လျှို့ဝှက်ချက်
Vol. 18 Ch. 267
သူခိုးလင်မယားသည် မီးတောက်ဦးချိုမျိုးနွယ်စုမှ လွတ်မြောက်လာသောအခါ “ငါတို့တော့ အဲဒီမီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေနေတဲ့ နေရာနားမှာ ဆက်နေလို့ မဖြစ်ဘူး” ဟုတွေးလိုက်မိသည်။ လေလွင့်သူတွေနေတဲ့နေရာနားမှာ သွားနေရန် စဉ်းစားကြသည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက လူဦးရေစာရင်းကောက်နေသည်။
“နောက်ထပ်အခွင့်အရေးပေါ်လာမဲ့အချိန်ကို စောင့်ကြတာပေါ့…ဒီနေရာကနေ ထွက်ခွာတဲ့လူတွေလည်း ရှိတာပဲ…လူတွေထွက်သွားရင် ငါတို့ပြန်ဝင်နေလို့ရပြီလေ”။
“ဟုတ်တယ်” ခပ်ပိန်ပိန်အမျိုးသမီးမှာ တော်တော် ဖွံ့ထွားလာသည်။ သူ့မျက်နှာပုံပန်းလည်း ပြောင်းလဲသွားသည်။ ထို့ကြောင့်
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ သူတို့ကို တွေ့လျှင်တောင် သစ္စာဖောက်များဆိုတာကို သိမည် မဟုတ်တော့ပါ။ ထို့နောက် အမျိုးသမီး ရုတ်တရက် ထအော်လိုက်သည် “ဟိုပစ္စည်းကော…”။
“ဘာပစ္စည်းလဲ”
“မအိုဆေးသစ်ရွက်လေ” အမျိုးသမီးက အံ့ကို ကြိတ်ရင်း ပြောလိုက်သည်။ သူမကို ကြည့်ရင်း အမျိုးသားက အံ့ဩသွားသည်။ သို့သော် အမျိုးသားက စိတ်မပူဘဲ “ အခြေအနေတွေ ငြိမ်သက်သွားရင် ငါတို့ သွားပြန်တူးယူလို့ရပါတယ်”
“တခြားလူတစ်ယောက်ယောက်တွေ့သွားရင် ဘယ်လိုလုပ်မလဲ…” အမျိုးသမီးက စိုးရိမ်စွာ ပြောလိုက်သည်။ ထိုရတနာပစ္စည်းကို လူသေတစ်ယောက်ကို မြုပ်နှံထားသော ကျင်းတစ်ကျင်းထဲမှ ရလာခြင်းဖြစ်သည်။ ထိုလူသေမှာ ဘယ်မျိုးနွယ်စုကလဲ သူတို့ မသိပါ။ သို့သော် အရိုးဖွဲ့စည်းပုံမှာ
ကြံ့ခိုင်သဖြင့် သန်မာသော စစ်သည်တော် တစ်ယောက်ဟု ကောက်ချက်ချနိုင်သည်။
ထိုရတနာပစ္စည်းကို ထိုစစ်သည်တော်၏ အရိုးစုဘေးမှ ရလာခြင်းဖြစ်သည်။ သေသူမှာ အရိုးကျနေပြီဖြစ်သဖြင့် သေဆုံးသည်မှာ အတော်ကြာပြီဖြစ်မည်။ ဝါးများပင် အရောင်ပြောင်းနေပြီဖြစ်သည်။ သို့သော် ထိုဝါးဘူးထဲတွင် ထည့်ထားသော သစ်ရွက်ကတော့ အသစ်အတိုင်းရှိနေပါသေးသည်။
ထိုသစ်ရွက်မှာ မအိုဆေးသစ်ရွက်ဖြစ်လေသည်။ သူတို့ကြားဖူးသည့်ကောလဟာလများအရ ထိုသစ်ရွက်ကို မြေကြီးထဲမြုပ်ထားလျှင် နှစ်တစ်သောင်းခန့် လတ်ဆတ်စွာ ရှိနေနိုင်သည်ဟု ဖြစ်သည်။ မျိုးနွယ်စုများ၏ ကျမ်းပြုသူများက ထိုသစ်ရွက်ပေါ်တွင် စာများရေးခဲ့ပြီး မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းခဲ့သည်ဟု ဆိုသည်။ သို့သော် အခုအချိန်တွင်တော့ မအိုဆေးသစ်ရွက်မှာ အလွန်ရှားပါးနေပြီး ဘယ်သူကမှ မတွေ့ဖူးတော့ပါ။
အခုတော့ ထိုအကြောင်းများမှာ ကောလဟာလမဟုတ်ဘဲ ထိုသစ်ရွက်မှာ တစ်ကယ်ရှိနေကြောင်း သူတို့လင်မယားသိလိုက်ရသည်။ ထိုသစ်ရွက်ကို မြင်လိုက်ရသောအခါ သူတို၂ယောက်လုံး တုန်လှုပ်သွားကြသည်။ ထိုမျှအဖိုးတန်သော အရာတစ်ခုကို ရှာတွေ့ခဲ့သဖြင့် အလွန်အံ့ဩသွားကြခြင်းဖြစ်သည်။ သို့သော် သစ်ရွက်ပေါ်တွင် ရေးထားသော ရှေးဟောင်းစာများကိုတော့ သူတို့ မဖတ်တတ်ပါ။
သူတို့သည် ထိုပစ္စည်းအကြောင်းကိုသိလိုသည်ကတစ်ကြောင်း၊ အပြင်တွင်ထားလျှင် စိတ်မချရသည်ကတစ်ကြောင်း၊ ထိုအကြောင်းအရင်းများကြောင့် သစ်ရွက်အကြောင်းကို လျှို့ဝှက်ထားကြသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဆီသို့ ပြောင်းရွှေ့လာသောအခါ ထိုသစ်ရွက်ကို သူတိုနှင့် လျှို့ဝှက်စွာ ယူဆောင်လာခြင်းဖြစ်သည်။
မျိုးနွယ်စုထဲရောက်သောအခါ အခန်းတစ်ခန်းထဲသို့ဝင်၍ ထိုသစ်ရွက်ကို လျှို့ဝှက်စွာ လေ့လာ
ကြည့်ကြသည်။ သို့သော် သစ်ရွက်၏ လျှို့ဝှက်ချက်ကို သူတို့ မဖော်ထုတ်နိုင်ပါ။ နတ်ဆရာများ၊ မှော်ဆရာများသာ ထိုလျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မလား မပြောတတ်ပါ။
“အဲဒီသစ်ရွက်ကို ဘယ်သူကတူးမှာမလို့လဲ…အိမ်တစ်လုံးလုံး ဖြိုချလိုက်မယ်ဆိုရင်တောင် အဲဒီသစ်ရွက်ကို သူတို့တွေ့မှာ မဟုတ်ဘူး…တွေ့ရင်တောင် အဲဒီသစ်ရွက် ဘာသစ်ရွက်လဲ သူတို့သိမှာ မဟုတ်ပါဘူး”
“အဲဒါတော့ ဟုတ်တယ်” ထိုအခါမှ အမျိုးသမီးသည် စိတ်သက်သာရာရသွားသည်။
သို့သော် ထိုသစ်ရွက်ကိုရှောက်ရွှမ်က ရှာတွေ့သွားသည်ကိုတော့ ထိုလင်မယားမသိကြသေးပါ။
ရှောက်ရွှမ်သတိမေ့မြောသွားသောအခါ သစ်ရွက်အပေါ်မှ ရွှေရောင်အမှုန့်လေးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။သစ်ရွက်
သည်းလည်း ခြောက်သွေ့သွားပြီး အဝါရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး မြေကြီးပေါ်မှ အမှိုက်များနှင့် ရောထွေးသွားလေသည်။
ရှောက်ရွှမ်မေ့မြောနေချိန်တွင် သူသည် တခြားလောကတစ်ခုထဲသို့ ရောက်သွားသည်။ ထိုနေရာတွင် သစ်ရွက်သည် ထူးဆန်းသော နှစ်ဖက်မြင် ပုံရိပ်ဖြစ်နေပြီး ပန်းချီကားတစ်ချပ်လိုဖြစ်နေသည်။
ထိုပန်းချီကားသည် ဘာအဓိပ္ပါယ်ကို ဆောင်သနည်း။ နတ်ရုပ်များလား။ မဖြစ်နိုင်ပါ။ ရှောက်ရွှမ်သည် ထူးဆန်းစွာ ရွေ့လျားနေသာ ပန်းချီကားကို ကြည့်နေသည်။ ကြည့်နေရင်းနှင့် ထိုပန်းချီကားသည် အသက်ဝင်နေသလို ဖြစ်လာသည်။
ပိုးကောင်တစ်ကောင်လား။ မြွေတစ်ကောင်လား။ တခြားအရာ တစ်ခုခုလား။ မျက်လုံးများမရှိသလို။ ခြေထောက်များလည်း မရှိပါ။ သာမာန်မျဉ်းတစ်ကြောင်းသာ ဖြစ်ပြီး မရပ်မနားလှုပ်ရှားနေသည်။ ထိုအရာသည် ဘာဖြစ်မည်နည်း။
ရှောက်ရွှမ်သည် ဒီဘက်ကမ္ဘာလောကအကြောင်းကို သိပ်မသိပါ။ ဒီဘက်ကမ္ဘာလောက၏ သမိုင်းကြောင်းကိုဆိုလျှင် ပို၍ပင်မသိပါ။ သူသည် တခြားလူများ ပြန်ပြောသလောက်ကိုသာ သိထားရခြင်းဖြစ်ပြီး သူသိထားသည်မှာ ကောလဟာလလား၊ အမှန်တရားလား မသေချာပါ။ သူသတိမမေ့ခင်က သူလက်နှင့်ကိုင်ထားသော သစ်ရွက်မှာ ဘာပစ္စည်းမှန်းလဲ သူမသိပါ။ ရွှေရောင်အမှုန်များကိုလည်း သူမသိပါ။ လှုပ်ရှားနေသော မျဉ်းများမှာ ဘာကိုဆိုလိုချင်သလဲဆိုတာကိုတော့ ပို၍ပင်မသိပါ။
ထိုမျဉ်းများ၏ အဓိပ္ပါယ်ကို ဖော်ရန် ကြိုးစားနေသည့်အချိန်တွင် ထိုထူးဆန်းသည့် ပန်းချီကားအတွင်းတွင် လက်၂ဖက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ လက်နှစ်ဖက်ပေါ်လာပြီးနောက် ပန်းချီပုံမှာ လက်တွေ့ပိုဆန်လာသည်။ အခုတစ်ခေါက်တွင်တော့ ထိုအရာသည် ဘာဖြစ်မလဲ သူခန့်မှန်းနိုင်ပြီ ဖြစ်သည်။
လောင်ခဲ့နှင့် ထောင်ခြောက်များအကြောင်း
လေ့လာတုန်းက ကြိုးထုံးချည်နည်းများကိုလည်း လေ့လာခဲ့သည်။ သူမြင်နေရသော လက်တစ်စုံသည် ကြိုးတစ်ချောင်းနှင့် ကြိုးထုံးတစ်ခုလုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ကြိုးထုံးချည်ရသည်မှာ ထိုမျှ ခက်ခဲသလား။ အစကတော့ ရှောက်ရွှမ်နားမလည်ပါ၊ ခဏနေတော့မှ ရှောက်ရွှမ်နားလည်လာသည်။ ထိုကြိုးထုံးသည် ထောင်ခြောက်ဆင်သော ကြိုးထုံးမျိုးမဟုတ်၊ သတင်းစကားတစ်ခုကို ဖော်ထုတ်ပြနေသည့် ကြိုးထုံးဖြစ်လေသည်။ အလွန်အရေးကြီးပြီး စွမ်းအင်ပြည့်ဝသည့် သတင်းစကားတစ်ခုဖြစ်သည်။
အချိန်အတော်ကြာသည်အထိ ထိုလက်တစ်စုံသည် ကြိုးထုံးတစ်ခုကို ပြီးဆုံးအောင် မထုံးရသေးပါ။ လက်၂ဖက်ကတော့ ဗြောင်းဆန်အောင် လှုပ်ရှားနေသည်။ ရှောက်ရွှမ်သည် သူ့စိတ်ထဲတွင် ထိုလက်တစ်စုံကို ကြည့်နေသည်။ သို့သော် တကယ့်လက်တွေ့တွင်တော့ သူသည် နတ်ဆေးဆရာ၏ အိမ်တော်ထဲရောက်နေပြီဖြစ်သည်။
မျိုးနွယ်စုအကြီးအကဲ၊အမဲလိုက်အဖွဲ့ခေါင်းဆောင်၂ယောက်နှင့် အရေးပါသော လူများရောက်နေကြသည်။ သူတို့သည် သားရေချပ်တစ်ချပ်ပေါ်တွင် လဲလျောင်းနေသာ လူတစ်ယောက်ကို ကြည့်နေကြသည်။
“ရှောက်ရွှမ်ဘာဖြစ်တာလဲ ခေါင်းဆောင်ကြီး…သူများတွေ ဝိုင်းတိုက်ခိုက်လိုက်တာလား” ခဲ့ခဲ့က တိုးတိုးမေးသည်။
အကြီးအကဲက သူ့ကို ကြည့်လိုက်ပြီး ဘာမှ မပြောပါ။ သို့သော် မျက်နှာတော့ မကောင်းပေ။
ကွေ့ဟယ်သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ဖယ်ထုတ်ပြီး ကျန်သူများကို စာရင်းကောက်လေသည်။ သံသယရှိသူ၂ဦး၏ အိမ်ကိုလည်း ရှာဖွေသည်။ သို့သော် အရာအားလုံးမှာ ပုံမှန်ပင်ဖြစ်သည်။ ထိုအိမ်မှ ပြန်ထွက်ရန် ပြင်နေစဉ်မှာ ရှောက်ရွှမ်လည်း ထိုအိမ်သို့သွားသည်ကို
သတိရသွားသည်။ သို့သော် ဘာမှထူးဆန်းသည်ကို မတွေ့ရသဖြင့် ရှောက်ရွှမ်က ပြန်ထွက်သွားခဲ့သည်။ ကွေ့ဟယ်ကတော့ ရှောက်ရွှမ်သည် ထိုအိမ်သို့ နောက်တစ်ခေါက် ပြန်လာသေးလား သိချင်သဖြင့် သစ္စာဖောက်၂ယောက်၏ အိမ်သို့ ပြန်ဦးတည်လိုက်သည်။
အိမ်ထဲသို့ဝင်လိုက်သောအခါ မြေပေါ်တွင် လဲနေသော ရှောက်ရွှမ်ကို မြင်လိုက်ရသည်။ ထိုအခါ ကွေ့ဟယ်သည် ဘာလုပ်ရမှန်းမသိ ထိပ်ထိပ်ပျာပျာ ဖြစ်သွားသည်။ရှောက်ရွှမ်သည် ဝါစဉ်ကြီးပုဂ္ဂိုလ်အဖြစ် ရာထူးတိုးခံထားရသည်မှာ မကြာသေးပါ၊ သူသာတစ်ခုခုဖြစ်သွားပါက နတ်ဆေးဆရာနှင့် အကြီးအကဲတို့က ဒေါသူပုန်ထတော့မည်ဖြစ်သည်။ သို့သော် ကံကောင်းသည်ဟု ဆိုရမည်။ ရှောက်ရွှမ်သည် အသက်ကို ပုံမှန်ရှူနေသည်။ သို့သော် နာမည်ခေါ်နေသည်ကိုတော့ ပြန်မထူးနိုင်သေးပါ။ ထို့ကြောင့် ကွေ့ဟယ်သည် ရှောက်ရွှမ်ကို ထမ်း၍ နတ်ဆေးဆရာဆီသို့ ခေါ်လာရသည်။
နတ်ဆေးဆရာ၏ အိမ်သို့ရောက်သည်အထိ ရှောက်ရွှမ်သည် သတိရမလာသေးပါ။ ကွေ့ဟယ်သည် နတ်ဆေးဆရာကို အသေးစိတ်ပြောပြပြီးနောက် ခွက်အလွတ်တစ်လုံးကို ယူကာ ရွှေမှုန်များကို လောင်းထည့်လိုက်သည်။
အဖွဲ့ခေါင်းဆောင်၂ယောက်တို့သည် သစ္စာဖောက်၂ယောက် မျိုးနွယ်စုအတွင်း ပြန်ရောက်နေသလား သံသယဖြစ်နေကြသည်။ သူတို့သည် ထိုသစ်သားပြွန်လေးကို တူးရန် ပြန်လာခြင်းများလား။ သို့သော် ရှောက်ရွှမ်က ထိုမအိုဆေးသစ်ရွက်ကို ထိလိုက်ချိန်တွင် သတိမေ့သွားလေသည်။ အခြေအနေများကို စစ်ဆေးကြည့်ပြီးသောအခါ သစ္စာဖောက်၂ယောက်မျိုးနွယ်စုထဲ ပြန်ရောက်နေသည်မှာ မဖြစ်နိုင်ကြောင်း သိသွားကြသည်။ ရှောက်ရွှမ်၏ကိုယ်ပေါ်တွင် ဘာဒဏ်ရာမှ မရှိပါ၊ ထို့ကြောင့် ရှောက်ရွှမ်သည် တိုက်ပွဲနှင့် ကြုံတွေ့လာရခြင်းလည်း မဟုတ်ပါ။ ထို့ပြင့် ထိုသစ္စာဖောက်၂ယောက်သည် ရှောက်ရွှမ်ကို ထိုမျှလွယ်လွယ်နှင့် အနိုင်ယူနိုင်သည်ဆိုလျှင် ဘာကြောင့် အသေမသတ်သွားသနည်း။
သူတို့သည် တိကျသည် သက်သေကို မစဉ်းစားနိုင်ကြသဖြင့် အားလုံး တိတ်ဆိတ်နေကြသည်။ နတ်ဆေးဆရာက ဘူးအလွတ်ထဲတွင်ရှိသော ရွှေရောင်အမှုန်လေးများကို လက်နှင့်တို့ကြည့်လိုက်သည်။ ထိုအခါ သူ့မျက်လုံးများ အရောင်တောက်ပသွားသည်။
“ရှောက်ရွှမ် လှုပ်ရှားလာပြီ…ကြည့်ပါဦး” ကွေ့ဟယ်က ပျော်ရွှင်စွာ ထအော်လိုက်သည်။
သားရေချပ်ပေါ်တွင်လှဲနေသော ရှောက်ရွှမ်ကို အားလုံးက ကြည့်လိုက်သည်။ ရှောက်ရွှမ်၏လက်ချောင်းများဖြင့် သားရေချပ်ပေါ်ရေးခြစ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် ဘာပုံသဏ္ဍာန်မှတော့ ပေါ်မလာပါ။ လှုပ်ရှားနေသော လက်ချောင်းများမှာ ပို၍လှုပ်ရှားလာပြီး လက်ကောက်ဝတ်များလည်း လှုပ်ရှားလာသည်။ ရှောက်ရွှမ်သည် တစ်စုံတရာကို ခဲယဉ်းစွာ ရင်ဆိုင်နေရသလို ဖြစ်နေသည်။ သူ့တကိုယ်လုံး ချွေးများစိုရွှဲနေသည်။
သူသည် သားရေချပ်ပေါ်တွင် လှဲလျောင်းနေခြင်းဖြစ်သည်။ ဘာကြောင့် သူ့စွမ်းအင်တွေ ကုန်ဆုံးနေရသနည်း။ အားလုံးအံ့ဩကုန်သည်။
“သူအိပ်မက်ဆိုးမက်နေတာလား” ခဲ့ခဲ့က တိုးတိုးပြောသည်။ ချွေးစေးများပျံနေသော ရှောက်ရွှမ်မျက်နှာကိုကြည့်ရသည်မှာ တောနက်နက်ထဲတွင် သားရဲတစ်ကောင်ကို အမဲလိုက်နေသော လူတစ်ယောက်နှင့်တူနေလေသည်။
နတ်ဆေးဆရာကရှောက်ရွှမ်ကို ကြည့်လိုက်သောအခါ ခဲ့ခဲ့ပြောနေသည်မှာ မှားနေကြောင်းသိလိုက်သည်။ ရှောက်ရွှမ်၏ လက်လှုပ်ရှားပုံများကို သူရင်းနှီးနေသလိုရှိသည်။ ထိုအရာသည် ဘာများဖြစ်သနည်း။ နတ်ဆေးဆရာ၏ မျက်လုံးများမှေးစင်းသွားပြီး အားလုံးအပြင်ထွက်ပေးရန် လက်၂ဖက်ကို ဝှေ့ယမ်း၍ အချက်ပြလိုက်သည်။
အဖွဲ့ခေါင်းဆောင်၂ယောက်က ကျန်သူများကို အပြင်ထွက်ခိုင်းလိုက်ပြီး ရှောက်ရွှမ့်အခြေအနေ
ကို ဆက်ကြည့်နေကြသည်။ ဘယ်သူမှ ဝင်မလာနိုင်ရန် တံခါးကို မင်းတုပ်ထိုး၍ ပိတ်လိုက်သည်။
ကွေ့ဟယ်က ထွက်မသွားချင်သော်လည်း အဖွဲ့ခေါင်းဆောင်တစ်ယောက်က သူ့ကို စိုက်ကြည့်နေသဖြင့် ထွက်ခွာသွားရသည်။
အားလုံးထွက်သွားပြီး၍ တံခါးကို သေချာပိတ်လိုက်ပြီးသောအခါ ခေါင်းဆောင်များက နတ်ဆေးဆရာကို မေးလိုက်သည် “ ရှောက်ရွှမ်ဘာဖြစ်နေတာလဲ အရှင်”။
နတ်ဆေးဆရာသည် ရှောက်ရွှမ်၏ လက်လှုပ်ရှားပုံများကို ကြည့်လိုက်ပြီး “ သူ့လက်လှုပ်ရှားပုံကို ကြည့်ပြီးပြောရမယ်ဆိုရင်တော့ ရှောက်ရွှမ်က တစ်စုံတရာနဲ့တိုက်ခိုက်နေရတယ်၊ ကြိုးထုံးတွေ ထုံးဖို့ကြိုးစားနေတဲ့ တစ်စံတရာပေါ့” ဟုပြောလိုက်သည်။
“ကြိုးထုံးတွေ ဟုတ်လား” အကြီးအကဲသည် စိတ်ရှုပ်စွာဖြင့် မေးလိုက်လေတော့သည်။