← Chapters

ငယ်ရွယ်သော ဝါစဉ်ကြီးပုဂ္ဂိုလ်

Vol. 18 Ch. 264

ငယ်ရွယ်သော ဝါစဉ်ကြီးပုဂ္ဂိုလ်

Vol. 18 Ch. 264

တတိယမြောက်မီးတာက် ပျောက်ကွယ်သွားသည့်အချိန်တွင် ရိုးရာအခမ်းအနားကို အဆုံးသတ်ရမည်ဖြစ်သည်။ သို့သော် ယနေ့ညက ခါတိုင်းနှင့်မတူပေ။

စွမ်းအင်နိုးထလာသော စစ်သည်တော်များပင် ဘီလူးကြီးကို မြင်လိုက်ရသောကြောင့် သူတို့စွမ်းအင်နိုးထမှု အတွက် ပျော်ရွှင်ရန် ပင်မေ့နေကြသည်။ မီးပုံထဲမှ မီးတောက်များပျောက်ကွယ်သွားချိန်တွင် ဘီလူကြီးလည်းပျောက်ကွယ်သွား သည်။ သို့သော် သူတို့အားလုံး ရင်သက်ရှုမောဖြစ်ကျန်ရစ်ခဲ့သည်။

သူတို့အားလုံးမှာ ဘီလူးပုံသဏ္ဍာန်ကြီးကို ရှိခိုးပူဇော်လိုက်ရသလို ခံစားလိုက်ကြရသည်။ နတ်ဆေးဆရာလည်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး အော့ကို လှမ်းကြည့်လိုက်

သည်။ ထို့နောက် ရှောက်ရွှမ်ကိုလည်း လှမ်းကြည့်လိုက်သည်။

နတ်ဆေးဆရာနှင့် မျိုးနွယ်စုအကြီးအကဲတို့၏ မျက်လုံးများသည် အပျော်များဖြင့် ပြည့်နှက်နေသည်။

“ကဲ…အားလုံးပဲ” ခုနက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တွင် နစ်မြုပ်နေစဲလူများကို သတိပြန်ဝင်လာစေရန် အော့က အသံကျယ်ကျယ်ဖြင့် နှိုးဆော်လိုက်သည်။ အကြီးအကဲက နှိုးဆော်ပြီးနောက် နတ်ဆေးဆရာက “ ကျုပ်ဟာ မီးတောက်ဦးချိုမျိုးနွယ်စု ရဲ့ နတ်ဆေးဆရာဖြစ်ပါတယ်…ဘိုးဘေးတို့ရဲ့ အလိုဆန္ဒအရ ရှောက်ရွှမ်ကို ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်အဖြစ်သတ်မှတ်လိုက်ပါတယ်”

မျိုးနွယ်စုဝင်များမှာ စိတ်အာရုံကို အပြည့်ပြန်မစုစည်းနိုင်ကြသေးပါ။ နတ်ဆေးဆရာနှင့် အကြီးအကဲတို့၏ စကားသံကို ကြားသောအခါ

အားလုံး အံ့ဩသင့်သွားကြသည်။

ရှောက်ရွှမ်က ဝါစဉ်ကြီးပုဂ္ဂိုလ် ဟုတ်လား။

အခြားမျိုးနွယ်စုများတွင်လည်း ဝါစဉ်ကြီးပုဂ္ဂိုလ်များ ရှိကြောင်း သူတို့သိကြပါသည်။ သို့သော် ဝါစဉ်ကြီးပုဂ္ဂိုလ်ဆိုသည်မှာ မျိုးနွယ်စုအတွက် အကြိမ်ပေါင်းများစွာ ပေးဆပ်ခဲ့သော၊ သန်စွမ်းကြံ့ခိုင်သော ထိပ်သီးမျိုးနွယ်စုဝင် များသာဖြစ်ကြသည်။ ထိုထိပ်သီးများသည် မျိုးနွယ်စုအကြီးအကဲနှင့် အပြိုင်အဆိုင်ရှိကြလေသည်။ တချို့မျိုးနွယ်စုများတွင် အကြီးအကဲက အနားယူသွားသောအခါ ဝါစဉ်ကြီးပုဂ္ဂိုလ် ဖြစ်လာသည်။ သို့သော် လူငယ်တစ်ယောက်ကို ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက် အဖြစ်သတ်မှတ်သည်ကိုတော့ သူတို့တခါမှ မကြားဖူးကြပါ။

မူလမီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဝါစဉ်ကြီးပုဂ္ဂိုလဆိုသည့်စကားကို ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်၏ ဈာပနအခမ်းအနားတွင် ရုပ်အလောင်းကို မီးသင်္ဂြိုဟ်တုန်းကမှ သိခဲ့ရခြင်း

ဖြစ်သည်။ နတ်ဆေးဆရာနှင့် မျိုးနွယ်စုအကြီးအကဲတို့က ဘိုးဘေးတို့ အလိုဆန္ဒအရဟု ကြေညာထားသဖြင့် ဘယ်သူကမှ စောဒကမတက်ရဲကြတော့ပေ။ ဘယ်သူက ဘိုးဘေးတို့၏ အလိုဆန္ဒကို ငြင်းဆန်ရဲသနည်း။ ဘိုးဘေးတို့၏ အလိုဆန္ဒကို ငြင်းဆန်သူသည် ဒုက္ခ ရောက်ရမည် ဖြစ်သည်။

ရှောက်ရွှမ်သည် အလှဆင်ထားသော အရိုးကို နတ်ဆေးဆရာကို ပြန်ပေးလိုက်သည်။ ထို့နောက် ရှောက်ရွှမ်ကို တရားဝင် ဘွဲ့တံဆိပ် အပ်ခြင်း အခမ်းအနားတစ်ခု ပြုလုပ်လေသည်။အခုအချိန်မှစ၍ ရှောက်ရွှမ်သည် မီးတောက်ဦးချိုမျိုးနွယ်စု၏ ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေပြီ။ သူ့အထက်တွင် နတ်ဆေးဆရာနှင့် မျိုးနွယ်စုအကြီးအကဲတို့သာ ရှိတော့သည်။

နတ်ဆေးဆရာသည် တောက်ပနေသော အလှဆင်ထားသည့် အရိုးလေးကို ကိုင်ထားသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် လက်များတုန်လှုပ်နေသည်။ သူသည် ထိုအရိုးလေးမှ တဆင့်

အစွမ်းအထက်ဆုံးသော ပထမဆုံး နတ်ဆေးဆရာကြီး၏ စွမ်းအင်များကို ခံစား၍ရနေသည်။ နတ်ဆေးဆရာသည် မျိုးနွယ်စုအခမ်းအနားတွင် စွမ်းအင်အတော်များများကို အသုံးပြုလိုက်ရသော်လည်း သူ့ကိုယ်တွင်းတွင် စွမ်းအင်များသည် လျင်မြန်စွာ ပြန်ပြည့်လာသည်။

လူအုပ်ထဲတွင် လောင်ခဲ့ကြီးတစ်ယောက် အပျော်လွန်သဖြင့် မျက်ရည်များ စီးကျနေသည်။ မမျှော်လင့်ဘဲနှင့် မိဘမဲ့ဂူထဲတွင် မွေးဖွားလာသော ကလေးတစ်ယောက်သည် အခုတော့ မျိုးနွယ်စု၏ ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပေပြီ။

မူလမီးတောက်ဦးချိုမျိုးနွယ်စုဝင်များကတော့ မျိုးနွယ်စုတစ်ခုလုံးတွင် နတ်ဆေးဆရာနှင့် မျိုးနွယ်စုအကြီးအကဲတို့သာ အလုံးစုံသော အခွင့်အာဏာကို အသုံးပြုနိုင်သည်ဟု ယူဆထားခဲ့ကြသည်။ အမဲလိုက်အဖွဲ့ခေါင်းဆောင်၂ယောက် ဖြစ်သော ထာ့နှင့် ကွေ့

ဟယ်တိုသည် သူတို့လူများအပေါ်တွင် အမြဲအာဏာ မတည်နိုင်ပါ။ အခုတော့ အလုံးစုံသော အခွင့်အာဏာကို အသုံးပြုနိုင်သော ရာထူးတစ်ခုပေါ်လာလေပြီ။ နတ်ဆေးဆရာနှင့် မျိုးနွယ်စုအကြီးအကဲတို့အဆိုအရ ဝါစဉ်ကြီးပုဂ္ဂိုလ်သည် အမဲလိုက်အဖွဲ့ခေါင်းဆောင်များထက် အဆင့်မြင့်သည်။ နတ်ဆေးဆရာနှင့် မျိုးနွယ်စုအကြီးအကဲတို့သည် အရေးကြီးဆုံးဖြတ်ချက်များ ချရန် ဆွေးနွေးကြသည့်အခါ ဝါစဉ်ကြီးပုဂ္ဂိုလ်ကလည်း ပါဝင်ဆွေးနွေးနိုင်သလို ဆုံးဖြတ်ချက်များကိုလည်း ကန့်ကွက်နိုင်သည်။

ဘွဲ့တံဆိပ်ပေးအပ်ခြင်းအခမ်းအနားပြီးဆုံးသောအခါမှ ရိုးရာအခမ်းအနားကို ပိတ်သိမ်းလိုက်ကြသည်။ မျိုးနွယ်စုစစ်သည်တော်အသစ်များက နေရာတစ်နေရာတွင် နတ်ဆေးဆရာကို စောင့်နေကြရသည်။ နတ်ဆေးဆရာက သူတို့ကို မှာစရာရှိသည်များ မှာကြားမည်ဖြစ်သည်။ တခြားလူများကတော့ ပြန်သွားကြပြီဖြစ်သည်။ အခုအချိန်မှစ၍ သူတို့သည် လေလွင့်သူများ မဟုတ်တော့၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ဖြစ်လာကြပြီ

ဖြစ်ကြသည်။

အခုတစ်ခေါက်တွင် စွမ်းအင်နိုးထလာသူ အယောက် ၂၀၀၀လောက်ရှိသည်။ ထိုအထဲတွင် အသက်ပြည့်သောကလေးများနှင့် မျိုးနွယ်စုဆီပြန်လာသော လေလွင့်သူများပါဝင်သည်။ စွမ်းအင်နိုးထာလာသော လူအရေအတွက်မှာ ရှောက်ရွှမ် ခန့်မှန်းထားသည့်အတိုင်း အတိအကျပင်ဖြစ်လေသည်။

မျိုးနွယ်စုအကြီးအကဲက သူ့ကို အလှဆင်ထားသည့် အရိုးလေးအကြောင်းမေးရန် ခဏနေခိုင်းထားသဖြင့် ရှောက်ရွှမ်သည် ဆီဆာနှင့် လောင်ခဲ့ကို အရင်ပြန်ခိုင်းလိုက်သည်။ မီးပုံနားတွင် စုဝေးနေသာလူများလည်း တဖြည်းဖြည်း လူစုကွဲသွားကြသည်။ စွမ်းအင်နိုးထလာသူများ၏ မိသားစုဝင်များသည် အလွန်ပျော်ရွှင်နေကြသဖြင့် မိတ်ဆွေများကို အိမ်ခေါ်ကာ အောင်ပွဲခံကြလေသည်။ အခုတစ်ခေါက်တွင် စွမ်းအင်မနိုးထလာသူများကတော့ နောက်အခေါက်များတွင်လည်း စွမ်းအင်နိုးထဖို့ မသေချာပေ။

ပိန်ပိန်ပါးပါးမိန်းမတစ်ယောက်သည် စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ သူ့နားတွင်ရှိသော လူများကို မချိပြုံးလေးပြုံးပြနေသည်။ သူသည် စကားမပြောပေ။ အများစုက သူမလိုပင် ဖြစ်နေကြသည်။ သူမပုံစံမှာ လူအုပ်ထဲတွင် ထင်ရှားသည့် ပုံစံ မဟုတ်ပေ။

သူမ၏ အမျိုးသားက သူမကိုစောင့်နေသောကြောင့် သူမသည် လူအုပ်ထဲမှ တစ်လှမ်းချင်းထွက်ခွာသွားသည်။ သူမအမျိုသားမှာ လေလွင့်သူတစ်ယောက် ဖြစ်သည်။

“ကဲ” သူ့ဇနီးသည် သူ့ဆီသို့ လျှောက်လာသည်ကို မြင်သောအခါ ထိုသူသည် ခြေလှမ်းကျဲကြီးများဖြင့် သူ့ဇနီးဆီသွားလိုက်သည်။အမျိုးသမီးက ခေါင်းခါပြသည်။ ဇနီးသည်ကို နှစ်သိမ့်နေသော ရိုးသားသည့်လူကို ဖြတ်သွားဖြတ်လာများကို ကြည့်နေကြသည်။ ခဏအကြာတွင်တော့ ထိုလင်မယား၏အဖြစ်ကို သူတို့နားလည်သွားကြသဖြင့် သက်ပြင်းချကာ ထွက်ခွာသွားကြသည်။

စိတ်ပျက်နေသာ လင်မယားသည် အခမ်းအနားကျင်းပရာနေရာမှ ထွက်ခွာ၍ အိမ်ပြန်လာပြီး အိမ်တံခါးကို ပိတ်လိုက်ကြသည်။ အိမ်ထဲရောက်သောအခါ အမျိုးသားမျက်နှာမှာ ဝမ်းနည်းနေသည့်ပုံမဟုတ်တော့ဘဲ တင်းမာသည့်ပုံစံဖြစ်သွားသည်။ ထို့နောက် ဆေးမြစ်အချို့ကို ထုတ်ယူကာ အမှုန့်ချေလိုက်သည်။ ထိုဆေးမှုန့်များကို အိုးတစ်လုံးထဲထည့်၊ ထိုအိုးကို မီးဖိုပေါ်တင်ကာ ဆေးမြစ်များကို ကျိုချက်နေတော့သည်။

ဆေးမြစ်များမှာ အနံ့မပြင်းပေ။ ကျိုချက်ပြီးသွားသောအခါ မြက်ပင်စိမ်းနံ့မျိုး ရသည်။ သတိမထားမိလျှင်တော့ ထိုဆေးနံ့ကို ရမည်မဟုတ်။ ပိန်ပိန်ပါးပါး အမျိုးသမီးက တံခါးများကို ပိတ်လိုက်သည်။ ထိုအခါ သူမမျက်နှာမှာ ဖြူဖျော့သွားလေသည်။ ထို့နောက် သွေးများအန်ထုတ်လိုက်ပြီး မောပန်းနေရှာသည်။ သူမသာ သစ်သားခွေးခြေခုံတွင် ထိုင်မနေပါက မြေပေါ်လဲကျသွားမည် ဖြစ်သည်။

“ဒုက္ခပါပဲကွာ” ရွံ့ခရားကို ကြည့်နေသော အမျိုးသားက ရေရွတ်လိုက်သည်။ အမျိုးသမီးသည် သစ်သားခုံပေါ်တွင် ထိုင်ရင်း အသက်ကို ခဲယဉ်းစွာ ရှုနေရသည်။ သူမသည် သွေးများထပ်အန်မည်ကို စိုးရိမ်သဖြင့် စကားတစ်ခွန်းမှ မပြောတော့ပါ။

ဆေးမြစ်များ ကျက်သောအခါ သူမသည် ဆေးကို ယူလိုက်ပြီး အအေးခံလိုက်သည်။ ထို့နောက် “မီးတောက်ဘီလူးကြီးသာ ပေါ်မလာဘူးဆိုရင် ကျွန်မဒီလောက်ခံစားရမှာ မဟုတ်ဘူး” ဟုပြောလိုက်သည်။

သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုက ရိုးရာအခမ်းအနားတွင် မည်သည့်ရတနာကို ထုတ်ပြမည်ကို သိချင်သဖြင့် စုံစမ်းနေကြခြင်းဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည် ရိုးရာအခမ်းအနားတွင် အဖိုးတန်သော ပစ္စည်းများကို ထုတ်ပြလေ့ရှိသည် မဟုတ်ပါလား။ သို့သော် အခုတစ်ခေါက်တွင်တော့ သူတို့အကြံအစည်ကို အကောင်အထည် မဖော်နိုင်ခဲ့ပေ။

သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စု၏ ပိုင်နက်အတွင်း လင်မယားအဖြစ် ဟန်ဆောင်နေနေကြခြင်းဖြစ်သည်။ အမျိုးသားက တခြားမျိုးနွယ်စုဝင်၊ အမျိုးသမီးက မီးတောက်ဦးချိုမျိုးနွယ်စုဝင် အဖြစ် ဟန်ဆောင်ထားကြခြင်းဖြစ်သည်။ ရိုးရာအခမ်းအနားတွင် သူတို့သည် နေရာခွဲ၍ ရပ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် မီးတောက်ဦးချိုမျိုးနွယ်စုဝင် လေလွင့်သူများသည် မီးပုံနှင့် ပိုနီးကပ်သောနေရာတွင် ရပ်ခွင့်ရှိသောကြောင့်ဖြစ်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုကိုဝင်လိုသော အခြားမျိုးနွယ်စုဝင်များသည် တရားဝင် အသိအမှတ်ပြုပွဲကို တက်ရောက် ကြရမည်ဖြစ်သည်။ သို့မှသာ မီးမျိုးစေ့က လက်ခံခြင်း၊ ငြင်းဆိုခြင်းတို့ကို ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။ သို့သော် ဘယ်သူကမှ ထိုကဲ့သို့ မစွန့်စားချင်ကြပါ။ သစ္စာမရှိသော လေလွင့်သူများကို မီးမျိုးစေ့က ပယ်ချမည်ဖြစ်သည်။

ထိုလင်မယားသည် မျိုးနွယ်စုအခမ်းအနားတွင် ပါဝင်ဆင်နွှဲခွင့်မရခဲ့ပေ။ သူတို့သည် သစ္စာမရှိသော လေလွင့်သူများလည်း မဟုတ်ကြ။

မီးမျိုးစေ့မှ မီးလျှံများ လွင့်ပျံလာသောအခါ သူမသည် ခန္ဒာကိုယ်ကို ဓားဖြင့်ထိုးသလိုခံစားခဲ့ရသည်။ သို့သော် သူမသည် ထိုဝေဒနာများကို ကြိတ်မှိတ်ခံခဲ့ပါသည်။ သူတို့တွင် အခြားသာမန်လူများနှင့် မတူသော အတွေ့အကြုံများစွာရှိသဖြင့် ခံနိုင်ရည်တော်တော်ရှိပါသည်။

သို့သော် မမျှော်လင့်ဘဲ မီးတောက်ဘီလူးကြီးပေါ်ထွက်လာခဲ့သည်။ ထိုအချိန်တွင် မီးမျိုးစေ့မှ သူမကို ပေးသော ဝေဒနာသည် ပိုမိုအားကောင်းလာသည်။ ထိုမီးတောင်ဘီလူးကြီးသည် သူမကို အတော်အထိနာစေခဲ့သည်။ ထိုအချိန်က သွေးများအန်ထွက်မလိုဖြစ်ခဲ့သော်လည်း သူမသည် ထိန်းချုပ်နိုင်ခဲ့သည်။ ကံကောင်းစွာဖြင့် အနားတွင်ရှိနေသော လူများသည်လည်း မီးပုံကြီးကိုသာ အာရုံစိုက်နေကြသဖြင့် သူမကို သတိမထားမိကြပါ။ ထိုသို့မဟုတ်ပါက သူမ၏လျှို့ဝှက်ချက်

ပေါ်ပေါက်သွားမည်ဖြစ်သည်။

ထိုအချိန်က သူမသည် ခွန်အားအလွန်ကြီးသော မွန်းစတားကြီးတစ်ကောင်ကို ရင်ဆိုင်နေရသော အားနည်းနေသည့် သားရဲတစ်ကောင်လို ခံစားခဲ့ရသည်။ သူမသည် မီးတောက်ဘီလူးကြီးကို မခုခံနိုင်ခဲ့ပေ။ ထိုအချိန်က သူမသည် အလွန်ကြောက်ရွံ့နေ ခဲ့သည်။ သို့သော် သူတို့၏ အတွေ့အကြုံနှင့် ရုပ်ဖျက်ပညာတို့ကြောင့် ဘေးနားတွင် ရှိသော သူများက သူတို့လင်မယား၏ လျှို့ဝှက်ချက်များကို သိမသွားကြခြင်းဖြစ်သည်။

All Chapters