← Chapters

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း(၂၆၂) ကျန်းယုရှန်ကို သတ်ခြင်း(၃)

“ဒါ မိုးကြိုးတောင်ပံသားရဲပဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျန်းယုရှန်သည် အံ့အားသင့်စွာအော်ဟစ်လိုက်သည်။ ထိုအချိန်တွင် ကျန်းမိသားစုမှ ကျန်ရှိသော ကျွမ်းကျင်သူများသည် ကျန်းယုရှန်ကို ဝန်းဝိုင်းကာ အကာအကွယ်ပေးကြသည်။ ဤအရာများသည် နှစ်ပေါင်းများစွာလေ့ကျင့်ပြီးနောက် ဖြစ်ပေါ်လာသည့် အလေ့အထများဖြစ်သည်။ ၎င်းတို့၏ အမူအယာများသည် ယခင်ကဲ့သို့ ပေါ့ပါ့ပါးပါးမဟုတ်၊ လေးနက်လာကြသည်။ မိုးကြိုးတောင်ပံသားရဲ မည်မျှ အန္တရာယ်များကြောင်း သူတို့နားလည်ကြသည်မှာ အသေအချာပင်ဖြစ်၏။

ကျန်းယုရှန်သည် ချူးယွင်ဖန်းနဘေးတွင်ထိုင်နေသော မိုးကြိုးတောင်ပံသားရဲကိုကြည့်ကာ ချူးယွင်ဖန်းသည် ဤသားရဲကို ယဥ်ပါးစေနှင့်ပြီးဖြစ်ကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။ ချူးယွင်ဖန်း ဤနေရာသို့ လာဝံ့သည်မှာ အံ့သြဖွယ်မဟုတ်တော့ပေ။ ချူးယွင်ဖန်းသည် မိမိကိုယ်မိမိစတေးရန် ရောက်လာခြင်းမဟုတ်၊ သူ့အား ဇီဝိန်ချုပ်ရန် ရည်ရွယ်ထားခြင်းပင်ဖြစ်သည်။

“သနားစရာပဲ။ နောက်ဆုံးတော့ လုံလောက်ပြီ” ချူးယွင်ဖန်းက သက်ပြင်းချလိုက်သည်။ ယခုလေးတင်ဖြစ်ပျက်ခဲ့သမျှအရာများအားလုံးသည် သူ၏ ကြိုတင်တွက်ချက်မှုများသာဖြစ်သည်။

အစပိုင်းတည်းက အဘိုးကြီးသည် အလွန်အစွမ်းထက်ကြောင်း သူခံစားမိသည်။ သူသည် သန့်စင်ခြင်းအဆင့်တွင် အားနည်းသူမဟုတ်ပေ။ နှိုင်းယှဥ်ကြည့်လျှင် မိုးကြိုးတောင်ပံသားရဲသည် သန့်စင်ခြင်းအဆင့်၏အစတွင်သာရှိသေး၏။ စွမ်းအင်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူများကို လွယ်လင့်တကူ သတ်ဖြတ်သုတ်သင်နိုင်သော်လည်း အတွေ့အကြုံရှိ သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူကိုအနိုင်ယူနိုင်ရန်မူ အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် အဘိုးကြီးကို နှောင့်နှေးစေရန်သာတတ်နိုင်ခဲ့သည်။

သို့သော် ချူးယွင်ဖန်း လုပ်ချင်သောအရာသည် ဤမျှပင်မဟုတ်ပေ။ သူသည် ဤနေရာ၌ ထိုသူများအားလုံးကို ဖျက်ဆီးပစ်ချင်သည်။ ကျန်းယုရှန်၏ လုပ်ရပ်များသည် စည်းကျော်သွားခဲ့ပြီးဖြစ်သဖြင့် ချူးယွင်ဖန်းသည် ဤနေရာတွင် သတ်ဖြတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်၏။

ထို့ကြောင့် သူသည် ကျန်းယုရှန်အား တိုက်ခိုက်ရန်ဟန်ဆောင်ကာ အဘိုးကြီးမှ ကယ်တင်စေရန် ဖန်တီးခဲ့သည်။ ကံမကောင်းစွာဖြင့် အဘိုးကြီးသည် သူမျှော်မှန်းထားသည်ထက် များစွာသန်မာသဖြင့် မိုးကြိုးတောင်ပံသားရဲ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုကုတ်ခြစ်မှုကြောင့် အဘိုးကြီးအလွန်အမင်းဒဏ်ရာရခဲ့သည်။ အသွေးအသားဖြင့် တည်ဆောက်ထားသည့် ခန္ဓာကိုယ်ဖြစ်သည့်အလျှောက် ဤအတိုင်းအတာအထိ ဒဏ်ရာရပြီးသည့်နောက်တွင် သူ၏ စွမ်းအင်ကို ရာနှုန်းပြည့်ထုတ်သုံးနိုင်တော့မည်မဟုတ်ပေ။

“ဒီလောက်တောင် ကောက်ကျစ်လိုက်တာ” အဘိုးကြီးကပြောလိုက်သည်။

ဤသည်မှာ ချူးယွင်ဖန်းသည် သူ့အား ဤထောင်ချောက်ထဲသို့ ဆွဲသွင်းခြင်းဖြစ်ကြောင်း သိသာ၏။ ချူးယွင်ဖန်းအား ကြည့်သောသူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများပြည့်နှက်နေသည်။

ဤအရွယ်လူငယ်များသည် တည့်တိုးဆန်ရသည်ကို ကြိုက်နှစ်သက်ကြသည်။ အချို့လူနည်းစုသည်သာ ကောက်ကျစ်လေ့ရှိကြကာ၊ ထိုလူများသည် ကြောက်မက်ဖွယ်အကောင်းဆုံးပင်ဖြစ်သည်။

သို့သော် အကြံအစည်သာရှိ၍ သတ္တိမရှိသူများသည် ကြီးမားစွာအောင်မြင်ကြလိမ့်မည်မဟုတ်ပေ။ သခင်လေး၏ပြိုင်ဘက်သည် တစ်ယောက်တည်းလာဝံ့သော်လည်း မတုန်လှုပ်ပေ။ သူသည် သတ္တိရှိကာ ကောက်ကျစ်သည်။ ထိုသို့သောသူကို မသုတ်သင်ပါက သူ၏နံဘေးတွင် ဆူးတစ်ချောင်းဖြစ်လာပေလိမ့်မည်ဖြစ်သည်။

ထို့နောက် ချူးယွင်ဖန်းအား သတ်ဖြတ်လိုစိတ်ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“သခင်လေး၊ ကျုပ် မိုးကြိုးတောင်ပံသားရဲကို ကိုင်တွယ်လိုက်မယ်။ ဒီကောင့်ကို မြန်မြန်သတ်ပါ။ ဒီကောင်က အရမ်းကောက်ကျစ်တယ်။ ကျုပ်တို့ သူ့ကို အသက်ရှင်လျက်လွှတ်ပေးလိုက်လို့မဖြစ်ဘူး” အဘိုးကြီးက အော်ပြောလိုက်သည်။ သူ၏ ကြွက်သားများကို အစွမ်းကုန်ထိန်းချုပ်ကာ သွေးထွက်ခြင်းကို ရပ်တန့်လိုက်သည်။ သူ့လက်ထဲမှ လေးလံသော ဓားသည် မိုးကြိုးတောင်ပံသားရဲထံသို့ တိုက်ရိုက်ထိုးဆင်းသွား၏။

မိုးကြိုးတောင်ပံသားရဲသည်လည်း အသံနက်ကြီးဖြင့် ဟိန်းကာ အဘိုးကြီးကို ခုန်အုပ်လိုက်သည်။ သန့်စင်ခြင်းအဆင့် သက်ရှိနှစ်ယောက် တိုက်မိကြ၏။ မိုးကြိုး‌တောင်ပံသားရဲသည် ချီစွမ်းအင်မရှိသော်လည်း နတ်ဆိုးစွမ်းအင်ဖြင့် မွေးဖွားလာခြင်းဖြစ်သည်။ နှစ်ဖက်လုံးအဆက်မပြတ်တိုက်ခိုက်ရာ၊ ကြီးမားသော စွမ်းအင်လှိုင်းများ‌ပေါ်ထွက်လျက်ရှိသည်။ ချီစွမ်းအင်နှင့် နတ်ဆိုးစွမ်းအင်တို့ တိုက်ခိုက်မှုသည် အလွန်အံ့သြဖွယ်ကောင်း၏။

တစ်ဖက်တွင်မူ ကျန်းယုရှန်သည် ချူးယွင်ဖန်းအား အေးစက်စွာကြည့်ကာ

“မင်း ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား။ သွားကြစမ်း၊ သူ့ကို ကြိတ်ထားတဲ့အသားဖြစ်အောင် ခုတ်ပစ်”

ကျန်စွမ်းအင်သန့်စင်ခြင်းအဆင့်မြင့် ကျွမ်းကျင်သူခုနှစ်ဦးအနက် သုံးဦးခွဲကာ ချူးယွင်ဖန်းဆီသို့ ပျံသန်းသွားကြသည်။ ကျန်လေးဦးသည် ကျန်းယုရှန်အား ကာကွယ်လျက်ရှိသည်။ ချူးယွင်ဖန်းကို မျက်ခြေမပျက်စောင့်ကြည့်နေရုံတင်မက၊ ၎င်းတို့ပတ်ဝန်းကျင်ရှိ ထူထပ်သော တောအုပ်ကိုလည်း စောင့်ကြည့်လျက်ရှိသည်။

ဤအခိုက်အတန့်တွင် မွန်းစတားအုပ်သည် တဖြည်းဖြည်းကျယ်ပျံ့လာကာ၊ အချိန်မရွေး ဤနေရာသို့ရောက်ရှိလာနိုင်၏။ ကျန်းယုရှန်သာ အတင်းအကျပ်မတောင်းဆိုလျှင် မွန်းစတားများနီးကပ်လာချိန်တွင် အဘယ်ကြောင့် ဤနေရာသို့လာကြလိမ့်မည်နည်း။

ချူးယွင်ဖန်း လက်ဝါးကိုလှန်လိုက်သောအခါ သူ့လက်ထဲ၌ ပုလင်းတစ်လုံးပေါလာ၏။ သူသည် အစင်းတစ်စင်း ခရမ်းရောင် ရွှေဆေးလုံးကို မြိုချလိုက်သည်။

ဘွန်း

အစင်းတစ်စင်းခရမ်းရောင်ရွှေဆေးလုံးသည် သူ၏ ခြေလက်များ၊ အရိုးများထဲသို့ဝင်ရောက်ကာ စွမ်းအင်အဖြစ်ပြောင်းလဲသွားသည်။ အချိန်တိုအတွင်းတွင ်သူသည် စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်အထွဋ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။

ထိုအချိန်တွင် လူသုံးယောက်သည် သူ့ရှေ့သို့ရောက်လာသည်။ ချူးယွင်ဖန်းသည် လမ်းကြောင်း သုံးကြောင်းမှ ဝင်လာသော လက်နက်သုံးလက်ကို ချက်ချင်းတိုက်ခိုက်လိုက်သည်။

၎င်းတို့သုံးဦးသည် ပူးတွဲတိုက်ခိုက်မှုများ လေ့ကျင့်ခဲ့ဖူးသည်မှာ အသေအချာပင်ဖြစ်သည်။ သူတို့သည် ဆုံးဖြတ်ချက်ချကာ ဆက်သွယ်ပြောဆိုခြင်းအလျင်းမရှိစွာဖြင့် ချူးယွင်ဖန်းအား တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ကြရာ၊ ချူးယွင်ဖန်းရှောင်တိမ်းရန်နေရာပင် မချန်ထားကြပေ။

‘သူသေချာပေါက် သေမှာပဲ’ ကျန်းယုရှန်က သူ့ရှေ့မှမြင်ကွင်းကိုကြည့်ကာ ဆိုးယုတ်စွာပြုံးလိူက်သည်။ ချူးယွင်ဖန်းတွင် မည်မျှပင်ဝှက်ဖဲများရှိနေစေကာမူ အနှိုင်းမဲ့ခွန်အားရှေ့တွင်မူ ၎င်းတို့သည် အသုံးဝင်လိမ့်မည်မဟုတ်ပေ။

သို့သော် ချူးယွင်ဖန်းသည် လျှို့ဝှက်ဆန်းကြယ်သော ခြေလှမ်း များကို သုံးကာ တိုက်ခိုက်မှုများကို ဆန်းပြားသော ရွေ့လျားမှုများဖြင့် ရှောင်တိမ်းလိုက်သည်။ ကျန်းမိသားစု၏ စွမ်းအင်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများအားလုံးသည် ပစ်မှတ်ကို လွဲချော်သွားကြ၏။

“သွား သွား သူ့ကို သတ်။ သူ့ကို အလွှတ်မပေးနိုင်ဘူး” ကျန်းယုရှန်ကအော်လိုက်သည်။ ထို့နောက် သူသည်လည်း ခုန်ကာ ချူးယွင်ဖန်းအား စတင်တိုက်ခိုက်၏။

ချူးယွင်ဖန်း၏ ဝှက်ဖဲများသည် ကျန်းယုရှန်၏ ခန့်မှန်းချက်များကို ကျော်လွန်နေသော်လည်း တကယ်တမ်းတွင်မူ စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်၌သာ ရှိသေး၏။

ကျန်းယုရှန်၏ လက်ထဲတွင် သူ့အရွယ်အစားနီးပါးကြီးမား လေးလံသော ဓားတစ်လက်လည်းရှိနေသည်။ ဓားဖြင့် ခုတ်သောအခါတွင် လေကိုဖြတ်ခွင်းလိုက်သကဲ့သို့ထင်ရသည်။

“ကောင်းတယ်။ မင်းဒီကို သေဖို့ရောက်လာတာပဲ” ချူးယွင်ဖန်းက အော်လိုက်သည်။ သူ့ထံသို့ ချီတက်လာသော ကျန်းယုရှန်ကို ကြည့်ကာ အနည်းငယ်မျှတုန်လှုပ်ခြင်းမရှိပေ။ သူသည် နောက်မဆုတ်သည့်အပြင် ရှေ့သို့ပင် ထပ်မံချီတက်လာ၏။

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်သည် အဆက်မပြတ် တိုးလျက်ရှိသည်။ သူအလွန်ပြင်းထန်သည်ဟု ခံစားမိခဲ့သော အတားအဆီးသည် ချက်ချင်းပင် ကျိုးပဲ့ကာ၊ ဆေး၏ ကြောက်မက်ဖွယ်အစွမ်းပကားသည် တိုးလာနေဆဲဖြစ်သည်။

စွမ်းအင်သန့်စင်ခြင်း တတိယအဆင့်

ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်းတတိယအဆင့်သို့ တစ်ရှိန်ထိုး တိုးဝင်သွားခဲ့ရာ၊ မည်သည့် အတားအဆီးမျှရှိမနေ‌တော့‌ပေ။ သူနှင့် ကျန်းယုရှန်၏ အကြားမှ ကွာဟချက်သည် တဖြည်းဖြည်း သေးငယ်လာ၏။

ချလန်

ဓားနှစ်စင်းသည် လေထဲ၌ တိုက်မိကာ ကြီးမားသော တိုက်ပွဲသံများကိုပင် ကြားနိုင်သည်။ နှစ်ဖက်စလုံး၏ ချီစွမ်းအင်များ တိုက်မိကာ၊ ပေါက်ကွဲသံကြီးတစ်ခု ချက်ချင်းပေါ်ထွက်လာ၏။

ကျန်းယုရှန်၏ သနားစဖွယ်အော်သံတစ်ခုပေါ်ထွက်လာသည်။ သူ ချီတက်လာစဥ်ကထက် ပို၍ မြန်သောအရှိန်ဖြင့် လွင့်ထွက်သွား၏။ ထို့နောက်ရှေးဟောင်သစ်ပင်ကြီးတစ်ပင်၏ ပင်စည်အား အရှိန်ပြင်းစွာတိုက်မိ၍ သစ်ပင်တွင် အက်ကွဲကြောင်းများပေါ်လာသည်။

ကျန်းယုရှန်သည် ပါးစပ်အပြည့်သွေးများအန်ထွက်လာသည်။ သူ့အရိုးများ တဖြုတ်ဖြုတ်ကျိုးသွားသကဲ့သို့ သူ့ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန်နာကျင်နေသည်ကို ခံစားရသည်။

သူသည် ချူးယွင်ဖန်းကို မယုံကြည်နိုင်သောအကြည့်များဖြင့် ကြည့်လျက်ရှိသည်။

‘ဘာတွေဖြစ်နေတာလဲ’

၎င်းသည် ယခင်ဓားချက်နှင့် မတူညီပေ။ ဤဓားချက်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများဖြင့် စုစည်းထားကာ ဓားစွမ်းအင်ကို ကြောက်မက်ဖွယ်အဆင့်တစ်ဆင့်သို့ရောက်သည်အထိ တိုးမြှင့်စေလျက်ရှိသည်။

ဤဓားချက်သည် ကောင်းကင်နှင့်‌မြေကြီး၏ စွမ်းအင်များပြည့်လျက်ရှိကာ ဓားစွမ်းအင်သည် ကြောက်မက်ဖွယ်အဆင့်အထိ မြင့်တက်လာ၏။

ထို့အပြင် ဤသည်မှာ သာမန်တိုက်ခိုက်မှုတစ်ခုမျှသာဖြစ်သည်။

အခန်း(၂၆၃) ကျန်းယုရှန်ကို သတ်ခြင်း(၄)

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းထံမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါများပေါ်ထွက်လာ၏။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ ချီစွမ်းစွမ်းအင်များသည် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သည်အထိ ပြင်းထန်လာသည်ကို ကျန်းယုရှန် အတိုင်းသားမြင်နေရ၏။

ချူးယွင်ဖန်း သောက်လိုက်သော ခရမ်းရောင် ရွှေဆေးလုံးကို သူရုတ်တရက် သတိရသွားသည်။ ထိုအချိန်က သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့ပေ။ ကျွမ်းကျင်သူများစွာမှ သူ့အား ဝန်းရံထားသဖြင့် အခြေအနေကို ပြောင်းပြန်လှန််နိုင်လိမ့်မည်ဟု သူမထင်ခဲ့‌သော်လည်း ယခုမူ ထိုခရမ်းရောင် ရွှေဆေးပြားသည် အစွမ်းထက်သော အရာတစ်ခုဖြစ်ပုံပေါ်၏။

ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်တစ်လျှောက် အဆက်မပြတ်စီးဆင်းနေသည့် စွမ်းအင်ကို ခံစားနိုင်သည်။ သူ၏ ကျင့်ကြံရေးသည် စွမ်းအင်သန့်စင်ခြင်းတတိယအဆင့်သို့ရောက်သွားပြီးနောက် တဖြည်းဖြည်းခြင်း တိုးတက်မှုနှေးကွေးလာ၏။ ကျန်ရှိသော ချီစွမ်းအင်များထဲမှ အချို့သည် ချွေးပေါက်များမှ တစ်ဆင့် အပြင်သို့ထွက်လာကာ၊ အချို့မှာမူ သူ့အသွေးအသားများနှင့် ပေါင်းစပ်သွား၏။ သူသည် နတ်ဘုရားကျင့်စဥ်ကို ဖြန့်ကျက်နေစဥ်တွင် ခန္ဓာကိုယ်ကိုလည်း အဆက်မပြတ် သန့်စင်နေ၏။

သူ၏ ကိုယ်ခံအားသည် အဆင့်တူများထက် များစွာ ပိုကောင်းလျက်ရှိနေပြီဖြစ်သည်။ အစင်းတစ်စင်း ခရမ်းရောင် ရွှေဆေးပြား၏ ဆေးဖက်ဝင် အာနိသင်များကို ပိုမိုစုပ်ယူလိုက်သည်နှင့်အမျှ သူ၏ ကိုယ်ခံအားသည်လည်း ပို၍ တိုးမြင့်လာသည်။ ရိုးရှင်းစွာပြောရလျှင် သူသည် ယခုအချိန်တွင် လူပုံသဏ္ဍာန်ရှိသော မွန်းစတားတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။

ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်သည် အဆင့်ထပ်မတိုးသေးသော်လည်း ယခုအခိုက်အတန့်တွင် ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်သည် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို စွမ်းအင်သန့်စင်ခြင်းအထွဋ်အထိပ်အဆင့်ထိမြင့်တက်သွားစေသည်မှာ ထင်ရှား၏။ ဤသည်မှာ ယာယီသာဖြစ်သော်လည်း စွမ်းအင်များပြည့်နှက်နေသည့် ခံစားချက်သည် ချူးယွင်ဖန်းကို အလွန်ကောင်းမွန်သည်ဟု ခံစားရစေသည်။

ကျန်းမိသားစုမှ ကျွမ်းကျင်သူသုံးဦးသည် မိမိတို့ကာကွယ်ရမည့် ပုဂ္ဂိုလ်အား မျက်စိရှေ့တည့်တည့်တွင်ပင် တိုက်ခိုက်ခံခဲ့ရသဖြင့် အလွန်အမင်းဒေါသထွက်လာကြသည်။

ထိုသုံးယောက်သည် ချူးယွင်ဖန်းထံသို့ ချီတက်သွားကြသည်။

၎င်းတို့ထဲမှ တစ်ယောက်သည် ပထမဦးစွာ‌ရောက်ရှိလာ၏။ သူသည် လျှပ်စီး၏ အရှိန်ဖြင့် ဓားကိုထုတ်ကာ ချူးယွင်ဖန်း၏ ခေါင်းကို ခုတ်ဖြတ်တော့မည်ဖြစ်သည်။

ချူးယွင်ဖန်းသည်လည်း ချက်ချင်းပင် ပြန်လည်တိုက်ခိုက်ရာ၊ သူ၏ ဓားအလင်းသည် သူ့ထံသို့ ဝင်လာသော ဓားကို တားဆီးလိုက်သည်။

ချလန်

ချူးယွင်ဖန်းထံမှ ကြောက်မက်ဖွယ်စွမ်းအင်ကြောင့် ထိုဓားရှည်သည် လွင့်ထွက်သွား၏။ ထို့နောက် ချူးယွင်ဖန်းသည် ပို၍မြန်သော အရှိန်ဖြင့် ထိုလူအား ဓားဖြင့်တိုက်ခိုက်လိုက်ရာ၊ ကျွမ်းကျင်သူသည် လေထဲသို့လွင့်ထွက်သွားသဖြင့် သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်တော့ပေ။ ချူးယွင်ဖန်း သူ့အား ဓားဖြင့် ပိုင်းဖြတ်တော့မည်ကိုသာ ကြည့်နေနိုင်တော့သည်။

ဘွန်း

ချီစွမ်းအင်များ ပြင်းထန်စွာပေါက်ကွဲမှုနှင့်အတူ ထိုကျွမ်းကျင်သူသည် အနောက်သို့လွင့်ထွက်ကာ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်နှင့် တိုက်မိသွား၏။ ထိုရှေးဟောင်းသစ်ပင်ကြီး ကျိုး၍ လဲကျသံကို တောအုပ်တစ်ခုလုံး ကြားနိုင်၏။

စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူသည် ဓားချက်နှစ်ချက်ဖြင့် လွင့်ထွက်သွားခဲ့ရသည်။ ချူးယွ င်ဖန်းသည် ကျေနပ်ခြင်းမရှိသေးသဖြင့် သူ့ထံသို့ ချီတက်လာသော အခြားနှစ်ဦးထံသို့ ဦးတည်လိုက်သည်။

ချူးယွင်ဖန်းသည် ၎င်းတို့ထံသို့ ဦးတည်တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်ခဲ့ကြသော်လည်း သူတို့၏ တိုက်ခိုက်မှုများကို မရပ်တန့်လိုက်ကြပေ။ ၎င်းတို့သည်လည်း ဦးတည်ရာပြောင်းကာ ချူးယွင်ဖန်းထံသို့ချီတက်သွားကြသည်။

“သေကြစမ်း”

ချူးယွင်ဖန်း အော်လိုက်သည်နှင့်တစ်ပြိုင်နက် အနက်ရောင်ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။

ဘမ်း

ဘမ်း

ဓားသံနှစ်ချက်အပြီးနောက် ထိုလူနှစ်ဦးသည် ဥက္ကာပျံများကဲ့သို့ လွင့်ထွက်သွားသည်ကို လူတိုင်းမြင်လိုက်ရသည်။ ၎င်းတို့သည် လေထဲသို့ လွင့်ထွက်ကာ သစ်တောကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ သေသည်၊ ရှင်သည်ကို မည်သူမျှမသိကြပေ။

“မင်း ငါ့ကို သတ်ချင်တယ်ဟုတ်လား။ ဒီလောက်နဲ့ မလုံလောက်ဘူး” ချူးယွင်ဖန်းက အခြားစွမ်းအင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ၏ ကာကွယ်ပေးခြင်းခံထားရသော ကျန်းယုရှန်အား ကြည့်ကာ လှောင်ရယ်လိုက်သည်။

ထိုလေးယောက်ထဲတွင် အဆင့်အနိမ့်ဆုံးသူမှာ စွမ်းအင်သန့်စင်ခြင်းသတ္တမအဆင့်တွင်ရှိ၍ အဆင့်အမြင့်ဆုံးသူမှာ စွမ်းအင်သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်နှင့်မဝေးသော နဝမအဆင့်တွင်ရှိသည်။

သို့သော် ၎င်းတို့၏ မျက်လုံးများထဲမှ ထိတ်လန့်မှုနှင့် အတင်းအကြပ်ဖန်တီးထားသော တည်ငြိမ်မှုသည် ထိုအဆင့်များအားလုံးကို အလကားဖြစ်စေခဲ့သည်။ ဤသို့သော တိုက်ခိုက်ရေးနည်းလမ်းမျိုးကို သူတို့ မမြင်တွေ့ခဲ့ရဖူးပေ။ ချီစွမ်းအင်သည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသောအခါ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ကျင့်ကြံရေးသည် လူတစ်ဦး၏ စွမ်းအားကို အဆုံးအဖြတ်ပေးသော်လည်း လုံးလုံးကန့်သတ်ထားခြင်းမဟုတ်ပေ။ မြန်နှုန်း၊ ခွန်အား၊ သိုင်းပညာတို့ ဖြစ်စေ၊ ကျင့်ကြံရေးအဆင့်ဖြစ်စေ၊ အတိုင်းအတာတစ်ခုသို့ရောက်သောအခါ ၎င်းတို့သည် သာမန်ကျင့်ကြံရေးအဆင့်ရှိသူတစ်ဦးထက် များစွာ သာလွန်သော ခွန်အားကို ပြသနိုင်လိမ့်မည်ဖြစ်၏။

သို့သော် ချူးယွင်ဖန်းကဲ့သို့ ရိုးရှင်းကြမ်းတမ်းသော တိုက်ခိုက်ရေးပုံစံသည် ၎င်းတို့ ယခင်က မမြင်ဖူးသောအရာတစ်ခုဖြစ်သည်။ ချူးယွင်ဖန်းသည် ယုံကြည်ဖွယ်မကောင်းလောက်အောင် မြန်ဆန်၏။ အချိန်တိုအတွင်းတွင်ပင် ကျန်းယုရှန်၏ အနားသို့ ပြေးသွားနှင့်ပြီးဖြစ်၏။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် သူ့အား နောက်ဆုံးတွင် အမှန်တကယ် သတ်နိုင်ကြောင်း အတည်ပြုလိုက်ရပြီဖြစ်သောကြောင့် ကျန်းယုရှန်၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုအရိပ်အရောင်များပေါ်ထွက်လာသည်။

ကျန်းယုရှန်၏ မောက်မာမှုဖြစ်စေ၊ မာနဖြစ်စေ၊ ၎င်းတို့သည် အခြားသူများ၏ အသက်နှင့် သေဆုံးမှုကို လုံးလုံးလျားလျားထိန်းချုပ်နိုင်သည်ဟူသော အချက်ပေါ်တွင် အခြေခံထားခြင်းဖြစ်၏။ အခြေအနေတစ်ခုလုံးသည် သူ၏ စိတ်ကူးကို ကျော်လွန်သွားပြီဟု သိလိုက်ရသောအခါ အလွန်ထိတ်လန့်တုန်လှုပ်သွားရသည်။

သို့သော် သူသည် နာကျင်လွန်းသဖြင့် လှုပ်ပင်မလှုပ်ရှားနိုင်တော့ပေ။ ချူးယွင်ဖန်းနှင့် တိုက်ခိုက်ခဲ့စဥ်တွင် အရိုးပေါင်းမည်မျှကျိုးကြေခဲ့သည်ကို မည်သူသိလိမ့်မည်နည်း။ ဤသည်မှာ ယခင်က ချူးယွင်ဖန်းကြောင့်ရခဲ့သော ဒဏ်ရာများထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ ကျန်းယုရှန်သည် ချူးယွင်ဖန်းကို အကုသိုလ်ကောင်ဟု မှတ်ယူထားသည်။ ချူးယွင်ဖန်း သူ့အနားတွင်ရှိနေသရွေ့ သူအမြဲ ကံဆိုးနေလိမ့်မည်ဖြစ်သည်။

“သူ့ကိုတားစမ်း၊ သခင်‌လေးကို မထိခိုက်စေနဲ့” အဘိုးကြီးက အဝေးမှနေ၍ အော်လိုက်သည်။

အဘိုးကြီးသည် ချူးယွင်ဖန်း၏ လက်ရှိ အခြေအနေကို ထိတ်လန့်တကြားခံစားခဲ့ရသော်လည်း မိုးကြိုး‌တောင်ပံသားရဲနှင့် လုံးထွေးနေရသောကြောင့် ကူညီရန်နည်းလမ်းမရှိပေ။ သူသည် အစပိုင်းကတည်းက အပြင်းအထန် ဒဏ်ရာရခဲ့သဖြင့် လုံးလုံးလျားလျားပင် လက်ဦးမှုမရပေ။ ထို့အပြင် သူကြုံတွေ့နေရသော သတ္တဝါသည် မွန်းစတားများအားလုံးတွင် ကျော်ကြားသော မွန်းစတားတစ်ကောင်ဖြစ်သည့် မိုးကြိုးတောင်ပံသားရဲဖြစ်သည်။ အရွယ်မရောက်သေးသော မိုးကြိုးတောင်ပံသားရဲသည်ပင် ကိစ္စကြီးတစ်ခုဖြစ်၏။

မူလက အဘိုးကြီးသည် မစိုးရိမ်ခဲ့ပေ။ ၎င်းတို့အားလုံး ချူးယွင်ဖန်းကို တိုက်ခိုက်မည်ဖြစ်သဖြင့် ကျရှုံးရန် အကြောင်းမရှိပေ။ ချူးယွင်ဖန်းသည် ထိုသို့သော စွမ်းအင်များဖြင့် ရုတ်တရက်ပေါက်ကွဲလာလိမ့်မည်ဟု မည်သူသိလိမ့်မည်နည်း။ ၎င်းတို့သည် ချူးယွင်ဖန်းအား တိုက်ခိုက်နေကြသော်လည်း သူ့အား မနှိမ်နင်းနိုင်ကြပေ။ အဘိုးကြီးသည် တဖြည်းဖြည်း စိတ်ပူလာသော်လည်း ကူညီရန် နည်းလမ်းမရှိပေ။ မိုးကြိုးတောင်သားရဲ၏ သတ်ဖြတ်ခြင်းမခံရရန် ဂရုစိုက်ရဦးမည်ဖြစ်၏။

ကျန်လူလေးယောက်သည် ချူးယွင်ဖန်းကို ဝိုင်းထားကြသည်။ သို့သော် အစောပိုင်းက ချူးယွင်ဖန်းအား ဝိုင်းထားကြသည့် စွမ်းအင်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူသုံးဦးနှင့် ထူးမခြားနားပင်ဖြစ်သည်။ ချူးယွင်ဖန်း၏ သိုင်းကွက်အနည်းငယ်ခန့်ကိုပင် မခံနိုင်ကြတော့ပေ။

အစင်းတစ်စင်း ခရမ်းရောင် ရွှေဆေးလုံး၏ ဆေးဖက်ဝင်အာနိသင်သည် ပျံ့နှံ့လျက်ရှိရာ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်သည် မီးတောက်များကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲလျက်ရှိသည်။

ဘမ်း

ဘမ်း

ဘမ်း

ဘမ်း

ကျယ်လောင်သော အသံလေးခု ပေါ်ထွက်လာကာ၊ ထိုလေးယောက်သည် ချူးယွင်ဖန်းနှင့် မယှဥ်နိုင်ကြဘဲ ချက်ချင်းလွင့်ထွက်သွားကြသည်။ ပြင်းထန်သော ချီစွမ်းအင်များသည် ၎င်းတို့၏ လက်နက်များမှ တစ်ဆင့် ၎င်းတို့ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားကြကာ တစ်ချက်တည်းဖြင့်ပင် အသက်ရှင်သည်၊ သေသည် မသိနိုင်လောက်သည်အထိ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြသည်။

ထို့နောက် ချူးယွင်ဖန်းသည် ကျန်းယုရှန်ဆီသို့လျှောက်သွားသည်။

ကျန်းယုရှန်၏ မျက်နှာသည် နောက်ဆုံးတွင် ကြောက်ရွံ့မှု အရိပ်အမြွက်များ ထင်ဟပ်လျက်ရှိသည်။ အရိပ်မဲ့ဓားကို လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ၊ ချူးယွင်ဖန်းသည် သူ့ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လှမ်းလာ၏။

“မရဘူး။ မင်းငါ့ကို သတ်လို့မရဘူး။ ငါက ကျန်းမိသားစု ပထမဇနီးရဲ့သားပဲ။ မင်းငါ့ကို သတ်ရင် ဒုက္ခရလိမ့်မယ်”

ကျန်းယုရှန်က အော်ဟစ် လိုက်သည်။ ထိုအချိန်တွင် ကျန်းမိသားစု ပထမဇနီး၏ သားအဖြစ်တည်ရှိခဲ့သည့် သူ၏ မာနများအားလုံး ပျောက်ကွယ်သွားခဲ့သည်။

“မင်းအရမ်း စကားများတယ်”

ချူးယွင်ဖန်းက ရယ်မောကာ ဓားကို ဝှေ့ယမ်းလိုက်သည်။

ကျန်းယုရှန်၏ ဦးခေါင်း ပြတ်ထွက်သွား၏။

အခန်း(၂၆၄) သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူအား ခေါင်းဖြတ်ခြင်း

ဓား၏ ရောင်ခြည်သည် ကျန်းယုရှန်၏ ဦးခေါင်းကို ဖြတ်သွားသည်။

စမ်းရေတွင်းကဲ့သို့ လတ်ဆက်သော သွေးများ ဖြန်းခနဲ ပန်းထွက်လာ၏။

ကျန်းယုရှန်၏ မျက်နှာသည် မယုံကြည်မှုများ ပြည့်နှက်လျက်ရှိသည်။ ချူးယွင်ဖန်းသည် သူ့အား အမှန်တကယ် ခေါင်းဖြတ်နိုင်လိမ့်မည်ဟု မထင်ခဲ့သည့်အတွက် လုံးလုံးအံ့သြသွားခဲ့ရသည်။ ကျန်းမိသားစု၏ တိုက်ရိုက်ဆင်းသက်လာသူအဖြစ် ဆုတ်ကိုင်ထားခဲ့သော မာနသည် ယခုအခါ အဓိပ္ပါယ်မရှိတော့ပေ။ ကျန်းယုရှန်သည်လုံလောက်သော ခွန်အားရှိမှ မာနနှင့် ဂုဏ်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း ယခုမှသာလျှင် နားလည်လိုက်၏။

“မင်း… မင်းက ငါတို့ သခင်လေးကို သတ်ရဲတယ်ပေါ့။ ကျန်းမိသားစုက မင်းကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူး” အဘိုးကြီးက အော်လိုက်သည်။ ချူးယွင်ဖန်းသည် ကျန်းယုရှန်ကို သူ့ရှေ့တွင် သတ်ပစ်လိုက်ခြင်းသည် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။

သို့သော် သူသည် အားကိုးရာမဲ့နေသေး၏။ သူလုပ်နိုင်သောအရာ မရှိပေ။

“ကျုပ်သူ့ကို သတ်တာ ဘာဖြစ်လို့လဲ။ မသတ်ရင် ကျုပ်ဘာလုပ်ရမှာလဲ”

ချူးယွင်ဖန်းည် အလွန်တည်ငြိမ်နေ၏။ သူသည် အနည်းငယ်မျှပင် စိတ်အနှောက်အယှက်မဖြစ်ပေ။ သူ လုပ်နှင့်ပြီးဖြစ်သဖြင့် စိုးရိမ်ရန်မလိုတော့ပေ။ သတိကြီးစွာ ထားခြင်း သို့မဟုတ် ကျားနှင့် ခြင်္သေ့များကို ကြောက်သဖြင့် ဦးညွတ်ခြင်းသည် သူ့သဘာဝမဟုတ်ပေ။

ချူးယွင်ဖန်းသည် ဤသို့ပြောပြီးနောက် အစောပိုင်းတွင် လွင့်ထွက်သွားခဲ့သော အခြား စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူများ၏ နှလုံးသားထဲသို့ ဓားဖြင့် အချောသတ်လက်စတုံးပေးလိုက်သည်။ ထိုသူများမသေဆုံးပါက နောင်အနာဂတ်တွင် ကြီးကြီးမားမား ဒုက္ခရောက်လိမ့်မည်ဖြစ်သည်။ သူကျန်းယုရှန်ကို သတ်လိုက်ပြီးဖြစ်သဖြင့် အရှုပ်အထွေးကို ရှင်းရန် နည်းလမ်းတစ်ခုသာ ကျန်တော့သည်။ ထို့နောက် ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲနှင့် ပူးပေါင်းကာ အဘိုးကြီးကို စတင်တိုက်ခိုက်တော့သည်။

“ကောင်းကင်မိုးကြိုး” ချူးယွင်ဖန်းက ဓားရှည်ကို လက်ထဲတွင်ကိုင်ထားကာ အော်လိုက်သည်။

ချလန်

အဘိုးအိုသည် ချူးယွင်ဖန်း၏ ပြင်းထန်စွာ ဝင်ရောက်လာသော ဓားကို တားဆီးလိုက်သည်။ ဤမျှများပြားသော ဒဏ်ရာများအကြားတွင်ပင် အဘိုးကြီးသည် ကြောက်မက်ဖွယ်သန်မာနေဆဲဖြစ်သည်။ မိုးကြိုးတောင်ပံသားရဲကြောင့် ပြင်းထန်စွာဒဏ်ရာမရရှိခဲ့လျှင် ချူးယွင်ဖန်းသည် သူ့အား ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ။

အဘိုးကြီးသည် ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်စွမ်းအားကြောင့် ထိတ်လန့်သွားသည်။ ကျန်းမိသားစုမှ စေလွှတ်လိုက်သော ကျွမ်းကျင်သူများသည် ဤကောင်လေး၏ အရှေ့တွင် အဘယ်ကြောင့် အားနည်းနေရသည်ကို သူနောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။ ချူးယွင်ဖန်း၏ လက်ရှိတိုက်ခိုက်ရေးစွမ်းအင်သည် သန့်စင်ခြင်းအဆင့်သို့ရောက်ရှိသွားဖွယ်ရှိသည်။

အဖျက်စွမ်းအားဖြင့်ဆိုလျှင် ချူးယွင်ဖန်းကို ကိုင်တွယ်နိုင်မည်ဖြစ်သော်လည်း စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူများအတွက်မူ ဤသည်မှာ မဖြစ်နိုင်ပေ။ သန့်စင်ခြင်းအဆင့်နှင့် စွမ်းအင်သန့်စင်ခြင်းအဆင့်အကြား ကွာဟချက်ကို မည်သူမျှ သူ့ထက်နားလည်နိုင်လိမ့်မည်မဟဟုတ်ပေ။

အဘိုးကြီး၏ လက်ရှိအခြေအနေသည် သန့်စင်ခြင်းအဆင့်ပညာရှင်နှစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံရနေသည်နှင့် ညီမျှ၏. သူသည်သာ အထွဋ်အထိပ်သို့ရောက်နေပါက ကြောက်မည်မဟုတ်သော်လည်း လက်ရှိတွင် ၎င်းတို့ကို ဆန့်ကျင်မတိုက်ခိုက်နိုင်သေးပေ။

ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံသားရဲတို့သည် စိတ်အ‌ေတွးဖြင့် ဆက်သွယ်လျက်ရှိကြရာ၊ တစ်ယောက်နှင့်တစ်ယောက် အတွေးများကို သိရန် ဆက်သွယ်ရန်မလိုအပ်ပေ။ မိုးကြိုးတောင်ပံသားရဲသည် ချူးယွင်ဖန်းအား သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူကို တိုက်ခိုက်ရာတွင် ကူညီလျက်ရှိသည်။ ဤသည်မှာ စစ်မှန်‌သော သန့်စင်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူဖြစ်သည်။ ကျို့ဝမ်ဘင်သည် ချူးယွင်ဖန်း၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်အချိန်နှင့် မတူညီပေ။ ဤသည်မှာ တစ်သက်တွင် တစ်ကြိမ်သာရနိုင်သည့် အခွင့်အရေးဖြစ်သည်။

ချူးယွင်ဖန်းသည် သန့်စင်ခြင်းအဆင့်နှင့် ညီမျှသော တိုက်ခိုက်ရေးစွမ်းအင်ကိုလည်း ယာယီရရှိထားသည်။ ထို့ကြောင့် ထုံးစံအတိုင်းပင် ဤအခွင့်အရေးကို သူလက်လွှတ်မခံနိုင်ပေ။ ပြစ်ချက်ကင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သော သူ၏ ကောင်းကင်မိုးကြိုးဓားသိုင်းသည် ပြောင်းလဲလျက်ရှိသည်။ သိုင်းပညာသည် အတွေ့အကြုံများစုစည်းထားခြင်းသာဖြစ်သည်။ ထို့အပြင် အလွန်အစွမ်းထက်သော ကျွမ်းကျင်သူနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းထက် အတွေ့အကြုံစုဆောင်းရန် ပို၍ကောင်းသောအခြားနည်းမရှိတော့ပေ။

ဤသန့်စင်ခြင်းအဆင့်အဘိုးကြီးကို များများတိုက်လေ သူ၏ တိုးတက်မှု ပိုမိုမြင့်မားလာလေဖြစ်လျက်ရှိသည်။ ချူးယွင်ဖန်းသည် ချို့ယွင်းချက်မရှိဟု သူထင်ခဲ့သည့် သိုင်းဖြင့် တိုက်ခိုက်ရာ၊ ချို့ယွင်းချက်များပြည့်နှက်နေကြောင်း ရှာဖွေတွေ့ရှိခဲ့ရသည်။ မူလက ချို့ယွင်းချက်မရှိသော အချို့အပိုင်းများပင်လျှင် ဤသန့်စင်ခြင်းအဆင့်အဘိုးကြီး၏ တိုက်ခိုက်မှုအောက်တွင် မှားယွင်းလာခဲ့သည်။ ထို့ကြောင့် ချူးယွင်ဖန်း၏ တိုးတက်မှုသည် မည်သို့နှေးကွေးသွားနိုင်လိမ့်မည်နည်း။

ချူးယွင်ဖန်းသည် ၎င်း၏သိုင်းပညာကို ပြုပြင်ကျင့်ကြံရန်အတွက် သူ့ကို ဓားသွေးကျောက်အဖြစ်ဆက်ဆံနေကြောင်း အဘိုးကြီးက သဘောပေါက်သွားသည့်အတွက် သူအလွန်အမင်းစိတ်ဆိုးလျက်ရှိသည်။ ကျန်းမိသားစုတွင်ပင် မည်သူမျှ သူ့အား ဤသို့မလုပ်ရဲကြပေ။ သူ၏ စွမ်းအားသည် ထိုလူအားလုံးထက် သိသာစွာသာလွန်သောကြောင့် သူ့အား ကျန်းမိသားစုမှ အလေးထားဆက်ဆံကြရာ၊ မိသားစုတွင်းမှ လူတိုင်း သူ့ကို လေးစားကြသည်။

ချူးယွင်ဖန်းသည် သူ့အား ဓားသွေးကျောက်အဖြစ်ဆက်ဆံရဲသည်မှာ ရိုးရှင်းစွာပင် ဒေါသထွက်ဖွယ်တစ်ခုဖြစ်သည်။

သို့သော် အဘိုးကြီးသည် လျင်မြန်စွာ တည်ငြိမ်သွားသည်။ ဤသည်မှာ သူ၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း သူသဘောပေါက်နားလည်သည့်အတွက် အကယ်၍ သေဘေးမှ လွတ်မြောက်ချင်ပါက ဖြစ်နိုင်ချေ တစ်ခုသာရှိသည်။ ချူးယွင်ဖန်း၏ စွမ်းအားသည် ဆေးကြောင့် အလွန်တိုးမြင့်လာလျက်ရှိနေသော်လည်း တဖြည်းဖြည်းချင်း လျော့ကျလာသည်ကို သူမြင်နိုင်၏။ ထို့ကြောင့် နိဂုံးချုပ်သည်အထိ ဇွဲရှိပါက လွတ်မြောက်နိုင်မည်ဖြစ်သည်။

သေဘေးမှ လွတ်မြောက်နိုင်လျှင် ချူးယွင်ဖန်းကို သတ်ပစ်ကာ သူ၏ မိသားစုတစ်ခုလုံးကို ချူးယွင်ဖန်းနှင့်အတူ မြှုပ်နှံပေးမည်ဟု ကျိန်ဆိုခဲ့သည်။

ချူးယွင်ဖန်းသည် အဘိုးကြီးတွေးနေပုံကို သိသည်။

“ထွက်ပြေးဖို့စဥ်းစားနေတာလား။ ပတ်ပတ်လည်ကို ကြည့်ဦး။ ခင်ဗျားလွတ်နိုင်မယ့်အခွင့်အရေးရှိတယ်လို့ ထင်လား”

ဤအခိုက်အတန့်တွင် သန့်စင်ခြင်းအဆင့်အဘိုးကြီးသည် အချိန်အတော်ကြာအောင် သူ၏ရင်ဘက်မှ သွေးများ ထွက်နေကြောင်း ရုတ်တရက် သိလိုက်ရသည်။ လက်ဆတ်သော သွေးများကြောင့် သူ၏အဝတ်အစားများ စိုစွတ်လျက်ရှိသည်။ ထောင်ချောက်ထဲသို့ ဖြားယောင်းခံလိုက်ရပြီဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။ လွတ်မြောက်ရန်အခွင့်အလမ်းရှိလိမ့်မည်ဟု သူထင်သောကြောင့် မည်သို့မျှ အရဲမစွန့်ခဲ့သော်လည်း တိုက်ပွဲအတွင်းတွင် မိုးကြိုးတောင်ပံသားရဲမှ သူ့အား ကုတ်ခြစ်ခဲ့သည့် အပိုင်းကိုမူ ရှောင်လွဲ၍မရပေ။ သွေးထွက်ခြင်းကို ရပ်တန့်နိုင်ရန် သူ၏ ကြွက်သားများကို မထိန်းနိုင်တော့ပေ။ ၎င်းဒဏ်ရာ သွေးတိတ်သွားသည့်အခိုက်အတန့်တွင် ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် နောက်ထပ်တစ်ကြိမ် ပွင့်ထွက်သွားပြန်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ သွေးများစွာဆုံးရှုံးခဲ့ရာ၊ ကိုယ်ခံအားသည်လည်း သွေးဆုံးရှုံးမှုနှင့်အတူ ကျဆင်းလာခဲ့သည်။

ချူးယွင်ဖန်းနှင့် သူ့အကြားတွင်ကွာခြားမှုမရှိတော့ပေ။ ဤသည်မှာ သူ့ကဲ့သို့ သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် မဖြစ်နိုင်သောအရာတစ်ခုပင်ဖြစ်သည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ချူးယွင်ဖန်း၏လှည့်စားခြင်းကို ခံခဲ့ရခြင်းပင်ဖြစ်၏။

ဆေး၏ အာနိသင်များ လျော့နည်းသွားသည်ဟု ဟန်ဆောင်ခြင်းဖြင့် ချူးယွင်ဖန်းသည် သူလွတ်မြောက်နိုင်သည်ဟု ထင်ယောာင်ထင်မှားဖြစ်စေခဲ့သည်။ အကယ်၍ သူသာ စောစီးစွာ စွန့်စားခဲ့မည်ဆိုပါက အခွင့်အရေးရှိနေဦးမည်ဖြစ်သည်။

“ငါမင်းကို အဆုံးထိတိုက်မယ်”

အဘိုးကြီးက တုန်လှုပ်ခြောက်ခြားမှုနှင့်အတူ ဒေါသဖြစ်လျက်ရှိသည်။ သူ၏ လေးလံကြီးမားသော ဓားကြီးသည် တောင်တစ်လုံးသဖွယ် သက်ဆင်းလာသော်လည်း ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားသည် လျှပ်စီး၏ မြန်နှုန်းဖြင့် လန့်ဖြတ် ပေါ်ထွက်လာ၏။ ကောင်းကင်မိုးကြိုးဓားသိုင်းသည် အဘိုးကြီး၏ လည်ပင်းကို ချက်ချင်းထိမှန်သွားသည်။

အဘိုးကြီး၏ ခေါင်းသည် ချက်ချင်းလွင့်ပျံသွားပြီးနောက် ဘေးဘက်သို့ လိမ့်သွားသည်။ သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ ကိန်းအောင်းနေ၏။

ဘွန်း

အဘိုးကြီး၏ ဓားသည် မြေပြင်ပေါ်သို့ လွတ်ကျကာ ချူးယွင်ဖန်း၏ ခြေထောက်ဘေးသို့ရောက်သွား၏။

“ပြီးပြီ။ ကောင်းကင်မိုးကြိုးဓားသိုင်းလည်း ပြီးပြည့်စုံအဆင့်ကိုရောက်သွားပြီ” ချူးယွင်ဖန်းသည် အသက်ကိုရှုထုတ်လိုက်သည်။ အချိန်အတော်ကြာ ပိတ်မိပြီးသည့်နောက် သူ၏ ဓားသိုင်းသည် နောက်ဆုံးတွင် ပြစ်ချက်ကင်းအဆင့်မှ ပြီးပြည့်စုံအဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်။

ချူးယွင်ဖန်းသည် ထိုလေးလေံသော ဓားကြီးကို တောင်မြစ်ပန်းချီကား ၌ သိမ်းဆည်းထားလိုက်သော်လည်း အလောင်းများကိုမူ နေရာ၌ပင်ထားခဲ့၏။ အဝေးမှ အော်ဟစ်နေသော မွန်းစတားများ၏ အသံများကိုကြားနေရသည်။ မကြာခင်တွင်ပင် မွန်းစတားအုပ်ကြီး ဤနေရာသို့ရောက်ရှိလာတော့မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် သတိလစ်နေသော ဂေါင်ဟုန်ချီကို ထူကာ အခြေစိုက်စခန်း(၁၅)သို့ အတူတကွ ဆုတ်ခွာသွားကြသည်။

All Chapters