အခန်း (၂၅၆-၂၅၈)
Vol. 18 Ch. 256-258
အခန်း(၂၅၆) မိုးကြိုးတောင်ပံ သားရဲ
ကံမကောင်းစွာဖြင့် ဆေးအမျိုးအစားသုံးမျိုးပေါ်တွင် မူတည်၍ ဆေးဖော်စပ်ရန်လိုအပ်သော ပါဝင်ပစ္စည်းရှားပါးမှုသည်လည်း အဆမတန်တိုးမြင့်လာမည်ဖြစ်သည်။
ထို့အပြင် ဆေးကို ပထမဆုံးအကြိမ်သောက်သုံးမှသာ ထိရောက်မှုရှိမည်ဖြစ်ရာ၊ ဒုတိယအကြိမ်သောက်သုံးလျှင် အာနိသင်၏ ထက်ဝက်ခန့်သာ သက်ရောက်မည်ဖြစ်သည်။ တတိယအကြိမ်တွင် ထက်ဝက်ခန့် ထပ်မံလျော့ကျသွားမည်ဖြစ်ကာ အဆုံးတွင် အကျိုးသက်ရောက်မှုရှိတော့မည်မဟုတ်ပေ။
ခေတ်သစ်သုသေသန၏ ပြောကြားချက်များအရ၊ ခန္ဓာကိုယ်သည် ဆေးယဥ်ပါးလာမှုကြောင့် အကျိုးသက်ရောက်မှုမှာ အလိုအလျောက်ပင် လျော့နည်းသွားလိမ့်မည်ဟု ဆိုလို၏။ ဥပမာအားဖြင့် ကိုယ်ခန္ဓာသန့်စင်ဆေးများကဲ့သို့ပင်၊ အကယ်၍ သူယခုအချိန်ထပ်မံသောက်သုံးပါက၊ ကိုယ်ခန္ဓာအဆင့်တွင် သောက်သုံးခဲ့ချိန်နှင့် ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။ အနည်းငယ်မျှသာ အသုံးဝင်လိမ့်မည်ဟု ယူဆနိုင်၏။
ဤသည်မှာ နှမျောဖွယ်ကောင်းလှသော်လည်း ကျေနပ်ဖွယ်ကောင်းသော အံ့သြဖွယ်တစ်ခုဖြစ်နေဆဲပင်ဖြစ်သည်။ ထိုသို့သော ကန့်သတ်ချက်များမရှိလျှင်ပင် ချူးယွင်ဖန်းသည် ၎င်းကို မဆင်မခြင် အသုံးပြုလိမ့်မည်မဟုတ်ပေ။ အကယ်၍ ထိုသို့သာဖြစ်ပါက၊ သူ၏ ကျင့်ကြံရေးကြီးမြင့်လာမည်ဖြစ်သော်လည်း ဆေးဧကရာဇ်နှင့် ကွဲပြားလိမ့်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် ဆေးဧကရာဇ် ၏ မှတ်ဉာဏ်များကို အမွေဆက်ခံခဲ့ကာ၊ ဒုတိယဆေးဧကရာဇ်ဖြစ်လာနိုင်ချေမြင့်မားသည်။ သို့သော် ဤသည်မှာ သူလိုချင်သည့်အရာမဟုတ်ပေ။ သူသည် သူသာဖြစ်သည်။ ဒုတိယဆေးဧကရာဇ်မဟုတ်ပေ။ သူသည် တစ်ဦးတည်းသော ချူးယွင်ဖန်းသာဖြစ်သည်။
အရာအားလုံးကို ယူပြီးနောက် ချူးယွင်ဖန်းသည် ဆေးဖက်ဝင်အပင်ဆိုင်မှာ ထွက်ခွာသွားသည်။ တောတွင်းရှင်သန်ရေး လေ့ကျင့်သည့်နေရာသို့ ပြန်ချိန်တန်ပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် ကျန်းယုရှန်သည် သူ့အား မည်သို့မျှထိခိုက်စေနိုင်မည်မဟုတ်ပေ။
သို့သော် ဆိုင်မှထွက်လာစဥ် အဝေးမှ လူတချို့ သူ့နောက်သို့လိုက်လာသည်ကို တွေ့လိုက်ရသည်။ ချူးယွင်ဖန်း သတ်ခဲ့သော မုတ်ဆိတ်ကောက်ကောက်နှင့်သူ၏ သံချပ်ကာပေါ်ရှိ သွေးရောင်ဝံ့ပုလွေတစ်ကောင်ပုံကို ထိုသူများ၏ အဝတ်အစားပေါ်တွင် ချည်ထိုးထားကြသည်။
“သွေးဝံ့ပုလွေဂိုဏ်း” ချူးယွင်ဖန်းက ချက်ချင်းပင် သတိထားမိသွားသည်။
“သူ့ကိုဖမ်းကြ”
မကြာမီတွင် သွေးဝံ့ပုလွေဂိုဏ်းမှ သူ့အား သတိပြုမိကာ လိုက်ဖမ်းကြသည်။ ကင်မရာပေါ်ရှိပုံများကို မြင်ဖူးခဲ့ကြခြင်းဖြစ်သည်။ ဆေးဆိုင်ပိုင်ရှင်သည် အမှန်တကယ်ပင် သွေးဝံပုလွေဂိုဏ်းနှင့် ဆက်နွယ်နေခြင်းဖြစ်သည်။ ဤနေရာတွင် မည်သည်ကမျှ မရိုးရှင်းပေ။
ချူးယွင်ဖန်းသည် ရှေ့သို့တစ်လှမ်းတိုးကာ အဝေးသို့ပျံသန်းရန် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်းကို အသုံးပြုလိုက်သည်။
ဤအချိန်တွင် မှောင်ခိုစျေး၏ တံခါးများသည် တဖြည်းဖြည်းချင်းပိတ်သွားသည်။ ချူးယွင်ဖန်းသည် ဤမှောင်ခိုစျေးကို သွေးဝံပုလွေဂိုဏ်းမှ ချုပ်ကိုင်ထားခြင်းဖြစ်ကြောင်း ချက်ချင်းပင် သဘောပေါက်နားလည်သွားသည်။ ၎င်းတို့ ထိန်းချုပ်ထားခြင်းမဟုတ်လျှင် တစ်နည်းနည်းနှင့် ဆက်စပ်နေရမည်ဖြစ်သည်။
ချူးယွင်ဖန်းသည် အရှိန်အဟုန်ပြင်းပြင်းနှင့် သူ၏ ချီစွမ်းအင်ကို လျင်မြန်စွာ လှည့်ပတ်စေလျက်ရှိသည်။ စက္ကန့်ပိုင်းအတွင်းတွင် မှောင်ခိုစျေးထဲမှ အလျင်အမြန်ထွက်လာနိုင်ခဲ့သည်။ ရုတ်တရက် သက်ပြင်းတစ်ချက်ချလိုက်သော်လည်း သူ့အား ချက်ချင်း အမှီလိုက်နိုင်သော လူတစ်ယောက်ပြေးလာသည်ကို တွေ့လိုက်ရသည်။ ဤလူသည် မျက်စိတစ်မှိတ်အတွင်းတွင်ပင် သူနှင့်အမှီလိုက်နိုင်၏။
စွမ်းအင်သန့်စင်ခြင်း အထွဋ်အထိပ်
ဤသည်မှာ စွမ်းအင်သန့်စင်ခြင်းအထွဋ်အထိပ်အဆင့်ရှိ နောက်ထပ် စွမ်းအားရှင်တစ်ဦးဖြစ်သည်။ ဤလူသည် မွေးဖွားခြင်းအဆင့်သို့မရောက်သေးသော်လည်း အလွန်အစွမ်းထက်နေပြီဖြစ်သည်။
သူ့နောက်တွင် သွေးဝံပုလွေဂိုဏ်းသားများသည် မှောင်ခိုစျေး၏ တံခါးများကို ကျော်ဖြတ်ကာ ပျံသန်းလာကြသည်။ ၎င်းတို့အထဲမှ အဆင့်အနိမ့်ဆုံးမှာ ချီပင်လယ်အထွဋ်အထိပ်တွင်ရှိနေ၏။
“မိတ်ဆွေ၊ မင်း ဒီကိုရောက်လာပြီးမှတော့ ဘာလို့ဒီမှာမနေတာလဲ။ သွေးဝံ့ပုလွေဂိုဏ်းက မင်းကို ကောင်းကောင်းမဆက်ဆံဘူးလို့ ပြောဖို့ကြိုးစားနေတာလား” စွမ်းအင်သန့်စင်ခြင်းအထွဋ်အထိပ်ရှိ သိုင်းသမားက လှောင်ပြုံးပြုံးကာပြောသည်။
“ဟေးဟေး သွေးဝံပုလွေဂိုဏ်းက သူတို့တဲ့ဧည့်သည်တွေကို ဘယ်လိုဆက်ဆံလဲဆိုတာ ငါနောက်ဆုံးတော့ နားလည်သွားပြီ။ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှအတွက် ငါ အနာဂတ်မှာ မင်းတို့ကို သေချာပေါက် ပြန်ဆပ်ပါ့မယ်” ချူးယွင်ဖန်းက ပြေးလျက်ပြောလိုက်သည်။
“အနာဂတ်မှာ၊ ဟုတ်လား။ စောင့်ရတာ အရမ်းကြာလိမ့်မယ်။” စွမ်းအင်သန့်စင်ခြင်းကျင့်ကြံသူက ချူးယွင်ဖန်းဆီသို့ တစ်ဟုန်ထိုး ပြေးကာ သူ၏ ချီစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
ချူးယယွင်ဖန်းသည် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်းကို ဆက်လက်အသုံးပြုနေသဖြင့် အသွင်ပြောင်းပုံတိုင်းသည် မယုံကြည်နိုင်ဖွယ်ရာကောင်းလှသည်။ အချိန်တိုအတွင်းတွင်ပင် သူသည် အရှေ့သို့ တစ်ဟုန်ထိုးရောက်ရှိသွားခဲ့ရာ၊ ဂိုဏ်းသားမှ အဆက်မပြတ်လိုက်ဖမ်းလျက်ရှိသော်လည်း ချူးယွင်ဖန်းအားဖမ်းမိရန် အမှန်တကယ်ပင်နည်းလမ်းမရှိပေ။
လူတစ်စုမှ ချူးယွင်ဖန်းအားလိုက်ဖမ်းနေသော်လည်း ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။
မကြာခင်တွင်ပင် သူတို့အားလုံးသည် မှောင်ခိုစျေးနှင့်ဝေးသောနေရာတစ်ခုဆီသို့ ရောက်သွားကြသည်။ မြို့ငယ်တစ်မြို့၏ အပျက်အစီးအကြွင်းအကျန်များအကြားသို့ရောက်ရှိကာ၊ ဘေးအဘက်ဘက်မှ မွန်းစတားများ၏ အော်ဟစ်သံများကိုလည်း ကြားနေရသည်။
“ဒုကပ္ပတိန်၊ ကျွန်တော်တို့ ဆက်ပြီးလိုက်ဖမ်းရမလား” သွေးဝံပုလွေဂိုဏ်းသားတစ်ယောက်က မဝံ့မရဲမေးလိုက်သည်။
ထိုသို့သော အပျက်အစီးများအကြားတွင် သားရဲများစွာနေထိုင်ကြသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ လူနေမြို့များနှင့် ဝေးကွာလာလေလေ အစွမ်းထက်သော သားရဲများရှိနိုင်ချေရှိလေလေပင်ဖြစ်သည်။ အကယ်၍ ဤမွန်းစတားများကို အမဲလိုက်ရန် ကြိုတင်ပြင်ဆင်လာခဲ့လျှင် အဆင်ပြေနိုင်သည်။ သို့သော် လတ်တလောတွင် လုံးလုံးပြင်ဆင်ထားခြင်းမရှိသည့်အတွက် ချပ်ဝတ်တန်ဆာများပင် ဝတ်ဆင်ထားခြင်းမရှိကြချေ။
“ဆက်လိုက်နေ။ သူပုန်းလို့ ရမယ်လို့ငါမထင်ဘူး။ ငါတို့ ဂိုဏ်းကို ဓားပြတိုက်ပြီး ငါတို့ညီအစ်ကိုတွေကိုတောင် သတ်ပစ်ရဲမှတော့ ဒီအကြွေးကို လွယ်လွယ်နဲ့ မကြေပေးနိုင်ဘူး။ အဲ့အပြင် သူက ဆေးပညာရှင်ပဲ။ အရင်နှစ်တွေက ငါတို့ ကိုယ်ပိုင် ဆေးပညာရှင်တွေ မပျိုးထောင်နိုင်ခဲ့ဘူး။ အခု ငါတို့ဆီကို ဆေးပညာရှင်တစ်ယောက်လာတယ်ဆိုတော့ ဒီဟာကို တစ်သက်တစ်ခါပဲရမယ့် အခွင့်အရေးလို့ သတ်မှတ်ထားရမှာပဲ” ခေါင်းဆောင်ကပြောသည်။ သူသည် သွေးဝံ့ပုလွေဂိုဏ်း၏ ဒုတိယခေါင်းဆောင်ဖြစ်ကာ၊ ဂိုဏ်းခေါင်းဆောင်ပြီးလျှင် ဒုတိယအင်အားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည်။
ဒုခေါင်းဆောင်က အမိန့်ပေးပြီးနောက် လူတိုင်းသည် စွန့်ပစ်ခံမြို့တော်ထဲသို့ ချီတက်သွားကြသည်။ သို့သော် အပြင်တွင်ရှိစဥ်ကနှင့် ယှဥ်လျှင် ဤနေရာတွင် ပို၍ သတိထားကြသည်။ ဤအပျက်အစီးများအကြား၊ မည်သည့်နေရာတွင် မွန်းစတားတစ်ကောင်ပုန်းအောင်းနေလိမ့်မည်ကို မည်သူမျှမသိကြချေ။
ယခုအချိန်တွင် ချူးယွင်ဖန်းသည် သွေးဝံ့ပုလွေဂိုဏ်း၏ လိုက်လံဖမ်းဆီးခံရခြင်းမှ လွတ်မြောက်လာခဲ့သော်လည်း သူ့အား အလွယ်တကူ အလွတ်ပေးလိမ့်မည်မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် မြေအောက်ကားဂိုထောင်ထဲသို့ ဆင်းသွားကာတောင်မြစ်ပန်းချီကား ထဲတွင် ပုန်းအောင်းတော့မည့် ဆဲဆဲတွင် ကြီးမားသော အရာတစ်ခုပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူကြည့်လိုက်သောအခါ ပြာလဲ့လဲ့အရောင်ရှိသော သတ္တဝါတစ်ကောင်ဖြစ်ကြောင်း သိလိုက်ကာ၊ ၎င်းသည် ချက်ချင်းပင် သူ့အပေါ်သို့ခုန်အုပ်လိုက်သည်။
ဤသတ္တဝါသည် အလွန်လျင်မြန်သည်။ အချိန်တိုလေးအတွင်းတွင်ပင် ၎င်းသည် ချူးယွင်ဖန်း၏ အပေါ်သို့ရောက်ရှိလာ၏။ သူဤမျှ လျင်မြန်သော ဖြစ်တည်မှုကို မတွေ့ခဲ့ဖူးချေ။
ချူးယွင်ဖန်းသည် ဤပြာလဲ့လဲ့ သတ္တဝါကို လျင်မြန်စွာရှောင်တိန်းလိုက်သည်။ နောက်ဆုံးတွင်မူ ဤအရာသည် မည်သည့်သတ္တဝါဖြစ်ကြောင်း သဘောပေါက်နားလည်လိုက်၏။ ၎င်းသည် နှစ်မီတာခန့်မြင့်သော မွန်းစတားတစ်ကောင်ဖြစ်ကာ တစ်ကိုယ်လုံးတွင် အပြာရောင်သားမွေးများဖြင့်ဖုံးအုပ်ထားရာ ၎င်း၏ ရင်ဘက်ပေါ်တွင် မီးခိုးရောင်နှင့် အနက်ရောင်ရောယှက်ထားသော သံချပ်ကာနှင့်တူသော အရိုးပြားတစ်ခု ရှိ၏။ ၎င်း၏ ဦးခေါင်းသည် ကြောင်တစ်ကောင်နှင့်တူသော်လည်း အလွန်ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အပြာရောင်အမွေးများသည် လျှပ်စစ်မီးပွားများဖြင့် ရံဖန်ရံကာ လင်းလတ်သွားတတ်သည်။
“အဲ့… အဲ့တာ မိုးကြိုးတောင်ပံသားရဲပဲ”
ချူးယွင်ဖန်းသ်ည အချိန်ခဏတာလောက် တွေးတောကာ၊ ဤသတ္တဝါအကြောင်း စဥ်းစားလိုက်သည်။ သို့သော် ဤသားရဲသည် အရွယ်ရောက်နှင့်ပြီးပုံစံမဟုတ်ပေ။
အရွယ်ရောက်ပြီးသော မိုးကြိုးတောင်ပံသားရဲသည် အရွယ်အစားပိုကြီးရုံသာမက ၎င်း၏ နံရိုးနှစ်ဖက်တွင် အတောင်ပံများပေါက်ကာ ကောင်းကင်ကို ဖြတ်၍ လွတ်လပ်စွာပျံသန်းနိုင်မည်ဖြစ်သည်။
၎င်းသည်သာ မိုးကြိုးတောင်ပံသားရဲ၏ ပြီးပြည့်စုံသော ပုံစံဖြစ်၏။
အခန်း(၂၅၇) မိုးကြိုးတောင်ပံသားရဲကို ထိန်းချုပ်ခြင်း
မွေးဖွားခြင်းနယ်မြေ အဆင့်အထက်တွင်ရှိသော ကြောက်မက်ဖွယ်ဖြစ်တည်မှုတစ်ခုဖြစ်သောကြောင့် အရွယ်ရောက်ပြီး မိုးကြိုးတောင်ပံသားရဲတစ်ကောင်ကို မည်သူမျှ ရန်စဝံ့မည်မဟုတ်ပေ။ ၎င်း
၏ သားစဥ်မြေးဆက်များသည် လေနှင့်မိုးကြိုး၏ စွမ်းအင်များဖြင့် မွေးဖွားလာခြင်းဖြစ်သည်။
မိုးကြိုးတောင်ပံသားရဲများသည် မိုးကြိုးကို ထိန်းချုပ်နိုင်သည့် မြင့်မြတ်သော စွမ်းရည်ဖြင့် မွေးဖွားလာကြခြင်းဖြစ်သည်။ အရွယ်ရောက်လာသောအခါတွင် အတောင်များအသွင်ဖြင့် လေစွမ်းအင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ ထိုအချိန်တွင် ၎င်းသည် လေကိုထိန်းချုပ်နိုင်သည့် ကြောက်မက်ဖွယ်စွမ်းအင်ကို ရရှိလာမည်ဖြစ်သည်။
လူသားများနှင့် မွန်းစတားများအကြားတိုက်ပွဲများတွင် မိုးကြိုးတောင်ပံသားရဲများပေါ်လာခဲ့ဖူးသည်။ ၎င်းသည် လူသားများအပေါ် ဆိုးရွားသော ဒဏ်ခတ်မှုတစ်ခုဖြစ်ကာ၊ အတောင်ပံများ ယိမ်းလိုက်သည်နှင့် လေဖိအားနည်းအရပ်တွင်ပင် ကြီးမားသော လေဆင်နှာမောင်းကြီးများကို ဖန်တီးနိုင်၏။ ထို့အတူ မိုးကြိုးမုန်တိုင်းများကိုလည်း လောကသို့ခေါ်ဆောင်နိုင်၏။
ဤသည်မှာ တကယ့်ကို ကြောက်မက်ဖွယ်အိပ်မက်ဆိုးတစ်ခုပင်ဖြစ်သည်။
ငယ်ရွယ်သော မိုးကြိုးတောင်ပံသားရဲသည်လည်း ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေ အခြေအနေတွင်ပင် စွမ်းအင်သန့်စင်ခြင်း အဆင့်တွင်ရှိနေမည်ဖြစ်ရာ၊ သက်ကြီးကောင်ဘဝသို့ရောက်သည်နှင့် ၎င်းသည် မွေးဖွားခြင်းအဆင့်သို့ရောက်ရှိမည်ဖြစ်သည်။
ချူးယွင်ဖန်းသည် သူ့ရှေ့မှ သားရဲကို ကြည့်ရှု့ဆန်းစစ်ကြည့်လျက်ရှိသည်။ နှစ်မီတာခန့်မြင့်သော မိုးကြိုးတောင်ပံသားရဲသည် သက်ကြီးကောင်အဆင့်တွင်ရှိနိုင်ချေရှိ၏။ လက်ရှိ ချူးယွင်ဖန်းအတွက်မူ ဤသည်မှာ အနှိုင်းမဲ့သော ဖြစ်တည်မှုတစ်ခုဖြစ်သည်။ မိုးကြိုးတောင်ပံသားရဲ၏ အသိုက်ထဲသို့ သူ မှားယွင်းစွာ ဝင်ရောက်မိခဲ့ကြောင်း သတိထားမိလိုက်သည်။ ဤကားရပ်နားကွင်းကို မွန်းစတားတစ်ကောင်မှ အသိုက်အဖြစ်အသုံးပြုထားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ဤမိုးကြိုးတောင်ပံသားရဲသည် ကားပါကင်၏ ထွက်ပေါက်ကို ပိတ်ထားသဖြင့် သူ့အတွက် လွတ်မြောက်ရန်လမ်းမရှိပေ။ တောင်မြစ်ပန်းချီကား သို့သာ မဝင်နိုင်ပါက၊ သူ့အတွက် လွတ်မြောက်ရန်လမ်းရှိမည်မဟုတ်ပေ။
‘ငါ့မှာ ရွေးချယ်စရာမရှိဘူးဆိုမှတော့ အကုန်ထုတ်သုံးလိုက်တော့မယ်’
အကယ်၍သာ ယခင်ကချူးယွင်ဖန်းသာဆိုပါက တောင်မြစ်ပန်းချီကားထဲသို့သာ ထဲတွင် ပုန်းအောင်ရန် သေချာပေါက်ရွေးချယ်လိမ့်မည်မှာ သေချာသော်လည်း ယခုအချိန်တွင် အရာအားလုံးသည် ကွာခြား၏။ ယခု သူသည် သားရဲယဥ်ပါးဆေးကို ပိုင်ဆိုင်ထားသည်။ ဤမျှ မြန်မြန်အသုံးပြုရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
မိုးကြိုးတောင်ပံသားရဲသည် ချက်ချင်းဆိုသလိုပင် သူ့အပေါ်သို့ ခုန်တက်လာသည်။ ၎င်းသည် အလွန်လျင်မြန်ကာ လေဖြစ်စေ၊ လျှပ်စီးဖြစ်စေ၊ အမြန်နှုန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ချူးယွင်ဖန်း၏ အသွင်ပြောင်းခြင်းကိုးသွယ်နှင့်ပင် အလွန်ပြင်းထန်သော ဖိအားကို ခံစားမိလျက်ရှိသည်။ သားရဲသည် သူ့ထံသို့ ပျံသန်းလာတိုင်းတွင် ရှောင်တိမ်းရုံသာတတ်နိုင်၏။
ချူးယွင်ဖန်း၏ စိတ်သည် တည်ငြိမ်သော အခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။ မိုးကြိုးတောင်ပံသားရဲ၏ ရွေ့လျားမှုများသည် အစောပိုင်းတွင် လျှပ်စီးကဲ့သို့လျင်မြန်နေရာမှ ရုတ်တရက် နှေးကွေးလာသည်။ အသွင်ပြောင်းခြင်း ကိုးမျိုးသည် ဗီဒီယိုတစ်ခုကဲ့သို့ သူ၏ စိတ်ထဲတွင် အလျင်အမြန်ပေါ်လာ၏။ ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း၏ တတိယမြောက်အသွင်ကူးပြောင်းမှုသို့ရောက်နေပြီဖြစ်သော သူ၏ ကျင့်ကြံရေးသည် မိုးကြိုးတောင်ပံသားရဲ၏ ပြင်းထန်သော လှုံ့ဆော်မှုအောက်တွင် ချက်ချင်းပင် အဆင့်တစ်ခုတက်သွား၏။
စတုတ္ထအသွင်ပြောင်းပုံစံသို့ တက်လှမ်းနိုင်ခဲ့သည်။
အဆင့်တက်လှမ်းပြီးနောက် ချူးယွင်ဖန်း၏ ပေါ့ပါးသွက်လက်မှုသည် ပို၍ပင် အဆမတန်တိုးလာ၏။ ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း၏ အသွင်းပြောင်းမှုတစ်ခုစီတိုင်းသည် အသစ်စက်စက်များဖြစ်ရာ၊ နောက်တစ်မျိုးသည် ရှေ့တစ်မျိုးနှင့် လုံးလုံးကွဲပြား၏။
မိုးကြိုးတောင်ပံသားရဲသည် ချူးယွင်ဖန်းအား ဖမ်းမိရန် ကြိုးစားလျက်ရှိသော်လည်း စတုတ္ထအသွင်ပြောင်းခြင်းသို့ တက်လှမ်းနိုင်ခဲ့ပြီးသည့်နောက်တွင် ချူးယွင်ဖန်းသည် ပို၍ လုံခြုံလာသကဲ့သို့ခံစားလိုက်ရသည်။ လက်ရှိ သူသည် မိုးကြိုးတောင်ပံသားရဲ၏
တိုက်ခိုက်မှုများကို ပို၍ ရှောင်တိမ်းနိုင်လာ၏။
စတုတ္ထအသွင်ပြောင်းခြင်းကို တက်လှမ်းနိုင်ပြီးနောက်တွင် ချူးယွင်ဖန်း
အခြားရွှေ့လျားရေးသိုင်းနှစ်မျိုးသည်လည်း တိုးတက်လာသည်။ ပုံရိပ်ကိုးသွယ်ကိုယ်ပွားရွေ့လျားမှု သည် စတုတ္ထမြောက်အဆင့်သို့ရောက်ရှိကာ၊ လေပြင်းတိုက်ခြင်းနည်းစနစ် သည်လည်း ပို၍ မြင့်သော အဆင့်သို့ တက်သွားခဲ့သည်။
မိုးကြိုးတောင်ပံသားရဲ ခုန်အုပ်သောအခါတွင် ကြောက်မက်ဖွယ်ကောင်းသော လေပြင်းတစ်ခု တိုက်ခတ်သွားလေ့ရှိသည်။ ချူးယွင်ဖန်းသည် ၎င်းကို ကြိုတင်ခံစားမိကာ၊ လေပြင်းတိုက်ခိုက်ရာမှဖြစ်လာသော လေဟုန်အတက်အကျကို အားကိုးကာ ၎င်းကို ရှောင်တိမ်းနိုင်၏။
သူ၏ လှုပ်ရှားရေးသိုင်းပညာများတွင် ကြီးမားသော အောင်မြင်မှုများရရှိပြီးနောက် ချူးယွင်ဖန်း၏ အသွင်ပြောင်းမှုသည် ချက်ချင်းပင် ထိရောက်လာခဲ့သည်။ မကြာသေးမီက၊ မိုးကြိုးတောင်ပံသားရဲ၏ တိုက်ခိုက်မှုများကိုရင်ဆိုင်ရာတွင် သူအလွန်စိုးရိမ်ထိတ်လန့်နေခဲ့သည်။ ခဏတာပေါ့လျော့မှုကြောင့်ပင် သူသေဆုံးသွားနိုင်ခဲ့သည်။ သို့သော် ယခုမူကာ သူသည် သားရဲကို အလွယ်တကူရင်ဆိုင်နိုင်ပြီဖြစ်သည်။
‘ဝေါင်း’
မိုးကြိုးတောင်ပံသားရဲသည် ချူးယွင်ဖန်းကို အကြိမ်ကြိမ်မသတ်နိုင်ခဲ့သဖြင့် အလွန်အင်မတန် ဒေါသထွက်လာကာ ဟိန်းဟောက်လိုက်သည်။
‘ဒါ ငါ့အခွင့်အရေးပဲ’ ဤအတွေးသည် ချူးယွင်ဖန်း၏ စိတ်ထဲ၌ တောက်လောင်သွားသည်။
ဤအခိုက်အတန့်ကို သူစောင့်နေခဲ့ခြင်းဖြစ်သည်။ သားရဲယဥ်ပါးဆေးသည် ချူးယွင်ဖန်း၏ လက်ထဲတွင် ပေါ်ထွက်လာသည်။ ထို့နောက် ချူးယွင်ဖန်းသည် ဥက္ကာပျံကဲ့သို့ မိုးကြိုးတောင်ပံသားရဲ၏ ပွင့်နေသော ပါးစပ်အနားသို့ ပျံတက်သွားလိုက်သည်။
သားရဲယဥ်ပါးဆေးကို မြိုချပြီးသည့်နောက် မိုးကြိုးတောင်ပံသားရဲသည် ၎င်း၏ လှုပ်ရှားမှုများ နှေးကွေးသွားသည်ကို ခံစားလိုက်ရသည်။ ၎င်း၏ ခုန်အုပ်မှုများသည် ယခင်ကကဲ့သို့ မချောမွေ့တော့ပေ။ တဖြည်းဖြည်းနှင့် ၎င်း၏ မူလက အနှိုင်းမဲ့ပြင်းထန်သော မျက်လုံးများသည် မာကျောမှုများ ပျောက်ကွယ်သွား၏။
ချူးယွင်ဖန်းသည် သားရဲယဥ်ပါးဆေးမှာ အကျိုးသက်ရောက်မှုရှိကြောင်းချက်ချင်းသိလိုက်သည်။ ယခုအချိန်သည် ၎င်း၏ အထိခိုက်နိုင်ဆုံးအချိန်ဖြစ်ကာ သူသာ မိုးကြိုးတောင်ပံသားရဲကို အနိုင်ယူချင်လျှင် ဤသည်မှာ အကောင်းဆုံး အခွင့်အရေးသာဖြစ်သည်။
ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲရှေ့တွင် ချက်ချင်းထိုင်လိုက်သည်။ ထို့နောက် လက်အချုပ်အနှောင် တစ်ခုပြုလုပ်ကာ ရိုးရာတစ်ခုကိုစတင်လုပ်ဆောင်၏။ ချူးယွင်ဖန်းသည် ရှုပ်ထွေးခက်ခဲသော ဂါထာကို ရွတ်ဆိုလိုက်သည်။ ၎င်းကို ရှေးဟောင်းလူသားများကာလရှိ လူအနည်းငယ်သာနားလည်နိုင်ခဲ့ကြသဖြင့် လက်ရှိခေတ်တွင် ချူးယွင်ဖန်းသည် ၎င်းကို သိသည့် တစ်ဦးတည်းသောသူဖြစ်နိုင်၏။ ဤသည်မှာ ဝိဉာဥ်ရေးရာ ဆက်သွယ်မှုအတွက် စည်းတံဆိပ်l ဖြစ်သည်။ ၎င်းသည် သားရဲတစ်ကောင်ကို ထိန်းကျောင်းရန် သားရဲယဥ်ပါးဆေးကို အသုံးပြုရာတွင် အရေးအကြီးဆုံး ခြေလှမ်းဖြစ်သည်။
ဘွန်း
ချူးယွင်ဖန်းသည် ကြောက်မက်ဖွယ်ကောင်းသော ဝိဉာဥ်စွမ်းအားတစ်ခု သူ့ဦးနှောက်ထဲသို့ အဆက်မပြတ်ဝင်လာသည်ကို ခံစားလိုက်ရသည်။ ဤမိုးကြိုးတောင်ပံသားရဲသည် အရွယ်မရောက်သေးသော်လည်း သန့်စင်ခြင်းအဆင့်သားရဲတစ်ကောင်ဖြစ်သည်။ ၎င်း၏ ဝိဉာဥ်စွမ်းအားသည် သာမန်လူသားများစွာထက် ပို၍ အင်အားကောင်း၏။ သူသည် သားရဲကို ယဥ်ပါးစေချင်လျှင် ၎င်း၏ ဝိဉာဥ်စွမ်းအားကို ထိန်းနိုင်ရမည်ဖြစ်သည်။
ချူးယွင်ဖန်း လက်များက အချုပ်အနှောင်စည်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ သူ့စိတ်ထဲရှိ နတ်ဘုရားစိတ်ဝိဉာဥ်သည် ကြီးမားသော အလင်းတန်းများကို ရုတ်တရက်ထုတ်လွှတ်လိုက်ရာ၊ ချူးယွင်ဖန်း၏ စိတ်ကို သိမ်းပိုက်လုနီးပါးဖြစ်နေသော မိုးကြိုးတောင်ပံသားရဲ၏ ဝိဉာဥ်စွမ်းအင်သည် ချက်ချင်း တွန်းလှန်ခြင်းခံလိုက်ရသည်။ ထို့နောက် ပျောက်ကွယ်သွား၏။ နတ်ဘုရားစိတ်ဝိဉာဥ်၏ အကူအညီမပါလျှင် သားရဲ၏ ဝိဉာဥ်စွမ်းအားကို ထိန်းချုပ်နိုင်ရန် အချိန်အတော်ကြာမြင့်မည်ဖြစ်သော်လည်း ယခုမူ အရာအားလုံး ပြေလည်ကာ၊ ဆိုးကျိုးမရှိသည့်အတွက် သူ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ အကယ်၍ သူသာ သတိမထားလျှင် ပြန်လည်တန်ပြန်ခြင်းခံရနိုင်၏။ သူ၏ဝိဉာဥ်စွမ်းအားသည် အတားအဆီးမရှိဘဲ မိုးကြိုးတောင်ပံသားရဲ၏ စိတ်ထဲသို့ ဝင်ရောက်လျက်ရှိသည်ကို သူခံစားမိနိုင်၏။ လူနှင့် သားရဲအကြား စိတ်ချင်းဆက်သွယ်မှုသည် အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်သည်။ ချူးယွင်ဖန်း အတွေးတစ်ခုတွေးလိုက်ရုံဖြင့်ပင် သားရဲသည် ချူးယွင်ဖန်း မည်သည်ကို အလိုရှိကြောင်း သိပေလိမ့်မည်ဖြစ်ကာ သူတို့ချင်း အလွန်ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ပြီဖြစ်သည်။
ချူးယွင်ဖန်းသည် မျက်လုံးများကို ဖွင့်လိုက်သည်။ မိုးကြိုးတောင်ပံသားရဲသည် ၎င်း၏ မှိန်းနေသော အခြေအနေမှ ပြန်လည်ကောင်းမွန်လာသည်။ သို့သော် ချူးယွင်ဖန်းအား ကြည့်သောအခါတွင်မူ ၎င်း၏ မျက်လုံးများထဲတွင် အကြမ်းဖက်လိုစိတ်များမရှိတော့ပေ။ ၎င်းသည် ချူးယွင်ဖန်းအား ကျိုးနွံစွာကြည့်လျက်ရှိသည်။
ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲ၏ဦးခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ၎င်း၏ အရိုးချပ်ကာဖြင့် ဖုံးအုပ်ထားသော အစိတ်အပိုင်းများမှလွဲ၍ ကျန်အပိုင်းရှိ အမွှေးများသည် အလွန်နူးညံ့သည်။ သို့သော် ၎င်း၏ ကိုယ်ပေါ်တွင် လျှပ်စစ်အလင်းရောင် အနည်းငယ်ရှိနေ၏။ ဤသည်မှာ အံ့ဖွယ်လျှပ်စီးစွမ်းရည်ကို ပြုလုပ်တော့မည့် အမှတ်အသားပင်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရုတ်တရက် အရှိန်ပြင်းသော ခြေသံများနှင့် ကားပါကင်၏ အပြင်ဘက်မှ အော်ဟစ်သံများပေါ်ထွက်လာသည်။
“တွေ့ပြီ။ သူဒီမှာ ရှိရမယ်”
အခန်း(၂၅၈) သွေးဝံပုလွေဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေအကုန်လုံးကို ချေမှုန်းခြင်း
အရှိန်ပြင်းသော ခြေသံများနှင့် အော်သံများသည် ကားပါကင်၏ အပြင်ဘက်မှထွက်ပေါ်လာသည်။ သွေးဝံပုလွေဂိုဏ်းသည် ချူးယွင်ဖန်းအား အမှီလိုက်နိုင်ပြီဖြစ်သည်။
“သူအခု ဘယ်ပြေးမလဲကြည့်ရအောင်”
ချူးယွင်ဖန်းသည် ကားပါကင်၌ပိတ်မိနေကြပြီဟု သူတို့ထင်မိကြရာ သူ့တွင် အတောင်များပေါက်နေလျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။
ခဏအကြာတွင် လူဆယ်ယောက်ကျော်သည် ချူးယွင်ဖန်း၏ ရှေ့၌ပေါ်လာ၏။ သူတို့၏ မျက်နှာများထက်တွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ သိသိသာသာပေါ်လွင်နေသည်။ သို့သော်လည်း၊ ချူးယွင်ဖန်း၏နောက်တွင် ရပ်နေသော ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါကြီးကို တွေ့လိုက်ရသည့်အခါတွင်မူ သူတို့အားလုံး ရပ်တန့်သွားကြသည်။
မိုးကြိုးတောင်ပံသားရဲသည် သက်ကြီးကောင်အဆင့်တွင်သာရှိသဖြင့် နှစ်မီတာခန့်သာမြင့်မားသည်။ ခေတ်မီလု့အဖွဲ့အစည်းတွင် လူသားများသည် ယေဘုယျအားဖြင့် အရပ်ရှည်ကြရာ၊ ၁.၈ မီတာ နှင့် ၁.၉မီတာခန့် ရှိလေ့ရှိကြသည်။ နှစ်မီတာသည် ကြီးကြီးမားမားမဟုတ်ချေ။
သို့သော် ၎င်းသည် ကြီးမားသော အဟန့်အတားတစ်ခုပင်ဖြစ်၏။
“မိုးကြိုးတောင်ပံ သားရဲ”
သူတို့သည် ထိုသတ္တဝါကို ချက်ချင်း မျက်မှန်းတန်းမိကြသည်။ ခေတ်သစ်လူ့အဖွဲ့အစည်း၏ အခြေခံပညာရေးကြောင့် မွန်းစတားအမျိုးအစားများကို ခွဲကြားသတ်မှတ်နိုင်ရန် မခက်ခဲပေ။
မိုးကြိုးတောင်ပံသားရဲကို တွေ့လိုက်သောအခါ ၎င်းတို့၏ခန္ဓာကိုယ်များ တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။ ၎င်းတို့သည် တိုက်ပွဲရာပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသည့် မွန်းစတားမုဆိုးများဖြစ်ကြရာ၊ မည်သည့် သားရဲသည် ကြောက်မက်ဖွယ်ကောင်း၍ မည်သည့်သားရဲသည် ကိုင်တွယ်ရလွယ်ကူသည်ကို အလိုအလျောက်နားလည်ကြသည်။
မိုးကြိုးတောင်ပံသားရဲသည်မူ ကြောက်မက်ဖွယ်အကောင်းဆုံးများထဲမှ တစ်ကောင်ဖြစ်သည်မှာ သံသယဖြစ်ရန်မလိုပေ။ သွေးဝံပုလွေဂိုဏ်းသည် ၎င်းတို့၏ တပ်ရင်းတစ်ခုလုံးကို လွှတ်လိုက်မှသာ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုသို့ဖြစ်လျှင်ပင်၊ ကြီးမားသော ဆုံးရှုံးမှုများအတွက် အသင့်ပြင်ထားရမည်ဖြစ်သည်။ မွေးဖွားရန် ပြင်ဆင်နေသော အမြှီးသုံးချောင်း ငွေမြေခွေးအား အခွင့်အရေးယူခဲ့ကြသည့် တန်ဒါအဖွဲ့ကဲ့သို့ မဖြစ်လျှင် မွေးဖွားခြင်းနယ်မြေ အဆင့်သားရဲတစ်ကောင်ကို တိုက်ခိုက်ရန်မလိုအပ်ပေ။
မိုးကြိုးတောင်ပံသားရဲ၏ တွင်းဖြစ်သည်ကို သတိမပြုမိကြဘဲ၊ အလျင်အမြန်ပြေးဝင်လာခဲ့ကြခြင်းဖြစ်၏။
“ခင်ဗျားတို့ ကျုပ်ကို ရှာနေကြတာလား” ချူးယွင်ဖန်း၏ မျက်လုံးများအရောင်တောက်ကာ၊ ပြုံး၍ပြောလိုက်သည်။
သွေးဝံပုလွေဂိုဏ်းသည် အနည်းငယ်အံ့သြလန့်ထိတ်သွားကြသည်။ သူ့ရှေ့တွင် ဝံပုလွေရှိနေကာ၊ အနောက်တွင် ကျားတစ်ကောင်ရှိနေသည့် အခြေအနေတွင် ချူးယွင်ဖန်းသည် အဘယ်ကြောင့် ပြုံးနေသေးသနည်း။
‘ဘာဖြစ်နေတာလဲ’
အခြားအချိန်များတွင်သာဖြစ်လျှင် ချူးယွင်ဖန်းအား ၎င်းတို့ တိုက်ခိုက်နှင့်မည်မှာသေချာသော်လည်း ယခုမူ သူတို့အားလုံး ကြက်သေသေလျက်ရှိကြသည်။ ရှေ့သို့ချီတက်သင့်သလား၊ နောက်ဆုတ်သင့်သလား သူတို့မသိကြပေ။ သူတို့အားလုံး စွမ်းအင်သန့်စင်ခြင်းအထွတ်အထိပ်အဆင့်ရှိ ဒုခေါင်းဆောင်ကိုကြည့်လိုက်ကြသည်။
“ပြန်ဆုတ်ကြ”
သွေးဝံပုလွေဂိုဏ်း ဒုခေါင်းဆောင်သည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ချူးယွင်ဖန်းအား အစိတ်စိတ်အမွှာမွှာဖြစ်စေချင်သော်လည်း မိုးကြိုးတောင်ပံသားရဲသည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်မှာ အသိအသာပင်ဖြစ်သည်။ ချူးယွင်ဖန်းကို သတ်ရန် သူ့အသက်သူ စတေးရန် မထိုက်တန်ပေ။
“ခင်ဗျားတို့က အခု ပြန်လှည့်ချင်တာလား။ အရမ်းနောက်ကျသွားပြီ။ သွား” ချူးယွင်ဖန်းသည် လက်ကိုဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သူ့နောက်မှ မိုးကြိုးတောင်ပံသားရဲသည် အပြာရောင်လျှပ်စီးတစ်စင်းကဲ့သို့ တစ်ဟုန်ထိုးပြေးထွက်လာကာ၊ သွေးဝံပုလွေဂိုဏ်းသားတစ်ယောက်ထံသို့ ခုန်အုပ်လိုက်သည်။ ၎င်း၏ လက်ကိုဝှေ့ယမ်းလိုက်ရုံနှင့် ထိုဂိုဏ်းသား၏ ဦးခေါင်း လွင့်ထွက်သွားသည်။ ချပ်ဝတ်တန်ဆာဝတ်ထားလျှင်ပင် ဤကြောက်မက်ဖွယ်စွမ်းအားကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် သူရပ်နေသောနေရာမှ ဤအရာများအားလုံးကိုမြင်လိုက်ရသည့်အတွက် သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ သူသာ မိုးကြိုးတောင်ပံသားရဲ၏ ဖမ်းဆီးခြင်းကိုခံရပါက အကျိုးဆက်သည် ကွဲပြားပေလိမ့်မည်ဖြစ်သည်။ သူတွေးနေချိန်တွင် မိုးကြိုးတောင်ပံသားရဲသည် ဝံပုလွေဂိုဏ်းသာ တစ်ဒါဇင်ကျော်ခန့်ကို သတ်ပစ်လိုက်ပြီဖြစ်၏။
ဤသတ္တဝါသည် အမှန်တကယ်ပင်ကြောက်မက်ဖွယ်ကောင်း၏။ ၎င်းသည် သက်ငယ်ကောင်အဆင့်တွင်သာရှိနေဆဲဖြစ်ရာ အရွယ်မရောက်သေးသော်လည်း သန့်စင်ခြင်းအဆင့်သည် သန့်စင်ခြင်းအဆင့်သာဖြစ်သည်။ ဤသည်မှာ စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ စစ်သည်တစ်ယောက်ယှဥ်နိုင်သောအရာမဟုတ်ပေ။ လက်ဖဝါးဖြင့် ကုတ်ခြတ်လိုက်ရုံဖြင့် လူတိုင်းလွင့်ထွက်သွားနိုင်သည်ဖြစ်ရာ အကယ်၍ သူတို့သံချပ်ကာဝတ်ထားလျှင်ပင် အရိုးများ ကျိုးကြေသွားနိုင်၏။
“သတ်ပစ်ကြစမ်း”
ဤသွေးဝံပုလွေဂိုဏ်းသားများအားလုံးသည် မိုးကြိုတောင်သားရဲ၏ သတ်ဖြတ်မှုကြောင့် ဂယက်ရိုက်ကုန်ကြသည်။ ဒုခေါင်းဆောင်ထံမှ ကျယ်လောင်သော ကြုံးဝါးသံနှင့်အတူ သွေးဝံပုလွေဂိုဏ်းအဖွဲ့ဝင်များအားလုံးသည် မိုးကြိုးတောင်ပံသားရဲဆီသို့ ချီတက်သွားကြသည်။ လက်နက်များသည် မိုးကြိုးဆောင်ပံသားရဲ၏ အရိုးချပ်ဝတ်ကို ထိမှန်ကာ အသံပေါင်းစုံထွက်ပေါ်လာသည်။
ဤသွေးဝံပုလွေဂိုဏ်းသားများ မိုးကြိုးတောင်ပံသားရဲကို နှိမ်နင်းရန် ကြိုးပမ်းနေကြချိန်တွင် ဒုခေါင်းဆောင်သည် အခွင့်အရေးကို ရယူခဲ့သည်။ သူသည် ထိုသတ္တဝါကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ သူ၏လက်အောက်ငယ်သားများကို သူလွတ်မြောက်ရန် အချိန်ဆွဲပေးစေချင်ခြင်းဖြစ်သည်။ သန့်စင်ခြင်းအဆင့်မွန်းစတားများသည် လူသားများကဲ့သို့ အရေအတွက်များရုံဖြင့် အနိုင်ယူနိုင်မည်မဟုတ်ကြောင်း သူကောင်းစွာသိသဖြင့် အမြန်ဆုံး ပြေးထွက်ခဲ့သည်။
“လက်အောက်ငယ်သားတွေကိုကျ သူတို့အသက်ရှင်ဖို့တိုက်ပွဲဝင်ခိုင်းထားပြီး ခင်ဗျားက ထွက်ပြေးတယ်ပေါ့။ ရွံစရာကောင်းလိုက်တာ”
ချူးယွင်ဖန်းသည် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်းကို အသုံးပြုကာ ဒုခေါင်းဆောင်၏ ရှေ့သို့ ချက်ချင်းရောက်လာသည်။
“ငါ့လမ်းက ဖယ်စမ်း”
လက်ထောက်အကြီးအကဲသည် တုန်လှုပ်ခြောက်ခြားမှုနှင့်အတူ ဒေါသဖြစ်လျက်ရှိသည်။ အော်ဟစ်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ သူ့ခန္ဓာကိုယ်မှ ထွက်လာ၏။ သူ၏ စွမ်းဆောင်မှုသည် မိုးကြိုးတောင်ပံသားရဲနှင့်ယှဥ်လျှင် နိမ့်ကျသော်လည်း စွမ်းအင်သန့်စင်ခြင်းအထွတ်အထိပ်ရှိ ကျွမ်းကျင်သူဖြစ်သဖြင့် မွေးဖွားခြင်းနယ်မြေ အဆင့်နှင့် အလှမ်းမဝေးပေ။
ထိုလူ၏ လက်ထဲတွင် လှံတစ်ချောင်းပေါ်လာကာ၊ လှံ၏ အလင်းတန်းသည် ကောင်းကင်ကို ဖြတ်ကာ ချီစွမ်းအင်နှင့်အတူ ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခုဖြစ်ပေါ်လာသည်။ ကျန်းယုရှန်သည် ချူးယွင်ဖန်းနှင့် ယှဥ်လျှင် သန်မာသော်လည်း ယခု သွေးဝံ့ပုလွေဂိုဏ်း၏ ဒုခေါင်းဆောင်နှင့် ယှဥ်လျှင်မူ များစွာအလှမ်းဝေးနေသေးသည်။
ချူးယွင်ဖန်းအတွက် ဤသည်မှာ တစ်သက်လျှင် တစ်ကြိမ်သာရနိုင်မည့် အခွင့်အရေးပင်ဖြစ်သည်။ ဤသည်မှာ သူလေ့ကျင့်နိုင်မည့် အခွင့်အရေးကောင်းတစ်ခုပင်ဖြစ်ရာ၊ သူ၏ စိတ်ဝိဉာဥ်နှင့် စိတ်နှလုံးအစုံကို နှစ်၍ ထိုလျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ထပ်မံဝင်ရောက်သွားသည်။ မူလက ဤလှံ၏ ရွေ့လျားမှုကို ဖမ်းမိရန် မဖြစ်နိုင်သော်လည်း ယခုတွင်မူ ၎င်းကို ထိန်းချုပ်နိုင်ပြီဖြစ်သည်။
“ကောင်းကင်မိုးကြိုး”
ချူးယွင်ဖန်းသည် ချက်ချင်းအော်ဟစ်လိုက်ကာ သူ၏ အနက်ရောင်လျှပ်စီးအဖြစ်ပြောင်းလဲပစ်လိုက်သည်။
ချလန်
ကျယ်လောင်သော တိုက်မိသံတစ်ခုနှင့်အတူ ဓားအလင်းသည် လှံပေါ်သို့ ပြင်းထန်စွာ ကျသွား၏။
ချလန် ချလန် ချလန် ချလန်
ချူးယွင်ဖန်းသည် ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ သူ့ကိုယ်သူဟန်ချက်ထိန်းလိုက်သည်။ သူသည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်သာရရှိသေးသည်။ သူနှင့် စွမ်းအင်သန့်စင်ခြင်းအထွတ်အထိပ်အကြားရှိ အဆင့်ကွာဟချက်သည် ခုနှစ်ဆင့်ဖြစ်ရာ၊ ဤတိုက်ပွဲမှတစ်ဆင့် သူတို့ကြားမှကွာခြားချက်ကို ခံစားနိုင်၏။ သို့သော် သူစိတ်ဓာတ်မကျပေ။ ဤသို့သော အခွင့်အရေးမျိုးသည် အလွန်ရှားပါးသောကြောင့် သု့ကိုယ်သူဟန်ချက်ထိန်းပြီးသည့်နောက် ရှေ့သို့ ထပ်မံချီတက်လာ၏။
ဒုခေါင်းဆောင်သည် ချူးယွင်ဖန်းအား တစ်ချက်တည်းဖြင့် အသေမသတ်နိုင်သည်ကို သိလိုက်ရသောအခါ ထိတ်လန့်သွားသည်။ ချူးယွင်ဖန်းသည် နောက်ဆုတ်ခြင်းမရှိ၊ ရှေ့သို့ ပြန်လည်ချီတက်လာသည်ကို တွေ့သဖြင့် သူပို၍ စိတ်ဆိုးလာသည်။ သူသည် လှံကို နဂါးတစ်ကောင်ကဲ့သို့ ချူးယွင်ဖန်းထံသို့ ပစ်လွှတ်လိုက်သည်။
ချလန်
ချူးယွင်ဖန်းသည် လှံကို ထပ်မံတားဆီးလိုက်ရာ၊ သူ၏ လက်များတုန်ယင်သွားသည်ကို ခံစားလိုက်မိသော်လည်း အရှုံးမပေးချေ။ ချူးယွင်ဖန်းသည် နောက်တစ်ကြိမ် ထပ်မံ ချီတက်လာ၏။
“နောက်တစ်ခေါက်”
ကျယ်လောင်သော ကြွေးကြော်သံနှင့်အတူ နှစ်ဦးနှစ်ဖက် အဆက်မပြတ်တိုက်ခိုက်ကြရာ ဓားသံ၊ လှံသံများ ဆက်တိုက်ထွက်ပေါ်လျက်ရှိသည်။
ချူးယွင်ဖန်းသည် အကြိမ်တိုင်းတွင် နောက်သို့ပြန်ဆုတ်သွားရသော်လည်း အကြိမ်တိုင်းတွင် ထပ်မံချီတက်လာ၏။
ချူးယွင်ဖန်း၏ မဆင်မခြင်တိုက်ခိုက်သည့်ပုံစံကြောင့် ဒုခေါင်းဆောင်သည် ထိတ်လန့်သွားသည်။
အရေးအကြီးဆုံးအချက်မှာ ချူးယွင်ဖန်းက သူ့အား မလွတ်မြောက်စေရန် ထိန်းထားခြင်းပင်ဖြစ်သဖြင့် အလွန်အမင်းဒေါသထွက်လျက်ရှိသည်။ သူသည် လှံကိုဝှေ့ယမ်းကာ ချူးယွင်ဖန်းအား တစ်ချက်ပြီးတစ်ချက် ခုတ်လျက်ရှိသည်။ လှံချက်ကြောင့် ပတ်ဝန်းကျင်လေထုတစ်ခုလုံး အစိတ်စိတ်အမွှာမွှာကွဲထွက်သွားသံများ ကြားနေရ၏။
နောက်ဆုံးတွင် နှစ်ဖက်လုံးသည် အချက်ပေါင်းနှစ်ဆယ်ကျော်ခန့် တိုက်ခိုက်ခဲ့ပြီးဖြစ်ရာ၊ ချူးယွင်ဖန်း၏ လက်ဝါးတစ်ခုလုံးကွဲထွက်၍ သွေးစိမ်းများ ပန်းထွက်လာ၏။ တစ်ဖက်တွင်မူ မိုးကြိုးတောင်ပံသားရဲသည် သွေးဝံပုလွေဂိုဏ်း၏ နောက်ဆုံးသော ဂိုဏ်းသားများကို သတ်ပစ်ပြီးနောက် သူတို့ထံသို့ ခုန်ဝင်လာ၏။
လွန်ခဲ့သော အခိုက်အတန့်တွင် အံ့ဖွယ်ကောင်းစွာတိုက်ခိုက်နေသော သွေးဝံပုလွေဂိုဏ်း၏ ဒုခေါင်းဆောင်သည် သိုင်းကွက်အနည်းငယ်အတွင်းတွင် ချက်ချင်း လွင့်ထွက်သွား၏။ သူ့ခန္ဓာကိုယ်ထဲမှ အရိုးများအားလုံးကျိုးကြေသွားကာ ခဏအကြာတွင် သေဆုံးသွား၏။