← Chapters

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း(၂၆၈) သန့်စင်ခြင်းအဆင့်ကိုယ်ရံတော်များ ငှားရမ်းခြင်း

သန်းငါးဆယ်သည် သာမန်အတန်းစားမိသားစု၏ ကမ္ဘာကို ဇောက်ထိုးလှန်ပစ်ရန် လုံလောက်သည်။ သန်းငါးဆယ်အတွက် သာမန်လူများကို သတ်ရခြင်းသည် တစ်စုံတစ်ခုကို အကြောင်းမရှိဘဲကောက်ယူခြင်းကဲ့သို့ လွယ်ကူ၏။

အမှောင်လမ်းကို လျှောက်ကာ၊ အစိုးရ၏ ဥပဒေများကို လုံးလုံးလျားလျားလျစ်လျူရှု့ထားသည့် လူယုတ်မာများအတွက်မူ ဤသည်မှာ အထူးလွယ်ကူ၏။

ဤသည်မှာ အလွန်ရိုးရှင်းသော အလုပ်တစ်ဖြစ်သည်။

ထို့အပြင် ၎င်းသည် ကြောက်မက်ဖွယ်အကောင်းဆုံးပင်ဖြစ်သည်။

တိုက်ခိုက်မှုပြီးနောက် ချူးယွင်ဖန်းသည် ရွှယ်ပိုင်လုံအား ဆက်သွယ်ခဲ့သည်။ ရွှယ်ပိုင်လုံ၏ အာဏာဖြင့် ဤကြေးစားလူသတ်သမားများ၏ ဇစ်မြစ်ကို အလွန်လျင်မြန်စွာရှာတွေ့ခဲ့သည်။ ကျန်းကျန်ယဲ့သည် မိမိအကြောင်းကို ဖုံးကွယ်ရန်ပင်ရည်ရွယ်ချက်မရှိခဲ့ပေ။ သူ၏ ဒေါသကို ဖြေဖျောက်ချင်ရုံမျှသာဖြစ်၍ လူတိုင်းကို ကျန်းကျန်ယဲ့နှင့် ကျန်းမိသားစု၏ ဒေါသကို နားလည်စေချင်ခြင်းဖြစ်သည်။ တကယ့်အပေးအယူသည်မူ သူသည် မှောင်ခိုစျေးတွင် နတ်ဆိုးဂိုဏ်း၏ ဌာနခွဲခေါင်းဆောင်၏ ဦးခေါင်းကို ဆုကြေးငွေဖွင့်ထားခြင်းပင်ဖြစ်သည်။ ချူးယွင်ဖန်းသည်မူ ပေါက်ကွဲမှု၏ ‌အောက်ဖျား၌သာရှိနေ၏။

“ကျန်းကျန်ယဲ့က မင်းနဲ့ မင်းမိသားစုတစ်ခုလုံးရဲ့ ခေါင်းတွေကို သန်းငါးဆယ်ပေးထားတယ်” ရွှယ်ပိုင်လုံက လိုင်းတစ်ဖက်မှပြောသည်။

ဤကာလအတွင်းတွင် ရွှယ်ပိုင်လုံသည်လည်း ဖိအားများစွာခံနေရသည်။ ကျန်းမိသားစုသည် စစ်တပ်၏ ခေါင်းကြီးပိုင်းများကို ဖိအားများစွာပေးခဲ့ရာ၊ သူ့ကျောထောက်နောက်ခံကြောင့်သာမဟုတ်လျှင် ကျန်းမိသားစုမှ သူ့အား ထုတ်ပစ်ခဲ့မည်မှာသေချာ၏။ အများသုံးပစ္စည်းများကို ကျန်းမိသားစုမှ သီးသန့်အသုံးပြုခြင်းကြောင့် သူစိတ်အနှောက်အယှက်ဖြစ်ရသော်လည်း ဤသည်မှာ အမှန်တရားဖြစ်သဖြင့် ၎င်းကို ပြောင်းလဲနိုင်ရန် နည်းလမ်းမရှိကြောင်းသူသိထားသည်။

“မင်း သတိထားရမယ်” ရွှယ်ပိုင်လုံကပြောသည်။

“ဗိုလ်ကြီးရွှယ်၊ စစ်တပ်ကနေအငြိမ်းစားယူထားတဲ့ ထိပ်တန်းသိုင်းပညာရှင်တွေကို ခင်ဗျားသိလား။ ကျွန်တော် အဲ့လူတွေကို ငှားချင်တယ်” ချူးယွင်ဖန်းက ခဏတာရပ်တန့်သွားပြီးနောက် ပြောလိုက်သည်။

ယွမ်သန်းငါးဆယ်ကို လိုချင်သူအများအပြားရှိလိမ့်မည်။ လဝိဉာဥ် အိမ်ရာအတွင်းရှိချိန်၌ လုပ်ကြံသူသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျင့်ကြံသူမဟုတ်ပါက ချူးယွင်ဖန်း စိုးရိမ်ရန်မလိုပေ။ သို့သော် ယွမ်သန်းငါးဆယ်ကိုရရန် မည်သူက သူတို့၏ အသက်ကို စတေးလိမ့်မည်နည်း။

သို့သော် အကယ်၍ သူ့မိသားစုဝင်များထဲမှ တစ်ယောက်ယောက်ကို လမ်းပေါ်၌ အတင်းအကြပ်ဖမ်းဆီးသွားလျှင် မည်သို့လုပ်ရမည်နည်း။ ၎င်းသည် အန္တရာယ်များသော်လည်း ယွမ်သန်းငါးဆယ်ပင် အမှန်ပင် ဆွဲဆောင်မှုရှိလှသည်။ သာမန်လူများ အလုပ်လုပ်လျှင်ပင် မရနိုင်သော ငွေဖြစ်၏။

“လူတချို့ကို ငါသိပေမယ့် သူတို့က စျေးမပေါဘူး”

“ငွေက ပြဿနာမဟုတ်ပါဘူး” ချူးယွင်ဖန်းက ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။

ကျန်းမိသားစုမှ ယွမ်သန်းငါးဆယ်ကို ဆုငွေအဖြစ်ပေးရုံသာမက ကိုးကွယ်ရေးဂိုဏ်းသည်လည်း သူ့မိသားစုအား ပစ်မှတ်ထားလျက်ရှိသည်။ သူ့မိသားစုများသည် သာမန်လူများဖြစ်သည့်အပြင် သူ့ညီမလေးသည်လည်း ယခုမှ ကျင့်ကြံကာစဖြစ်သဖြင့် စွမ်းအားမရှိပေ။ ထို့ကြောင့် သက်တော်စောင့်ငှားရန်လိုအပ်၏။ သူ့မိဘများ၏ လုံခြုံမှုအတွက် ငွေမည်မျှပင်ဖြစ်စေကာမူ အကုန်အကျခံနိုင်၏။

“မင်းအရမ်း ချမ်းသာတား ငါမသိလိုက်ဘူး” ရွှယ်ပိုင်လုံက ပြုံးရွှင်ကာပြောလိုက်သည်။

“မင်း တကယ် သက်တော်စောင့်ငှားသင့်တယ်။ မှောင်ခိုစျေးက ဆုငွေပဲဖြစ်ဖြစ် ဂိုဏ်းကပဲဖြစ်ဖြစ် မင်းကို ပြဿနာရှာလိမ့်မယ်။ ဒီကိစ္စတွေအကုန် အနယ်ထိုင်သွားရင်တော့ ငါတို့ ဆက်ပြောကြတာပေါ့”

“ချေမှုန်းတာကို အရှိန်မြှင့်ဖို့ ပြည်ထောင်စုအစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်မှာဆိုတော့ ဂိုဏ်းက မင်းကို ပြဿနာရှာဖို့ အချိန်ရှိမယ်မထင်ဘူး။ ဒါပေမယ့် ကျန်းမိသားစုကိစ္စအတွက်တော့ ငါဘာမှမလုပ်ပေးနိုင်ဘူး။ ဒီတစ်ကြိမ်တော့ မင်းတစ်ယောက်တည်းထိခိုက်တာမဟုတ်ဘူး။ ငါလည်း ဖိအားတွေအများကြီးအောက်မှာရောက်နေတယ်။ ငါ့မှာသာ ကျောထောက်နောက်ခံမရှိရင် အဆော်ခံလိုက်ရတာကြာပြီ” ရွှယ်ပိုင်လုံကပြောသည်။

“မင်း ပြည်ထောင်စုတက္ကသိုလ်ကို တက်နိုင်ရင် ပိုကောင်းလိမ့်မယ်။ တစ်ယောက်ယောက်က ယွမ်သန်းငါးဆယ်ကို လောဘဇောတက်နေရင်တောင် တက္ကသိုလ်ရဲ့ အရှိန်အဝါကို ထည့်စဥ်းစားကြရဦးမယ်။ ပြည်ထောင်စုတက္ကသိုလ်က သူ့ဘာသာကို အကြီးစားဖြစ်နေပြီမိုလို့ မင်းရဲ့ စီနီယာတွေကလည်း လူ့အဖွဲ့အစည်းရဲ့ အထက်တန်းစားတွေပဲ။ မင်းမိသားစုအပေါ်ကို လက်တောင်တင်ရဲကြမှာမဟုတ်ဘူး။ နောက်ဆုံးတော့လည်း ဘယ်သူက မိသားစုမရှိလို့လဲ။ လက်စားချေဖို့ မိသားစုဝင်တွေကို ထိပါးလာမယ်ဆိုရင် ဘယ်သူက သည်းခံနိုင်မှာလဲ”

ချူးယွင်ဖန်းသည် ရွှယ်ပိုင်လုံ၏ ဆိုလိုရင်းကို နားလည်သည်။ ပြည်ထောင်စုတက္ကသိုလ်သို့ တက်နိုင််သရေအရာအားလုံးသည် ကွဲပြားသွားပေလိမ့်မည်။ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတစ်ယောက်ဟူသော ဂုဏ်ပူ်သည် ထိုအစွန်းရောက်သမားများကို သူ့မိသားစုအပေါ်သို့ လက်မတင်ဝံ့လောက်သည်အထိ ဖြစ်သွားစေလိမ့်မည်ဖြစ်သည်။ ထို့အပြင် စစ်မှန်သော ကျွမ်းကျင်သူတစ်ဦးသည် ပြည်ထောင်စုတက္ကသိုလ်နှင့် ဟန်ဆောင်ရင်းနှီးမှုကို ယွမ်သန်းငါးဆယ်နှင့် လဲလှယ်လိမ့်မည်မဟုတ်ပေ။

“ကောင်းပြီ။ ကျွမ်းကျင်သိုင်းသမားငှားချင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ငါ့မှာ လုံခြုံရေးကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ ဦးလေးတစ်ယောက်ရှိတယ်။ စစ်တပ်က အငြိမ်းစားယူထားတဲ့ လက်ရွေးစင်တပ်သားတွေကို စုဆောင်းကြတာမို့လို့ အမျိုးသားရော အမျိုးသမီးရောရှိတယ်။ သူတို့က အကယ်အစွမ်းထက်ပြီးသစ္စာရှိကြပါတယ်။ တစ်ခုတည်းသော အားနည်းချက်ကတော့ စျေးနှုန်းအရမ်းမြင့်နေတာပဲ” ရွှယ်ပိုင်လုံကပြောသည်။

“ငွေက ပြဿနာမဟုတ်ပါဘူး။” သူသည် ပိုင်ဟုန့်ထံမှု ငွေအမြောက်အများရရှိတော့မည်ဖြစ်သဖြင့် မည်မျှပင် စျေးကြီးနေပါစေ၊ သူတတ်ကိုတတ်နိုင်ရမည်ဖြစ်သည်။

“ယေဘုယျ ပြောရရင် စွမ်းအင်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေကို တစ်လမှာ ဆယ်ဂဏန်းကနေ သိန်းနဲ့ချီပြီး အနည်းဆုံးပေးရတယ်။ စွမ်းအင်သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်ရှိတဲ့လူတွေဆိုရင် တစ်နှစ်တာ အခကြေးငွေက တစ်မီလီယံဝန်းကျင်ရှိတယ်”

“သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေကရော” ချူးယွင်ဖန်းကပြောသည်။

“မင်းကတကယ် အကောင်းကြိုက်တာပဲ။ ဒါပေမယ့် သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေရဲ့ ကြေးက ပိုမြင့်တယ်။ သာမန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေဆိုရင် တစ်နှစ်ကို ဆယ်သန်းလောက်ပေးရမယ်။ သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်ရောက်နေတဲ့လူတွေဆိုရင် သန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိရှိတယ်။ သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေက ပိုက်ဆံနဲ့ငှားလို့ရတာမျိုးမဟုတ်ဘူး”

ချူးယွင်ဖန်းသည် စျေးနှုန်းကြောင့် ဆွံ့အသွားရသည်။ တန်ဒါဂရုသည် သန့်စင်ခြင်းအဆင့်ရှိ ကျို့ဝမ်ဘင်တစ်ဦးတည်းကိုသာ ငှားရမ်းရန် တတ်နိုင်သည်မှာ အံ့သြဖွယ်မရှိပေ။

“ကျွန်တော့ကို တတ်နိုင်သမျှမြန်မြန် သန့်စင်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူခြောက်ယောက်လောက်ငှားပေးပါ။ အဲ့တာက ကောင်းကင်ဘုံကို လှန်ပစ်ဖို့ မလုံလောက်ဘူးလို့ ကျွန်တော်မယုံဘူး” ချူးယွင်ဖန်းက အံ့ကြိတ်ကာပြောလိုက်သည်။

သူသည် သူ့မိသားစုကို သတိပေးခြင်းမရှိ၊ လျှို့ဝှက်ကာကွယ်၍ ဤပြဿနာကို လျှို့ဝှက်စွာဖြေရှင်းရန် သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူခြောက်ဦးကို ငှားရမ်းရန် စီစဥ်ခဲ့သည်။

“ခြောက်ယောက်ဟုတ်လား။ သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေအတွက် အခကြေးငွေကို တစ်နှစ်စာ ကြိုပေးရမှာ” ချူးယွင်ဖန်း၏ ကြီးမားသော ဘဏ္ဍာရေးအရင်းအမြစ်များကြောင့် ရွှယ်ပိုင်လုံအံ့သြသွားသည်။ ဤသည်မှာ ဟာသတစ်ခုသာဖြစ်၏။

ကျွမ်းကျင်ပညာရှင် ခြောက်ဦးသည် အနည်းဆုံး သန်းဆယ်ဂဏန်းနှင့် အများဆုံး သန်းရာပေါင်းများစွာ ကုန်ကျမည်ဖြစ်သည်။ ရွှယ်ပိုင်လုံပင်လျှင် ဤမျှများပြားသော ငွေပမာဏကို တစ်ကြိမ်တည်းထုတ်ပေးနိုင်လိမ့်မည်မဟုတ်ပေ။

“ဟုတ်တယ်၊ ခြောက်ယောက်” ချူးယွင်ဖန်းက ခေါင်းညိတ်သည်။

မှန်သည်၊ ချူးယွင်ဖန်းတွင် လတ်တလော ပိုက်ဆံမရှိသေးသော်လည်း ပိုင်ဟုန်ထံမှ ငွေအနည်းငယ်ကြိုတင်ရယူနိုင်သည်။ ချူးယွင်ဖန်းသည် ကိုယ်ခန္ဓာသန့်စင်ဆေးရောင်းချမှုမှ သူရသင့်ရထိုက်သည့် မည်သည့် အပိုင်းကိုမျှမယူရသေးပေ။ ၎င်းသည် အလွန်များသော်လည်း ပိုင်ဟုန်ကဲ့သို့ ဆေးပညာရှင်အတွက်မူ သေးငယ်သောပြောင်းလဲမှုတစ်ခုသာဖြစ်သည်။

ရွှယ်ပိုင်လုံသည် လျှင်မြန်စွာလုပ်ဆောင်ခဲ့သည်။ ထိုနေ့တွင်ပင် ရွှယ်ပိုင်လုံပြောခဲ့သော လုံခြုံရေးကုမ္ပဏီသည် ချူးယွင်ဖန်း၏ တံခါးဝသို့ရောက်လာ၏။ ဖောက်သည်ကြီးတစ်ဦးကို လေးနက်စွာဆက်ဆံရမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ခြောက်ဦးကို‌ရွေးချယ်ခဲ့သည်။ ယောက်ျား၊ မိန်းမရှိကြကာ၊ ခြွင်းချက်မရှိစွာပင် ၎င်းတို့အားလုံးသည် ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် အလွန်အစွမ်းထက်ကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများရှိကြသည်။ ယခင်က ချူးယွင်ဖန်းသတ်ဖြတ်ခဲ့သော ကျို့ဝမ်ဘင်ထက် မည်သူမျှ အဆင့်မနိမ့်ကြပေ။

အရေးကြီးဆုံးအချက်မှာ ၎င်းတို့တစ်ဦးစီသည် လူများကို ကာကွယ်ရာ၌ အတွေ့အကြုံများစွာရှိကြခြင်းပင်ဖြစ်သည်။ တပ်မတော်တွင် ခေါင်းဆောင်များ၏ လုံခြုံရေးကို သူတို့တာဝန်ယူကြရခြင်းဖြစ်ရာ၊ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်များလည်း ရှိကြသဖြင့် လိုအပ်ပါက အသုံးပြု၍ရသည်။

ဤလူများဖြင့်ဖွဲ့စည်းထားသော ကာကွယ်ရေးကွန်ရက်ဖြင့် အရာအားလုံးကို စိတ်ချနိုင်ပြီဖြစ်သည်။ မွေးဖွားခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ရောက်လာခဲ့လျှင်ပင် မစ်ရှင်ကို အောင်မြင်နိုင်လိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် ချူးဝမ်ချန်၊ ယန်ယာယွင်နှင့် ချူးချင်ရွှမ်တို့အား အသိပေးခြင်းမရှိ၊ ပြဿနာကို ဖြေရှင်းနိုင်ခဲ့၏။

ချူးယွင်ဖန်းသည် ငှားရမ်းခအဖြစ် စုစုပေါင်း သိန်းတစ်ရာ့ငါးဆယ်ပေးဆောင်ခဲ့ရသည်။ ကျန်းမိသားစုမှ ချူးယွင်ဖန်းတို့မိသားစုအပေါ် ဆုကြေးငွေထုတ်ထားကြောင်း သိသဖြင့် ပိုင်ဟုန်သည် ဤငွေကို အလျင်အမြန်ပင် ကြိုတင်ပေးချေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်း ရသင့်ရထိုက်သော အမြတ်ဝေစုသည် ဤပမာဏထက် များစွာပိုများ၏။

ယခုတွင်မူ စိတ်သက်သာရာရစွာဖြင့် ချူးယွင်ဖန်းသည် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စိတ်အားထက်သန်စွာပြင်ဆင်လျက်ရှိသည်။

အခန်း (၂၆၉) ကောလိပ်ဝင်ခွင့်စာမေးပွဲများ ရောက်ရှိလာခြင်းနှင့် လူတိုင်း၏ တိုးတက်မှု

တစ်လဟူသည့်အချိန်ကာလသည် လူအများအတွက် မျက်စိတစ်မှိတ်စာမျှသာ ကြာမြင့်သော်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေကြသည့် ကျောင်းသားများအတွက်မူ ယင်းသည် အချိန်နှင့်တပြေးညီ တိုက်ပွဲဝင်နေရခြင်းဖြစ်သည်။

လူအများအတွက် တစ်လတာဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်စာမျှသာကြာမြင့်သော်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေကြသော ကျောင်းသားများအတွက်မူ ယင်းသည် အချိန်နှင့် တပြေးညီယှဥ်ပြိုင်တိုက်ခိုက်နေရသော တိုက်ပွဲကြီးတစ်ခုပင်ဖြစ်သည်။ စက္ကန့်တိုင်း၊ မိနစ်တိုင်းသည် လက်လွတ်မခံနိုင်ရလောက်သည်အထိ အလွန်အရေးကြီး၏။

သို့သော် ၎င်းတို့မည်မျှပင် မကုန်ဆုံးချင်ကြသော်လည်း လတစ်လသည် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

ကောလိပ်စာမေးပွဲနှင့် ပတ်သက်သည့်စကားဝိုင်းများစွာ စတင်တိုးပွဲလာရာ၊ နှစ်စဥ်နှစ်တိုင်း စာမေးပွဲများ ကျင်းပကြသော်လည်း စာသင်နှစ်တစ်ခုကုန်သည့်အခါတိုင်းတွင် ၎င်းသည် လူ့အဖွဲ့အစည်း၏ အထူးအာရုံစိုက်မှုတစ်ခုဖြစ်လာသည်။

နွေရာသီတမျှ ပူနွေးသော မြို့တစ်မြို့၊ အထက်တန်းစား ရပ်ကွက်တစ်ခုဖြစ်သည့် လဝိဉာဥ်အိမ်ရာရှိ လေ့ကျင့်ရေးကွင်းပြင်ထဲတွင် လူနှစ်ယောက်သည် လျှပ်စီးတမျှလျင်မြန်လှသော သိုင်းကွက်များဖြင့် တိုက်ခိုက်လျက်ရှိကြသည်။

ချလန်

ချလန်

ချလန်

ဓားရှည်နှစ်ချောင်း လေထဲတွင် အချင်းချင်းထိတိုက်မိရာ၊ မီးပွားများ နေရာအနှံ့သို့ လွင့်စင်သွားသည်။ လူနှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက်ဓဦးဖြင့် ချိန်ရွယ်ထားကာ၊ မျက်နှာချင်းဆိုင်လျက် ခပ်ဝေးဝေးတွင်ရှိနေကြသည်။

နှစ်ယောက်ထဲမှ တစ်ယောက်သည် ချူးယွင်ဖန်းဖြစ်ရာ၊ အခြားတစ်ယောက်မှာမူ လုယုရှုဖြစ်ရာ၊ နှစ်ဦးသားလုံးသည် တစ်ရပ်ကွက်တည်းတွင် နေကြသူများဖြစ်ကြသည်။

အချိန်တိုအတွင်းတွင် နှစ်ဘက်သည် သိုင်းကွက်ဒါဇင်ကျော်ခန့် တိုက်ခိုက်ပြီးကြပြီဖြစ်သည်။

“နင် တည်ငြိမ်သမုဒ္ဒရာမြို့ရဲ့ လက်ရွေးစင်တွေကို လက်တစ်ဖက်တည်းနဲ့အနိုင််ယူနိုင်ခဲ့တယ်ဆိုတာ ငါယုံပြီ” လုယုရှုက ကြည်လင်သောအသံဖြင့်ပြောလိုက်သည်။

ထိုအချိန်က ချူးယွင်ဖန်း၏ ထိတ်လန့်ဖွယ်တိုက်ပွဲများကို သူမြင်နိုင်သကဲ့သို့အရိပ်အယောင်များ သူမ၏မျက်နှာထက်တွင် ပေါ်လာသည်။

“အဲ့တုန်းက ဖေဖေနဲ့ ငါနဲ့ ကုမ္ပဏီကကိစ္စတွေကို ကိုင်တွယ်ဖို့ မြို့ပြင်ထွက်သွားလိုက်ရတာ နာတာပဲ။ မဟုတ်ရင် ငါတို့ မြင်လိုက်ရမှာ” လုယုရှုက စိတ်မကောင်းဖြစ်စွာ သက်ပြင်းချ၍ပြောလိုက်သည်။

သူမသည် တည်ငြိမ်သမုဒ္ဒရာမြို့ရှိ အမှတ်(၁) အထက်တန်းကျောင်းမှ ထိပ်တန်းကျောင်းသားများထဲမှ တစ်ဦးဖြစ်သည်။ တစ်စုံတစ်ခုကြောင့်သာ နှောင့်နှေးခြင်းမရှိခဲ့လျှင် လေ့ကျင့်ရေးစခန်း၌ သူမပါဝင်နိုင်ခဲ့လိမ့်မည်ဖြစ်ကာ၊ ဒဏ္ဍာရီဖြစ်လာခဲ့သည့် ထိုတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့တွေ့နိုင်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ကျန်းယုရှန်အား အနိုင်ယူခဲ့သည်မှာ အံ့သြဖွယ်ကောင်းလှသော်လည်း တည်ငြိမ်သမုဒ္ဒရာမြို့ရှိ လက်ရွေးစင်များအားလုံးကို တစ်ကိုယ်တည်းအနိုင်ယူခဲ့ခြင်းသည် ပို၍ ထိတ်လန့်အံ့သြဖွယ်ကောင်းလှသည်။

၎င်းနောက်တွင် ဤတိုက်ပွဲသည် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လာခဲ့သည်။ ကျောင်းသားများအားလုံး ၎င်းတို့၏ သက်ဆိုင်ရာကျောင်းများဆီသို့ ပြန်သွားပြီးသည့်နောက်၊ တည်ငြိမ်သမုဒ္ဒရာမြို့ရှိ အထက်တန်းကျောင်းများအားလုံးသို့ ဤသတင်းသည် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ဤကာလအတွင်းတွင် ဤကိစ္စနှင့်ပတ်သက်၍ စကားအနည်းငယ်မပြောနိုင်ပါက သင်သည် ခေတ်နောက်ကျသည်ဟုပင် မှတ်ယူနိုင်လိမ့်မည်ဖြစ်သည်။

တည်ငြိမ်သမုဒ္ဒရာမြို့တွင် နံပါတ်တစ်ကျောင်းသားများ နှစ်စဥ်နှစ်တိုင်း ပေါ်ပေါက်ခဲ့ဖူးသော်လည်း တည်ငြိမ်သမုဒ္ဒရာမြို့၏ လက်ရွေးစင်များအားလုံးကို တစ်ကိုယ်တည်းတိုက်ခိုက်ခြင်းသည် မြင်တွေ့ရရန် ခက်ခဲသော အရာတစ်ခုပင်ဖြစ်သည်။

လုယုရှုသည် မယုံကြည်နိုင်လောက်သည်အထိ အံ့သြလျက်ရှိသည်။ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ချူးယွင်ဖန်းသည် ချီပင်လယ်အဆင့်သို့ပင် မတက်လှမ်းနိုင်သေးသည့် ကိုယ်ခန္ဓာအဆင့် ကျောင်းသားတစ်ယောက်ဖြစ်သည်။ တည်ငြိမ်သမုဒ္ဒရာမြို့၌ ထိုကဲ့သို့သော ကျောင်းသား အများအပြားရှိသည်။

ယခုမူ ချူးယွင်ဖန်းသည် တည်ငြိမ်သမုဒ္ဒရာမြို့တွင် နံပါတ်တစ်အထက်တန်းကျောင်းသားဖြစ်လာခဲ့ကာ၊ ကျန်းယုရှန်သည်မူ လေ့ကျင့်ရေးစခန်းတွင် မမျှော်လင့်ဘဲ သေဆုံးသွားခဲ့ရသည်။ ဤကိစ္စသည် အချိန်အတော်ကြာသည်အထိ ထိပ်တန်းသတင်းတစ်ပုဒ်ဖြစ်ခဲ့သော်လည်း ခဏအကြာတွင် ပျောက်ကွယ်သွားခဲ့သည်။ လူများသည် ဤကိစ္စကို လက်ခံလာကြရာ၊ ချူးယွင်ဖန်း၏ အဆင့်ကို လက်ခံလာကြသည်။ ချူးယွင်ဖန်းသည် ကျန်းယုရှန်အား အနိုင်ယူနိုင်ခဲ့သည်သာမက၊ တည်ငြိမ်သမုဒ္ဒရာမြို့ရှိ ခရိုင်တိုင်းမှ ထိပ်တန်းကျောင်းသားသုံးယောက်ခန့်ကို အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သဖြင့် ချူးယွင်ဖန်းအား ရန်စရဲသည်အထိ မည်သူမျှ စုံလုံးမကန်းကြပေ။ သူသည် ခရိုင်တစ်ခု၏ ထိပ်တန်းငါးယောက်ကိုပင် အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်ရာ၊ ထိုလူများသည် သူ၏ ဓားချက်တစ်ချက်ကိုပင် မခံနိုင်ခဲ့ကြပေ။ ထို့ကြောင့် ချူးယွင်ဖန်းနှင့် ၎င်းတို့အကြားရှိ ကွာခြားမှုကို ဤကိစ္စမှတစ်ဆင့်မြင်နိုင်၏။

ထို့ကြောင့် ချူးယွင်ဖန်း၏ ထိပ်တန်းသို့တက်လှမ်းမှုသည် အလွန် ချော့မွေ့သဖြင့် အတားအဆီးအနည်းငယ်မျှမရှိခဲ့ပေ။

ချူးယွင်ဖန်းက ပြုံးလျက် သူ့ခန္ဓာကိုယ်ပေါ်မှ စွမ်းအားများအားလုံးကို ပြန်လည်သိမ်းယူလိုက်ကာ၊ ကိုယ်ပေါ်၌ ဝတ်ဆင်ထားသော အလေးစီးဝတ်စုံကို ပြန်လည်အသက်သွင်းလိုက်သည်။

မျက်စိတစ်မှိတ်စာအတွင်းတွင် လတစ်လကျော်ခန့်ကုန်ဆုံးသွားသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲများကို သဘက်ခါတွင် စတင်မည်ဖြစ်သည်။

ဤတစ်လအတွင်းတွင် ချူးယွင်ဖန်း၏ စွမ်းအားသည် အဆင့်တစ်ဆင့် တိုးမြင့်လာခဲ့သည်။ ကျန်းယုရှန်အား သတ်ပြီးနောက်တွင် စွမ်းအင်သန့်စင်ခြင်း တတိယအဆင့် မှ စတုတ္ထအဆင့်သို့တက်လှမ်းနိုင်ခဲ့ရုံသာမက အထွဋ်အထိပ်သို့ပင်ရောက်ရှိခဲ့သည်။

သူ၏ လက်ရှိ စွမ်းအားဖြင့် ဤအလေးစီးဝတ်စုံ၏ ကန့်သတ်မှုကို ပိတ်ပစ်လိုက်မည်ဆိုလျှင် စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်သို့ အလွယ်တကူတက်လှမ်းနိုင်ရန် ခက်ခဲလိမ့်မည်မဟုတ်ဟု ခန့်မှန်းထားသည်။ မပိတ်လျှင်ပင် စွမ်းအင်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများမှ သူ့အား အနိုင်ယူနိုင်ရန် ခက်ခဲပေလိမ့်မည်ဖြစ်သည်။

ဤသို့ အဆင့်တက်လှမ်းနိုင်ရန် ချူးယွင်ဖန်းသည် များစွာကြိုးစားအားထုတ်ခဲ့ရကြောင်း သူသာလျှင် အသိဆုံးဖြစ်သည်။ ချူးယွင်ဖန်းသည် နေ့ညမလပ် ခဏတာမျှပင် အနားယူခြင်းမရှိ လေ့ကျင့်ခဲ့သည်။

အဖြစ်အပျက်ပေါင်းများစွာကို ဖြတ်သန်းပြီးသည့်နောက်၊ သူအလွန်အားနည်းသေးကြောင်း သတိထားမိခဲ့သည်။ ကျန်းမိသားစုဖြစ်စေ၊ မွန်းစတားဂိုဏ်းဖြစ်စေ ၎င်းတို့သည် သူ့အတွက် အလွန်ကြီးမားသော အဖွဲ့အစည်းများဖြစ်ကြသည်။ အကယ်၍ တိုသို့သော အဖွဲ့အစည်းကြီးများ၏ လက်ထဲတွင် အချေမှုန်းမခံနိုင်လျှင် သူ၏ စွမ်းအင်ကို မြှင့်တင်နိုင်ရန် အကောင်းဆုံးကြိုးစားရမည်ဖြစ်သည်။

လုယုရှုအား ကြည့်လိုက်သောအခါတွင် အာရုံလွတ်သွားသကဲ့သို့ သူခံစားရသည်။ မျက်စိတစ်မှိတ်အတွင်းတွင် အထက်တန်းကျောင်းတတိယနှစ်တစ်ခုလုံး ကုန်ဆုံးသွားပြီဖြစ်သည်။ အချိန်တိုင်းတွင် လုယုရှုသည် မရှုံးနိမ့်ခဲ့ပေ။ သူမသည် တည်ငြိမ်သမုဒ္ဒရာမြို့၏ ကြီးမြတ်လှသော အမှတ်(၁)အထက်တန်းကျောင်း၏ လက်ရွေးစင်ကျောင်းသူတစ်ယောက်ဖြစ်သော်လည်း ယခုမူ သူ၏ သိုင်းကွက်ဆယ်ကွက်ခန့်ကိုပင် မတားဆီးနိုင်တော့ပေ။

“မင်းတို့နှစ်ယောက်က အမြန်တိုးတက်လာတာပဲ။ ဟူး၊ ငါတကယ် မင်းတို့နှစ်ကောင်နဲ့ မယှဥ်နိုင်ပါဘူး”

သက်ပြင်းချသံတစ်ခု ပေါ်ထွက်လာသည်။ လှံကို ကိုင်ဆောင်ထားသော ဂေါင်ဟုန်ချီသည် ကွင်း၏ အပြင်ဘက်တွင်ရပ်လျက်၊ မှုန်ကုပ်ကုပ်ဖြင့်ပြောလိုက်သည်။

တန်စီယုသည်မူ သူ၏ ဘေးတွင် ရပ်နေ၏။ သူမသည် အရှေ့မှမြင်ကွင်းကို အလွန်အမင်းကျေနပ်နေပုံပေါ်ကာ၊ သူမ၏လှပကျော့ရှင်းသော မျက်နှာထက်တွင် ဖျော့တော့သော အပြုံးတစ်ခုပေါ်လာ၏။

လွန်ခဲ့သော လတွင် ချူးယွင်ဖန်းသည် အတူတကွ လေ့ကျင့်ရန် ၎င်းတို့နှစ်ဦးအား အိမ်အသစ်သို့မကြာခဏဖိတ်ကြားခဲ့သည်။ အတိအကျဆိုလျှင်၊ ၎င်းတို့၏ ကျင့်ကြံရေးကို လမ်းညွှန်ပြသပေးနေသူသည် ချူးယွင်ဖန်းသာဖြစ်သည်။

ချူးယွင်ဖန်း၏ ကျင့်ကြံရေးသည် ၎င်းတို့ထက်အနည်းငယ်မျှသာ သာလွန်သော်လည်း သူ့တွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်ရှိသည်။ ဆေးဧကရာဇ်သည် သိုင်းပညာရှင်တစ်ယောက်မဟုတ်သည့်တိုင် မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ချူးယွင်ဖန်း၏ ညွှန်ကြားမှုအောက်တွင် ဂေါင်ဟုန်ချီနှင့် တန်စီယုတို့၏ ကျင့်ကြံရေးသည် ခုန်ပျံကျော်လွှားကာတိုးတက်လာသည်။ နောက်ပိုင်းတွင် လုယုရှုသည်လည်း ၎င်းတို့နှင့် ပူးပေါင်း၍ လေးဦးသားသည် မိမိတို့တိုးတက်စေရန် မကြာခဏလေ့ကျင့်တိုက်ခိုက်လေ့ရှိကြ၏။

ချူးယွ၍်ဖန်း၏ တိုးတက်မှုသည် သဘာဝအလျောက်ပင် အမြန်ဆုံးဖြစ်ရာ၊ သူ့နောက်မှ တန်စီယုနှင့် လုယုရှုတို့ လိုက်ကြသည်။ သူမတို့နှစ်ဦးလုံးသည် စွမ်းအင်သန့်စင်ခြင်းတတိယအဆင့်တွင်ရှိနေပြီဖြစ်ကာ၊ ဂေါင်ဟုန်ချီ၏ ကျင့်ကြံရေးသည်မူ အနိမ့်ဆုံးဖြစ်သည်။ သို့သော် စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်၏ အထွဋ်အထိပ်သို့ရောက်ရှိနေပြီဖြစ်ကာ၊ တတိယအဆင့်သို့ရောက်ရန်ခြေတစ်လှမ်းသာလိုတော့၏။

သူညည်းညူနေသော်လည်း ဂေါင်ဟုန်ချီသည် ဤသည်မှာ သူမှန်းထားသည့် အတိုင်းအတာထက် ကျော်လွန်နေပြီဖြစ်သောကြောင့် အလွန်အမင်းကျေနပ်အားရလျက်ရှိသည်။ အခြားသုံးယောက်အတွက်မူ၊ လုယုရှု၏အခြေခံသည် ၎င်းတို့ထက် များစွာနက်နဲခိုင်မာ၏။ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ သူမတက်လှမ်းနိုင်ခဲ့သည်မှာ အချိန်ကြာခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်းနှင့် တန်စီယုသာလျှင် အလွန်အံ့သြဖွယ်ကောင်းသောအရှိန်ဖြင့် တိုးတက်လာခြင်းဖြစ်ရာ အမှန်တကယ်ပင် သာမန်မဟုတ်ပေ။

“စီယု၊ ခဏလောက် လေ့ကျင့်တိုက်ခိုက်ကြည့်ရအောင်။ ငါ ဒီကောင်နဲ့ ဆက်မတိုက်ချင်တော့ဘူး။ ငါ့ယုံကြည်ချက်ကို အကြီးကြီးကျဆင်းစေတယ်” လုယုရှုက ချူးယွင်ဖန်းအား လျစ်လျူရှု့ကာ တန်စီယုကိုပြောလိုက်သည်။

တန်စီယုက ခေါင်းညိတ်လိုက်သည်။ သူမသည် ကွင်းထဲသို့ ခုန်ဝင်ကာ နူးညံ့သိမ့်မွေ့သော လိပ်ပြာတစ်ကောင်ကဲ့သို့ ဆင်းသက်လာသည်။

ချူးယွင်ဖန်းသည် ကွင်းထဲမှ ထွက်လာခဲ့သည်။ များသောအားဖြင့် သူ့ဘာသာ လေ့ကျင့်တတ်သည်။ အကယ်၍ လေ့ကျင့်တိုက်ခိုက်ချင်လျှင် သူငှားထားသော ဘော်ဒီဂတ်များကိုရှာ၍ လေ့ကျင့်နိုင်၏။ လုယုရှုနှင့် အခြားသူများသည် လက်ရွေးစင်ကျောင်းသားများဖြစ်ကြသော်လည်း ချူးယွင်ဖန်း၏ စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်ပါက ခပ်ကြာကြာတောင့်ခံထားနိုင်ကြလိမ့်မည်မဟုတ်ပေ။ သန့်စင်ခြင်းအဆင့်ရှိ ကိုယ်ရံတော်များသာ သူ့အလိုရှိသည့်အတိုင်း လုပ်ခွင့်ပေးနိုင်လိမ့်မည်ဖြစ်၏။

အခန်း(၂၇၀) ကောလိပ်ဝင်ခွင့်စာမေးပွဲများစတင်ခြင်း

သက်တော်စောင့်များသည် သန့်စင်ခြင်းအဆင့်မှ စစ်သားဟောင်းများဖြစ်ကာ၊ ချူးယွင်ဖန်းထက် များစွ ပို၍ စွမ်းအားကြီးသောကြောင့် အခြားတစ်ဖက် ထိခိုက်ဒဏ်ရာရမည်ကို စိတ်ပူရန်မလိုအပ်ပေ။

သို့သော် ဤကာလအတွင်းတွင် ချူးယွင်ဖန်း၏ တိုးတက်မှုမှာ သိသာထင်ရှားလှသဖြင့် စစ်သားဟောင်းများပင် အံ့သြသွားရသည်။ ၎င်းတို့အားလုံးသည် သန့်စင်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူများဖြစ်ကြရာ၊ တပ်မတော်ခေါင်းဆောင်များကိုပင် စောင့်ရှောက်ပေးခဲ့ရဖူးသည်။

တပ်မတော်တွင် နဂါးများအဖြစ်သို့ပြောင်းသွားသော ငါးကြင်းများကဲ့သို့ ပါရမီရှင်များနှင့်ပြည့်နှက်လျက်ရှိသည်။ ထူးချွန်သူများသည် ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားများထက် အဆင့်မနိမ့်သော်လည်း ချူးယွင်ဖန်းကဲ့သို့ အံ့အားသင့်ဖွယ်ရာတိုးတက်မှုနှုန်းရှိသည့်လူတစ်ယောက်ကိုမူ တွေ့ရခဲသည်။ ထို့အပြင် ချူးယွင်ဖန်းသည် ၎င်းတို့အား ငွေကြေးထုတ်ပေးသူဖြစ်သဖြင့် ချူးယွင်ဖန်းနှင့် လေ့ကျင့်တိုက်ခိုက်ကြတိုင်းတွင် သူတို့ မည်သည်ကိုမျှ ဖုံးကွယ်ဝံ့ခြင်းမရှိပေ။

ကျင့်ကြံခြင်းနှင့်ပတ်သက်၍ ချူးယွင်ဖန်းအား မည်မျှသင်ကြားပေးခဲ့သည်ကို ပြောရန်ခက်သော်လည်း တိုက်ပွဲအတွေ့အကြုံအရမူသေမင်း၏ လက်ထဲမှ လွတ်မြောက်လာခဲ့ကြသော ဤလက်ရွေးစင်များသည် ချူးယွင်ဖန်းအား လမ်းညွှန်မှုများစွာပေးနိုင်၏။

ဤတစ်လ သို့မဟုတ် တစ်လကျော်ကာလတွင် ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း တတိယအဆင့်မှ စတုတ္ထအဆင့် အထွဋ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ယင်းသည် ဤသက်တော်စောင့်များ၏ လမ်းညွှန်မှုကြောင့်သာဖြစ်သည်။

ယခုအချိန်တွင် ချူးယွင်ဖန်းသည် ၎င်းတို့ရောက်ရှိနေမှုကို ဝိုးတဝါးခံစားလိုက်ရသည်။ သာမန်လူများမမြင်နိုင်သော နေရာများတွင် ပုန်းအောင်နေကြသော်လည်း ၎င်းတို့၏ ပစ်မှတ်ကို အလွတ်တကူကာကွယ်နိုင်၏။ တန်စီယုနှင့် ကျန်သူများသည် ဤသက်တော်စောင့်များ၏ တည်ရှိမှုကို မသိနိုင်ကြပေ။

၎င်းတို့သည်အမှန်တကယ်ကို ကျွမ်းကျင်သော သက်တော်စောင့်များဖြစ်သဖြင့် ချူးယွင်ဖန်းသက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

“ကိုကို၊ နင် ငါ့ကို သင်ပေးတဲ့ သန့်စင်ဖီးနစ်ကျင့်စဉ် ကို ကျင့်ကြံပြီး ကိုယ်ခန္ဓာ စတုတ္ထအဆင့်ကိုရောက်သွားတယ်။ ငါ့သိုင်းကို သန့်စင်ပြီးသွားပြီ”

ရယ်မောသံအပြည့်နှင့် မြူးတူးလျက်ရှိသော လူတစ်ယောက်ချူးယွင်ဖန်း၏ ဘေးသို့ရောက်လာ၏။

ချူးချင်ရွှမ်မှတပါး အခြားသူမဟုတ်ပေ။

လွန်ခဲ့သောလများအတွင်းတွင် သူ၏ ကျင့်ကြံရေးအပြင် ချူးယွင်ဖန်းသည် ညီမငယ်၏ ကျင့်ကြံရေးကိုပါ လမ်းညွှန်ပေးခဲ့သည်။ သူသည် ကောင်းကင်အဆင့် အတွင်းအားသိုင်းတစ်မျိုးဖြစ်သည့် သန့်ရှင်းသောဖီးနစ်ကျင့်စဉ် ကို သင်ကြားပေးခဲ့ရာ၊ ၎င်းကို တစ်ချိန်က ရှေးဟောင်းလူသားများကာလမှ အလွန်အစွမ်းထက်သော အမျိုးသမီးသိုင်းပညာရှင်တစ်ဦးမှ ကျင့်ကြံခဲ့သည်။

ချူးချင်ရွှမ်သည် အလွန်ထက်မြက်သည်။ ဖီးနစ်ကျင့်စဉ်ကို ကျင့်ကြံပြီးနောက် မကြာမီတွင်ပင် သူမသည် ကိုယ်ခန္ဓာ စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ချူးယွင်ဖန်းသည် သူ့ညီမအပြင် သူ၏ မိဘများကျင့်ကြံရန် ကောင်းကင်အဆင့်ကျင့်ကြံရေးသိုင်းတစ်ခု ရွေးချယ်ခဲ့သည်။ သူသည် သက်တော်စောင့်များ ငှားရမ်းရန် တတ်နိုင်သော်လည်း နောက်ဆုံးတွင်မူ မိမိကိုယ်တိုင် ကြံ့ခိုင်သန်မာမှုသည်သာ အလုံခြုံဆုံးဖြစ်၏။ ထို့အပြင် လူတစ်ဦး၏ ကျင့်ကြံရေးအဆင့် မြင့်မားလေ၊ ၎င်းတို့၏ သက်တမ်းရှည်လေဖြစ်သည်။ ချူးယွင်ဖန်းသည် သူ့မိဘများ အသက်ရှည်၍ ပျော်ရွှင်စွာနေထိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

နှစ်ပေါင်းများစွာ ကျင့်ကြံကာ၊ အခြေခံအုတ်မြစ်ခိုင်မာစွာရှိခဲ့သော သူ၏မိဘများသည် ကောင်းကင်အဆင့် ကျင့်ကြံရေးသိုင်းကို ကျင့်ကြံခဲ့ကြသည်။ ထို့အပြင် ချူးယွင်ဖန်းသည် ၎င်းတို့အား ဆေးများနှင့် အာဟာရပြည့်ဝသော ပစ္စည်းများဝယ်ယူနိုင်ရန် ငွေအမြောက်အများပေးခဲ့သည်။

လအနည်းငယ်အတွင်းတွင် ၎င်းတို့သည် ချီပင်လယ်အဆင့်၏ အထွတ်အထိပ်သို့ရောက်ရှိလာခဲ့ရာ၊ သန့်စင်ခြင်းအဆင့်သို့ရောက်ရန် အချိန်ပိုင်းသာလိုတော့၏။ ဟုတ်သည်၊ ဤလူကြီးနှစ်ဦး၏ တိုက်ပွဲအတွေ့အကြုံသည် နည်းပါးလှသည်။၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအင်သည် ကျင့်ကြံရေးအဆင့်ထက် နိမ့်ပါးလျက်ရှိသော်လည်း ကျေနပ်အားရလျက်ရှိကြသည်။ ၎င်းတို့ ငယ်ရွယ်မှုကို ပြန်လည်ရရှိသကဲ့သို့ ခံစားရသည်။

ယခုအချိန်တွင် အလုပ်သွားချိန်မှတပါး၊ လူကြီးနှစ်ယောက်သည် ၎င်းတို့၏ လက်ကျန်အချိန်များကို ကျင့်ကြံရေးတွင် အချိန်ကုန်ဆုံးကာ သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစားလျက်ရှိကြသည်။ ချူးဝမ်ချန်၏ စကားလုံးများအရ၊ ၎င်းတို့ ချူးယွင်ဖန်းအတွက် လုပ်ပေးနိုင်သောအရာ မရှိပေ။ သူတို့တတ်နို်ငသောအရာမှာ မိမိတို့ကိုယ်မိမိ ဂရုစိုက်ခြင်းဖြင့် ချူးယွင်ဖန်းအား အလုပ်မပိုမိစေရန်သာဖြစ်သည်။

“အလျင်လိုစရာမလိုဘူး။ဖီးနစ် မှာ အရေးအကြီးဆုံးက အခြေခံအုတ်မြစ်ကောင်းတစ်ခု တည်ဆောက်နိုင်ဖို့ပဲ။ နင့်အုတ်မြစ်က ခိုင်မာနေပြီဆိုရင် နောင်မှာ ကျင့်ကြံရေးက ပိုပိုမြန်လာမှာပဲ။ ညီမလေးရဲ့ အနာဂတ်က အကန့်အသတ်မဲ့လာလိမ့်မယ်” ချူးယွင်ဖန်းက သတိပေးသည်။

“စိတ်မပူပါနဲ့။ ညီမလေးသိပါတယ်။ စိတ်လှုပ်ရှားရုံပါ” ချူးချင်ရွှမ်က ခေါင်းညိတ်သည်။

“အလယ်တန်းစာမေးပွဲဖြေဖို့ ယုံကြည်ချက်ရှိရဲ့လား။ အမှတ်(၁)အထက်တန်းကျောင်းကို ဝင်ခွင့်ရမယ်လို့ ညီမလေးထင်လား”

အထက်တန်းစာမေးပွဲများနှင့် ကောလိပ်ဝင်ခွင့်စာမေးပွဲများသည် တစ်ချိန်တည်းကျင်းပလေ့ရှိရာ၊ တစ်နှစ် တစ်ကြိမ်ခန့်ကျင်းပကြသော်လည်း နှိုင်းယှဥ်ကြည့်လျှင် အထက်တန်းကျောင်း စာမေးပွဲများသည် အာရုံမဖမ်းစားနိုင်ပေ။

“ဒါပေါ့။ ငါက အခုမှ စပြီးကျင့်ကြံတာပေမယ့် အလယ်တန်းကျောင်းပဲရှိသေးတာလေ။ ကိစ္စကြီးတစ်ခုမဟုတ်ပါဘူး။ အခု ငါတို့ စာပေပညာရော သိုင်းပညာရော အာရုံစိုက်ထားကြတယ်။ ငါတို့အဓိကအာရုံစိုက်ရမှာက အသိပညာဗဟုသုတတွေရရှိဖို့ပဲ”

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အမှန်တရားပင်ဖြစ်သည်။ အလယ်တန်းအဆင့်တွင် ကျောင်းသားများ၏ အာရုံစိုက်မှုသည် သင်ကြားရေးနှင့် အသိပညာဗဟုသုတများတိုးပွားလာရေးကိုသာ အာရုံစိုက်ကြရမည်ဖြစ်သည်။ တကယ်တမ်းတွင် ၎င်းတို့သည် လုံလောက်စွာ အသက်မကြီးပြင်းကြသေးသည့်အတွက် ပြင်းပြင်းထန်ထန်ကျင့်ကြံပါက ၎င်းတို့၏ ခန္ဓာကိုယ်သည် ယင်းကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။ အထက်တန်းကျောင်းတွင် စာပေပညာနှင့် သိုင်းပညာ နှစ်မျိုးလုံးကို အလေးထားသင်ကြားရမည်ဖြစ်ရာ၊ အထက်တန်း တတိယနှစ်အပြီးတွင် အထူးတန်းများတွင် ပို့ချသင်ကြားခံရမည်ဖြစ်သည်။

“ကိုကို အခု နင်က တည်ငြိမ်သမုဒ္ဒရာမြို့ရဲ့ နံပါတ်တစ်ကျောင်းသားပဲ။ အန်ကယ်နဲ့အခြားလူတွေ ကို မတွေ့သေးလို့၊ သတင်းကြားတော့ သူတို့အားလုံး အံ့သြသွားကြတာ” ချူးချင်ရွှမ်က ရယ်မောကာပြောလိုက်သည်။

“ငါ ကိုကို့ဆီက သင်ယူချင်တယ်။ ညီမလေးလည်း မြို့ရဲ့ နံပါတ်တစ်ကျောင်းသူဖြစ်ချင်တယ်”

“သုံးနှစ်တောင်ရှိသေးတာပဲ။ အရင်ဆုံး သေချာစာလုပ်။ ပြီးတော့ နံပါတ်တစ်ဖြစ်လာရတဲ့ အကြောင်းက ဘာလဲ။ အနည်းဆုံး သုန်ဟွာမြို့ရဲ့ နံပါတ်တစ်ဖြစ်လာချင်သေးတယ်”

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ စိတ်ထဲ၌ သုန်ဟွာမြို့၏ ကျောင်းသားများအားလုံးကို ချေမှုန်းပစ်လိုက်သည့ပစ်လိုက်သည့် ခြောက်ခြားဖွယ်တည်ရှိမှုတစ်ခုပေါ်လာ၏။

“ကိုကို ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သတိထားရမယ်နော်။ အန္တရာယ်အရမ်းများတယ်” ချူးချင်ရွှမ်ကပြောသည်။

“အင်းပါ သတိထားမှာပါ”

ချူးယွင်ဖန်းသည် ဤသို့ပြောကာ ကျယ်ပြောသော ကောင်းကင်ကြီးကို ငေးကြည့်လိုက်သည်။ သူအလွန်အမင်းကြိုးစားပြင်ဆင်ထားခဲ့သော ကောလိပ်ဝင်ခွင့်စာမေးပွဲသည် နောက်ဆုံးတွင် နီးကပ်လာခဲ့ပြီဖြစ်သည်။ ဤသည်မှာ သူစောင့်မျှော်နေခဲ့ရသည့်အခိုက်အတန့်ပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ အောင်နိုင်မှုနှင့် ရှုံးနိမ့်မှုကို ဤစာမေးပွဲတွင် အဆုံးအဖြတ်ပေးရမည်ဖြစ်သည်။

စာမေးပွဲသည် အချိန်ဇယားအတိုင်းပင် ရောက်လာခဲ့သည်။

စာမေးပွဲလုပ်ငန်းစဥ်များအရ ပထမအပိုင်းတွင် စာပေဝိဇ္ဇာစာမေးပွဲဖြစ်သည်။ သို့သော် စာပေပညာနှင့် သိုင်းပာာကျောင်းသားများအတွက် မေးခွန်းများ၏ အတိမ်အနက်သည် ကွဲပြား၏။

ထို့နောက် သိုင်းပညာကျင့်ကြံမှုကို အကဲဖြတ်မည်ဖြစ်ရာ၊ သိုင်းပညာကျောင်းသားများအတွက် စံသတ်မှတ်ချက်များသည် စာပေပညာကျောင်းသားများထက်ပိုမိုတင်းကြပ်၏။

ဤသည်က စာမေးပွဲ၏ ပုံမှန်အပိုင်းဖြစ်သည်။ ဤအပိုင်းနှစ်ပိုင်းပြီးလျှင် အချို့သော တက္ကသိုလ်များတွင် ၎င်းတို့၏ ကိုယ်ပိုင် အကဲဖြတ်မှုများရှိမည်ဖြစ်သည်။ ဥပမာအားဖြင့် အစဥ်အဆက်နာမည်ကြီးသော ပြည်ထောင်စုတက္ကသိုလ်တွင် လူသစ်စုဆောင်းခြင်းဆိုင်ရာ သီးခြားစာမေးပွဲများရှိ၏။

အကဲဖြတ်မှုအားလုံးအနက် ပြည်ထောင်စု တက္ကသိုလ်၏ ဝင်ခွင့်အကဲဖြတ်မှုသည် မျက်စိကျဖွယ်အကောင်းဆုံးဖြစ်သည်။ သမာရိုးကျစည်းမျဥ်များအရ၊ ပြည်ထောင်စုတက္ကသိုလ်၏ အကဲဖြတ်မှုမှ ပထမနေရာသည် များသောအားဖြင့် တစ်နှစ်တာ၏ ထိပ်တန်းကျောင်းသားဖြစ်သည်။ ထို့အပြင် အခြားတက္ကသိုလ်များ၏ အကဲဖြတ်မှုနှင့် နှိုင်းယှဥ်ပါက ပြည်ထောင်စုတက္ကသိုလ်သည် အခြားတက္ကသိုလ်များနှင့် မတူညီသော အဆင့်တွင်ရှိကာ ပိုမိုပြင်းထန်၏။

ချူးယွင်ဖန်းအတွက် စာမေးပွဲ၏ ပထမအပိုင်းသည် မည်သို့မျှမဟုတ်ပေ။ စာပေပညာပိုင်းတွင် သူ၏ စွမ်းဆောင်မှုသည် အလွန်ကောင်းမွန်သဖြင့် လျင်မြန်စွာ ပြီးမြောက်ကာ ရလဒ်ကောင်းများရခဲ့သည်။

ပြည်ထောင်စုတက္ကသိုလ်၏ လိုအပ်ချက်များအရ ဝင်ခွင့်ဖြေဆိုမည့်ကျောင်းသားသည် သိုင်းပညာတန်းမှ ကျောင်းသားများဖြစ်လျှင်ပင် စာပေပညာပိုင်းတွင် ရလဒ်ကောင်းများရရှိထားရန်လိုအပ်သည်။ ၎င်းတို့သည် အဘက်ဘက်မှပြည့်စုံနေသော ကျောင်းသားများကိုသာ ဝင်ခွင့်ပေး၏။

ထိုနေ့တွင် ချူးယွင်ဖန်းသည် စောစီးစွာနိုးထလာကာ၊ သုန်ဟွာမြို့ အမှတ်(၁)အထက်တန်းကျောင်းသို့ အမြန်သွားခဲ့သည်။ ပြည်ထောင်စုတက္ကသိုလ်၏ ဝင်ခွင့်အကဲဖြတ်မှုတွင် ပါဝင်ရန် ရည်ရွယ်ထားသောကျောင်းသားများသည် ဤနေရာတွင် စုရုံးကာ စစ်မှန်သော အကဲဖြတ်ခြင်းနေရာဖြစ်သည့် ကမ္ဘာပေါ်ရှိ လူများစွာ လိုလားတောင့်တသော ခွန်းလွန်နယ်မြေသို့ဝင်ရောက်ရမည်ဖြစ်သည်။

All Chapters