အခန်း (၂၅၀-၂၅၂)
Vol. 17 Ch. 250-252
အခန်း(၂၅၀) ကပ်တစ်ခုပြီးတစ်ခု
သူ့အားသတ်ချင်နေသော ကျန်းယုရှန်၏ စကားသည် ဂေါင်ဟုန်ချီနှင့် တန်စီယုတို့ဆီမှတစ်ဆင့် ချူးယွင်ဖန်းဆီသို့ လျင်မြန်စွာရောက်သွားသည်။
ဆုငွေ ယွမ်တစ်သန်းသည် နည်းပါးသော ပမာဏမဟုတ်ပေ။ တောရိုင်းထဲတွင် လူတိုင်း၏ အသက်များသည် စျေးပေါလှသည်။ ယွမ်တစ်သန်းသည် လူတစ်ယောက်၏ အသက်ကို ဝယ်ယူရန် လုံလောက်၏။
ချူးယွင်ဖန်းသည်မူ စိတ်မဝင်စားပေ။ ကျန်းယုရှန် သူ့အားသတ်ရန် ဤမျှထိလွယ်ကူလိမ့်မည်မဟုတ်ပေ။ အကယ်၍ ကိစ္စများ သူ့ဘက်မပါလျှင်ပင် တေယင်မြစ်ပန်းချီကား ၌ ပုန်းနေနိုင်သည်။ လိုအပ်လျှင် တောင်မြစ်ပန်းချီကား၏ အာကာသထဲတွင် ပုန်းနေကာ ရှင်သန်ရေးအစီအစဥ်အဆုံးသတ်သည်အထိ စောင့်နေနိုင်သည်။
သို့သော ဤသည်မှာ တစ်သက်လျှင် တစ်ကြိမ်သာရမည့် အခွင့်အရေးဖြစ်သဖြင့် ထိုသို့ မပြုလုပ်ရန် ရွေးချယ်ထားသည်။ အကယ်၍ သူသည် ဤကာလအတွင်းတွင် စွမ်းအင်သန့်စင်ခြင်း တတိယအဆင့်သို့တက်ရောက်နိုင်ပါက ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်နိုင်မည်ဖြစ်ရာ၊ အချိန်အမြောက်အများမကျန်တော့ပေ။ ဤသည်မှာ နောက်ဆုံး အခွင့်အရေးဖြစ်သဖြင့် အရှုံးမပေးတော့ပေ။
သို့သော် ရှင်သန်ရေးအစီအစဥ်၏ ဧရိယာသည် နှစ်ဆယ်ကီလိုမီတာမျှသာ ကျယ်ဝန်းသဖြင့် မတွေ့ချင်လျှင်ပင် အခြားကျောင်းသားများနှင့် တွေ့နေရဦးမည်ဖြစ်သည်။ ဤနယ်မြေအတွင်းတွင် ထောင်နှင့်ချီသောကျောင်းသားများစွာရှိနေ၏။ ချူးယွင်ဖန်းသည် တစ်စုံတစ်ယောက်မှ သူ့အားတွေ့လိုက်သည်နှင့် ချက်ချင်းပျောက်သွားသော်လည်း သူ့အကြောင်း သတင်းများသည် ဆက်လက်ပျံ့နှံ့လျက်ရှိသည်။ ကျန်းယုရှန်အား သရဲပူးနေသကဲ့သို့ပင်ဖြစ်ရာ၊ သူသည် ရှင်သန်ရေးအစီအစဥ်အကြောင်း လုံးဝစိတ်မဝင်စားပေ။ ချူးယွင်ဖန်းကို ဖမ်းဆီးကာ အပိုင်းပိုင်းခုတ်ပစ်ချင်စိတ်သာရှိ၏။
ချူးယွင်ဖန်း ပုန်းအောင်းနိုင်သော ဧရိယာသည် တဖြည်းဖြည်း ကျဥ်းမြောင်းလာသည်။ ဤအတိုင်းသာဆက်သွားလျှင် နှစ်ဦးနှစ်ဖက် အနှေးနှင့်အမြန်တွေ့ကာ နောက်ထပ်တိုက်ပွဲကြီးတစ်ခု မလွဲမသေရှိလာလိမ့်မည်ဖြစ်သည်။
ချူးယွင်ဖန်းသည် ကြောက်ရွံ့ခြင်းမရှိပေ။ စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်သို့ရောက်ရှိပြီးနောက် သူ၏ စွမ်းအားများ တိုးလာခဲ့သည်။ ကျန်းယုရှန်သည် လူအနည်းငယ်ခေါ်လာခဲ့သော်လည်း သူမှလွဲ၍ အခြားသူများသည် ချူးယွင်ဖန်းကို အန္တရာယ်ပေးနိုင်လိမ့်မည်မဟုတ်ပေ။
တော၏ နက်ရှိုင်းတကာ့ နက်ရှိုင်းသော နေရာများတွင် ကျောင်းသားနှစ်ယောက်သည် ဖြည်းညှင်းစွာလမ်းလျှောက်လာကြသည်။ သူတို့လက်ထဲတွင် လက်နက်များကိုင်ထားကာ သတိကြီးစွာ ကြည့်လျက်ရှိသည်။ ဤသို့သော ပတ်ဝန်းကျင်တွင် သက်တောင့်သက်သာနေရန် သတ္တိမရှိကြပေ။
“ငါတု့ိ သတိထားရမယ်။ ချူးယွင်ဖန်းနဲ့နီးလာပေမယ့် သူက ပိုပိုပြီးအန္တရာယ်များလာတယ်။ နယ်မြေ(၂)ကို လက်တစ်ဖက်တည်းနဲ့ဖြုတ်ချခဲ့တဲ့သူဆိုတာ မေ့မထားနဲ့” နှစ်ယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည်။
“ဒါက ပြဿနာမဟုတ်ပါဘူး။ ငါတို့ သတိထားနေရင် ချူးယွင်ဖန်း ဘာလုပ်နိုင်မှာလဲ။ ဘယ်လိုမျိုးလုပ်နိုင်မှာလဲ။ ကျန်းယုရှန်က အနားမှာတင်ရှိတယ်။ သူ့ကို တွေ့တာနဲ့ ကျန်းယုရှန်က အမြန်ပြေးလာမှာပဲ။ အချိန်ကျရင် ချူးယွင်ဖန်းက အသေကောင်ဖြစ်မှာကဖြစ်မှာပဲလေ”
“ကျန်းယုရှန်က ချူးယွင်ဖန်းကို ကိုင်တွယ်ဖို့ တော်တော် ဒုက္ခရောက်ခံနေတာပဲ စိတ်လွတ်သွားပြီထင်တယ်။ ချူးယွင်ဖန်းက တကယ်ပဲ မြေကြီးနဲ့ ကောင်းကင်ရဲ့ အကွာအဝေးကို မသိဘူး။ ကျန်းမိသားစုကို ပေါ့ပေါ့တန်တန်စော်ကားခဲ့တာ။ ငါတို့ ဒီလေ့ကျင့်ရေးစခန်းမှာသာမရှိရင် သူသေနေပြီ။”
“ဟုတ်တယ်”
“အိုး ငါသေပြီးသွားပြီလား” နှစ်ဦးသား၏ အပေါ်မှ အသံတစ်ခုပေါ်ထွက်လာသည်။
စကားသံကြောင့် သူတို့ ချက်ချင်းတုန်လှုပ်သွားကြရာ၊ ခေါင်းကိုမော့ကြည့်လိုက်သောအခါတွ၍် ကောင်းကင်မှ ဆင်းလာသော လူတစ်ယောက်ကို မြင်လိုက်ရသည်။
၎င်းကို တားဆီးရန် လက်နက်များကို ကမန်းကတန်းမြှောက်လိုက်ကြသော်လည်း ဤလူ၏ လက်ထဲမှ လက်နက်သည် ပို၍ လျင်မြန်လွန်းသည်။ မှောင်ပိန်းနေသော တောအုပ်အလယ်တွင် မည်သည့်အရာကိုမျှ ရှင်းလင်းစွာမမြင်ရပေ။
ဓားသည် ကျောင်းသားတစ်ဦး၏ ခေါင်းပေါ်သို့ တည့်တည့်ကျလာသည်။
အဖြစ်အပျက်သည် အလွန်လျင်မြန်လွန်းသဖြင့် ဒုတိယကျောင်းသားသည် တုန်လှုပ်ထိတ်လန့်ကာ ကြက်သေသေနေသည်။ မကြာသေးမီတွင် သတ်ဖြတ်ခြင်းများစွာကို ကြုံတွေ့ခဲ့ရသော်လည်း သူတို့ လူတစ်ဦးကို ယခင်က မသတ်ခဲ့ကြဖူးပေ။ မွန်းစတားများကို သတ်ခြင်း နှင့် လူကို သတ်ခြင်းသည် အလွန်ကွဲပြားသော အရာနှစ်ခုဖြစ်သည်။
ထို့အပြင်ဤမျှလျင်မြန်သော အန္တရာယ်ကျရောက်မည်ကို မမျှော်လင့်ထားခဲ့မိပေ။ မျက်စိတစ်မှိတ်အတွင်းတွင် အရာအားလုံး ဖြစ်ပျက်သွားခြင်းဖြစ်ကာ၊ မကြာသေးမီကတင် အသက်ရှင်ကာ ကန်ကျောက်နေခဲ့သော ၎င်း၏ တွဲဖက်သည် ယခု ချက်ချင်းသေဆုံးသွား၏။
ထိုသို့တိုက်ခိုက်သူမှာ ချူးယွင်ဖန်းမှလွဲ၍ အခြားသူမဟုတ်ပေ။
ချူးယွင်ဖန်း ဆက်လက်၍ ဓားဖြင့်တိုက်ခိုက်လျက်ရှိရာ ထိုအချိန်မှသာ ကျောင်းသားသည် သတိဝင်၍ တိုက်ခိုက်မှုကို တားဆီးရန် လက်နက်ကို မြှောက်လိုက်သည်။ သို့သော် ချူးယွင်ဖန်း၏ ဓားချက်ကို သူမတားဆီးနိုင်ခဲ့ပေ။ သူ့လက်နက်သည် ချက်ချင်းပင် လွင့်ထွက်သွားကာ၊သူ့ခေါင်းထဲမှ သွေးများ ပန်းထွက်လာပြီးနောက် ထိုဒုတိယကျောင်းသား၏ ဦးခေါင်းသည်လည်း ပြတ်ထွက်သွားသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် အလွန်လျင်မြန်ပြတ်သားကာ ကရုဏာကင်းသည်။
ဤကျောင်းသားများသည် ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသဖြင့် ဦးခေါင်းဖြတ်ခြင်းသည်သာ အလျင်မြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။ သို့မှမဟုတ်လျှင် တိုက်ပွဲသည် ကြာရှည်နေမည်ဖြစ်သည်။
သို့သော် ဤသည်မှာ ချူးယွင်ဖန်းအတွက် ပထမဆုံးအကြိမ် လူသတ်ခြင်းမဟုတ်ပေ။ ထိုသို့သတ်ဖြတ်ခြင်းနှင့် အသားမကျသေးသော်လည်း သူ့အပေါ်သို့ သက်ရောက်မှုအနည်းငယ်ရှိ၏။
ချူးယွင်ဖန်းသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သတ်လိုခြင်းမရှိပေ။ သို့သော် အမှတ်(၁)အထက်တန်းကျောင်းမှာ ဤလူနှစ်ယောက်သည် ကျန်းယုရှန်အားဝိုင်းကူကာ သူ့ကို သတ်ချင်ကြသည်။ ထို့ကြောင့် ယခု သူ့အပြုအမူအတွက် အပြစ်တင်၍မရပေ။
သူများအသက်ကိုသတ်ချင်လျှင် မိမိအသက်ကို စွန့်လွှတ်ရန်လည်း အဆင်သင့်ဖြစ်နေရမည်ဖြစ်သည်။
ဤကျောင်းသားနှစ်ဦးအား လျှပ်စီးအရှိန်ဖြင့် သတ်ပြီးသည့်နောက်တွင် အလျင်အမြန်ပင် နေရာမှထွက်ခွာခဲ့သည်။
မကြာမီတွင် ကျန်းယုရှန်ပေါ်လာကာ သူ့အပေါင်းအဖော်များ၏ခန္ဓာကိုယ်ကို မွန်းစတားမှား စားသုံးသွားသည်ကို ကြည့်၍ မျက်လုံးထဲမှ ဒေါသသည် ပို၍ တောက်လာသည်။
“ဒါ ချူးယွင်ဖန်းပဲဖြစ်ရမယ်။ အဲ့ မျိုးမစစ်ပဲဖြစ်ရမယ်” ကျန်းယုရှန်က အော်ဟစ်လိုက်သည်။
“ငါအခုလေးတင် သူတို့နှစ်ယောက် အော်သံကို ချန်နယ်ကနေကြားလိုက်ရတာ”
“စစ်တပ်ကို အကြောင်းကြားကြရအောင်။ ချူးယွင်ဖန်းက တကယ်ကို ခိုးတိုက်ပြီး လူတွေကို သတ်နေပြီ။ သူတကယ်သေတော့မယ်” အမှတ်(၁)အထက်တန်းကျောင်းသားတစ်ဦးက ဒေါသတကြီးပြောသည်။
“အရူး ဒီအချိန်မှာ စစ်တပ်ကို သတင်းပေးလိုက်ရင် ငါတို့ကိုယ်ငါတို့ ဖော်ကောင်လုပ်နေတာမဟုတ်ဘူးလား။ ချူးယွင်ဖန်းရဲ့ တည်နေရာကိုသိရဖို့ လူတွေကို ပိုက်ဆံပေးနေမှန်း လူတိုင်းသိတယ်။ နောက်ပြီး ငါတို့မှာ သက်သေရှိလို့လား” ကျန်းယုရှန်က အေးစက်စွာပြောသည်။
“အရေးအကြီးဆုံးက သူ့ကို စစ်တပ်က အရေးယူတာမျိုးမဖြစ်စေချင်ဘူး။ ငါကိုယ်တိုင်သတ်ချင်တာ။ မဟုတ်ရင် ငါ့ရင်ထဲက အမုန်းတွေကို ဘယ်လိုရှင်းရမလဲ”
“သူ့ကို ရှာကြ။ ဒီနှစ်ယောက်ကို အခုလေးတင်သတ်သွားတာဆိုတော့ သူဝေးဝေးမရောက်လောက်သေးဘူး”
ကျောင်းသားနှစ်ယောက်ကို သတ်ပြီးနောက်တွင် ချူးယွင်ဖန်း၏ ခံစားချက်ပိုကောင်းလာခဲ့သည်။ သို့သော် နောက်တစ်စက္ကန့်တွင်ပင် အန္တရာယ်နီးကပ်လာသည်ကို ခံစားလိုက်ရသည်။
ချက်ချင်းပင် ကောင်းကင်နတ်ဘုရား အသွင်ပြောင်းခြင်းကို အသုံးပြုကာ နေရာမှ ထွက်ခွာသွား၏။
ဘွန်း
ချူးယွင်ဖန်း မတ်တပ်ရပ်နေသော နေရာဆီသို့ ကြမ်းတမ်းသော တူကြီးတစ်ခု ကောင်းကင်မှကျလာရာ၊ ကျယ်လောင်သော အသံပေါ်ထွက်လာ၏။ လူတစ်ရပ်စာမျှရှိသော ကြီးမားသည့် တူကြီးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာ၍ မြေကြီးများကွဲအက်ကာ တုန်ခါသွားသည်။
လူတစ်ယောက်ကိုသာတိုက်ရိုက်ထိမှန်လျှင် အကျိုးဆက်သည် မှန်းဆ၍ရလိမ့်မည်မဟုတ်ပေ။
တူ၏အပေါ်တွင် တုတ်ခိုင်သော လူတစ်ယောက် မတ်တပ်ရပ်လျက်ရှိသည်။
သူသည် အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားကာ၊ အဝေးမှကြည့်လျှင်ပင် သူ့ထံမှ ဖြာထွက်နေသော အန္တရာယ်များသည် အရှိန်အဝါကို မြင်နိုင်၏။
အခန်း(၂၅၁) လန်ဟွမ်ယုအား ဓားတစ်ချက်တည်းဖြင့်သတ်ခြင်း
မျက်နှာဖုံးတပ်ထားသောကြောင့် ထိုခပ်ဝဝပုဂ္ဂိုလ်၏မျက်နှာကို ရှင်းလင်းစွာ မမြင်ရချေ။
ဤသမရိုးကျကိုယ်ခန္ဓာမျိုးရှိသည့် ခပ်ဝဝလူသည် အလွန်အန္တရာယ်ပြင်းသော အရှိန်အဝါများထုတ်လွှတ်လျက်ရှိသည်။ ထိုလူတွင် ၊ စစ်မြေပြင်၌ ကာလရှည်နေခဲ့သည့်လူတစ်ယောက်၏ သတ်ဖြတ်လိုစိတ် အပြင်းအထန်ရှိနေရာ၊ ကျောင်းသားတစ်ယောက်ကဲ့သို့မဟုတ်ပေ။
ချူးယွင်ဖန်း၏ စိတ်ထဲ၌ အရေမတွက်နိုင်သော အတွေးများ အဆက်မပြတ် ပေါ်ထွက်လာသည်။ ဤသည်မှာ ရှင်သန်ရေးအစီအစဥ်အတွက် လေ့ကျင့်ရေးကွင်းဖြစ်သည်။ အစီအစဥ်မစတင်မီတည်းက စစ်တပ်သည် နယ်မြေရှင်းလင်းနှင့်ပြီးဖြစ်သဖြင့်၊ တစ်နည်းပြောရလျှင် ပြင်ပလူခိုးဝင်၍ရနိုင်ချေ လုံးလုံးမရှိပေ။ နယ်မြေသန့်ရှင်းပြီးနောက်တွင် လျှပ်စစ်သံလိုက်နံရံကို စိုက်ထူခဲ့ကြသည်။
ကမ္ဘာမြေတွင် သိုင်းပညာတိုးတက်လာသကဲ့သို့ နည်းပညာသည်လည်း နောက်ကျကျန်နေခဲ့ခြင်းမရှိပေ။ တစ်နည်းအားဖြင့် သိုင်းပညာနှင့် တန်းတူဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။
အချို့သော အစွမ်းထက်လက်နက်များသည် ထိပ်တန်းသိုင်းပညာများကိုပင် အသက်အန္တရာယ်ခြိမ်းခြောက်နိုင်၏။ ဤလျှပ်စစ်သံလိုက်နံရံသည် နံရံအစစ်မဟုတ်သော်လည်း ဖြတ်သန်းသွားလာရန် အလွန်ခက်ခဲ့သည်။ ၎င်း၏ စွမ်းအင်များကုန်ဆုံးမသွားပါက မွန်းစတားများစွာ၏ တိုက်ခိုက်မှုကိုပင် ခံနိုင်မည်ဖြစ်ရာ၊ လူသားတစ်ဦးသည် လျှပ်စစ်သံလိုက်နံရံကို ကျော်နိုင်မည်မဟုတ်ပေ။ မည်သူမျှ မကျော်ဖြတ်နိုင်သည်မဟုတ်သော်လည်း ဤလူသည်မူ ကြောက်မက်ဖွယ်အရှိန်အဝါမှလွဲ၍ သန်မာပုံမပေါ်လှပေ။
အရာအားလုံးသည် နေ့တစ်နေ့အဖြစ်ကြည်လင်ရှင်းလင်းသွားသည်။
“တပ်သားတွေ” ချူးယွင်ဖန်းက ရုတ်တရက် ပါးစပ်မှထွက်ပြောလိုက်မိသည်။
ဤသည်မှာ တပ်သားမဟုတ်ပေ။ တပ်သားဆိုလျှင် အဘယ်ကြောင့် သူ့နောက်လိုက်လိမ့်မည်နည်း။
“ခင်ဗျားက နတ်ဆိုးဂိုဏ်းရဲ့ သူလျှိုဖြစ်လာတဲ့ စစ်သားတစ်ယောက်ပဲ”
ချူးယွင်ဖန်း ချက်ချင်းသဘောပေါက်သွား၏။ နတ်ဆိုးဂိုဏ်းသည် ပြည်ထောင်စုအစိုးရနှင့် တပ်မတော်အတွင်းသို့ လျို့ဝှက်ဝင်ရောက်နေကြောင်း သူကြားသိခဲ့ရသည်။ ဤအခြေအနေကို ကြည့်လျှင် ယင်းသည် အမှန်တကယ်ဖြစ်နေခြင်းပင်ဖြစ်၏။
ချူးယွင်ဖန်းက နောက်သို့ပြန်ဆုတ်ကာ ထွက်ပြေးခါနီးတွင် သူ့နောက်၌ လူတစ်ယောက်ပေါ်လာ၏။ ဤလူသည် သံမဏိတာဝါတစ်ခုကဲ့သို့ ခန္ဓာကိုယ်တောင့်တင်းသည်။ သူသည်လည်း အနက်ရောင်သံချပ်ကာကိုဝတ်ဆင်ကာ မျက်နှာဖုံးတပ်ထား၏။ သို့သော် နှစ်ဦးလုံး၏ ရုပ်ပိုင်းဆိုင်ရာပုံပန်းသဏ္ဍာန်သည် ဆင်တူ၏။ ၎င်းတို့ကို လူအုပ်ထဲတွင် ရှာရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ မှန်သည်။ ထိုသို့ရှာတွေ့နိုင်ရန် လိုအပ်ချက်မှာ ဤနေရာမှ ဦးစွာပထမ လွတ်မြောက်ရမည်ဖြစ်သည်။
“မင်းက တော်တော်ကျွမ်းကျင်တာပဲ ငါတို့ မင်းကို အထင်သေးခဲ့တယ်” ထိုတောင့်တင်းသော ပုဂ္ဂိုလ်ကပြောသည်။
များမကြာမီတွင် လူတစ်ယောက် အရိပ်ထဲမှထွက်လာ၏။ ချူးယွင်ဖန်းသေချာကြည့်သောအခါ ဤလူသည် စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်ရှိ လက်ရွေးစင်ကျောင်းသား လန်ဟွမ်ယုဖြစ်ကြောင်း သိလိုက်ရသည်။
“မင်းလည်း ဂိုဏ်းကလား” ချူးယွင်ဖန်းက အော်လိုက်သည်။
လန်ဟွမ်ယုက အနည်းငယ်ထိတ်လန့်သွားသည်။ ချူးယွင်ဖန်းသည် ဤအရာများကို အလျင်အမြန်နားလည်သဘောပေါက်လိမ့်မည်ဟု မထင်ခဲ့ပေ။
“မင်း ငါ့နောက်ကြောင်းကို ဒီလောက်မြန်မြန်ကောက်ချက်ချနိုင်မယ်လို့ မထင်ထားဘူး” လန်ဟွာယု၏ မျက်လုံးများ ဖျတ်ခနဲလတ်သွားသည်။
“ငါပြောစရာရှိတယ်။ သာမန်ကျောင်းကလာတဲ့ မင်းက အဲ့လို အထင်ကြီးစရာကောင်းလောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ငါတို့ဂိုဏ်းကို ဆန့်ကျင်တာ နှမျောစရာပဲ။ အခု မင်းရဲ့တစ်ခုတည်းသော ရွေးချယ်စရာက ငရဲကိုသွားဖို့ပဲ”
“ကျန်းယုရှန်ရဲ့ လူတွေကသာ မင်းကို လိုက်မရှာနေရင် ငါမင်းကိုရှာတွေ့ဖို့ လွယ်မှာမဟုတ်ဘူး”
ချူးယွင်ဖန်းသည် ရန်သူဖြစ်သော နတ်ဆိုးဂိုဏ်းကို မည်သို့ ကိုင်တွယ်ရမည့် နည်းလမ်းများကို လျှို့ဝှက်စွာတွေးနေရသူသည် သူတစ်ဦးတည်းမဟုတ်ကြောင်း နောက်ဆုံးတွင် နားလည်သွားသည်။ ဂိုဏ်းချုပ်သည်လည်း သူ့ကို မည်သို့ဖယ်ရှားရန် တွေးနေခဲ့ခြင်းဖြစ်ရာ၊ သူတို့သည် သူ့ကို ဆူးပင်တစ်ပင်အဖြစ် နှစ်ပေါင်းများစွာ ရှု့မြင်ခဲ့ကြသည်။ ထို့အပြင် သူတို့သည် ကျန်းယုရှန်၏ ရှာဖွေမှုကို အခွင့်ကောင်းယူကာ သူ့ကို ရှာဖွေခဲ့ကြသည်။
ချူးယွင်ဖန်းက အရာအားလုံးကို သဘောပေါက်နားလည်သွားသည်။ ယခင်က လန်ဟွမ်ယုသည် သူ့အားတားဆီးရန် ကျောင်းသားများစွာကို စုခဲ့ဖူးသည်။ နယ်မြေ(၂)၏ ဂုဏ်သရေအတွက် ပြုလုပ်ခဲ့ခြင်းဟုဆိုရမည်ထက် အခြားရည်ရွယ်ချက်တစ်ခုရှိနေခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကမူ လန်ဟွမ်ယု မည်သူမည်ဝါဖြစ်ကြောင်းကို မည်သူမျှ မသိခဲ့ကြပေ။
“ဂုဏ်သရေကြီးမားလှတဲ့ နတ်ဆိုးဂိုဏ်းက ငါ့လို ငနုလေးကို အာရုံစိုက်မယ်လို့မထင်ထားဘူး” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။ ထိုသို့ပြောနေချိန်တွင် သူ့မျက်လုံးများသည် မြေကြီးကိုသာစိုက်ကြည့်ကာ ဤဝန်းဝိုင်းခံထားရမှုမှာ လွတ်မြောက်မည့်ထွက်လမ်းကိုရှာဖွေနေ၏။
စစ်တပ်တွင် ထည့်ထားသော သူလျှိုနှစ်ဦးသည် လက်ရွေးစင်များဖြစ်ကြရာ၊ စွမ်းအင်သန့်စင်ခြင်းအထွတ်အထိပ်အဆင့်တွင်ရှိနိုင်လောက်သည်။ သူ့ညီမကို ပြန်ပေးဆွဲရန်ကြိုးစားခဲ့သော အနက်ရောင်ဝတ်အမျိုးသမီးထက်တော့ အဆင့်မနိမ့်ပေ။ ချူးယွင်ဖန်း၏ စွမ်းအားသည် ယခင်ကထက်ပိုမို တိုးတက်လာသော်လည်း ဤနှစ်ယောက်သည်မူ ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားခြင်းဖြစ်သဖြင့် အနိုင်ရနိုင်ချေနည်းပါးသည်။
“ဒါ ငါတို့ခေါင်းဆောင်အသစ်က အမိန့်ပေးထားတာပဲ။ အခု မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ပထမတစ်ခုက မင်း သေ၊ ဒုတိယတစ်ခုကတော့ ငါတို့နဲ့လိုက်ခဲ့ပြီး ဂိုဏ်းမှာ တာဝန်ထမ်းဆောင်တာပဲ” လန်ဟွမ်ယုကပြောသည်။
ဂိုဏ်းမှာ တာဝန်ထမ်းဆောင်ဟုပြောခြင်းသည် ချူးယွင်ဖန်းအား ဦးနှောက်ဆေးချင်ခြင်းပင်ဖြစ်ကြောင်းသိသာ၏။ ဂိုဏ်းသို့ဝင်ခဲ့သော ၎င်းတို့အများစုသည် မိမိတို့စိတ်သဘောဆန္ဒအရမဟုတ်ကြပေ။ သူတို့သည် အချိန်ကြာမြင့်စွာ ဦးနှောက်ဆေးခံခဲ့ကြရပြီးမှ ဂိုဏ်းတွင် တာဝန်ထမ်းဆောင်ကြရခြင်းဖြစ်သည်။
“ထွက်ပြေးဖို့တို့ အကူညီတောင်းဖို့တို့တွေးမနေနဲ့။ ဒီနားတစ်ဝိုက်မှာ အချက်ပြတာပိတ်ထားတယ်။ ငါတို့ မင်း ဒီနေရာကနေ အသက်ရှင်လျက်ထွက်မသွားနိုင်အောင် သေချာစီစဥ်ထားပြီးသား” လန်ဟွမ်ယုက ဂုဏ်ယူဝံ့ကြွားစွာပြောလိုက်သည်။
သူမလှုပ်ရှားခင်တည်းက အရာအားလုံးကို တွေးတောထားနှင့်ပြီးဖြစ်သည်။ သူ့မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် ပိုက်ကွန်ထဲဖမ်းထားသည့် ငါးတစ်ကောင်ဖြစ်သည်။
ချူးယွင်ဖန်း လွတ်လမ်းမရှိပေ။
“မင်း သေချာပြင်ဆင်ထားတာပဲ” ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
“ဟုတ်တယ်။ မင်းကိုဖမ်းဖို့လေ” လန်ဟွမ်ယု စကားမဆုံးခင်တွင် အနက်ရောင်အရိပ်တစ်ခု သူ့ထံသို့ ပြေးဝင်လာ၏။
လန်ဟွမ်ယုသည် ထိတ်လန့်ကာဒေါသထွက်သွားသည်။
“မင်းက ခုခံရဲသေးတယ်ပေါ့”
ချူးယွင်ဖန်းသည် လက်နက်မချဘဲ၊ သူ့ကိုတိုက်ခိုက်ရဲလိမ့်မည်ဟု မမျှော်လင့်ထားပေ။
တစ်ချိန်တည်းတွင်ပင် စွမ်းအင်သန့်စင်ခြင်းအထွတ်အထိပ်ရှိ သိုင်းသမားနှစ်ယောက်သည် ချူးယွင်ဖန်းအားတိုက်ခိုက်ကြသည်။ ကြီးမားသော တူကြီးသည် ချူးယွင်ဖန်းထံသို့လွင့်လာ၏။
ချူးယွင်ဖန်းသည် တွေးချိန်ပင်မချန်ဘဲ၊ လျင်မြန်သွက်လက်သော ခြေလှမ်းများဖြင့် လန်ဟွမ်ယု၏ရှေ့သို့ရောက်လာ၏။ သူသည် ဤဓားချက်တစ်ခုတည်းတွင်သာ အာရုံစိုက်ထားသည်။ ဤသည်က သူ့အတွက်တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်းသူသိသဖြင့် အကယ်၍ အခွင့်အရေးကို လွတ်သွားပါက ဤသိုင်းသမားနှစ်ဦး၏ လက်ထဲမှ လွတ်မြောက်ရန် သူ့အတွက်အလွန်ခက်ခဲပေလိမ့်မည်။ ထိုကဲ့သို့ ဖြစ်လျှင် Mountain River Diagram ထဲတွင် ပုန်းနေရလိမ့်မည်ဖြစ်ရာ၊ သူ၏ လျှို့ဝှက်လက်နက်ကို ထုတ်ဖော်ပြသချင်စိတ်မရှိပေ။ ဂိုဏ်းမှ ထပ်မံ၍ ဖိတ်ခေါ်လာမည်ကို မလိုလားတော့ပေ။ လူသားများသည် အာကာသနည်းပညာကို ကျွမ်းကျင်ခြင်းမရှိကြသေးသဖြင့် အာကာသဆိုင်ရာရတနာများသည် အဖိုးတန်ပစ္စည်းများဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းတွင် ရွေးချယ်စရာမရှိပေ။
“ကောင်းကင်မိုးကြိုး”
သူ၏ ဓားသည် ကမ္ဘာတစ်ခုလုံးကို ခွဲပစ်တော့မည့်ပုံစံဖြင့် အနက်ရောင်အလင်းတန်းတစ်ခု လွှင့်ထုတ်ပစ်လိုက်သည်။
ဓားသည် လန်ဟွမ်ယု၏ လည်ပင်းသို့တည့်တည့်ကျပြီးနောက်၊ ခေါင်းသည် အဝေးသို့လွင့်ထွက်သွား၏။
အခန်း((၂၅၂) လွတ်မြောက်ရေးအစီအစဥ်
လန်ဟွမ်ယု၏ ဦးခေါင်းလွင့်ထွက်သွားချိန်တွင် သူ၏ မျက်နှာထက်၌ မယုံမကြည်နိုင်ဖြစ်နေသော အမူအရာတစ်ခု ထင်ဟပ်လျက်ရှိသည်။ ချူးယွင်ဖန်း၏ ဓားတစ်ချက်တည်းကိုပင် မတားဆီးနိုင်ခဲ့သည့်အတွက် မကြည်နိုင်ဖြစ်နေသော်လည်း သူ့တွင် တုံ့ပြန်ရန် အချိန်ပင်မရှိပေ၊ လုံးရှုံးနိမ့်ခဲ့သည်။
ချူးယွင်ဖန်း၏ လျပ်တပြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း လန်ဟွမ်ယုသည် အသင့်ပြင်ထားခဲ့သည်။ ယခင်က ချူးယွင်ဖန်းထံတွင် အပြတ်အသတ်အရှုံးပေးခဲ့ရဖူးသဖြင့် သူအဘယ်သို့ မပြင်မဆင်နေလိမ့်မည်နည်း။ သက်တောင့်သက်သာဖြစ်နေပုံပေါ်သော်လည်း လက်တွေ့တွင်မူ စိုးရိမ်စိတ်ဖြင့် အသက်ရှုရခက်နေသည်။ သို့ရာတွင်၊ ချူးယွင်ဖန်း၏ လျပ်တပြတ်တိုက်ခိုက်မှုကို တကယ်တမ်းရင်ဆိုင်လိုက်ရသောအခါတွင်မူ ၎င်းကို မတားဆီးနိုင်ခဲ့ပေ။ ချူးယွင်ဖန်းလက်ထဲတွင် ချက်ချင်းရှုံးနိမ့်သွားခဲ့ရသည်။
“ငါရှုံးသွားပြီ” လန်ဟွမ်ယု၏ နောက်ဆုံးအတွေးပင်ဖြစ်သည်။
ဤသည်မှာ ချူးယွင်ဖန်း၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ အခွင့်အရေးကို အမိအရဆုတ်ကိုင်ကာ လန်ဟွမ်ယုကို ချက်ချင်းသတ်ပစ်လိုက်ပြီးနောက် လွတ်မြောက်နိုင်မည့်လမ်းကို ဖန်တီးကာ ထွက်ပြေးခဲ့သည်။
ချူးယွင်ဖန်းသည် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်းကို အသုံးပြုကာ ချက်ချင်းပင်ထွက်ပြေးသွားခဲ့သည်။ တစ်ခဏအတွင်းတွင်ပင် ဝန်းဝိုင်းခံထားရမှုမှ ဖောက်ထွက်ကာ တောအုပ်၏ အခြားတစ်ဖက်သို့ ဦးတည်လိုက်သည်။ သူထွက်လာသည့်အခိုက်အတန့်တွင်ပင် အခြားလူနှစ်ယောက်သည် သူရပ်နေသောနေရာ၌ပေါ်လာကြသည်။ ၎င်းတို့နှစ်ဦးသည် နတ်ဆိုးဂိုဏ်းမှ သူလျှိုများဖြစ်ကြသည်။ အထူးသဖြင့် ခပ်ဝဝတပ်သားသည် လျှပ်စီးကဲ့သို့ လျင်မြန်သည်။ သူသည် လူသားအရွယ်တူတစ်ချောင်းကို ကိုင်ဆောင်ထားသော်လည်း ထိုမျှ ထိတ်လန့်ဖွယ်ရာအရှိန်ဖြင့် သွားလာနိုင်သေးသည်။ ဤသည်မှာ အလွန်ကြီးမားချဲ့ကားနိုင်လောက်သော အတိုင်းအတာအထိရှိနေသည့် စစ်မှန်သော မွေးရာပါ မြင့်မြတ်သည့်စွမ်းအင်ပင်ဖြစ်သည်။
“သွား” ထိုလူနှစ်ဦးသည် အော်လျက်နောက်မှလိုက်လာကြသည်။
၎င်းတို့သည် ချူးယွင်ဖန်းထက် ရုပ်ပိုင်းဆိုင်ရာ ပိုမိုကြံ့ခိုင်ကာ လျှပ်စီးတစ်စင်းကဲ့သို့ မြန်ဆန်ကြသည်။ စက္ကန့်အနည်းငယ်အတွင်းတွင်ပင် သူတို့နှစ်ဦးလုံးသည် ချူးယွင်ဖန်း၏ အနောက်သို့ရောက်နေပြီဖြစ်သော်လည်း ချူးယွင်ဖန်းသည်လည်း အလွန်လျင်မြန်သည်ကို တွေ့လိုက်ကြရသည်။ သူ၏ ကျင့်ကြံရေးအဆင့်သည် စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်တွင်ရှိသော်လည်း သူတို့နှင့် ယှဥ်၍ရနိုင်သည်။ အရေးအကြီးဆုံးမှာ အံ့ဖွယ်ကောင်းသောနည်းလမ်းများဖြင့် သူတို့၏လိုက်လံဖမ်းဆီးမှုကို ရှောင်တိမ်းနေနိုင်ခြင်းဖြစ်သည်။
ဘမ်း
ဘမ်း
ဘမ်း
ကြီးမားသော တူကြီးသည် မြေပြင်ပေါ်သို့ အဆက်မပြတ်ရိုက်ခတ်ကာ လမ်းတစ်လျှောက်တွင် အမှတ်အသားများစွာကျန်ခဲ့သည်။ မြေပြင်တစ်ခုလုံးတုန်လှုပ်သွားသဖြင့် ချူးယွင်ဖန်း ဆွံ့အသွားရသည်။ အကယ်၍ ဤသည်မှာ မွေးရာပါ စွမ်းအင်မဟုတ်လျှင် အလွန်ချဲ့ကားနေခြင်းဖြစ်လိမ့်မည်။ ၎င်းသည် မူမမှန်လုနီးပါးဖြစ်လောက်သည်အထိ ကြီးမားလွန်းလျက်ရှိသည်။ ချူးယွင်ဖန်းသည် သာမန်လူများနှင့် ယှဥ်လျှင် အလွန်သန်မာသော်လည်း သူ့ပြိုင်ဘက်၏ လေးလံသော လက်နက်များကို လက်တစ်ဖက်တည်းဖြင့် အနိုင်ယူလေ့ရှိသော်လည်း ဤကြောက်မက်ဖွယ်ခွန်အားနှင့်ယှဥ်လျှင် သူ၏ ခွန်အားသည် မည်သို့မျှမဟုတ်ပေ။ အကယ်၍ ဤကြောက်မက်ဖွယ်တူသည် လူတစ်ယောက်၏ ကိုယ်ပေါ်သို့ ကျရောက်ပါက ချက်ချင်းပင် သေဆုံးသွားနိုင်၏။ အကယ်၍ ကျန်းယုရှန်သာ အရိုက်ခံရလျှင် သူ့ခန္ဓာကိုယ်မှအရိုးများအားလုံး ကျိုးကြေသွားနိုင်၏။ အဆိုးဆုံးအနေဖြင့် သူချက်ချင်း သေဆုံးသွားနိုင်သည်။
တစ်စုံတစ်ယောက်၏ ခွန်အားသည် အဆင့်တစ်ခုသို့ရောက်သောအခါ ပြိုင်ဘက်၏ အရှိန်နှင့် သိုင်းများသည် ဟာသတစ်ခုထက်ပိုလိမ့်မည်မဟုတ်ပေ။ ၎င်းတို့အားလုံး လုံးလုံး အသုံးဝင်တော့မည်မဟုတ်ပေ။
အချိန်တိုအတွင်းတွင် ချူးယွင်ဖန်းသည် နက်နဲသော တောအုပ်၏ အစွန်းဘက်သို့ရောက်နေပြီဖြစ်ကာ အဝေးမှကြည့်လျှင် သူတို့၏ ရှေ့တည့်တည့်၌ လျှပ်စစ်သံလိုက်နံရံတစ်ခု ရှိနေသည်ကို မြင်ရနိုင်၏။ ၎င်းသည် စွမ်းအင်စက်ကွင်းတစ်ခုကို ထုတ်လွှတ်လျက်ရှိရာ၊ အလွန် အန္တရာယ်များသော ခံစားချက်ကို ပေးစွမ်းနိုင်၏။
“ဟားဟား မင်းလွတ်နိုင်မှာမဟုတ်ပါဘူး” တပ်သားက ချူးယွင်ဖန်းကို အမှီလိုက်နိုင်သဖြင့် ကျယ်လောင်စွာရယ်လိုက်သည်။
သူ့အနားတွင် ခပ်ဝဝတပ်သားသည် တူကို ကိုင်ထားကာ နံရံ၏ဘေးဘက်သို့ပြေးသွားသော ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။ ချူးယွင်ဖန်းသည် အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိပေ။ နံရံဆီသို့ပြေးသွားသည်နှင့် လမ်းကြောင်းတစ်ခုပွင့်လာရာ၊ ချူးယွင်ဖန်းသည် နံရံကို ဖြတ်ကျော်နိုင်ခဲ့သည်။
“ဟင့်အင်း၊ ငါတို့ဒါကို မေ့သွားတယ်”
ထိုမှသာ သူလျှိုနှစ်ယောက်သည် ကျောင်းသားတစ်ဦးစီ၏ နံပါတ်ပြားပေါ်တွင် လျှပ်စစ်သံလိုက်နံရံကို ဖြတ်ကျော်နိုင်မည့် အီလက်ထရွန်းနစ်စကားဝှက်တစ်ခုပါရှိသည်ကို သတိရမိသွားသည်။ ဤသည်မှာ ကျောင်းသားများကို လျှပ်စစ်သံလိုက်နံရံနှင့် မတော်တဆထိခိုက်မိခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ ၎င်းသည် ကျောင်းသားများအတွက် ကြိုတင်ကာကွယ်မှုတစ်ခုဖြစ်ရာ၊ ယခုအခိုက်အတန့်တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ခဲ့သည်။
သူလျှိုနှစ်ယောက်က အလျင်အမြန်ပင်လိုက်ဖမ်းသည်။ ၎င်းတို့တွင် စစ်သားနံပါတ်ပါရှိသဖြင့် ဤလျှပ်စစ်သံလိုက်နံရံကို ကျော်ဖြတ်နိုင်သည်။ သို့သော် ချူးယွင်ဖန်းသည် ဤအချိန်အတွင်းတွင် အမြန်ပြေးခဲ့ရာ၊ ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာသည် ဤလူနှစ်ဦးထက် မကြံ့ခိုင်သော်လည်း သူ၏ ခြေကွက်သည် အံ့သြစရာပင်ဖြစ်သည်။
“လိုက်ရှာစမ်း၊ သူ ဒီအရှိန်နဲ့ ကြာကြာပြေးနိုင်မှာမဟုတ်ဘူး”
ခပ်ဝဝတပ်သားသည် ချူးယွင်ဖန်း၏ နောက်သို့ ချက်ချင်းပြေးလိုက်သည်။
သူတို့နှစ်ယောက်လုံး ပြေးလိုက်ကြခြင်းဖြစ်သော်လည်း ဖမ်းလုနီးပါးဖြစ်သောအခါတွင် ချူးယွင်ဖန်းသည် ကြီးမားသော ကျောက်တုံးများနောက်တွင် ပုန်းအောင်းနေလိုက်သည်။ သူတို့နှစ်ဦး ဤကျောက်တုံးများအနီးသို့ရောက်သောအခါတွင်မူ သူ့အားမတွေ့ရတော့ပေ။
“ဒါဘယ်လိုဖြစ်နိုင်မှာလဲ ဒီကျောက်တုံးတွေနောက်မှာ ပုန်းနေတာ သေချာတွေ့လိုက်ပါတယ်” စစ်သားကပြောလိုက်သည်။
“မဖြစ်နိုင်ဘူး။ သူခပ်ဝေးဝေးကိုမရောက်လောက်သေးဘူး။ ငါတို့ လူခွဲပြီးရှာကြည့်ရအောင်။ သူ့ကို မဖမ်းနိုင်ရင် ဌာနခေါင်းဆောင်က ငါတို့ကို ဘာလုပ်မလဲဆိုတာ မင်းသိတယ်မလား” ကြွက်သားတောင့်တင်းသော တပ်သားကပြောလိုက်သည်။
ခပ်ဝဝတပ်သားသည် အလွန်ကြောက်စရာကောင်းသော အရာတစ်ခုကို တွေးလိုက်မိသည့်နှယ် ချက်ချင်းထိတ်လန့်သွားသည်။ သူတို့နှစ်ဦး လူခွဲလိုက်ကြကာ ချူးယွင်ဖန်းကို ဆက်လက်ရှာဖွေကြသည်။ အချိန်အတော်ကြာပြီးနောက်တွင် ခပ်ဝဝတပ်သားသည် ကျောက်တုံးများအနီးသို့ ပြန်ရောက်လာသည်။ ဤနေရာတွင် မည်သည့်အရိပ်အယောင်မျှ မရှိသည်ကို သူမြင်၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီနားမှာ တကယ်ဘယ်သူမှမရှိဘူး”
“သူတကယ် ဒီမှာမရှိဘူးလား”
ဤသို့တွေး၍ ပဟေဠိဖြစ်ကာ ခပ်ဝဝတပ်သားက အမြန်ပြေးထွက်သွား၏။
ခဏအကြာတွင် ချူးယွင်ဖန်းသည် ကျောက်တုံးကြီးများနောက်တွင် ပြန်ပေါ်လာ၏။
“အဲ့ တပ်သားက တကယ်သတိရှိတာပဲ” ချူးဘွင်ဖန်းက မျက်မှောင်ကြုတ်ကာပြောလိုက်သည်။
ချူးယွင်ဖန်းသည် ကြီးမားသော ကျောက်တုံးကြီးများနောက်တွင် ပုန်းအောင်း၍ရနိုင်မည့် အခွင့်အရေးကိုယူကာ တောင်မြစ်ပန်းချီကားအတွင်းရှိနေရာသို့ဝင်ရောက်လာခဲ့သောကြောင့် သူတို့နှစ်ဦး၏ လိုက်လံဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ခဲ့သည်။ သူတို့ ဤမျှထိ သတိထားမိလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သူတစ်နေရာတည်းတွင်ပုန်းနေကြောင်းသံသယရှိကြသဖြင့် ထွက်သွားဟန်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက်မှ ပြန်လာကာ သူ့အား ဖမ်းရန်ရည်ရွယ်ထားကြသော်လည်း ကံကောင်းစွာဖြင့် ချူးယွင်ဖန်းသည်လည်း သတိရှိနေခဲ့သည်။ မဟုတ်လျှင် လက်ပူးလက်ကြပ်မိသွားနိုင်၏။
ယခု ထိုသူနှစ်ဦးထံမှ လွတ်မြောက်ပြီဖြစ်သဖြင့် နောက်ဆုံးတွင် စဥ်းစားရန်အချိန်ရခဲ့သည်။ သူသည် မှောင်ရိပ်ထဲတွင်ပုန်းကွယ်နေကာ နတ်ဆိုးဂိုဏ်းသည် အလင်းရောင်ထဲတွင်ရှိနေ၏။ သူတို့၏ အရွယ်အစားဖြင့် ချူးယွင်ဖန်းကို သတိထားမိကြလိမ့်မည်မဟုတ်ပေ။ နတ်ဆိုးဂိုဏ်းနှင့် သူ့အကြားဆက်နွယ်မှုရှိခဲ့သည့် တစ်ခုတည်းသောအချိန်မှာ သူ့ညီမကိုကယ်တင်လိုက်ခြင်းဖြစ်သည်။ ဂိုဏ်းက သူ့အားသတိပြုမိကာ ဖယ်ရှားပစ်ရန်ကြိုးစားမည်ဟု သူမမျှော်လင့်ခဲ့ပေ။
ဆိုလိုသည်မှာ ချူးယွင်ဖန်းသည် သူထင်ထားသည်ထက် အန္တရာယ်ရှိနေခြံသည်။ အိမ်ပြောင်းခဲ့သည်မှာ မှန်သည်။ မဟုတ်လျှင် ဂိုဏ်းသည် သူ့အား တစ်ခုခုလုပ်ပြီးသည်မှာ ကြာနှင့်ပြီဖြစ်သည်။
ချူးယွင်ဖန်းက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ လက်ရှိတွင် သူသည် ရှင်သန်ရေးအစီအစဥ်၏ ဧရိယာနှင့် ဝေးကွာလျက်ရှိနေပြီဖြစ်သည်။