← Chapters

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း(၂၄၁) အမှတ်(၁)အထက်တန်းကျောင်းသားများကို အနိုင်ယူခြင်း

ချူးယွင်ဖန်းသည် ခရိုင်အသီးသီးမှ ထိပ်တန်းကျောင်းသားများကို အနိုင်ယူခဲ့ရာ၊ အမှတ်(၁)အထက်တန်းကျောင်းသားများသာ ကျန်တော့သည်။

ချူးယွင်ဖန်းသည် အမှတ်(၁) အထက်တန်းကျောင်းသားများတည်ရှိရာ‌နေရာသို့ အမြန်ဦးတည်လိုက်သည်။ သူထွက်သွားပြီး သိပ်မကြာခင်တွင် ရန်ကျွင်းနှင့် အခြားနှစ်ယောက်ရောက်လာ၏။ မြေပြင်ပေါ်တွင် လဲလျောင်အော်ဟစ်နေကြသော ကျောင်းသား သုံးဆယ်ကို ကြည့်ကာ သုံးဦးသားသည် အနည်းငယ်တုန်လှုပ်သွားရ၏။ ၎င်းတို့အားလုံးသည် ခရိုင်အတွင်းရှိ ကျောင်းပေါင်းစုံမှ ထိပ်တန်းကျောင်းသားများဖြစ်ကြသည်။ တစ်ယောက်တည်း၏ခွန်အားဖြင့် အယောက်သုံးဆယ်ကို အနိုင်ယူရန်မဆိုနှင့် တစ်ယောက်ချင်းတိုက်ခိုက်ရလျှင်ပင် ထိုသူများကို အနိုင်ယူနိုင်လိမ့်မည်ဟုမပြောနိုင်ပေ။

၎င်းသည် အံ့ဖွယ်တစ်ခုကဲ့သို့ပင်ဖြစ်ရာ၊ လန်ဟွာယုထံသို့ရောက်ရှိသွားကြသောအခါတွင် ပို၍ပင်မယုံနိုင်စရာကောင်းလျက်ရှိသည်။ သူတို့သုံးဦးသည် အခြားသူများကို အနိုင်ယူနိုင်သည်ဟု မပြောနိုင်လျှင်ပင် အနည်းဆုံးတော့ ရှုံးနိမ့်ကျလိမ့်မည်မဟုတ်ပေ။ လန်ဟွမ်ယုသည် သူတို့ထက် စွမ်းအားကြီးသည်မှာ သေချာ၏။ ဤသည်မှာ မိမိကိုယ်ကိုယ်နိမ့်ချခြင်းမဟုတ်၊ အမှန်တရားသာဖြစ်သည်။ လန်ဟွမ်ယုသည် စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်တွင်ရှိသော်လည်း သူတို့သည်မူ ပထမအဆင့်တွင်သာရှိနေကြသေးသည်။

အမှတ်(၁)အထက်တန်းကျောင်းတွင်ပင် လန်ဟွမ်ယုသည် အသန်မာဆုံး၊ စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ဦးဖြစ်သည်။

“ချူးယွင်ဖန်းရဲ့ စွမ်းအားက ငါတို့ထင်ထားတာထက် ပိုကြောက်ဖို့ကောင်းတယ်” ရန်ကျွင်းသည် လေးနက်သော အမူအယာဖြင့် ပြောလိုက်သည်။

“သူ ကျန်းယုရှန်ကို အနိုင်ယူဖို့အခွင့်အရေးရှိတယ်လို့ ငါထင်တယ်။ အခု သူ့စွမ်းအားက ခန့်မှန်းလို့မရဘူး” ယုရှင်းယွမ်က ပြောလိုက်သည်။

သူတို့သုံးဦးသည် ယခင်က ချူးယွင်ဖန်းကို တိုက်ခိုက်ခဲ့ဖူးသဖြင့် ဤအံ့ဖွယ်ကျင့်ကြံနှုန်းကြောင့် အလွန်အမင်းအံ့သြတုန်လှုပ်လျက်ရှိသည်။

“သူ့နောက် အမြန်လိုက်ကြရအောင် ငါတို့အချိန်မီလောက်သေးတယ်”

ဤအချိန်တွင် ချူးယွင်ဖန်းသည် အမှတ်(၁)အထက်တန်းကျောင်းသားများရှိရာနေရာသို့ ရောက်ရှိနေပြီဖြစ်သည်။

အမှတ်(၁)အထက်တန်းကျောင်းသားများသည် သတင်းရရှိပြီးဖြစ်သဖြင့် အခန်းအပြင်ဘက်သို့ထွက်စောင့်နေကြသည်။ ကြောက်မက်ဖွယ်ကိုယ်ရောင်ကိုယ်ဝါများဖြင့် တောက်ပလျက်ရှိသော ထိုလူကိုးယောက်တွင် အဆင့်အနိမ့်ဆုံးမှာ စွမ်းအင်သန့်စင်ခြင်းအထွတ်အထိပ်အဆင့်ရှိ၏။ ၎င်းတို့သည် ချူးယွင်ဖန်းအနိုင်ယူခဲ့သော ကျောင်းသားများထက် အဆပေါင်းများစွာ ပိုမိုသန်မာသည်။ စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်သို့ပင်ရောက်နေသော ကျောင်းသားသုံးယောက်ခန့်ရှိကာ၊ ၎င်းတို့ထဲမှ မည်သူသည်မျှ ချူးယွင်ဖန်းသိရှိခဲ့ရသော ကျန်းယုရှန်အကြောင်း ဖော်ပြချက်များနှင့် ကိုက်ညီမှုမရှိပေ။

“မင်း ငါတို့ရှေ့ကို ပေါ်လာရဲတယ်ပေါ့” ကျောင်းသားတစ်ယောက်က ချူးယွင်ဖန်းကိုပြောလိုက်သည်။

“ဘာလို့ မလာရဲရမှာလဲ။ ဒါက စစ်တပ်ရဲ့ ကန့်သတ်နယ်မြေမို့လို့လား။ ကျန်းယုရှန် ဘယ်မှာလဲ။ သူဘာလို့ထွက်မလာတာလဲ”

“မင်းလို ယုတ်ညံ့တဲ့ကောင်ကို ရင်ဆိုင်ဖို့လား”

ကျောင်းသားသည် ရှေ့သို့တိုးကာ မထီမဲ့မြင်ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အနက်ရောင်အရိပ်တစ်ခုသည် သူ့ရှေ့၌ပေါ်လာသည်။ ထို့နောက် မျက်နှာတည့်တည့်သို့ လက်သီးဖြင့်ထိုးခံလိုက်ရ၏။

ဘမ်း

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ကျောင်းသားသည် ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်သဖြင့် ကြမ်းပြင်သည် အစိတ်စိတ်ကွဲသွား၏။ ချူးယွင်ဖန်းသည် ဤမျှ ကြောက်မက်ဖွယ်တိုက်ခိုက်မှုမျိုး လုပ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ သို့မဟုတ်၊ ဤသည်မှာ ပထမဆုံးအကြိမ် ဤကဲ့သို့တိုက်ခိုက်ဖူးခြင်းလည်းဖြစ်နိုင်၏။

အရိုက်ခံလိုက်ရသော ကျောင်းသားသည် ခေါင်းတစ်ခုလုံး ယိမ်းထိုးနေသကဲ့သို့ခံစားနေရကာ ပြန်ထမည်အပြုတွင် ချူးယွင်ဖန်းသည်သူ့မျက်နှာပေါ်သို့ တက်နင်းထား၏။

“မင်းဘာလုပ်တာလဲ” ကျန်ကျောင်းသားရှစ်ဦးသည် ချူးယွင်ဖန်း၏ လွန်ကဲသော အပြုအမူကြောင့် အလွန်ဒေါသထွက်လျက်ရှိသည်။

“ဘာလဲ။ ကျန်းယုရှန်ရဲ့ လက်ပါးစေလုပ်ရတာ ကောင်းလို့လား။ မင်းတို့ ဒီလိုလုပ်တဲ့အတွက် တန်ရာတန်ကြေးပေးရမယ်ကွ” ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။

ယခုခေတ်တွင် လက်ထဲ၌ငွေရှိနေပါက လက်လှမ်းမမီသော အရဟူ၍မရှိပေ။ လူအတော်များများသည် သူ့အားမက်ဆေ့များပေးပို့ခဲ့ကြရာ၊ တန်စီယုအား ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင် ကျန်းယုရှန်၌ ကြံရာပါနှစ်ဦးရှိသည်ကို သူသိသည်။ တစ်ယောက်သည် ဤကျောင်းသားပင်ဖြစ်၏။

မြေပြင်ပေါ်ရှိကျောင်းသားသည် ခေါင်းတစ်ခုလုံးကွဲထွက်သွားသကဲ့သို့ ခံစားနေရသည်။ ချူးယွင်ဖန်းသည် အလွန်ရက်စက်ကြောင်း သတင်းရရှိထားသော်လည်း ဤမျှထိရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

အခြားရှစ်ယောက်သည် ချူးယွင်ဖန်း အဘယ်ကြောင့် ဤသို့ပြုမူလျက်ရှိသည်ကို ချက်ချင်းပင် သဘောပေါက်နားလည်သွားကြသည်။ ဤကျောင်းသားများအကြားတွင် အထူးသဖြင့် စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်ရှိသူများသည် ကျန်းယုရှန်နှင့် လားလားမျှမပတ်သက်ပေ။

တန်စီယုအား ဖမ်းဆီးရာတွင် ပါဝင်ပက်သက်ခဲ့သည့်အခြားကျောင်းသားတစ်ဦးသည် သူ့ရင်ထဲ၌ တောင့်တင်းသွားရ၏။

“ချူးယွင်ဖန်း၊ မင်းဒီလိုလုပ်တာ အမှတ်(၁)အထက်တန်းကျောင်းကို စိန်ခေါ်နေတာပဲကွ။ ရလာမယ့်အကျိုးဆက်တွေကို မင်းသိလား” စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်ရှိ ကျောင်းသားတစ်ဦးကမေးလိုက်သည်။

“နေစမ်းပါ။ ငါအမှတ်(၁)အထက်တန်းကျောင်းကို ဆန့်ကျင်တော့ရော ဘာဖြစ်လဲ။ မင်းတို့ရဲ့ကျောင်းအကြေင်း ငါကြားဖူးတာကြာပြီ။ ဒီလို ညစ်ပတ်စုတ်ပြတ်နေတဲ့ကောင်တွေရှိနေမယ်လို့ ငါမထင်ထားဘူး။ ငါထပ်ပြောမယ်။ အခု ကျန်းယုရှန်ကိုရှာဖို့ ငါဒီရောက်နေတာ။ ဝင်ပါရင် ငါညှာနေမှာမဟုတ်ဘူး”

“မင်းအတွက် အကောင်းအဆိုးကို မသိဘူးဆိုမှတော့ နောက်လာမယ့်အရာတွေအတွက် ငါတို့ကို အပြစ်မတင်နဲ့။ တိုက်ကြရအောင်” စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်ရှိကျောင်းသားတစ်ဦးကလှမ်းအော်သည်။ သူတို့ကျောင်း၏ ဂုဏ်သိက္ခာကို ချူးယွင်ဖန်းကြောင့် အထိအပါးခံလိမ့်မည်မဟုတ်ပေ။

စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်ကျောင်းသား၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် သူရှေ့တွင် ချူးယွင်ဖန်းပေါ်လာသည်ကို မြင်လိုက်ရသည်။ ချူးယွင်ဖန်းသည် ဓားဖြင့်ခုတ်လှဲလိုက်ရာ အနက်ရောင်လျှပ်စီးကြောင်းတစ်ခု ပေါ်ထွက်လာ၏။

ဘမ်း

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်ကျောင်းသားသည် အနောက်သို့ အရှိန်ပြင်းစွာလွင့်ထွက်သွား၏။ လေထဲတွင် သူ့ကိုယ်သူထိန်းရန်ကြိုးစားသော်လည်း သူမသိလိုက်ခင်တွ၍်ပင် ချူးယွင်ဖန်းသည် သူ့အား ဖမ်းမိနေပြီဖြစ်၏။ ကောင်းကင်နတ်ဘုရား အသွင်ပြောင်းခြင်းကို အသုံးပြုကာ ချူးယွင်ဖန်းသည် လျှပ်စီးကဲ့သို့ အလွန်လျင်မြန်နေ၏။

ဘမ်း

စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်ကျောင်းသားသည် ချူးယွင်ဖန်း၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြန်ကာ၊ ချက်ချင်းပင် ထပ်မံလွင့်ထွက်သွားပြန်၏။ သူ၏ခန္ဓာကိုယ်သည် နံရံသို့သွားဆောင့်ကာ မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာ၏။

နောက်ဆုံးတွင် လူတိုင်းသည် တုံ့ပြန်လာကြ၏။ ပထမတစ်ယောက်အပါအဝင် အမှတ်(၁)အထက်တန်းကျောင်းမှ ကျောင်းသားနှစ်ယောက်သည် ချူးယွင်ဖန်းကြောင့် ကျိုးကြေကုန်ပြီဖြစ်သည်။

“ကျန်းယုရှန် ကလည်း ထွက်မလာဘူး၊ မင်းတို့တွေကလည်း ဘေးဖယ်မနေဘူးဆိုမှတော့ သူပေါ်လာတဲ့အထိ တိုက်ရတော့မှာပဲ။ မင်းတို့အားလုံးကို အနိုင်ယူပြီးတဲ့အထိ ကျန်းယုရှန်က ငြိမ်ငြိမ်လေးထိုင်မနေလောက်ပါဘူး”

“တိုက်ကြစမ်း”

အမှတ်(၁)အထက်တန်းကျောင်းသားများသည် တည်ငြိမ်သမုဒ္ဒရာမြို့ရှိ စွမ်းအားအကြီးဆုံး တတိယနှစ်ကျောင်းသားများဖြစ်ကြရာ၊ ဤကဲ့သိုပြင်းထန်သော ရန်စမှုမျိုးကို မကြုံကြိုက်ခဲ့ဖူးကြပေ။

ကျန်ကျောင်းသားခုနှစ်ယောက်သည် စတင်တိုက်ခိုက်ကြသည်။

အခြားတစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် ခုခံလိုစိတ်အလျင်းမရှိဘဲ၊ နောက်ထပ် ကျောင်းသားတစ်ယောက်ထံသို့ အရှိန်ပြင်းစွာ တိုက်ခိုက်လိုက်သည်။

အခန်း(၂၄၂) မြေပြင်ပေါ်တွင် သေဆုံးခြင်း၊ နောက်ဆုံးတိုက်ပွဲ

ချူးယွင်ဖန်းသည် လူများစွာကို တစ်ပြိုင်နက်တိုက်ခိုက်ရန်ခက်ခဲကြောင်းသိသည်။ သူ၏စွမ်းအားသည် သာမန်လူတစ်ယောက်ထက် အဆပေါင်းများစွာသာလွန်လျှင်ပင် ဝိုင်းဝန်းတိုက်ခိုက်ခံရပါက ဒုက္ခများနိုင်၏။ သေခြင်းမှလွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

ထိုလူသုံးဆယ်နှင့် တစ်ချိန်တည်း တိုက်ခိုက်ခဲ့ရာ ကိစ္စများသည် ပိုမိုပြင်းထန်လာခဲ့သည်။ ပြိုင်ဘက်များစွာကို တစ်ကြိမ်တည်း မရင်ဆိုင်မိစေရန် ရှောင်ကြဥ်ရမည်ဖြစ်ကာ၊ ထိုအယောက်သုံးဆယ်ကိုလည်း ဤနည်းလမ်းဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ သူတို့သည် အရေအတွက်အားဖြင့် အားသာချက်ရှိသည်ထင်ရသော်လည်း လက်တွေ့တွင်မူ ချူးယွင်ဖန်းသည် တစ်ကြိမ်လျှင် လူသုံးဦးထက်ပို၍ ရင်ဆိုင်မည်မဟုတ်ပေ။ ဤသို့ဖြင့်သာ သူကိုင်တွယ်နိုင်သည့် အတိုင်းအတာအတွင်းတွင်ရှိနေမည်ဖြစ်သည်။ ခွန်အားအရ သူမည်မျှပင် သန်မာစေကာမူ ၎င်းတို့အားလုံးကို ကိုင်တွယ်ရန် လက်အလုံအလောက်မရှိပေ။

သူ၏ အားသာချက်များကို အသုံးချကာ အားနည်းချက်များကို ရှောင်ရှားခြင်းသည် ရန်သူကို အနိုင်ယူနိုင်မည့် အဓိကသော့ချက်ပင်ဖြစ်သည်။

ဘမ်း ဘမ်း ဘမ်း

ဤကျောင်းသားသည် ချူးယွင်ဖန်းသည်မခုခံဘဲ ရှေ့သို့ချီတက်ဝံ့လိမ့်မည်ဟု မမျှော်လင့်ထားသည့်အတွက် အဆင်သင့်မဖြစ်သေးပေ။ ချူးယွင်ဖန်းသည် ရှေ့သို့တစ်ဟုန်ထိုးပြေးကာကာ ဓားဖြင့်ခုတ်လှဲလိုက်ရာ၊ ဓားချက်သည် ကျောင်းသားအပေါ်သို့ လျှပ်စီးတစ်စင်း၏ အရှိန်ဖြင့် ကျရောက်သွားသည်။ ပွတ်တိုက်သံများပေါ်ထွက်လာပြီးနောက်၊ ကျောင်းသားသည် အာခေါင်ခြစ်ကာအောင်ဟစ်လိုက်ရင်း အနောက်သို့ လွင့်ထွက်သွား၏။ ကံကောင်းထောက်မစွာဖြင့် သံချပ်ကာကြောင့်သာမဟုတ်လျှင် ထိုဓားချက်ကြောင့် သူသေဆုံးသွားနိုင်၏။

ကျောင်းသားအပြင်းအထန်ဒဏ်ရာရရှိသွားပြီးနောက်တွင် ချူးယွင်ဖန်းသည် ထိုကျောင်းသားလွတ်ကျခဲ့သော လက်နက်ကို သူ၏ဓားဖြင့် ပစ်ထုတ်ပစ်လိုက်သည်။ ထို့နောက် ချူးယွင်ဖန်းသည် ကောင်းကင်နတ်ဘုရား အသွင်ပြောင်းခြင်းကို အသုံးပြုကာ ကျောင်းသားကို အနိုင်ယူခဲ့သည်။

အမှတ်(၁)အထက်တန်းကျောင်းသားများအားလုံး အလွန်တုန်လှုပ်လာကြသည်။ တိုက်ပင်မတိုက်ခိုက်ကြရသေးသော်လည်း သူတို့ထဲမှ သုံးဦးသည် ကျရှုံးသွားခဲ့ပြီဖြစ်သည်။ ဤအတိုင်းသာဆက်သွားလျှင် မည်သို့ဖြစ်လာလိမ့်မည်နည်း။

သို့သော် သူတို့လုပ်နိုင်သောအရာအမြောက်အမြားမရှိပေ။ ချူးယွင်ဖန်းသည် အနက်ရောင်လျှပ်စီးကဲ့သို့ လျှင်မြန်လွန်းလှသည်။

“ရွှေ့လျားတဲ့သိုင်း။ သူတကယ်ပဲ ရွေ့လျားတဲ့သိုင်းတွေကို သိတယ်”

အချို့သူများ၏ မျက်လုံးများသည် ပြူးကျယ်လာကြသည်။ ချူးယွင်ဖန်းသည် ရွေ့လျားရေးသိုင်းများကိုသိသဖြင့် အလွန်မြန်နေသည်မှာ အံ့သြစရာမဟုတ်ပေ။ သူတို့ဘက်တွင် လူများစွာရှိသော်လည်း ချူးယွင်ဖန်းတစ်ယောက်ကို ဝိုင်း၍မရပေ။

အစောပိုင်းတွင် လက်ရွေးစင်ကျောင်းသားများစွာကို ချူးယွင်ဖန်း ကျော်လွှားနိုင်ကြလိမ့်မည် မယုံကြည်ခဲ့ကြပေ။ အကယ်၍ ကျန်းယုရှန်ကြိုးစားကြည့်လျှင်ပင် သေဆုံးနိုင်ချေများ၏။

ထိုကျောင်းသားများအားလုံးသည် စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိလက်ရွေးစင်များဖြစ်သည့်အတွက် အကောင်းတကာ့အကောင်းဆုံးများဖြစ်ကြသည်။ ဤသို့သောလူ များစွာနှင့်တိုက်ခိုက်ရန် ခက်ခဲ၏။ ကျန်းယုရှန်ကဲ့သို့ ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးပင်လျှင် ဤသို့ လုပ်နိုင်လိမ့်မည်မဟုတ်ပေ။

ယခုမူ သူတို့အားလုံး နားလည်သဘောပေါက်သွားကြသည်။ ချူးယွင်ဖန်းသည် ရွေ့လျားရေးသိုင်းများကို သိသည့်အတွက် လူအနည်းငယ်နှင့် ဝန်းရံခံလိုက်ရလျှင်ပင် ရှောင်တိမ်းနိုင်ရာ ဝိုင်းဖွဲ့တိုက်ခိုက်၍မရပေ။

အဖွဲ့လိုက်တိုက်ခိုက်ခြင်းမှလွဲ၍ ချူးယွင်ဖန်းကို ချေမှုန်းနိုင်မည်မဟုတ်ကြောင်း သူတို့ သိလာကြပြီဖြစ်သည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုပုံစံသည် အလွန်ပြင်းထန်သည်။ သိုင်းကွက်နှစ်ခုအတွင်းတွင်ပင် ရှုံးနိမ့်သွားရသော အမှတ်(၁)အထက်တန်းကျောင်းများကို ကြည့်လျှင် ချူးယွင်ဖန်း၏ ခွန်အားကိုသိနိုင်၏။

“သူ့ခံနိုင်ရည်က ဘာလို့မကျသေးတာလဲ” ချူးယွင်ဖန်း အဆက်မပြတ်တိုက်ခိုက်နေသည်ကို ကြည့်ကာ သူတို့ထဲမှ တစ်ယောက်သည် အလွန်စိုးရိမ်ပူပန်စွာပြောလိုက်သည်။ ထို့အပြင် သူသည် ကျောင်းအသီးသီးနှင့် ခရိုင်အသီးသီးမှ လက်ရွေးစင်ကျောင်းသားများစွာကို အနိုင်ယူခဲ့သဖြင့် သူ၏ ခံနိုင်ရည်သည် သိသိသာသာလျော့ကျလာသင့်သော်လည်း ချူးယွင်ဖန်းသည် အနည်းငယ်မျှပင် မောဟိုက်ပုံမပေါ်ပေ။

သူတို့ တုံ့ဆိုင်းသွားသည့်အခိုက်အတန့်တွင် နောက်ထပ် အမှတ်(၁) အထက်တန်းကျောင်းသားနှစ်ဦး လွင့်ထွက်သွားပြန်၏။ ကျောင်းသား ကိုးယောက်တွင် လေးယောက်သာကျန်တော့ရာ အခြေအနေသည် ပြောင်းပြန်ဖြစ်သွားသည်။

လူလေးယောက်၏ အားဖြင့် ချူးယွင်ဖန်းကို မတားဆီးနိုင်ကြပေ။ သူတို့ မည်မျှပင်ကြိုးစားနေပါစေ ချူးယွင်ဖန်း၏အမြန်နှုန်းကို လိုက်မီရန် ခက်ခဲ၏။ ချူးယွင်ဖန်း သူတို့ထဲမှ တစ်ယောက်ပြီးတစ်ယောက်ကို အနိုင်ယူနေသည်ကိုသာ ကြည့်ရန်တတ်နိုင်ကြကာ၊ ပြန်တိုက်ရန် နည်းလမ်းမရှိပေ။

နောက်ထပ်တစ်မိနစ်အကြာတွင် ကျန်ကျောင်းသားလေးယောက် ရှုံးနိမ့်သွား၏။ ၎င်းတို့သည် စွမ်းအင်သန့်စင်ခြင်း ပထမအဆင့်နှင့် ဒုတိယအဆင့်တွင်ရှိကြသော်လည်း ရလဒ်မှာ အတူတူပင်ဖြစ်သည်။

ချူးယွင်ဖန်း၏ ရှေ့တွင် မည်သူမျှ အသုံးမဝင်ပေ။

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် ချွေးများဖြင့်ရွှဲနစ်နေသော်လည်း သူ၏ သံချပ်ကာသည် ချွေးများကို လျင်မြန်စွာစုပ်ယူသွားသည်။ သူ့မျက်နှာထက်ရှိ ချွေးများသည်သာ သူရှေ့ရှိ အရာများအားလုံးကို ဝေဝါးနေစေ၏။

အထူးသဖြင့် သာမန်တစ်ဦးချင်းတိုက်ပွဲများနှင့်ယှဥ်ပါက ဤတိုက်ပွဲများတွင် သူအသာစီးရခဲ့သော်လည်း စွမ်းအင်များစွာကို အသုံးပြုခဲ့ရသည်။

“ဟူး… ဟူး … ဟူး”

ချူးယွင်ဖန်းသည် မောဟိုက်နေသော်လည်း သူ၏ စိတ်ဝိဉာဥ်နှင့် စွမ်းအင်တို့သည် အထွတ်အထိပ်သို့ရောက်ရျိလျက်ရှိသည်။ သူ၏အတွင်းအားကို ပြန်လည်ရရှိရန် စွမ်းအားဖြည့်ဆေးရည် ပုလင်းကိုဖွင့်ကာသောက်ချလိုက်သည်။

တဖြည်းဖြည်းနှင့် သူ၏ စွမ်းအင်များ ပြန်လည်ရရှိလာသည်။ တစ်ချိန်တည်းတွင်ပင် နတ်ဘုရားကျင့်စဥ်ကို ဖြန့်ကျက်လိုက်ကာ သူ့ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များ ပြန်လည်ကောင်းမွန်လာ၏။ မိနစ်ပိုင်းအတွင်းတွ၍် သူသည် စွမ်းအားအမြင့်ဆုံးအဖြစ်သို့ပြန်လည်ရောက်ရှိသွားသည်။ အခြားသူများသာဆိုပါက အနည်းဆုံး တစ်ရက်ခွဲမျှ ကြာနိုင်သော်လည်း ချူးယွင်ဖန်းသည်မူ ပြန်လည် သက်သာသွား၏။ နတ်ဘုရားကျင့်စဥ်၏ ပြန်လည်ကုသနှုန်းသည် အံ့မခန်းပင်ဖြစ်သည်။

မြေပြင်တွင်မူ အမှတ်(၁)ကျောင်းသားများအားလုံး လဲကျလျက်ရှိသည်။ ချူးယွင်ဖန်း၏ သင်ခန်းစာပေးခြင်းကို ခံရကာ သူတို့၏ကိုယ်တွင်းအင်္ဂါများ ကျိုးကြေသွားခဲ့ရသည်။ သူတို့တစ်ခုတည်းသော တွေးနေသောအရာမှာ ပြန်လည်ကောင်းမွန်လာရန်သာဖြစ်ရာ၊ ချူးယွင်ဖန်း၏လမ်းကို မည်သူမျှမပိတ်ပင်ရဲကြတော့ပေ။

“ကျန်းယုရှန် ထွက်လာခဲ့”

ချူးယွင်ဖန်း၏ အော်သံသည် တိုက်တစ်ခုလုံးတွင် ပဲ့တင်သံကဲ့သို့ ကန်ထွက်လာ၏။

ခပ်လှမ်းလှမ်းတွင် ရန်ကျွင်းနှင့် အခြားသူများလည်း ရောက်ရှိလာကြသည်။ မြေပြင်ပေါ်တွင် လူးလိမ့်နေသော ကျောင်းသားများကို ကြည့်ကာ ထိတ်လန့်သွားကြသည်။ သူတို့အားလုံးသည် အမှတ်(၁)အထက်တန်းကျောင်းသားများဖြစ်ကာ စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်ရှိ ကျင့်ကြံသူများပင်ပါဝင်၏။

အံ့ဖွယ်တစ်ခုကို ငေးကြည့်နေရသည့်အလား၊ ချူးယွင်ဖန်းအား ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်ရုံမှတပါး အခြားမတတ်နိုင်ကြတော့ပေ။

“သူတကယ် ဒီလောက်ထိလုပ်လိုက်ပြီပေါ့။ သူရှုံးသွားရင်တောင် သူ့နာမည်က သမိုင်းမှာ ကျန်နေလိမ့်မယ်” ရန်ကျွင်းကပြောသည်။

“ဟုတ်တယ်။ တည်ငြိမ်သမုဒ္ဒရာမြို့က အထက်တန်းကျောင်းသားတွေအကုန်လုံးကို တစ်ချက်တည်းနဲ့အနိုင်ယူလိုက်တာပဲ။ နောက်ဆုံးရှုံးရင်တောင် ဒါက မကြုံစဖူးပဲကွ။ ငါ ကံကောင်းလို့ သူ့လမ်းကိုမပိတ်လိုက်မိတာ။ နယ်မြေ(၂)ရဲ့ ဂုဏ်အတွက်သာ တိုက်ခိုက်လိုက်မိရင် မြေကြီးပေါ်လဲနေတဲ့ကောင်တွေထဲ ငါပါသွားမှာပဲ”

ဤအခိုက်အတန့်တွင် ယုရှင်းယွမ်သည် ချူးယွင်ဖန်းနှင့် ယှဥ်ပြိုင်လိုစိတ် အလျင်းမရှိတော့ပေ။ နှစ်ဖက်စလုံး အင်အားချင်းတူညီပါက ချူးယွင်ဖန်းအား စိန်ခေါ်ရန် ကြိုးစားဦးမည်ဖြစ်သော်လည်း လက်ရှိအင်အားကိုကြည့်ကာ ယုရှင်းယွမ်တွင် တိုက်ခိုက်လိုစိတ် အလျင်းမရှိတော့ပေ။

“တကယ့်မုန်တိုင်းတိုက်တော့မယ်” တံုရှင်းရန်ကပြော၏။

သူတို့နောက်တွင် အခြားလက်ရွေးစင်ကျောင်းသားများလည်း ပြေးလာကြသည်။ ချူးယွင်ဖန်းထံမှ သင်ခန်းစာပေးခံခဲ့ရသော်လည်း ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားစေမည့် တိုက်ပွဲကို လက်လွှတ်မခံချင်ကြပေ။

“ဒီလောက် လူတွေဝိုင်းနေတာ စခန်းမှုးတောင် လန့်သွားလိမ့်မယ်။ သူတို့ အချိန်မီတိုက်လို့ရပါ့မလားလို့တောင် တွေးမိတယ်” ရန်ကျွင်းကရယ်မောကာပြောလိုက်သည်။ နယ်မြေ(၂) ပတ်ပတ်လည်ကို ကြည့်ကာ မုန်တိုင်းတစ်ခု အစပြုရန် အရှိန်ယူနေသည်ကို ခံစားရ၏။

ထို့နောက် တိုက်ခန်းအဆောက်အဦးထဲမှ လူနှစ်ယောက်ထွက်လာ၏။

ဦးဆောင်သူသည် အသက်ဆယ့်ရှစ် သို့မဟုတ် ဆယ့်ကိုးခန့်ရှိ အရပ်ရှည်သော လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် ရွှေကွပ်ထားသော အပြာရောင်သံချပ်ကာကို ဝတ်ဆင်ထားကာ ရင်ဘက်ပေါ်တွင်ရွှေရောင် တက်တူးတစ်ခုရှိ၏။

သူ့နောက်တွင် အနီရောင်သံချပ်ကာကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည်နှင့် အချိုးကျလှပသော မိန်းကလေးတစ်ယောက်လိုက်ပါလာ၏။ ၎င်းမှာ တန်စီယုပင်ဖြစ်သည်။

အခန်း(၂၄၃) စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်ရှိ ကျန်းယုရှန်

သူတို့နှစ်ဦး ထွက်လာသည်ကို ကြည့်ကာ ချူးယွင်ဖန်းသည် ထိုသူမည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း ခန့်မှန်းမိ၏။

ကျန်းယုရှန်မဟုတ်လျှင် မည်သူဖြစ်လိမ့်မည်နည်း။

“စီယု၊ နင်အဆင်ပြေရဲ့လား” ချူးယွင်ဖန်းက စိုးရိမ်စိတ်ဖြင့်မေးလိုက်သည်။

“ဒါပေါ့ သူအဆင်ပြေပါတယ်” တန်စီယုမှ ပါးစပ်ပင်မဖွင့်သေးသော်လည်း ကျန်းယုရှန်က ပြန်ဖြေလိုက်သည်။

“မင်းက ချူးယွင်ဖန်းလား” ကျန်းယုရှန်က လှောင်ပြောင်သောအမူအယာဖြင့် မေးကာ မျက်ခုံးပင့်၍ကြည့်လိုက်သည်။

“ဟုတ်တယ်။ ငါ ချူးယွင်ဖန်းပဲ။ မင်းက ကျန်းယုရှန်ဖြစ်ရမယ္” ချူးယွင်ဖန်းသည် ရှေ့သို့တစ်လှမ်းတိုးကာ ပြောလိုက်သည်။ တန်စီယုအဆင်ပြေသည်ကို မြင်ရသဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

“လူတစ်ယောက်ကို ပြန်ပေးဆွဲတာ ပြစ်မှုမြောက်မှန်းမင်းမသိဘူးလား”

“ပြန်ပေးဆွဲတယ် ဟုတ်လား။ ဟားဟား ငါက ဘယ်သူ့ကို ပြန်ပေးဆွဲဖို့လိုတယ်ထင်လို့လဲ။ မင်းက ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို မသိဘူးမလား” ကျန်းယုရှန်က အေးစက်သောအပြုံးဖြင့်ပြောလိုက်သည်။

“မင်း ဒီရောက်နေတာကောင်းတယ်။ ဒီကိစ္စက ဘယ်လိုဖြစ်ဖြစ်မင်းသိထားရမယ့်ကိစ္စပဲ”

“မင်း နောင်မှာ တန်စီယုနဲ့ဝေးဝေးနေတာ ကောင်းလိမ့်မယ်။ သူက ငါတို့မိသားစုရဲ့ ချွေးမပဲ။ အတိအကျပြောရရင် သူက ငါ့ဝမ်းကွဲ ကျန်းလင်းရှောင်နဲ့ စေ့စပ်ထားတာ။ နောင်မှာ ကျန်းမိသားစုရဲ့ အမျိုးသမီးတစ်ဦးဖြစ်လာလိမ့်မယ္။ မင်းကိုယ်မင်းဘာလို့ထင်နေလို့ ဒီလောက် သတ္တိရှိနေတာလဲ။ မင်းတံခါးကိုလာမခေါက်မချင်း သေမင်းကို မင်းမသိပါဘူး။ ခေတ်သစ်လူ့အဖွဲ့အစည်းက ဥပဒေနဲ့တည်ဆောက်ထားတာကို မင်းကျေးဇူးတင်လိုက်စမ်းပါ။ မဟုတ်ရင် မင်းသေတာကြာပြီ” ကျန်းယုရှန်က အေးစက်စွာပြောလိုက်သည်။

“ကျန်းလင်းရှောင်။ ဘာလို့ဒီနာမည်က အရမ်းရင်းနှီးနေတာလဲ” ရန်ကျွင်းသည် ဤနာမည်ကိုကြားပြီးနောက် သိပ်အံ့သြမသွားပေ။ သူသည် တန်စီယုနှင့် မရင်းနှီးသောကြောင့် သူမနှင့် လက်ထပ်ထားသူကို သိရန်မလိုပေ။ သို့သော် ကျန်းလင်းရှောင်ဟူသော နာမည်ကိုမူ သူရင်းနှီးနေ၏။

“ကျန်းလင်းရှောင်ဟုတ်လား။ သူက မနှစ်က တည်ငြိမ်သမုဒ္ဒရာမြို့ရဲ့ နံပါတ်တစ်ဖြစ်ခဲ့တာမလား။ ကျန်းလင်းရှောင်က ရလဒ်ကောင်းတွေနဲ့ ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တယ်” ယုရှင်းယွမ်က ခဏတာ စဥ်းစား၍ပြောလိုက်သည်။

“ဟုတ်တယ် အဲ့တာ သူပဲ။ တော်တော်ကြာနေပြီမို့ မေ့သွားတာ။”

အကယ်၍ တုန်ဟွာမြို့မှ နံပါတ်တစ်ဖြစ်သော သုန်ဖန်းဟောက်ကို စွမ်းအားကြီးသူဟု သတ်မှတ်ပါက ကျန်းလင်းရှောင်သည် ပြိုင်ဘက်ကင်းပင်ဖြစ်သည်။ သူသည် မွန်းစတားတစ်ကောင်ပင်ဖြစ်ကာ ပြည်ထောင်စုတက္ကသိုလ်၏ နံပါတ်တစ်ဝင်ခွင့်ရသူဖြစ်သည်။

ရန်ကျွင်းနှင့် အခြားနှစ်ယောက်သည် ယွင်နင်ခရိုင်ရှိ ကျောင်းသားများအကြားတွင် အကောင်းတကာ့အကောင်းဆုံးများဖြစ်သဖြင့် သဘာဝအလျောက်ပင် မိမိတို့ကိုယ်မိမိဂုဏ်ယူကြသည်။ သို့သော် သူနှင့် ကျန်းလင်းရှောင်တို့ကြားတွင် ကွာဟချက်မည်မျှရှိသည်ကိုလည်း ကောင်းစွာသိကြသည်။ ၎င်းတို့သည် တူညီသော အဆင့်တွင် ရှိနေကြခြင်းမဟုတ်ပေ။

အများဆုံးအနေဖြင့် ၎င်းတို့ကို လူသားမျိုးနွယ်၏ အနာဂတ်လက်မဏ္ဏိုင်များဟုသာ ယူဆနိုင်မည်ဖြစ်သည်။

ကျန်းလင်းရှောင်သည် ပြည်ထောင်စုအစိုးရတွင် ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်လာနိုင်သည့် သေချာသော တည်ရှိမှုမျိုးဖြစ်၏။

အခြားကျော်းသားများသည်လည်း ကျန်းလင်းရှောင်၏ ဂုဏ်သတင်းကို ပြန်တွေးမိကာ တုန်လှုပ်နေကြသည်။ ကျန်းလင်းရှောင်နှင့် ယှဥ်လျှင် ကျန်းယုရှန်သည် ဘာမှမဟုတ်ပေ။

“ဒီနေ့ ငါ သူ့ကို ရှင်းရှင်းလင်းလင်းပြောဖို့ ဒီနေရာကို ပုဂ္ဂိုလ်ရေးအရ ဖိတ်ထားတာပဲ။ သူက ငါတို့မိသားစုရဲ့ ချွေးမဖြစ်တာကြောင့် အခြားယောက်ျားလေးတွေနဲ့ ဆက်ဆံပြောဆိုနေလို့မရဘူး။ စကားတွေထွက်လာရင် ငါ့မိသားစုရဲ့ နာမည်ပျက်သွားမှာပေါ့။ ဟိုတလောက မင်းတို့ကောင်တွေရဲ့ တောမီးလိုပျံ့နေတဲ့ သတင်းတွေက ငါ့တို့ ကျန်းမိသားစုကို သိက္ခာကျစေတယ်။ အခု ငါမင်းကို သတိပေးလိုက်မယ်။ တန်စီယုနား သိပ်မကပ်နဲ့။ မဟုတ်ရင် အကျိုးဆက်ကို မင်းရော မင်းမိသားစုရော ခံနိုင်မယ်မထင်ဘူး။

“အခု မင်းငါ့ကို ခြိမ်းခြောက်နေတာလား” ချူးယွင်ဖန်းက အေးစက်သောအကြည့်ဖြင့် ကြည့်ကာပြောလိုက်သည်။

“ဒါကို ခြိမ်းခြောက်တယ်လို့ ယူဆနိုင်တယ်။ တကယ်တော့ ငါတို့ ခွန်အားအရပြောရရင် ငါဘာပြောပြော မင်းတို့မိသားစုအတွက် ခြိမ်းခြောက်သလိုဖြစ်နေမှာပဲ။ မင်းက သာမန်လူတွေကြားမှာ တော်တော်စွမ်းအားကြီးတယ်လို့ ယူဆလို့ရပေမယ့် မင်းနဲ့ ငါတို့ကမ္ဘာကြားက ခြားနားချက်ကို မင်းနားလည်ထားရမယ်။ ငါတို့ကမ္ဘာက အရမ်းကြီးမြတ်တာကြောင့် မင်းငါနဲ့ ခဏလောက်တွေ့ရတာတောင် ဂုဏ်ယူရမယ်ကွ။ ထင်ယောင်ထင်မှားတွေဖြစ်မနေနဲ့တော့ ဟာသပဲ”

ချူးယွင်ဖန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။

“ကျန်းယုရှန် ချူးယွင်ဖန်းနဲ့ ငါ့ကြားမှာ ဘာမှမရှိဘူး။ သူက သူငယ်ချင်းပဲ။ နင်ဒီလိုလုပ်လို့ ဘာရမှာမို့လို့လဲ” တန်စီယု၏ မျက်နှာသည် ဒေါသကြောင့် နီရဲတက်လာသည်။

“ဘာမှမရှိဘူး။ ဟုတ်လား။ ဟုတ်ပါတယ်။ ဘာမှမရှိဘူး။ ရှိတယ်ဆိုရင် သူစကားပြောနိုင်ဦးမယ်ထင်နေလား။ ဒါပေမယ့္ ကျန်းမိသားစုရဲ့ ဂုဏ်သတင်းကို မှေးမှိန်အောင်လုပ်ခွင့်မပြုဘူး။ ငါတို့ သူ့ခြေထောက်တစ်ဖက်ကို ချိုးပြီး ဒီကိစ္စကို အဆုံးသတ်ပေးလိုက်မယ်။ ငါ့ကျောင်းနေဖက်တွေကို ဒဏ်ရာရစေတဲ့အတွက် ဘာပဲဖြစ်ဖြစ် အမှတ်(၁)အထက်တန်းကျောင်းရဲ့ ပထမကျောင်းသားအနေနဲ့ ဒီကိစ္စကို ဒီတိုင်း မလွှတ်ပေးလိုက်နိုင်ဘူး။ ခြေထောက်တစ်ဖက်ကိုချိုးပြီး သူ့လက်ကျန်ဘဝကို ဘီးတပ်ကုလားထိုင်နဲ့ ကုန်ဆုံးခွင့်ပြုလိုက်တာကတင် အတော်လေး ကရုဏာထားတာတယ်လို့ပြောလို့ရနေပြီ”

“ဟား၊ ကရုဏာ ဟုတ်လား။ ရယ်လိုက်ရတာကွာ။ ခြေထောက်နှစ်ဖက်လုံးကို ချိုးချင်လည်းရတယ်။ လာစမ်းပါ၊ စမ်းကြည့်စမ်းပါ။ မင်းလုပ်နိုင်မလားကြည့်ရ‌အောင်” ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။

ခြေထောက်နှစ်ချောင်းချိုးသည်နှင့် ပတ်သက်၍ ကျန်းယုရှန်၏ပြောစကားသည် သာမန်မဟုတ်ကြောင်း သူသိသည်။ ခေတ်မီနည်းပညာဖြင့် ထိုသို့‌သော ခြေလက်ကျိုးခြင်းများကို အလွယ်တကူကုသနိုင်သည်။ တကယ်တမ်းတွင် သူသည် ဤလူချမ်းသာမိသားစုများ၏ အနိမ့်ဆုံးစံနှုန်းအထိ နှိမ့်ချလိုက်ခြင်းဖြစ်သည်။

“ဒီ ခေါင်းကြောမာတဲ့ ခွေးမသား” ကျန်းယုရှန်က အေးစက်စွာအော်လိုက်သည်။

ဘွန်း

ကျန်းယုရှန်သည် နောက်ဆုံးတွင် စတင်တိုက်ခိုက်ရာ သူပိုင်ဆိုင်ထားသော ကြောက်မက်ဖွယ်အရှိန်အဝါများအားလုံးကို ထုတ်ပြလျက်ရှိသည်။

တည်ငြိမ်သမုဒ္ဒရာမြို့၏ ကျောင်းတိုင်းမှ လက်ရွေးစင်အယောက်နှစ်ဆယ်စီစုပေါင်းလျှင် ကျောင်းသားပေါင်းထောင်ချီ၏။ ကျန်းယုရှန်သည် ၎င်းတို့ထဲတွင် ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကာ တည်ငြိမ်သမုဒ္ဒရာမြို့တွင် နံပါတ်တစ်ကျောင်းသားဖြစ်၏။

‘စွမ်းအင်သန့်စင်ခြင်း ပထမအဆင့်’

‘စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်’

‘စွမ်းအင်သန့်စင်ခြင်း တတိယအဆင့်’

‘စွမ်းအင်သန့်စင်ခြင်း စတ္ထမအဆင့်’

‘စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်’

ကျန်းယုရှန်၏ အရှိန်အဝါသည် ပဥ္စမအဆင့်သို့ရောက်ပြီးနောက် ရပ်တန့်သွား၏။ တည်ငြိမ်သမုဒ္ဒရာမြို့၏ အထက်တန်းကျောင်းသားမြောက်များစွာကို ချေမှုန်းနိုင်ခဲ့ကာ နံပါတ်တစ်ဖြစ်လာခဲ့သည်။ ဤသည်မှာ သူ၏ စစ်မှန်သော ယုံကြည်ချက် ထားရှိရာဖြစ်သည်။

မြင်ကွင်းကို အဝေးမှမြင်လိုက်ရသော ကျောင်းသားများသည် အေးစက်သောလေထုကို ရှုရှိုက်လိုက်မိကြသည်။ ကျန်းယုရှန်ထံမှ ပြင်းထန်သော ဖိအားကို ခံစားမိကြ၏။ သူတို့အားလုံးသည် တတိယနှစ်ကျောင်းသားမျးဖြစ်ကာ အသက်အရွယ်လည်း တူညီကြသည်။ သို့သော် သူတို့နှင့် ကျန်းယုရှန်အကြား အင်အားကွာခြားချက်သည် ကြီးမား၏။ ပထမအဆင့်နှင့် ပဥ္စမအဆင့်ကြား ကွာခြားချက်သည် အလွန် သိသာသည်။

“ဒါက တကယ့် မိသားစုကြီးရဲ့ စစ်မှန်တဲ့ မျိုးဆက်လား”

“သူဘယ်လို လေ့ကျင့်ထားတာလဲ။ ငါသိုင်းပညာစကျင့်တည်းက တစ်ရက်မှ မဖြုန်းခဲ့ဖူးဘူး။ တစ်ရက်တစ်လေလေးမှ မနားခဲ့ဘူး။ ဘာလို့ဒီလောက်ကြီးကြီးမားမား ကွာခြားနေရတာလဲ”

“ဒါက မိသားစုကြီးတစ်ခုရဲ့ အခြေခံအုတ်မြစ်ပဲလေ။ ချူးယွင်ဖန်းက ကျန်းယုရှန်ကို အနိုင်ယူနိုင်လောက်မယ္ုလိ့ ငါထင်ခဲ့ပေမယ့် အခုပြန်တွေးကြည့်တော့ အဲ့လိုမဖြစ်နိုင်လောက်ဘူး”

“သာမန်လူတွေက သာမန်လူတွေဖြစ်ပြီး။ ချမ်းသာတဲ့မိသားစုတွေက ချမ်းသားတဲ့မိသားစုတွေပဲ။ ကွာခြားချက်ကအရမ်းကြီးတယ်”

ကျောင်းသားများစွာသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးလျက်ရှိကြရာ၊ သူတို့၏ နှလုံးသားထဲမှ မျှော်လင့်ချက်များ လုံးဝပျောက်ကွယ်သွားသည်။

ကျန်းယုရှန်သည် ချူးယွင်ဖန်းအား အထင်အမြင်သေးသော အကြည့်ဖြင့်ကြည့်ကာပြောလိုက်သည်။

“မင်းအခုသုံးနေတဲ့ အေရိုးဘစ်လှည့်ကွက်က ငါ့ကို အနိုင်ယူနိုင်မယ်လို့ထင်နေတာလား။ မင်းယှဥ်ုလို့မရတဲ့လူတွေရှိနေဦးမှာပဲ။ မင်းဘယ်တော့မထိနိုင်တဲ့ အတန်းအစားတွေရှိနေဦးမှာပဲကွ”

All Chapters