← Chapters

Chapter 29

Vol. 3 Ch. 29

Chapter 29

Vol. 3 Ch. 29

မိတ်ဆက်စာနှင့်အတူ လမ်းချိုးနှစ်ခုကို ကွေ့ပြီးနောက် သူတို့သည် လူငယ်တစ်ဦးနှင့် မိန်းမပျိုတစ်ဦးကို သွားတွေ့လိုက်သည်။

"မိတ်ဆက်ပေးမယ် ဒါ ကျွန်မတို့ရွာက ပါးမိန်တဲ့ သူ့ကို ပါးမိန်လို့ပဲ ခေါ်လို့ရတယ် ပါးမိန် ဒါက ငါ့ရဲ့ အစ်မကြီး ချင်းအိုက်လန် .. ငါတို့ ခေါ်သလို အစ်မကြီးလို့ပဲ ခေါ်လည်းရတယ် ..."

"အိုက်လန်ကျဲ ..."

ကျူးပါးမိန်က ပြုံးကာ ပြောလိုက်သည်။

"အိုက်လန်ကျဲ .. စဉ်းစားပြီးပြီလား ..."

ချင်းအိုက်လန်က အစပိုင်း၌မူ တုန့်ဆိုင်းမိနေခဲ့သေးသည်။ သို့သော် အသက်ကယ်ရန် ငွေကြေးကို စောင့်ဆိုင်းနေရသည့် အဘွားဖြစ်သူကို တွေးမိသွားသည့်အခါ သူမအနေဖြင့် ရက်စက်ရန်သာ ရှိတော့သည်။

လိုင်တိ ပြောခဲ့ဖူးသလိုပင် သူမသည် လျှိုမိသားစုထဲသို့ လက်ထပ်ဝင်ရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီဖြစ်ပြီး ထိုမိသားစုအတွက် အကျိုးအမြတ် တစ်ခုတစ်လေပင် မရပါဘဲ ပင်ပန်းစွာ အလုပ်လုပ်ပေးခဲ့ရသည်။ ခင်ပွန်းဖြစ်သူ၏ လစာသည်ပင် ယွမ်တစ်ထောင်မကပေ။

သူမသည် အိမ်၌ ကျွဲလိုနွားလို အလုပ်လုပ်ပေးခဲ့ရရာ ထိုဝင်ငွေသည် လျှိုမိသားစုနှင့် မသက်ဆိုင်။ ဇနီးမောင်နှံနှစ်ဦး၏ ပူးတွဲပိုင်ဆိုင်မှုသာ ဖြစ်ပေသည်။ ထို့ကြောင့် သူမအနေဖြင့် တစ်ဝက် ရထိုက်ခွင့် ရှိသည်ဟု တွေးမိကာမှ အပြစ်ရှိစိတ်တို့ လျော့နည်းသွားရတော့သည်။

ထို့အပြင် သူမက ထိုငွေများကို အကြွေးအဖြစ် မှတ်သားထားမည် ပြုကာ နောင်တစ်ချိန် လျှိုမိသားစု ဒုက္ခရောက်ခဲ့ပါလျှင် ကျိန်းသေ ပြန်ပေးမည် ဖြစ်သည်။

သူမ၏ "စဉ်းစားပြီးပြီ" ဟူသော အလေးအနက်ပုံစံကို မြင်လိုက်ရကာမှ အားလုံး စိတ်အေးသွားကြတော့သည်။ ထို့နောက် သူတို့သည် မိတ်ဆက်စာကို ယူလျက် ပြည်နယ်ပိုင်ဟော်တယ်၏ မန်နေဂျာကို ရှာရန် ချီတက်လာခဲ့ကြသည်။

နာရီဝက်ခန့် ကြာပြီးနောက် ပြည်နယ်ပိုင်ဟော်တယ်၏ တံဆိပ်နှိပ်ထားသော မိတ်ဆက်စာနှင့်အတူ အလုပ်သမားရုံးသို့ မှတ်တမ်းတင်ရန် သွားလိုက်ကြသည်။ ကိစ္စအားလုံး အပြီးသတ် လုပ်ဆောင်ပြီး ဖြစ်သည့်အတွက် ကောင်းကင်ဧကရာဇ် ဆင်းလာကာ ပြင်ဆင်ချင်လျှင်ပင် မရတော့ချေ။

အိုက်လန်က သူမ၏ လက်ထဲရှိ ယွမ် ၃၀၀ ၏ အနွေးဓာတ်ကြောင့် ရှင်းမပြနိုင်လောက်အောင် စိတ်သက်သာရာ ရသွားတော့သည်။ သို့သော် စိတ်မအေးနိုင်ရှာသေး။

"လိုင်တိ .. အစ်မကို ဒီပိုက်ဆံတွေ ရထားပေါ်တင်ဖို့ ကူပေးဦး .. ဒါတွေကို ရထားပေါ်မှာ သိမ်းထားမှ ရမယ် ..."

သူမသည် အပြင်သို့ တစ်ခါမှ မသွားဖူးသည့်တိုင် လျှိုကျားဝေ့ထံမှတစ်ဆင့် သူတို့စတီးစက်ရုံမှ ငွေထိန်း ပိုက်ဆံအခိုးခံရသည့်အကြောင်း ကြားခဲ့ဖူးသည်။ ထိုသူခိုးများမှာ စကားရောဖောရောဖြင့် လက်တွင် ပတ်ထားသည့် နာရီကိုပင် ခိုးနိုင်စွမ်း ရှိသူများ ဖြစ်ကြသည်။ သို့သော် မည်သည့်အကြောင်းကြောင့်ရယ်မသိ၊ သူမသည် တတိယလေးကို ယုံကြည်မိနေကာ တတိယလေးကသာ သူမ၏ အသက်ကယ်ငွေများကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ချင်းရှန်းက ငွေကို ကိုယ်နှင့်မကွာ ဂရုတစိုက် သယ်လာလိုက်သည်။ လက်ရှိကာလ၌ ဆယ်ယွမ်တန် ပိုက်ဆံက တန်ဖိုးအကြီးဆုံး ဖြစ်ပေရာ ယွမ် ၃၀၀ ဟူသော ပမာဏမှာ အလွန် များပြားလှပေသည်။

"သွားရအောင် တပ်မဟာမြို့တော်ကို သွားမယ့် ရထားလက်မှတ် မြန်မြန်လေး ဖြတ်လိုက်ရအောင် ..."

ယိုတိနှင့် ချင်းရှန်းက တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဒါပေါ့ မြို့တော်ကိုက သေချာပေါက် သွားမှာပါ။ ဒါပေမယ့် ခဲအိုကြီးကို ဒီအကြောင်း ပြောသွားသင့်သလားလို့ .. ဒါမှ သူ စိတ်မပူမှာလေ ..."

အိုက်လန်က တစ်ခဏမျှ စဉ်းစားလိုက်သည်။

"ဒီနေ့ သူ အချိန်ပိုဆင်းနေရတာ .. ဘယ်အချိန်မှ အလုပ်က ပြန်ရောက်မလဲတော့ ငါလည်း မသိဘူး ..."

"ကိစ္စမရှိပါဘူး စက်ရုံအထိ သွားရှာလိုက်ရအောင်လေ ..."

သူမက အိုက်လန်ကို ရှင်းပြမနေတော့ဘဲ ဆွဲခေါ်လာလိုက်သည်။ သို့သော် အိုက်လန်မှာ ထိုနေရာသို့ ရောက်သွားသည့်အခါ လျှိုကျားဝေ့၏ လုပ်ဖော်ကိုင်ဖက်များက သူ မရှ်ိကြောင်း ပြောလိုက်ကြသည့်အတွက် စိတ်ပျက်မိသွားတော့သည်။

"ဒီနေ့ သူ့အိမ်မှာ ကိစ္စရှိလို့ဆိုပြီး ခွင့်ယူသွားတာလေ အခုတလော ခွင့်ယူတာမှ ခဏခဏကိုပဲ ..."

"အိမ်မှာ ဘာမှ မဖြစ်ပါဘူး သူ့အလုပ်က ခဏခဏ အချိန်ပိုဆင်းနေရတာလေ ..."

သူတို့၏ စကားကို အိုက်လန်က မယုံကြည်ကြောင်း မြင်လိုက်ရသည့်အခါ ဝန်ထမ်းများက အလုပ်ဆင်းချိန်၊တက်ချိန်အား မှတ်တမ်းတင်ထားသည့် စာရွက်ကို ယူပြလိုက်ကြသည်။

"ဒီမှာလေ .. သူ တနင်္လာနေ့က ခွင့်ယူထားတယ် ကြာသပတေးနေ့ရော ၂၉ ရက်နေ့ကရော ပြီးတော့ ဒီနေ့ရောပဲ သူ့ဘာသာသူ လက်မှတ်ထိုးပြီး ခွင့်တိုင်သွားတာ ..."

ခင်ပွန်းဖြစ်သူ၏ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ အိုက်လန်၏ စိတ်ထဲတွင် ထူးဆန်းမိလာတော့သည်။ အိမ်တွင် ကိစ္စတစ်ခုခု ရှိနေ၍ ခွင့်တိုင်သွားခြင်း ဖြစ်ပါလျှင် ကိစ္စမရှိ။ သို့သော် သူက အိမ်သို့လည်း ပြန်မလာခဲ့ချေ။

မဟုတ်မှလွဲရော အပြင်မှာ တစ်ခုခု အခက်အခဲ ဖြစ်နေလို့များလား ...

ချင်းရှန်းနှင့် ယိုတိတို့မှာ တုံးအလွန်းသည့် အစ်မဖြစ်သူကြောင့် ရယ်မိလုမတတ်ပင်။

'ဘာလို့ အဲဒီ့ခွေးကောင်ကိုယ်စား အကြောင်းပြချက်တွေ ပေးနေရသေးတာလဲ။ အဓိကအချက်က အဲဒီ့ခွေးကောင် အဆင်ပြေမပြေ မေးရမှာ မဟုတ်ဘူးလေ။ သူက အစ်မကို လိမ်သွားတာ သိရဲ့လား ...'

"ထားပါ အခုချက်ခြင်း သူ့ကို ရှာမတွေ့မှတော့ ဘူတာကိုပဲ အရင်သွားကြတာပေါ့ ..."

နျိုတင်းကမ်း၏ နောက်ကျောပြင်မှာ ပိုပြီးပင် ချမ်းစိမ့်စိမ့် ဖြစ်လာတော့သည်။ သူ့အား သေသည်အထိ ရိုက်နှက်လျှင်ပင် ဤညီအစ်မနှစ်ဦး အထူးသဖြင့် တတိယတစ်ယောက်၏ ရှေ့တွင် မည်သည့် လှည့်ကွက်ကိုမှ ထုတ်သုံးရဲတော့လိမ့်မည် မဟုတ်ချေ။

ထိုသို့ဖြင့် ချင်းညီအစ်မတို့ အုပ်စုသည် ဘူတာရုံ၊ စတီးစက်ရုံနှင့် ဆန့်ကျင်ဘက်သို့ တစ်ဖြည်းဖြည်းချင်း သွားလိုက်ကြသည်။ မိနစ် ၂၀ ခန့် လမ်းလျှောက်ပြီးနောက် ကောင်တီမူလတန်းကျောင်းကို မလှမ်းမကမ်းတွင် တွေ့လိုက်ရသည်။ ထို့နောက်တွင် ချင်းရှန်းက ခြံဝင်းကျယ်ကြီး တစ်ခုထဲသို့ လှစ်ခနဲ ပြေးသွားကာ အတွင်းဆုံးအခန်းအထိ ဆက်တိုက် ဝင်သွား၏။ ကန့်လန့်ကာ၏ နောက်ထဲ၌ အနွေးကုတင်၏ စောင်ပုံအောက်မှ ပြူထွက်နေသော လူရိပ်နှစ်ခုကို ဝိုးတဝါး မြင်လိုက်ရသည့်အခါ သူမက နျိုတင်းကမ်းကို အချက်ပြလိုက်သည်။

နျိုတင်းကမ်းက မယားညီအစ်ကိုဖြစ်သူအတွက် တိတ်တိတ်လေး ဆုတောင်းပေးလိုက်သည်။ သူမျက်နှာမှာမူ ပိုက်ဆံကောက်ရထားသကဲ့သို့ ဝမ်းသာအားရလဲ ဖြစ်နေခဲ့သည်။

စောက်ရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ ... ရွာထဲမှာလည်း ဖောက်ပြန်တဲ့သူတွေ ရှိတယ်ဆိုပေမယ့် ဒါမျိုး ကြုံဖူးတာတော့ ဒီတစ်ခါ ပထမဆုံးပဲ ...

တံခါးကို ဘန်းခနဲ ကန်ဖွင့်သံနှင့်အတူ ယိုတိနှင့် ချင်းရှန်းတို့က တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။ ထိုသို့ မအော်မိခင်အထိ မည်သူ့ကိုမှ မတွေ့ရသေးသည့်အလားပင်။

"ခဲအိုကြီး .. ဘယ်လိုလုပ် ဒီမှာ ရှိနေတာလဲ ..."

အနွေးကုတင်ပေါ်ရှိ စုံတွဲမှာ ပျာယာခတ်သွားကာ အမျိုးသားက သူမတို့ကို ဆူပူကြိမ်းမောင်းလိုက်သည်။

"ဘယ်က မင်းခဲအိုလဲ .. ထွက်သွား .. ထွက်သွားကြစမ်း ..."

ယိုတိက သူမ၏ အသံမှာ လုံလောက်အောင် မကျယ်လှသေးဟုတွေးကာ လက်ကိုမြှောက်လျက် အော်ဟစ်လိုက်သည်။

"လာကြပါဦးရှင် စတီးစက်ရုံရဲ့ စံပြဝန်ထမ်းကြီးက ဒီမှာလာပြီး ခွေးဇာတ်ခင်းနေတယ်တဲ့ ..."

သူမက အများ၏ အာရုံစိုက်မှုအား မည်ကဲ့သို့ ဆွဲဆောင်ရမည်ကို ကောင်းကောင်းသိပေသည်။

"မယုံနိုင်စရာပဲနော် .. နှစ်ကူးပြီး ဒုတိယနေ့မှာတင် ဖောက်ပြန်နေကြတယ်တဲ့ ..."

ထိုအသံက အိမ်ထဲတွင် ထမင်းဟင်း ချက်ပြုတ်ရန် ပြင်ဆင်နေသည့် အိမ်နီးနားချင်းများကို ဆွဲဆောင်သွားသည်။ ဆက်တိုက် ထွက်ပေါ်လာသော တဂျိဂျိအသံများကြောင့် အိမ်ရှေ့တွင် လူအုပ်ကြီး စုပြုံရောက်ရှိလာတော့သည်။

နျိုတင်းကမ်းက ရှေ့သို့ အမြန်တိုးသွားကာ လျှိုကျားဝေ့ကို ဖမ်းချုပ်လိုက်သည်။ ခန္ဓာကိုယ်အားဖြင့် လျှိုကျားဝေ့က ပိုပြီး တုတ်ခိုင်သော်ငြား နျိုတင်းကမ်းငည် ရန်ဖြစ်နေကျသူ ဖြစ်သည့်အတွက် ရန်သူအား တစ်ချက်တည်း အမှောက်သိပ်နိုင်သည့် နည်းလမ်းများကို သိထားပေသည်။ သူက လျှိုကျားဝေ့၏ လက်ကောက်ဝတ်ကို ဖမ်းချုပ်ကာ လက်ကို နောက်ပစ်၍ ထိန်းထားလိုက်သည်။

ချင်းယိုတိက ထိုမိန်းမ၏ ဆံပင်ကို ဆွဲကာ ကုတင်ပေါ်မှ ဆွဲချလိုက်သည်။ ကိုယ်လုံးတီးဖြစ်နေပေရာ ရှက်ရွံ့စိတ်ကြောင့် စောင်ဖြင့် အသည်းအသန်ဖုံးရန် ကြိုးစားလိုက်သေးသော်ငြား ဦးရေပြားတစ်ခုလုံး ကျိန်းစပ်နေအောင် အဆွဲခံရသည့်အတွက် လွှတ်ပေးရန်သာ ငိုယိုတောင်းပန်လိုက်ရတော့သည်။

"အစ်မကြီး ကျေးဇူးပြုပြီး ချမ်းသာပေးပါ ကျွန်မလည်း အတင်း ဖိအားပေးခံရတာပါ။ ဒီလူက သူ့မိန်းမက ကလေး မမွေးနိုင်လို့ ကျွန်မသာ သူ့ကို သားတစ်ယောက် မွေးပေးနိုင်ရင် ချက်ခြင်း လက်ထပ်မယ်လို့ ပြောခဲ့လို့ပါ။ ကျွန်မကို ပြည်နယ်ပိုင်ဟော်တယ်မှာ အလုပ်ရအောင် လုပ်ပေးမယ်လို့ပါ ပြောခဲ့သေးတယ် .. ကျွန်မလည်း လှည့်စားခံရတာပါ ..."

ချင်းယိုတိက ဘယ်လိုလူစားမျိုး မလို့လဲ ... ရန်ဖြစ်ရင် တစ်ခါမှ မရှုံးဖူးတဲ့ လူမျိုးလေ ...

သူမက စီးထားသည့် ဖိနပ်ကို ချွတ်ကာ ထိုမိန်းမ၏ ပါးစပ်ကို ရိုက်လိုက်သည်။

"အားနာလိုက်တာ .. အရှက်မရှိတဲ့ မယားငယ်မ .. ငါ့အစ်မက ကလေးမမွေးနိုင်ဘူး ဟုတ်လား ဒီကောင်က ပန်းသေနေတာမှန်း ဒီလောက် သိ‌သာနေတာကို သူ့ဘာသာသူ ပြစ်ချက်ရှ်ိနေတာကို မိန်းမအပေါ် အပြစ်ပုံချတယ် သူသာ ကိုယ်ဝန်ရအောင် လုပ်နိုင်ရင် .. နင်နဲ့ အိပ်နေတာပဲ ကြာကြာလှပြီ ဘာလို့ ဗိုက်မကြီးသေးလဲ ..."

စကားတစ်ခွန်းတည်းဖြင့်ပင် သန္ဓေမအောင်သည့် ပြစ်ချက်ကို လျှိုကျားဝေ့၏ ခေါင်းပေါ်သို့ ပစ်တင်ပေးလိုက်တော့သည်။

ချင်းရှန်းက တိတ်တိတ်လေး လက်မထောင်ပြလိုက်၏။

ဒုတိယအစ်မကတော့ တကယ်ကို ဒုတိယအစ်မပဲ။ တကယ်တမ်းတော့ သူမက အရင်ဘဝတုန်းက လျှိုကျားဝေ့နဲ့ တစ်ခါမှ ကိုယ်ဝန် မရခဲ့ဘူး။ ဘာလို့ဆို သူ့မှာ ကလေးနှစ်ယောက် ရှိနေခဲ့လို့လေ။

"အိမ်နီးချင်းတွေအားလုံးပဲ ကြည့်ကြပါဦး .. ကျွန်မတို့ အစ်မကြီးက ဒီလောက်အထိ ရည်ရည်မွန်မွန် ရှိနေတာကို သူ့ပုံစံက အမြုံမနဲ့ ဘယ်နားကများ တူသွားသလဲ ..."

စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပွဲကြည့်နေကြသူအားလုံးက အခုအချိန်အထိ ကြောင်အနေဆဲ ချင်းအိုက်လန်ကို ချက်ခြင်း လှည့်ကြည့်လိုက်ကြသည်။ အရပ်မနိမ့်မမြင့်၊ ကောင်းမွန်ဝင်းလက်ကာ နှင်းဆီရောင် သန်းနေသည့် အသားအရေ၊ တောက်ပနက်မှောင်သည့် ဆံနွယ်ရှည်တို့ကို ပိုင်ဆိုင်ထားသူ ထိုအမျိုးသမီးမှာ ကျန်းမာရေး မကောင်းသူနှင့် လားလားမျှ မတူ။

အနွေးကုတင်ပေါ်မှ ဆွဲချကာ အရိုက်ခံနေရသည့် မိန်းမကို အကဲခတ်ကြည့်ပြီးနောက် .. ထိုယောကျာ်းသည် မိန်းမလှလေးတစ်ဦးနှင့် လက်ထပ်ထားရသည့်တိုင် အတောမသတ်နိုင်၊ အပြင်တွင် ခိုးစားရန် ကြံစည်သေးသူတစ်ဦး ဖြစ်ရမည်ဟုသာ ကောက်ချက်ချလိုက်ကြတော့သည်။

အိမ်မှာ ဘယ်လောက် ဝအောင်စားစား အပြင်စာမှ အရသာရှိတယ်ထင်တဲ့ကောင်တွေလည်း တကယ်ကို ရှိနေတာပဲကိုး ...

ချင်းရှန်းကမူ အကြီးဆုံးအစ်မကို စိတ်မပူ။ သူမသည် ပြိုကွဲယိုင်လဲနေခြင်း မရှိ။ ယိုတိ အကူအညီ တောင်းသည့်အချိန်သာ နောက်ကျသွားပါလျှင် ဒုတိယမတ်လေးသည် လျှိုကျားဝေ့ကို ထိန်းထားနိုင်လောက်မည် မဟုတ်ဟု တွေးကာသာ စိတ်ပူမိနေခဲ့သည်။

အငိုက်မိသောကြောင့်သာ အဖမ်းခံလိုက်ရသော်လည်း ယခုမူ လျှိုကျားဝေ့သည် အသိစိတ် ပြန်ကပ်လာပြီ ဖြစ်သည့်အတွက် ထိုကိစ္စသည် သူ့အပေါ် အကျိုးသက်ရောက်မှု ကြီးမားနိုင်ကြောင်း သိပေသည်။ ထိုအကျိုးသက်ရောက်မှုအား အနည်းဆုံးဖြစ်အောင် မည်ကဲ့သို့ ထိန်းချုပ်သင့်ကြောင်း စဉ်းစားလိုက်တော့၏။

ချင်းအိုက်လန်၏ အခြေအနေကိုမူ .. လုံးဝ ဂရုမစိုက်ချေ။

ထိုအခြေအနေကို အခွင့်ကောင်းယူကာ ချင်းရှန်းက အိမ်နီးနားချင်းများထံမှတစ်ဆင့် ထိုမိန်းမ၏ အခြေအနေကို တီးခေါက်လိုက်သည်။ သူမ၏ နာမည်မှာ ရှောင်ဟုန်ဖြစ်ကာ အသက်မှာ ၂၈ နှစ် ရှိပြီ ဖြစ်သည်။ အိမ်ထောင်ရှိမရှိကိုမူ မည်သူမှ မသိကြပေ။

သူမက လျှိုကျားဝေ့တစ်ဦးတည်းနှင့်သာ ပတ်သက်မှု ရှိဟန်ပင်။ ယခင် ကျောင်းအသေးလေး တစ်ကျောင်းတွင် အစားထိုးဆရာမ လုပ်ခဲ့သေးသော်ငြား လက်ရှိ၌ အလုပ်မရှိ။ သို့သော် နေ့စဉ် သုံးစွဲသည့် ငွေကြေးမှာမူ အလွန် များပြားလှကာ အိမ်နီးချင်းများသည်ပင် သူမ၏ အိမ်မှ အသားဟင်းနံ့ကို နေ့တိုင်း ရနေခဲ့ကြသည်။ အဝတ်အစားများသည်ပင် သာမန်သူတစ်ဦးထက် သိသိသာသာ ပိုကောင်းနေခဲ့၏။

ချင်းရှန်းက လှောင်ရယ်လိုက်သည်။

ခွေးလိုကောင်က ဆေးလိပ်ဖိုးတောင် အစ်မကြီးစီကနေ ပြန်တောင်းနေတတ်ပေမယ့် .. အပြင်က အငယ်အနှောင်းအတွက်တော့ ငွေတွေ အများကြီး အကုန်အကျခံနိုင်တယ်ပေါ့ ...

အလုပ်လုပ်ရာ၌ အမြဲ နှေးကွေးတတ်သည့် ချင်းဖန်ကလည်း ဤတစ်ကြိမ်တွင်မူ အလွန် သွက်လက်နေခဲ့သည်။ သူမက ယူနီဖောင်း ဝတ်ထားသည့် ရဲအရာရှိများကို ချက်ခြင်း လမ်းညွှန်လိုက်သည်။

"အရာရှိကြီးတို့ .. ဒီမှာပါ .. ရန်ပွဲက ဒီမှာ ဖြစ်နေကြတာပါ ..."

.

ထိုအချိန်မှာပင် အခြေအနေက ပြောင်းပြန်ဖြစ်သွားတော့သည်။ လျှိုကျားဝေ့က နျိုတာ့ကမ်းကို ချုပ်ထားကာ ဟဲရှောင်ဟုန်က ချင်းဖန်တိကို ဆောင့်ဆွဲကာ ရိုက်နှက်လိုက်သည်။ သို့သော် ချင်းယိုတိတို့ လင်မယားမှာ ပြဿနာအား ပုံကြီးချဲ့ရာ၌ ကျွမ်းကျင်သူများ ဖြစ်ကြပေရာ စူးစူးဝါးဝါး အော်ဟစ်သံများကြောင့် ရဲများသည် သူတို့မှာ သေလောက်အောင် အနှိပ်စက်ခံနေရသည်ဟုပင် ထင်မိသွားကြတော့သည်။

အများအမြင်၌ နစ်နာသူများ ဖြစ်ကြသော လင်မယားနှစ်ဦး၏ မျက်နှာမှာ ယောင်ယမ်းညိုမည်းနေကာ အဝတ်အစားများ စုတ်ပြဲပြီး ဆံပင်မှာလည်း ကြက်သိုက်အလားပင်။ သို့သော် တစ်နာရီ၏ လေးပုံတစ်ပုံနီးပါး အရိုက်ခံထားရသည့် လျှိုကျားဝေ့နှင့် ရှောင်ဟုန်တို့၏ မျက်နှာထက်တွင်မူ မည်သည့် ဒဏ်ရာဒဏ်ချက်ကိုမှ မမြင်ရချေ။

"သွားရအောင် ရန်ဖြစ်နေကြတယ် ဟုတ်လား ... ဟေး ရပ်လိုက်ကြစမ်း ..."

"နောက်ထပ် ထပ်ရိုက်ရင် သေကုန်တော့မယ်ထင်တယ် .. မြန်မြန် သွားကြည့်ရအောင် ..."

ရဲများ အများအပြား ရောက်လာကာ လူစုခွဲလိုက်ကြသည်။ ထို့နောက် ယိုတိနှင့် သူ့ခင်ပွန်း မငိုရသေးခင်မှာပင် ဘေးနားမှ အဒေါ်ကြီးများက စိတ်ဆိုးမာန်ဆိုးဖြင့် သတင်းပေးလိုက်ကြ၏။

"အရာရှိကြီးတို့ .. ဒီနှစ်ယောက်က ဖောက်ပြန်နေကြပါတယ် ..."

"ဟုတ်တယ် ဟုတ်တယ် ဟဲရှောင်ဟုန်က မယားငယ်ပါ ..."

"အဓိကလက်သည်က အဲဒီ့ လျှိုကျားဝေ့ဆိုတဲ့တစ်ယောက်ပဲ။ ကောင်တီစတီးစက်ရုံရဲ့ စံပြဝန်ထမ်းတစ်ယောက်က ဖောက်ပြန်နေတယ်ဆိုတာ ကျွန်မတို့လို ဝန်ထမ်းတွေရဲ့ ပုံရိပ်ကိုပါ ဖျက်ဆီးနေတာနဲ့ အတူတူပါပဲ ဒီလိုလူမျိုးကို မှတ်လောက်သားလောက်အောင် အပြစ်ပေးမှ နောက်လူတွေလည်း သင်ခန်းစာ ယူနိုင်မှာပါ ..."

ထိုသို့ဖြင့် ဆယ်မိနစ် မပြည့်ခင် အချိန်မှာပင် ချင်းမိသားစုဝင်များနှင့် ဘေးမှ ရပ်ကြည့်နေသူများ၏ ဝိုင်းဝန်းရှင်းပြချက်ကြောင့် ရဲအရာရှိများသည် အကြောင်းစုံ သိရှိသွားကြတော့သည်။

"ဖောက်ပြန်ရုံတင် မကဘူး ခယ်မနဲ့ မယားညီအစ်ကိုကိုပါ ဒီလိုပုံစံမျိုး ဖြစ်တဲ့အထိ ရိုက်လိုက်သေးတယ်။ ဒီနေ့ တကယ်ကို မကြုံဖူးတာတွေ ကြုံလိုက်ရတာပဲ ..."

ငြင်းချင်သေးလား ... ပြေးပေါက်မှ မရှိတော့တာ။ တစ်အချက် .. ဖောက်ပြန်နေရင်းတန်းလန်း လူမိသွားတယ်။ နှစ်အချက် အိမ်နီးချင်းတွေကလည်း သူ ရှောင်ဟုန်ရဲ့ အိမ်မှာ ခဏခဏ အဝင်အထွက် လုပ်တာကို မြင်ဖူးနေပြီးသား .. ဒါက ထိမ်းမြားရေးဥပဒေကို အတိအလင်း ဖောက်ဖျက်လိုက်တာပဲ ...

ထိုစဉ် အိမ်ထဲသို့ လူတစ်အုပ် ရောက်ချလာပြန်သည်။

"ငါတို့စက်ရုံကလူ ဒီမှာလာပြီး ဖောက်ပြန်နေတယ်လို့ သတင်းကြားလို့ ..."

"တကယ်ကြီးကို နံပါတ် ၃ အလုပ်ရုံက လျှိုကျားဝေ့လား ..."

"အိုက်ယား အစ်ကိုလျှို ခင်ဗျားကတော့ တကယ့်လူပဲ ကျွန်တော့်ကိုကျ အိမ်မှာ အရေးပေါ်ကိစ္စရှိလို့ ဂျူတီ အစားဝင်ပေးပါဆိုပြီး ဒီမှာ အငယ်လေးနဲ့ လာပျော်နေတယ် ..."

"ကျေးဇူးတင်စရာ ကောင်းတာက ခင်ဗျားက ကျွန်တော်တို့ စက်ရုံရဲ့ မိသားစုဝင် ဖြစ်နေတုန်းပဲ ဦးလေးလျှိုနဲ့ အစ်ကိုလျှိုရော ဒီအကြောင်း သိလား ..."

ကောင်းလိုက်တဲ့ စကား ...

ချင်းရှန်းက မလှမ်းမကမ်းရှိ လူငယ်အား ကျေးဇူးတင်စွာဖြင့် လှမ်းကြည့်လိုက်သည်။ အစောပိုင်းကမှတင် သူမက သူ့အား ဆင့်ငါးဆယ်ပေးကာ စတီးစက်ရုံသို့ သွား၍ အကူအညီတောင်းရန် ပြောခဲ့ခြင်း ဖြစ်သည်။ ထိုသူက အလုပ်ကို ကောင်းကောင်း လုပ်ဆောင်ခဲ့သည်။

လျှိုကျားဝေ့မှာ ကြက်ကြီးလည်လိမ်ထားသကဲ့သို့ ငိုင်ကျသွားတော့၏။ ရဲများကလည်း သူ့ကို ချက်ခြင်း ဖမ်းဆီးလိုက်ကြသည်။

"ကျဲ အဆင်ပြေရဲ့လား ..."

ချင်းရှန်းက အိုက်လန်ကို စိုးရိမ်တကြီး အကဲခတ်ကာ မေးလိုက်သည်။ အိုက်လန်သည် အစမှ အဆုံးအထိ စကားတစ်ခွန်းမှ ဝင်မပြောခဲ့ချေ။ ထို့ကြောင့် ချင်းရှန်းက စိတ်ထဲတွင် သူမ မူးလဲသွားပါက မည်ကဲ့သို့ ကုသသင့်ကြောင်းပင် မျိုးစုံ စဉ်းစားထားနေပြီး ဖြစ်သည်။

သို့သော် ချင်းအိုက်လန်သည် အံ့အားသင့်စရာ ကောင်းစွာပင် ငိုလည်းမငို၊ မူးလဲခြင်းလည်း မရှိ၊ စိတ်ထိခိုက်သည့် အရိပ်အယောင်ပင် မပြချေ။ သူမ ပြောင်းပေးထားသည့် ဆေးများသည် အာရုံကြောအား ပျက်စီးစေသည့် အဆိပ်များကို ယာယီ ဟန့်တားပေးထားသည်။

"ဘာမှ မဖြစ်ဘူး ဘူတာရုံပဲ မြန်မြန် သွားရအောင် ..."

ချင်းအိုက်လန်က မျက်လုံးကို ပွတ်ကာ ပြောလိုက်သည်။ အနည်းငယ် စိတ်အေးသယောင်လည်း ခံစားမိနေခဲ့၏။

"ဘွားဘွားက ဘာမှ အရေးပေါ် မဖြစ်ပါဘူး ..."

ယိုတိက ရှောင်ဟုန် ကုတ်ဖဲ့ထားသည့် အနာများကို ပွတ်သပ်ရင်း ပြောလိုက်သည်။ သူမ၏ ဒဏ်ရာအားလုံးမှာ ထင်သာမြင်သာ ရှိလှသော်ငြား ရှောင်ဟုန်မှာမူ ကံမကောင်းလှ။ ယိုတိသည် မိန်းမတစ်ယောက်၏ အထိမခံနိုင်သည့် နေရာများကို ဦးတည်ရိုက်နှက်ခဲ့ပေရာ အနည်းဆုံး ဆယ်ရက်ခန့် အိပ်ယာထဲတွင် လှဲနေရမည် ဖြစ်သည်။

"ငါ ကွာရှင်းချင်တယ် ..."

All Chapters