လျှို့ဝှက်ချက်
Vol. 18 Ch. 266
ရှုံးနိမ့်သွားသူသည် အခြားလူတစ်ယောက်အဖြစ် အသွင်ပြောင်းလိုက်သည်။ ရှောက်ရွှမ် ရောက်သွားသောအခါ ထိုလူသည် အပြောင်းလဲကြီးပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ အရပ်အရှည်ရှည်လူတစ်ယောက်အဖြစ်မှ ဝဖြိုးသောလူတစ်ယောက် အဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။ ရှောက်ရွှမ်သည် သူ့ရှေ့တွင်ရှိသော လူကို အထင်သေး လိုက်မိသည်။
သူတို့၂ယောက်တိုက်ခိုက်နေစဉ် ပိန်ပိန်ပါးပါး အမျိုးသမီးက တိုက်ပွဲတွင် ဝင်မပါဘဲ ရှောက်ရွှမ်ကို အံ့ဩစွာကြည့်နေသည်။ ရှောက်ရွှမ်သည် ပါးနပ်သည်ကို သူသိထားသည်။ သူတို့နောက်မှ ရှောက်ရွှမ်လိုက်လာသည်ကို သိသွားသောအခါ အစီအစဉ်ကို ပြောင်းလဲ ပစ်လိုက်ကြသည်။ ရှောက်ရွှမ်ပါဝင်သော ကင်းအဖွဲ့ကို ရှောင်ရန် ကြိုးစားလေသည်။
“ဒီကောင်စုတ်လေးက ငါတို့ကို ဘယ်လိုတွေ့သွားတာလဲ…နောက်ဆိုရင် သူတို့လက်က လွတ်အောင် ဘယ်လိုရှောင်ရမလဲ”
ရှောက်ရွှမ်သည်လည်း ခပ်ပိန်ပိန် အမျိုးသမီး၏ လှုပ်ရှားမှုများကို သတိပြုမိသည်။ သူမသာ တိုက်ပွဲတွင်ပါလာပါက သူမကိုပါတိုက်ခိုက်ရန် ရှောက်ရွှမ် ဆုံးဖြတ်ထားလေသည်။ သို့သော် သူမသည် တိုက်ပွဲတွင်းဝင်မပါဘဲ ဘေးကသာရပ်ကြည့်နေသည်။
ရှောက်ရွှမ်သည် သူ့ပြိုင်ဘက်ကို ပြန်ကြည့်လိုက်သောအခါ တိုက်ခိုက်နေသည့် ထိုလူ၏ အံ့ဩဖွယ်အမူအရာကိုတွေ့လိုက်ရသည်။ ထိုလူသည် ရုတ်တရက် နောက်ကို ခုန်ဆုတ်သွားသည်။ သူ့မျက်နှာမှာ ရှုံ့မဲ့နေသည်။ အရိုးများမှာလည်း မူလအခြေအနေသို့ ပြန်မရောက်သေးပါ။ ထို့နောက် သူသည် ရှောက်ရွှမ်ကို ကြည့်ရင်း ရယ်မောနေလေတော့သည်။ သူ့ရယ်သံမှာ
ထူးခြားပြီး ကြောက်မက်ဖွယ်ကောင်းပါသည်။
ထိုလူသည် စကားပြောရန် ပြင်လိုက်ပြီးမှ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ “လူတွေလာနေပြီ…သွားစို့” ခပ်ပိန်ပိန်အမျိုးသမီးက ပြောသည်။ ထို့နောက် သူမသည် တိုက်ပွဲဖြစ်ရာနေရာမှ လျင်မြန်စွာ ပြေးထွက်သွားလေသည်။ ရှောက်ရွှမ်ကို တိုက်ခိုက်နေသောလူသည်လည်း ထွက်ပြေးသွားသည်။ သို့သော် သူတို့၂ယောက်သည် လူခွဲပြီးပြေးခြင်းဖြစ်သည်။
ထွက်ပြေးသွားသော သူတို့နောက်ကို လူ၁၀ယောက်က ပြေးလိုက်လေသည်။ ရှောက်ရွှမ်သည် ထိုလူ၂ယောက်နောက်သို့ လိုက်မမီပါ။ သူနှင့်တိုက်ခိုက်သောသူမှာ မနှစ်တုန်းက မျိုးနွယ်စုထဲတွင် ရင်ဆိုင်ဖူးသော်လူဖြစ်ကြောင်း ရှောက်ရွှမ် မှတ်မိသွားသည်။ ထိုလူသည် ပစ္စည်းများခိုးရန် မျိုးနွယ်စုထဲသို့ ရောက်နေခြင်း ဖြစ်ပေမည်။
သိပ်မကြာခင် ထို၂ယောက်နောက်သို့ လိုက်သွားသော လူ၁၀ယောက် ပြန်ရောက်လာသည်။
သူတို့၏အမူအရာများကို ကြည့်ပြီးနောက် ထိုစုံတွဲကို မမီလိုက်ကြောင်း ရှောက်ရွှမ်သိလိုက်သည်။
“အခြေအနေဘယ်လိုလဲ” ရှောက်ရွှမ်က မေးလိုက်သည်။
“ထွက်ပြေးသွားကြပြီ” ကွေ့ဟယ်က ဖြေလိုက်သည်။
ကောင်းကင်ပေါ်မှ ပုစဉ်းဖြူလည်း ပြန်ရောက်လာသည်။ သူသည်လည်း ထိုစုံတွဲကို ရှာမတွေ့ပေ။ “အဲဒီ၂ယောက်က သူခိုးတွေလား”
“ဟုတ်မယ်ထင်တယ်” ရှောက်ရွှမ်က ဖြေလိုက်သည်။
ရှောက်ရွှမ်သည် ထိုသူခိုး၂ယောက် နေသည့်နေရာကို လိုက်စုံစမ်းကြည့်နေသည်။ သူခိုး၂ယောက်၏ မျက်နှာပုံပန်းကို ပြောပြ၍ စုံစမ်းကြည့်သည်။ သိပ်မကြာခင် ထိုသူခိုး၂ယောက် နေသော နေရာကို ရှောက်ရွှမ်တို့
သိလိုက်ရသည်။
“ဒီအိမ်လား” ကွေ့ဟယ်က တံခါးကို ဆောင့်ကန်၍ ဖွင့်လိုက်သည်။
အိမ်ထဲက လူများက အခြေအနေကို နားမလည် ကြသော်လည်း ရှောက်ရွှမ်နှင့် ကွေ့ဟယ်ကိုတော့ သိထားကြသည်။ တစ်ယောက်က အမဲလိုက်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး၊ တစ်ယောက်က မျိုးနွယ်စု၏ ဝါစဉ်ကြီးပုဂ္ဂိုလ်ဖြစ်သည်။ ၂ယောက်လုံးမှာ မျိုးနွယ်စုအတွင်း အရေးပါသူများဖြစ်ကြသည်။ ထို့ကြောင့် အခန်းထဲမှ လူများသည် စကားပင် မပြောရဲကြပါ။
ရှောက်ရွှမ်က ထွော်ကို တစ်စုံတရာလုပ်ပေရန် ခိုင်းလိုက်သည်။ ထို့နောက် ရှောက်ရွှမ်သည် အိမ်ခန်းထဲသို့ဝင်သွားလေသည်။ ထွော်က လူများကို လင်မယား၂ယောက်သည် အိမ်လခမပေးဘဲ ထွက်ပြေးသွားသည် ဟုပြောလိုက်သည်။ ထိုလင်မယား၂ယောက်ကို တွေ့မိပါသလားဟု မေးလိုက်သည်။
ထွော်နားက လူများဆီကရရှိသော သတင်းအချက်အလက်တို့ကို ရှောက်ရွှမ် နားထောင်နေသည်။ ထွော်ရလာသော အချက်အလက်များအရ ထိုလင်မယားမှာ မျိုးနွယ်စုထဲကို ဆောင်းမတိုင်ခင်ထဲက ရောက်နေကြခြင်းဖြစ်သည်။
အိမ်နားဝန်းကျင်လိုက်ရှာကြသော်လည်း ဘာသဲလွန်စမှ မရပါ။ ရှောက်ရွှမ်နှင့် ကွေ့ဟယ်တို့သည် အကြီးအကဲဆီသွား၍ ထိုအဖြစ်အပျက်အကြောင်းကို အစီရင်ခံလိုက်သည်။ သူခိုးများသည် မျိုးနွယ်စုထဲသို့ လူမသိအောင် ဝင်ရောက်နေထိုင်ခဲ့သဖြင့် အကြီးအကဲက စိတ်ဆိုးနေသည်။
“မျိုးနွယ်စုတွေဆီသွားပြီး လူဦးရေစာရင်းကောက်ခဲ့…ဒီကိစ္စအတွက် မင်းတို့မှာ တာဝန်ရှိတယ်”
“ဟုတ်ကဲ့”
လွန်ခဲ့သောနှစ်က သတိပေါ့ဆခဲ့သဖြင့် ဒုက္ခရောက်ခဲ့ရသည်။ အခုတော့ ပြဿနာပေါ်လာပြီဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရတော့မည်။ ယန်ကျောင်းမျိုးနွယ်စုဝင် လူဦးရေကို ပြန်မှတ်ပုံတင်ရတော့မည် ဖြစ်သလို ထိုနားတွင် နေသောခရီးသွားများကိုလည်း စာရင်းကောက်ရမည်ဖြစ်သည်။ ထို့နောက်မှတ်ပုံတင်စာရင်းများကို ပြန်လည်စစ်ဆေးရမည် ဖြစ်သည်။
အကြီးအကဲက မေးလိုက်သည် “ရွှမ်…သူတို့ကို မင်းဘယ်လိုတွေ့လိုက်တာလဲ”။
“မသိစိတ်ထဲက အလိုလိုခံစားမိတာပါ” ရှောက်ရွှမ်က ဖြေလိုက်သည်။ သူလည်း ရေရေရာရာတော့ မဖြေနိုင်သေးပေ။ ထိုလင်မယား၂ယောက်ကို မြင်သောအခါ သံသယဝင်သွားသဖြင့် နောက်ယောင်ခံလိုက်ခြင်းဖြစ်သည်။
“အဲဒီသူခိုး၂ယောက်ကို ရှာဖို့ လူအင်အားထပ်ဖြည့်ပေးမယ်” အကြီးအကဲက ပြောလိုက်သည်။
လူများရှုပ်ထွေးနေသော နေရာမှထွက်ခွာလာပြီးနောက် ရှောက်ရွှမ်သည် ကင်းအဖွဲ့နှင့်အတူ ယန်ကျိုးမျိုးနွယ်စုဝင်များနေသော နေရာသို့ လာခဲ့သည်။ ထို့နောက် ကင်းအဖွဲ့နှင့် လမ်းခွဲလိုက်ပြီး ထိုနေရာတွင် လင်မယား၂ယောက်၏ သဲလွန်စ ရလိုရငြား နေခဲ့ရန် ဆုံးဖြတ်လိုက်သည်။
ထိုနေရာမှ အိမ်များသည် သာမာန်သစ်သားအိမ်များပင်ဖြစ်ကြသည်။ အခန်းထဲတွင် သစ်သားစားပွဲတစ်လုံးသည် ရိုက်ချိုးခံထားရပြီး ကျိုးကြေနေသည်။ မြေပြင်ပေါ်တွင်လည်း သစ်တိုသစ်စများ ပြန့်ကျဲနေသည်။ သစ်သားအိမ်ထဲတွင်တော့ ရိုးရှင်းသော အသုံးအဆောင်များကို တွေ့ရသည်။ လက်နက်ကိရိယာများဖြင့် ပြုလုပ်ထား သောအမှတ်အသာများ တွေ့ရပြီး မြေပြင်မှာလည်း ရှင်းလင်းနေသည်။ သူခိုး၂ယောက်သည် ခိုးစရာဘာမှ မတွေ့သဖြင့် စိတ်ဆိုးပြီး သစ်သားခုံးကို ရိုက်ချိုးသွားခြင်း ဖြစ်လိမ့်မည်။
သံသယဖြစ်ဖွယ် ဘာတစ်ခုမှ မတွေ့ရပေ။ စွမ်းအင်မနိုးထသေးသောသူများ စွမ်းအင်နိုးထ
လာသလို ခံစားလိုက်ရသည်။ ထိုအိမ်ထဲတွင် ထူးထူးဆန်းဆန်း ဘာမှမရှိပါ။ တစ်ခုတော့ ရှိသည်။
ရှောက်ရွှမ်သည် ဂရုတစိုက်နှင့် အနံ့ခံကြည့်နေသည်။ ဝူနှင့်အတူ ဆေးမြစ်များစွာကို တွေ့ဖူးထားသဖြင့် သူသည် ဆေးမြစ်များကို အမျိုးအမည်ခွဲခြား တတ်ပါသည်။ သိမ်မွေ့သောအနံ့မှာ မြက်ပင်အနံ့နှင့် တူပြီး၊ ခါးသက်သော ဆေးမြစ်အနံ့မဟုတ်ပါ။ မီးပုံဘေးတွင် အစိမ်းနုရောင်ဆေးပင်အကြွင်းအကျန်တချို့ ကိုတွေ့ရသည်။ ရှောက်ရွှမ်သည် ထိုဆေးပင်အကြွင်းအကျန်များကို ကောက်ယူပြီး အနံ့ခံကြည့်လိုက်သည်။ ထိုလင်မယား၂ယောက်မှာ ဒဏ်ရာများရနေသလား။ ဖြစ်နိုင်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ကျင်းပခဲ့သော အခမ်းအနား ပြန်စဉ်းစားကြည့်သောအခါ သူတို့ရရှိသော အတွင်းဒဏ်ရာမှာ အခမ်းအနားတွင် ပြုလုပ်သော မီးတောက်များကြောင့် ဖြစ်နိုင်သည်ဟု ရှောက်ရွှမ်ယူဆလိုက်သည်။ ယနေ့ခေတ်သူခိုများသည် သနားအညှာတာ မရှိကြဘူးလား။ ဘာမှမဟုတ်သည် သူခိုး၂ယောက်အတွင် မီးတောက်များမှ
ဝေဒနာကို ပေးရသလား။ ရှောက်ရွှမ်သည် အိမ်ထဲတွင် ထပ်မံစစ်ဆေးကြည့်လိုက်သောအခါ တခြားမင်္သကာစရာမတွေ့ရပါ။ ရှောက်ရွှမ်သည် ပြန်ရန် ပြင်နေစဉ် အတွေးတစ်ခုပေါ်လာသဖြင့် အထဲကို ပြန်ဝင်လာသည်။ သူသည် အိမ်ထဲကို အထူးအမြင်အာရုံဖြင့် ကြည့်လိုက်သည်။
ထိုနေရာတစ်ခုလုံးကို အမှောင်ရိပ်များဖုံးလွှမ်းနေသည်။ သစ်သားနံရံများနှင့် ကျောက်သားကိရိယာပစ္စည်းများမှာ မူလအရောင် ပျောက်ပြီး မီးခိုးရောင်ဖြစ်သွားသည်။ ထို့နောက် နံရံ၏အောက်ခြေတလျှောက်ကို ရှောက်ရွှမ် သေချာကြည့်နေလေသည်။ ထိုနေရာမှ အရောင်မှိန်မှိန်လေးထွက်ပေါ်နေပါသည်။ မီးခိုးရောင်ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်တွင် ထိုအရောင်မှိန်မှိန်လေးမှာ သိသာနေပါသည်။
ရှောက်ရွှမ်သည် အိမ်တံခါးကို ထပိတ်လိုက်သည်။ ထို့နောက် ထိုအလင်းရောင်မှိန်မှိန်လေးကို သေချာကြည့်နေလိုက်သည်။ ထိုအလင်းရောင်မှာ မြေပြင်ထဲမှ တိုးထွက်လာနေခြင်းဖြစ်သည်။
အောက်တွင် ဘာမြုပ်နှံထားသလဲ သိချင်လာသဖြင့် ရှောက်ရွှမ်သည် ဓားမြောင်ကို ထုတ်ကာ တူးကြည့်လိုက်သည်။ ထိုအခါ အလင်းရောင်မှာ ပိုထင်ရှားလာသည်။ နောက်ဆုံးတွင် အလင်းရောင်ကို ထုတ်ပေးနေသော ပစ္စည်းကို သူမြင်လိုက်ရသည်။ အထဲတွင် ပစ္စည်းတစ်ခုခုထည့်ထားသော သားရေအိတ်လေးတစ်အိတ်ဖြစ်သည်။ စက်လုံးပုံစံရှိပြီး အရွယ်အစားမှာ လက်မောင်းလုံးခန့်ရှိသည်။ ရှောက်ရွှမ်သည် အိတ်ကို ဖွင့်လိုက်ပြီး အထဲတွင်ရှိသော အရာကို ထုတ်လိုက်သည်။ အထဲတွင်ရှိသော အရာမှာ သစ်သားပြွန်တစ်ခု ဖြစ်လေသည်။ ဝါးနှင့် ပြုလုပ်ထားခြင်းမဟုတ်သလို ရှောက်ရွှမ်မြင်ဖူးသော သစ်သားအမျိုးအစားနှင့် ပြုလုပ်ထားခြင်းလည်း မဟုတ်ပါ။
ထိုသစ်သားမှာ နည်းနည်းပိုမာသည်။ သစ်သားပြွန်ကို အဖုံးတစ်ခုနှင့် တင်းကျပ်စွာ ပိတ်ထားသည်။ အဖုံးနားတွင် ရွေရောင် အမှုန့်လေးများကပ်နေသည်။ ထိုရွှေရောင် ပစ္စည်းများမှာ ဘာပစ္စည်းများဖြစ်မလဲ။ သတ္တုအမျိုးအစား
တစ်ခုခုလား။ ထိုလင်မယားက လုံခြုံစွာသိမ်းထားသဖြင့် အခြားမျိုးနွယ်စုတစ်ခုခုမှ ခိုးလာသော ရတနာပစ္စည်းတစ်မျိုးမျိုး ဖြစ်နိုင်သည်။ ရှောက်ရွှမ်သည် သိချင်လာသဖြင့် အဖုံးကို ဆွဲဖွင့်လိုက်သည်။ သို့သော် အဖုံးကို လွယ်လွယ်နှင့် ဖွင့်မရဘဲ အတွင်းအားသုံး၍ ဖွင့်ရလေသည်။ သာမန်လူတစ်ယောက်ဆို ဖွင့်နိုင်မည်မဟုတ်ပါ။ အထဲက ပစ္စည်းများ အပြင်သို့ ထွက်မကျစေရန် ရှောက်ရွှမ်သည် သစ်သားပြွန်ကို ထောင်၍ အဖုံးကို ဖွင့်လိုက်သည်။
အထဲတွင်ရှိသော ရွှေရောင်အမှုန်များသည် နေရောင်အောက်တွင် ရောက်နေသကဲ့သို့ တဖြတ်ဖြတ်လက်နေသည်။ထိုအမှုန်များမှာ သတ္တုတစ်မျိုးမျိုးတော့ မဟုတ်ပါ။ ရှောက်ရွှမ်သည် သစ်သားပြွန်ကို လက်ထဲတွင် ချိန်ဆကြည့်လိုက်ပြီး အမှုန့်များကို ဓားမြောင်ဖြင့် မွှေကြည့်လိုက်သည်။ ရွှေရောင်အမှုန့်များသည် သတ္တု သို့မဟုတ် ကျောက်သားလောက် မသိပ်သည်းပါ။ သစ်သားနှင့်ပိုတူလေသည်။ ရွှေရောင်ရှိသော သစ်သားအမှုန်များလား။ ဆေးဆိုးထားသည်နှင့်မ
တူဘဲ၊ သဘာဝရွှေရောင်နှင့် တူပါသည်။
ရှောက်ရွှမ်သည် ဘေးဘီကို ကြည့်လိုက်သည်။ ထိုအခါ သစ်သားပန်းကန်တစ်ချပ် ကိုတွေ့လိုက်ရသဖြင့် ထိုသစ်သားပန်းကန်ကို အဝတ်ဖြင့်သုတ်ကာ သစ်သားပြွန်ထဲမှ ရွှေရောင်အမှုန်များကို ပန်းကန်ထဲသို့ လောင်းထည့်လိုက်သည်။
ထို့နောက် ရွှေရောင်အမှုန်လေးများထဲတွင်ပါသော အစအနလေးများကို လက်ဖြင့် ဆိတ်ကြည့်သည်။ သစ်ရွက်တမျိုးမျိုးကို စတုရန်းသဏ္ဍာန်ညှပ်ထားခြင်းဖြစ်သည်။ အစွန်း၂ဖက်စလုံးတွင် ညှပ်ထားသော အရာများကို တွေ့မြင်နိုင်ပြီး သစ်ရွက်ပေါ်ရှိ အကြောများမှာလည်း အကောင်းအတိုင်းရှိနေပါသေးသည်။ သစ်သားပြွန်လေးမှာ ရှေးဟောင်းပစ္စည်းနှင့် တူသော်လည်း အထဲက သစ်ရွက်များက ခူးထားသည်မှာ လတ်လတ်ဆတ်ဆတ်ပင်ရှိပါသေးသည်။
သစ်ရွက်များကို အနံ့ခံကြည့်သောအခါ စိမ်းနံ့ရပါသည်။ အနံ့မှာ မပြင်းထန်သော်လည်း နည်း
နည်းလောက်ရှူလိုက်ရုံနှင့် အမူးအမောများကို သက်သာသွားစေသည်။ ရှောက်ရွှမ်သည် သစ်ရွက်ပုံစံကို ကြည့်ပြီး အံ့ဩနေသည်။ သစ်ရွက်ပေါ်မှ မျဉ်းများမှာ ရှုပ်ထွေးနေပြီး ဘာသစ်ရွက်မှန်း သူမပြောနိုင်ပါ။
စာများရေးထားခြင်းလား။ ထိုကဲ့သို့ လည်း မဖြစ်နိုင်ပါ။ သေချာမြင်ရရန် သစ်ရွက်ပေါ်တွင် ကပ်နေသာ ရွှေမှုန်များကို မှုတ်ထုတ်လိုက်သည်။ထိုအခါ အစိမ်းရင့်ရောင် သစ်ရွက်အပေါ်တွင်ပေါ်နေသော စာများမှာ တဖြည်းဖြည်းပျောက်ကွယ် နေသည်ကို သူသိလိုက်ရသဖြင့် လေဖြင့်ဆက်မမှုတ်တော့ပါ။
ပြတင်းတံခါးများမှာ သေချာစွာ ပိတ်ထားပါသည်။ သစ်သားများကြားမှ လေတိုးဝင်လာမည်ဆိုလျှင်တောင် ထိုလေလောက်နှင့် သစ်ရွက်ပေါ်ရှိ အမှုန့်များ လွင့်စဉ်သွားမည် မဟုတ်ပေ။ထို့ပြင် သစ်သားပန်းကန်ထဲတွင်ထည့်ထားသော အမှုန့်များလည်း ဘာမှမဖြစ်ပါ။ သစ်ရွက်ပေါ်တွင်ရှိသော ရွှေရောင်အမှုန်ဖြင့် ရေးထားသည့် စာများ
သာ ပျောက်ကွယ်နေခြင်းဖြစ်သည်။စာများပြန်ပေါ်လာလို ပေါ်လာငြား ရှောက်ရွှမ်သည် ထိုသစ်ရွက်ကို ရွှေမှုန်များထဲ ပြန်စိမ်ကြည့်ရန် စိတ်ကူးမိလိုက်သည်။ ထိုသို့လုပ်ရန် စဉ်းစားနေစဉ်မှာပင် သူ့အထူးအမြင် အာရုံပျောက်ကွယ်သွားကာ ရှောက်ရွှမ်တစ်ယောက် သတိလစ်သွားလေတော့သည်။