အခန်း (၂၃၂-၂၃၄)
Vol. 16 Ch. 232-234
အခန်း(၂၃၂) စွမ်းအင်သန့်စင်ခြင်း အထွတ်အထိပ်သို့တက်လှမ်းခြင်း
တစ်လခန့်ကြာပြီးနောက်တွင် ယွင်နင်ခရိုင်ရှိနံပါတ်တစ်ကျောင်းသားဖြစ်ရခြင်း၏ ဆွဲဆောင်မှုသည် မှိန်ဖျော့လာခဲ့သည်။ ယွင်နင်ခရိုင်၏ နံပါတ်တစ်ကျောင်းသား ချူးယွင်ဖန်းကို အားလုံးက ဟာသတစ်ခုအဖြစ်ထင်လာကြသည်။ နယ်မြေ(၂)သို့ ဝင်ရောက်ခြင်းမပြုသည့် ကိစ္စနှင့်ပတ်သက်၍ ကျောင်းသားများအကြားတွင် ချူးယွင်ဖန်းအကြောင်း ဆွေးနွေးမှုများပြင်းထန်လာခဲ့သည်။
တကယ်တမ်းတွင် သာမန်လူများရှေ့တွင် သူတို့၏ဂုဏ်ကိုပြသလျက်ရှိသော လက်ရွေးစင်များနှင့် ပါရမီရှင်များသည်လည်း ဆယ်ကျော်သက်အုပ်စုတစ်ခုမျှသာဖြစ်ကြသဖြင့် အခြားသူများ၏ အတင်းအဖျင်းပြောသည်ကို ကြိုက်ကြသည်။ အမျိုးမျိုးသော လှောင်ပြောင်မှုများနှင့် ကောလဟာလများသည် ဆက်လက်ပျံ့နှံ့လျက်ရှိသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ကို ဂရုစိုက်ခြင်းမရှိ ဆက်လက်လေ့ကျင့်လျက်ရှိသည်။
သို့သော် မတူညီသော အကြောင်းအရာများသည် အချိန်တိုင်းလျင်မြန်စွာပြောင်းလဲလျက်ရှိသည်။ ရက်အနည်းငယ်အတွင်းတွင် လူအုပ်၏ အာရုံသည် ချူးယွင်ဖန်းထံမှ တန်စီယုထံသို့ ကူးပြောင်းသွားကြသည်။ တည်ငြိမ်သမုဒ္ဒရာမြို့၏ လက်ရွေးစင်များကို ကျော်ဖြတ်ကာ အရှိန်အဟုန်အပြည့်ဖြင့် ခုန်တက်သွားသော မိန်းကလေးသည် သူမ၏ ပြောင်မြောက်သော အသွင်အပြင်ကြောင့် လူငယ်များစွာ၏ အာရုံစိုက်မှုအသစ်တစ်ခုဖြစ်လာခဲ့သည်။
သူမသည် နယ်မြေ(၂)သို့ဝင်ရောက်ပြီးသည့်နောက်တွင် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ မည်သည့် နေရာသို့ သွားသည်ဖြစ်စေ သူမသည် အာရုံစိုက်ခံရမှု၏ အဓိကဗဟိုချက်တစ်ခုဖြစ်လာခဲ့သည်။ တန်စီယုသည် နယ်မြေ(၂) သို့ဝင်ရောက်သည့်အချိန်တွင် ကျောင်းအသီးသီးမှ ကျွမ်းကျင်သူများ၏ စိန်ခေါ်မှုများစွာကို လက်ခံခဲ့ရာ အုတ်အော်သောင်းတင်းဖြစ်ခဲ့ကြသည်။
သူမထက် အနည်းဆုံး တစ်လခွဲခန့်စောကာ နယ်မြေ(၂)သို့ ဝင်ရောက်ခဲ့သူများကို စိန်ခေါ်ခဲ့သည်။ အထူးသဖြ်င့ နယ်မြေ(၂)ရှိ ကျင့်ကြံရေးအခြေအနေများသည် နယ်မြေ(၁)ထက် များစွာပိုကောင်းသဖြင့် ၎င်းတို့ကြားခြားချက်ကို ချဲ့ထွင်ရန် အချိန်လုံလောက်ပြီဖြစ်သည်။
ဤကိစ္စသည် ချူးယွင်ဖန်း နယ်မြေ(၂) သို့ မည်သည့်အချိန်ဝင်မည်နည်းဆိုသည့် ပြဿနာကို ချက်ချင်း အစားထိုးခဲ့သည်။ ၎င်းသည် လူတိုင်း၏ ညစာစားပြီးစကားဝိုင်းတိုင်းတွင် အဓိကအကြောင်းအရာဖြစ်လာခဲ့သည်။ အကြောင်းတိုက်ဆိုင်စွာပင် တန်စီယုစိန်ခေါ်ခဲ့သူများသည် ချူးယွင်ဖန်းအား ပြင်းပြင်းထန်ထန်ဆဲဆိုခဲ့ကြသူများဖြစ်ကာ သူတို့သည် ချူးယွင်ဖန်း နယ်မြေ(၂)သို့ဝင်ပါက စိန်ခေါ်မည်ဟု အဆက်မပြတ်ကြိမ်းဝါးခဲ့ကြသည်။
ချူးယွင်ဖန်းကို အကြောင်းမဲ့တိုက်ခိုက်သူများအား တန်စီယုအနိုင်ယူလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ ထိုမှစ၍ သူမ၏ ဂုဏ်သတင်း မြင့်တက်လာခဲ့ကာ ယခင်က ချူးယွင်ဖန်းနှင့် တိုက်ခိုက်မည်ဟု ကြိမ်းဝါးထားကြသောသူများည် သူမထံတွင်ရှုံးနိမ့်ပြီးနောက် မောက်မာစွာ မပြောဆိုဝံ့ကြတော့ပေ။
စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူအများအပြားကို အဆက်မပြတ်အနိုင်ယူပြီးနောက် တန်စီယုသည် ဘာသိဘာသာ ပြောခဲ့သည်။
“နင်တို့တွေ ငါ့ကို အရင်အနိုင်ယူနိုင်မှ ထပ်ပြီးအာချောင်ဖို့စဥ်းစားတာကောင်းလိမ့်မယ်”
ထို့နောက်တွင်မူ ချူးယွင်ဖန်းသည် စကားဝိုင်းအများစု၏ ဗဟိုအကြောင်းအရာဖြစ်လာခဲ့ပြန်သည်။ သို့သော် ယခုအချိန်တွင်မူ တန်စီယုသည် သူ၏သိက္ခာကို လက်ရွေးစင်များကြား၌မြှင့်တင်ပေးခြင်းကြောင့်ဖြစ်သည်။ အထိတ်ကမည်သူဖြစ်ခဲ့ကြောင်းကို မည်သူမျှ မသိကြတော့ပေ။
ချူးယွင်ဖန်းသည် ကွင်းပြင်တစ်လျှောက် ဆက်တိုက်လှည့်လည်နေခဲ့သည်။ သားရဲတစ်ကောင်တစ်လေမှ သူ့အနားသို့မကပ်နိုင်ပေ။ ထိုအချိန်တွင် ပြစ်ချက်ကင်းအဆင့် အထွတ်အထိပ်တွင်ရှိနေသော သူ၏ ကောင်းကင်မိမိုးကြိုး ဓားသိုင်းသည် စိတ်ကူး၍မရနိုင်လောက်သော စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ သားရဲများသည် သူ၏ဓားကို မခုခံနိုင်ကြတော့ဘဲ တစ်ကောင်ပြီးတစ်ကောင် သေဆုံးကုန်ကြသည်။
ချူးယွင်ဖန်း’ စွမ်းအားသည် အဆင့်တူကျောင်းသားများထက် အဆင့်မြင့်မားကာ စွမ်းအင်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။ လွန်ခဲ့သည့် လဝက်ခန့်ကနှင့် နှိုင်းယှက်ပါက သူသည် စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်သို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းသာလိုတော့၏။
အစပိုင်းတွင် လဝက်ခန့်လောက်အထိ သူ၏တိုးတက်မှုသည် မမြန်ဆန်ခဲ့ပေ။ ချီပြည့်ဝဆေးနှစ်လုံးကို သောက်သုံးပြီးနောက်တွင် သူ’ ကျင့်ကြံရေးအရှိန်သည် အဆများစွာတိုးလာ၏။ သူသည် ချီပြည့်ဝဆေး စုစုပေါင်းဆယ်လုံးကို ဖော်စပ်ခဲ့ရာ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့နှစ်ဦးအား သုံးလုံးစီပေးခဲ့၍ သူ့အတွက်မူ လေးလုံးကျန်သည်။ အမြောက်အများသောက်သုံးခဲ့သဖြင့် ၎င်းတို့၏ အာနိသင်သည် လွန်စွာအစွမ်းထက်သည်။ တန်စီယုသည် ချီပြည့်ဝဆေးနှစ်လုံးကို အသုံးပြု၍ နယ်မြေ(၂)သို့ဝင်ရောက်ခဲ့သော လက်ရွေးစင်ကျောင်းသားများကို အမှီလိုက်နိုင်ခဲ့သည်။
ချူးယွင်ဖန်းသည် နောက်ဆုံးသော သားရဲကို သူ၏ဓားဖြင့် ခုတ်လိုက်ပြီးနောက် သားရဲအစုအဝေးကို အဆုံးသတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ စွမ်းအင်ပြန်လည်ရရှိရန် စွမ်းအင်ဖြည့်ဆေးရည်တစ်ပုလင်းကို သောက်သုံးခဲ့သည်။ ဆေးဧကရာဇ်ကျင့်စဥ်၏ အကျိုးသက်ရောက်မှုအောက်တွင် သူ၏ချီစွမ်းအင်သည် ပြန်လည်ကောင်းမွန်လာသည်။
‘နှစ်ရက်လောက်ကြာရင် ငါ နောက်ထပ် ချီပြည့်ဝဆေးတစ်လုံးထပ်သောက်မယ်။ စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်ကို ချောချောမွေ့မွေ့ဖြတ်ကျော်မယ်”
သူ၏ ကျင့်ကြံရေးအရှိန်သည် လွန်ခဲ့သည့် လဝက်ခန့်ကထက် အလျင်အမြန်တိုးတက်လာခဲ့သည်။ သူသည် အဆင့်တစ်တွင်သာရှိသော်လည်း လက်ရှိတိုက်ခိုက်ရေးစွမ်းအားသည် စွမ်းအင်သန့်စင်ခြင်း တတိယအဆင့်နှင့် နှိုင်းယှဥ်၍ရသည်။ ပြည်ထောင်စုတက္ကသိုလ်သို့ဝင်ခွင့်ရနိုင်ချေ သိသိသာသာ မြင့်တက်လာခြင်းလည်းဖြစ်ပေသည်။
သို့သော် ဤအရာသည် သူ့အတွက် မလုံလောက်ပေ။ ယခုအခါ သူသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရရန် အနိမ့်ဆုံးလိုအပ်ချက်ကိုသာ ပြည့်မီလျက်ရှိကာ လူအများစုထက်သန်မာသောလည်း အခြားယှဥ်ပြိုင်သူအများအပြားလည်းရှိ၏။
ချူးယွင်ဖန်းသည် သူ၏ အချိန်အများစုကို လေ့ကျင့်ရေးတွင် မြှုပ်နှံထားသော်လည်း ပြင်ပကမ္ဘာတွင်ဖြစ်ပျက်နေသည့်အရာများကို အာရုံစိုက်သည်။ သူ့အကြောင်း ကောလဟာလများကြားရသည်မှာ စိတ်မသက်မသာဖြစ်ရသော်လည်း သူစစိတ်မဝင်စားပေ။ နယ်မြေ(၂)တွင် ကျင့်ကြံရသည်မှာ ပိုကောင်းသော်လည်း နယ်မြေ(၁)တွင် သူ့အား အနှောက်အယှက်ပေးမည့်သူမည်သူမျှမရှိပေ။
သူ့တွင် အလေးစီးဝတ်စုံပါရှိသောကြောင့် ဆွဲငင်အားအခန်းတွင် မရှိမဖြစ်လေ့ကျင့်စရာမလိုပေ။ အခြားသူများတွင်မရှိသော အရာများ သူ့တွင်ရှိ၏။ တန်စီယုသည် နယ်မြေ(၂)သို့ရောက်ရှိသည်နှင့် သူ့ကိုယ်စား စိန်ခေါ်မှုများကို လက်ခံခဲ့သည်။ ဤအကြောင်းကို သူမည်သို့ မသိနိုင်မည်နည်း။ တန်စီယုနှင့် ချူးယွင်ဖန်းတို့ကြားမှ ဆက်ဆံရေးအကြောင်းကို လူအများက ထင်ကြေးပေးလျက်ရှိသည်။
“မင်းတို့အားလုံးက ငါ့ကို စောင့်မျှော်နေကြတာကြောင့် ငါ နယ်မြေ(၂)ကို လာတော့မယ်” ချူးယွင်ဖန်းကလှောင်ရယ်လိုက်သည်။
သူ့ကို လှောင်ပြောင်ချင်သူအများအပြားကို သူသိသည်။ သူသည် မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားလိမ့်မည်ဟု သူတို့ထင်ကြေးပေးခဲ့ကြရာ ယွင်နင်ခရိုင်၏နံပါတ်တစ်ကျောင်းသား ဖြစ်ရန်မထိုက်တန်ဟု ထင်ခဲ့ကြသည်။ သူသည် ထိုကောလဟာလများကို ဂရုစိုက်ခြင်းမရှိပေ။ မဆုတ်မနစ်ကြိုးစားအားထုတ် လေ့ကျင့်ခဲ့ရာ၊ သူ့အတွက် တစ်ခုတည်းသော အရာမှာ စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်သို့ တက်လှမ်းရန်သာဖြစ်သည်။ ေ
ရုတ်တရက် အရပ်မြင့်မြင့်၊ ခပ်ဝဝလူတစ်ယောက်သည် အဝေးမှပြေးလာ၏။
“ယွင်ဖန်း မကောင်းတာတစ်ခုခုဖြစ်သွားတယ်”
ဤသည်မှာ ဂေါင်ဟုန်ချီသာမဟုတ်လျှင် မည်သူဖြစ်မည်နည်း။
“ဘာဖြစ်တာလဲ”
“စီယုကို တစ်ယောက်ယောက် ပြန်ပေးဆွဲသွားတယ်”
“ဘာ ပြန်ပေးဆွဲတယ်ဟုတ်လား။ စစ်တပ်က ဒီကိစ္စကို ဂရုမစိုက်ဘူးလား”
ချူးယွင်ဖန်းသည် မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းအကြောင်းတွေးမိကာ စိုးရိမ်တကြီးဖြစ်လာသည်။ သူတို့သာဆိုလျှင် ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ခုဖြစ်ပေလိမ့်မည်။ ထိုသို့သာဖြစ်ပါက ရွှယ်ပိုင်လုံကို ဆက်သွယ်ရန် နည်းလမ်းရှာဖွေရမည်ဖြစ်၏။
“အဲ့တာ တည်ငြိမ်သမုဒ္ဒရာမြို့ အမှတ်(၁)အထက်တန်းကျောင်းကကောင်တွေလို့ ငါကြားတယ်။ ဒီမနက်က တည်ငြိမ်သမုဒ္ဒရာမြို့ အမှတ်(၁) အထက်တန်းကျောင်းက ကျောင်းသားနှစ်ယောက်က တန်စီယုကို အတင်းအကြပ်ခေါ်သွားတယ်” ဂေါင်ဟုန်ချီက မောဟိုက်စွာပြောလိုက်သည်။
အခန်း(၂၃၃) ကျန်းဟုန်ကျဲ၏ ချက်ချင်း ရှုံးနိမ့်မှု
“အမှတ် (၁) အထက်တန်းကျောင်းသားတွေလား” ချူးယွင်ဖန်းက အံ့သြသွားသည်။ တန်စီယုနှင့် ထိုကျောင်းသားများ ပတ်သက်စရာမည်သည့်အကြောင်းအရင်းမျှမရှိပေ။
“ဟုတ်တယ်။ သူတို့ကြားမှာ ပြဿနာရှိနေတယ်လို့ကြားတယ်။ စီယုကို ဖမ်းသွားတဲ့သူက အမှတ်(၁)အထက်တန်းကျောင်းရဲ့ အဆင့်တစ်ကျောင်းသားဖြစ်တဲ့အပြင် တည်ငြိမ်သမုဒ္ဒရာမြို့တစ်ခုလုံးရဲ့ နံပါတ်တစ်ကျောင်းသား ကျန်းယုရှန်ပဲ”
“ကျန်းယုရှန်ဟုတ်လား။ ငါ ဒီနာမည်ကို သိတယ်” ချူးယွင်ဖန်းက ရုတ်တရက်ပြန်လည်စဥ်စားလိုက်မိသည်။ တည်ငြိမ်သမုဒ္ဒရာမြို့တွင် လူပေါင်းများစွာရှိသဖြင့် လူတိုင်းကို မှတ်မိရန်မလွယ်ကူသော်လည်း ထွန်းလင်းတောက်ပသော ဘွဲ့တံဆိပ်ရထားသည့် မြို့၏ အမှတ်(၁)ကျောင်းသားကိုမူ မမှတ်မိ၍မဖြစ်ချေ။
ဥပမာအားဖြင့် တုန်ဟွာမြို့၏ နံပါတ်တစ်ကျောင်းသား သုန်ဖန်းဟောက်သည် ပို၍ပင် ကျော်ကြား၏။
ကျန်းယုရှန်သည် သုန်ဖန်းဟောက်ကဲ့သို့ နာမည်မကြီးသော်လည်း ကျော်ကြားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
ချူးယွင်ဖန်းသည် ကျန်းယုရှန်နှင့် ပတ်သက်၍သူသိထားသည့် အချက်အလက်ကို ရုတ်တရက် သတိရသွားသည်။ သူသည် ကျန်းအဖွဲ့အစည်းမှ တိုက်ရိုက်ဆင်းသက်လာသူဖြစ်ကာ တည်ငြိမ်သမုဒ္ဒရာမြို့တွင် အလွန်ကျော်ကြားသည်။
တည်ငြိမ်သမုဒ္ဒရာမြို့တော်ရှိ ကျန်းယုရှန်၏ အဆင့်သည် အမှတ်(၁၃) အထက်တန်းကျောင်းမှ အို့ယန်၏ အဆင့်နှင့်တူညီသည်။ သူ့အား ပခုံးချင်းယှဥ်နိုင်သူမရှိသလောက်ပင် အလွန်လွှမ်းမိုးနိုင်စွမ်းရှိသည်။
လက်ရှိကိစ္စတွင် အမှတ်(၁) အထက်တန်းကျောင်း ပါဝင်နေခြင်းသည် အလွန်ဒုက္ခများ၏။ တည်ငြိမ်သမုဒ္ဒရာမြို့တွင် အမှတ်(၁) အထက်တန်းကျောင်းသည် အလွန်မြင့်မားကာ စွမ်းအားကြီးမားသည်။ နှစ်စဥ်နှစ်တိုင်းတွ်င ကျောင်းသားများစွာသည် ပြည်ထောင်စုတက္ကသိုလ်သို့ဝင်ရောက်နိုင်ကြကာ၊ ထိပ်တန်းကျောင်းဆယ်ကျောင်းကိုမူ ထမင်းစားရေသောက်ကဲ့သို့ လွယ်ကူစွာ ဝင်ရောက်နိုင်ကြ၏။ အညံ့ဆုံးကျောင်းသားများပင် အထူးတက္ကသိုလ်ကို တက်ရောက်နိုင်ကြသည်။
ကျန်းယုရှန်သည် တည်ငြိမ်သမုဒ္ဒရာမြို့တော်တွင် စွမ်းအားအကြီးဆုံးဖြစ်သည်။ အထက်တန်းကျောင်းသားတစ်ယောက်အနေဖြင့် သူ၏ခွန်အားသည် ယွင်နင်ခရိုင်ကဲ့သို့ ခရိုင်ကြီးတစ်ခုတွင်ရှိသော သိုင်းကျွမ်းကျင်များ၏ အဆင့်နှင့် ယှဥ်နိုင်သည်၊ သို့မဟုတ် ပို၍ပင် စွမ်းအားကြီးလောက်သည်။ တည်ငြိမ်သမုဒ္ဒရာမြို့တော်၏ အရင်းအမြစ်များအားလုံးစုစည်းထားသကဲ့သို့ စွမ်းအားကြီးတည်ရှိမှုမျိုးဖြစ်သည်။
ချူးယွင်ဖန်းသိရသလောက်၊ အမှတ်(၁) အထက်တန်းကျောင်းမှ ထိပ်တန်းအယောက်ဆယ်ယောက်သည် နယ်မြေ(၂)သို့ ဝင်ရောက်နှင့်ကြပြီးဖြစ်ရာ၊ ကျန်ဆယ်ယောက်သည်လည်း နယ်မြေ(၁)တွင် အလွန်စွမ်းအားကြီးသော ပုဂ္ဂိုလ်များဖြစ်ကြ၏။
“ဘာဖြစ်တာလဲမသိပေမယ့် အငြင်းအခုန်ရန်ဖြစ်နေကြတာလို့ကြားတယ်။ ငါက နယ်မြေ(၂)ကို ဝင်မရလို့ ဘာဖြစ်သွားမှန်းမသိဘူး။ စီယုပြန်မထွက်လာရသေးတာပဲ ငါသိတယ်။ မင်းက နယ်မြေ(၂)ကို ဝင်လို့ရတာမို့လို့ မြန်မြန်သွားကြည့်” ဂေါင်ဟုန်ချီက စိုးရိမ်တကြီးပြောလိုက်သည်။
“ငါချက်ချင်းသွားလိုက်မယ်”
“နေဦး၊ မင်း လေ့ကျင့်ရေးအခန်းက စစ်ဆေးမှုတွေကိုအောင်ဖို့လိုသေးတယ်။ အဆင့်ရှစ်ဆင့်အောင်မှ နယ်မြေ(၂)ကို မင်းဝင်နိုင်မှာ”
“ကောင်းပြီ၊ ငါအရင် စာမေးပွဲဖြေလိုက်မယ်” ချူးယွင်ဖန်းသည် ခြေလှမ်းကြီးများလှမ်းကာ လေ့ကျင့်ရေးအခန်းဆီသို့ အပြေးသွားလိုက်သည်။
သူသည် ကောင်းကင်နတ်ဘုရားအသွင်ပြောင်းခြင်းကို အသုံးပြု၍ အလွန်လျင်မြန်စွာပျံသန်းခဲ့သည်။ လမ်းမှကျောင်းသားအများစုသည် သူ့အား ထူးဆန်းစွာ ကြည့်နေကြသည်။ ချူးယွင်ဖန်းသည် နယ်မြေ(၁)တွင် ကျော်ကြားသူတစ်ဦးဖြစ်ရာ ဤမျှစိတ်လှုပ်ရှားနေသည်ကို မည်သူမျှမမြင်ကြဖူးပေ။ ထို့ကြောင့် အဘယ်ကြောင့် ဤမျှထိ စိတ်လောနေရသည်ကို အလွန်သိချင်နေကြ၏။
ချူးယွင်ဖန်းသည် လေ့ကျင့်ရေးခန်းတံခါးဆီသို့ ပြေးသွားကာ သူရောက်လာသည်နှင့်တစ်ပြိုင်နက် အကျွမ်းတစ်ဝင်ရှိသော လူတစ်ယောက်က သူ့လမ်းကို တားဆီးလိုက်သည်။
“ချူးယွင်ဖန်း”
၎င်းမှာ သူ့ထံတွင် အရှုံးပေးခဲ့ရသော ကျန်းဟုန်ကျဲမှလွဲ၍ အခြားသူမဟုတ်ပေ။ သူသည် အဠမအဆင့်ကို အောင်မြင်ကာ လေ့ကျင့်ရေးခန်းမှ ထွက်လာခဲ့ခြင်းဖြစ်၏။
“မင်းဘာလုပ်နေတာလဲ၊ ထွက်သွားစမ်းပါ ငါမင်းနဲ့ ကစားဖို့အချိန်မရှိဘူး” ချူးယွင်ဖန်းသည် ပြတ်သားစွာပြောလိုက်သည်။ တန်စီယုကို စိတ်ပူပန်နေသဖြင့် ကျန်းဟုန်ကျဲအားနှင့် အရေးမပါသောစကားများပြောရန် စိတ်မဝင်စားပေ။
“ချူးယွင်ဖန်း၊ မင်းဘာလို့ နယ်မြေ(၂)ကို မသွားတာလဲငါမသိပေမယ့် ငါကတော့ စွမ်းအင်သန့်စင်ခြင်းအဆင့်ကိုရောက်သွားပြီကွ။ တစ်ပွဲလောက်တိုက်ကြရအောင်။ အရင်တစ်ခေါက်က မင်းကြောင့်ရခဲ့တဲ့ အရှက်ကို အတိုးနဲ့ပြန်ဆပ်ချင်ယ်” ကျန်းဟုန်ကျဲသည် ချူးယွင်ဖန်းအား ဓားဖြင့် ချိန်ရွယ်ကာပြောလိုက်သည်။
ကျန်းဟုန်ကျဲသည် ချူးယွင်ဖန်း၏ လက်ထဲတွင်ရှုံးနိမ့်ခဲ့ရပြီးနောက် အထူးသဖြင့် ချူးယွင်ဖန်း နာမည်ကြီးလာခဲ့စဥ်တည်းက သူသည် လူများစွာ၏ လှောင်ပြောင်ခြင်းကို အချိန်အတော်ကြာခံခဲ့ရသည်။
ဤကိစ္စသည် ကျောင်းသားများစွာ၏ အာရုံကို ချက်ချင်းပင်ဆွဲဆောင်လိုက်၏၊
“အဲ့တာ ကျန်းဟုန်ကျဲနဲ့ ချူးယွင်ဖန်းပဲ”
“သူတို့နှစ်ယောက်ဆိုတာ သေချာသလောက်ပဲ။ ချူးယွင်ဖန်းက စွမ်းအင်သန့်စင်ခြင်းအဆင့်ကိုရောက်နေပြီ။ ကျန်းဟုန်ကျဲလည်း စမ်းသပ်ချက် အဠမအဆင့်ကို ကျော်ဖြတ်သွားတာငါမြင်လိုက်တယ်။ သူလည်း စွမ်းအင်သန့်စင်ခြင်းအဆင့်ကိုရောက်နေလောက်ပြီ။ ဒီပွဲက ကြည့်လို့တော့ ကောင်းတော့မှာပဲ။ စွမ်းအင်သန့်စင်ခြင်းအဆင့်က ကျွမ်းကျင်သူတွေကြားတိုက်ပွဲလေကွာ”
“ဒါက နယ်မြေ(၂)မှာ ဖြစ်ရမယ့် အဆင့်မြင့်တိုက်ပွဲတစ်ခုပဲကွ၊ နယ်မြေ(၁)မှာ ဒီလိုတိုက်ပွဲမျိုးတွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး”
ချူးယွင်ဖန်းသည် အေးစက်စွာပြောလိုက်သည်။
“နောင်ကျမှ ဆက်ပြောကြရအောင်။ ငါအခု မင်းကို ဘာမှမပြောချင်သေးဘူး ဘေးကိုဖယ်လိုက်” သူ၏ လေသံသည် ထိန်းချုပ်၍မရနိုင်သော ဒေါသများဖြင့်ပြည့်နှက်နေ၏။
ကျန်းဟုန်ကျဲသည် ချူးယွင်ဖန်း၏လမ်းအား ပို၍ပင် ပိတ်ထားလိုက်သည်။
“ဒီနေ့ မင်း ငါနဲ့တိုက်ရင်တိုက်၊ မတိုက်ရင် လူတိုင်းရှေ့မှာ အရှုံးကိုဝန်ခံလိုက်”
“ကျန်းဟုန်ကျဲ၊ ငါမင်းကု ထပ်ပြီးသတိပေးရအောင်မလုပ်နဲ့။ အရှက်လေးတော့ ရှိစမ်းပါ”
“တစ်ခုပဲရွေး” ကျန်းဟုန်ကျဲသည် ချူးယွင်ဖန်း၏ စကားကြောင့် အလွန်ဒေါသထွက်လျက်ရှိသည်။
“မင်းက ဒီလောက်တောင် အရှက်မရှိဘူးဆိုတော့ ငါ မယဥ်ကျေးလို့တော့ အပြစ်မပြောနဲ့နော်။ နေရာရွေးတာထက် မြေကြီးပေါ်မှာ တိုက်တာပဲပိုကောင်းပါတယ်။ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်။ ငါမင်းကို သုံးချက်အတွင်းအနိုင်မယူနိုင်ရင် ရှုံးတယ်လို့ဝန်ခံမယ်” ကျန်းဟုန်ကျဲအား အနားတွင် ထား၍မရနိုင်တော့ကြောင်း သဘောပေါက်ပြီးနောက် ချူးယွင်ဖန်းက ပြောလိုက်သည်။
“ကောင်းတယ် ကောင်းတယ်၊ ကောင်းတယ်။ မင်းက အရင်ကလို မာနကြီးနေတုန်းပဲ” ကျန်းဟုန်ကျဲက ဒေါသတကြီးပြောလိုက်သည်။
“အားလုံး ဘေးဖယ်ကြစမ်း၊ မင်းတို့ကို ဒဏ်ရာမရစေချင်ဘူး”
အနီးဝန်းကျင်ရှိ ကျောင်းသားများသည် သူတို့ တိုက်ခိုက်ရန် နေရာအတွက် ဘေးသို့ဖယ်လိုက်ကြသည်။
“ငါ့ဓားကို မြည်းစမ်း”
ကျန်းဟုန်ကျဲက အော်ဟစ်ကာ ချူးယွင်ဖန်းထံသို့ ချက်ချင်းပြေးဝင်သွားသည်။
လွန်ခဲ့သည့်လတွင် သူသည် ပိုမိုအားကောင်းလာခဲ့၍ စွမ်းအင်သန့်စင်ခြင်းအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ ယခင်ကထက် နှစ်ဆပို၍သန်မာလာရာ၊ ချီပင်လယ်အဆင့်နှင့် စွမ်းအင်သန့်စင်ခြင်းအဆင့င်ကြား ကွာခြားချက်သည် မသေးငယ်ပေ။
ကျန်းဟုန်ကျဲ၏ ဓားသွားထိပ်မှတစ်ဆင့် ချီစွမ်းအင်များ စီးဆင်းလာရာ မျက်စိတစ်မှိတ်အတွင်းတွင် ချူးယွင်ဖန်းထံသို့ရောက်လာ၏။ ဓား၏ရောင်ခြည်သည် လေထဲတွင်ဖြတ်ပြေးကာ စွမ်းအားပြင်းသော ပုံရိပ်ယောင်များစွာဖြစ်ပေါ်လာပြီးနောက် ချူးယွင်ဖန်း၏ မျက်နှာတည့်တည့်သို့ ဦးတည်သွားသည်။
ချလန်
ချုးယွင်ဖန်းက ရုတ်တရက်ပြန်လည်တိုက်ခိုက်လိုက်သောအခါတွင် ဓားနှစ်စင်း၏ ရောင်ခြည်များ တစ်ခုနှင့်တစ်ခု ထိတိုက်မိသွားကြသည်။
ချလန်
ကျယ်လောင်သော ဓားတိုက်သံတစ်ခု ပေါ်ထွက်လာကာ ကျန်းဟုန်ကျဲထုတ်လွှတ်လိုက်သော ဓားရောင်ခြည်သည် ချူးယွင်ဖန်း၏ လက်ထဲတွင် ချက်ချင်းပြတ်တောက်သွားရသည်။ အရိပ်မဲ့ဓားသည် ပြိုင်ဘက်၏ဓားကို အပြင်းအထန်ရိုက်ခတ်သွား၏။ ကျန်းဟုန်ကျဲသည် သူ၏ဓားမှတစ်ဆင့် ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်ရိုက်ခတ်မှုတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ ဤသည်မှာ တစ်ချက်တည်းသာဖြစ်သော်လည်း သူ့လက်ကို ထိန်းမနိုင်လုနီးပါးပင်ဖြစ်သွားရကာ၊ နောက်ဆုံးအကြိမ်တိုက်ခိုက်စဥ်ကထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်း၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါက အရင်တစ်ခေါက်ကထက် နှစ်ဆပိုအားကောင်းလာပါတယ်” ကျန်းဟုန်ကျဲက အော်ဟစ်လိုက်သည်။ ထိုစဥ်တွင် ပို၍ပြင်းထန်သော သိုင်းကွက်တစ်ခု ထပ်မံပေါ်ထွက်လာ၏။
“ကောင်းကင်မိုးကြိုး”
ချူးယွင်ဖန်းသည် အေးစက်သောအမူအယာဖြင့် ပြောလိုက်သည်။ အနက်ရောင်ဓားအလင်းသည် ကျန်းဟုန်ကျီထံသို့ သက်ဆင်းလာရာ ချူးယွင်ဖန်း၏ ဓားချက်ကို သူမတားဆီးနိုင်တော့ပေ။ ပြင်းထန်သောစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ကျန်းဟုန်ကျဲ၏ ခန္ဓာကိုယ်သို့ ကျရောက်သွားသည်။
ဘမ်း
ကျန်းဟုန်ကျဲသည် ညည်းတွားကာ နောက်သို့ လွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ပြဲသွားသကဲ့သို့ ခံစားလိုက်နေရကာ မတ်တပ်ပင် မရပ်နိုင်တော့ပေ။
“တစ်ဆိတ်လောက်၊ ငါအမြန်လိုလို့”
ချူးယွင်ဖန်းသည် ဤသို့ပြောပြီးသည်နှင့် လေ့ကျင့်ရေးခန်းသို့ အမြန်ပြေးသွားသည်။
အနီးအနားရှိလူများအားလုံး ကြက်သေသေကုန်ကြ၏။
အခန်း(၂၃၄) လူအုပ်၏ခံစားချက်များ ပေါက်ထွက်လာခြင်း
ထိုကဲ့သို့ပင် လူအုပ်ကြီး အုတ်အော်သောင်းတင်းဖြစ်နေချိန်၌ ချူးယွင်ဖန်းသည် လေ့ကျင့်ရေးအခန်းထဲသို့ ဝင်သွား၏။ လူအုပ်သည် ချူးယွင်ဖန်းကြောင့် လွင့်ထွက်သွားခဲ့ရသော ကျန်းဟုန်ကျဲကို စိုက်ကြည့်လျက်ရှိကြသည်။
သူတို့အားလုံးသည် သရဲတစ္စေမြင်လိုက်ကြရသကဲ့သို့ပင် ခံစားလိုက်ရ၏။
ကျန်းဟုန်ကျဲသည် သာမန်လူမဟုတ်ပေ။ သူသည် အန်ယန်ခရိုင်ရှိ ထိပ်တန်းသုံးယောက်စာရင်းတွင် ပါဝင်သူဖြစ်ရာ ထောင်ပေါင်းများစွာသော ကျောင်းသားများအကြားတွင် ထိပ်တန်းလူနည်းစုထဲတွင် ပါဝင်သူဖြစ်သည်။ နံပါတ်တစ်မဟုတ်သော်လည်း ဤသို့သော သူကို မည်သူကမျှ မထီမဲ့မြင်မပြုရဲကြပေ။ သူ့ဆီမှ စိန်ခေါ်ခံရခြင်းသည် နယ်မြေ(၂)မှ နာမည်ကြီးကျွမ်းကျင်သူများပင် အလေးအနက်ထားစဥ်းစားကြရမည်ဖြစ်ကာ ရှောင်လွဲ၍ရနိုင်မည့်အရာမျိုးမဟုတ်ပေ။ မဟုတ်ပါက ထိုသူတို့အတွက် အမှန်တကယ်ပင် ခက်ခဲပေလိမ့်မည်။
သို့သော် ယခုအခါတွင် လူတိုင်းအလေးအနက်ထားခဲ့သော ကျန်းဟုန်ကျဲသည် သူတို့၏ မျက်စိရှေ့မှောက်တွင် နှစ်ကြိမ်တိုင်တိုင်ရှုံးနိမ့်သွားခဲ့သည်။ အတိအကျပြောရလျှင် ပထမဓားချက်သည် သူ့အား အားလျော့စေခဲ့ရာ ဒုတိယဓားချက်သည်မူ သူ့အား လွင့်ထွက်သွားစေနိုင်ခဲ့သည်။ သိုင်းကွက်နှစ်ခုအကြောင်း သူတို့တွေးလေလေ၊ သူတို့၏ခန္ဓာကိုယ်များ တုန်ယင်လာလေလေဖြစ်နေကြသည်။
ချူးယွင်ဖန်းနှင့် ပတ်သက်၍ ကောလဟာလများစွာရှိခဲ့သည်။ သူသည် အားနည်းသောကြောင့် နယ်မြေ(၂)သို့ ဝင်ရန် သတ္တိမရှိကြောင်း ပြောကြသည်။ စိန်ခေါ်မှုများကို ကြောက်ရွံ့သည်ဟု ပြောကြသည်။ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ မရောက်ရှိသေးကြောင်းနှင့် နားလည်မှုလွဲခြင်းမျှသာဖြစ်ကြောင်း ကောလဟာလများပင်ရှိခဲ့သည်။ ကောလဟာလမျိူးစုံသည် နေရာတိုင်းကို ပျံ့နှံ့လျက်ရှိရာ၊ ချူးယွင်ဖန်းကို အထင်သေးခဲ့ကြသည်။
ချူးယွင်ဖန်းသည် ဤကဲ့သို့ ဒေါသတကြီး ပေါက်ကွဲကာ သူ၏သိုင်းကွက်များသည် လူတိုင်းကို ထိတ်လန့်စေလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။ သူသည် ချက်ချင်းပင် ကျန်းဟုန်ကျဲအား အနိုင်ယူနိုင်ခဲ့သည်။
“ဒါ … ငါ့မျက်လုံးတွေကောင်းကောင်းအလုပ်မလုပ်တော့ဘူးထင်တယ်။ ကျန်းဟုန်ကျဲ ဒီအတိုင်းရှုံးသွားတာလား”
“ဘုရားရေ၊ လူတိုင်းက ချူးယွင်ဖန်း ဒီလောက်ကြီးမဟုတ်ဘူးလို့ပြောနေကြတာ။ အခုဖြစ်သွားတာကိုသာမြင်ရင် အဲ့လူတွေ အကုန်ကန်းကုန်တော့မှာပဲ။ ချူးယွင်ဖန်းရဲ့ အစွမ်းက သာမန်ပဲတဲ့ ဟုတ်လား။ သူတို့စောက်လုံးတွေကို သေချာဆေးကြောဖို့လိုနေပြီ”
“သူလေ့ကျင့်ရေးခန်းကို ဝင်ပြီမဟုတ်လား။ နောက်ဆုံးတော့ နယ်မြေ(၂)ကိုသွားတော့မယ်ပေါ့”
လူအမြောက်အများသည် ချူးယွင်ဖန်း၏လုပ်ရပ်များမှ သဲလွန်စများကို ကောက်ယူကာ သူ၏ရည်ရွယ်ချက်ကို ခန့်မှန်းကြသည်။ သို့သော် ရုတ်တရက် စိတ်ပြောင်းကာ နယ်မြေ(၂)သို့ သွားလိုသော အကြောင်းအရင်းကို သူတို့မသိခဲ့ကြပေ။
နယ်မြေ(၂)၏လေထုသည် ဆက်လက်၍ ငြိမ်းချမ်းတော့မည်မဟုတ်ကြောင်း လူတိုင်းခံစားမိကြသည်။
ချူးယွင်ဖန်းအား သင်ခန်းစာပေးချင်သည့်သူများသည် နယ်မြေ(၂)မှဖြစ်ကြသည်။ တန်စီယု နယ်မြေ(၂)သို့ ဝင်ရောက်ခဲ့စဥ်က ချူးယွင်ဖန်းအကြောင်း အများဆုံးဆန့်ကျင်ပြောဆိုသူများကို ရွေးချယ်ခဲ့သည်။ ယခုမူ ချူးယွင်ဖန်းသည် နယ်မြေ(၂)သို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လာပြီဖြစ်သဖြင့် ၎င်းတို့သည် ဤအခွင့်အရေးကို မည်သို့ စွန့်လွှတ်ကြလိမ့်မည်နည်း။
“ချူးယွင်ဖန်းရဲ့ခွန်အားက စံချိန်မမီဘူး။ သူက ရှက်တတ်ပြီး ကြောက်ရွံ့နေတဲ့ ကြွက်ကလေးပဲ”
ယခုမူ လူအုပ်ကြီးသည် ထိုစကားများ၏ အဓိပ္ပါယ်မဲ့မှုကို လာကြပြီဖြစ်သည်။
“နယ်မြေ(၂)မှာ မုန်တိုင်းတိုက်ဝင်တော့မယ်”
လူတိုင်းသည် ဤအကြောင်းကို စိတ်လှုပ်ရှားစွာဆွေးနွေးနေကြသည်။ ချူးယွင်ဖန်းကြောင့် လွင့်ထွက်သွားသော ကျန်းဟုန်ကျဲကို မည်သူမျှ ဂရုမစိုက်ကြပေ။
ကျန်းဟုန်ကျဲသည် သူ့အရိုးများကျိုးကြေလုမတတ်ဖြစ်ကာ သူ့ခန္ဓာကိုယ်အတွင်းရှိ မည်ည့်စွမ်းအင်ကိုမျှမစုစည်းနိုင်တော့သည်ကို ခံစားမိသည်။ လူတိုင်း၏ရှေ့တွင် သူသည် ချူးယွင်ဖန်းအား သင်ခန်းစာကောင်းတစ်ခုပေးကာ ပျောက်ဆုံးသွားသောဂုဏ်ကို ပြန်လည်ရယူလိုခဲ့သည်။ ချူးယွင်ဖန်းထံတွင် ထပ်မံအရှုံးပေးရလိမ့်မည်ဟု မည်သူကထင်လိမ့်မည်နည်း။
‘ဓာချက်နှစ်ခု’
‘ဓားချက်နှစ်ချက်တည်းနဲ့ သူရှုံးသွားတယ်”
တစ်လအကြာတွင် နှစ်ဖက်လုံး၏ အင်အားသည်လျော့နည်းသွားခြင်းမရှိဘဲ ပိုဿအားကောင်းလာခဲ့သည်။ လွန်ခဲ့သောနှစ်လခန့်မှချူးယွင်ဖန်းသည် သူ့အား ဓားချက်နှစ်ချက်တည်းဖြင့် အနိုင်ယူနိုင်မည်မဟုတ်ကြောင်း သေချာသော်လည်း ယခုတွင်မူ အနိုင်ယူနိုင်ခဲ့ပြီဖြစ်သည်။
ဤအတွေးကြောင့် ကျန်းဟုန်ကျဲ စိတ်ဓာတ်ကျသွားသည်။ ချူးယွင်ဖန်းလက်ထဲတွင်ရှုံးနိမ့်သည်ထက် ဤသည်က ပို၍ပင် စိတ်ပျက်ဖွယ်ကောင်းသည်။ ချူးယွင်ဖန်းထံတွင် ရှုံးနိမ့်ခဲ့ရသည့်အတွက် သူ၏စွမ်းအင်ကို တိုးတက်စေရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း သူတိုးတက်လာသည့်အခါတွင်မူ ချူးယွင်ဖန်း၏ တိုးတက်မှုနှုန်းမှာ ပို၍မြန်သည်ကို တွေ့လိုက်ရသည်။
သူ့ထက် ပို၍မြန်မြန်တိုးတက်နေသော ရန်သူလက်ထဲတွင်ရှုံးနိမ့်ရသည်ထက် ပို၍ စိတ်ပျက်ဖွယ်ကောင်းသောအရာမရှိတော့ချေ။
လူတိုင်းသည် လေ့ကျင့်ရေးခန်းဘက်ကို လှည့်ကြည့်လိုက်ကြသည်။
ပထမအဆင့်၊
ဒုတိယအဆင့်
တတိယအဆင့်။
…
ချူးယွင်ဖန်းသည် အဆင့်ခုနှစ်ဆင့်ကို အားစိုက်ထုတ်ခြင်းမလိုဘဲ လျပ်စီးကဲ့သို့ ကျော်ဖြတ်ခဲ့သည်။
အဠမအဆင့်တွင် မည်သို့ဖြစ်လိမ့်မည်ကို ခန့်မှန်းစရာပင်မလိုအပ်ပေ။ ချူးယွင်ဖန်းသည် ကျန်းဟုန်ကျဲအားနှစ်ကြိမ်တိုင်တိုင်အနိုင်ယူနိုင်စွမ်းရှိသဖြင့် ရလဒ်သည် အံ့သြစရာဖြစ်လိမ့်မည်မဟုတ်ပေ။
“ထင်ထားတဲ့အတိုင်း သူ့အတွက်မခက်ပါဘူး။ သူက နယ်မြေ(၂)ကို မဝင်ချင်လို့ကိုမဝင်တာပဲ။ အခုဝင်တော့မယ်ဆိုတော့ နယ်မြေ(၂)ကတော့ ဆက်ပြီးငြိမ်းချမ်းနေတော့မှာမဟုတ်ဘူး”
သိပ်မကြာခင်တွင် ချူးယွင်ဖန်းသည် အဠမအဆင့်ကိုအောင်မြင်ကာ လေ့ကျင့်ရေးအခန်းထဲမှ အမြန်ထွက်ခွာသွားသည်။ အချက်အလက်များသည် သူ၏ကိုယ်ပိုင်ဒေတာထဲသို့ဝင်သွားကာ၊ အလိုအလျောက်ပင် နယ်မြေ(၂)သို့ဝင်ရောက်နိုင်မည်ဖြစ်သည်။ လူအုပ်သည် ချူးယွင်ဖန်း ဒေါသဖြစ်စွာ ချီတက်သွားသည်ကို ငေးကြည့်နေကြသည်။
ကျောင်းသားများသည် ဖုန်းများ စတင်ခေါ်ဆိုလာကြသည်။ သူတို့သည် နယ်မြေ(၂)သို့ မဝင်ရောက်နိုင်ကြသော်လည်း ဖုန်းခေါ်ဆို၍တော့ရသည်။ သတင်းသည် တောမီးကဲ့သို့ပျံ့နှံ့ကာ ကျောင်းသားများစွာ၏အကြားတွင် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြ၏။ ယခင်က မည်သူများမည်သို့ပင်ပြောနေကြပါစေ၊ ချူးယွင်ဖန်းသည် စိတ်မဝင်စားခဲ့ပေ။ သူနယ်မြေ(၂)သို့ မဝင်ချင်ခဲ့သော်လည်း ယခု၊ နောက်ဆုံးတွင်မူ ဝင်ရောက်ရတော့မည်ဖြစ်သည်။
လူတိုင်းသည် ဤကိစ္စမည်သို့ဖြစ်လာမည်ကို စောင့်မျှော်လျက်ရှိကြသည်။ ချူးယွင်ဖန်း နယ်မြေ(၂)သို့ဝင်ရောက်မည်ဆိုပါက လူများစွာသည် သူနှင့်တိုက်ခိုက်ရန် သေချာပေါက် ကြိုးစားကြမည်ဖြစ်ကာ ဤသည်မှာ အမှန်တကယ်ပင် မုန်တိုင်းမျက်စိဖြစ်သည်။
အချက်အလက်များ ကျယ်ပြန့်လာသည်နှင့်အမျှ မျက်စိကျစရာသတင်းတစ်ပုဒ်ပျံ့နှံ့လာသည်။ တန်စီယုသည် အမှတ်(၁) အထက်တန်းကျောင်းမှလူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ဤသတ်ငးသည် ချက်ချင်းပင် လူအုပ်၏ခံစားချက်ကို မြင့်တက်စေခဲ့သည်။ တန်စီယုသည် မကြာသေးမီမှစ၍ ကျောင်းသားများစွာ၏ နှလုံးသားထဲတွင် နတ်ဘုရားမတစ်ဆူဖြစ်လာခဲ့သည်။ အမှတ်(၁)အထက်တန်းကျောင်းမှ သူမအား ဖမ်းဆီးထားသည်မှာ ရိုးရှင်းသွာပင် ဥပဒေမဲ့သော ဖြစ်ရပ်တစ်ခုဖြစ်သည်။
အဓိကမြို့ကြီးများမှဖြစ်လျှင်ပင် သာမန်ကျောင်းတစ်ကျောင်းဖြစ်ပါကကျောင်းသားများစွာ၏ ဒေါသကို ခံနိုင်ကြလိမ့်မည်မဟုတ်ပေ။ ထို့အပြင် တစ်စုံတစ်ဦးကို ဖမ်းဆီးခြင်းသည ်တရားမဝင်ပေ။ ယခုပြည်ထောင်စုအစိုးရသည် အလွန်အာဏာကြီးသောကြောင့်သာ မည်သူမျှ ပြောင်ပြောင်တင်းတင်းမချိုးဖောက်ရဲကြတော့ပေ။
သို့သော် အမှတ်(၁) အထက်တန်းကျောင်းသည် အထူးသဖြင့် တည်ငြိမ်သမုဒ္ဒရာမြို့တော်အတွင်းတွင် ထူးခြားသည်။ ထို့အတူ တန်စီယုအား ဖမ်းဆီးသွားသူမှာ ကျန်းအဖွဲ့အစည်း၏ တိုက်ရိုက်ဆက်ခံသူ ကျန်းယုရှန်ဖြစ်သည်။ တည်ငြိမ်သမုဒ္ဒရာမြို့အတွင်းတွင် သူ၏အဆင့်ကို လူတိုင်းသိကြသည်။ သုန်ဖန်းဟောက်သည် တုန်ဟွာမြို့၌ကျော်ကြားသည်နှင့် ဆင်တူ၏။
ကျန်းယုရှန်သည် နှစ်အတော်ကြာအောင် သူတို့၏ နံပါတ်တစ်ကျောင်းသားဖြစ်ခဲ့ရာ၊ ဤအဆင့်ကို နှစ်ပေါင်းများစွာ ထိန်းထားနိုင်ခြင်းသည် ကျန်းယုရှန်မည်မျှအစွမ်းထက်ကြောင်း ပြနေခြင်းဖြစ်၏။ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရလျှင်ပင် အံ့သြစရာတစ်ခုမဟုတ်ပေ။
လူအများသည် အမှတ်(၁)အထက်တန်းကျောင်းကို ပြဿနာရှာမည့်စိတ်ကူးကို ချက်ချင်း လက်လွှတ်လိုက်ကြသည်။ တန်စီယုအား ချစ်မြတ်နိုးကြသော်လည်း သူမကြောင့်ဖြင့် တည်ငြိမ်သမုဒ္ဒရာမြို့၏ အမှတ်(၁)အထက်တန်းကျောင်းကို ဆန့်ကျင်လိုစိတ်မရှိကြပေ။
ချူးယွင်ဖန်းသည် ၎င်း၏ ယခင်သဘောထားကို ပြောင်းလဲကာ နယ်မြေ(၂)သို့ ဝင်ရောက်လိုသည့်အကြောင်းအရင်းကို အချို့သူများကနားလည်လာခဲ့ကြသည်။
တန်စီယုသည် ချူးယွင်ဖန်းကိုယ်စား ကျော်ကြားသော ကျွမ်းကျင်သူများစွာကို စိန်ခေါ်ကာ စာများစွာထုတ်ခဲ့သည်။ ယခု သူမအဖမ်းခံရသည့်အခါတွင် ချူးယွင်ဖန်းသည် ဤကိစ္စကို မည်သို့ လွှတ်ပေးလိမ့်မည်နည်း။
လူအားလုံးသည် ဤအကြောင်းကို စိတ်ဝင်စားလျက်ရှိကြရာ သတင်းများစွာ ပျံ့နှံ့နေသည်။ ချူးယွင်ဖန်းသည် နယ်မြေ(၂)သို့ ချက်ချင်းမသွားသေးဘဲ၊ နယ်မြေ(၁)တွင်ကျန်ရှိနေသော အမှတ်(၁)အထက်တန်းကျောင်းသားဆယ်ယောက်ကို သွားရောက်ရှာဖွေလျက်ရှိသည်။