← Chapters

Chapter 28

Vol. 3 Ch. 28

Chapter 28

Vol. 3 Ch. 28

မစ္စစ်လျှို မကြားနိုင်လောက်သည့် နေရာသို့ ရောက်သည့်အခါ ဒါရိုက်တာက သူမကို တိုးတိုးလေး ပြောလိုက်သည်။

“စိတ်မလှုပ်ရှားပါနဲ့ ဘာမှ မရှိဘူး ပြီးတော့ မင်းကလည်း အလုပ်ကြိုးစားတဲ့သူပဲဟာ ..."

လျှိုမိသားစုက သူမအား သားသမီး မမွေးနိုင်၊ မိသားစုဝင်ငွေကို အလကား ထိုင်စားနေသည်ဟု နေ့တိုင်း ဆူပူကြိမ်းမောင်းနေကြကာ သူမဘဝတစ်သက်လုံး လမ်းမထက်တွင် မည်သည့်အလုပ်များ လုပ်ခဲ့ကြောင်းကိုမူ မည်သူမှ မသိကြချေ။

ချင်းအိုက်လန်ထံ၌ အလုပ်အကိုင် အတည်တကျ မရှိသော်ငြား သူမသည် နေ့စဉ်နေ့တိုင်း လူ ၁၀ ယောက်ကျော် ရှိသည့် အိမ်၏ နေ့စဉ်ဓူဝ ကိစ္စများနှင့် စားသောက်ရေးအားလုံးကို တာဝန်ယူ ပြင်ဆင်ပေးရသည့်အပြင် ဧည့်ခံပွဲများကိုလည်း ကူညီပြင်ဆင်ပေးရသည်။

ပွဲ၏ အရွယ်အစားကို လိုက်၍ အများဆုံး ငါးယွမ်အထိ ရတတ်ပေသည်။ တစ်ခါတစ်ရံ ပွဲနှင့်ပတ်သက်ပြီး အလွန် စိတ်တိုင်းကျကြပါလျှင် သူမကို ၃၆ သို့မဟုတ် ၃၈ ယွမ် ပါသည့် စာအိတ်နီများပါ ပေးလေ့ရှိကြသည်။

ထိုသို့သော ဝင်ငွေနှုန်းထားဖြင့်ဆိုလျှင် တစ်နှစ်စာဝင်ငွေမှာ နည်းလှမည် မဟုတ်ချေ။

လျှိုမိသားစုကတော့ လူများကို တကယ်ကို အနိုင်ကျင့်နေတာပဲ ...

ထို့အပြင် ယောက္ခမသည် သူမ၏ မိသားစုဝင်များ အလည်လာသည့်အခါတွင်လည်း အကောင်းမမြင်၊ အမြဲ ပြစ်တင်ပြောဆိုနေတတ်သည်။ သူမမှာ ယောက္ခမ၏ အခမဲ့ အိမ်စေအလားပင်။ သူမကို ပြောဆိုလေတိုင်း ဒုတိယယောက်မကပါ အားပေးအားမြှောက် ပြုတတ်သေးသည်။ ထိုဖြစ်ရပ်များအား အိမ်နီးချင်းတစ်ဦး အနေဖြင့် မည်သို့မှ လက်သင့်မခံနိုင်ခဲ့ပေ။

ချင်းအိုက်လန်သည် သူမဘက်မှ စတင်ကာ စကားပြောတတ်သူမျိုး မဟုတ်။ ဒါရိုက်တာက စကားပြောရန် တုန့်ဆိုင်းနေသည်ကို မြင်လိုက်ရသည့်အခါ သူမအား စိတ်တိုမိသွားစေမည်ကို စိုးရိမ်စိတ်ကြောင့် မည်သည့်စကားကိုမှ ဆက်မပြောရဲတော့။ ရေငုံနှုတ်ပိတ်ကာသာ လိုက်လာခဲ့တော့သည်။

ထိုသို့ဖြင့် ချင်းရှန်းသည် သူမ၏ အစ်မကြီးအား ခေါင်းငိုက်စိုက်ချကာ အလွန် ပူပန်စိုးရိမ်နေဟန်ဖြင့် ရောက်လာသည်ကို တွေ့လိုက်ရသည်။

အစ်မကြီးက အခုမှ ၂၄ နှစ် အရွယ်ကောင်းလေးပဲ ရှိသေးတာလေ။

အိုက်လန်က ရုံးပေါက်ဝသို့ အရောက်တွင် အခြားလူများ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူများမှာ အတွင်းရေးမှူးနှင့် ထိုသူ၏ ဇနီး မဟုတ်၊ သူမ၏ ညီမများ ဖြစ်နေပေသည်။

“ဘယ်လိုလုပ် ရောက်လာတာလဲ .. တစ်ခုခု ဖြစ်လို့လား...”

ဒုတိယလေးတင် မကဘူး သူ့ယောကျ်ားရော စတုတ္ထလေးပါ အုပ်လိုက်ကြီး ဘာလို့ ရောက်နေကြတာလဲ ...

အားလုံးက တစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့နေကြသည်ကို မြင်လိုက်ရသည့်အခါ အိုက်လန်မှာ ပိုပြီး စိတ်ပူလာရတော့သည်။

“လိုင်တိ မြန်မြန်ပြောစမ်းပါ ဘွားဘွား ဘာဖြစ်လို့လဲ ...”

ချင်းရှန်းက နီရဲဖူးယောင်နေသော မျက်လုံးတစ်စုံဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။

“ကျဲကျဲ .. ဘွားဘွားက .. ဝူး ဝူး ...”

နှာတရှုံ့ရှုံ့ဖြင့် "ဆေးရုံ” နှင့် “အသက်ကယ်ရမယ်” ဟူသော စကားလုံးများကို ဗလုံးဗထွေး ပြောလိုက်သည်။

အိုက်လန်၏ ခြေထောက်တို့ ပျော့ခွေသွားသောလည်း အကြီးဆုံးအစ်မကြီးဟူသော အတွေးနှင့်အတူ စိတ်ကို မနည်း တင်းထားလိုက်ရသည်။

“ဘယ်ဆေးရုံလဲ ...”

“တပ်မဟာဆေးရုံကို ပြောင်းထားတယ် ...”

ယိုတိက ဟန်ဆောင်ပန်ဆောင် ငိုမပြတတ်သည့်အတွက် ရိုးရိုးအတိုင်းသာ ပြောလိုက်သည်။

“ဆေးရုံက ပြောတာတော့ ဘွားဘွားရဲ့ အခြေအနေက တအားဆိုးတယ်တဲ့ ပြီးတော့ ယွမ် ၃၀၀ လောက် ပြင်ထားဖို့ပါ ပြောလိုက်တယ် အစ်မလည်း သိပါတယ် ကျွန်မယောကျ်ားဘက်က မိသားစုက ဒီလောက်အထိ မတတ်နိုင်ဘူးလေ။ လိုင်တိက အစ်မကိုလည်း ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အပူမကပ်ချင်ဘူးနဲ့ ပြောနေတာ ကျွန်မ ဇွတ်ခေါ်လာလို့သာ ...”

သူမ၏ အမူအယာမှာ ဇာတ်ကောင်နှင့် ကွက်တိဖြစ်နေသည့်အတွက် ချင်းအိုက်လန်က သံသယ မဝင်မိ။

“ယွမ် ၃၀၀ .. “

“အိမ်မှာလည်း ငွေက တစ်ပြားမှ မရှိဘူးလေ အကုန်လုံးကို လိုက်ချေးကြည့်ပြီးပြီ ဒါပေမယ့် တစ်ရွာလုံး ဘယ်သူမှ မချေးပေးနိုင်ကြဘူး ...”

ယွမ် ၃၀၀ မှာ မျက်မှောက်ခေတ် လူနေမှုအတွက်ပင်လျှင် အလွန် များပြားလှကာ သာမန်မိသားစုများအနေဖြင့် ၎င်းကို တတ်နိုင်မည် မဟုတ်ချေ။ ထို့အပြင် ချင်းမိသားစုမှာ အလွန် ဆင်းရဲလှပေရာ ယွမ် ၃၀ ဆိုလျှင်ပင် တတ်နိုင်လိမ့်ဦးမည် မဟုတ်ချေ။

ချင်းအိုက်လန်က နှုတ်ခမ်းကို ကိုက်လိုက်၏။ မျက်လုံးများမှာလည်း နီရဲနေတော့သည်။ လျှိုကျားဝေ့သည် သူမအပေါ် အလွန် ကြင်နာကာ ဆေးကောင်းများကို တိုက်ကျွေးသည် ဆိုသော်လည်း သူ၏ လစာအများစုကို ယောက္ခသို့သာ အပ်လေ့ရှိသည်။ အကြီးဆုံးနှင့် ဒုတိယမိသားစုမှာလည်း ထိုနည်းတူပင်ဟု သိရ၏။

ထို့ကြောင့် သူမသည် ထိုကိစ္စနှင့် ပတ်သက်၍ သံသယ မဝင်မိခဲ့။ ထို့အပြင် ပြီးခဲ့သည့် ခြောက်လအတွင်း လျှိုကျားဝေ့သည် နေ့တိုင်းနီးပါး အလုပ်များနေခဲ့ကာ လူမှုရေးကိစ္စများလည်း များပြားလာသည့်အတွက် သုံးစွဲရန် လစာသာ မလုံလောက်သည် မဟုတ်၊ သူမနှင့် စကားပြောရန် အချိန်ပင် ကောင်းကောင်း မရှိခဲ့ချေ။

သူမ သီးသန့် ခွဲစုထားသည့် ယွမ်တစ်ဒါဇင်နီးပါးမှာလည်း သူ၏ တတိတိ ပြန်တောင်းမှုကြောင့် မကျန်ရှိတော့ချေ။

သို့သော် ဤတစ်ကြိမ်မှာ အဘွားဖြစ်သူ၏ အသက်နှင့် သက်ဆိုင်နေပေရာ သူမအနေဖြင့် နည်းလမ်းတစ်ခု ကျိန်းသေ ရှာရပေတော့မည်။ သူမက အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

“ငါ ယောက္ခမကို သွားမေးကြည့်လိုက်မယ် ..."

ယိုတိက သူမကို လှမ်းဆွဲလိုက်၏။

“အိုက်ယား အစ်မကလည်း အလိုက်တာ .. လျှိုမိသားစုသာ အဘွား ဆေးကုဖို့ ငွေချေးပေးလို့ကတော့လေ ကျွန်မ လည်ပါ အဖြတ်ခံလိုက်မယ် ...”

ချင်းအိုက်လန်၏ နှုတ်ခမ်းတို့ တဆတ်ဆတ် တုန်ရီသွား၏။ သို့သော် စမ်းမကြည့်သေးဘဲ တပ်အပ် မပြောနိုင်ချေ။ မျှော်လင့်ချက်အလင်းရောင် အမှုန်အမွှားလေးကအစ လက်လွှတ် မခံနိုင်တော့ချေ။

ယိုတိက သူမကို ထပ်ပြီး နားချလိုသေးသော်လည်း ချင်းရှန်းက အသာလေး ခေါင်းယမ်းပြလိုက်သည်။ အကြီးဆုံးအစ်မသည် ရိုးအလွန်းလှရာ ကိုယ်တိုင် အထိနာပြီးမှသာ လျှိုမိသားစုကို လုံးဝဥဿုံ စိတ်ဖြတ်နိုင်မည် ဖြစ်သည်။

“ဘာလဲ .. ငါက ဆေးကုဖို့ ပိုက်ဆံ ချေးပေးရမယ် ဟုတ်လား ...”

ထိုစကား ကြားသည့်အခါ မစ္စစ်လျှိုသည် ဆွေ့ဆွေ့ခုန်သွားတော့သည်။

ယောက်မများကလည်း တစ်လေသံတည်း ပြောလိုက်ကြသည်။

“ယောက်မလေး ဦးနှောက်မှာ ပြဿနာ ဖြစ်နေတာလား နင်က လျှိုမိသားစုထဲ ရောက်လာပြီးသားနော် အရင်မိသားစုက အဘွားကြီး နေမကောင်းတာ နင်နဲ့ ဘာဆိုင်လို့လဲ ...”

“အဘွားက ငါတို့လေးယောက်လုံးကို ငယ်ငယ်လေးကတည်းက စောင့်ရှောက်ပေးလာတာ ...”

“အဲဒီ့တော့ ဘာဖြစ်လဲ နင်က လျှိုအိမ်ကလူ .. သူမကို လွမ်းနေသေးရင် သူ့စီပြန်။ ငါတို့ တတိယအစ်ကိုက အလုပ်လည်း ရှိတယ် နောက်ခံလည်း ရှိတယ် သူ့ကို လိုချင်တဲ့ အပျိုလေးတွေမှ တန်းစီလို့ .. ဆေးရုံတက်ပြီး နှစ်လနေတဲ့အထိကို ဗိုက်ကြီးတဲ့ အရိပ်အယောင် မပြသေးတဲ့ နင့်လို မဟုတ်ဘူး ...”

ပြီးခဲ့သည့်နှစ်များအတွင်း အိုက်လန်သည် သူမ၏ ယောက်မများထံမှ ရွဲ့စောင်းပြောသည့် စကားမျိုးစုံကို လက်ခံခဲ့ရသော်ငြား ကွာရှင်းရန် ပွင့်ပွင့်လင်းလင်း ပြောလာကြသည်မှာမူ ဤသည်က ပထမဆုံး ဖြစ်သည်။ သူမက ယောက္ခမဖြစ်သူကို ခက်ထန်စွာဖြင့် စိုက်ကြည့်လိုက်၏။

အံ့ဩဖို့ ကောင်းစွာပင် ယောက္ခမကလည်း သူမ၏ သမီးကို ဟန့်တားရမည့်အစား သံယောင်လိုက်ကာပင် ပြောလိုက်သေးသည်။

“ဟုတ်တယ် ငါတို့ကျားဝေ့ရဲ့ အနေအထားက တကယ့် အကောင်းစားပဲ ...”

ချင်းအိုက်လန်၏ မျက်ဝန်းထဲရှိ အလင်းရောင်များ မှေးမှိန်သွားတော့သည်။

သူမက နှုတ်ခမ်းကို ကိုက်ကာ အပြင်းအထန် နာမကျန်းဖြစ်နေသည့် အဘွားဖြစ်သူကို တွေးမိလိုက်သည်။ ဒူးများ ပျော့ခွေလာကာ ချက်ခြင်းဆိုသလို ဒူးထောက်ချလိုက်၏။

“အမေ ကျေးဇူးပြုပြီးတော့ .. ကျွန်မ ဒီလိုမျိုး တောင်းဆိုပါတယ် ဘွားဘွားကို ကယ်ဖို့ ယွမ် ၃၀၀ ပဲ ချေးပေးပါ ကျွန်မရဲ့ ညီမတွေက ကျိန်းသေ ပြန်ဆပ်မှာပါ ...”

သူမကိုယ်တိုင် ပြန်ဆပ်ပါမည်ဟုတော့ မပြောရဲချေ။ သို့ဖြစ်ပါလျှင် လျှိုမိသားစုက သူမ အပြင်၌ စားသောက်ခြင်းကို ပူပန်နေကြပေလိမ့်မည်။

သို့သော် မစ္စစ်လျှိုမှာ မတုန်မလှုပ် ရှိနေဆဲပင်။

"ဒူးထောက်လည်း အလကားပဲ ငါတို့မိသားစုမှာ အဲဒီလောက်အထိ ငွေ အများကြီး မရှိဘူး ..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ကျားဝေ့က ရှင့်ကို လတိုင်း ယွမ် ၂၀ ပေးနေတာ မဟုတ်ဘူးလား ..."

ခြောက်နှစ်ဆို ယွမ် ၁၄၀၀ တောင်လေ ဒါတောင် ဘောနပ်စ် ရတာတွေ မွေးနေ့ပွဲ လုပ်ဖို့အတွက် ပေးတာတွေ မပါသေးဘူး ယွမ် ၃၀၀ ဆိုတာ သူ ပေးခဲ့တာတွေရဲ့ ငါးပုံတစ်ပုံပဲ ရှိတယ် ...

မစ္စစ်လျှို၏ မျက်နှာမှာ မြည်းတစ်ကောင်ထက်ပင် ပိုပြီး ရှည်လျားလာတော့သည်။

"ဘာ .. ဘာလို့ အဲဒါတွေကို နင့်ယောက္ခမနဲ့ စာရင်း မရှင်းတာလဲ။ ဒီအိမ်မှာ ပိုက်ဆံမကုန်တဲ့နေရာ ရှိလို့လား နင် စားသောက်နေတာတွေ ဝတ်တာစားတာတွေ အကုန်လုံး လေတိုက်လို့ ပါလာတာတွေများ မှတ်နေလား ..."

"တောကြိုအုံကြားက လူတွေက လိမ်ရတာကို တော်တော်လေး ကြိုက်ကြတာပဲနော် ယောက်မ နင် ဒီလောက်အထိ တွက်တတ်ချက်တတ်နေတာ ဘာလို့ စာရင်းကိုင် မလုပ်ခဲ့လဲ ..."

အိုက်လန်က သူမ၏ မျက်နှာပေါ်ရှိ တံတွေးများအား သုတ်ကာ ထိုသူများသည် မိသားစုအတွက် ငွေကြေး တစ်ပြားတစ်ချပ်ပင် သုံးစွဲပေးခဲ့ခြင်း မရှိဟု ပြန်လည်ကာ ငြင်းလိုက်ချင်သော်ငြား သူမ၏ တုံးအမှုကြောင့် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပေရာ စက်သေနတ် ပစ်သကဲ့သို့ တရစပ် ဆူပူကြိမ်းမောင်းနေသော သားအမိ၏ စကာစလုံးများ အမြန် ပြီးသွားပါစေဟု မျှော်လင့်ရန်သာ ရှိတော့သည်။

ထို့နောက်တွင် သူမက တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားသည်။

"အရင်နေ့က .. အဖေက ယောက်မအကြီးဆုံးအတွက် စက်ဘီးတစ်စီး ဒုတိယယောက်မအတွက် အပ်ချုပ်စက်တစ်လုံး ဝယ်ပေးမယ်လို့ ကတိပေးခဲ့တယ် မဟုတ်လား ..."

သူမတို့မိသားစုတွင် ထိုပစ္စည်းများ ဝယ်ယူခွင့်လက်မှတ် မရှိချေ။ ထို့ကြောင့် ၎င်းတို့အား ဝယ်ယူခွင့်လက်မှတ်ကို ငွေဖြင့် လဲလှယ်လိုပါလျှင် ယွမ် ၈၀၀ ၉၀၀ ခန့်ပင် ကျသင့်မည် ဖြစ်သည်။

၎င်းက သူမအဘွား၏ အသက်အား ကယ်တင်ရန် လိုအပ်သည်ထက်ပင် ပိုလွန်နေသေးသည်။"

"အဲဒါ တတိယယောက်မနဲ့ ဘာဆိုင်လို့လဲ ငါနဲ့ ဒုတိယယောက်မကို ဝယ်ပေးချင်တယ်ဆိုတာ အဘိုးကြီးရဲ့ ဆန္ဒလေ ဒုတိယယောက်မနဲ့ ငါ့မှာ သားနှစ်ယောက်ရှိတယ်။ နင်ကရော .. ငါတို့နဲ့တန်းတူ လိုချင်နေရအောင် နင်ကရော ကလေး ဘယ်နှယောက် မွေးထားလို့လဲ ..."

"ဟုတ်ပါ့ .. ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့ ..."

သမီးယောက်မနှစ်ဦးပါ ပါဝင်လာသည့်အခါ ချင်းအိုက်လန်မှာ ပါးစပ်ပင် မဟနိုင်တော့ချေ။

ခရိုင်ရုံးခွဲ၌ ... အေးစက်နေသည့် ရာသီဥတုကို အံတုကာ လက်များကို ပွတ်သပ်ရင်း မတ်တပ်ရပ်နေကြ‌သည့် မုဆိုးမချင်းတို့ အုပ်စုကို တွေ့လိုက်ရသည့်အခါ အမျိုးသမီးရေးရာညွှန်ကြားရေးမှူးက လှိုက်လှဲစွာဖြင့် ဖိတ်ခေါ်လိုက်သည်။

"အထဲကို ဝင်ထိုင်ကြလေ လျှိုမိသားစုအတွက်လည်း ပိုက်ဆံလိုက်ချေးဖို့က ခက်မှာပဲ နည်းနည်းတော့ ကြာကြဦးမယ် ထင်တယ် ..."

ချင်းညီအစ်မက ကျေးဇူးတင်စကား ပြောလိုက်သော်ငြား အထဲသို့ ဝင်မထိုင်။ လျှိုမိသားစု နေထိုင်ရာ လမ်းကြားထဲသို့သာ မျှော်ကြည့်နေလိုက်သည်။

ချင်းဖန်က သူမ၏ အစ်မနှစ်ဦးကို ငေးကြည့်နေလိုက်သည်။ သူမသည် မိသားစုထဲတွင် ဉာဏ်အကောင်းဆုံးကလေး ဖြစ်သည့်အတွက် ဒုတိယနှင့် တတိယအစ်မတို့၏ လုပ်ရပ်ကို နားလည်ရန် အချိန်များစွာ မယူလိုက်ရချေ။

"အစ်မကြီးကို မလိမ်သင့်ဘူးလေ ..."

"စတုတ္ထလေး .. လိမ်တယ်ဆိုတာ ဘာမှန်း သိတယ် မဟုတ်လား။ ဒါက အဖြူရောင် မုသားလို့ ခေါ်တယ် ..."

"ကောင်မလေး ဒီနေ့ ငါတို့အစ်မကြီး ခံစားခဲ့ရသမျှ မတရားမှုတွေကို သေချာပေါက် မှတ်မိနေရမယ်နော် ..."

လျှိုမိသားစု၏ ဆိုးရွားလှသည့် လုပ်ရပ်များမှာ ယခု သူမတို့ သိထားသည်ထက်ပင် ပိုများနေသေးသည်။ ပြီးခဲ့သည့်ဘဝ၌ အစ်မကြီးသည် ရူးသွပ်သည်အထိ လုပ်ကြံခံရကာ စိတ်ကျန်းမာရေး ဆေးရုံ၌ တစ်သက်လုံး ပိတ်လှောင်ခံခဲ့ရ၏။

ဘေးနားရှိ နျိုတာ့ကမ်းကလည်း ရုတ်တရက် လည်ပင်းကို ကျုံ့မိလိုက်သည်။

ယောက်မလေးရဲ့ စကားကို ကြားပြီးတော့ ဘာလို့ ချက်ခြင်းကြီး ကြက်သီးထလာမိပါလိမ့် ...

ထိုကိစ္စအတွက် လိုအပ်သော စာရွက်စာတမ်းများအကြောင်း စဉ်းစားမိလိုက်သည့်အခါ ချင်းကျီက အချိန်မဖြုန်းတော့ဘဲ ဘေးနားတွင် ရပ်နေသည့် ညွှန်ကြားရေးမှူးအား ထိုကိစ္စအကြောင်း မေးလိုက်သည်။

ဒုတိယအစ်မသာ တပ်မဟာဆေးရုံရှိ အဘွားကို သွားတွေ့လိုပါလျှင် သူမ၏ အလုပ်ယူနစ် သို့မဟုတ် လမ်းတံတားရုံးမှ မိတ်ဆက်စာ ပါရှိရမည် ဖြစ်သည်။ သို့သော် ယခုအချိန်မှ အလုပ်သွားရန် အလွန် ဝေးလွန်းသည့်အပြင် ရထားလည်း မီတော့လိမ့်မည် မဟုတ်။ မိတ်ဆက်စာအတွက် အနီးနားရှိ ရုံးတစ်ရုံးမှ ကူညီဆောင်ရွက်ပေးနိုင်လျှင် ကောင်းပေလိမ့်မည်ဟု မျှော်လင့်မိလာတော့သည်။

အမျိုးသမီးညွှန်ကြားရေးမှူးသည် အမြဲတမ်း အိုက်လန်ကို ‌အကောင်းမြင်ခဲ့သူ ဖြစ်သည်။ သူမက သူမ၏ သားနှစ်ဦး လက်ထပ်သည့်အချိန်က ဧည့်ခံပွဲ ပြုလုပ်ရန်အတွက် အိုက်လန်ကို ငှားရမ်းခဲ့ဖူးသည်။ အိုက်လန်က သူမထံမှ စာအိတ်နီ တစ်လုံးတစ်လေပင် တောင်းခံဖူးခြင်း မရှိသည့်အပြင် သူမ စိတ်မပူရစေရန် အလို့ငှာ ဧည့်ခံပွဲကို အကောင်းဆုံးနှင့် ငွေကုန်ကြေးကျ အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးခဲ့သည့်အတွက် အားလုံး၏ ချီးကျူးမှုကို လက်ခံခဲ့ရသည်။

"ကောင်းပြီလေ .. ခဏလောက် စောင့်ပေးကြပါ ..."

တစ်ခဏမျှ ကြာပြီးနောက် သူမသည် စံပုံစံ မိတ်ဆက်စာသုံးစောင်နှင့်အတူ ပြန်ထွက်လာခဲ့သည်။

"နင်တို့တွေ ဧည့်ရိပ်သာမှာ နေပြီး အာဟာရဖြည့်စွက်စာတွေ ဝယ်ကြဦးမှာ မဟုတ်လား။ ဒီနေရာကို နင်တို့ ဖြည့်ရအောင် ချန်ထားပေးမယ်လေ တပ်မဟာမြို့တော်ကို ရောက်ကာမှ ကိုယ့်ဘာသာကိုယ် ဖြည့်လိုက်ကြ စာဖတ်တတ်တယ် မဟုတ်လား .."

အားလုံး အလျင်အမြန် သဘောတူလိုက်ကာ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်ကြသည်။

ချင်းရှန်းက ထိုအမျိုးသမီးအား နားလည်ပေးမှုအတွက် ကျေးဇူးတင်ကြောင်းနှင့် နောင်အချိန် အခွင့်ကြုံသည့်အခါ ကျိန်းသေ ကျေးဇူးပြန်ဆပ်မည်ဖြစ်ကြောင်း ပြောလိုက်သည်။ ဤတစ်ခေါက်တွင် သူမသည် မှန်ကန်သည့် လုပ်ရပ်ကို လုပ်ဆောင်မည် ဖြစ်ကာ မည်သူ့ကိုမှ ပါဝင်ငြိစွန်းစေလိမ့်မည် မဟုတ်ချေ။

နောက်ထပ် နာရီဝက်ခန့် စောင့်ဆိုင်းနေပြီးနောက် တရွေ့ရွေ့ လမ်းလျှောက်လာသည့် ချင်းအိုက်လန်ကို မြင်လိုက်ရသည်။ သူမ၏ ဒူးပေါ်ရှိ အညိုအမည်းနှစ်ခုကို မြင်လိုက်ရသည့်အခါ ယိုတိမှာ ချက်ခြင်းဆိုသလို ဒေါသထွက်လာတော့သည်။

"သူတို့စီကနေ သွားမချေးပါနဲ့လို့ မပြောဘူးလား .. ကျဲ နင်ကတော့ ကိုယ့်အရှက်ကိုယ်ခွဲဖို့အရေး တကူးတကတောင် သွားနေလိုက်သေးတယ် ..."

ချင်းအိုက်လန်က ခေါင်းငိုက်စိုက်ချကာ ဒေါသတကြီး ပြောလိုက်သည်။

"မတော်တဆ ချော်လဲသွားလို့ပါ ..."

ထို့နောက်တွင် ဟင်းချက်ပစ္စည်း ဝယ်သည့်အခါတိုင်း စုထားသမျှ ပဲနိများကို ထုတ်ပြလိုက်သည်။

ယိုတိ၏ နှုတ်ခမ်းတို့ တွန့်ကွေးသွား၏။ သူမတစ်သက်လုံး ဤမျှအထိ သတ္တိနည်းသူကို မတွေ့ဖူးချေ။ ထိုသူနှင့် ညီအစ်မ တော်ပါသည်ဟုပင် အပြောမခံလိုတော့ပေ။

ချင်းရှန်းက ကြေးပြားများကို အလေးအနက် ရေတွက်ပြီးနောက် သက်ပြင်းချလိုက်ငည်။

"သုံးယွမ်နဲ့ လေးဆင့်ရယ် နှစ်ဆင့်နဲ့ ယွမ် ၃၀၀ ရယ် .. ဘာဆက်လုပ်သင့်လဲ ..."

"ဒါမှ အလုပ်မဖြစ်ရင်လည်း အိမ်ကိုပဲ ပြန်ခေါ်လာရအောင်လေ ဘယ်နှရက်လောက် ခံနိုင်လောက်သေးလဲ ..."

အိုက်လန်က အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

"မရဘူး သေချာပေါက်ကို ဆေးကုရမယ် ..."

မည်သူမှ ငွေကြေးနှင့် ပတ်သက်ပြီး မည်သို့ ဖြေရှင်းသင့်ကြောင်း ထုတ်မပြောရဲချေ။ လေထုတစ်ခုလုံး ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားတော့သည်။

ထိုစဉ် တစ်လျှောက်လုံး အသံတိတ်နေသည့် နျိုတာ့ကမ်းက ဝင်ပြောလိုက်သည်။

"ကျွန်တော့်မှာ ဖြေရှင်းနည်းတစ်ခုတော့ ရှိတယ် ဒါပေမယ့် အစ်မကြီးအနေနဲ့ ဆန္ဒရှိပါ့မလားပဲ ..."

"သေချာပေါက်ကို ဆန္ဒရှိရမှာပေါ့ ဘွားဘွားရဲ့ အသက်ကိုသာ ကယ်တင်နိုင်မယ်ဆိုရင် ဘာမဆို ဆန္ဒရှိတယ် ..."

အိုက်လန်၏ မျက်လုံးထဲရှိ မျှော်လင့်ခြင်းရောင်ခြည်များ ပြန်လည်ရှင်သန်လာခဲ့သည်။

ယိုတိက သူမ၏ ခင်ပွန်းအား ဆက်မပြောရန် ဟန့်တားလိုဟန်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"ဘာတွေ ပြောနေတာလဲ အစ်မက ဒီလောက်အထိ သတ္တိနည်းဝာာ လုံးဝကို သဘောတူမှာ မဟုတ်ဘူး ..."

ချင်းအိုက်လန်၏ မျက်ဝန်းများက အထိတ်တလန့် ဖြစ်စွာဖြင့် ပြူးကျယ်သွားသည်။

"ဒုတိယမတ်လေး .. ကျေးဇူးပြုပြီး ပြောပြပါ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ရမယ်ဆိုတောင် ငါ ကျိန်းသေ လုပ်မှာပဲ ..."

"ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်ရမယ့်အဆင့်အထိ မလိုအပ်ပါဘူး .. ဒီတိုင်း ... အိုက်ယား အစ်မကြီးရယ် ဒီနားကိုလာဗျာ ကျွန်တော် ပြောပြမယ် ..."

သူ ပြောသည့် စကားများအား မည်သူမှ ရှင်းရှင်းလင်းလင်း မကြားလိုက်ရချေ။ အိုက်လန်သည် အစပိုင်း၌ တုန့်ဆိုင်းနေမိခဲ့သည်။ သိူ့သော် အဘွားဖြစ်သူအား ကယ်တင်ရန် ငွေကြေး လိုအပ်နေကြောင်း တွေးမိသည်နှင့်တစ်ပြိုင်နက် စိတ်ပိုင်းဖြတ်လိုက်တော့သည်။

"ကောင်းပြီ ..."

All Chapters