ချင်းလိုင်တိသည် သူမတစ်သက်တာလုံး ခက်ခဲပင်ပန်းစွာဖြင့် ပျိုးထောင်ခဲ့ရသည့် လင်ပါသားသမီးများထံမှ နှင်ချခံရအပြီး သုံးနှစ်အကြာတွင် သေဆုံးခဲ့သည်။ ဒီကံဆိုးမိုးမှောင်ကျမှုက ဘယ်အချိန်ကတည်းက စတင်ခဲ့တာလဲ ... ၁၈ နှစ်တုန်းက ရေထဲ ပြုတ်ကျပြီး အကယ်ခံခဲ့ရတဲ့ အချိန်ကတည်းကများလား ... ထိုအချိန်က သူမသည် လူအများ၏ ဖိအားပေးမှုအောက်တွင် တစ်ခုလပ် ကျောက်ချင်းစုန့်ကို လက်ထပ်ခဲ့ရသည်။ ထိုအချိန်မှစကာ သူမ၏ အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်လိုက်ရကာ ကလေးများကိုသာ ပင်ပင်ပန်းပန်း ကြိုးစားပျိုးထောင်ခဲ့သည်။ သို့သော် အဆုံးတွင်မူ သူမထံ၌ အချစ်မရှိ၊ မိသားစုမရှိ၊ နေစရာအိမ်ပင် မရှိချေ။ သူမသည် ထိုမိသားစု၏ အခမဲ့ နာနီတစ်ဦးမျှသာပင်။ ထို့ကြောင့် မသေဆုံးမီ အချိန်၌ အရာအားလုံးကို အစမှ ပြန်စတင်ခွင့်ရရန် ဆန္ဒပြုခဲ့မိ၏။ ထင်မှတ်မထားစွာဖြင့် .. နောက်တစ်ကြိမ် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ရေထဲသို့ ပြုတ်ကျမည့်ရက်သို့ ပြန်လည်ကာ ရောက်ရှိသွားခဲ့သည။ အားလုံးက ရေထဲပြုတ်ကျကာ ခန္ဓာကိုယ်ကို ဖော်ပြမိသွားသည့် ချင်းလိုင်တိသည် အာမခံချက်ရှိသည့် အနာဂတ်ကောင်းကို ပိုင်ဆိုင်ထားသော ကပ္ပတိန်ကျောက်နှင့် လက်ထပ်လိမ့်မည်ဟု မှန်းဆနေကြစဉ်တွင် သူမက မြို့ပေါ်မှ ရောက်လာသည့် စက်မှုပညာရှင်လေးဖြင့် ထိမ်းမြားလိုက်သည့်အတွက် မင်သက်အံ့ဩသွားကြတော့သည်။ ချင်းလိုင်တိ - ဒီ အရပ် ၁၈၈ စင်တီမီတာနဲ့ မျက်ခုံးကောင်းကောင်း ကြွက်သား ၈ ခုရှိတဲ့ စက်မှုပညာရှင်လေးက အနာဂတ်မှာ ကျောက်ချင်းစုန့် တအားမုန်းတဲ့ ရန်သူ ဖြစ်လာမှာ။ ဒါတင် မကသေးဘူး သူက အနာဂတ်မှာ ကြိုးမဲ့နည်းပညာလောကရဲ့ နာမည်ကြီး ဘော့စ်တစ်ယောက်ပါ ဖြစ်လာဦးမှာ...။ ရွာသားများကသာမက သူမ၏ ခင်ပွန်းဟောင်းကပါ သူမ အကြီးအကျယ် နောင်တရမည့်ရက်ကို မျှော်လင့်စောင့်စားနေကြသည်။ စောင့်စားရင်း စောင့်စားရင်းဖြင့်ပင် သူမ လက်ထပ်မှတ်ပုံတင်ရသည့်ရက်မှသည် နူးညံ့ချိုမြိန်သည့် သမီးလေးတစ်ဦး မွေးဖွားခဲ့သည့် ရက်အထိ ထို့နောက် သူမ၏ သမီးဖြစ်သူက အနုမြူရူပဗေဒမေဂျာဖြင့် ဒေါက်တာဘွဲ့ ရသည့်အချိန်သို့ ရောက်ရှိသွားခဲ့သည်။ သူတို့ မျှော်လင့်ထားသလို နောင်တရသည့်ရက်က ရောက်မလာခဲ့ချေ။ ချင်းရှန်း - နောင်တလား ရတာပေါ့ဟ သူနဲ့ စောစောစီးစီး လက်မထပ်မိတာကို နောင်တရတာပေါ့...။

