← Chapters

Chapter 21

Vol. 2 Ch. 21

Chapter 21

Vol. 2 Ch. 21

အဘွားက လောင်ချင်း၏ မိသားစုအတွက် မျိုးဆက်ချန်ရန်သာ အလိုရှိနေခဲ့သည်။ သို့သော် သူမ ကွယ်လွန်ပြီးနောက်ပိုင်း၌ ထိုမျိုးဆက်အား မည်သူက ပြုစုစောင့်ရှောက်မည်ဟူသည့် အချက်ကိုမူ မစဉ်းစားလိုခဲ့ချေ။

အစားအစာ၊ အဝတ်အထည်၊ နေထိုင်စရာ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေး အလုံးစုံသော ကဏ္ဍတိုင်းမှာ ငွေနှင့် စွမ်းအင်များ လိုအပ်ကာ ထို လက်တွေ့ကျသည့် ပြဿနာများအားလုံးကို လူကောင်းတစ်ဦးနှင့် ချစ်ကျွမ်းဝင်ရမည့် မိန်းကလေးတစ်ဦးထံသို့သာ အလုံးစုံ ပစ်တင်ထားခဲ့သည်။

ဖန်တိဘက်မှ စဉ်းစားကြည့်ပါလျှင် တစ်သက်လုံး တောင်ပေါ်ရွာမှ မထွက်ခွာနိုင်တော့သည်မှာ မျှတသည့် လုပ်ရပ်တစ်ခု မဟုတ်ချေ။

ဤကိစ္စတွင် အဘွား၏ ခေါင်းမာမှုမှာ တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်ပေ။

“စတုတ္ထလေး မင်း တကယ် ပြောင်းချင်တာလား ...”

ဖန်တိက ထက်သန်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

“သမီးလည်း အစ်မ ၃ လိုပဲ ...”

ယခင်က သူမသည် ကျကျနန နားမလည်ခဲ့သော်ငြား ယခုမူ သူမ၏ နာမည်မှာ မည်မျှအထိ အဆိပ်ပြင်းကြောင်း သဘောပေါက်သွားလေပြီ။

“တတိယအစ်မ .. နာမည်ကို ဘယ်လို ပြောင်းချင်လဲ ..."

"ချင်ရှန်း…”

ခေတ်အသီးသီးတွင် နာမည်ပေးပုံ အမျိုးမျိုး ရှိကြကာ ကာလအပိုင်းအခြားအလိုက် ခေတ်စားသည့် နာမည်များလည်း မတူညီကြချေ။ အတိတ်ဘဝတွင်လည်း သူမသည် နာမည်မျိုးစုံကို စဉ်းစားခဲ့ဖူးသည်။

သို့သော် ကျောက်ချင်းစုန့်က နာမည်ပြောင်းခြင်းအား အတည်ပြုရန် အလွန် အလုပ်ရှုပ်လွန်းလှသည်ဟု တွေးမိသည့်အတွက် သူမဘက်မှ ထိုအကြောင်း စကားစလေတိုင်း မျက်ခုံးနှစ်ဖက်ကို စုတွန့်ကာ သူမထံတွင် အခြား အာရုံစိုက်စရာ အလုပ်များ အများကြီး ရှိသည်ဟုသာ ပြောတတ်သည်။ ကြိမ်ဖန်များစွာ အငြင်းခံရပြီးနောက်ပိုင်းတွင် သူမသည် ထိုအကြံကို တစ်ဖြည်းဖြည်း လက်လျော့လိုက်တော့သည်။

“မိန်းကလေး စာလုံးနောက်က “ကျောက်” ဆိုတဲ့ စာလုံးလား ...”

ချင်းလိုင်တိက ထင်းချောင်းတစ်ချောင်းကို ယူကာ မြေကြီးပေါ်တွင် တစ်ချက်ချင်း ရေးပြလိုက်သည်။

ဖန်တိက မမေ့သွားစေရန် ထပ်ကာတလဲလဲ တတွတ်တွတ် ရွတ်ရင်း မေးလိုက်သည်။

“တတိယအစ်မ .. အဲဒါ ဘာအဓိပ္ပါယ်လဲ ...”

“ချင်းရှန်းက လေထတာကို သက်သာစေတယ် အစိုဓာတ်ကို ဖယ်ရှားပေးတယ် နာကျင်မှုကို သက်သာစေပြီး အပူအခိုးတွေကို ရှင်းထုတ်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့ တိုင်းရင်းဆေးတစ်မျိုးပဲ ...”

ဖန်တိက သဘောမပေါက်။ သို့သော် သူမသည်လည်း နာမည်ကို ပြောင်းလိုပေရာ အဓိပ္ပါယ်ရှိသည့် နာမည်ကို ပြောင်းလဲရန် လိုအပ်ပေသည်။

“Chinesnsis က ငရုတ်ကောင်းလိုပဲ အနံ့စူးပြီး စပ်တယ်ဆိုပေမယ့် သူ့မှာ ငြင်သာသိမ်မွေ့တဲ့ အရသာလည်း ရှိတယ် ငါလည်း အနာဂတ်မှာ အဲဒီ့လိုလူမျိုး ဖြစ်လာမယ်လို့ မျှော်လင့်တာပါပဲ ..."

အတိတ်ဘဝတွင် သူမသည် အလွန် ပူစပ်ပူလောင်နိုင်သည့် အကျင့်စရိုက်ကို ပိုင်ဆိုင်ခဲ့ကာ စိတ်တိုကာ မိုက်ရူးရဲဆန်တတ်သည့် အကျင့်စရိုက်ကြောင့် များစွာ အခက်ကြုံခဲ့ရသည်။ သူမ၏ ဂုဏ်သတင်းမှာ "ငရုတ်ကောင်းစေ့” ဟူသော နာမည်ကြောင့် အလဟဿ ဖြစ်ခဲ့ရပေသည်။

ဖန်တိက ခေါင်းငြိမ့်ပြလိုက်သည်။

“အဲဒီလိုကိုး .. သမီး .. သမီးကတော့ “တိ”ဆိုတဲ့ စာလုံးကို ဖယ်လိုက်ရင်ကို ရပါပြီ ...”

ချင်းဖန် ဖြစ်စေ ချင်းရှန်းဖြစ်စေ နှစ်ခုလုံးမှာ ကောင်းသည့်နာမည်ချည်းသာပင်။

ထိုသို့ဖြင့် ညနေခင်းတွင် ညီအစ်မနှစ်ဦးသည် ချင်းကွေ့ဟွားကို တစ်ဖက်တစ်ချက်စီမှ ညှပ်ထားလျက် အိပ်ယာပေါ်တွင် တိုးဝှေ့အိပ်ရင်း ပြောလိုက်သည်။

“ကွာခြားချက်က ကြီးတယ်နော် .. ဟုတ်တယ်မဟုတ်လား ...”

ချင်းကွေ့ဟွားက တုပ်တုပ်မှ မလှုပ်သေး။

“ဘွားဘွား သမီးတို့ရဲ့ စတုတ္ထလေးက သေချာပေါက်ကို ကောလိပ်ဝင်ခွင့်ရမယ့် ကလေးလေးလေ “ဖန်တိ” ဆိုတဲ့ နာမည်က နည်းနည်း အပေါစားဆန်တယ်လို့ မထင်ဘူးလား။ တစ်ခြားလူတွေကသာ သူမရဲ့ နာမည်ကို ဒီလိုကြီး မြင်နေကြရင် အကုန် ဝိုင်းပြီး အနိုင်ကျင့်နေကြမှာပေါ့ ...”

“ဟုတ်သားပဲ ဘွားဘွားရဲ့ တတိယအစ်မကလည်း တစ်ချိန်ချိန်မှာ ဆရာဝန် ဖြစ်လာမှာလေ ဂုဏ်ရှိတဲ့အလုပ် လုပ်ရမယ့်လူက “လိုင်တိ” ဆိုတဲ့ နာမည်ကြီးနဲ့ဆို ရယ်ချင်စရာကြီး ဖြစ်နေမှာပေါ့ ...”

ချင်းကွေ့ဟွားက ဟွန့်ခနဲလုပ်ကာ ပြောလိုက်သည်။

“ဒီရွာမှာ နင်တို့နာမည်ထက် ဆိုးတဲ့သူတွေမှ အများကြီး ...”

သူမသာ ဆက်ပြီး စကားပြောချင်စိတ် ရှိပါလျှင် သေချာပေါက် အရေးမနိမ့်တော့မည် ဖြစ်သည့်အတွက် ညီအစ်မနှစ်ဦးသည် သူမအား အနာဂတ်၌ မည်သို့မည်ပုံ ပြုစုစောင့်ရှောက်ကြမည်။ သူမတို့၏ စွမ်းရည်ကြောင့် ချင်းကွေ့ဟွားသည် ရွာထဲ၌ နာမည်ကြီးလာလိမ့်မည် အစရှိသဖြင့် ချွဲချွဲနွဲ့နွဲ့ဖြင့် ချော့မော့ကာ ပြောလိုက်ကြတော့သည်။

“ဘွားဘွား မသိလို့နော် သမီးတို့နာမည်မှာ ပါတဲ့ 'တိ' ဆိုတဲ့ စာလုံးက ရေးရတာ တအားခက်တာ ဆွဲချက်တွေလည်း အများကြီးပဲ စတုတ္ထလေးဆို စာမေးပွဲဖြေရင် သူက နာမည်ရေးမပြီးသေးဘူး တစ်ခြားကျောင်းသားတွေက မေးခွန်းတွေ အများကြီး ဖြေပြီးကုန်ကြပြီ ဘွားဘွားပဲ စဉ်းစားကြည့်။ စတုတ္ထလေးအတွက် မနစ်နာဘူးလား ...”

“ပြီးတော့ နောင်တစ်ချိန် သမီး ဆရာဝန်ဖြစ်လာတဲ့အခါကျ ဆေးစာတိုင်းမှာ လက်မှတ်ထိုးပေးဖို့ လိုတယ်လေ။ ဘွားဘွားလည်း သိပါတယ် သမီးတို့နာမည်က ရေးရခက်တာကို အဲဒါ ရေးနေရတာကိုက လူနာတစ်ယောက်ကို စမ်းသပ်ရသလောက် ကြာနေမှာ။ မတော်လို့များ တအားကို အသည်းအသန်ဖြစ်နေတဲ့ လူနာတစ်ယောက် ရောက်လာပါပြီတဲ့ အဲဒီ့ နာမည်ကို ရေးပြီးအောင် ထိုင်စောင့်နေရတာနဲ့တင် သေသွားမလားပဲ ...”

ချင်းကွေ့ဟွားက ချက်ခြင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။

“တကယ်လား ...”

ညီအစ်မနှစ်ဦးက သူ့ထက်ငါ ကျိန်တွယ်ကာ ပြောလိုက်ကြသည်။ အဘွားမှာ စာမတတ်သည့်အပြင် အကယ်၍ ရွာထဲသို့ လိုက်မေးပါလျှင်လည်း ရွာထဲတွင် စာကောင်းကောင်း ရေးတတ်သူဟူ၍ မရှိပေရာ အဖြေမှန်ကို သိနိုင်လိမ့်မည် မဟုတ်ချေ။

“လူတစ်ယောက်ရဲ့ အသက်ကို ဖြုန်းတီးပစ်တာ နောက်ပြောင်စရာမှ မဟုတ်တာ ...”

ချင်းကွေ့ဟွားက သက်ပြင်းချကာ ပြောလိုက်သည်။ သူမ၏ မြေးမသည် ဆရာဝန်တစ်ယောက် ဖြစ်လာနိုင်သည်ဟုသာ ကြိုသိခဲ့ပါလျှင် ပိုမိုရိုးရှင်းသည့် နာမည်ကိုသာ ပေးခဲ့မိမည် ဖြစ်သည်။

ညလုံးပေါက် တိုက်တွန်းကြပြီးနောက် နောက်တစ်နေ့ မနက်တွင် လိုင်တိ .. တစ်နည်းအားဖြင့် ချင်းရှန်းသည် အဘွားဖြစ်သူထံမှ သဘောတူညီချက်ကို ရရှိသွားကာ နာမည်ပြောင်းရန် လိုအပ်သည့် အချက်အလက်များအကြောင်း မေးမြန်းရန် စီရင်စုဌာနချုပ်သို့ အမြန် သွားလိုက်တော့သည်။

ကံကောင်းစွာဖြင့် သူမထံ၌ ဟဲလျန်ရှန်း၏ အလုပ်ကို ဆက်သွယ်ရန် အချက်အလက်များ ရှိနေပေရာ အခြေအနေကို ရှင်းပြထားသည့် ကြေးနန်းစာတစ်စောင် ပို့လိုက်သည်။ တစ်ဖက်လူကလည်း လွယ်ကူလျင်မြန်စွာပင် သဘောတူလိုက်ကာ မိတ်ဆက်စာနှင့် အခြေအနေကို ရှင်းလင်းတင်ပြသည့် စာတစ်စောင် ထုတ်ပေးလိုက်သည်။

စီရင်စု ဌာနချုပ်မှာလည်း အချက်အလက်များ ပြည့်စုံသည့်အတွက် ကပ္ပတိန်နှင့် အတွင်းရေးမှူး၏ အသိအမှတ်ပြု စာစောင်ပေါ်တွင် တံဆိပ်တုံး နှိပ်ပေးလိုက်သည်။ တရားဝင် စည်းတံဆိပ်ရိုက်နှိပ်ရန်အတွက်မူ ကောင်တီသို့ အိမ်ထောင်စုစာရင်းစာအုပ် ယူသွားပြီး ပြောင်းလဲရန်သာ လိုအပ်ပေတော့သည်။

ယခုလက်ရှိကာလများ၌ ရှစ်လန်ခရိုင်၏ အိမ်ထောင်စုစာရင်း စာအုပ်များမှာ အညိုရောင်ပလက်စတစ် အဖုံးများကို အသုံးမပြုကြသေးချေ။ သို့သော် အပေါ်တွင်မူ ထူထဲသည့် ကတ်ထူစာရွက်ဖြင့် ဖုံးအုပ်ထားပေသည်။

မွေးနေ့မွေးရက်နှင့် ပတ်သက်သည့် အချက်အလက်များ ထည့်သွင်းထားရမည့်အပြင် အိမ်တွင် ယာယီနေထိုင်သူများ ရှိပါက ထိုသူများကိုပါ စာရင်းသွင်းရမည် ဖြစ်သည်။ ထို့နောက်တွင် တံဆိပ်တုံးထုရန် ကောင်တီသို့ သွားရပြန်၏။

ညီအစ်မနှစ်ဦးအဖို့ နာမည်ပြောင်းရန် တစ်ပတ်သာ အချိန်ယူလိုက်ရပေသည်။

“ချင်းကျူ .. ဒီကောင်မလေးကို ဘယ်လိုခေါ်ရမှာလဲ .. လောင်ကျူလို့ ခေါ်ရမယ်ထင်တယ် ...”

ကပ္ပတိန်က ပြောင်းလဲပြီးဖြစ်သည့် အိမ်ထောင်စုစာရင်းစာအုပ်ကို စိုက်ကြည့်ကာပြောလိုက်သည်။

“ဘာတွေ မှားနေတာလဲ ကျူဆိုတဲ့စာလုံးက “ငရုတ်သီး” နဲ့ အသံထွက် အတူတူပဲလေ ...”

ဝမ်လီဖန်းက သူ့ကို လက်သီးဖြင့် ခပ်ဖွဖွထိုးကာ ပြုံးပြုံးကြီး ပြောလိုက်သည်။ စိတ်ထဲ၌မူ သူမကို ချင်းရှောင်လိုင်ဟု ခေါ်ရမည်ဟု တွေးလိုက်၏။

လီပန်းဖန်းက နောက်ထပ် အမှားမလုပ်မိစေရန် အလို့ငှာ နှစ်ကြိမ်တိုင်တိုင် ထပ်မံစစ်ဆေးပြီးကာမှ ချင်းလိုင်တိထံ စာအုပ်ကို ပြန်ပေးလိုက်သည်။ မဟုတ်သေးပါဘူး။

အခုက ချင်းလိုင်တိ မဟုတ်တော့ဘူးလေ။

“မပျောက်စေနဲ့နော် .. ပြီးတော့ ပြီးခဲ့တဲ့တစ်ခေါက်က မင်းအဒေါ် ပြောတဲ့ကိစ္စပေါ်လည်း တအားကြီး စိတ်ဖိစီးမနေနဲ့ဦး ...”

“ဟုတ်ကဲ့ပါ ဦးလေး စိတ်မပူပါနဲ့ ကျွန်မ မှတ်သားထားပါ့မယ် ပြီးတော့ အခုတလော ဒေါက်တာဟဲ သင်ထားသမျှ အကုန်လုံးကိုလည်း ပြန်နွှေးထားပါတယ် ...”

“ဒါဆိုရင်တော့ ကောင်းတာပဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနက်ဖြန်ဆို တရားဝင် စာရင်းပေးထားတဲ့ လူစာရင်း ထွက်လာတော့မှာလေ မင်း နာမည်ပြောင်းတာ အချိန်ကိုက် ဖြစ်သွားတယ် ....”

တစ်ရက်မျှ နောက်ကျသွားလျှင်ပင် အခက်တွေ့ရတော့မည် ဖြစ်သည်။ အကယ်၍ အထက်အရာရှိများက လေ့ကျင့်ရေးတွင် အမှန်တကယ် ပါဝင်မည့်သူနှင့် လမ်းကြုံ၍ စာရင်းပေးသူများအား အမှန်တကယ် စုံစမ်းလိုပါလျှင် စာရင်းနှစ်ခုမှာ ကွဲပြားသွားမည် ဖြစ်ပေသည်။ သို့သော် ၎င်းတို့က သူတို့ကို ရက်ပေါင်းများစွာ ခြားနားထားရန် လုံလောက်ပေသည်။

ဝမ်လီဖန်းက မျက်လုံးကို လှိမ့်ကာ ပြောလိုက်သည်။

“ကောင်မလေး မင်း စာရင်းမသွင်းခင် နာမည်ပြောင်းလိုက်တာ မဟုတ်လား ...”

ချင်းရှန်းက သွားဖြူဖြူများ ပေါ်လာသည်အထိသာ ရယ်ပြလိုက်သည်။

မဟုတ်ဘူးလို့ ဘယ်သူရော ပြောနိုင်မှာတဲ့လဲ ...

သူမသည် မည်သည့်အရာကိုမှ ကြိုတင်ပြင်ဆင်မှု မရှိဘဲ မလုပ်ပေ။ အတိတ်ဘဝက ဤအချိန်တွင်လည်း သူမသည် စစ်တပ်ဌာန၏ လေ့ကျင့်ရေးတွင် ပါဝင်ခဲ့ပေသည်။ ထိုစဉ်က သူမ ပါဝင်ခဲ့သည့် ဒေသမှာ ယခုလက်ရှိ ဟုန်ရှင်းကောင်တီ တည်ရှိရာနေရာ ဖြစ်သည်။

ထိုလေ့ကျင့်ရေးက တပ်မဟာတစ်ခုလုံးအနှံ့ ပျံ့နှံ့ခဲ့ကြောင်းကို မှတ်မိနေဆဲပင်။ ရွေးချယ်မှု စာမေးပွဲအား ကောင်တီတစ်ခုချင်းစီအလိုက် သီးခြားအချိန်၊ သီးသန့်နေရာဖြင့် ကျင်းပခဲ့ပေသည်။ သို့သော် မေးခွန်းလွှာများကိုမူ တပ်မဟာ၏ ကျန်းမာရေးဌာနမှသာ တစ်စုတစ်စည်းတည်း တာဝန်ယူ ပြင်ဆင်ခဲ့သည်။

ညနေခင်း၌ .. ချင်းဖန်သည် သူမ၏ နာမည်ကို အိမ်ထောင်စုစာရင်းစာအုပ်တွင် မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်မိသွားတော့သည်။

“တတိယအစ်မ .. အစ်မက တအားကို ဉာဏ်များတာပဲ ...”

“ဉာဏ်ကောင်းတယ်လို့ ခေါ်တာပါနော် ...”

“ဟီးဟီး .. ဉာဏ်များရင် ဉာဏ်များတယ်ပေါ့ ...”

ချင်းဖန်က စိတ်ထဲမှ တိတ်တိတ်လေး ပြောလိုက်သည်။

အိမ်မှာ တတိယအစ်မ ဉာဏ်အများဆုံးပဲ ...

ချင်းကွေ့ဟွားသည် အစပိုင်းက ခပ်တည်တည် ဖြစ်နေသေးသော်ငြား မြေးမများ ပျော်ရွှင်နေသည်ကို မြင်လိုက်ရသည့်အခါ မျက်နှာကို တင်းမထားနိုင်တော့။ သို့သော် အနည်းငယ် မပျော်မရွှင် ဖြစ်မိသည့်အတွက် တမင်တကာပင် နာမည်အဟောင်းကို ခေါ်လိုက်သည်။

“လိုင်တိ ဖန်တိ ဒီဝါဂွမ်းကို တစ်ယောက်ကို နှစ်ကီလို ယူပြီး အနွေးအင်္ကျီရဲ့ အောက်ထဲမှာ ထည့်ချုပ်ထားကြ ...”

“လာပါဦး တိဖန်တိရဲ့ ခြေထောက်ဆေးရအောင် ရေလေး နည်းနည်းလောက် သယ်ခဲ့ပါဦး ..."

“တိဖန်တိရေ .. အနွေးကုတင်ပေါ် အရင် လှဲစမ်းပါ ...”

“လိုင်တိရေ .. ဖန်တိရေ ...”

ညီအစ်မနှစ်ဦးကလည်း သူတို့၏ အဘွားသည် တမင်လုပ်နေခြင်းဖြစ်ကြောင်း သိနေသည့်အတွက် နာမည်ကို ပြန်ပြင်မပေးခဲ့ချေ။ သူမသည် နာမည်ပြောင်အား ခေါ်ရခြင်းကို နှစ်သက်သဖြင့်သာ ခေါ်နေခြင်း ဖြစ်ပေသည်။ ထို့အပြင် တစ်ကြိမ်တည်းဖြင့် ခြေလှမ်းအကျယ်ကြီး လှမ်းလိုက်ပါလျှင် အဘွားသည် ကျိန်းသေ ဝမ်းနည်းသွားပေလိမ့်မည်။

သို့သော် ဂွမ်းကပ်အနွေးအင်္ကျီနှင့် ပတ်သက်၍မူ မဖြစ်မနေ စကားပြောရန် လိုအပ်လာတော့သည်။

“အခုအချိန်မှာ သမီးတို့အတွက် လုပ်ပေးစရာ မလိုသေးပါဘူး ဘွားဘွားပဲ အရင်လုပ်ပါ သမီးတို့ ခန္ဓာကိုယ်က အအေးဒဏ် ခံနိုင်ပါတယ် ...”

ချင်းကွေ့ဟွားက သူမတို့ကို မဆူပူလိုသည့်အတွက် သူတို့စိတ်တိုင်းကျသာ လိုက်လျောလိုက်သည်။ ကျန်နေသေးသည့် အဖြူရောင်ပိတ်စမှာ ထိကိုင်ကြည့်ရန်ပင် အလွန် နူးညံ့လှပေရာ ချင်းရှန်းက သူမနှင့် ညီမလေးအတွက် အပေါ်ဝတ် လက်ပြတ်အင်္ကျီတစ်ထည်စီ ပြုလုပ်လိုက်သည်။ ချင်းမိသားစုဟောင်းမှာ အလွန် ဆင်းရဲလှကာ အဘွားသည် တစ်ခါမှ အပေါ်ထပ်အင်္ကျီကို မဝတ်ခဲ့ရဖူးချေ။အကြီးဆုံးအစ်မနှင့် ဒုတိယအစ်မတွင်ပင် တစ်ယောက်လျှင် တစ်ထည်သာ ရှိကြကာ လက်ထပ်သည့် အချိန်မှသာ ဝတ်ခဲ့ကြ၏။ သူမနှင့် စတုတ္ထလေးမှာမူ ယခုအချိန်အထိ အတွင်းခံကို တစ်ခါမှ မဝတ်ခဲ့ဖူးချေ။

ထိုခေတ်အချိန်များ၌ အတွင်းခံများ ပေါ်နေပြီ ဖြစ်သော်ငြား ၎င်းတို့ကို ဝယ်လိုပါလျှင် သဟာယအသင်း စတိုးဆိုင်များသို့ သွားရောက်ကာ နိုင်ငံခြားကုန်စည် ဖလှယ်ရေးကူပွန်ဖြင့်သာ ဝယ်ယူရမည် ဖြစ်သဖြင့် ချည်သားရင်စည်းများကိုသာ အသုံးများနေကြဆဲပင်။

ဖွံ့ဖြိုးမှု လွန်ကဲသည့် အမျိုးသမီးတစ်ယောက်အနေဖြင့် သူမ၏ ရင်သားများကို အသက်ရှူကြပ်လောက်သည်အထိ တင်းတင်းကြပ်ကြပ် စည်းနှောင်ထားရမည် ဖြစ်သည်။ ချင်းဖန်သည် အာဟာရ ချို့တဲ့မှုကြောင့် ပိန်လှီသေးကွေးသည့်အပြင် အသက်ကလည်း ကိုးနှစ်သာ ရှိသေးသည့်အတွက် အတွင်းခံဝတ်ခြင်း မဝတ်ခြင်းက များစွာ အရေးမပါ။ သို့သော် ချင်းရှန်းမှာ အသက် ၁၈ နှစ် ရှိနေပြီဖြစ်သည့် မိန်းမပျိုတစ်ဦး ဖြစ်ပေသည်။

ပြီးခဲ့သည့် ရက်ပိုင်းက သူမ၏ ရင်ဘက်အား ပက်တီးစဖြင့် စည်းနှောင်ရန် ကြိုးပမ်းနေသည်ကို တွေ့လိုက်ရသည်။ ၎င်းကို မြင်မြင်ချင်းပင် ဆွဲလွှင့်ပစ်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့၏။ ၎င်းသည် ကြပ်ထုပ်နေကာ အသက်ရှူမဝ ဖြစ်စေရုံမျှသာမက ကြီးထွားမှုကိုပါ နှောင့်နှေးစေသောကြောင့်လည်း ဖြစ်သည်။ ထိုအကြောင်းကို ယောကျ်ားများက သိကြမည် မဟုတ်။ သို့သော် မိန်းမဟူသည် သင့်လျော်သည့် ကောက်ကြောင်းတစ်ခု ရှိသင့်သည် မဟုတ်ပါလော။

ချင်းရှန်းသည် အတိတ်ဘဝ၌ အပ်ချုပ်စွမ်းရည် အလွန် ပြောင်မြောက်ခဲ့သည့်အတွက် ဤအချိန်တွင် အဘွားဖြစ်သူထံမှ အကူအညီ ယူနေရန် မလိုအပ်တော့ချေ။ လက်ပြတ်အင်္ကျီကို ချုပ်ပြီးနောက် သူမက ရင်ဘက်နေရာတွင် ဂွမ်းစများ ထိုးထည့်ကာ အင်္ကျီကို ပိုမိုထူထဲစေလိုက်သည်။

“အရင်ဆုံး ဒါကို ဝတ်ကြည့်လိုက် .. အနာဂတ်မှာမှ ကောင်းတာလေးတွေ ဝယ်ပေးမယ် ...”

အုံခွက်ပါ ပါရင်တော့ အကောင်းဆုံးပေါ့ ...

သူမက အလုပ်များနေစဉ် ချင်းဖန်၏ “အိုး” ဟူသော အသံကို ကြားလိုက်ရသည်။ ချင်းကွေ့ဟွားကမူ ဖန်တိကို ပြုတ်ကျသွားသည်ဟု တွေးမိသွားခဲ့သည်။

“လမ်းကို ကောင်းကောင်း ကြည့်မလျှောက်လို့ကတော့ ... နင့်မျက်လုံးတွေက မျက်ကန်းလို ကနေရလိမ့်မယ် ...”

“ဘွားဘွား .. တတိယအစ်မ .. မြန်မြန်လေး လာကြည့်ကြပါဦး ...”

ချင်းရှန်းက အပြင်ထွက်ကြည့်လိုက်သည့်အခါ မူလက မြက်ခြောက်များသာ ရှိနေသည့် ယုန်အသိုက်ထဲတွင် အမွေးမရှိသည့် ပန်းရောင် “ကြွက်ပေါက်”လေးအချို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။

“ယုန်တွေ ၁၂ ကောင်တောင် ...”

ချင်းဖန်က ဝမ်းသာအားရ အော်လိုက်သည်။ ကျောင်းမှ ပြန်လာလေတိုင်း သူမသည် ယုန်ကျွေးရန်အတွက် နူးညံ့အိစက်နေသည့် မြက်လက်တစ်ဆုပ်ခန့် နှုတ်လာလေ့ ရှိသည်။ ထို့အပြင် သူမသည် ထိုယုန်ကို တစ်နေ့လျှင် အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင်ပင် သွားကြည့်တတ်သေး၏။

ချင်းရှန်းက အလွန် အံ့ဩမိသွားသည်။ သူမ သိထားသည့်အချက်များအရ ယုန်တို့၏ ကိုယ်ဝန်သက်တမ်းမှာ တစ်လသာ ဖြစ်ပေသည်။ သို့သော် ထိုယုန်မှာ နှစ်လနီးပါး ကိုယ်ဝန်ဆောင်နေသည့်တိုင် မည်သည့် လှုပ်ရှားမှုမှ ပြမလာ။ ယုန်နီကျားပင် မွေးလာနိုင်သည့် အနေအထား ဖြစ်နေခဲ့သည်။

ပိုပြီး အံ့ဩဖို့ကောင်းသည်မှာ ထိုယုန်၏ သားပေါက်နှုန်းပင်။ တစ်ကြိမ်တည်းဖြင့်ပင် သားပေါက် ၁၂ ကောင် မွေးပေးနိုင်ခဲ့၏။

တစ်ကောင်ကို အစပ်ကြော်၊ တစ်ကောင်ကိုပေါင်း၊ ယုန်အမေကြီးရဲ့ ခေါင်းရယ် .. .

“တတိယအစ်မ .. ယုန်လေးတွေကို မစားဘူးနော်။ အဲဒီ့နေ့က ဘွားဘွား သူ့ခါးကို တိတ်တိတ်လေး နှိပ်နေတာ တွေ့လိုက်တယ် သူမ အသက်ကြီးလာတဲ့အခါ ဆေးတွေ ပေးရမယ်လေ ...”

သူမက ပါးနှစ်ဖက်ကိုဖောင်းကာ ပြောလိုက်သည်။

ချင်းရှန်းက တံတွေး မျိုချကာ သဘောတူလိုက်ရသည်။

“ကောင်းပြီလေ ...”

အေးစက်လာသည့် ရာသီဥတုကြောင့် ယုန်မကြီး အအေးမိသွားမည်ကို စိုးရိမ်ရသဖြင့် ချင်းဖန်သည် ယုန်အသိုက်၏ လေဝင်နေသည့် အပေါက်အားလုံးကို မြက်ခြောက်များဖြင့် ပိတ်ဆို့ပေးလိုက်သည်။ အထဲရှိ ညစ်ပတ်နေသည့် မြက်ခြောက်များကိုလည်း အသစ်ပြန်လဲပေးလိုက်၏။ ချင်းကွေ့ဟွားသည်ပင် မစားတော့သည့် ခေါက်ဆွဲများနှင့် ပြောင်းဖူးစေ့ လက်တစ်ဆုပ်စာကို ပထမဆုံးအကြိမ်အဖြစ် ယူလာပေးခဲ့သေးသည်။

“သွက်သွက်စား .. စားမှ နို့ကောင်းကောင်း ထွက်နိုင်မှာ ...”

တပ်မဟာ ဌာနချုပ်မှ အိမ်ထောင်စုတစ်စုလျှင် ကြက်၊ ဘဲနှင့် ငန်းများကို သုံးကောင်ထက် ပိုမမွေးရန် တားမြစ်ထားသော်လည်း ယုန်မွေးခွင့် မပြုဟု ကန့်သတ်ထားခြင်း မရှိသည့်အပြင် ယုန်အရေအတွက်လည်း အထူးတလည် မကန့်သတ်ထားပေရာ သူမက ထိုဟာကွက်ကို အခွင့်ကောင်း ယူလိုက်တော့သည်။

ထိုသို့ဖြင့် ချင်းမိသားစုသည် အလုပ်များလာကြပြန်တော့သည်။ ထိုယုန်လေးများ၏ အစားစားနှုန်းမှာ အလွန် ကောင်းမွန်လှသည်။ ယခင်က မြက်နု ကီလိုဝက်မှာ ယုန်အကြီးကြီးတစ်ကောင် တစ်နေကုန်စားရန် လုံလောက်ပါသော်ငြား ယခုမူ နေ့တိုင်း နောက်ထပ် ကီလိုဝက် ထပ်ထည့်ပေးရတော့သည်။

ပြီးတော့ ဆိုးလိုက်တာမှလေ မြက်ဆို နုဖတ်နေတဲ့ အပိုင်းမှ စားကြတာ အချိန်မှန် ထပ်ဖြည့်မပေးရင်လည်း တကျွိကျွိနဲ့ နံရံကို ကုတ်ခြစ်ပြီး ဆန္ဒပြကြသေးတယ် အသိုက်ထဲကနေ ခိုးထွက်ချင်တဲ့ ကောင်ဆိုးလေးတွေက ပါလိုက်သေး ...

အိမ်ပြန်ရောက်လျှင်ရောက်ချင်း ချင်းဖန် လုပ်သည့် ပထမဆုံးအလုပ်မှာ ယုန်များကို သွားကြည့်ခြင်းပင် ဖြစ်သည်။

ချင်းရှန်းကမူ ယုန်များကို အာရုံစိုက်မအားချေ။ အသင်းပိုင် နောက်ထပ် ဝက်မကြီးတစ်ကောင်မှာ မီးဖွားတော့မည် ဖြစ်သည်။ တစ်ဖြည်းဖြည်း အေးလာသည့် ရာသီဥတုက ဝက်ပေါက်လေးများကို အေးခဲကာ သေစေနိုင်ပေရာ ဝက်တင်းကုပ်ထဲတွင် မီးပုံဖိုလျက် အဘွားဖြစ်သူ ထည့်ပေးလိုက်သည့် ဝက်စာများကို ဂရုတစိုက် ကျွေးမွေးနေလိုက်သည်။

“အကုန်လုံး တစ်သားတည်းက ပေါက်တဲ့ ဝက်တွေပဲဟာကို ဘာလို့ မတူကြတာလဲ ပထမဆုံးပေါက်တဲ့ ၂ သားမှာကျ အကောင် ၂၀ တောင် ပါတာ အခုတစ်ခါပေါက်တဲ့ ၂ သားကျ ၈ ကောင်ပဲ ပါတော့တယ် ...”

နေ့ခင်းဘက် ထမင်းစားပြီးချိန် ဖြစ်သည့်အတွက် အားလုံး အလုပ်အားနေကြပေရာ ဝက်တင်းကုပ်ထံ စုဝေးရောက်ရှိနေကြသည်။ နံရံအပြင်မှတစ်ဆင့် ဝက်ပေါက်လေးများကို ငေးကြည့်ရင်း မျက်စိအစာကျွေးနေခဲ့ကြ၏။

“ဒါဆို နင်တို့မိသားစုလည်း အဖေတစ်ယောက်တည်းပဲကို ဘာလို့ အရပ်တွေကျ ပုတဲ့သူက ပု ရှည်တဲ့သူက ရှည် ဖြစ်နေတာလဲ ...”

“အိုး ဒါက ပြောလို့ခက်တယ်လေ ...”

“ဘာ .. ကျောက်**** နင် ဘာစကား ပြောလိုက်တာလဲ ...”

မိန်းမကြီးနှစ်ဦး ရန်ထဖြစ်ကြတော့မည်ကို မြင်လိုက်ရသည့်အခါ အဘွားအိုတစ်ဦးက ဝင်ပြောလိုက်သည်။

“ချီလီထွင်က လူတွေက ငါတို့ဘက်က ဝက်ပေါက်တွေက ကောင်းတယ်လို့ ကြားလို့ ကပ္ပတိန်နဲ့တောင် ကြိုပြီး ချိန်းထားပြီးပြီတဲ့ .. တစ်ကောင်ကို ဆန် ငါးဆယ်ကီလိုနဲ့ လဲမှာ ဆိုလားပဲ ...”

“ငါးဆယ်ပေါင် ဟုတ်လား ဒါကြီးက အဆင်မပြေဘူးနော် ပြီးခဲ့တဲ့ရက်က မွေးလာတဲ့ နှစ်ကောင်မှာ တစ်ကောင်မှာ ၁၅ ပေါင် ၁၆ ပေါင်တောင် မရှိဘူး မဟုတ်လား ဒီလူတွေက ဈေးဆစ်တဲ့နေရာမှာတော့ တော်တော်လေး ကျွမ်းကျင်ပါ့လား ...”

အဖွဲ့ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ပဋိပက္ခလေးများ ရှိတတ်ကြသော်ငြား ရေးကြီးခွင်ကျယ်မဟုတ်။ သို့သော် ဝက်ပေါက်များနှင့် ပတ်သက်လာလျှင်မူ ဆန် ၁၀၀ ကီလိုဖြင့် ကမ်းလှမ်းလျှင်ပင် အရှုံးပေါ်သည်ဟုသာ ခံစားမိမည် ဖြစ်သည်။

All Chapters