုက်သည်။ ဘာဖြစ်နေသလဲ တွေ့လိုက်ရသောအခါ ကခုန်ရန်ပင် မေ့သွားမတတ် တုန်လှုပ်သွားလေတော့သည်။

အလှဆင်ထားသော အရိုးလေးမှာ အရောင်များတောက်လျက်ရှိသည်။ ပထမဆုံးနတ်ဆေးဆရာထားခဲ့သော ဓာတ်လုံးမှာလည်း မီးတောက်နေပြီဖြစ်သည်။

အစပိုင်းတွင်တော့ ထိုဓာတ်လုံးမှာ မီး

ရောင်ပြန်ဟပ်နေခြင်းဖြစ်သော်လည်း တဖြည်းဖြည်းနှင့် မှေးမှိန်နေသော မျက်နှာပြင်မှာ သိသိသာသာ တောက်ပလာသည်။ နောက်ပိုင်းတွင် ထိုဓာတ်လုံးမှ မီးတောက်များလို တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာလေသည်။

ရှောက်ရွှမ်သည် ဓာတ်လုံးကိုလည်း အာရုံစိုက်၊အကကိုလည်း ဟန်မပျက်ဆက်ကနေသည်။ ကျန်သူများကိုတော့ သူဂရုမစိုက်ပါ။ မီးပုံကြီးကို ကြည့်နေသူများ၊ ရှောက်ရွှမ်၏စွမ်းအင်နိုးထမှုကို မြင်လိုက်သောသူများမှာ တုန်လှုပ်သွားကြသည်။ ထိုအချိန်တွင် စကားပြောခွင့်ရှိမည်ဆိုပါက ရှောက်ရွှမ်ကို “မင်းမီးလောင်နေပြီ” ဟုအော်ပြောလိုက်ကြမိမည်သာ။

မျိုးနွယ်စုကချေသည်များကတော့ အစီအစဉ်အတိုင်း မီးပုံကြီးဘေးတွင် ဆက်လက်ကခုန်နေကြသည်။ သူတို့ထဲမှ တစ်ယောက်က မီးတောက်နေသည့်အဖြစ်မှာ သိသာထင်ရှားသောအဖြစ် ဖြစ်လေသည်။ ရှောက်ရွှမ်က ပျော်ရွှင်စွာ ဆက်လက်

ကခုန်နေသဖြင့် နတ်ဆေးဆရာနှင့် မျိုးနွယ်စုအကြီးအကဲတို့က ဘာမှ ပြောမနေတော့ပေ။ အခြားလူများကတော့ ထိုအဖြစ်ကို မမြင်ဟန်ဆောင်နေကြသည်။

ရှောက်ရွှမ်၏ကိုယ်တွင် တစ်စုံတရာထူးခြားနေပြီဖြစ်ကြောင်း နတ်ဆေးဆရာက သတိထားလိုက်မိသည်။ အခြားသူများလို ရှောက်ရွှမ်ကိုယ်မီးစွဲနေသည်ကို သတိထားမိခြင်းမဟုတ်ဘဲ၊ ရှောက်ရွှမ်လည်ပင်းတွင် ဆွဲထားသော အလှဆင်ထားသည့် အရိုးကို သတိထားမိခြင်းဖြစ်သည်။

နတ်ဆေးဆရာ၏လက်များ တုန်ခါလာသည်။ သူသည် ဓာတ်လုံးကမီးတောက်နေခြင်းလား သို့မဟုတ် မီးပုံတွင်းမှ မီးရောင်မှ ရောင်ပြန်ဟပ်နေခြင်းလားဆိုတာကို အလွန်သိချင်နေပြီဖြစ်သည်။ သို့သော် အခမ်းအနားက မပြီးဆုံးသေးသဖြင့် ပြီးဆုံးမည့်အချိန်အထိ စောင့်ဆိုင်းရတော့မည်။

နတ်ဆေးဆရာသည် ကြိုးစား၍ သူ့ကိုယ်သူ

ထိန်းချုပ်လိုက်သည်။ ဂါထာကိုဆက်လက်ရွတ်ဆိုနေသော်လည်း စိတ်လှုပ်ရှားသောကြောင့် မျက်နှာပေါ်မှ အရေးအကြောင်းများမှာ တုန်ခါနေသည်။

ဟုတ်ပါသည်။ ဓာတ်လုံးမှာ မီးတောက်နေပါပြီ။

မီးတောက်မျိုးစေ့၏ အခြားတစ်ဝက်ကို ရှာမတွေ့သေးသော်လည်း ဘိုးဘေးများက သူတို့ကို စွန့်ခွာမသွားသေးပါဟု နတ်ဆေးဆရာတွေးမိသည်။

သူသည် တည်ငြိမ်စွာဖြင့် အခမ်းအနားကို ဆက်လက်ကျင်းပရန် ဆုံးဖြတ်လိုက်သည်။ ဒုတိယမီးတောက် ပျောက်ကွယ်သွားသောအခါ တတိယမီးတောက် ထွက်ပေါ်လာပြန်သည်။ ပျံ့လွင့်မီးတောက်သည် မီးပုံကြီးထဲရှိ မီးပင်လယ်ထဲမှ ထွက်ပေါ်လာသည်။ ရှောက်ရွှမ်ရပ်နေသောနေရာ၊ မီးပုံကြီးအစွန်ဘက်တွင် အရိပ်သဏ္ဍာန်တစ်ခုထွက်ပေါ်လာသည်။

ထိုပုံသဏ္ဍာန်မှာတဖြည်းဖြည်း ရှင်းလင်းလာ

ပြီး မီးပင်လယ်ထဲမှ ထွက်ပေါ်လာသော ဘီလူးတစ်ကောင်ကဲ့သို့ ထင်ရလေသည်။ သူသည် မီးပုံဘေးတွင် ခစားနေကြသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ငုံ့ကြည့်နေလေသည်။

သူ့မျက်နှာကို ဘယ်သူကမှ မမြင်ရပါ။ ရှောက်ရွှမ်အိပ်မက်ထဲတွင် မြင်လိုက်ရသော သဏ္ဍာန်လိုပင် မျက်နှာမှာ မီးတောက်များနှင့်ဖုံးလွှမ်းနေသည်။

ထိုဘီလူးကြီး ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင် နတ်ဆေးဆရာခဏလောက် ကြောင်သွားသည်။ မီးပုံဘေးတွင် ကခုန်နေသူများလည်း ရပ်တန့်သွားကြသည်။ ကခုန်ခြင်းကို မရပ်တန့်သင့်သည်ကို သူတို့သိပါသည်။ သို့သော် ထိုဘီလူးကြီးကိုတွေ့ရသောအခါ အားလုံးသည် မနေနိုင်တော့ဘဲ ကခုန်ခြင်းကို ရပ်တန့်ကာ ထိုဘီလူကြီးကို ကြည့်နေကြတော့သည်။

ရှောက်ရွှမ်သည်လည်း သူ့ရှေ့တွင်ရှိသော ဘီလူးကြီးကို ခေါင်းမော့ကြည့်လိုက်သည်။

မီးပုံဘေးတွင် ရှိသူများသာမက ၊အဝေးတွင်ရှိသော စွမ်းအင်မနိုးထသေးသော လေလွင့်သူများပါ ထိုဘီလူးကြီး မီးပုံဘေးတွင်ရပ်နေသည်ကို မြင်တွေ့ကြရသည်။

ထိုသူသည် မည်သူဖြစ်မည်နည်း။

နတ်ဆေးဆရာသည် ဖြစ်နိုင်လောက်သော အဖြေတစ်ခုကို စဉ်းစားမိသော်လည်း သေတော့မသေချာပါ။ ထိုအရာနှင့် ပတ်သက်သောအချက်အလက်များကို ဘိုးဘေးများမှတ်တမ်းတင်မသွားပါ။ သို့သော် မီးတောက်ဦိးချိုမျိုးနွယ်စုကို အန္တရာယ်ပေးမည့် အခြေအနေမျိုးမဟုတ်တာတော့ သေချာပါသည်။ ထိုသို့မဟုတ်သည့်အပြင် ထိုဘီလူးကြီးသည် မျိုးနွယ်စုကို စောင့်ရှောက်မည့် အသွင်ကို ဆောင်နေပါသည်။

တတိယမြောက်မီးတောက်သည် အဝေးသို့ လွင့်ပျံသွားသည်။ ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သော နယ်စပ်အထိ

တိုင်အောင် ပျံ့လွင့်သွားသည်။

ပျံ့လွင့်မီးတောက်ဘယ်လောက်ဝေးဝေးထိ ပျံ့လွင့်သွားသည်ကို ဘယ်သူမှ အရေးမစိုက်ပါ။ အားလုံးက မီးပုံကြီးဘေးတွင် ရပ်နေသော ဘီလူးကြီးကိုသည် အာရုံစိုက်နေကြလေသည်။ ထိုဘီလူးကြီးသည် နတ်ဆေးဆရာလိုပင် လက်နှစ်ဖက်ကို ဆန့်တန်းထားသည်။ သို့သော် စကားတော့မပြောပါ။

တတိယမီးတောက် ပျောက်ကွယ်သွားချိန်တွင်တော့ ပတ်ဝန်းကျင်သည် အမှောင်ကျသွားသည်။ မတ်တပ်ရပ်နေသော ဘီလူကြီးလည်း ပျောက်ကွယ်သွားပြီး မီးပုံအတွင်းမှ မီးတောက်များထဲသို့ ပြန်လည်ရောက်ရှိသွားပေပြီ။

ထို့နောက် အရာအားလုံးသည် ပုံမှန် ပြန်ဖြစ်သွားလေသည်။

All Chapters