← Chapters

ပြန်လည်သတိရလာခြင်း

Vol. 18 Ch. 268

ပြန်လည်သတိရလာခြင်း

Vol. 18 Ch. 268

ရှောက်ရွှမ်မျက်လုံးများ ဖွင့်လိုက်သောအခါ သူ့အမြင်အာရုံမှာ ဝေဝါးနေသေးသည်။ ခဏနေမှ ကြည်လင်လာသည်။ သတိရလာသောအခါ နတ်ဆေးဆရာနှင့်ရှို့လင် တို့၏ မျက်နှာများကို တွေ့လိုက်ရသည်။ “အားရွှမ်…ဘယ်လိုနေသေးလဲ” အော့က စိုးရိမ်စွာဖြင့်မေးလိုက်သည်။

ရှောက်ရွှမ်သည် ထထိုင်ရန်အတွက်ပင် အတွင်းအားကို သုံးနေရသည်။ နတ်ဆေးဆရာပေးသောရေတစ်ခွက်ကို သောက်လိုက်သောအခါမှ ခေါင်းကိုက်ခြင်းဝေဒနာ နည်းနည်းသက်သာသွားသည်။

“ကျွန်တော် ဘာမှမဖြစ်ပါဘူး” ရှောက်ရွှမ်က ခပ်ယဲ့ယဲ့လေသံဖြင့် ဖြေလိုက်သည်။

“မင်းကိုကြည့်ရတာ အားနည်းနေတဲ့ပုံပါ” အော့က

ခွက်ထဲသို့ ရေထပ်ထည့်လိုက်သည်။ ရှောက်ရွှမ်သည် နည်းနည်းသက်သာလာသောအခါ သစ္စာဖောက်လင်မယား၏ အိမ်ထဲတွင် သူကြုံတွေ့ခဲ့ရသည်များကို အော့အား ပြောပြလိုက်သည်။

ရှောက်ရွှမ်ဘာမှမဖြစ်သည်ကို မြင်ရမှ အော့စိတ်သက်သာရာရသွားသည်။

“မင်းပြောတာ ဖြစ်ကြောင်းကုန်စဉ်ပဲလား” အော့က ရွှေရောင်အမှုန်များထည့်ထားသော ပန်းကန်ကို ယူလိုက်သည်။

“ဟုတ်ပါတယ်…ဒါနဲ့အဲဒီသစ်ရွက်တွေ ဘာဖြစ်သွားလဲ” ရှောက်ရွှမ်က မေးလိုက်သည်။

အော့နှင့်နတ်ဆေးဆရာတို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခေါင်းခါလိုက်သည်။ “ငါတို့မေးကြည့်လိုက်မယ်လေ…မဖြစ်သေးပါဘူ…အဲဒီအိမ်ကို ငါကိုယ်တိုင်သွားကြည့်

လိုက်မယ်” အော့က ပြောလိုက်သည်။

“ကျွန်တော်လည်းလိုက်မယ်” ရှောက်ရွှမ်က မတ်တပ်ရပ်လိုက်သည်။ “ငါလည်းလိုက်မယ်” နတ်ဆေးဆရာက ပြောလိုက်သည်။

သစ်သားအိမ်လေးသို့ ရှောက်ရွှမ်တို့ နောက်တစ်ခေါက်ရောက်လာပြန်သည်။ သစ်ရွက်များကို ကိုင်ကြည့်သောနေရာကို ရှောက်ရွှမ်က ညွှန်ပြလိုက်သည်။ သို့သော် သစ်ရွက်များက မရှိတော့ပါ။

“ဒီထဲကို တခြားဘယ်သူဝင်လာသေးလဲ” အော့က မေးလိုက်သည်။ ရှောက်ရွှမ်က ခေါင်းခါလိုက်ပြီး “ဘယ်သူမှ မဝင်လောက်ပါဘူး…အားလုံးက ဟိုသူခိုး၂ယောက်ကို လိုက်ရှာနေတာဆိုတော့ ဒီအိမ်ထဲကို ဝင်ဖို့ မအားလောက်ကြဘူး” ။

နတ်ဆေးဆရာက အိမ်ထဲတွင် လျှောက်ကြည့်နေပြီး ရှောက်ရွှမ်မေ့မြောနေခဲ့သော နေရာတွင် ခဏရပ်နေလိုက်သည်။

“သစ်ရွက်တွေကတော့ ဆွေးမြေ့ကုန်ပြီ” နတ်ဆေးဆရာကပြောလိုက်သည်။

“ဆွေးမြေ့ကုန်ပြီ ဟုတ်လား…သစ်သားပြွန်ထဲက ထုတ်လိုက်တုန်းက အကောင်းအတိုင်းပဲ ရှိသေးတာပါ” ရှောက်ရွှမ်အံ့ဩသွားသည်။ သို့သော် နတ်ဆေးဆရာကတော့ လိမ်မည်မဟုတ်ပေ။

ကျောက်သားအိမ်တော်သို့ ပြန်သောလမ်းတလျှောက်တွင် နတ်ဆေးဆရာက ရှောက်ရွှမ်ကို နောက်ကလိုက်ရန်သာ ပြောထားသည်။ “မင်းသတိမေ့နေတုန်းက မင်းလက်တွေ ဘယ်လိုဖြစ်နေလဲ သိလား” နတ်ဆေးဆရာက မေးလိုက်သည်။

“မသိပါဘူး” ရှောက်ရွှမ်က ခေါင်းခါလိုက်သည်။

“မင်းကိုင်ထားတဲ့ သစ်ရွက်က ထာဝရသစ်ရွက်ဖြစ်မယ်” နတ်ဆေးဆရာက ပြောလိုက်သည်။

“ထာဝရ သစ်ရွက်ဆိုတာ တကယ်ရှိလို့လား” ရှောက်ရွှမ်က သိပ်မယုံချင်။ “ထာဝရသစ်ပင်ကထွက်တဲ့အမှုန်တွေလည်းတွေ့တယ်”

နတ်ဆေးဆရာက ရှောက်ရွှမ် ယုံမယုံကို ဂရုမစိုက်ဘဲ ထာဝရသစ်ရွက်အကြောင်းကို ဆက်လက်ပြောပြနေသည်။ “ ဟိုးအရင်ခေတ်တွေတုန်းက ငါတို့ရဲ့ဘိုးဘေးတွေက သူတို့မှတ်တမ်းတင်ချင်တဲ့ ဖြစ်ရပ်တွေကို ထာဝရသစ်ပင်ရဲ့သစ်ရွက်တွေပေါ်မှာ မှတ်တမ်းတင်လေ့ရှိတယ်…ဥပမာပြောရမယ်ဆိုရင် ငါက နောက်အနာဂတ်မျိုးဆက်သစ်တွေကို ငါ့စွမ်းအင်တွေ ဆက်ပေးချင်တယ်ဆိုရင် ငါ့စွမ်းအင်တွေ အကြောင်းကို ထာဝရသစ်ရွက်ပေါ်မှာ ရေးလိုက်လို့ရတယ်”

“အဲဒီအစွမ်းတွေက သစ်ရွက်ပေါ်မှာ ရေးပြီးသွားပြီဆိုရင်တော့ ပျောက်ကွယ်သွားလိမ့်မယ်…အဲဒီအစွမ်းက တစ်ခေါက်ပဲ တည်ရှိနိုင်တာ…လက်ခံတဲ့သူက အဲဒီသစ်ရွက်ကရဲ့အစွမ်းကို စုပ်ယူလိုက်ပြီးရင်‌တော့ ကျန်တဲ့လူတွေက အဲဒီသစ်

ရွက်ပေါ်မှာ ရေးထားတာတွေကို ဖတ်နိုင်တော့မှာ မဟုတ်ဘူး…အဲဒီသစ်ရွက်ကိုအမွေဆက်ခံနိုင်တာက တစ်ယောက်ပဲရှိနိုင်တယ်…၂ယောက်အမွေဆက်ခံလို့မရဘူး”

“ဒါဆိုရင် အဲဒီသစ်ရွက်က ပေးချင်တဲ့ ပညာတွေက ကျွန်တော့်ခေါင်းထဲကို ရောက်နေပြီလား” ရှောက်ရွှမ်က‌ မေးလိုက်သည်။

“ဟုတ်တယ်”

ရှောက်ရွှမ်သည် ဆွေးမြေ့သွားသော သစ်ရွက်လေးကို ကြည့်နေသည်။ “ဒါဆို ကျွန်တော်က အဲဒီသစ်ရွက်ထဲမှာ ထည့်ထားတဲ့ အစွမ်းတွေကို အမွေဆက်ခံလိုက်တာပေါ့ ဟုတ်လား၊ ဒါပေမဲ့ အဲဒါဘာအစွမ်းလဲ ကျွန်တော်မသိဘူး…ကျွန်တော် မြင်တာဆိုလို့ လက်နှစ်ဖက်က ကြိုးထုံးတစ်ခုထုံးဖို့ ကြိုး‌တစ်ချောင်းနဲ့ အလုပ်ရှုပ်နေတာပဲ မြင်ရတယ်” ။

နတ်ဆေးဆရာက သူ့မုတ်ဆိတ်ကို လက်ဖြင့်

ပွတ်ရင်း ထိုကြိုးထုံးသည် ဘာကိုဆိုလိုတာ ဖြစ်မလဲ စဉ်းစားနေသည်။ “ကွေ့ဇယ်ဆီသွားပြီး အဲဒီကြိုးထုံးတွေရဲ့ အဓိပ္ပါယ်ကို မေးကြည့်ပါလား” ဝူက ပြောလိုက်သည်။

“ကြိုးထုံးနည်းနည်းလောက်က ဘာကို ကိုယ်စားပြုနိုင်မှာ မလို့လဲ” ရှောက်ရွှမ်က မေးလိုက်သည်။ သို့သော် ထိုကြိုးထုံးများ၏ အဓိပ္ပါယ်ကို ရှောက်ရွှမ် အလွန်သိချင်နေသည်။ သစ်ရွက်က မည်သည့် အရာကို ပေးခဲ့သလဲ ရှောက်ရွှမ်သိချင်နေသည်။

နောက်တစ်နေ့တွင် ရှောက်ရွှမ်သည် ဆေးကုသဆောင်ကို ထွက်လာခဲ့သည်။ နတ်ဆေးဆရာက ကွေ့ဇယ်ကို အကျိုးအကြောင်းပြောပြထားသဖြင့် ရှောက်ရွှမ်ရောက်လာသည်နှင့် ကွေ့ဇယ်က သားရေလိပ်တစ်ခုကို ထုတ်ပေးလိုက်သည်။

ရှောက်ရွှမ်က သားရေလိပ်ကို ဖွင့်ကြည့်လိုက်သည်။ ကြိုးပုံများ၊ ကြိုးထုံးပုံများ၊နှင့် ဘေးတွင် ဆိုလိုရင်းအဓိပ္ပါယ်များကို ဖော်ပြထားသည်။ သားရေလိပ်မှာ အသစ်အတိုင်းပင် ရှိသေးသည်။

ထုတ်ထားသည်မှာ နှစ်သိပ်မကြာလောက်သေးပေ။

“ကျေးဇူးတင်ပါတယ်…ကျွန်တော်အကူအညီလိုရင် အရှင့်ဆီလာခဲ့မယ်နော်” ရှောက်ရွှမ်သည် ကြိုးတစ်ချောင်းကို ဆွဲထုတ်ပြီးနောက်၊ ထိုကြိုးကို ကြည့်နေလိုက်သည်။ ကွေ့ဇယ်ပေးလိုက်သော ကြိုးများမှာ အလွန်ချောမွေ့သည်။ သားရေလိပ်ထဲမှ ပုံများတွင် ကြိုးချည်နည်းများ၊ မည်သည့်ကြိုးက မည်သည့် အဓိပ္ပါယ်ကို ဆောင်သည်တို့ကို ဖော်ပြထားသည်။

ကြိုးထုံးပုံစံအပေါ်မူတည်၍ ဆိုလိုသော အဓိပ္ပါယ်မှာလည်း ကွာခြားသွားသည်။ လျှို့ဝှက်နည်းဖြင့် အကြောင်းကြားလိုလျှင် ထိုကြိုးထုံးများကို သုံးလေ့ရှိသည်။ ရှောက်ရွှမ်အမြင်တွင်တော့ ထိုကြိုးထုံးများအားလုံးမှာ အတူတူလိုပင်ဖြစ်သည်။ တဖြည်းဖြည်းနှင့် ရှောက်ရွှမ်သည် ကြိုးထုံးများဖြင့် ဝါကျတစ်ကြောင်းကို တည်ဆောက် တတ်သွားသည်။

သစ်ရွက်ပေါ်တွင် ရှိသော ကြိုးထုံးအစဉ်များကို ပြန်မှတ်မိရန် ရှောက်ရွှမ်စဉ်းစားနေလိုက်သည်။ သူ့မှတ်မိသလောက် သစ်ရွက်ပေါ်က ကြိုးထုံးများကို ပြန်ထုံးကြည့်ရန် ကြိုးစားသည်။ သို့သော် တစ်ပုံစံတည်းတူအောင်တော့ သူမလုပ်နိုင်ပါ။

ထို့နောက် ရှောက်ရွှမ်သည် ထုံးရန် မဖြစ်နိုင်သော ကြိုးထုံးများကို တစ်ခုပြီးတစ်ခု ထုံးကြည့်သေည်။ သစ်ရွက်ပေါ်မှ ကြိုးထုံးများမှာ လွန်စွာ ခက်ခဲရှုပ်ထွေးသော နည်းလမ်းများဖြင့် ထုံးထားခြင်းဖြစ်သည်။

ကြိုးထုံးများကို ထုံးရင်းနှင့် ရှောက်ရွှမ်စဉ်းစားမိသည်။ “ငါက ဥာဏ်ကောင်းတဲ့ကောင် မဟုတ်တော့ဘူးလား…ဘာလို့ သာမန်ကြိုးထုံးလေးတစ်ထုံးတောင် မထုံးတတ်ရတော့တာလဲ…ဘာလို့ ဒီကြိုးတွေက ငါ့လက်ပေါ်ရောက်မှ ရှုပ်ယှက်ခတ်သွားရတာလဲ” ။

သူ့လက်တွင်ရှုပ်ထွေးနေသော ကြိုးများကို

ရှင်းလင်းပြီးသွားသောအခါ ရှောက်ရွှမ်သည် နဖူးမှ ယိုစီးကျနေသော ချွေးများကို သုတ်လိုက်သည်။ ကြိုးများထုံးချည်ရသည်မှာ ခက်ခဲလှသည်။

အချိန်သိပ်မရှိတော့သဖြင့် ရှောက်ရွှမ်သည် ကြိုးထုံးခြင်းကို ရပ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ မနက်ဖြန်မှ ဆက်ထုံးရမည်။

ထိုမျှ ရိုးစင်းသော ကြိုးထုံးလေးတစ်ထုံးကို သူမထုံးတတ်သည့်အတွက် ရှောက်ရွှမ်တစ်ယောက် သူ့ကိုယ်သူ မယုံနိင်ဖြစ်နေလေသည်။

All Chapters