← Chapters

Chapter 35

Vol. 3 Ch. 35

Chapter 35

Vol. 3 Ch. 35

ကျောက်ချင်းစုန့်က ချက်ခြင်း ခေါင်းကိုယမ်းပြလိုက်သည်။ သူ မှတ်မိထားသလောက်ဆိုလျှင် ရွာထဲ၌ သူနာပြုအကူဟူ၍ တစ်ဦးမှ မရှိပေ။

“တိုင်းရင်းဆေးအနံ့တွေ ရနေလို့ ...”

မစ္စတာချန်းက အနံ့ခံကာ ပြောလိုက်သည်။ ထိုအနံ့ကို သူ ရနေသည်မှာ အတော်ကြာပြီ ဖြစ်သည့်အပြင် အနံ့၏ အရည်အသွေးမှာလည်း အလွန် ကောင်းမွန်လှ၏။

“ဒီဆေးရဲ့ အနံ့ကိုက ဒီလိုပဲလေ .. ရွာထဲမှာ တိရိစ္ဆာန်ကုတဲ့ ဆရာဝန်တော့ ရှိတယ် ...”

မုဆိုးမလျှိုထံမှ စကားသံ ထွက်မလာမီ လျှိုပေါင်ကျူးက သူမ၏ ပါးစပ်ကို အမြန် ပိတ်လိုက်သည်။ ချင်းကန်းက အဒေါ်ချွေ့ကို ကုသပေးခဲ့ကြောင်း ထုတ်ပြောမိမည်ကို စိုးရိမ်နေသည့်ဟန်ပင်။ သူမက မစ္စတာချန်း၏ လမ်းကို ပိတ်ထားကာ တိုင်းရင်းဆေး၏ အကြောင်းများကို ဆက်မေးရင်း ချင်းကန်းကို တိရိစ္ဆာန်ကုသည့် ဆရာဝန်အဖြစ်သာ ဖော်ပြလိုက်သည်။

သို့သော် မစ္စတာချန်း၏ အတွေးတို့က ရပ်တန့်မသွားပေ။

“သွားကြည့်လိုက်ဦးမယ် .. အနံ့က ငါစားနေကျတစ်ခုနဲ့ တော်တော်လေးကို တူတယ် ...”

မစ္စတာချန်းသည် သူ့ကိုယ်သူ မည်သူဖြစ်ကြောင်း ကောင်းကောင်းသိထားသူ ဖြစ်သည်။ လျှိုပေါင်ကျူးက သူ့ကို ဟန့်တားရန် ပြင်လိုက်သော်ငြား သူ့အရှိန်အဝါ၏ လွှမ်းမိုးမှုကို ခံလိုက်ရသည့်အတွက် ခင်ပွန်းဖြစ်သူ ကျောက်ချင်းစုန့်ကိုသာ လှမ်းကြည့်လိုက်တော့သည်။

နှစ်ဝက်ခန့် အတူတူ နေပြီးနောက်တွင် သူမသည် ကျောက်ချင်းစုန့်မှာ ရာထူးအာဏာကို တပ်မက်သူဖြစ်ကြောင်း သဘောပေါက်နေပြီ ဖြစ်သည်။ ထိုသူက သူ့တက်လမ်းကို အကျိုးပြုမည်ဆိုလျှင် မည်မျှပင် ခက်ခဲပါစေ လုပ်ဆောင်မည့်သူ ဖြစ်၏။ အလားတူပင် သူ့အတွက် အထောက်အကူ မပြုပါက အပင်ပန်းခံရန် စိတ်ပင် ကူးလိမ့်မည် မဟုတ်ချေ။

သို့သော် သူမကလည်း သာမန်မိန်းမ မဟုတ်သည့်အတွက် ကျောက်ချင်းစုန့်ကဲ့သို့သော ရည်မှန်းချက်ကြီးသည့် ယောကျာ်းမျိုးကိုသာ သဘောကျမိပေသည်။

ကျောက်ချင်းစုန့်က သူမ၏ လှည့်ကွက်အသေးလေးများကို အာရုံမစိုက်၊ အလေးအနက် အနံ့ခံကာ ဝေဖန်ပိုင်းခြားလိုက်သည်။

“ဘေးအိမ်က အနံ့ထင်တယ် ...”

သူ့မှာ အဲဒီ့မိသားစုက သားမက်ဖြစ်ဖို့ သီသီလေးပဲ လိုတော့တဲ့အကြောင်းကို ဘယ်လိုလုပ် မေ့နိုင်မှာလဲ ...

“အဒေါ်ချင်း .. အိမ်မှာ ရှိနေလား ကျွန်တော်က ကျောက်မိသားစုကပါ ...”

ချင်းကွေ့ဟွားက ထမလာ။

ချင်းရှန်းကလည်း သူတို့နှင့် စကားမပြောလိုပေ။ သို့သော် ဆရာဝန်တစ်ဦး၏ အလိုလိုသိစိတ်အရ သူမ ကြားလိုက်ရသည့် “အဘိုးအိုချန်း” ၏ ချောင်းဆိုးးသံမှာ မူမမှန်၊ အပြင်းအထန် နာမကျန်း ဖြစ်နေသည့်အလား အားအင်ချိနဲ့နေပေသည်။ ဤတစ်ကြိမ်တွင် သူမအနေဖြင့် ကူညီနိုင်မည်လားတော့ မသိ၊ သို့သော် ကျောက်ချင်းစုန့်နှင့် ပတ်သက်နေသည့်သူဟုဆိုကာ မျက်ကွယ်ပြုနေ၍ မဖြစ်ပေ။

အတွင်းထဲမှ ပွင့်လာသည့် တံခါးနှင့်အတူ ကျောက်ချင်းစုန့်၏ အကြည့်များ ဝင်းလက်သွားတော့သည်။ နက်မှောင်တောက်ပနေသည့် ဆံပင်များအား ကျစ်ဆံမြီး ကျစ်ထားသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။

“ဘာကိစ္စရှိလို့လဲ ...”

ကျောက်ချင်းစုန့်က နှာခေါင်းကို ပွတ်ကာ ပြောလိုက်သည်။

“မင်းရဲ့ အိမ်မှာ တိုင်းရင်းဆေး ရှိလား .. ရှိရင် နည်းနည်းလောက် မျှပေးလို့ရမလား ...”

“ဆေးတော့ရှိတယ် ဒါပေမယ့် ကြုံသလို ယူလို့ မရဘူး ...”

ထိုတုန့်ပြန်မှုမှာ ပုံမှန်ပင်။ သို့သော် ကျောက်ချင်းစုန့်ကမူ မီးတောက်နှင့် ဆေးပင်၏ အနံ့အသက်များကို ခံစားမိလိုက်သည်။ အနောက်မှ လိုက်လာသည့် လျှိုပေါင်ကျူးကလည်း သူမ၏ တုန့်ပြန်ပုံကို မြင်လိုက်ရသည့်အခါ စိတ်အေးသွားတော့သည်။ ထိုတုန့်ပြန်ပုံအရ လိုင်တိသည် သူမ၏ ယောကျ်ားကို လုံးဝ စိတ်မဝင်စားတော့သည့် ဟန်ပင်။

ချင်းရှန်းသာ သူမ၏ အတွေးများကို သိခဲ့ပါလျှင် ဝက်များ၏ တန်ဖိုးကို တုန့်ဆိုင်းမနေဘဲ ဈေးတင်မိလိမ့်မည် ဖြစ်သည်။

“ဒီလိုပါ ငါတို့အိမ်ကို ရောက်နေတဲ့ ဧည့်သည်တစ်ယောက်က သိပ်ပြီး ကျန်းမာရေး မကောင်းဘူးလေ။ နင်တို့ခြံထဲကနေ ရတဲ့ ဆေးနံ့က သူသောက်နေကျ ဆေးနဲ့ အနံ့ချင်း တော်တော်တူလို့တဲ့ .. အဲဒါ သူ့အတွက် နည်းနည်းလောက် မျှပေးလို့ ရမလား...”

တရုတ်တိုင်းရင်းဆေးသည် ခေတ်မီအနောက်တိုင်းဆေးဝါးများကဲ့သို့ ရောဂါတစ်ခုချင်းစီ၊ ရောဂါကျွမ်းမှု အဆင့်တစ်ခုချင်းစီတိုင်းအတွက် ကုသမှု အဆင့်များကို တရားသေ သတ်မှတ်ထားသည်မဟုတ်၊ မတူညီသော ရောဂါများကို ကုသနည်းတစ်မျိုးတည်းဖြင့် ကုသခဲ့သည်များလည်း ရှိသလို ရောဂါတစ်ခုတည်းကိုပင် နည်းလမ်းမျိုးစုံဖြင့် ချဉ်းကပ်ကုသခဲ့သည်များလည်း ရှိပေသည်။ အမျိုးအစား တူညီသော ရောဂါဖြစ်တိုင်း ကုသနည်း တစ်ခုတည်းကိုသာ သုံးနေရန် မလိုအပ်၊ အလားတူပင် ကွဲပြားသော ရောဂါအမျိုးအစားများကိုလည်း ကုသနည်းတစ်ခုတည်းကို သုံးကာသာ ကုသနိုင်ပေရာ ချင်းရှန်းအနေဖြင့် လူနာကို မမြင်ရဘဲ ဆေးကို လက်လွတ်စပယ် ပေးလိုက်၍ မရပေ။

တိုက်တိုက်ဆိုင်ဆိုင်ပင် .. မစ္စတာချန်းကလည်း နံရံကို အားပြုလျက် ချင်းမိသားစု ခြံဝင်းထဲသို့ တရွေ့ရွေ့ ဝင်လာသည်။

“မိန်းကလေး .. စိတ်မပူပါနဲ့ ငါ ဆေးကို လက်လွတ်စပယ် မသောက်ပါဘူး ဒီဆေးရဲ့ အနံ့က ငါ သောက်နေကျဆေးနဲ့ တူလို့ ရောဂါထတာလေး နည်းနည်း သက်သာအောင် ဆေးလိုချင်လို့ပါ ရနိုင်မလား ...’

စကားအများကြီးကို တရစပ် ပြောလိုက်ရသည့်အတွက် မစ္စတာချန်း၏ အသက်ရှူသံများ ပြင်းထန်လာကာ ရင်ဘက်တစ်ခုလုံး ဖားဖိုသဖွယ် မြင့်တက်လာတော့သည်။

ချင်းရှန်းက အိမ်အပြင်ထွက်ကာ သူ့ကို အနီးကပ် ကြည့်လိုက်၏။ ထိုသူ၏ မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် မည်းညစ်ဝါထေးနေကာ မျက်လုံးနှစ်လုံးမှာလည်း ကြေးလုံးများအလား ပြူးကျယ်နေခဲ့သည်။ ထို့အပြင် .. အရေးကြီးဆုံးအချက်အနေဖြင့် .. သူ့မျက်နှာကို သူမက ကောင်းကောင်းကြီး သိနေပေသည်။

အတိတ်ဘဝက လောင်ဟဲ၏ အကြောင်းကို ပြောရပါလျှင် သူသည် ဘဝတစ်သက်တာလုံးကို စက်ရုံအမှတ် ၄၁၂ ထဲတွင်သာ မြှုပ်နှံထားသည် မဟုတ်။ ဂျူနီယာအထက်တန်းကျောင်းသာ ပြီးဆုံးခဲ့သည့်တိုင် သူသည် အလွန် ပါရမီ ပါသူတစ်ဦး ဖြစ်ပေသည်။ အသက် ၁၃ နှစ်အရွယ်ကတည်းက ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြုလုပ်သည့် စဉ်ဆက်မပြတ် ရေဒီယိုလှိုင်းများ ထုတ်လွှင့်ခြင်းနှင့် လက်ခံခြင်း သင်တန်းကျောင်းကို တက်ရောက်ခွင့် ရခဲ့သူ ဖြစ်သည်။

အသက် ၁၃ နှစ်အရွယ် ဂျူနီယာအထက်တန်းအဆင့် ကျောင်းသားလေးက နိုင်ငံတစ်ဝှမ်းရှိ ဝါရင့် ကြေးနန်းတာဝန်ခံများကို အနိုင်ပိုင်းကာ ဝန်ကြီးဌာန၏ ဆန်ကာတင်များကို ကျော်ဖြတ်၍ ချက်ပြည်သူ့သမ္မတနိုင်ငံမှ ကျင်းပသည့် နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံလက်ရွေးစင်အသင်းသားတစ်ဦးအဖြစ် ဝင်ရောက်ခွင့် ရခဲ့သည်။

စခန်းသွင်း လေ့ကျင့်စဉ်တစ်လျှောက် .. လေ့ကျင့်ရေး ပြီးဆုံးသည်အထိ နိုင်ငံတကာ ထိပ်သီးကစားသမားများအကြားတွင် ဗိုလ်စွဲခဲ့သည်။ အလွန် ငယ်ရွယ်သည့် အရွယ်ကတည်းက သူသည် တစ်ကမ္ဘာလုံးက အာရုံစိုက် စောင့်ကြည့်ရသူတစ်ဦး ဖြစ်ခဲ့သည်။

ထိုကဲ့သို့သော ဉာဏ်ကြီးရှင်လေးကို လူရှေ့သို့ ထုတ်ပြလာခဲ့သူမှာ ချန်းပိုရှန်း အမည်ရ ရူပဗေဒဆရာတစ်ဦး ဖြစ်သည်။ နောက်ပိုင်းတွင် သူနှင့် ခေါင်းဆောင်အကြား ဆက်ဆံရေး မပြေလည်မှုများကြောင့် နိုင်ငံတကာ ပြိုင်ပွဲများမှ ဖယ်ထုတ်ခြင်း ခံခဲ့ရသော်ငြား ထိုအချိန်က သူ၏ လုပ်ဆောင်ချက်များမှာ ကြိုးမဲ့ဆက်သွယ်ရေးလောကတွင် ပြောစမှတ်တွင်နေဆဲပင်။

ဉာဏ်ကြီးရှင်လေး လျန်ရှန်းကို အင်တာဗျူးသည့်အခါမှသာ သူ၏ ပထမဆုံး ရူပဗေဒဆရာမှာ ကြိုးမဲ့ဆက်သွယ်ရေးလောက၏ ဘက်စုံကျွမ်းကျင်သူ ဖြစ်ကြောင်း သိလိုက်ရတော့သည်။ သို့သော် သူ၏ တစ်ကိုယ်တည်း နေလိုသည့် အကျင့်စရိုက်ကြောင့် ကြိုးမဲ့ဆက်သွယ်ရေးနှင့် မနီးစပ်သူများကမူ သူ့အကြောင်းကို မသိခဲ့ကြချေ။

ထို့နောက်ပိုင်းတွင် ... ခုနှစ်အတိအကျတော့ မသိ၊ ဆရာချန်းအား လျှို့ဝှက်တပ်ဖွဲ့သို့ ခေါ်သွားကာ သုတေသနများ ပြုလုပ်ရန် တာဝန်ပေးလိုက်ကြသည်။ ထိုသို့ဖြင့် သူနှင့် လူငယ်လေး ဟဲလျန်ရှန်းအကြား၌ အဆက်အသွယ် ပြတ်တောက်သွားတော့၏။

နှစ်ယောက်လုံးက တစ်ဦးကိုတစ်ဦး ဘဝအား ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေရလိမ့်မည်ဟုသာ ထင်ထားခဲ့ကြသည်။ သို့သော် လက်တွေ့၌ တစ်ဦးက စကားအပြော မတတ်၍ အလုပ်သမားစခန်းသို့ အပို့ခံလိုက်ရကာ ကျန်တစ်ဦးက စစ်မြေပြင်တွင် ခြေထောက်တစ်ဖက် ဆုံးရှုံးပြီး သနားဖွယ်ဘဝကို ဖြတ်သန်းနေရသည်။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် .. လူငယ်လေးဟဲလျန်ရှန်း အရွယ်ရောက်လာကာ သူ၏ ပြောင်မြောက်သော စွမ်းရည်ကြောင့် စက်ရုံအမှတ် ၄၁၂ သို့ အပို့ခံလိုက်ရကာမှ ဆရာတပည့်နှစ်ဦး ပြန်လည်ဆုံတွေ့ရတော့သည်။

ထိုခြောက်လတာ ကာလအတွင်း ဟဲလျန်ရှန်း၏ ဘဝမှာ အတက်အကျမျိုးစုံဖြင့် ပြည့်နှက်နေခဲ့သည်။

နှစ်ဝက်ခန့် ကြာပြီးနောက်တွင် ဆရာချန်းသည် ဖျတ်ခနဲ ဆုံးပါးသွားတော့သည်။ ဟဲလျန်ရှန်းမှာလည်း နောက်ခံပြဿနာနှင့် ကျောက်ချင်းစုန့်၏ မနာလိုမှုကြောင့် အလုပ်ရုံထဲတွင်သာ နှစ်ပေါင်းများစွာ နစ်မြုပ်နေကာ အသက် ၄၀ မတိုင်ခင်အထိ နေရာပေးခြင်း မခံခဲ့ရချေ။

ချင်းရှန်း၏ တစ်ကိုယ်တည်းအမြင်အရ အကယ်၍ ဆရာချန်းသာ သူ့ဘက်သို့ စောစောစီးစီး ရောက်လာခဲ့ပါလျှင် သို့မဟုတ် စောစောစီးစီး ဆုံးပါးမသွားခဲ့ပါလျှင် လောင်ဟဲထုန်၏ အသက်မွေးဝမ်းကျောင်းသည် ပိုမိုကာ ချောမွေ့လာမည် ဖြစ်သည်။

လောင်ဟဲထုန်သည် အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် အနစ်နာခံခဲ့ရသည်။ အကယ်၍ မစ္စတာချန်းသာ ကောက်ကာငင်ကာ ဆုံးပါးမသွားခဲ့ပါလျှင် သူတို့နှစ်ဦး လက်တွဲကာ မြောက်များစွာသော အရေးကြီးပရောဂျက်များကို ကိုင်တွယ်နိုင်မည် ဖြစ်ပြီး wireless optical cable များကို နိုင်ငံအနှံ့ ဖြန့်ကျက်ကာ ဆက်သွယ်ရေးနည်းပညာသည် တစ်ရှိန်ထိုး တိုးတက်လာမည် ဖြစ်သည်။

ချင်းရှန်းက ကျောက်ချင်းစုန့်ကို အလွန်မုန်းတီးကာ ထိုသူ၏ မစ်ရှင်အားလုံး ကျဆုံးပြီး ဆုလာဘ်ခံစားရမည့် အခွင့်အရေးများ တစ်သက်လုံး မရပါစေနှင့်ဟုပင် ဆုတောင်းမိခဲ့သည်။

သို့သော် နွေလေဦးနှင့် မွေးဖွားကာ အလံနီအောက်တွင် ကြီးပြင်းလာသည့် နဂါးပြည်ထောင်စု၏ ပြည်သူတစ်ဦး ဖြစ်သည့်အလျောက် သူမသည် ဆရာချန်းအား ကောက်ကာငင်ကာ ဆုံးပါးသွားခြင်း မရှိဘဲ စက်ရုံအမှတ် ၄၁၂ ၏ ပရောဂျက်များကို ချောမွေ့စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် မျှော်လင့်မိသည်။ ထိုသို့ဆိုလျှင် နဂါးပြည်ထောင်၏ ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာသည် အရှိန်အဟုန်ဖြင့် တိုးတက်သွားမည် ဖြစ်၏။

သူမ၏ အတိတ်ဘဝ၌ အိမ်ရှင်မတစ်ဦးအဖြစ်သာ နေထိုင်ခဲ့ရသည့်အတွက် ထိုပရောဂျက်မှာ မည်သည့်အကြောင်းအရာမျိုးဖြစ်ကြောင်းကို တိတိကျကျ မသိပေ။ သို့သော် စက်ရုံအမှတ် ၄၁၂ သည် စစ်ဘက်ဆိုင်ရာ ပရောဂျက်အားလုံးကို သုတေသန ပြုရသည့် နိုင်ငံ့ထိပ်သီး ကြိုးမဲ့စက်ရုံတစ်ခု ဖြစ်ပေသည်။ ဆက်သွယ်ရေး၊ အချက်ပြ၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် အခြား အရေးပါသော အခန်းကဏ္ဌအားလုံးမှာ စစ်မြေပြင်၌ ရန်သူကို လက်စသတ်ပစ်နိုင်သည့် လျှို့ဝှက်လက်နက်များ ဖြစ်ကြသည်။

ချင်းရှန်းက ဆရာချန်းအား ကယ်တင်ပေးရန် ချက်ခြင်း ဆုံးဖြတ်ချက်ချလိုက်သည်။

သို့သော် သူမက ကျောက်ချင်းစုန့်အတွက် အကျိုးရှိသွားစေရန်တော့ ကူညီပေးမည် မဟုတ်ပေ။ လူသာမက ခွေးဆိုလျှင်ပင် အကျိုးရအောင် ကူညီပေးမည် ဖြစ်သော်ငြား ကျောက်ချင်းစုန့်အနေဖြင့်မူ သူမထံမှ မည်သည့် အကျိုးအမြတ်ကိုမှ ရနိုင်လိမ့်မည် မဟုတ်ပေ။

သူမက ဆေးကို ပေးနိုင်သည်ဟု ပြောကာ ဆရာချန်းအား သူ အသုံးပြုနေကျ ဆေးအမျိုးအစားကို မေးလိုက်သည်။ ထို့နောက် ဆရာချန်း၏ ပိန်လှီနေသော လက်ကောက်ဝတ်အား ဖျတ်ခနဲ လှမ်းကိုင်လိုက်၏။ အပေါ်ယံအမြင်အရ သူမက သူ့အား လှမ်းထိန်းပေးလိုက်ခြင်း ဖြစ်သော်လည်း စင်စစ်အားဖြင့် သူ၏ လက်ကောက်ဝတ်သွေးကြောကို စမ်းသပ်လိုက်ခြင်း ဖြစ်ပေသည်။

မစ္စတာချန်း၏ သွေးကြောမှာ ပုံမှန် တွေ့နေကျ ကျိတိုက်သွေးကြော ဖြစ်သည်။ သူ၏ ညစ်ထေးနေသော အသားအရေ၊ ပြာနှမ်းနေသော နှုတ်ခမ်း၊ အေးစက်နေသော ခြေလက်များကို အခြေခံကာ သုံးသပ်လိုက်သည့်အခါ သူသည် နှလုံးသွေးကြော အေးခဲခြင်းကြောင့် နှလုံးရောဂါ ခံစားနေရခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ထိုရောဂါမျိုးကို လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်ခန့်က ကျန်းကျုံးကျင်းက “ရင်ခေါင်းပိုင်း လေငန်းရောဂါ” ဟု အမည်တပ်ခဲ့သည်။

ချင်းရှန်းက တစ်ခဏမျှ တွေးပြီးနောက် အိမ်ထဲတွင် လတ်လတ်ဆတ်ဆတ် တူးထားသော မြက်မုန်ညင်းများ ရှိနေသေးကြောင်း သတိရမိသွားသည်။

မစ္စတာချန်းကလည်း ရှဲ့ပိုင်ကို ချက်ခြင်း ရှာတွေ့သွား၏။

“ဒါကို ရှဲ့ပိုင်လို့ ခေါ်တာမလား ငါ အရင်က စားဖူးတယ် ဒါက ရှေ့ပြေးနိမိတ်ပဲ ဖြစ်ရမယ် ...”

ချင်းရှန်းက ထောက်ခံလိုက်သည်။ ဒေါနပန်းအပြင် သူမသည် လိမ္မော်ခွံ၊ သစ်ကြပိုးခေါက်နှင့် မစ္စတာချန်း သေချာ မသိနိုင်သည့် တိုင်းရင်းဆေးမြစ်အချို့ကို ရောထည့်ကာ ကျိုချက်ထားခြင်း ဖြစ်သည်။

ကျောက်ချင်းစုန့်က သူမကို တားမြစ်မည် ပြုလိုက်သော်လည်း မစ္စတာချန်းက လက်မြှောက်ပြကာ ဟန့်တားလိုက်သည်။ သူ့စိတ်ထဲတွင် ထိုမိန်းကလေး၏ အကြည့်များမှာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိခဲ့သည်။ သူမ ကြည့်နေသည့်ပုံစံမှာ လေးစားရသည့် အကြီးအကဲတစ်ဦးအား ကြည့်နေသည့်အတိုင်းပင်။

အရိုးသားဆုံး ပြောရပါလျှင် လျန်ရှန်းမှအပ .. ပြီးခဲ့သည့်နှစ်များအတွင်း သူ့လက်ထဲမှ အခွင့်အလမ်းများကို မဟုတ်ဘဲ သူ့ကို လေးစားခဲ့သူဟူ၍ မည်သူမှ မရှိခဲ့ပေ။

ထိုအချိန်မှာပင် ချင်းရှန်းက ကျောက်ချင်းစုန့်ကို မရည်ရွယ်ဘဲ စကားစမြည် ပြောသလိုလိုဖြင့် ပြောလိုက်သည်။

“ချင်းစုန့်ကော .. လျန်ရှန်းကရော သူ ပြန်လာတော့မယ်လို့ ပြောလား ...”

ကျောက်ချင်းစုန့်က ကိုယ်ရှိန်သပ်ကာ မစ္စတာချန်းကိုသာ သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်သည်။

သူ့အကြည့်တို့အား ချင်းရှန်းကလည်း ချက်ခြင်း သဘောပေါက်လိုက်၏။

ဘယ်လိုတောင် ကောင်းလိုက်တဲ့ အစ်ကိုကြီးလဲ ...

ကျောက်ချင်းစုန့်ကတော့ သေချာပေါက်ကို ဒုက္ခတွင်းထဲ ရောက်နေပြီ။ သူက မစ္စတာချန်းနဲ့ ဟဲလျန်ရှန်းရဲ့ ဆက်ဆံရေးကို သိထားပြီးသားနေမှာ .. ကြည့်ရတာ မစ္စတာချန်းကို သူက လောင်ဟဲနဲ့ ရင်းနှီးတယ်လို့ ပြောမထားဘူး ထင်တယ်.. အမလေး ဘယ်လိုတွေတောင် မနာလိုဖြစ်နေပါလိမ့်နော် ... ယောကျ်ားတွေကြားက မနာလိုစိတ်က ပိုပြီးတောင် ကြောက်စရာကောင်းနေသေးတယ်...

အတိတ်ဘဝ၌ ဟဲလျန်ရှန်းသည် ကျောက်ချင်းစုန့်နှင့် ထိပ်တိုက်မတွေ့ရခင်အထိ သူ့ကို ညီအစ်ကိုကောင်းတစ်ဦးဟု အမြဲ မှတ်ယူထားသည်။ သို့သော် ရယ်စရာ ကောင်းသည်မှာ ထို သူခိုးလို ကျောက်ချင်းစုန့်ထံ၌ ညီအစ်ကိုစိတ် မရှိ၊ အကျိုးအမြတ်ကိုသာ မြင်နေခဲ့သည်။

ရှောင်ဟဲ၏ ပြောင်မြောက်လှသော စွမ်းရည်များကြောင့် သူ့ကို မည်သူ့ကမှ သတိမပြုမိတော့မည်ကို စိုးရိမ်သောကြောင့် ကျောက်ချင်းစုန့်သည် ရှောင်ဟဲအား ဆက်သွယ်ရေးကုမ္ပဏီသို့ ဝင်ရောက်ရန် နားချခဲ့သည်။ သူကိုယ်တိုင်ကမူ စနိုက်ပါတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့၏။

ဆရာချန်းသာ စက်ရုံ ၄၁၂ သို့ ရောက်လာပါလျှင် ရှောင်ဟဲ၏ ဘဝ အလွန်ကောင်းမွန်သွားမည်ကို မရှုစိမ့်သောကြောင့် ဆရာချန်းကို စက်ရုံသို့ မပို့ခဲ့ခြင်း ဖြစ်သည်။ စက်ရုံထဲရှိ သတင်းပေးများကလည်း လျန်ရှန်းနှင့် ဆရာချန်းအကြောင်း ဖုံးကွယ်ထားသည်ဟု သူ့ကို ပြောခဲ့ကြသည်။

ကောင်းလိုက်တဲ့ အစ်ကိုကြီး ...

ချင်းရှန်းက သူ၏ အရှက်ကွဲမှုကို သတိမပြုမိလေဟန်ဖြင့် ဆက်ပြောလိုက်သည်။

“ပြီးတော့ အစ်ကိုကြီးချင်းစုန့်ကို အကူအညီတစ်ခုလောက်လည်း တောင်းချင်နေတာ ... ဟဲလျန်ရှန်းက ရှင်နဲ့ ညီအစ်ကိုကောင်းတွေ မဟုတ်လား။ ကျွန်မ သူ့ကို ဆက်သွယ်လို့ မရလို့လေ။ ရှင်နဲ့တော့ အဆက်အသွယ် ရှိမှာပါ ဟုတ်တယ်မဟုတ်လား.. ကျွန်မရဲ့ လေ့ကျင့်ရေးသင်တန်းကလည်း ပြီးတော့မှာဆိုတော့လေ .. သူ ဘယ်အချိန် ပြန်လာမလဲဆိုတာ မေးချင်လို့ ...”

မိန်းမပျိုလေးက ရှက်ရွံ့မှုနှင့် မျှော်လင့်ချက်တို့ ရောယှက်နေသည့် မျက်နှာလေးဖြင့် မေးလိုက်သည်။

ကျောက်ချင်းစုန့်၏ မျက်နှာမှာ စိမ်းဖန့်နေရာမှ ဖြူရော်သွားကာ ဆရာချန်းကို လှည့်ပင် မကြည့်ရဲတော့ချေ။

မစ္စတာချန်းက လျန်ရှန်းသည် စစ်တပ်ထဲသို့ ရောက်သွားသည်ဟုသာ မှတ်မိထားသည့်အတွက် ကျောက်ချင်းစုန့်နှင့် တွေ့အပြီး သူတို့နှစ်ဦးမှာ တပ်ဖွဲ့တစ်ဖွဲ့တည်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ လျန်ရှန်း၏ အကြောင်းများကို အထူးတလည် မေးမြန်းခဲ့သည်။ သူသည် ထိုတပည့်လေးကို အမြဲတမ်း သတိရနေခဲ့ရသည်။

သို့သော် မထင်မှတ်ထားစွာဖြင့် ကျောက်ချင်းစုန့်ထံမှ “မသိပါဘူး” ဟူသည့် အဖြေကိုသာ ရရှိခဲ့ရသည်။

အိုကေ .. အခုတော့ အရှက်ကွဲရတဲ့ လူလိမ်က ဘယ်သူလဲဆိုတာ သိလောက်ရောပေါ့ ...

ချင်းရှန်းက သူမ၏ စကားလေးနှစ်ခွန်းက ကျောက်ချင်းစုန့် လပေါင်းများစွာ ကြိုးစားထားခဲ့ရသမျှကို အလဟဿ ဖြစ်သွားစေခဲ့ကြောင်းကိုမူ မသိခဲ့ချေ။ ပြီးခဲ့သည့် လများအတွင်း မစ္စတာချန်းကို သူတို့လူဖြစ်အောင် ဆွဲဆောင်နိုင်ရန်အတွက် စက်ရုံအတွင်းတွင် သဘောထားကွဲလွဲမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။

ထို့နောက်တွင် ကျောက်ချင်းစုန့်က မစ္စတာချန်းအား စက်ရုံသို့ ဘေးကင်းစွာဖြင့် ခေါ်ဆောင်လာပေးပါမည်ဟု ကတိပြုကာ အားလုံး၏ အမြင်ကို ဆန့်ကျင်ခဲ့သည်။ ထိုအကြောင်းကြောင့် စက်ရုံခေါင်းဆောင်များကလည်း သူသာ ထိုတာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါလျှင် စက်ရုံ၏ အနာဂတ် လုံခြုံရေးနှင့် စီမံမှုကို အပြည့်အဝ တာဝန်ယူနိုင်မည် ဖြစ်ကာ ပြန်ရောက်လာသည့်အခါ ပုံမှန်စခန်းသို့ ရာထူးတိုးခံရမည် ဖြစ်သည်။

သို့သော် ယခုမူ မစ္စတာချန်းက သူ့ကို အေးစက်လှသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လာတော့၏။

စကားကောင်းလေး နည်းနည်းပါးပါးတောင် မပြောခဲ့ဘူး .. အပြစ်ပေးမခံရရင်ကို ကံကောင်းနေပြီပဲ ...

ဆရာချန်း၏ ထက်ရှလှသော အကြည့်တို့က ကျောက်ချင်းစုန့်ထံ စက္ကန့်အနည်းငယ်ခန့် ကျရောက်သွားသည်။ ထို့နောက်တွင်မှ ချင်းရှန်းကို လှည့်ကြည့်ကာ ဂရုတစိုက် မေးမြန်းလိုက်၏။

“ကောင်မလေး .. မင်းက ဟဲလျန်ရှန်းအကြောင်း ပြောနေတာလား ...””

“ဟုတ်ပါတယ် ကျွန်မရဲ့ မြေးသမက်လေးက ပေကျင်းကလေ ...”

မစ္စတာချန်းက ဟဲလျန်ရှန်း၏ နာမည်၊ အသက်၊ မွေးရပ်ဇာတိတို့ကို ချင်းကွေ့ဟွားနှင့် တိုက်ဆိုင်စစ်ဆေးလိုက်သည်။ အားလုံးမှာ သူ သိထားသည့် ဟဲလျန်ရှန်းနှင့် တစ်ထပ်တည်းကျနေကြောင်း သိလိုက်ရသည့်အခါ သူ့မျက်နှာမှာ ပို၍ပင် အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။

သူ၏ အချစ်ဆုံးတပည့်လေးကို ဤပုံစံမျိုးဖြင့် နောက်တစ်ကြိမ် ထပ်တွေ့ရလိမ့်မည်ဟု စိတ်ပင် မကူးခဲ့ဖူးချေ။

သို့သော် ဟဲလျန်ရှန်းမှာ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရသည့်ဟန်ပင်။ ဆေးသောက်ပြီးနောက် ထိုအကြောင်းကို တွေးမိသွားသည့်အတွက် သူသည် အိပ်ယာမဝင်မီ ကျောက်ချင်းစုန့်ကို ရုတ်တရက် ထပြောလိုက်သည်။

“မနက်ဖြန် မင်းရဲ့ စက်ရုံကို သေချာပေါက် ဆက်သွယ်စရာ ရှိတယ် ...”

ကျောက်ချင်းစုန့်က ရှက်ရွံ့စိတ်ကြောင့် ခြေချောင်းများကို ကုပ်ကာသာ မြေကြီးအား စိုက်ကြည့်နေပြီး အငြင်းစကားပင် မဆိုရဲတော့ချေ။ နောက်တစ်နေ့ မနက်ခင်း အစောပိုင်းတွင် တပ်မဟာအကြီးအကဲ အားလုံးကို ရှင်းထုတ်ထားပြီးမှ မစ္စတာချန်းအား ဖုန်းဆက်ရန် ခေါ်သွားပေးလိုက်သည်။

ထိုဖုန်းခေါ်ဆိုမှုက ဟဲလျန်ရှန်း၏ ကံကြမ္မာကို လုံးဝဥဿုံ ပြောင်းလဲသွားစေခဲ့သည်။

All Chapters