← Chapters

Chapter 9

Vol. 1 Ch. 9

Chapter 9

Vol. 1 Ch. 9

မဒမ်လျှို၏ အလုပ်မှာ သာမန်အလုပ်တော့ မဟုတ်၊ နိုင်ငံပိုင် ဟော်တယ်တစ်ခု၏ စားပွဲထိုး ဖြစ်ပေသည်။

မျက်မှောက်ခေတ်၌ နိုင်ငံပိုင်ဟော်တယ်များသည် အလွန် ဝင်ငွေကောင်းသည့်အထဲတွင် ပါဝင်ပေသည်။ ထိုနေရာတွင် အလုပ်တစ်ခု ရနိုင်ရန် ကြိုးပမ်းနေသူများလည်း မနည်းလှချေ။ ပင်စင်ယူရမည့်အရွယ်သို့ ရောက်လာ၍သာ မဟုတ်ပါလျှင် မဒမ်လျှိုသည် ထိုအလုပ်မှ နုတ်ထွက်လိမ့်ဦးမည် မဟုတ်ချေ။

ငွေကြေးနှင့် ပတ်သက်၍ တစ်ပါးသူအပေါ် မှီခိုနေရန် မလိုအပ်လောက်အောင် များပြားလှသည့် လစာ၊ လွယ်ကူသော လုပ်ငန်းတာဝန်၊ မြင့်မားသော ဂုဏ်အဆင့်အတန်းနှင့် ပုံမှန်ဝင်ငွေတို့သည် ထင်သာမြင်သာရှိလှသည့် ကောင်းကျိုးများပင် ဖြစ်သည်။ သို့သော် ချင်းလိုင်တိကမူ ထိုထက်ပို၍ပင် လှမ်းမြင်နေသေး၏။ ယခုလက်ရှိ၌ အကြီးဆုံးအစ်မချင်း၏ အာရုံစိုက်မှုများကို လွှဲပြောင်းပေးနိုင်ရန် အလုပ်တစ်ခု အရေးတကြီး လိုအပ်နေပေသည်။

ကိုယ်ဝန်ဆောင်နိုင်ရန် ကာလရှည်ကြာ ပြင်ဆင်ခဲ့ရမှုကြောင့် သူမ၏ စိတ်အခြေအနေသည် ယိုယွင်းပျက်စီးလုမတတ် ဖြစ်နေတော့သည်။ သူမသာ ထိုအတိုင်း အိမ်ထဲတွင်သာ ဆက်ပြီး ပိတ်မိနေကာ သူမ၏ ခင်ပွန်းဘက်မှ မိသားစုဝင်များ၏ မျက်နှာများကို ဆက်ပြီး မြင်နေရပါလျှင် သူမ၏ ကျန်းမာရေးအခြေအနေသည် ပြန်လည်ကာ ကောင်းမွန်လာတော့လိမ့်မည် မဟုတ်ချေ။

ခန္ဓာကိုယ် မသက်သာပါလျှင် ကိုယ်ဝန်ဆောင်နိုင်ရန် ပိုမိုခက်ခဲလာမည် ဖြစ်ကာ ထိုသို့ဖြင့် အဖန်တလဲလဲ သံသရာလည်ရင်း အတိတ်ဘဝကကဲ့သို့ပင် ဘဝကို အဆုံးသတ်ရချေလိမ့်မည်။

“ဒီကောင်မလေး .. နေရာတကာကို ပါတယ် ...”

“အရင်ကတည်းက အစ်မက တစ်အိမ်လုံးရဲ့ ထောက်ပံ့မှုကို ယူနေရတယ်နော်လို့ မပြောခဲ့ဖူးဘူးလား။ အစ်မကြီးသာ ကိုယ်ပိုင်ဝင်ငွေ ရလာရင် ဘယ်သူ့ကိုမှ မှီခိုနေစရာ မလိုတော့ဘူးလေ သမီးတို့လည်း လျှိုမိသားစုကို ချစ်ပါတယ်။ ပြီးတော့ သူတို့ကို စွန့်ပစ်ချင်စိတ်လည်း မရှိပါဘူး”

အကြီးဆုံးခဲအိုမှာ အပေါ်ယံပုံစံအရ ရိုးသားသယောင် ထင်ရသည့်တိုင် အတိတ်ဘဝက အကြီးဆုံးအစ်မ စိတ်ရူးပေါက်သွားသည်နှင့် တစ်ပြိုင်နက် သူသည် သူမကို ချက်ခြင်းဆိုသလို စိတ္တဇဆေးရုံသို့ ပို့ခဲ့လိုက်သည်။ သူမ၏ စိတ်ထဲတွင် ထိုဖြစ်ရပ်သည် အစိုင်အခဲတစ်ခုအဖြစ် အမြဲ ကျန်ရစ်နေတော့၏။

“ပြီးတော့ ငါ့မှာလည်း ဆေးဖိုးအတွက် ကုန်စရာတွေ ရှိသေးတယ်လေ။ နင်တို့ခဲအို ပြောတဲ့စကားအရတော့ ငါလည်း ပိုက်ဆံအတွက် ငါဒီအလုပ်ကို ရောင်းချသင့်တယ်တဲ့ ”

ဤရက်များအတွင်း သူတို့၏ အလုပ်အကိုင်များနှင့် မြို့ပြနေထိုင်မှု စာရင်းသွင်း အထောက်အထားတို့ကို တိတ်တဆိတ် ရောင်းချသူများ အများအပြား ရှိနေပေသည်။ ရှားပါးသည့်အရာ မည်သည့်အရာမဆို အရင်းအမြစ်တစ်ခု ဖြစ်နေပေသည်။

“နင့်ရဲ့ ခဲအိုကလည်း ငါ့အတွက် စိတ်မကောင်းဖြစ်နေတယ်လေ။ သူက ငါ့ကို အရမ်းကြီးလည်း မပင်ပန်းစေချင်ဘူး။ အလုပ်လုပ်မယ်ဆိုရင် အိမ်မှာ ငါ့ခန္ဓာကိုယ်ကို အေးအေးဆေးဆေး ဂရုစိုက်ပြီး ပြင်ဆင်ဖို့ အချိန်မရှိမှာကို စိုးရိမ် ...”

“အိုက်ယား .. အစ်မကြီးရဲ့ သေချာလေး စဉ်းစားကြည့်လိုက်စမ်းပါ အခုလက်ရှိ အစ်မရဲ့ အခြေအနေက ကလေးမရှိလို့ ဒီလိုမျိုး ဖြစ်နေတာ ဟုတ်ရဲ့လား ...”

ချင်းလိုင်တိမှာ ထိုစကားများကို ဆက်ပြီး နားမထောင်နိုင်တော့သည့်အတွက် ကြားမှ ဝင်ဖြတ်ပြောလိုက်တော့သည်။

မြေးအဘွားနှစ်ဦးစလုံး ကြောင်အသွားရရှာတော့၏။

ဟုတ်တယ်လေ အဓိက အကြောင်းအရင်းက ကလေး မရလို့ဘဲ မဟုတ်ဘူးလား။ သူမရဲ့ အခြေအနေက အဆင့်အတန်းမြင့်တဲ့လူနဲ့ အိမ်ထောင်ပြုမိတဲ့ မိန်းကလေးတိုင်း ကြုံတွေ့နေကျ အခြေအနေမျိုးပဲလေ သားတွေချည်းပဲ ၁၀ ယောက်လောက် မွေးထားရင်တောင် ယောကျ်ားရဲ့ မိသားစုဝင်တွေက အထင်သေးသလို ကြည့်ကြဦးမှာပဲလေ။

မိန်းမဆိုတာ တကယ်တမ်းတော့ သားဖောက်စက်တစ်ခု သာသာပဲ မဟုတ်လား။ သူမရဲ့ ယောက္ခမစုံတွဲနဲ့ ယောက်မကမှ သူမခင်ပွန်းရဲ့ တကယ့် မိသားစုဝင်အစစ်တွေလေ။

“အိုက်လန် ပွင့်ပွင့်လင်းလင်း ပြောပါ အဲဒီ လျှိုကျားဝေက သမီးအပေါ် တကယ် ကောင်းရဲ့လား ...”

“တော်တော်လေး ကောင်းပါတယ် သူ့မိဘတွေရဲ့ ရှေ့မှာဆိုလည်း ငါ့ကောင်းကြောင်းတွေ အမြဲတမ်း ပြောပြတတ်တယ်။ လစာဆိုလည်း သူ့မိသားစုကို တစ်ချို့တစ်ဝက်ပဲ ပေးပြီး ကျန်တာအကုန် ငါ့ကိုပေးတာ။ ငါ အလုပ်သွားလုပ်ရတဲ့ နေ့တွေမှာဆိုလည်း သူက ငါ့အတွက် သကြားညိုကြက်ဉတွေ တိတ်တိတ်လေး ယူလာပေးတယ်လေ။ အဝတ်အစားအသစ် ဝယ်ရအောင်ဆိုပြီးလည်း သူ့အလုပ်က ရလာတဲ့ ဘောနပ်စ်တွေ ပေးတယ်။ ပြီးခဲ့တဲ့တစ်ခေါက်ကဆို ငါ့ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ အားဆေးတွေ အများကြီး ဝယ်လာပေးသေးတယ် ...”

ထိုမျှသာမက သူသည် သူမ၏ နှစ်ရှည်လများ ကိုယ်ဝန်မဆောင်နိုင်သည့် အပေါ်တွင်လည်း ငြူစူစိတ်ကွက်ခြင်း စိုးစဉ်းမျှပင် မရှိခဲ့။ သူမအတွက် ဆေးဝယ်ရန် သူ့အမေ၏ အလုပ်ကို ရောင်းချရန်ပင် စီစဉ်ခဲ့သေးသည်။

ချင်းကွေ့ဟွားက ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် ထိုစုံတွဲ၏ အတိတ်က နေထိုင်ပုံများကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသူ ဖြစ်သည့်အလျောက် လျှိုကျားဝေ့သည် အမှန်တကယ်ပင် ရိုးသားကာ တစ်ဖက်သူအပေါ် စဉ်းစားတွေးပေးတတ်သည့် ခင်ပွန်းတစ်ဦးဖြစ်ကြောင်း သိထားပေသည်။

“ကောင်းပြီလေ ဒါဆို အလုပ်ကို ယူလိုက်ပါ။ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရင် မိသားစုအချင်းချင်းလည်း စိတ်ဝမ်း မကွဲရတော့ဘူးပေါ့။ လစာပေါ် မူတည်ပြီး ခွဲခြမ်းတာလည်း မကောင်းတဲ့ အကြံတော့ မဟုတ်ပါဘူး ...”

စောင့်ကြည့်နေသည့် မျက်လုံးပေါင်းများစွာနှင့် ခပ်ဝေးဝေးတွင် နေရခြင်းမှာ သူမ၏ စိတ်အခြေအနေအတွက်လည်း ကောင်းမွန်ပေသည်။

လိုင်တိက စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ အာရုံတစ်ခုလုံးကို စားသောက်ရာ၌ နှစ်မြှုပ်ထားသည့် ဖန်တိပင်လျှင် ခေါင်းငြိမ့်ပြလိုက်၏။

အိမ်သို့ အလည်ပြန်ရောက်လာသည့် အိုက်လန်ကြောင့် ချင်းကွေ့ဟွားသည် ပထမဆုံးအကြိမ် နေ့လည်စာအဖြစ် ကြက်ဉနှစ်လုံးကို ထုတ်ကာ သူမ ကိုယ်တိုင်စိုက်ထားသည့် အိုးထဲမှ ကြက်သွန်မြိတ် လက်တစ်ဆုပ်စာဖြင့် ရောကြော်လိုက်သည်။ ထိုမျှသာမက ပြောင်းဖူးဘိန်းမုန့် တစ်ဗန်းကိုပါ ပေါင်းထားလိုက်သေး၏။

ဆန်ကြမ်းကိုသာ အဓိက သုံးထားသည့်တိုင် နူးညံ့မွှေးပျံ့သည့် ဆန်ချောများကိုလည်း ရောနှောထည့်ထားရာ ညီအစ်မသုံးဦးစလုံးသည် ပါးစပ်တစ်ခုလုံး ဆီများ စိုရွှဲသွားသည်အထိ အားရပါးရ စားသောက်လိုက်ကြတော့သည်။

စားသောက်ပြီးနောက် ချင်းလိုင်တိသည် သူမ၏ အကြီးဆုံး အစ်မကြီးအား လက်ကောက်ဝတ်ကို ဆန့်ထုတ်၍ လျှာထုတ်ပြရန် ပြောလိုက်သည်။ စမ်းသပ်ချက်များစွာ ပြုလုပ်ပြီးနောက် သူမသည်လည်း အိုက်လန် ပြသခဲ့ဖူးသည့် ဆရာဝန်များ၏ ကောက်ချက်အတိုင်းသာ သုံးသပ်ရရှိခဲ့သည်။

ချင်းအိုက်လန်သည် စိတ်ကျမှုဝေဒနာကို ခံစားနေရကာ အသည်းတွင် သွေးကြောပိတ်သည့် လက္ခဏာများလည်း တွေ့နေရသည်။ သူမက ချင်းအိုက်လန်အား သူမ သုံးစွဲခဲ့ဖူးသည့် သုံးနေလက်စ ဆေးဝါးများအကြောင်းကိုလည်း မေးကြည့်လိုက်သေး၏။ သူမ၏ ခန္ဓာကိုယ်တွင် ပြသနေသည့် လက္ခဏာများအရ ထိုရောဂါသည် သူမကိုယ်တိုင် ကုသပါမှ ပျောက်ကင်းမည့်ရောဂါ ဖြစ်ပေသည်။

“ဒါနဲ့ စောစောက “တတိယခဲအို”ဆိုပြီး ဖန်တိ ပြောနေတာ ကြားလိုက်သလားလို့ ငါတို့ လိုင်တိက သတင်းကောင်း ကြားရတော့မှာလား ...”

ချင်းလိုင်တိမှာ အမှန်တကယ်ပင် ရှက်ရွံ့မိနေကာ ဟန်ဆောင်ပန်ဆောင် လုပ်နေခြင်းကို ရပ်တန့်လိုက်ပြီး သူမအား ပြီးခဲ့သည့် ရက်အနည်းက ဖြစ်ပျက်ခဲ့သည်များကို အစအဆုံး ပြောပြလိုက်တော့သည်။

ဤသည်မှာ သူမတို့အဘွား စတိုင်အစစ်ပင်။ အိုက်လန်က နှုတ်ခမ်းကို ကိုက်လျက် ပြောလိုက်သည်။

“ရဲဘော်ရှောင်ဟဲက ဘယ်လိုနေလဲ နင့်အပေါ် ကောင်းရဲ့လား ...”

“ပြီးတော့ သူက ဘာအလုပ်လုပ်တာလဲ ...”

တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသေးသည့် တတိယမတ်လေး အပေါ် အကောင်းမြင်စိတ်များ ကျန်ရစ်စေလိုသည့် ဖန်တိက ခပ်သွက်သွက် ဝင်ပြောလိုက်သည်။

“တတိယခဲအိုက လက်ဖွဲ့အတွက် ယွမ် ၆၀ တောင် ပေးသွားတာ။ ပြီးတော့ တတိယအစ်မကိုလည်း နေထိုင်စရိတ်ဆိုပြီး ၁၅ ယွမ် ပေးသွားသေးတယ်။ သူက အခုတော့ အလုပ်နည်းနည်း များနေသေးတယ်တဲ့။ ဒါပေမယ့် အလုပ်တွေ လက်စသတ်ပြီးသွားရင် မင်္ဂလာပွဲ ကျင်းပပြီး တတိယအစ်မကို မြို့ပေါ် ခေါ်သွားပေးမယ်လို့ ကတိပေးသွားတယ် ...”

အားရပါးရ ပြောသွားလိုက်သည်မှာ ထိုစကားများကို သူမကိုယ်တိုင် မြင်ခဲ့ကြားခဲ့ရသည့်အလားပင်။

ချင်းအိုက်လန်လည်း ထပ်တူ ပျော်ရွှင်မိသွားခဲ့သည်။

“ကောင်းလိုက်တာ .. တစ်ခြားဒေသက လူကို ရှာတော့လည်း ဘာမှတော့ ကိစ္စမရှိပါဘူး ရှေ့လျှောက် ပို့ဆောင်ဆက်သွယ်ရေးတွေကလည်း ပိုပြီး အဆင်ပြေနေပြီပဲဟာ မိဘအိမ်ကို အချိန်မရွေး ပြန်လာလို့ ရတာပဲလေ ...”

သို့သော် သူမသည် သတို့သမီး တင်တောင်းကြေးကိုမူ လက်မခံရဲသေးချေ။ သူမ လက်ထပ်ခဲ့စဉ်က လျှိုမိသားစုသည် သတို့သမီး တင်တောင်းကြေးကို တစ်ပြားတစ်ချပ်မျှပင် မပေးခဲ့သည့်အတွက် ထိုကိစ္စကြောင့် အဘွားဖြစ်သူကို ယခုအထိ ရှက်ရွံ့အားနာမိနေဆဲပင်။

ထိုသို့ဖြင့် မြေးအဘွားသုံးယောက်သား အချိန်အတော်ကြာ စကားလက်ဆုံကျနေလိုက်ကြကာ ပြောသမျှ စကားတိုင်းတွင်လည်း “ရှောင်ဟဲ” ဟူသည့် စကားလုံးက မကြာခဏ ပါဝင်ခဲ့ပေသည်။ ထို့နောက် နေဝင်ချိန် ရောက်ကာမှ ချင်းအိုက်လန်သည် ခင်ပွန်းဖြစ်သူ၏ အိမ်သို့ တုန့်ဆိုင်းစွာဖြင့် ပြန်လာခဲ့လိုက်သည်။

ချင်းအိုက်လန်နှင့် ထပ်တူပင် ရွာထဲရှိ လူကြီးလူငယ် ကျားမ မရွေး အားလုံးမှာလည်း ရှောင်ဟဲ ပြန်လာမည့်အချိန်ကို သိချင်နေကြရာ ချင်းလိုင်တိ အလုပ်သွားချိန်တိုင်း ရွာထဲမှ အဒေါ်ကြီးများက သူမကို စပ်စုမေးမြန်းကြပေသည်။

“နောက်ပိုင်း ရှောင်ဟဲဆီကနေ သတင်းရသေးလား ...”

“သူက ဘယ်အချိန် လာခေါ်မှာတဲ့လဲ ...”

သူမ၏ ခေါင်းအုံးအောက်ရှိ လက်ထပ်မှတ်ပုံတင်ကြောင့်သာ မဟုတ်ပါလျှင် ချင်းလိုင်တိသည် သူမ၏ လက်ထပ်မှုမှာ အတုအယောင်လေလားဟုပင် ထင်မိတော့မည် ဖြစ်သည်။

ဟဲလျန်ရှန်းက သူမနှင့် လက်ထပ်ခဲ့ရသည့်အပေါ် နောင်တရကာ သူမကို မလိုချင်တော့ဟု အခြားသူများ၏ မှန်းဆချက်နှင့် နှိုင်းယှဉ်ပါလျှင် သူမသည် လောင်ဟဲထုံ၏ အကျင့်စရိုက်ကိုသာ ပိုမိုယုံကြည်ပေသည်။

သူမတို့၏ လက်ထပ်မှုတွင် သက်သေအထောက်အထားလည်း ရှိထားပြီး ဖြစ်သည့်အတွက် သူသည် ထိုလက်ထပ်မှုအပေါ် ကျိန်းသေ တာဝန်ယူပေလိမ့်မည်။

ကာလရှည်ကြာ သတင်းမရခြင်းမှာ သူ့အလုပ်ကိစ္စသည် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်ရန် အခွင့်မသာသည့် အလုပ်ကိစ္စ ဖြစ်သည့်အတွက်သာလျှင် တစ်ဦးနှင့်တစ်ဦး မကြာခဏ တွေ့ဆုံနိုင်ရန် ခဲယဉ်းနေရခြင်း ဖြစ်ပေသည်။

သူမသည် အတိတ်ဘဝက လောင်ဟဲထုံ ပြောခဲ့သည့် စကားများကို မှတ်မိနေဆဲပင်။ သူ လိုက်ဖမ်းနေသူ နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အမှီအခို မရှိသည့်အတွက် ထိုသူတို့ကို ဖမ်းမိနိုင်ရန် ခြေတစ်လှမ်း နောက်ကျသွားရကာ နယ်နိမိတ်စည်းအထိ လိုက်လံဖမ်းဆီးခဲ့ရသည်။

ခိုးရာပါ ပစ္စည်းတို့မှာမူ တိုင်းပြည်၏ ပြင်ပသို့ ရောက်ရှိသွားပြီး ဖြစ်သည်။ ထို့နောက်တွင် အစီရင်ခံခြင်းနှင့် ခွင့်ပြုချက် တောင်းခံခြင်းတို့ကပင်လျှင် လဝက်နီးပါးခန့် ကြာမြင့်ခဲ့သေး၏။ ကိစ္စအားလုံး ပြင်ဆင်ပြီးသည့်နောက်တွင် သူသည် မွန်ဂိုလူမျိုးတစ်ဦးအနေဖြင့် ရုပ်ဖျက်ကာ မြောက်ပိုင်းရှိ မွန်ဂိုဒေသအထိ တစ်နှစ်နီးပါး နောက်ယောင်ခံလိုက်ကာမှ ပစ္စည်းကိရိယာများကို တစ်စစီ ဖြုတ်မည့် ရန်သူ၏ အကြံအစည်ကို ဖျက််ဆီးနိုင်တော့သည်။

ထိုသို့ တစ်ဖက်ရန်သူ၏ အကြံအစည်ကို ဖျက်ဆီးနိုင်ရန်ကပင်လျှင် နောက်ထပ် နှစ်လနီးပါး ကြာမြင့်ရပြန်ကာ အိမ်သို့ ပြန်ရာလမ်းတစ်လျှောက်၌လည်း အမျိုးစုံ ရုပ်ဖျက်လျက် ကွေ့ကာပတ်ကာဖြင့် ပုန်းလျှိုးကွယ်လျှိုး ပြန်လာခဲ့ရသည်။

ထိုမစ်ရှင်သည် အချိန်ကာလများစွာ ကြာမြင့်ရသည့်တိုင် သူကမူ ပြည့်စုံလှပစွာဖြင့် အဆုံးသတ်နိုင်ခဲ့သည်။

သို့သော် ချင်းလိုင်တိသည် ထိုအကြောင်းများကို တစ်ခွန်းမျှပင် ထုတ်မပြောနိုင်ချေ။ ထို့ကြောင့် သူမသည် အားလုံး၏ တမင်တကာ အစ်အောက်မေးသည့် စကားများအားလုံးကို “အလုပ်များနေလို့ပါ” ဟူသည့် စကားဖြင့်သာ ပြန်လည်တုန့်ပြန်ခဲ့သည်။ ယခုလက်ရှိ သူမ ကြုံတွေ့နေရသည့် ပြဿနာမှာ “အသားအစားကြူးမိနေခြင်း” ဖြစ်ပေသည်။

ကြက်ဥများဖြင့် ထမင်းတစ်နပ် စားသောက်ပြီးချိန်မှစကာ သူမ၏ ပါးစပ်သည် အသားကို စားလိုက်ရသကဲ့သို့ ခံစားမိနေပြီး အသားစားရန်ကို တောင့်တလာမိတော့သည်။

အတိတ်ဘဝကလည်း နေမကောင်းမှုကြောင့် လောင်ဟဲထုန်သည် သူမအား ဟိုဟိုဒီဒီ ပေါက်ကရ မစားရန် တားမြစ်ခဲ့ပေရာ ယခုအချိန်တွင် သူမသည် အစားအသောက်အပေါ် အလွန် တပ်မက်မိလာတော့သည်။ အစ်မအကြီးဆုံးက အိမ်မပြန်ခင် သူမကို ငါးယွမ် တိတ်တိတ်လေး ပေးခဲ့သည့်အတွက် မှောင်ခိုဈေးကွက်သို့ နောက်တစ်ကြိမ် သွားကြည့်ရန် အခိုင်အမာ ဆုံးဖြတ်လိုက်တော့သည်။

လက်ရှိ မှောင်ခိုဈေးကွက်မှာ များစွာ မကြီးမားသေးရာ လိုချင်သမျှ ပစ္စည်းတိုင်းကို ဝယ်ယူ၍ မရနိုင်သေးချေ။ ဝက်သားမှာ မှောင်ခိုဈေးကွက်တွင် ဝယ်လိုအား အများဆုံး ဖြစ်ပေသည်။

ဝက်ဗိုက်သားသည်ပင်လျှင် တစ်ပေါင်ကို ၆၅ ဆင့် ကျသင့်၏။ ဝယ်သင့်မဝယ်သင့် ချိန်ဆနေစဉ် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဝက်ဗိုက်သားအားလုံး ကုန်သွားကာ မိုးခိုသား အနည်းငယ်နှင့် ဝက်ခြေထောက်တို့သာလျှင် ကျန်ရစ်တော့သည်။ ဈေးမှာလည်း ၆၀ ဆင့်သာ ဖြစ်သော်ငြား ထိုအသားတို့တွင် အဆီ မပါရှိပေရာ ချင်းလိုင်တိသည် သွားကြားညပ်စေမည့် အဆီမပါသော အသားများကို မစားလို။ အဆီအခေါက်တို့ဖြင့် ပြည့်ဝသည့် ဝက်ဗိုက်သားကိုသာ စားလိုပေသည်။ .

လက်ဗလာဖြင့် လျှောက်ပတ်ကြည့်ပြီးနောက် သူမသည် ယုန်ရောင်းသူတစ်ဦးကို တွေ့လိုက်ရသည်။

ထိုသူ ရောင်းနေသည်မှာ တောယုန်မဟုတ်၊ အလှမွေးသည့် အိမ်မွေးယုန်တစ်ကောင် ဖြစ်ပေသည်။ ထိုယုန်မှာ နွမ်းနယ်ပင်ပန်းနေကာ အသိစိတ်ပင် ကောင်းကောင်း ကပ်တော့ဟန် မတူပေ။

“မိန်းကလေး ယုန် လိုချင်လို့လား ယူမယ်ဆိုရင် မင်းကို တစ်ဒေါ်လာ ၅၀ ဆင့် နဲ့ပဲ ပေးမယ်လေ ...”

(အပေါ်မှာ ယွမ်နဲ့ပဲ သုံးခဲ့တော့ ဒီမှာလည်း တစ်ယွမ်ပဲ ဖြစ်မယ်ထင်ပါတယ် ဒါပေမယ့် သူ့ထဲမှာ ဒေါ်လာနဲ့ ရေးထားတော့ ဒေါ်လာနဲ့ပဲ ရေးလိုက်ပါ့မယ်)

လိုင်တိက ထိုယုန်မှာ အခြေအနေမကောင်းလှကြောင်း သတိပြုမိခဲ့သည်။ သူမသည် သူမကိုယ်သူမ ကျန်းမာရေး သိပ်မကောင်းလှဟု အမြဲ ခံစားမိနေခဲ့ရာ နာမကျန်းသည့် တိရိစ္ဆာန်တစ်ကောင်ကို အိမ်သို့ ပြန်သယ်မသွားရဲချေ။ ထို့အပြင် သူမသည် နေ့စဉ်နေ့တိုင်း ဝက်ပေါက်စများဖြင့် ထိတွေ့ဆက်ဆံနေရရာ အကယ်၍ ထိုယုန်မှတစ်ဆင့် ရောဂါတစ်မျိုးမျိုး ကူးစက်သွားခဲ့ပါလျှင် သူမ ရထားသည့် ကောက်ပဲသီးနှံများထက်ပင် ပိုမို၍ တန်ကြေးကြီးသွားပေလိမ့်မည်။

တုန့်ဆိုင်းနေသော သူမ၏ အမူအယာကို အကဲခတ်ရင်း ယုန်ရောင်းသူက ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ဒီကောင်က ရောဂါဖြစ်တာ မဟုတ်ပါဘူး ဒီတိုင်း နေပူထဲမှာ အနေများလို့ ပင်ပန်းနေရုံသပ်သပ်ပါ မယုံရင် ကြည့်ကြည့်ပါလား ...”

ထိုသို့ ပြောရင်း သူက မြက်တစ်ဆုပ်ကို လက်ဖြင့် ကောက်ယူကာ ယုန်၏ နှာခေါင်းအရှေ့နားသို့ ယမ်းပြလိုက်သည်။ ထိုအခါ နုံးခွေနွမ်းလျနေသည့် ယုန်က ချက်ခြင်းဆိုသလို နားရွက်ထောင်လာကာ “coo coo” ဟု အသံမြည်လျက် ခြေထောက်များကို အားမာန်အပြည့်ဖြင့် ခုန်ပေါက်လိုက်တော့သည်။

ချင်းလိုင်တိက အကျိုးအမြတ်များကို တိတ်တဆိတ် တွက်ချက်လိုက်သည်။ ယခုလက်ရှိတွင် ဝက်သား တစ်ကီလိုလျှင် ၅၀ ဆင့် ပေးရရာ သူမသည် မှောင်ခိုဈေးကွက်၌ လက်မှတ်များ အခမဲ့ ရနိုင်ပါလျှင် ၆၀.၅ ဆင့် ကျသင့်ဦးမည် ဖြစ်ပေသည်။ ယုန်သည် လေးကီလိုနီးပါး ရှိပေရာ အသားချည်းသပ်သပ် သုံးကီလိုခန့် ရနိုင်မည် ဖြစ်၏။ ထို့ကြောင့် ၁ ယွမ်နှင့် ၅၀ ဆင့်မှာ သူမအတွက် ရှုံးသည်တော့ မဟုတ်ချေ။ အကြိမ်အနည်းငယ်ခန့် ဈေးဆစ်ပြီးနောက် ယုန်တစ်ကောင်လုံးကို တစ်ယွမ် ၂၅ ဆင့်နှင့် ဝယ်ယူနိုင်ခဲ့သည်။

အဘိုးအိုက ယုန်၏ လက်နှင့်ခြေထောက်များကို ကြိုးဖြင့်ချည်ကာ သူမ၏ ခြင်းထဲသို့ ထည့်ပြီးနောက် နေပူ မမိစေရန်နှင့် အခြားလူများ မမြင်စေရန် အလို့ငှာ အပေါ်မှ သစ်ကိုင်းများဖြင့် ဖုံးအုပ်ပေးလိုက်သည်။

သို့သော် ချင်းလိုင်တိသည် သူမ တောင့်တနေရသည့် ယုန်သားကို စားခွင့် မရခဲ့ချေ။ အိမ်သို့ ပြန်ရောက်သည့်အခါ ဖန်တိက ထိုယုန်ကို အချိန်အတော်ကြာ ပွတ်သပ်ကိုင်တွယ်နေပြီးနောက် ရုတ်ချည်းဆိုသလို ထငိုလိုက်တော့သည်။

“ကျဲကျဲ ဒါက ယုန်မလေး မဟုတ်လား ...”

ချင်းလိုင်တိသည် ယုန်သားချဉ်စပ်နှပ်နှင့် ယုန်ခေါင်းအစပ်ကိုသာ စားချင်သူ ဖြစ်ရာ အထီးလား အမလား ဂရုမစိုက်အားချေ။ သူမက ပြောလိုက်သည်။

“အစ်မဆိုလည်း အရသာရှိတာပဲလေ ...”

မမျှော်လင့်စွာဖြင့် ဖန်တိက မျက်နှာတည်ဖြင့် ပြန်ပြောလိုက်သည်။

“စားလို့ မရဘူး ...”

“ဘာလို့လဲ ...”

“ကြည့်ရတာ .. ယုန်ပေါက်ကလေးတွေ ရှိနေသလိုပဲ ...”

ချင်းလိုင်တိက ယုန်၏ ဗိုက်ကို စမ်းကြည့်လိုက်သည့်အခါ အထဲတွင် အမှန်တကယ်ပင် တစ်စုံတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။ ကိုယ်ဝန်သက်တမ်း မည်မျှ ရှိနေပြီမှန်းကိုမူ သူမလည်း မသိချေ။ ယုန်ကို မွေးသည့် အဘိုးအိုမှာ ထိုယုန်ကို အသေအချာ အာရုံစိုက်၍ မွေးထားသူ မဟုတ်လောက်ချေ။

သို့မဟုတ်ပါလျှင် ဤမျှအထိ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချလိမ့်မည် မဟုတ်ချေ။ ယုန်များ၏ ကိုယ်ဝန်ဆောင်သည့် ကာလမှာ အလွန် တိုတောင်းလှကာ တစ်လမျှသာ ကြာမြင့်ပေသည်။ ထို့အပြင် မီးဖွားပြီးလျှင်ပြီးချင်းလည်း နောက်တစ်ကြိမ် ကိုယ်ဝန်ထပ်ဆောင်နိုင်ကာ ၎င်းတို့၏ မျိုးပွားနှုန်းမှာ အလွန် မြန်ဆန်လှပေသည်။ ထိုကဲ့သို့သော “ငွေသစ်ပင်”မျိုးကို မည်သူကမှ ဈေးချိုချိုဖြင့် ရောင်းချင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ချင်းလိုင်တိသည် မည်မျှပင် အသားစားချင်နေပါစေ စိတ်မပါလက်မပါဖြင့် ခြံထောင့်တွင် အသိုက်အသေးလေးတစ်ခု ဆောက်ကာသာ ယုန်ကို ထိုအသိုက်ထဲသို့ မွေးထားလိုက်ရတော့သည်။

ကံကောင်းသည့်အချက်မှာ ၎င်းသည် သူမတို့အိမ်၌ ကိုယ်တိုင် စိုက်ထားသည့် အသီးအရွက်များကိုသာမက တောင်ပေါ်မှ ရိတ်လာသည့် မြက်စိမ်းများ၊ ဝက်စာများကိုပါ အရသာရှိရှိ စားသောက်ပေသည်။

All Chapters