Chapter 74
Vol. 7 Ch. 74
ထိုအမျိုးသမီး ထွက်သွားပြီးနောက် ချင်းရှန်းက သို့သို့ကိုအောက်ချလိုက်သည်။ သ်ို့သို့က ခန္ဓာကိုယ် ကျစ်သည့်အတွက် သူမကို ချီထားရသည်မှာ တကယ်ပင်ပန်းသည်။
သို့သို့က အောက်ဆင်းလိုက်ပြီး ပတ်ဝန်းကျင်ကို ဂရုတစ်ိုက်ကြည့်နေသည်။ သူမ၏ မြင်ကွင်းမှ မခွာမချင်း ချင်းရှန်းက သူမကို မတားမြစ်ပေ။ သူမက စိတ်မလှူပ်ရှားနေဘူးဟုပြောလျှင် လိမ်ညာခြင်းဖြစ်မည်။
ဆယ်စုနှစ်များအကြာတွင် သူမက မစ္စတာဟဲနှင့်တွေ့ရတော့မည်။
သူမက ဒီနေ့ သူမ၏ ယခင်ဘဝမှ မစ္စတာဟဲနှင့်တွေ့ရင် အထူးတည်လာခဲ့ခြင်းဖြစ်သည်။ မစ္စတာဟဲက သူမကိုလာရှာခဲ့သည်။ ဒီတစ်ခါမှာတော့ သူမထွက်မလာခင် စာရေးထားခဲ့သည်။ ထိုစာထဲတွင် လန်ဟဲမြို့၌အခြေကျသည်နှင့် သူမလာလည်မည်ဟု ရေးထားခဲ့သည်။ အခြေတကျဖြစ်ပြီးသည်နှင့် ကိုယ်ဝန်ရှိသွားမည်ဟု မထင်ထားသလို ကလေးမွေးပြီးနောက်မှာလည်း စိုက်ပျိုးထားသော တရုတ်ရိုးရာဆေးများက်ို ကြည့်နေရသဖြင့် အချိန်ကသုံးနှစ်ကြာသွားသည်။
သူတို့က ခရီးတစ်လျှောက်လုံးလည်း အဆက်အသွယ်ရှိကြသည်။ ချင်းရှန်းက အချိန်မရသည့်အတွက် အခြားသူများကို မပြောခဲ့ရသောကြောင့် သူမ ရောက်လာခြင်းက အံ့သြစရာဖြစ်နေသည်။
"အမေ ဒါက ဖိုးဖိုးတစ်ယောက်ပဲ။ အရမ်းအသက်ကြီးနေတဲ့ ဖိုးဖိုးတစ်ယောက်။"
သို့သို့က ရုတ်တရက် သူမအမေနောက်တွင် သွားပုန်းနေလိုက်သည်။
ချင်းရှန်း လှည့်ကြည့်လိုက်တော့ ဆံပင်ဖြူဖြူ မုတ်ဆိတ်ဖြူဖြူနှင့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူက ပုံမှန်အတိုင်းကြည့်လိုက်ပြီး သူ့မျက်နှာက အနီရောင်သန်းနေသည်။ ချင်းရှန်း၏ နှုတ်ခမ်းများက လှုပ်သွားပြီး "ဆရာ"ဟု ခေါ်လိုက်သည်။
ဆရာကြီးဟဲက ကျန်းမာပုံ ပေါ်ပေမယ့်လည်း သူက အသက်ရှစ်ဆယ်ကျော် ကိုးဆယ် ဖြစ်တော့မည့်အတွက် အကြားအာရုံနှင့် အမြင်အာရုံများ သိပ်မကောင်းတော့ပေ။ သူက ချင်းရှန်း၏ ခေါ်သံကို ကြားလိုက်ရသည်။
"တတိယကလေးလား။"
တတိယကလေးဆိုသောစကားက ချင်းရှန်းကို မျက်ရည်ဝဲသွားစေသည်။
ဝူလိထန်တွင်နေခဲ့ချိန်က သူမကို လိုင်တိဟုသာ အများက ခေါ်ကြပေမဲ့ မစ္စတာဟဲကတော့ မတူပေ။ သူက တတ်ိယကလေးဟုသာ အမြဲခေါ်သည်။ ဒါက လူကြီးတစ်ယောက်၏ အငယ်များအပေါ် ရင်ထဲမှ ချစ်မြတ်နိုးစိတ်ကြောင့်ဖြစ်သည်။
ချင်းရှန်းတွင် အဖေမရှိတော့သလို ချင်းမိသားစုထဲတွင်လည်း လူကြီးများမရှိတော့ပေ။ ဝူလိထန်တွင် ရှိသောလူကြီးများမှာ မကောင်းသော ရည်ရွယ်ချက်ရှိသည်ကို ချင်းရှန်းသိသည်။ သူမကိုယ်သူမ ကာကွယ်ရမည်ဟု ချင်းရှန်းက သိထားသော်လည်း မစ္စတာဟဲ၏ အလုပ်သင်ဖြစ်ပြီးနောက် သူမက လူတစ်ယောက်၏ ကာကွယ်စောင့်ရှောက်မှုကို ခံလို့ရသည်ကို နားလည်သွားသည်။
သူမက ငယ်စဉ်အခါတွင် တကယ်ကံကောင်းခဲ့သောကလေးဖြစ်သည်။
သူမ ကံကောင်းသောကြောင့် ဆယ်ကျော်သက်အရွယ်တွင် ဒီလိုလူကြီးနှင့်တွေ့ခွင့်ရခဲ့သည်။
"ဒါက တကယ်ပဲမင်းလား မိန်းကလေး ချင်း။ မင်းအရမ်း အရပ်ရှည်လာတာပဲ။ သူက.."
မစ္စတာဟဲက သူမအနောက်တွင်ပုန်းနေသော သို့သို့အကြောင်းမေးလိုက်သည်။
"ဟုတ်ပါတယ် ကျွန်မနာမည် ချင်းလိုင်တိပါ။ ဒါပေမဲ့အခု ချင်းရှန်းလို့ ပြောင်းထားပါတယ်။ သူက ကျွန်မသမီး သို့သို့ပါ။"
ဆရာကြီးဟဲက အော်ရယ်လိုက်ပြီး ချင်းရှန်း၏ ပခုံးကိုပုတ်ကာ သို့သို့၏ခေါင်းကိုထိလိုက်သည်။ ဒါက ချင်းကွေ့ဟွား သို့သို့ကို သင်ကြားပေးချိန်မှ နည်းလမ်းအတိုင်းဖြစ်သည်။
"မင်းက ငယ်ငယ်ထဲက အကြောက်အလန့်မရှိဘဲ သတ္တိရှိတဲ့သူပဲ။ အခု မင်းရဲ့သမီးလည်း မင်းလိုပဲ ရုပ်ရည်တင်မကဘူး စိတ်သဘောထားလည်း တူနေတာပဲ။"
သို့သို့က လူကြီး၏ လက်ကိုကိုင်ထားပြီး သူ့ကို ဖြည်းဖြည်းချင်း လမ်းလျှောက်ရန် ပြောနေသည်။
သို့သို့အတွက်တော့ အဘိုးအဘွားများက ဖြည်းဖြည်းလျှာက်ရမည်ဖြစ်သည်။
ချင်းရှန်းက မီးဖိုချောင်ထဲဝင်ပြီး သူမဝယ်လာသောပစ္စည်းများကို ထားလိုက်သည်။ တစ်အိမ်လုံးက သန့်ရှင်းသပ်ရပ်နေသည်ကိုကြည့်ကာ ဒါက သူ့ဆရာ၏ သပ်ရပ်စွာ နေတတ်ပုံဖြစ်သည်ကို နားလည်သွားသည်။
"အဆင်ပြေတဲ့နေရာမှာ ထိုင်လိုက်ပါ။ ဒီမှာ အိမ်ထိန်းတော့ရှိပါတယ်။ ဒါပေမဲ့ သူက ကိစ္စလေးရှိလို့ ဇာတိပြန်သွားတယ်။ ဒါကြောင့် ဒီအဘိုးကြီးက တစ်ယောက်ထဲနေရတာပါ။ ဒါက အိမ်ကပစ္စည်းတွေလေ။ မင်းကြည့်လိုက်ပါ။ "
သူမ မြင်ဖူးသမျှလူများထဲတွင် မစ္စတာဟဲက စိတ်သဘောထား အကောင်းဆုံးသူဖြစ်သည်။ သူက ဆေးပညာမိသားစုမှ မွေးဖွားလာသူဖြစ်ပြီး မြေပိုင်ရှင်တစ်ယောက် ဖြစ်သော်လည်း ကြင်နာတတ်သူဖြစ်သည်။ သူငယ်ရွယ်စဉ်က တိုင်းပြည်မှာ စစ်ဘေးကြုံနေရပြီး လူအများ ငတ်မွတ်နေသည်။ သူက သူ၏ ဘိုးဘေးအမွေများကို ရောင်းချကာ ဂျပန်တ်ိုက်ဖျက်ရေးအဖွဲ့သို့ လှူခဲ့ပြီး ဆင်းရဲသားများအား ဆေးပစ္စည်းများ အခမဲ့ပေးခဲ့သည်။ ဒါကြောင့် သူက ငွေမစုမိခဲ့ပေ။ နောက်ပိုင်း အုပ်ချုပ်မှုပုံစံသစ်ကြောင့် လစာနည်းသွားသည့်အတွက် သူ စားရန်သာ လုံလောက်တော့သည်။
မစ္စတာဟဲက အစားအသောက်နှင့် ပတ်သက်လျှင် ချွေတာတတ်သူ မဟုတ်ပေ။ သူက အသားများနှင့် အစားအသောက် အစုံစားသလို ရှားပါးသည့်အစားအသောက်များကို ပိုသဘောကျသည်။ ဝူလိထန်တွင်နေချိန်က သူက လတ်ဆတ်သည့်မှိုရိုင်းရရန် ကလေးတစ်ယာက်ကို သူ၏နာရီ ပေးခဲ့သည်။
ဒါက သူ့တွင်ရှိသော တန်ဖိုးအကြီးဆုံးပစ္စည်းဖြစ်သည်။
ဆရာတပည့်နှစ်ယောက်က ခွဲခွာနေသည်မှာ ငါးနှစ်ကြာပြီဖြစ်ပြီဖြစ်၍ ယခင်အကြောင်းများ ပြောနေကြသည်။ ကားနှင့် လာခေါ်ပြီးနောက် သူက ပေကျင်းသို့ တန်းရောက်သွားခြင်းမဟုတ်ပေ။ သူက လျှို့ဝှက်နေရာတစ်ခု၏ ခေါင်းဆောင်ကို ကုသရန်သွားခဲ့ရသည်။ ထိုနေရာတွင် သူက တစ်ဦးတည်းသော ဆရာဝန်မဟုတ်ပေ။ သူ့အပြင်နောက်ထပ်သုံးယောက်ရှိသေးပြီး တိုင်းရင်းဆေးဆရာနှင့် အနောက်ပိုင်းဆေးဆရာများဖြစ်ကြသည်။
နောက်ပိုင်းတွင် သူက ဆေးကုသရန် တောင်ပေါ်သို့ ထိုခေါင်းဆောင်နှင့် လိုက်သွားခဲ့သည်။ ဆက်သွယ်ရေး အဆင်မပြေသည့်အတွက် သူက ပေကျင်းသို့ နှစ်နှစ်လောက်အထိ ပြန်မလာခဲ့ပေ။ ယခု သူက ထိုခေါင်းဆောင်၏ ဆရာဝန် ဖြစ်နေပြီဖြစ်သည်။
"နေ့စဉ် ကျန်းမာရေးအစီအစဉ်နဲ့ မနေ့ညကလို အရေးပေါ် ဆွေးနွေးမှူကိစ္စတွေကြောင့် အိမ်ခေါ်တာမျိုးတွေ ရှိတယ်။"
ချင်းရှန်းက ခေါင်းညိတ်လိုက်သည်။ မစ္စတာဟဲကဲ့သို့ အရည်အချင်းရှိသူမျိုးက အစားထိုးမရနိုင်ပေ။ အနာဂတ်တွင် သူတို့လိုလူမျိုးက ဂရုတစိုက် တန်ဖ်ိုးထားဆက်ဆံခံရမည်ဖြစ်သည်။ ဒါမှသာ သူတို့၏ နေ့စဉ်ဘဝအတွက် စိတ်မပူရမည်ဖြစ်သည်။ ထပ်ပြောရလျှင် သူ့ကိုယ်သူ ကောင်းကောင်းဆက်ဆံသလို စားစရာများက်ိုသာ အရေးပေးပြီး သူက စိတ်ချမ်းသာစွာနေသည်။ သူ၏ မိုင်ပေါင်းများစွာဝေးနေသော အလုပ်သင်ကို သူကူညီနိုင်မည့်နည်း မရှိပေ။
"မင်း တကယ်ပဲ ငါ့ကို ကျေးဇူးဆပ်ချင်တယ်ဆိုရင် ငါတို့ရဲ့ တိုင်းရင်းဆေးပညာသင်ကြားမှူနဲ့ လူတွေအများကြီးကို တရုတ်တိုင်းရင်းဆေးအစွမ်းသိအောင် လုပ်ပေးပါ။"
ချင်းရှန်း၏ မျက်လုံးများ အနည်းငယ် လန်းဆန်းလာသည်။
"ကျွန်မ သေချာပေါက် လုပ်မှာပါ။"
သူတို့ ဆရာတပည့်နှစ်ယောက်က အတော်ကြာစကားပြောပြီးနောက် မစ္စတာဟဲက ဖုန်းခေါ်လိုက်သည်။မကြာခင်မှာပဲ သူ၏လက်ထောက်က အစားအသောက်သုံးပွဲယူလာသည်။ သူက လက်ဆေး၍ အင်္ကျီလက်ခေါက်တင်လိုက်သည်။
"မနေ့က အရေးတကြီး ဆွေးနွေးပွဲသွားလုပ်လိုက်ရလို့ အရမ်းဗိုက်ဆာနေတယ်။ မင်း ငါ့ကိုအဖော်လုပ်ပြီး တစ်ခုခုစားပေးပါ။"
သို့သို့က သူမအမေကိုကြည့်လ်ိုက်ပြီး သူမ ခေါင်းညိတ်ပြတာ မြင်တော့မှ သူမက သူနှင့်အတူ စားလိုက်သည်။
ကလေးများက ဗိုက်အဆာမြန်သည်။
ဒါပေမဲ့ နေ့လည်စာထမင်းဘူးကို ဖွင့်လိုက်ချိန်မှာတော့ ချင်းရှန်း အံ့သြသွားရသည်။ လက်တစ်ဝါးစာအရွယ် ပုစွန်တွေက သူနေ့စဉ်စားနေတဲ့အရာလား?
သို့သို့က မွေးကတည်းက ပုစွန်မစားဘူးသလို ဒါကဘာဆိုသည်ကိုတောင် မသိပေ။ ဒါပေမယ့်လည်း အနံ့မွှေးကာ အရသာရှိမည့်ပုံပေါ်သည့်အတွက် သူမအမေကို အကူအညီတောင်းလိုက်သည်။
ချင်းရှန်းက မစ္စတာဟဲနှင့် စကားပြောနေရင်း ပုစွန်အခွံခွာပေးလိုက်သည်။ သူက မြန်မြန်စားလိုက်ပြီး ချင်းရှန်းကိုက မကူညီပေးတော့ရန် လက်ကာပြလိုက်သည်။
"ကိုယ့်ဘာသာစားလိုက်ပါ။"
နောက်ပိုင်းခေတ်တွင် ဒီအရွယ်ပုစွန်အများကြီးမရှိသည့်အတွက် ယခုလိုရှားပါးသောအချိန်တွင် ပိုဆိုးသည်။ဟော်မုန်းဓာတ်ချို့တဲ့သောကြောင့်လား ဘာကြောင့်လားမသိပေမယ့် ပုစွန်များက တကယ်ကိိုချိုမြိန်ကာ အရသာရှိနေပြီး လတ်ဆတ်နေသည်ဟု ခံစားရသည်။ သို့သို့က ရနံ့ကြောင့် စားချင်သွားကာ တစ်ကိုက်ကိုက်ပြီးသည်နှင့် သဘောကျသွားသည့်အတွက် စားနေသည့်အရှိန်က ပို၍မြန်လာသည်။
သူမကို ပုစွန်အခွံခွာပေးနေရင်း ချင်းရှန်းက မစ္စတာဟဲကို လန်ဟဲမြို့မှ သူမ၏ အတွေ့အကြုံများအကြောင်း ပြောပြနေပြီး အထူးသဖြင့် သူမကြုံတွေ့ခဲ့ရသော လုံကျောက်ကျောက်နှင့် ကျန်းယွဲ့ဟုန်ကိစ္စများဖြစ်သည်။
ဒါကိုနားထောင်ပြီး မစ္စတာဟဲက ခေါင်းညိတ်လိုက်ပြီး ချင်းရှန်းအတွက် အကျ်ိုးရှိသည့် သူ့အမြင်များကို ပြောပြလိုက်သည်။
ညစာစားပြီးနောက် မစ္စတာဟဲ အနားယူရမည်ဖြစ်သည့်အတွက် ချင်းရှန်းက မနှောင့်ယှက်တော့ဘဲ သို့သို့ကိုခေါ်ကာ ထွက်လာခဲ့သည်။ သူတို့ ခွဲခွာပြီးနောက် ဘယ်နှနှစ်ကြာပြီကို မသိတော့ပေ။
"သွားပါ။ တစ်နေ့နေ့ ပြန်တွေ့မှာပါ။ မင်း အခုလို အရွယ်ရောက်လာတာကို ဒီနေ့မြင်လိုက်ရလို့ ဝမ်းသာပါတယ်။ အမြဲတမ်း တရုတ်ရိုးရာဆေးပညာ ကျွမ်းကျင်သူ ဖြစ်နေရမယ်နော်။"
"ကျွန်မ မှတ်ထားပါ့မယ်။"
မစ္စတာဟဲက သို့သို့၏လက်ထဲသို့ စာအိတ်အနီရောင် ထည့်ပေးလိုက်ပြီး လက်ပြနှုတ်ဆက်ကာ အိပ်ရန်အတွက် အခန်းထဲဝင်သွားလိုက်သည်။
ချင်းရှန်းက မစ္စတာဟဲ၏ နေရာမှ ထွက်လာချိန်ထိ အံ့သြနေသေးသည်။ သူ သို့သို့ကို ဘာပေးလိုက်သည်ကို သူမ သ်ိချင်ပေမဲ့ အိတ်ထဲထည့်ပေးလိုက်သည်။ သူမ ချွန်းဟွာဟူထုန်ပြန်ရောက်တော့ အိတ်ဖွင့်ကြည့်လိုက်ရာ ရွှေရောင် ကြိုးမျှင်လေးကို ကွေးထားခြင်း ဖြစ်ကြောင်းသိရသည်။
မဟုတ်ဘူး။ တကယ်တော့ပါးလွှာသော ရွှေအပ်ဖြစ်ပြီး ကွေး၍ ဆန့်၍ရရသည်။
သူမငယ်စဉ်က ဆရာကြီးဟဲ၏ အိမ်တွင် ဒီပစ္စည်းကိုမြင်ဖူးသည်ကို သူမ မှတ်မိသည်။ နောက်ပိုင်းတွင် သူက အရင်းရှင်စနစ်၊ ဖယ်ဒရယ်စနစ်များနှင့် ဆက်စပ်ပစ္စည်းများကို ဝှက်ထားသည်ဟု တစ်ယောက်ယောက်က သတိပေးလိုက်သောကြောင့် ရွာထဲမှ တပ်သားများက နွားခြံပါမကျန် သူ့ခန္ဓာကိုယ်ကိုလည်း ရှာဖွေခဲ့ပေမဲ့ ဘယ်လို ငွေဒင်္ဂါးတစ်ပြားမှ ရှာမတွေ့ခဲ့ပေ။
ထိုပစ္စည်းကို တစ်ယောက်ယောက်က ခိုးသွားသည်လား ကျပျောက်၍ ရှာမတွေ့သည်လားဟု သူမ တွေးမိသည်။ သူမက ဆရာကြီးအတွက် စိတ်မကောင်းဖြစ်မိပြီး လိုက်ရှာနေသည်ဟု အိပ်မက်ပင်မက်ခဲ့သေးသည်။ သူက ယခုလိုပေးပစ်မည်ဟု သူမ မထင်မိပေ။
သို့သို့ကိုပဲ ပေးလိုက်တာပေါ့။
တကယ်တော့ သို့သို့က ထိုပစ္စည်းနှင့် လုပ်စရာမရှိပေ။ သူက ချင်းရှန်းကို ပေးလိုခြင်းဖြစ်သည်။
သူမက တရုတ်ရိုးရာဆေးပညာ ကျွမ်းကျင်သူဖြစ်လာပြီး တရုတ်ရိုးရာဆေးပညာကို တ်ိုးမြှင့်ပေးမည့်သူဟု ဆရာကြီးက ယုံကြည်ထားသည်။ သူမကို ရွှေအပ်ပေးသည်က သူ့ဘဝ ရည်မှန်းချက်ကို သူမအားဆက်လုပ်ခိုင်းခြင်းဖြစ်သည်။
ချင်းရှန်းက လက်သီးဆုပ်လိုက်ကာ သူမ၏ဆရာ စိတ်မပျက်စေရဟု စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။
နေ့လည်ခင်းတွင် ပစ္စည်းများသွားပို့သော ဟဲလျန်ရှန်းက သတင်းကောင်းလား သတင်းဆိုးလားမသိသော သတင်းနှင့်ပြန်လာသည်။ အန်းရှူးကျန့်က ဟဲရုန်နှင့် ကွာရှင်းခွင့်တင်ထားသည်။
ချင်းရှန်းက မနေ့ကထက် ပို၍ ပြေလျော့နေသော သူ့မျက်ခုံးကိုကြည့်လိုက်သည်။ သူ့စိတ်က ပိုပြီးကြည်လင်လာပုံရသည်။
အန်းရှူးကျန့်က အမှားတစ်ခုလုပ်ထားပြီး မိခင်ကောင်းတစ်ယောက် မဟုတ်သည်တောင်မှ ဒီနေ့တွင် သူမက လွန်ခဲ့သည့်နှစ်သုံးဆယ်မှ မလုပ်ခဲ့ရသောအရာကို လုပ်လိုက်ပြီဖြစ်သည်။ သူမက ဟဲရုန်၏ ဇနီးမဟုတ်တော့ပေ။
"သူ့မှာ အစီအစဉ်တစ်ခုခုရှိလား?"
"သူက နှစ်နှစ်လောက် အလုပ်လုပ်ပြီးရင် ပင်စင်ယူလိုက်ပြီးတော့ ဇာတိပြန်ပြီး ငါးမွေးမယ်တဲ့။"
အန်းရှူးကျန့်က ပေကျင်းဇာတိမဟုတ်ပေ။ သူမ၏ ဇာတိက ကျီပေ့မြို့နယ်ဖြစ်သည်။ သူမက ထိုနေရာတွင် အမျိုးများရှိသလို မောင်နှမများရှိသည်။ လွန်ခဲ့သည့် နှစ်များကပဲ သူတို့က သူမကိုထောက်ပံနေခြင်းဖြစ်သည်။
ချင်းရှန်းက ခေါင်းညိတ်လိုက်သည်။
"အချ်ိန်ကျလာရင် သူမကို နေထိုင်စရိတ်ပေးရင်ရော?"
လောင်ဟဲက ခေါင်းခါလိုက်သည်။
"သူမက မလိုဘူးပြောတယ်။"
အန်းရှူးကျန့်၏ စိတ်ထားနှင့်ဆိုလျှင် သူမက သားဖြစ်သူအပေါ် အပြစ်ရှိစိတ်များ ဖြစ်နေသည့်အတွက် သူမကိုထောက်ပံ့ရန် သူမသားကို မပြောနိုင်ပေ။
ဟဲရုန်ကတော့ အမြဲတမ်း နိုင်ငံခြားသွားကာ သူ့အချစ်ဦးကို သွားရှာလိုသည်။ ပြန်လည်တည်ထောင်ပြီးနောက် သူက ငွေရှိကြောင်းပြနိုင်လျှင် နိုင်ငံခြားသွား၍ရသည်။
ဒါပေမယ့် ဒါက သူတို့ကိစ္စမဟုတ်ပေ။ နောက်တစ်နေ့ မနက်စောစောတွင် သူ၏အစ်ကိုကြီးနှင့် မရီးကို နှုတ်ဆက်ပြီးနောက် ချင်းရှန်းတို့က ရှီးလန်ပြန်ရန် ရထားစီးသွားခဲ့ကြသည်။
ခရီးက ပင်ပန်းသလို မိသားစုသုံးယောက်က အကျိုးအမြတ် ရခဲ့သည်ဆိုပေမယ့် အကျိုးအမြတ်အရဆုံးက ဟဲလျန်ရှန်းဖြစ်သည်။
ဒီတစ်ခါတွင် မိဘများနှင့်တွေ့ခဲ့ရပြီး သူ၏အမေက ယခင်ကိစ္စများအတွက် တောင်းပန်သည်။ သူ၏ ငယ်ဘဝက အတိတ်ဆိုးများနှင့် အကြောက်တရားများ ပျောက်သွားပြီဖြစ်သည်။
ခရီးစဉ်ပြီးနောက်မှာ ယခင်နှစ်များထက် သူပို၍ပြုံးလာသည်ကို ချင်းရှန်းသတိထားမိသည်။
သို့သို့ အရုပ်များဖြင့် ထိုင်၍ကစားနေရာမှ လေလည်လိုက်လျှင်လည်း သူ ရယ်သည်။ သို့သို့ ထမင်းစားနေချိန်တွင် နှုတ်ခမ်း၌ ထမင်းစေ့များပေနေလျှင်လည်း သူပြုံးသည်။
ချင်းရှန်း ခဏအိပ်သောအချ်ိန်တွင် ဟောက်နေလျှင်လည်း သူရယ်သည်။
ကားပေါ်မှဆင်း၍ သို့သို့၏ ခြေအိတ်လေးများက်ို ချင်းရှန်းမေ့ကျန်ခဲ့လျှင်လည်း သူရယ်သည်။
ဒီလူ၏ ရယ်ချင်စိတ်က ထူးဆန်းနေသည်လားကို ချင်းရှန်းတွေးမရပေ။
ပို၍ထူးဆန်းသည်က ချင်းရှန်း သန့်စင်ခန်းသွားပြီး ပြန်လာချိန်တွင် ထိုလူက သူ့သမီးကိုဖက်ကာ သ်ို့ပေါင်ဟု ခေါ်နေသည်ကို သူမြင်လိုက်ရသည်။
"သမီးနာမည် ဘယ်လိုခေါ်တယ်?"
"ဘာမှမဟုတ်ပါဘူး။"
"နာမည်က သို့ပေါင်ပါ။ ကြားလိုက်တယ်နော်။"
"နားကြားမှားနေပြီထင်တယ်။"
"အဖေက သမီးကို သ်ို့ပေါင်လို့ခေါ်နေတယ်။"
ကလေးမလေးက သူမလက်ကို တင်ပါးပေါ်တင်လိုက်သည်။
ဟဲလျန်ရှန်း - ".."
ရထားပေါ်မှဆင်းပြီးနောက် လန်ဟဲမြို့သို့ အမြန်ပြန်သွားသော်လည်း အိမ်တွင်ဘယ်သူမှ ရှိမနေသလို ယုန်လေးတောင်မှ ပျောက်နေသည်။
ချင်းရှန်းက တွေးမရပေ။ ကျန်းယွဲ့ဟုန် ကိုမြင်တော့ သူမကပြောလိုက်သည်။
"အစ်မယွဲ့ဟုန် အဘွားကိုတွေ့မ်ိလား?"
ကျန်းယွဲ့ဟုန်ကလည်း တွေးမရပေ။
"ကျွန်မလည်း သူနဲ့ ကျွန်မအမေကိုရှာနေတာ။ သူတို့ ဘယ်သွားကြတာလဲ?"
"သူတို့လာပြီ၊ ဒီမှာပဲ!"
မလှမ်းမကမ်းမှ အမျိုးသမီးကြီးနှစ်ယောက်က အနီရောင်ခြင်းတောင်းများကိုင်ကာ အသက်မရှူစတမ်း ပြေးလာကြသည်။
"ဆိုးလိုက်တာ၊ မကောင်းတာတစ်ခုခု ဖြစ်နေပြီ။"
"လျိုပေါင်ကျူးက ကျောက်ချင်းစုန့်နဲ့ ကွာရှင်းတော့မှာတဲ့"
အမျိုးသမီးကြီးနှစ်ယောက်က အတင်းအဖျင်းပြောကာ မျက်လုံးများ ဝင်းလက်နေကြသည်။