← Chapters

Chapter 10

Vol. 1 Ch. 10

Chapter 10

Vol. 1 Ch. 10

ဝူလီထန်၏ မြေမျက်နှာသွင်ပြင် အနေအထားမှာ အလွန် ကောင်းမွန်သည်ဟု ဆိုနိုင်ပေသည်။ ၎င်းသည် တောင်အရပ်ကို မျက်နှာမူကာ ပတ်ဝန်းကျင်ကို တောင်တန်းများက ကာရံထားသည်။

အရှေ့ဘက်တွင် သလင်းကျောက်သဖွယ် ကြည်လင်ကာ ကျောက်စိမ်းခါးပတ်သဖွယ် အေးမြသည့် မြစ်ငယ်တစ်စင်း စီးဆင်းနေသည်။ မြစ်ထဲတွင် အဝတ်ဗလာဖြင့် ရေကူးနေကြသည့် ကလေးတစ်အုပ်လည်း ရှိနေကာ အားလုံးက အဝတ်မပါသည့်အပေါ် ရှက်ရွံ့ဟန် မတူဘဲ အစ်မကြီးလိုင်တိကို လှမ်းအော်ခေါ်ကာပင် နှုတ်ဆက်လိုက်ကြသေးသည်။

ချင်းလိုင်တိက လူသွားလမ်းအတိုင်း တောင်ပေါ်သို့ တက်လာလိုက်သည်။ သင့်လျော်သည် ဝက်စာမြက်(ယုန်စားသည့်မြက်) များကို တွေ့သည့်အခါ မြက်ရိတ်၍ ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။

ခရမ်းရောင်အပွင့်များဖြင့် “လူဆန်ပဲ”ပင်၊ ပန်းရောင်အပွင့်များဖြင့် ဖောင်ဖောင်သီးပင်နှင့် အရွက်တွင် မီးခိုးရောင် အစင်းကြောင်းများ ပါရှိသည့် မြက်များကို ရိတ်သိမ်းပြီးနောက် တောင်ပေါ်သို့ မရောက်မီ လမ်းတစ်ဝက်တွင်ပင် သူမ၏ ခြင်းတောင်းမှာ ပြည့်လုပြည့်ခင် ဖြစ်နေပြီဖြစ်သည်။

ထူးထူးခြားခြား လေးလံလာသည့်အတွက် သူမသည် ခြင်းတောင်းကိုချကာ တစ်ခဏ အနားယူပြီးမှ အနီးဝန်းကျင်သို့ ဂရုတစိုက် လှည့်ပတ်ကြည့်ရှုလိုက်တော့သည်။

နဂါးပြည်ထောင်စု၏ တောင်များမှာ မှို၊ တောရိုင်းသစ်ပင်နှင့် ဝက်စာမြတ်များသာမက ဆေးဖက်ဝင် သစ်ဉသစ်ဖုများလည်း ပေါက်ရောက်သည့် ပိုင်ရှင်မဲ့ ရတနာသိုက်တစ်ခု ဖြစ်ပေသည်။

သူမသည် လန်ဟဲမြို့၌ ဆရာဝန်အဖြစ် အလုပ်လုပ်ခဲ့ဖူးကာ ထိုအချိန်က ပို့ဆောင်ဆက်သွယ်ရေး အခက်အခဲများကြောင့် အချို့သော ဆေးဝါးပစ္စည်းများကို အချိန်မီ မရရှိနိုင်ခဲ့ချေ။ ထို့ကြောင့် ထိုဆေးဝါးများ ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေစဉ်အတွင်း သူမသည် ဆေးဝါးပညာရှင်အိုကြီးနှင့်အတူ တောင်ပေါ်သို့ ဆေးပင်လိုက်ခူးပေးလေ့ ရှိခဲ့ဖူးသည်။

ထိုကဲ့သို့ ဆေးလိုက်ခူးပေးသည့် အကြိမ်ရေ ပိုမိုများလာလေလေ သူမ၏ နှလုံးသားထဲတွင် တရုတ်ရိုးရာ တိုင်းရင်းဆေးနှင့် ပတ်သက်သည့် အသိဉာဏ်ဗဟုသုတများ ပိုမိုတိုးပွားလာလေ ဖြစ်ကာ တိုင်းရင်းဆေးပင်များ၏ ဝိသေသလက္ခဏာများ၊ ပေါက်ရောက်သည့် အလေ့အထများနှင့် သွေးကြောစီးဖြာခြင်းတို့ကို ကာလများစွာ ကြာမြင့်သည့်တိုင် ပြတ်ပြတ်သားသား မှတ်မိနေဆဲ ဖြစ်သည်။

ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် ပျားရည်စုပ်ပန်း၊ ပိုးနားသန်ပင်၊ berberine၊ Eucommia နှင့် bupleurum တို့ကို တွေ့လိုက်ရတော့သည်။ ထိုအပင်အားလုံးမှာ အသုံးများသည့် ဆေးဘက်ဝင် အပင်များ ဖြစ်ကြကာ ဆောင်းဦးနှင့် နွေရာသီတွင် ရိတ်သိမ်းရန် အထူး သင့်လျော်ပေသည်။

ကီလို ၅၀ နီးပါးခန့်ရှိသည့် ခြင်းကို ကျောတွင်သယ်ကာ အိမ်သို့ ပြန်ရတော့မည် ဖြစ်သည့်အတွက် သူမသည် အခြားဆေးပင်များကို တွေ့ခဲ့သည့်တိုင် ခူးရန် မစဉ်းစားနိင်တော့ချေ။ ထို့အပင်များမှာ အတွေ့များကာ စိုက်ပျိုးရိတ်သိမ်းရန်လည်း အထူးလွယ်ကူသည့်အပြင် ဝယ်ယူရန်လည်း ဈေးမကြီးလှချေ။

အတိတ်တွင် ထိုအပင်များကို ရိတ်သိမ်းကာ ကံကောင်းထောက်မ၍ ချမ်းသာသွားသူများလည်း ရှိပေသည်။ သို့သော် သူမသည်လည်း ချမ်းသာလိုသည့်တိုင် ရရှိမည့် ငွေကြေးမှာ အင်အားစိုက်ထုတ်ရသည်နှင့် မထိုက်တန်သည့်အတွက် အပင်ပန်းခံကာ ခူးမနေခဲ့တော့ချေ။

ဝက်များကို စီရင်စု၏ ပင်မဌာနသို့ ခေါ်သွားကာ အလေးချိန် ချိန်လိုက်ပြီးနောက် ၎င်းတို့အတွက် အလုပ်ရမှတ်ကို ငါးမှတ်ဟု သတ်မှတ်လိုက်သည်။ သူမ၏ ပုံမှန် အလုပ်ရမှတ်နှင့် ပေါင်းထည့်လိုက်သည့်အခါ ချင်းလိုင်တိသည် ယနေ့အတွက် စုစုပေါင်း ၁၅ မှတ် ရရှိသွားတော့သည်။

“အိုး လိုင်တိရဲ့ လုပ်အားခက လူနှစ်ယောက်စာရဲ့ လုပ်အားခနဲ့ အတူတူပဲ ...”

ဘေးအိမ်မှ မုဆိုးမလျှိုက ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

“ဒါပေမယ့် ဒါကလည်း ဘာမှ အသုံးမဝင်ဘူးလေ မိန်းကလေးဆိုတာ မိသားစုကောင်းတစ်ခုကို ရှာမှ ဖြစ်မယ့်ဟာကို။ မသင့်တော်တဲ့လူနဲ့ လက်ထပ်ပြီး မှားယွင်းတဲ့ အလုပ်ကို ဝင်လုပ်နေတယ် ငါတို့အိမ်က ရတနာလေးနဲ့များ တစ်ခြားစီပဲ ...”

ချင်းလိုင်တိက မျက်ဖြူလှန်ပြလိုက်သည်။ ကျောက်မိသားစုသည် လျှိုအိမ်သို့ လာကာ လက်ထပ်ပွဲအတွက် ဆွေးနွေးခဲ့ကြသည့်အတွက် ထိုလျှိုမိသားစု မည်မျှအထိ ဘဝင်မြောက်နေကြကြောင်းကို အတိုင်းသား မြင်နေရပေသည်။ ထို့ကြောင့် သူမတို့ကို အာရုံမစိုက်ဘဲသာ လျစ်လျူရှုထားလိုက်တော့၏။

မုဆိုးမလျှိုမှာ အတော်လေး စိတ်ပျက်မိသွားတော့သည်။ ရေထဲသို့ ပြုတ်ကျသွားချိန်မှစ၍ ငရုတ်ကောင်းစေ့လေးသည် ယခင်ကကဲ့သို့ စိတ်လိုက်မာန်ပါ မဖြစ်တော့ပေ။ မူလက သူမသည် ရန်ပွဲကောင်းတစ်ခုကို အစပျိုးရန် ကြံစည်ထားကာ ချင်းလိုင်တိဘက်မှ စိတ်ရူးပေါက်ကာ စိတ်လိုက်မာန်ပါ ဖြစ်လာလေ ပိုကောင်းလေဟု တွက်ဆထားခဲ့သည်။

ထို့နောက်တွင် သူမက ထိုရန်ပွဲကို အကြောင်းပြု၍ အိမ်နီးချင်း ငရုတ်ကောင်းစေ့လေးနှင့် နှိုင်းယှဉ်ပါလျှင် သူမတို့မိသားစု၏ ပေါင်ကျူးသည် မည်မျှ ငြင်သာသိမ်မွေ့ကာ တစ်ဖက်သားကို စဉ်းစားပေးတတ်ကြောင်း ပေါ်လွင်အောင် ပြသပေးလိုက်မည် ဖြစ်သည်။

ချင်းလိုင်တိက ရန်စရန် ကြံနေသည့် မုဆိုးမလျှိုကိုပင် ဂရုမစိုက်အား။ သူမ ခူးလာသည့် ဆေးပင်များကို ခြင်းထဲမှ ထုတ်ကာ ခြံထဲတွင် လှန်းလိုက်သည်။ ဆေးဖက်မဝင်သည့် အရွက်အချို့ကို ခြွေပစ်ရန် လိုအပ်ကာ အချို့အပင်များမှာ အမြစ်၌ ရွှံ့ပေနေသည့်အတွက် ပြောင်စင်အောင် ဆေးကြောရင်း နေဝင်ပြီး ဖန်တိ ကျောင်းမှ ပြန်လာသည်အထိ တောက်လျှောက် အလုပ်များနေခဲ့တော့သည်။

“ကျဲ .. ဘာလို့ ဆေးပင်တွေ စုနေတာလဲ”

“စားဖို့လေ ...”

ဖန်တိ၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်သွားကာ ကျန်းမာရေး မကောင်းသည့် သူမ၏ ခန္ဓာကိုယ်ကို မကျိန်ဆဲမိအောင် မနည်း ထိန်းထားလိုက်ရသည်။

အဲဒါကြီးတွေ စားရလို့ကတော့ ဘယ်လိုမှကို ကုန်မှာ မဟုတ်ဘူး ကီလိုတစ်ဒါဇင်လောက် အနည်းဆုံး ရှိမှာကို ပြီးတော့ ငါ့ရဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ အစ်မရဲ့ စရိုက်အရဆို ဒီလောက်နဲ့တင် ပြီးဦးမှာ မဟုတ်ဘူး ဒီနေ့က အစပဲ ရှိဦးမှာ ...

ချင်းလိုင်တိက ပြုံးပြလိုက်သည်။ သူမသည် အားလပ်နေချိန်ကို အသုံးချကာ သယ်သွားရလွယ်၊ သိုလှောင်ရလွယ်ကူသည့် ဆေးလုံးအချို့ လုပ်ထားရန် စီစဉ်ထားသည်။ ထိုဆေးလုံးများအား ခေါင်းကိုက်ဝေဒနာအတွက် ရည်ရွယ်ကာ ပြုလုပ်ခြင်း ဖြစ်သော်လည်း သူမ၏ အစ်မအကြီးဆုံးကို အဓိကထား ရည်ရွယ်ပေသည်။ သူမ၏ နာမကျန်းမှုမှာ နေ့ချင်းညချင်း ကုသနိုင်သည့်အရာ မဟုတ်ပေရာ တစ်ဖြည်းဖြည်းချင်း ဂရုစိုက်ပေးသွားရမည် ဖြစ်သည်။ ထို့အပြင် ထိုဆေးလုံးများသည် အလုပ်သို့ ယူသွားရန်လည်း အဆင်ပြေပေသည်။

ထိုသို့ တွေးနေစဉ်မှာပင် မီးအလင်းရောင်တစ်ခု ခပ်မှိန်မှိန် လင်းသွားကာ တံခါးဝတွင် အစိမ်းရောင် စစ်ဝတ်စုံနှင့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

ထိုအမျိုးသားသည် တရုတ်လူမျိုး ပီသသည့် လေးထောင့်ဆန်ဆန် မျက်နှာနှင့် နက်မှောင်သော အသားအရည်ကို ပိုင်ဆိုင်ထားကာ အင်္ကျီလက်ကို လိပ်တင်ထားသောကြောင့် တောင့်တင်းသည့် ကြွက်သားတို့ကို အထင်းသား မြင်နေရသည်။ သူ့တစ်ကိုယ်လုံး “အင်အားကြီးမားမှု” ဟူသည့် အငွေ့အသက်များဖြင့် လွှမ်းခြုံထားသည်။

ပြာမှုန့်အဖြစ် ပြောင်းသွားသည့်တိုင် ကြက်သားနံ့ကို ရနေဆဲပင်။

“ရဲဘော်လေး .. ဒါက အဒေါ်လျှိုရဲ့ အိမ်လား ...”

“ဟိုဘက်အိမ် ...”

ကျောက်ချင်းစုန့်က အနည်းငယ် အံ့အားသင့်သွားသည်။

ဘာလို့ ဒီကောင်မလေးက ယမ်းမှုန့်တွေ ဝါးစားထားတဲ့အတိုင်း ပြောနေရတာလဲ မဟုတ်မှလွဲရော ...

ဟုတ်သားပဲ မှတ်မိပြီ ...

စီရင်စုတွင် မိန်းကလေးဟူ၍ များများစားစား မရှိ။ ထို့အပြင် ပန်းရောင်သမ်းသည့် မျက်နှာ၊ နှင်းဆီရောင် ပါးပြင်၊ သွယ်လျလျ ခါးနှင့် နက်မှောင်သော ဆံပင်တို့ကို ပိုင်ဆိုင်သည့် မိန်းကလေးအရေအတွက်မှာ ပို၍ပင် နည်းပါးသေးသည်။ ချင်းကွေ့ဟွားက သူမ၏ မြေးမကို လက်ထပ်ရန် အတင်းအကြပ် လာတောင်းဆိုစဉ်က သူသည် ထိုနေရာတွင် ရှိမနေ၊ သို့သော် ဖြစ်ပျက်ခဲ့သည်များကိုမူ အနည်းငယ် မှန်းဆမိခဲ့ပေသည်။

သူသည် ရှောင်ဟဲထက် သာလွန်သူဖြစ်ကြောင်း အားလုံးက ထင်ထင်ရှားရှား သိထားကြသော်ငြား ဤဖြစ်ရပ်နှင့် ပတ်သက်၍မူ သူ့စိတ်ထဲတွင် အနည်းငယ် နစ်နာသည်ဟု ခံစားမိနေဆဲပင်။

သူသည် ဆွေမျိုးများထံသို့ အလည်အပတ် လာရောက်ခဲ့ခြင်းမှာလည်း နောက်အိမ်ထောင်ပြုရန်အတွက်သာ ဖြစ်သည်။ ထို့အပြင် ပညာရေးအခြေအနေအရသာမက ရုပ်ရည်သွင်ပြင်နှင့် အသက်အရွယ်အရပါ သူမသည် သူ၏ စံနှုန်းသတ်မှတ်ချက်များနှင့် ကွက်တိကျနေပေသည်။ အကယ်၍ သူနှင့် ရှောင်ဟဲကို လူမှားခဲ့၍သာ မဟုတ်ပါလျှင် ...

ကျောက်ချင်းစုန့်က ခေါင်းကို အမြန် ခါယမ်းကာ မသင့်လျော်သည့် အတွေးများအားလုံးကို ဖိနှိပ်ထားလိုက်သည်။

သူနှင့် ရှောင်ဟဲသည် ညီအစ်ကို အရင်းအချာသဖွယ် ခင်မင်ကြသူများ ဖြစ်ပေသည်။

လိုင်တိက စိတ်ထဲမှ တိတ်တိတ်လေး ထပ်ပြောလိုက်သည်။

အိုး .. ကိစ္စမရှိပါဘူး သိပ်မကြာခင် ရှင် အံတင်းတင်းကြိတ်ရလောက်တဲ့အထိကို သူများကို ဘယ်လိုတွေ မနာလို ဖြစ်မယ်ဆိုတာ အရင်ဘဝကတည်းက သိထားပြီးသားလေ။

မိန်းမငယ်လေးက သူ့ကို အကြည့်တစ်ချက်ပင် မပေးကြောင်း တွေ့လိုက်ရသည့်အခါ ကျောက်ချင်းစုန့်က ချောင်းအသာဟန့်ကာ တောင်းပန်စကား ဆိုလိုက်သည်။ ထို့နောက် ချင်းအိမ်ရှေ့မှ အမြန် ထွက်သွားလိုက်၏။ များမကြာမီ အိမ်ဝိုင်းထဲမှ မဒမ်ကျောက် ထွက်လာကာ သားဖြစ်သူ၏ “ကြီးမားသော စွမ်းဆောင်ချက်များ” နှင့် “တောက်ပသော အနာဂတ်အကြောင်း” ကို မိတ်ဆက်လိုက်တော့သည်။

ထို ကျောက်မိသားစု၏ တတိယသား သူမ၏ မြေးသမက် ဖြစ်ခြင်းမဖြစ်ခြင်းအပေါ် ချင်းကွေ့ဟွားသည် များစွာ ဂရုမထားခဲ့ချေ။ သို့သော် နားများ ပိတ်ထားသည့်တိုင် ခြံချင်းကပ်ရပ် ဖြစ်သည့်အတွက် တစ်ဖက်အိမ်မှ စကားသံများကို ကြားနေရဆဲပင်။ ဘေးအိမ်မှ သတို့သမီး တင်တောင်းကြေးအဖြစ် ၁၆၆ ယွမ်ဟု ပြောသံကို ကြားလိုက်ရသည့်အခါ သက်ပြင်းရှိုက်မိသွားတော့သည်။

၁၆၆ ယွမ်က ဘာလုပ်မှာလဲ။ ဒီလောက်ပိုက်ဆံက သူတို့ မြေးအဘွားတွေ တစ်နှစ်လုံး .. မဟုတ်ဘူး သုံးနှစ်သုံးမိုး အလုပ်လုပ်တောင် ရှာနိုင်မှာ မဟုတ်တာကို။

မဒမ်ကျောက်က လက်ထပ်သည့်အခါ အံ့ဆင့်ဗီရို ဝယ်ပေးမည် ဖြစ်ကြောင်းနှင့် နောက်နှစ် အလုပ်ရှာပြီးသည့်အခါ စက်ဘီးတစ်စီး ဝယ်ပေးမည်ဖြစ်ကြောင်း ကတိပေးသံကို ကြားလိုက်ရသည့်အခါတွင်မူ ချင်းကွေ့ဟွားသည် “ဖွီး” ခနဲ အသံပြုမိသွားတော့သည်။

လိုင်တိနှင့် ဖန်တိတို့ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်လိုက်ကြ၏။

အဘွားက မုဆိုးမလျှိုနဲ့ လိုက်ပြိုင်နေတာပဲ ...

ကနဦး၌ ရွာထဲတွင် ရုပ်ရည်သွင်ပြင်အရဖြစ်စေ ခန္ဓာကိုယ် အချိုးအစားအရဖြစ်စေ မုဆိုးမချင်းသည် နံပါတ်တစ် ဖြစ်သည်။ သူမကို ချစ်ကြိုက်ကြသည့် ရွာသားများလည်း အများအပြား ရှိခဲ့ဖူး၏။

သို့သော် သူမသည် မှောင်သည်နှင့်တစ်ပြိုင်နက် အိမ်တံခါးကို ပိတ်ကာ အလုပ်လုပ်ချိန်တွင်လည်း ခါးပတ်ကို တင်းကြပ်စွာ ဝတ်ဆင်ထားသည်။ သူမကို မချဉ်းကပ်နိုင်တော့သည့်အခါ အားလုံးက မုဆိုးမလျှိုထံ ဦးတည်သွားကြကာ သူမလည်း ထိုသူများအား မငြင်းဆန်ခဲ့သည့်အတွက် များမကြာမီမှာပင် စားစရာသောက်စရာများသာမက အဝတ်အစား အသစ်များပါ ရရှိလာတော့သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ မကြာခဏ ကြွားဝါတတ်သေးသည့်အတွက် မုဆိုးမချင်းမှာ ဒေါသထွက်လာရတော့သည်။

သူမ ငယ်ရွယ်စဉ်က လျှိုမိသားစု၏ ကလေးများသည် နံရံပေါ် တက်ကာ အသားကိုစား၊ အရိုးကိုက်နေကြစဉ် သူမ၏ သားဖြစ်သူသည် အောက်မှ သွားရည်ယိုကာ ငေးကြည့်နေရကြောင်းကို ယခုထိ မှတ်မိနေဆဲပင်။ မိခင်တစ်ဦးအဖို့ ဤဖြစ်ရပ်သည် စိတ်တိုစိတ်ဖိစီးဖွယ်ပင်။

နောက်ပိုင်းတွင် မုဆိုးမလျှို၏ အမဲလိုက် ကျွမ်းကျင်သူ မိတ်ဆွေနှစ်ဦးက သူမတို့မိသားစု အာဟာရပြည့်ဝစေရန် တောဝက်နှင့် ရစ်ငှက်များကို မကြာခဏ ယူလာပေးတတ်သည့်အတွက် သူမ၏ သားသည် တစ်ဖြည်းဖြည်း အရပ်ရှည်လာကာ တစ်ကြိမ်တစ်ခါမျှပင် နာဖျားခြင်း မရှိတော့ချေ။

သို့သော် ရှောင်ဖုကွေ့မှာမူ အာဟာရ မလုံလောက်မှုကြောင့် တစ်ဖြည်းဖြည်း ပိန်ချုံးချိနဲ့လာတော့၏။ အရပ်ပုကာ နာမကျန်း ဖြစ်လွယ်သည့်အတွက် အသက် ၃၀ မတိုင်မီမှာပင် ကွယ်လွန်သွားခဲ့ရတော့သည်။ ထိုသို့ ဖြစ်ခဲ့သည်ကိုပင် မုဆိုးမလျှိုက သူမအား မြင့်မြတ်သူအဖြစ် ဟန်ဆောင်သောကြောင့် ကောင်းကင်ဘုံက ဒဏ်ခတ်ခြင်း ဖြစ်သည်ဟု ရွဲ့စောင်းပြောဆိုနေတတ်သေး၏။

ဒီလိုမျိုးကို ဒေါသမထွက်ဘဲ နေနိုင်မယ်လို့ ထင်လား ...

ဒေါသထွက်လွန်းလို့ နှာခေါင်းတွေတောင် ကောက်ကုန်လောက်ပြီ။

လိုင်တိက နောက်တစ်ကြိမ် ပြဿနာ ထပ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် အမြန် ဟန့်တားလိုက်သည်။

“ဘွားဘွား ယုန်လေးရော .. ယုန်လေးကို ဘာလို့ မတွေ့တော့တာလဲ ...”

ထိုယုန်လေးမှာ အသက်ရှင်ချင်စိတ် အလွန် ပြင်းထန်သည့်ဟန်ပင်။ သူ့အသားကို လိုင်တိက အချိန်မရွေး စားရန် ကြံစည်နေကြောင်း အလိုလို သိနေသည့်အတွက် သူမ လာသည်နှင့်တစ်ပြိုင်နက် ခေါင်းကို စောင်းလျက် ၎င်း၏ လက်ကလေးများဖြင့် နာနာခံခံ ဆုပ်ကိုင်ကာ သူမ၏ အနောက်မှ တကောက်ကောက် လိုက်နေတတ်သည်။ ဖြူဖွေးနေသည့် နားရွက်အရှည်ကြီးနှစ်ဖက်ကို ငိုက်စိုက်ချလျက် ခုန်ဆွခုန်ဆွ သွားနေပုံမှာ အလွန် အာရုံနောက်ဖွယ်ရာပင်။

သို့သော် လိုင်တိသည် ယနေ့၌ သူမ ပြန်ရောက်လာသည်မှာ အချိန်အချို့ ကြာနေပြီ ဖြစ်သည့်တိုင် ထိုယုန်လေးကို မတွေ့ရသည့်အတွက် အနည်းငယ် နေသားမကျ ဖြစ်လာတော့သည်။

ထိုအခါ ချင်းကွေ့ဟွားနှင့် ဖန်တိတို့လည်း သူမတို့၏ ယုန်လေးသည် အမှန်တကယ် ပျောက်နေခြင်းဖြစ်ကြောင်း သိသွားကြတော့သည်။

ဤဒေသ၌ အိမ်မွေးတိရိစ္ဆာန် မွေးသူဟူ၍ များများစားစားမရှိ။ ကြက်နှင့်ဘဲ မွေးရန်ပင်လျှင် အကန့်အသတ် ရှိနေရာ နှစ်ကောင်ထက်ပိုပြီး မွေးထားသည့် မိသားစုဟူ၍ လက်တစ်ဆုပ်စာပင် မရှိချေ။ ထို့ကြောင့် မကြာခဏဆိုသလို စစ်တပ်အရာရှိများနှင့် အငြင်းအခုန် ဖြစ်ကြရသည်။

အမျိုးသမီးကြီးများက အိမ်တွင် ကြက်မများပင် မွေးထားကြကာ သူတို့၏ ကိုယ်ပိုင် အနွေးကုတင်ပေါ်၌ အသိုက် ဖွဲ့ထားစေတတ်၏။ အကယ်၍ တစ်စုံတစ်ဦး မွေးထားသည့် ကြက်နှင့်ဘဲများ ထွက်ပြေးသွားပါလျှင် ၎င်းတို့ကို အဆုံးဟုသာ မှတ်ယူရချေတော့မည်။

ထိုအကြောင်းကို တွေးပြီးနောက် လိုင်တိသည် သူမကိုယ်သူမ မမြင်ရသည့် ရန်သူနှင့် ရင်ဆိုင်နေရသည်ဟု ခံစားမိလာတော့သည်။ ပျောက်သွားသည်မှာ ကြက်တစ်ကောင်၊ ဘဲတစ်ကောင် မဟုတ်၊ ဗိုက်ကြီးနေသည့် ယုန်တစ်ကောင် ဖြစ်ပေသည်။

“အပြင်ကို ထွက်ပြီး ရှာကြည့်လိုက်ဦးမယ် အဲ့ကောင်က သမီးရဲ့ အသံကို ရင်းနှီးနေပြီဆိုတော့ ဘွားဘွားနဲ့ ဖန်တိက အိမ်ထဲကိုပဲ သေချာလေး လိုက်ရှာကြည့်လိုက်ပါ ...”

သူမ ထွက်သွားပြီးနောက် မြေးအဘွားနှစ်ဦးသည် မြေကြီးအနက် သုံးပေအထိ လှန်လှောကာ ရှာဖွေသည့်တိုင် ယုန်၏ အရိပ်အယောင်ကိုမျှပင် မတွေ့ရချေ။

“အဲဒါ လျှိုစန်းဟူရဲ့လက်ချက် နေမှာ ...”

ဖန်တိက ခါးထောက်ကာ ကပ်လျက်အိမ်ဘက်သို့ စိုက်ကြည့်ပြီး ပြောလိုက်သည်။

“သမီးက နေ့တိုင်း နံရံပေါ် တက်ထိုင်နေကျ။ ဒါပေမယ့် ဒီနေ့ကျမှ ထူးထူးဆန်းဆန်း ဘယ်သူ့ကိုမှ မတွေ့ရဘူး။ မနှစ်က ပျောက်သွားတဲ့ ကြက်မကြီးကလည်း သူတို့လက်ချက်ပဲနေမှာ ...”

ထိုစကား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ချင်းကွေ့ဟွားသည် အသက်ရှူရပ်မတတ် ဖြစ်သွားရတော့သည်။

ပြီးခဲ့သည့်နှစ်က သူမသည် နှစ်ရက်လျှင် ဖြူဖွေးဝိုင်းစက်ကာ ကြီးမားသည့် ကြက်ဥတစ်ဥနှုန်း ဥပေးနိုင်သည့် ကြက်မအိုကြီးတစ်ကောင်ကို မွေးထားခဲ့ဖူးသည်။

သို့သော် တစ်ရက်သားတွင် အိမ်တံခါးပိတ်ရန် မေ့သွားသည့်အတွက် သူမ အိမ်၌ မရှိခင်အချိန်တွင် ထိုကြက်မကြီးသည် အပြင်သို့ ထွက်ပြေးသွားခဲ့၏။ ထိုအချိန်မှစ၍ ကြက်မကြီးကို ပြန်တွေ့ဖို့ မဆိုထားနှင့်၊ ၎င်း၏ အလောင်းကိုပင် ပြန်မရခဲ့တော့ချေ။

“စဉ်းစားကြည့်လိုက်ကာမှ .. ဘာလို့ အဲဒီ့အချိန်ကတည်းက မပြောခဲ့ရတာလဲ”

ဖန်တိက နှာခေါင်းကိုပွတ်ကာ ပြောလိုက်သည်။

“သက်သေမှ မရှိတာ ...”

ပြောရမှာတော့ အားနာပါရဲ့ ဒါပေမယ့် ချင်းကွေ့ဟွားရဲ့ ရာဇဝင်မှာ “သက်သေ”ဆိုတဲ့ စကားလုံး ရှိကို မရှိခဲ့ဖူးဘူးနော် ...

သူက ဝုန်းခနဲ အိမ်ထဲမှ ပြေးထွက်သွားကာ လျှိုအိမ်၏ တံခါးကို ကန်ပြီး ဖွင့်လိုက်သည်။ လျှိုအိမ်ထဲ၌ မုဆိုးမလျှိုနှင့် မဒမ်ကျောက်တို့သည် လူငယ်စုံတွဲ၏ မင်္ဂလာပွဲအတွက် ဆွေးနွေးနေကာ လျှိုပေါင်ကျူးကမူ အနားနားတွင် ရှက်သွေးဖြန်းစွာဖြင့် အသာ ထိုင်နားထောင်နေခဲ့၏။ ထိုစဉ် ဝုန်းခနဲ တိုက်လာသည့် လေပြင်းတစ်ချက်နှင့်အတူ မုဆိုးမလျှိုသည် သံမဏိလက်ဝါးတစ်ချက်ကိုပါ လက်ဆောင်ရလိုက်တော့သည်။

ထိုသို့ဖြင့် တစ်ဘဝလုံး ရန်တစောင်စောင် ဖြစ်ခဲ့ကြသည့် မုဆိုးမနှစ်ဦးသည် နောက်တစ်ကြိမ် ထွေးလုံးသတ်ပုတ်လိုက်ကြပြန်တော့သည်။

မဒမ်ကျောက်သည်လည်း သူမတို့နှစ်ဦးအကြားမှ အငြိုးအတေးများကို သိထားသူဖြစ်ရာ ဘေးမှ ထိုင်ကြည့်နေရန်သာ ရွေးချယ်လိုက်သည်။ လျှိုမိသားစုများကလည်း ဘေးနားမှသာ အသာ ရပ်ကြည့်နေကြ၏။ ချင်းကွေ့ဟွားသည် ဖန်တိ၏ အကူအညီကို ရလျှင်ပင် မုဆိုးမလျှို၏ ပြိုင်ဘက်အဆင့်အထိ မဖြစ်နိုင်သေးရာ များမကြာမီ အရှက်ကွဲရပေလိမ့်မည်။

သို့သော် ရန်ပွဲ၌ မည်သူကမှ မရှုံးနိမ့်ခဲ့ကြ။ ချင်းကွေ့ဟွားသည် ကာယပိုင်းဆိုင်ရာအရ အားနည်းသည့်တိုင် စကားလုံးများအား အသုံးချရာတွင်မူ ဆရာတစ်ဆူပင်။ သူမက မုဆိုးမလျှို၏ ဆွေစဉ်မျိုးဆက် ၁၈ ဆက်အထိ ကျိန်ဆဲလိုက်ကာ သူမ မွေးထားသည့် ယုန်ကိုသာ စားရဲပါလျှင် မနက်ဖြန် နေထွက်သည်ကို မမြင်စေရဟုပင် ခြိမ်းခြောက်လိုက်သေးသည်။ အညှာအတာ ကင်းမဲ့သည့် စကားများကသာ ဓားတစ်လက် ဖြစ်ခဲ့ပါလျှင် လျှိုတစ်အိမ်လုံး အသက်ရှင်ကျန်ရစ်သူပင် ရှိတော့မည် မဟုတ်ချေ။

သို့သော် မုဆိုးမလျှိုမှာလည်း ခေသူ မဟုတ်၊ သူမက လုံးဝ ဝန်မခံခဲ့ချေ။

“နင်တို့ယုန်ကို ယူတယ်လို့ ဘယ်မျက်လုံးနဲ့မြင်လို့ လာစွပ်စွဲနေတာလဲ ...”

ချင်းကွေ့ဟွားက ပျာခနဲ ဖြစ်သွား၏။ သူမသည် အမှန်တကယ်လည်း တပ်အပ်တွေ့ခဲ့ခြင်း မရှိသည့်တိုင် အရှုံးကိုလည်း လုံးဝ ဝန်မခံလိုချေ။

“ဘာပဲဖြစ်ဖြစ် .. နင်မဟုတ်တောင် နင့်အိမ်က သတ္တဝါလေးတွေရဲ့လက်ချက် ဖြစ်မှာပေါ့ ဆင်ခြင်ဉာဏ်ရှိရှိနဲ့ အခုချက်ခြင်း ယုန်ကို ပြန်ထုတ်ပေးနော် မဟုတ်လို့ကတော့ ...”

“မဟုတ်တော့ ဘာဖြစ်လဲ ...”

လျှိုမိသားစု၏ မြေးယောကျ်ားလေးများက ဒေါသတကြီး မတ်တပ်ထရပ်ကာ သူမကို စူးစူးရဲရဲ စိုက်ကြည့်ပြီး မေးလိုက်ကြသည်။ ဒေါသပုန်ထနေပြီဖြစ်သည့် လျှိုစန်းဟူက တံတွေးကိုပင် ပက်ခနဲ ထွေးထုတ်လိုက်သေးသည်။ ချင်းကွေ့ဟွားဘက်မှ အလျင်အမြန် ရှောင်တိမ်းနိုင်လိုက်၍သာ မဟုတ်ပါလျှင် ထိုတံတွေးများသည် သူမ၏ မျက်နှာပေါ်သို့ ကွက်တိ ကျသွားမည် ဖြစ်သည်။

All Chapters