← Chapters

စောင့်ဆိုင်းခြင်း

Vol. 18 Ch. 265

စောင့်ဆိုင်းခြင်း

Vol. 18 Ch. 265

အမျိုးသားသည် အမှိုက်များကို ရှင်းလင်းရင်း “ ချာတိတ်လေးဝတ်ထားတဲ့ အလှဆင်ထားတဲ့အရိုးကို ငါဖြုတ်ခိုးမလို့…ဒါပေမဲ့ အခုတော့ အစီအစဉ်အသစ်ဆွဲရမယ့်ပုံ ပဲ” ဟုပြောလိုက်သည်။ သူသည် မီးမျိုးစေ့နားသို့ ကပ်ခွင့်မရသော်လည်း မီးမျိုးစေ့ကပေးသော ဝေဒနာနှင့် မီးမျိုးစေ့၏ ထိခိုက်မှုက သူ့အပေါ်သက်ရောက်နေလေသည်။

ထိုအလှဆင်ထားသော အရိုးလေးအကြောင်းကို သိသူ သိပ်မရှိပေ။ ဘိုးဘေးများကို ပြန်သယ်ဆောင်လာသူများသာ ထိုအကြောင်းကို သိရှိကြပြီး ကျန်သူများကတော့ ထိုအရိုးကို သေချာမကြည့်ဖူးကြပါ။ ရှောက်ရွှမ်သည် ထိုအရိုးကို သားရေအင်္ကျီအောက်တွင် ဝှက်၍ ဝတ်ဆင်လေ့ရှိပြီး လူများကို ထုတ်မပြပါ။

ထိုအမျိုးသားသည် ရှောက်ရွှမ်၏ အလှဆင်ထားသောအရိုးကို ဆောင်းတွင်းတုန်းက မြင်ဖူးခြင်းဖြစ်လေသည်။ ထိုအချိန်တုန်းက ရှောက်ရွှမ်သည် တိရစ္ဆာန်များမွေးမြူထားသောနေရာသို့ သွားကာ ခဲ့ခဲ့ကို ငှက်များဝိုင်းဖမ်းပေးနေခြင်း ဖြစ်သည်။ ရှောက်ရွှမ်သည် ငှက်ကို အားစိုက်၍ ဖမ်းလိုက်စဉ်တွင် ထိုအရိုးလေး အင်္ကျီအောက်မှ ထွက်လာသည်ကို တွေ့လိုက်ခြင်းဖြစ်သည်။

သူသည် သူခိုးတစ်ယောက်ဖြစ်၍ အမြင်အာရုံထက်မြက်သည်။ ထိုအလှဆင်ထားသော အရိုးတွင်ဆွဲထားသော ဓာတ်လုံးမှာ အရောင်မွဲနေပြီး အဖိုးမတန်ဟု ထင်ရသော်လည်း သူကတော့ ထိုဓာတ်လုံးမှာ မီးလျှံသလင်းကျောက်ထက်ပင် အဖိုးတန်သေးကြောင်း မသိစိတ်ထဲက သိနေသည်။ရှောက်ရွှမ်က သတိဝီရိယအပြည့်နှင့် နေလေ့ရှိသောကြောင့် သူသည် ထိုအရိုးကို ခိုးယူရန် အခွင့်မရပေ။

အခုတော့ မီးတောက်ဦးချိုမျိုးနွယ်စု၏ ရိုးရာအခမ်းအနားပြီးဆုံးသောအခါ သူသည် ထိုအလှဆင်ထားသော အရိုးကို ခိုးယူရန် လက်လျှော့လိုက်ပြီ ဖြစ်သည်။ ထိုအလှဆင်ထားသော အရိုးမှာ မီးတောက်ဦးချိုမျိုးနွယ်စု၏ ဘိုးဘေးများ ထားခဲ့သော ပစ္စည်းတစ်ခုဖြစ်ပြီး ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်စားပြုသည်။ ထိုအရာသည် အဖိုးတန်သော်လည်း ဓာတ်လုံးမှ ထွက်နေသော စွမ်းအင်သည် သူ့ကို ဒုက္ခပေးနေသည်။

“ကျွန်မတို့ဘာဆက်လုပ်ကြမလဲ” အမျိုးသမီးက ဝေဒနာများမှ သက်သာလာသဖြင့် သူ့ကို‌မေးလိုက်သည်။

“အခွင့်အရေးကို စောင့်ပြီး လှုပ်ရှားရမယ်... မအောင်မြင်ရင် နောက်ဆုတ်မယ်” အမျိုးသားက ပြောလိုက်သည်။ အမှန်တကယ်တော့ သူသည် မီးတောက်မျိုးနွယ်စု၏ နတ်ဆေးဆရာ အိမ်တော်ကို ခိုးဝင်ချင်နေခြင်းဖြစ်သည်။ သို့သော် နတ်ဆေးဆရာ၏ အဆောင်မှာ ကူမျိုးနွယ်စုနတ်ဆေးဆရာ၏ အဆောင်ထက် အစောင့်အကြပ်

များ ပိုတင်းကျပ်လေသည်။ ထို့ပြင် လူငယ်ဝါစဉ်ကြီးပုဂ္ဂိုလ်လေးမှာ အမြင်အာရုံထက်မြက်သည်။ ထို့ကြောင့် သူသည် နတ်ဆေးဆရာ၏ အဆောင်ကို ခိုးဝင်ရန် အခက်တွေ့နေသည်။

မျိုးနွယ်စုအခမ်းအနားပြီးသည့်အချိန်တွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ပျော်ရွှင်တက်ကြွနေကြသည်။

စွမ်းအင်နိုးထလာသောသူများသည် မျိုးနွယ်စုဝင်အဖြစ် လက်ခံခြင်းခံလိုက်ရသဖြင့် တက်ကြွလန်းဆန်းနေကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စု၏ ရိုးရာအခမ်းအနားပွဲတွင် ပါဝင်ဆင်နွှဲခွင့်မရသော အခြားမျိုးနွယ်စုက လေလွင့်သူများပင် စွမ်းအင်နိုးထသူများကို အားကျနေကြသည်။ စွမ်းအင်မနိုးထသောသူများတွင် တချို့က ပါးနပ်သဖြင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင် တစ်ယောက်နှင့် ရင်းနှီးခွင့်ရနိုင်မည့် နည်းလမ်းကို စဉ်စားနေကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ယောက်နှင့် ရင်းနှီးသွားပါက သူတို့သည် မျိုးနွယ်စုထဲသို့ ဝင်ခွင့်ရသွားမည် ဖြစ်သည်။

မျိုးနွယ်စုတစ်ခုလုံး ပျော်ရွှင်တက်ကြွနေကြသော်လည်း အခက်အခဲများ ရှိနေဆဲပင် ဖြစ်သည်။ အသစ်ပြောင်းရွှေ့လာသော နယ်မြေမှ အန္တရာယ်များသော သားကောင်များကို ဖယ်ရှားပြီးနောက် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အမဲလိုက်အဖွဲ့များကို ပြန်လည်ဖွဲ့စည်းသည်။ အမဲလိုက်အဖွဲ့များသည် အမဲလိုက်လမ်းကြောင်းအသစ်များ ရေးဆွဲပြီး အလှည့်ကျ အမဲလိုက်ထွက်ကြသည်။ သူတို့နေထိုင်ရာနယ်ပယ် လုံခြုံရေးကိုလည်း တိုးမြှင့်စောင့်ကြပ်ကြသည်။ မျိုးနွယ်စုစစ်သည်တော် အသစ်များသည် တာဝန်များကို တက်ကြွစွာထမ်းဆောင်ကြသည်။ လက်နက်ကိုယ်စီကိုင်စွဲကာ နယ်စပ်မျဉ်းတလျှောက် လှည့်လည်လိုကြသည်။ မျိုးနွယ်စုစစ်သည်တော်များအနေဖြင့် မျိုးနွယ်စု၏ တာဝန်များကို ထမ်းဆောင်ရခြင်းအတွက် ပျော်ရွှင်နေကြခြင်းဖြစ်သည်။

မျိုးနွယ်စုထဲတွင် တချို့လယ်ယာမြေများကို ပြန်လည်ရှင်းလင်းထားပြီး ကျွဲ၊နွား၊တိရစ္ဆာန်

မွေးမြူသော စားကျက်များကိုလည်း ချဲ့ထွင်ထားသည်။

အရာအားလုံးအဆင်ပြေနေသော်လည်း ဘယ်အချိန်တွင် အကျပ်အတည်းတစ်ခု ဖြစ်ပေါ်လာမလဲ ဘယ်သူမှ မသိပါ။ ဝမ်ရှစ်မျိုးနွယ်စုရှိနေသောကြောင့် သူတို့သည် သတိလက်လွတ်မနေရဲကြပါ။

ဒီနေ့တွင် ရှောက်ရွှမ်သည် ကင်းလှည့်သည့်အဖွဲ့နှင့် လိုက်ပါမည် ဖြစ်သည်။ သူသည်ဝါစဉ်ကြီးပုဂ္ဂိုလ်ဖြစ်လာသော်လည်း တစ်နေကုန်ဘာမှ မလုပ်ဘဲ မနေနိုင်ပါ။ ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်သည် ကင်းလှည့်ရန်၊အမဲလိုက်ရန် တာဝန်ယူစရာမလိုသော်လည်း ရှောက်ရွှမ်သည် ငယ်ရွယ်သေးသော လူငယ်တစ်ယောက် ဖြစ်နေပါသည်။ လူအိုတစ်ယောက်မဟုတ်သောကြောင့် ဘာမှ မလုပ်ဘဲ မနေနိုင်ပါ။

အစပိုင်းတွင် အမဲလိုက်အဖွဲ့ဝင်၊ကင်းအဖွဲ့ဝင် စစ်သည်တော်များသည် ရှောက်ရွှမ်ကို ကြောက်ရွံ့

နေသဖြင့် နောက်ပင်မနောက်ပြောင်ရဲကြပါ။ သို့သော် နောက်ပိုင်းတွင် ရှောက်ရွှမ်က သူတို့ကို ဆူငေါက်ခြင်းမလုပ်သည်ကို သိရမှ ပျော်ပျော်ရွှင်ရွှင် စစနောက်နောက် နေနိုင်ကြသည်။

ရှောက်ရွှမ်သည် ထိုလူများကိုကြည့်ပြီး ရယ်မောလိုက်ကာ “အပြောင်းလဲကြီး ပြောင်းလဲသွားတာပဲ”။

ဆောင်းရာသီတုန်းကတော့ ထိုနေရာတွင် တဲငယ်လေးများစွာကို တွေ့ရသည်။ အခုတော့ ထိုတဲငယ်တွင် နေကြသော မိသားစုဝင်များက ကျောက်တုံးအိမ်များ၊ သစ်သားအိမ်များအဖြစ် သူတို့အိမ်များကို ပြောင်းလဲဆောက်လုပ် ထားကြသည်။ တချို့ဆိုလျှင် မကြာခင် အုတ်တိုက်များ ဆောက်လုပ်ကြတော့မည်ဖြစ်သည်။

“ဟုတ်တယ်…မျိုးနွယ်စုစစ်သည်တော်တွေပိုများလာလို့ အဲဒီလိုဖြစ်ကုန်တာ” ဟုကင်းလှည့်စစ်သည်တော်တစ်ယောက်က ပြောလိုက်သည်။

တဲငယ်လေးများကို ကျောက်တုံးအိမ်များအဖြစ် ပြောင်းလဲဆောက်လုပ် လိုက်ကြသည်။ ကျောက်တုံးအိမ်များမှာ တဲများထက် ခိုင်ခံ့ပြီး ခံ့ညားသောကြောင့် ဖြစ်သည်။ ကျောက်တုံးအိမ်ကိုတွေ့လျှင် ထိုအိမ်မှ မိသားစုထဲတွင် မျိုးနွယ်စုစစ်သည်တော်များ ရှိကြောင်းသိရှီနိုင်သည်။ ဒုက္ခများကိုခံလာရသော လေလွင့်သူများသည် စွမ်းအင်နိုးထလာသောအခါ ကြွားဝါချင်လာကြခြင်းဖြစ်သည်။

“သူတို့ကို ပိုဂရုစိုက်လိုက်ပါ” ရှောက်ရွှမ်က ပြောလိုက်သည်။ မျိုးနွယ်စုအကြီးအကဲ နှင့်နတ်ဆေးဆရာကလည်း ထိုသို့အမိန့်ထုတ်ထားသည်။ သူတို့သည် အသစ်ရောက်လာသူများကို ချန်လှပ်ထားခြင်းမျိုးမပြုလုပ်ပါ။ သို့သော် အနည်းငယ်လောက်သော စစ်သည်တော်အသစ်များကသာ မျိုးနွယ်စုအတွင်း အေးချမ်းစွာ နေထိုင်ကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စု၏ စည်းကမ်းချက်များကိုဖောက်ဖျက်ပါက မျိုးနွယ်စုစစ်သည်တော်ဖြစ်နေဦးတော့၊ နတ်ဆေးဆရာနှင့် မျိုးနွယ်စုအကြီးအကဲက ထိုသူကို အပြစ်ပေးမည်

ဖြစ်သည်။

ရှောက်ရွှမ်တို့ လမ်းလျှောက်လာရင်း တိရစ္ဆာန်စားကျက်နားက တစ်ခုခုဖြစ်နေသာ အသံများကို ကြားလိုက်ရသည်။ ကင်းလှည့်နေသော စစ်သည်တော်များသည် ထိုစားကျက်နားတွင်ရှိနေသဖြင့် အကြောင်းရင်းကို သိရရန် သွားကြည့်လေသည်။

ရှောက်ရွှမ်လည်း ထိုဘက်သို့သွားကြည့်ရန်ပြင်လိုက်သည်။ သို့သော် သူသည် တစ်စုံတရာကို မြင်တွေ့လိုက်သည်။

“ရှောက်ရွှမ် မင်းဘာလို့ အသံကြားတဲ့ဘက်ကို မသွားတာလဲ” လန်ကာ့က ရှောက်ရွှမ်လိုက်မလာသည်ကို တွေ့သောအခါ မေးလိုက်သည်။

“ခင်ဗျားတို့အရင်သွားနှင့်ပါ၊ ကွှန်တော် လုပ်စရာလေးပေါ်လာလို့၊ တစ်ခုခုဖြစ်ရင် လေချွန်ပြီး အချက်ပေးလိုက်”

“အိုကေ” လန်ကာ့က ပြန်ဖြေလိုက်သည်။

ကင်းလှည့်နေသော စစ်သည်တော်များသည် စားကျက်မြေများသို့ အလျင်စလို ပြေးသွားကြသည်။ ရှောက်ရွှမ်ကတော့ တခြားဘက်ကို ထွက်ခွာသွားသည်။

မီးတောက်ဦးချိုမျိုးနွယ်စု၏ စစ်သည်တော်အသစ်များနေသော နေရာသို့ လမ်းလျှောက်သွားနေသော စုံတွဲတစ်တွဲကို တွေ့လိုက်ရသည်။ အမျိုးသမီးက မြက်ဖြင့်ယက်လုပ်ထားသော ခြင်းတောင်းတစ်လုံးကို ကိုင်ဆောင်ထားသည်။

တခြားလူများလည်း ရှိနေသဖြင့် ရှောက်ရွှမ် ဘာမှမလှုပ်ရှားသေးပေ။ သူတို့နောက်ကို ရှောက်ရွှမ်လိုက်သွားသောအခါ ထိုလင်မယားမှာ လမ်းကြောင်းပြောင်းလိုက်ပြီး ခပ်သုတ်သုတ်လျှောက်သွားကြလေတော့သည်။

သူတိုနားတွင် လူသိပ်မရှိတော့ပေ။ “ဟိုရှေ့က၂ယောက်…ခဏစောင့်ပါဦး” ရှောက်ရွှမ်က ပြောလိုက်သည်။

ရှေ့က ၂ယောက်က သူ့စကားကို ကြားပုံမပေါ်၊ ရှေ့သို့သာ ဆက်လျှောက်သွားနေသည်။ ရှောက်ရွှမ်သည်လည်း မီးတောက်ဦးချိုမျိုးနွယ်စု၏ စစ်သည်တော်အသစ်အားလုံးကိုမတွေ့မြင်ဖူးသေး။ သို့သော် အနားရောက်လျှင်တော့ ထို၂ယောက်မှာ စစ်သည်တော်အသစ်ဟုတ်မဟုတ်တော့ ဆုံးဖြတ်နိုင်ပါသည်။ ရှောက်ရွှမ်သည် ဘာမှပြောမနေတော့ဘဲ ထို၂ယောက်နောက်သို့ လျင်မြန်စွာ ပြေးလိုက်သွားသည်။ ဘေးချင်းယှဉ်လျှောက်နေသာ စုံတွဲမှာ လူစုခွဲလိုက်ပြီး အမျိုးသားက ရှောက်ရွှမ်ဘက်သို့ မျက်နှာမူလိုက်သည်။ ထိုအချိန်တွင် ထိုအမျိုးသားသည် ထက်မြက်သော ဓားတစ်ချောင်းလို ခက်ထန်ကြမ်းတမ်းလာသည်။ သူသည်ရှောက်ရွှမ်ကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။

သူ့ကိုယ်ပေါ်တွင် နတ်အမှတ်အသားများမရှိသော်လည်း သူ့တိုက်ခိုက်မှုသည် မျိုးနွယ်စုစစ်သည်တော်တစ်ယောက်၏ တိုက်ခိုက်မှုလိုပင် ပြင်းထန်ပြီး ကြောက်စရာကောင်းလေသည်။

ရှောက်ရွှမ်က ရှေ့ဆက်တိုးလာသောအခါ သူ့ညာဘက်လက်မှ လက်သည်းများဖြင့် ရှောက်ရွှမ်၏ ပုခုံးကို ပြင်းထန်စွာ ကုတ်ဆွဲလိုက်သည်။

သူ့လက်သည် ကျောက်တုံးတစ်လုံးလို မာကြောပြီး သန်မာကာ ကြောက်မက်ဖွယ်ကောင်းပါသည်။ ထိုအမြန်နှုန်း ထိုစွမ်းအင်မျိုးသည် အလတ်တန်းစစ်သည်တော်တစ်ယောက်၏ အမြန်နှုန်း၊စွမ်းအင်ထက်မညံ့ပေ။ အလတ်တန်းစစ်သည်တော်တစ်ယောက်ပင် ထိုအမျိုးသား၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပါ။

ထိုသူသည် လေလွင့်သူတစ်ယောက်လား။ လေလွင့်သူတစ်ယောက်သည် ထိုမျှကြောက်မက်ဖွယ်ကောင်းလောက်သော စွမ်းအင်မျိုးရှိမည် မဟုတ်ပါ။ သူ့ကို တိုက်ခိုက်လိုက်သောသူကို ရင်းနှီးနေသလို ရှောက်ရွှမ်ခံစားလိုက်ရသည်။

အစကတော့ ရှောက်ရွှမ်သည် သူ့လက်သီးကို အသုံးပြုရန်ဖြစ်သည်။ သို့သော် သူသည် သူ့

လက်ဝါးကို သားကောင်ဖမ်းသော နွယ်ရှင်တစ်ချောင်းလို လှည့်လိုက်သည်။ ရှောက်ရွှမ်သည် ထိုလူ၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး ကိုင်ပေါက်ရန် ကြိုးစားလိုက်သည်။

ရှောက်ရွှမ်သည် ထိုသူကို အဝေးသို့ မပစ်လိုက်ချင်ပေ။ ထို့ကြောင့် လက်ကောက်ဝတ်မှကိုင်၍ မြေကြီးပေါ်ကိုင်ပေါက်ရန် ကြိုးစားလိုက်သည်။

ရှောက်ရွှမ်က သူ့ကို မရန် ကြိုးစားလိုက်သောအခါ ထိုသူက မြေကြီးကို ဖနောင့်နှင့် ဖိနင်းထားသည်။ အခြားလူတစ်ယောက်ဆိုလျှင်တော့ ထိုသို့ မြေကြီးကို ဖိနောင့်ဖိနင်းထားမည်ဆိုလျှင်တောင် ရှောက်ရွှမ်၏ ဖိအားကို ခံရမည်ဖြစ်သည်။ ထိုသူဖနောင့်နှင့် ဖိနင်းထားသော မြေကြီးမှာ အက်ကွဲသွားသည်။ နောက်ဆုံးတွင်တော့ ရှောက်ရွှမ်သည် အတွင်းအားအကုန်ထုတ်၍ တိုက်ခိုက်လိုက်သည်။

ထိုသို့တိုက်ခိုက်မှုမျိုးကို တော်ရုံလူမခံနိုင်ပေ။ ထိုသူသည် ရှောက်ရွှမ်မျှော်လင့်ထားသလို

မြေကြီးခြေထောက်နှင့် ကုပ်မထားတော့ပေ။

“ဝှစ်”

လေတိုးသံတစ်ချက်ထွက်ပေါ်သွားသည်။ သူ့ခြေထောက်အရှိန်ကြောင့် မြေကြီးပေါ်တွင် ရှိသော ဖုန်မှုန့်များလွင့်စဉ်ထွက်သွားသည်။ သူသည် မြေကြီးကို ပေါ့ပေါ့ပါးပါးသာ နင်းထားလေသည်။

All Chapters