အခန်း (၂၆၅-၂၆၇)
Vol. 18 Ch. 265-267
အခန်း(၂၆၅) Meritorious Service
ချူးယွင်ဖန်းသ်ည လျှပ်စီးတစ်စင်း၏ အမြန်နှုန်းဖြင့်ရွေ့လျားသွားသည်။ သူသည် မွန်းစတားအစုအဝေးကို အမှီလိုက်ကာ၊ အခြေစိုက်စခန်း(၁၅)သို့ပြန်သွားခဲ့သည်။
မွန်းစတားအုပ်နှင့် စစ်တပ်ကြားတိုက်ပွဲများ နေရာအနှံ့တွင် ဖြစ်လျက်ရှိသည်။ အခြေစိုက်စခန်း(၁၅)ကို တိုက်ခိုက်သည့် မွန်းစတား အစုအဝေးသည် ယခင်ထက် များစွာကြီးမားသည်။ ၎င်းသည်အလွန်လွှမ်းမိုးထားရာ၊ နေရာအနှံ့တွင် မွန်းစတားမျိုးစုံရှိနေ၏။
ချူးယွင်ဖန်းသည် အဝေးမှကြည့်ကာ အလွန်တုန်လှုပ်သွားသည်။ သူသည် မွန်းစတားဂိုဏ်းကို ကမ္ဘာမြေကြီး၏ အန္တရာယ်အဖြစ်မှတ်ယူထားသည်။ ထိုလူများသည် ဤမွန်းစတားကို ထိန်းချုပ်ကာ၊ လူသားအခြေစိုက်စခန်းများကို တိုက်ခိုက်နိုင်သည်။ သို့သော် ထိုသို့သော နည်းလမ်းများမရှိပါက ပြည်ထောင်စုအစိုးရနှင့် ယှဥ်ပြိုင်နိုင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့ အချိန်မရွေးဖိနှိပ်ခံရလိမ့်မည်မှာ သေချာ၏။
စက်ယန္တရားသုံးစင်းသည် အဝေးကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ ၎င်းတို့သည် လေထဲတွင် ပျံဝဲကာ မွန်းစတားအုပ်ထဲသို့ တိုးဝင်သွားကြသည်။ ၎င်းတို့၏ ကိုယ်ထည်များတွင် ကြောက်မက်ဖွယ်ကောင်းသော လေဆာရောင်ခြည်များ ထုတ်လွှတ်လျက် မွန်းစတားများကို အပိုင်းပိုင်းဖြတ်ပစ်လိုက်သည်။
၎င်းတို့ သွားလေရာတိုင်းတွင် မွန်းစတားများ လဲကျသေဆုံးသွားကြသည်။
ချူးယွင်ဖန်းသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်။ ဤသည်မှာ လူ့ဉာဏ်ပညာ၏ အထွဋ်အထိပ်၊ နည်းပညာ၏ စွမ်းအားနှင့် လူသားတို့သိုင်းပညာ၏ လက်ရာကောင်းတစ်ခုဖြစ်သည်။ သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများပင် ထိုသို့သော စက်များကို ဆန့်ကျင်ရန် ကြောက်ကြသည်။ ထိုယန္တရားများသည် ချို့ယွင်းချက်ကင်းမဲ့၏။
လူ့ဘောင်လောကတွင် ထူးချွန်သော သိုင်းပညာကျောင်းသားများသာမက စာပေအနုပညာကျောင်းသားအများအပြားသည်လည်း သိပ္ပံပညာရှင်များဖြစ်လာကာ ခေတ်မီနည်းပညာအမျိုးမျိုးကို တီထွင်ခဲ့ကြသည်။ လူသားမျိုးနွယ်၏ လက်ထဲတွင် အစွမ်းထက်သော လက်နက်များ ပေါ်ပေါက်လာကာ၊ သိုင်းပညာနှင့် စာပေအနုပညာပေါင်းစပ်မှုကြောင့် လူသားများ အစွမ်းထက်လာကြသည်။
ယခုအခါတွင် စက်ယန္တရားများကို အသင့်ပြင်ဆင်ထားပြီးနောက် ဤသို့သော မွန်းစတားများသည် အခြေစိုက်စခန်း(၁၅)အတွက် ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့ပေ။ စစ်တပ်သည် ယင်းအတွက် ကောင်းစွာ ပြင်ဆင်ထားပြီးဖြစ်သဖြင့် အလိုအလျောက်ပင် မည်သည့် မွန်းစတားမှ ဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်ပေ။
ကျန်ရှိသည်မှာ ဝိုင်း၍ ချေမှုန်းရန်သာဖြစ်သည်။
ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီကို အခြေစိုက်စခန်းကို ခေါ်သွားသည်။ နေရာအနှံ့တွင် တုန်လှုပ်ခြောက်ခြားနေသော ကျောင်းသားများစွာရှိနေရာ၊ အများစုသည် ဒဏ်ရာအပြင်းအထန်ရ၍ ဆေးကုသမှုခံယူနေကြရသည်။
ချူးယွင်ဖန်းကို မြင်ကြသောအခါ သူတို့အားလုံး အံ့အားသင့်သွားကြသည်။ ကျန်းယုရှန်သည် ချူးယွင်ဖန်းကို ပြဿနာများစွာရှာခဲ့သည်ဖြစ်ရာ၊ သူ့အား သတ်ပင်သတ်ပစ်ချင်ခဲ့သည်။ လူတိုင်း ဤအကြောင်း သိကြသဖြင့် ချူးယွင်ဖန်းအသက်ရှင်လျက်ပြန်လာနိုင်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
အခြားတစ်ဖက်တွင်မူ ကျန်းယုရှန်သည် ပေါ်မလာသေးပေ။
မွန်းစတားနှင့် လူသားစစ်တပ်အကြားတိုက်ပွဲသည် ပို၍ ပြင်းထန်လာသည်။ အကယ်၍ ကျန်းယုရှန်သာ စခန်းသို့ပြန်မလာပါက သူသေဆုံးသွားသည်မှာ အသေအချာပင်ဖြစ်သည်။
သူတို့အားလုံး မွန်းစတားအုပ်၏ ရုတ်တရက်တိုက်ခိုက်မှုကို ကြုံတွေ့ဖူးကြသဖြင့် မည်မျှ အန္တရာယ်များကာ၊ ကြောက်မက်ဖွယ်ကောင်းသည်ကို သိကြသည်။ ကျောင်းသားမြောက်များစွာသည် ပြန်လည်မတိုက်ခိုက်နိုင်ကြသဖြင့် မွန်းစတားများ၏ အစာဖြစ်လာကြသည်။ ၎င်းသည် ရက်စက်သော်လည်း ဤသည်မှာ လောက၏ အမှန်တရားတစ်ခုသာဖြစ်သည်။ ၎င်းနှင့်ပတ်သက်၍ အခြားနည်းလမ်းနှစ်ခုမရှိပေ။
ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီကို ဆေးကုသမှုခံယူရန် ခေါ်ဆောင်လာခဲ့သည်။ သိပ်မကြာခင်တွင်ပင် တန်စီယုသည် ဤသတင်းကို ကြားလိုက်ရ၏။ သူမသည် အနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ ရုပ်သွင်သည် သိသာထင်ရှား၏။ အနက်ရောင်ဆံနွယ်များကို အနောက်ဘက်တွင် စု၍ စည်းနှောင်ထားကာ၊ ကျောပေါ်သို့ ယှက်ဖြာကျလျက်ရှိသ်ည။ မျက်နှာထက်တွင် ဆံမြိတ်အတိချထားကာ၊ ဘေးနှစ်ဖက်နှစ်ချက်စီတွင် ဆံချည်မျှင်စုလေးနှစ်ဖက် ကျနေ၏။ သူမ၏ မျက်နှာထက်တွင် စိုးရိမ်သောကများ သိသာစွာ ပေါ်လွင်လျက်ရှိသည်။ ချူးယွင်ဖန်း အသက်ရှင်နေသေးကြောင်း သူမမြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်မိ၏။
“ဘုရားရေ ကျေးဇူးပါ။ နင်အဆင်ပြေတယ်။ ကျန်းယုရှန်က နင့်ကို နေရာတိုင်းမှာ လိုက်ရှာနေတယ်လို့ ငါကြားတယ်” တန်စီယုက သက်ပြင်းတစ်ချက်ချကာပြောသည်။
“အဆင်ပြေပါတယ်။ ကျန်းယုရှန်က သေသွားပြီမို့ နောက်တစ်ခါ ပြဿနာရှာတော့မှာမဟုတ်ဘူး” ချူးယွင်ဖန်းကပြောသည်။
ဆေးကုသခန်းထဲတွင် ချူးယွင်ဖန်း၊ တန်စီယုနှင့် သတိမေ့နေသော ဂေါင်ဟုန်ချီတို့သာရှိနေသဖြင့် ချူးယွင်ဖန်းသည် အမှန်အတိုင်းပြောရန် တွန့်ဆုတ်မနေပေ။
“နင်သူ့ကို သတ်လိုက်တာလား” တန်စီယုက တအံ့တသြမေးလိုက်သည်။
“အင်း”
“ကျန်းမိသားစုက ဒီကိစ္စကို အလွတ်ပေးမှာမဟုတ်ဘူး။ ဒီအကြောင်း ဘယ်သူ့ကိုမှမပြောနဲ့” တန်စီယုက အမြန်ပြောသည်။
“စိတ်မပူပါနဲ့ ငါငပိန်းမဟုတ်ပါဘူး။ နင်စိတ်ပူနေတာလျော့အောင်လို့သာ နင့်ကိုပြောပြတာ” ချူးယွင်ဖန်းက ပြုံးလျက်ပြောလိုက်သည်။
ဤအကြောင်း ဂေါင်ဟုန်ချီနှင့် သူသာ သိကြကာ ယခု တန်စီယုလည်း သိရှိသွားပြီဖြစ်သည်။
ဂေါင်ဟုန်ချီနှင့် တန်စီယုတို့သည် ယုံကြည်စိတ်ချရသောကြောင့် စိတ်ပူရန်မလိုအပ်ပေ။
ထိုအချိန်တွင် ချူးယွင်ဖန်းသည် တန်စီယု၏ နောက်ထပ် အဆင့်တက်မှုတစ်ခုကို သတိပြုမိသွားသည်။
“နင် စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်ကိုရောက်သွားပြီပဲ” ချူးယွင်ဖန်းက အံ့သြစွာပြောသည်။
တန်စီယုက ခေါင်းညိတ်ကာ
“အင်း ငါအခုလေးတင် သူသေကိုယ်သေတိုက်ခဲ့ရလို့ ကျော်ဖြတ်နိုင်ခဲ့တာ”
တန်စီယုက ပေါ့ပေါ့ပါးပါးပြောလိုက်ခြင်းဖြစ်သော်လည်း ချူးယွင်ဖန်းသည် မည်မျှအန္တရာယ်များကြောင်း သိလိုက်သည်။ ‘သူသေကိုယ်သေ’ဟူသော စကားလုံးသည် အရာအားလုံးကို ရှင်းပြလိုက်ခြင်းဖြစ်၏။
“ဂိုဏ်းက ဝင်ပါလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။ နင် ဒီအကြောင်း ကြိုသိခဲ့ရသေးလား”
“အင်း” ချူးယွင်ဖန်းက ခေါင်းညိတ်သည်။ နောက်ဆုံးတွင် ကိစ္စသည်ဖြစ်ပျက်ပြီးဖြစ်သဖြင့် လျှို့ဝှက်ထားရန် မလိုအပ်တော့ပေ။
“ငါသိသားပဲ။ ဒါပေမယ့် ထပ်မမေးတော့ပါဘူး။ ဂိုဏ်းနဲ့ဆိုင်တာဆိုတော့ စစ်တပ်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဆက်စပ်နေမှာပဲ။ အဲ့တာကြောင့် နင်ဘာမှမပြောတာပေါ့” တန်စီယုကပြောသည်။ စက္ကန့်ပိုင်းအတွင်းတွင် သူမ အရာများစွာကို နားလည်သဘောပေါက်သွားသည်။
“စစ်တပ်က ဘာလို့ ဒီလောက်အဆင်သင့်ဖြစ်နေလဲဆိုတာ ငါအံ့သြနေတာ။ ဂိုဏ်းက စတိုက်မယ့်အချိန်ကို သူတို့စောင့်နေပြီး နောက်ဆုံး ထောင်ချောက်တစ်ခုဖြစ်နေတာပဲ”
“နင့်ကို အသုံးချသွားတယ်လို့ မခံစားရဘူးလား” ချူးယွင်ဖန်းက တန်စီယုကို ငေးကြည့်လျက်မေးလိုက်သည်။
“အဲ့တာဘာဖြစ်လဲ” တန်စီယုက ချူးယွင်ဖန်းအား နက်ရှိုင်းစွာကြည့်ရင်း ပြန်ပြောလိုက်သည်။
“နင်သိပ်နားမလည်တာဖြစ်မယ်။ တစ်ခါတစ်လေကျရင် စွန့်ပစ်ခံထားရတဲ့ကလေးဖြစ်ရတာထက် တစ်နေရာရာမှာ အသုံးဝင်တာက ပိုကောင်းပါတယ်”
သူမသည် တန်မိသားစု၏ အငယ်အနှောင်းမှ ဖွားမြင်ခဲ့သော ကလေးတစ်ယောက်ဖြစ်သဖြင့် အရာများစွာကို ချူးယွင်ဖန်းထက် ပို၍ နားလည်သည်။
ချူးယွင်ဖန်းသည် စကားဆက်ပြောချင်သော်လည်း ရုတ်တရက် ရွှယ်ပိုင်လုံဆီမှ မက်ဆေ့တစ်ခုလက်ခံရရှိ၏။
ရွှယ်ပိုင်လုံသည် သူ့ကို လိုက်ရှာနေခြင်းဖြစ်သည်။
ချူးယွင်ဖန်းသည် သူရွှယ်ပိုင်လုံနှင့် သွားတွေ့ချိန်အတွင်း ဂေါင်ဟုန်ချီကို မျက်ခြေမပျက်စောင့်ကြည့်ရန် တန်စီယုအားပြောခဲ့သည်။
အခြေစိုက်စခန်းနံရံ၏ အပေါ်တွင် အေးစက်သောလေသည် ခါးသီးစွာ တိုက်ခတ်လျက်ရှိသည်။ အဝေးမှကြည့်လျှင် စစ်တပ်သည် မွန်းစတားများ၏ ဝိုင်းထားခံရမှုကို တဖြည်းဖြည်း ချုံ့လာနိုင်ကြောင်း မြင်ရ၏။ ကျန်မွန်းစတားများသည် သုတ်သင်ခံရကာ၊ ဤခြိမ်းခြောက်မှုကြီးကို နောက်ဆုံးတွင် ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်၏။
ခဏအကြာတွင် ရွှယ်ပိုင်လုံသည် လက်နှစ်ဖက်ကို နောက်ကျောဘက်တွင် ယှက်ကာ၊ မတ်တပ်ရပ်လျက်ရှိသည်။ သူ၏ အနက်ရောင်သံချပ်ကာမှ သွေးစက်များ တတောက်တောက်ကျလျက်၊ သူ့ရှေ့မှမြင်ကွင်းကို ကြည့်ရှု့နေသည်။ တိုက်ပွဲကြီးတစ်ခု တိုက်ခဲ့ကြောင်း သိသာထင်ရှား၏။
“ဗိုလ်ကြီးရွှယ်” ချူးယွင်ဖန်းကနှုတ်ဆက်လိုက်သည်။
“မင်းရောက်ပြီပဲ” ရွှယ်ပိုင်လုံကပြောသည်။
“မင်းက ဒီသုတ်သင်ရေးအစီအစဥ်ကြီးပြီးမြောက်အောင်မြင်အောင် အများကြီး ပံ့ပိုးပေးခဲ့တာပဲ”
“အဲ့တာ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ” ချူးယွင်ဖန်းက သံသယရှိသောလေသံဖြင့် ပြောသည်။
“ဒါက မင်းငါ့ကို ပို့တဲ့ သတင်းပဲလေ။ ငါ တစ်ခုခုကိုရှာတွေ့ချင်ယောင်ဆောင်လိုက်တော့ မြွေက သူ့အပေါက်ထဲကသူထွက်လာတာပဲ။ ဂိုဏ်းကလူတွေက သူတို့အားလုံးပေါ်သွားပြီထင်နေလို့ စောပြီး စလှုပ်ရှားကြတာပဲ။ ဒါ့ကြောင့် လွယ်လွယ်ကူကူ နှိမ်နင်းနိုင်ခဲ့တာ။ မင်း အများကြီးပံ့ပိုးပေးခဲ့တာပေါ့” ရွှယ်ပိုင်လုံကပြောသည်။
ထို့မှသာ ချူးယွင်ဖန်းက သူမည်သို့လုပ်ခဲ့ကြောင်းကို သိရှိသွားသည်။ ဂိုဏ်း၏တိုက်ခိုက်မှုသည် အနည်းငယ်စောလွန်းသည်ဟု သူခံစားရသည်မှာ အံ့သြဖွယ်မဟုတ်တော့ပေ။
“အာ ကောင်းပြီ။ မင်းငါ့ကို ပို့လိုက်တဲ့ ဓာတ်ပုံနှစ်ပုံကို ငါမြင်တယ်။ ဂိုဏ်းကဒီလောက် အတွင်းထိ ခိုးဝင်နေလိမ့်မယ်လို့ ငါမထင်ထားဘူး။ မွန်းစတားအုပ်ကို ဖယ်ပြီးရင် နောက်အစီအစဥ်တွေစဖို့ ငါအမိန့်ပေးလိုက်မယ်။ မွန်းစတားဂိုဏ်းရဲ့ သူလျှိုတွေကို ဖမ်းမယ်” ရွှယ်ပိုင်လုံကပြောသည်။
ချူးယွင်ဖန်းပေးပို့လိုက်သည့် သေဆုံးနေသော စစ်သားနှစ်ယောက်၏ ဓာတ်ပုံများကို သူရည်ညွှန်းနေခြင်းဖြစ်သည်။
အခန်း(၂၆၆) လေ့ကျင့်ရေးစခန်း၏ အဆုံးသတ်
ရွှယ်ပိုင်လုံသည်လည်း စစ်သားတစ်ဦးဖြစ်သဖြင့် ထိုအကျင့်ပျက်စစ်သားများကို အလွန် မုန်းတီးလျက်ရှိသည်။
“ငါ့မှာ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်။ ဘယ်ဟာအရင်ကြားချင်လဲ” ရွှယ်ပိုင်လုံကမေးသည်။
“သတင်းဆိုးကို အရင်ကြားရတာ ပိုကောင်းမယ်ထင်တယ်” ချူးယွင်ဖန်းက ခဏတာစဥ်းစားပြီးနောက်ပြောလိုက်သည်။
“သတင်းဆိုးကာတော့ ငါတို့ နတ်ဆိုးဂိုဏ်းရဲ့ခေါင်းဆောင်အသစ်ကို မဖမ်းနိုင်ခဲ့သေးဘူး။ အဲ့အတာအပြင် မင်းကဂိုဏ်းရဲ့ ရန်သူစာရင်းထဲပါနေမှာစိုးတယ်။ မင်းသတိထားဖို့လိုမယ်”
“ဘာ၊ ကျွန်တော်တို့ သူ့ကို မဖမ်းနိုင်ခဲ့တာလား” ချူးယွင်ဖန်းက စိတ်ပျက်စွာပြောသည်။
သူလျှိုအဖြစ်ရွှယ်ပိုင်လုံနှင့် ပူးပေါင်းချင်ရသည့်အကြောင်းအရင်းမှာ စစ်တပ်၏ အာဏာကို အသုံးပြု၍ ဂိုဏ်းကို ချေမှုန်းလိုခြင်းကြောင့်ဖြစ်သည်။ တကယ်တမ်းတွင် ဂိုဏ်းသည် သူ့နောက်သို့ နေ့တိုင်းလိုက်လံနေခြင်းဖြစ်ကာ၊ လည်ချောင်းတွင် ငါးရိုးစူးနေသကဲ့သို့ပင်ဖြစ်၏။ သူမည်သို့မေ့ထားနိုင်လိမ့်မည်နည်း။
“ဒါဆို သတင်းကောင်းကဘာလဲ” ချူးယွင်ဖန်းက ခဏရပ်ပြီးနောက် မေးလိုက်သည်။
ရွှယ်ပိုင်လုံက ပြုံးကာ “သတင်းကောင်းကတော့ ဌာနခွဲခေါင်းဆောင်အသစ်ဘယ်သူဘယ်ဝါလဲဆိုတာ ငါတို့အတည်ပြုနိုင်ခဲ့ပြီ”
“ဘယ်သူလဲ” ချူးယွင်ဖန်းက အမြန်မေးလိုက်သည်။
“ပညာရေးဗျူရိုရဲ့ မစ္စတာလင်းပဲ။ မင်းသူ့ကို အထင်ကြီးမိသေးလား” ရွှယ်ပိုင်လုံကမေးသည်။
မျက်မှန်တပ်ထားသော လူတစ်ယောက်၏ ခပ်ပိန်ပိန်လူတစ်ယောက်၏ ပုံရိပ်သည် ချူးယွင်ဖန်း၏ စိတ်ထဲတွင် ချက်ချင်းပေါ်လာသည်။ ၎င်းသည် မစ္စတာလင်းဖြစ်လိမ့်မည်ဟု မည်သည့်အခါမှ ခန့်မှန်းနိုင်လိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် သူ့ဆီမှ ထူးဆန်းသော အငွေ့အသက်ကို ခံစားမိခဲ့သော်လည်း သူ့စိတ်ထဲတွင် ထိုသို့သော အတွေးမျိုးမပေါ်လာခဲ့ပေ။
“သူဖြစ်နေမယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး”
“ဟုတ်တယ်။ သူက အကုန်အဆင်ပြေနေတော့ ငါလည်း သူဖြစ်နေမယ်လို့ မထင်ထားဘူး။ သေချာဖုံးကွယ်ထားနိုင်ခဲ့တာပဲ။ သူငါ့ကို ရုတ်တရက်တိုက်ခိုက်တော့မှ ငါ သဘောပေါက်သွားတာပဲ။ သူ့ကြောင့်ပဲ ဂိုဏ်းသားတချို့ ထွက်ပြေးလွတ်မြောက်သွားနိုင်တာ။ မဟုတ်ရင် အဲ့ကောင်တွေ တစ်ကောင်မှ လွတ်မှာမဟုတ်ဘူး”
ရွှယ်ပိုင်လုံက ဤအကြောင်း ချူးယွင်ဖန်းကို ပြောပြနေပုံသည် အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သံများ ကိန်းအောင်းနေသည်။ သူခြေလှမ်းတစ်လှမ်းထပ်တိုးကာ စစ်ဗိုလ်ချုပ်ဖြစ်ချင်ပါက ခွန်အားအပြင် လုံလောက်သော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးနို်ငရမည်ဖြစ်သည်။ တည်ငြိမ်သမုဒ္ဒရာမြို့ရှိ နတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင်ကို ပထမအကြိမ်ဖျက်ဆီးပြီးနောက်၊ ဒုဗိုလ်မှူးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်သို့ရာထူးတိုးခဲ့သည်။ ဤတစ်ကြိမ်အောင်မြင်ပါက အကြီးတန်းဗိုလ်မှုးအဆင့်သို့ ချက်ချင်းရာထူးတိုးမည်မဟုတ်သော်လည်း ဝေးကွာတော့မည်မဟုတ်ပေ။ ယခုမူ ချက်ပြုတ်ထားသည့် ဘဲတစ်ကောင် ထွက်ပြေးသွားသည်ကို ကြည့်ရုံမျှသာ ကြည့်နေနိုင်တော့သည်။ သူ့ရင်ထဲမှ စိတ်ပျက်မှုကို မည်သူမျှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။
“ဒါပေမယ့် အကုန်အတည်ပြုပြီးပြီဆိုတော့ ကောင်းပါတယ်။ သူ့အချက်အလက်တွေကို ငါတို့ အစိုးရကို ထုတ်ပြန်ပြီးသွားပြီ။ သူပေါ်ပေါ်တင်တင်တော့ ပေါ်လာရဲမှာမဟုတ်တော့ဘူး။ အမှောင်ထဲမှာပဲနေနိုင်တဲ့ ပိုးကောင်တစ်ကောင်ပဲဖြစ်နိုင်တော့မှာ။ ဒီခြိမ်းခြောက်မှုက သေးပေမယ့် သူ လူ့အဖွဲ့အစည်းထဲကို ထပ်ဝင်နိုင်တော့မှာမဟုတ်ဘူး။ ဒါကိုလည်း အဆိုးထဲက အကောင်းလို့ ယူဆနိုင်ပါတယ်” ရွှယ်ပိုင်လုံကပြောသည်။
“ငါမင်းကို ဒီကို ခေါ်ရတဲ့အကြောင်းက ဒီအကြောင်းပြောပြမလို့ပဲ။ နောက်တစ်ခုကတော့ အခြားကိစ္စတစ်ခုပဲ။ အဲ့ ရုတ်တရက် တိုက်ခိုက်မှုကြောင့် လေ့ကျင့်ရေးစခန်းကို စောစောပိတ်ရတော့မယ်” ရွှယ်ပိုင်လုံကပြောသည်။
ချူးယွင်ဖန်းက အံ့သြခြင်းအလျင်းမရှိ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်ရာ၊ ဂိုဏ်းသည် ဤအတိုင်းအတာအထိ ဝင်ရောက်လာပြီဖြစ်သဖြင့် ရွှယ်ပိုင်လုံသည် ၎င်းတို့ကို မမြစ်မဖျက်နိုင်သရွေ့ မည်သို့ စိတ်အေးသက်သာနေနိုင်လိမ့်မည်နည်း။
“ကောလိပ်ဝင်ခွင့်စာမေးပွဲက တစ်လကျော်လောက်ပဲကျန်တော့တယ်။ မင်း ပြည်ထောင်စုတက္ကသိုလ်ကို လျှောက်မှာမလား” ရွှယ်ပိုင်လုံကပြောလိုက်သည်။
“အင်း သေချာတာပေါ့” ချူးယွင်ဖန်းက ပြောသည်။
“မင်းရဲ့လက်ရှိ စွမ်းအားနဲ့ အခွင့်အရေးတော့ရှိမှာပါ။ ဒါပေမယ့် မင်းနည်းနည်းလိုသေးတယ်။ ဝင်ခွင့်ရမယ်လို့ အာမခံလို့မရသေးဘူး။ ကျန်တဲ့အချိန်တွေမှာ မင်းကိုယ်မင်းတိုးတက်အောင် လုပ်သင့်တယ်။ စစ်တပ်ထဲ မင်းမဝင်ချင်ပေမယ့် ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ပြီးရင် မင်းက လူသားလက်ရွေးစင်တွေထဲက အကောင်းတကာ့အကောင်းဆုံးတစ်ယောက်ဖြစ်လာမှာပါ။ ပြီးရင် မင်း လူသားမျိုးနွယ်အတွက် တိုက်ခိုက်ရတော့မှာပဲ။ နောက်ဆုံးတော့လည်း အကုန်အတူတူပါပဲကွာ” ရွှယ်ပိုင်လုံကပြောသည်။
“ဒီလိုပြောပေးလို့ ကျေးဇူးတင်ပါတယ်၊ ဗိုလ်ကြီးရွှယ်” ချူးယွင်ဖန်းက ပြောသည်။
“ကောင်းပြီ။ ငါ့မှာ တခြားကိစ္စတွေရှိသေးတယ်။ မင်းအခု သွားလို့ရပြီ” ရွှယ်ပိုင်လုံကပြောသည်။
တစ်ရက်အကြာတွင် လေ့ကျင့်ရေးစခန်းကို အလျင်အမြန်ဖျက်သိမ်းလိုက်သည်။ ယခင်က ခမ်းနားသော အခမ်းအနားနှင့်ယှဥ်လျှင် ၎င်းသည် အနည်းငယ်အဖျားရှုးသွားခြင်းဖြစ်သည်။ လူတိုင်းသည် ချူးယွင်ဖန်းကဲ့သို့ အတွင်းသတင်းများကို မရရှိခဲ့ကြသော်လည်း ၎င်းတို့ကို စောင့်ကြည့်နေသော ဂိုဏ်းတစ်ခုရှိသည်ကို သူတို့သိကြသည်။ ဤအခြေအနေမျိုးတွင် လေ့ကျင့်ရေးသင်တန်းဆက်လုပ်ရန် မသင့်တော်လှပေ။
ကျောင်းသားများအကြားတွင် ညတွင်းချင်း သတင်းတစ်ပုဒ်ပျံ့နှံ့သွား၏။
‘တည်ငြိမ်သမုဒ္ဒရာမြို့ရဲ့ ထိပ်တန်းကျောင်းက ကျောင်းသား၊ ကျန်းယုရှန် သေဆုံးသွားပြီ’
သူသည် မွန်းစတားအစုအဝေးထဲတွင် သေဆုံးသွားခြင်းဖြစ်သည်။ စစ်တပ်မှ သူ၏ အလောင်းကိုရှာဖွေတွေ့ရှိသောအချိန်တွင် သူသည် အရိုးပုံကြီးတစ်ပုံအဖြစ်သာ ရှိတော့သည်။ မွန်းစတားများ ကိုက်ဖြတ်မစားသောက်နိုင်သော သံချပ်ကာကြောင့်သာ သူဖြစ်ကြောင်း သိခဲ့ကြခြင်းဖြစ်သည်။ သူ၏ ဒီအန်အေကို အတည်ပြုပြီးနောက် သတင်းများ နောက်ဆုံးတွင် ထွက်ပေါ်လာခြင်းဖြစ်၏။
‘ကျန်းယု သေပြီ’
လူတိုင်းသည် အလွန်ထိတ်လန့်လျက်ရှိသည်။ တည်ငြိမ်သမုဒ္ဒရာမြို့ရှိ ကျောင်းသားများအတွက် ကျန်းယုရှန်သည် အထင်ကရ အကျော်ဇေယျတစ်ဦးဖြစ်သည်။ သူမည်သို့ သေဆုံးသွားရသနည်း။
မွန်းစတားအုပ်တိုက်ခိုက်ချိန်တွင် အနည်းဆုံး ကျောင်းသားတစ်ရာကျော်မျှသည် မွန်းစတားများ၏ စားသောက်ခြင်းကို ခံခဲ့ရသော်လည်း ၎င်းတို့အားလုံးသည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ မဝင်ရောက်ရသေးသော ချီပင်လယ်အဆင့်ရှိကျောင်းသားများသာဖြစ်ကြသည်။
ချီပင်လယ်အဆင့်နှင့်ယှဥ်လျှင် စွမ်းအင်သန့်စင်ခြင်းအဆင့်သည် များစွာပို၍ စွမ်းအားကြီးသည်။ ထွက်ပြေးလွတ်မြောက်ရန် အာရုံစိုက်ထားနိုင်သည့် အခြေအနေမျိုးတွင် ချီတက်လာသည့် မွန်းစတားအစုအဝေးကို ရှောင်ရှားရန် ဂရုစိုက်နေသရွေ့ မည်သည့် ပြဿနာမျှ ကြုံရလိမ့်မည်မဟုတ်ပေ။
ကျန်းယုရှန်သည် ဤမွန်းစတားအစုအဝေးတွင် သေဆုံးသွားရသော စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ တစ်ဦးတည်းသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
ဤသတင်းသည် ကျောင်းသားများအကြားတွင် ညတွင်းချင်းပျံ့နှံ့သွား၏။ အကိစ္စက မည်သို့ ဆိုလိုကြောင်း လူတိုင်းနားလည်ကြသည်။ တည်ငြိမ်သမုဒ္ဒရာမြို့ရှိ ထိပ်တန်းကျောင်းသားတစ်ယောက်အနေဖြင့် ကျန်းယုရှန်၏ စွမ်းအားသည် မေးခွန်းထုတ်ရန်ပင်မလိုပေ။ သူသည် တည်ငြိမ်သမုဒ္ဒရာမြို့၏ လူအများမှ မျှော်လင့်ချက်ကြီးများ ထားခံထားရသော တည်ရှိမှုတစ်ခုလည်းဖြစ်သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲများကို နှစ်စဥ်နှစ်တိုင်းကျင်းပလျက်ရှိရာ၊ တည်ငြိမ်သမုဒ္ဒရာမြို့သည် အခြးာမြို့ကြီးများနှင့် ယှဥ်ပြိုင်နေချိန်ဖြစ်သည်။ အကယ်၍ ၎င်းတို့ယှဥ်ပြိုင်လိုလျှင် ကျန်းယုရှန်ကဲ့သို့ လက်ရွေးစင်ကျောင်းသားများကို အားကိုးကြရမည်ဖြစ်ရာ၊ ကျန်းယုရှန်သည် သူ့မိသားစုကဲ့သို့သော ကျောထောက်နောက်ခံကြီးတစ်ခုပင်ရှိ၏။ သတင်းပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
ကျောင်းသားများသည် တည်ငြိမ်သမုဒ္ဒရာမြို့၏ ခရိုင်အသီးသီးသို့ ပြန်သွားကြသကဲ့သို့ သတင်းသည်လည်းပျံ့နှံ့သွားသည်။ ဤတစ်ကြိမ်သည် ယခင်နှင့်မတူပေ။ တည်ငြိမ်သမုဒ္ဒရာမြို့၏ စစ်တပ်သည်ပင် ဖိအားပေးခံနေရ၏။
အရာအားလုံးသည် ကျန်းယုရှန်၏ သေဆုံးမှုကြောင့်သာဖြစ်သည်။
အခြားသေဆုံးမှုများနှင့် ပတ်သက်၍ မည်သူမျှ ဂရုမစိုက်ကြပေ။
ထို့အတူ ဤသတင်းသည် ကျန်းမိသားစု၏ နားထဲသို့ အလိုအလျောက်ရောက်ရှိသွားသည်။
သုန်ဟွာမြို့တွင် တောင်များမြစ်များနှင့် ဝန်းရံထားသော ချမ်းသာသည့် ခရိုင်တစ်ခုရှိသည်။ အပြင်မှ အထပ်မြင့်အဆောက်အအုံများနှင့် လုံးလုံးကွဲပြားသည်။ ဤနေရာရှိ အဆောက်အအုံအများအပြားသည် ရှေးကျသည်။ အိမ်ကြီးများ၊ ရဲတိုက်များနှင့် ပွဲစဥ်များသည် တောအုပ်အတွင်း၌ တည်ရှိကြကာ၊ ပတ်ဝန်းကျင်ရှိ တောင်များ၊ မြစ်များနှင့် ပြီးပြည့်စုံစွာ ချိတ်ဆက်လျက်ရှိသည်။ အထူးသဖြင့် မြေလက်မတိုင်း တန်ဖိုးကြီးသည့် သုန်ဟွာမြို့ကဲ့သို့ နေရာမျိုးတွင် သာမန်ဗီလာများ တုပနိုင်သည့်အရာမဟုတ်ပေ။
ဤနေရာသည် ကျန်းကုမ္ပဏီ၏ အထက်အရာရှိများ သုန်ဟွာမြို့တွင်နေထိုင်သည့်နေရာဖြစ်ကြောင်း သာမန်လူများသိပင်သိလိမ့်မည်မဟုတ်ပေ။ ကျန်းမိသားစု၏ အဓိကကျသော အဖွဲ့ဝင်များသာ ဤနေရာတွင် နေထိုင်နိုင်ကြသည်။
အိမ်ကြီးထဲရှိ ခန်းမတွင် အရပ်ခပ်ရှည်ရှည်ရှိ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် ဝတ်စုံပြည့်ဝတ်လျက်ထိုင်နေသည်။
ချူးယွင်ဖန်းသာ ဤနေရာတွင်ရှိပါက ဤလူလတ်ပိုင်းအရွယ်ပုဂ္ဂိုလ်သည် ကျန်းယုရှန်နှင့် ဆင်တူသည်ကို သူသတိထားမိလိမ့်မည်ဖြစ်၏။
ဤလူလတ်ပိုင်းအရွယ်အမျိုးသားသည် ကျန်းယုရှန်၏ ဖခင်ဖြစ်ကာ ကျန်းမိသားစု၏ အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ကျန်းကျန်ယဲ့သာဖြစ်သည်။
အခန်း(၂၆၇) ရေကန်အတွင်းရှိ ကပ်ဘေး
ကျန်းကျန်ယဲ့၏ အမူအရာသည် မှောင်မိုက်သော ရေကန်တစ်ခုကဲ့သို့ထင်ရသည်။ သူ၏ မျက်လုံးများထဲတွင် ဆိုးယုတ်သောအလင်းတစ်ခုထင်ဟပ်လျက်၊ သူခံစားနေရသော ဒေါသကို ထိန်းချုပ်ထားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သကဲ့သို့ လက်များကို တင်းကြပ်စွာ ဆုပ်ထားသည်။
သားဖြစ်သူ ဆုံးပါးသွားကြောင်း ကြားသိလိုက်ရသည့်အခိုက်အတန့်တွင် အလွန်အမင်းဒေါသဖြစ်ခဲ့ရသည်။ မိမိ၏ သား သေဆုံးရလိမ့်မည်ဟု မည်သည့်အချိန်တွင်မှ မတွေးခဲ့ဖူးသည့်အတွက် ကလေးကစားသည့်သဘောသာရှိသည့် လေ့ကျင့်ရေးစခန်းတွင် ထားခဲ့ခြင်းဖြစ်သည်။
သားဖြစ်သူ၏ စွမ်းအားဖြင့် ထိုသို့သော စခန်းသည် သူ့အား မည်သို့မျှ မထိခိုက်စေသင့်ပေ။
သို့သော် သူ့သားသည် ဆုံးပါးသွားခဲ့ရပြီဖြစ်သည်။
ဤခွန်းလွန်နယ်ပယ်တွင် သားဆက်ခြားသည့် အရာမျိုးမရှိသဖြင့် ကျန်းယုရှန်သည် တစ်ဦးတည်းသော သားမဟုတ်ပေ။ ဆန့်ကျင်ဖက်အနေဖြင့် လူသားမျိုးနွယ်၏ ရန်သူဖြစ်သော မွန်းစတားအရေအတွက်နှင့် နှိုင်းယှဥ်လျှင် လူသားဦးရေသည် အလွန်နည်းပါးသောကြောင့် ဇနီးမောင်နှံများကို ကလေးယူရန် ဖိအားပေးလျက်ရှိကြရာ၊ လူနှစ်ဦးကြား ပြိုင်ဆိုင်မှုသည် ခွန်အားပြိုင်ဆိုင်မှုသာဖြစ်သော်လည်း မျိုးနွယ်စုတစ်ခုနှင့် တစ်ခုအကြား ပြိုင်ဆိုင်မှုကိုမူ အရေအတွက်ဖြင့် ဆုံးဖြတ်ရ၏။
ကျန်းကျန်ယဲ့၏ သားများထဲအနက် ကျန်းယုရှန်သည် အလားအလာအကောင်းဆုံးဖြစ်သည်။ သူသည် အနာဂတ်တွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ပင် တက်လှမ်းနိုင်ချေရှိ၏။
ငွေရေးကြေးရေးအဖွဲ့များနှင့် ကျန်းမိသားစုကဲ့သို့ မိသားစုကြီးများတွင်ပင် လူတိုင်းမအောင်မြင်နိုင်ပေ။ မှန်သည်၊ ကျန်းမိသားစု၏ မအောင်မြင်သော ဆက်ခံသူများသည်ပင် သာမန်လူများထက် များစွာပို၍ အစွမ်းထက်သည်။
ကျန်းမိသားဟု၏ ခွန်အားဖြင့်ပင် ၎င်းတို့၏ မျိုးဆက်များကို တည်ငြိမ်သမုဒ္ဒရာမြို့၏ နံပါတ်တစ် အထက်တန်းကျောင်းသားများဖြစ်လာရန် ပျိုးထောင်ခြင်းသည် အလွန်ခက်ခဲသော ကိစ္စတစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျန်းလင်းရှောင်ကဲ့သို့သော ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ထိပ်တန်းအမှတ်ရသူ့ကို ပျိုးထောင်ခြင်းသည် ကံကြမ္မာအရသာဖြစ်ရာ၊ ထိုသို့သော လူကို အဆင့်ဆင့်ပျိုးထောင်ရန်လိုအပ်သည်။
ထို့အပြင် ကျန်းမိသားစုတွင် မရေမတွက်နိုင်အောင် များပြားသော ကျွမ်းကျင်သူများစွာရှိသဖြင့် ပြိုင်ဆိုင်မှုသည် ပြင်းထန်၏။ သူ၏ အလားအလာအကောင်းဆုံးသားလေး သေဆုံးသွားသည့်အခါ ခံစားရမည့် ကျန်းယုရှန်၏ ဒေါသကို ပုံဖော်ကြည့်၍ ရနိုင်သည်။
သူ့ရှေ့တွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော အသက်လတ်ပိုင်းလူတစ်ယောက်ရပ်နေသည်။ ဤအသက်လတ်ပိုင်း အမျိုးသားသည် အားကောင်းမောင်းသန်အသွင်အပြင်ရှိကာ အစွမ်းထက်သော သိုင်းသမားတစ်ယောက်ဖြစ်ပုံရသည်။ သို့သော် ဤအခိုက်အတန့်၊ ကျန်းကျန်ယဲ့၏ ရှေ့၌ မတ်တပ်ရပ်နေစဥ်တွင် မတ်မတ်မရပ်ဝံ့သဖြင့် သူ၏ ခါးသည် အနည်းငယ်ကိုင်းလျက်ရှိသည်။
“မင်းသိရပြီလား။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ” ကျန်းကျန်ယဲ့သည် ဒေါသကို ထိန်း၍ပြောလိုက်သည်။
“အခင်းဖြစ်တဲ့နေရာတစ်ခုလုံးက ရှုပ်ပွနေတာ။ သခင်လေးနဲ့ အဲ့ကိုယ်ရံတော်တွေအားလုံး မွန်းစတားတွေစားတာခံထားရတယ်။ ဘာဖြစ်ခဲ့လဲဆိုတာ အလောင်းတွေကို ကြည့်ပြီးပြောလို့မရဘူး။ ဒါပေမယ့် အခင်းနေရာက သဲလွန်စတွေအရပြောရရင် သန့်စင်ခြင်းအဆင့် သိုင်းသမားကြား တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ရတယ်” အသက်လတ်ပိုင်းလူကပြောသည်။
“မဖြစ်နိုင်တာ။ ယုရှန်ကို ကာကွယ်ပေးဖို့ ငါ လူကြီးဝူကို လွှတ်လိုက်တာ။ သူက သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေထဲမှာတောင် အားနည်းတဲ့လူမဟုတ်ဘူး။ သူဘယ်လိုလုပ်အသတ်ခံရနိုင်မှာလဲ။ မွန်းစတားအုပ်နဲ့ကြုံရရင်တောင် သူတို့အားလုံးမသေသွားလောက်ဘူး”
“ကျွန်တော်တို့ ပို့လိုက်တဲ့ ကျွမ်းကျင်သူတွေပြောပုံအရဆိုရင် သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူနှစ်ယောက်နဲ့ အထက်က တစ်ယောက်ကို တစ်ယောက်တိုက်ခိုက်ထားပုံပေါ်တယ်။ အဲ့လိုမျိုး သခင်လေးနဲ့ လူကြီးဝူက အသတ်ခံလိုက်ရတာပဲ” လူလတ်ပိုင်းအရွယ်လူက ချက်ချင်းပြောလိုက်သည်။
“သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူနှစ်ယောက်။ စစ်တပ်အပြင် နတ်ဆိုးဂိုဏ်းမှာပဲ ဒီလိုလူမျိုးတွေရှိတာ။ စစ်တပ်က ငါတို့နဲ့ ရန်ငြှိုးရန်စမရှိဘူး။ ငါတို့မိသားစုရဲ့ လူငယ်တစ်ယောက်ကို အဲ့လို ချောင်းမြောင်းတိုက်ခိုက်စရာမလိုဘူး။ နတ်ဆိုးဂိုဏ်းက လုပ်တာပဲဖြစ်ရမယ်”
ကျန်းမိသားစုကဲ့သို့ မိသားစုကြီးတစ်ခုတွင် သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများသည် လေးစားထိုက်သော ပုဂ္ဂိုလ်များဖြစ်ကြသည်။ စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူ မည်မျှ သေဆုံးစေကာမူ၊ အရေးမပါလှပေ။ အထက်တန်းကျောင်းသားများထဲတွင် စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိသူများ နှစ်စဥ်နှစ်တိုင်း ပေါ်ပေါက်လာသည်။ သို့သော် စွမ်းအင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူအများစုသည် သန့်စင်ခြင်းအထွတ်အထိပ်အဆင့်သို့ မတက်လှမ်းနိုင်ကြပေ။
ဤအရာက သန့်စင်ခြင်းအဆင့်ကို အလွန်တန်ဖိုးထားစေခြင်းပင်ဖြစ်၏။
အကယ်၍ လူတစ်ယောက်သည် ကျွမ်းကျင်ခြင်းအဆင့်သို့တက်လှမ်းနိုင်ပါက ကျန်းမိသားစုဝင်များ၏ အဓိကကျသော အဆင့်များသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်သည်။ ကျန်းယုရှန်တွင် ထိုသို့သော အရည်အချင်းမျိုးရှိသော်လည်း သာမန်ကျသည့် အဖွဲ့လေ့ကျင့်ရေးတစ်ခုတွင် ရှုံးနိမ့်သွားခဲ့ရသည်။
“သူတို့ကက တကယ်ပဲ ငါတို့ မိသားစုရဲ့ မျိုးဆက်ကို တိုက်ခိုက်ရဲတာလာား” ကျန်းကျန်ရဲသည် စားပွဲကို လက်ဖြင့် ပုတ်ကာ အမိန့်ပေးလိုက်သည်။ “အမိန့်ကို ဖြန့်လိုက်။ မှောင်ခိုစျေးမှာ ငွေနှစ်ဘီလီယံလောက်ပေးပြီး တည်ငြိမ်သမုဒ္ဒရာမြို့ရဲ့ နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲကို စုံစမ်းလိုက်။ ငါ သူတို့ကို တန်ရာတန်ကြေးပြန်ဆပ်ခိုင်းမယ်”
ကျန်းကျန်ယဲ့သည် ဂိုဏ်းတွင်သာ ထိုသို့သော သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများရှိလိမ့်မည်ဖြစ်ကြောင်း သေချာလျက်ရှိသ်ည။ အခြားလူများသည် သူ့ထက် ဂိုဏ်းကို ပိုကြောက်ကြသည်။ ကျန်းမိသားစုသည် အသေးအဖွဲ့မဟုတ်ပေ။
“ဒါ့အပြင် စစ်တပ်ကို ဖိအားပေးဖို့ နည်းလမ်းကို စဥ်းစားပါ။ သူတို့သာ အမှားမလုပ်ရင် ငါ့သားသေမှာမဟုတ်ဘူး” ကျ်နးကျန်ယဲ့ကပြောသည်။ “အိုး ဟုတ်သားပဲ။ ယုရှန်နဲ့ ရန်ဖြစ်တဲ့လူက ဘယ်သူလဲ”
“ချူးယွင်ဖန်းလို့ခေါ်တဲ့ ကျောင်းသားပါ” ဝတ်စုံပြည့်ဝတ်ထားသော အသက်လတ်ပိုင်းလူက ပြောသည်။
“သူ့ကိုသတ်ဖို့ နည်းလမ်းစဥ်းစားထား” ကျန်းကျန်ယဲ့၏ မျက်လုံးများသည် လူသတ်လိုစိတ်ဖြင့် တောက်ပလျက်ရှိသည်။ “ငါ့သားကို လူရှေ့သူရှေ့မှာ ရှုံးအောင်လုပ်ထားတာ။ ငါသားသေရပြီးတော့ သူက ဘာလို့ အသက်ရှင်နေသေးတာလဲ”
“ဆရာ၊ အစိုးရက ကျွန်တော်တို့ကို မျက်ခြေမပြတ်စောင့်ကြည့်နေတယ်။ တကယ်လို့ ကျွန်တော်တို့ မြို့ထဲမှာ တစ်ခုခုလှုပ်ရှားလိုက်ရင် အကျိုးဆက်တွေကို မခံနိုင်မှာစိုးတယ်” အသက်လတ်ပိုင်းအရွယ်လူက စိတ်ရှုပ်ကာပြောသည်။
ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ကျန်းမိသားစုကဲ့သို့သော ကောင်းကင်ကို လှန်နိုင်သည့် မိသားစုတစ်စုရှိသော်လည်း အစိုးရသည်ပို၍ စွမ်းအားကြီးသည်။ လူ့အသိုင်းအဝိုင်း၏ ငြိမ်းချမ်းမှုကို မည်သူမှ အနှောင့်အယှက်ပေးရန် ခွင့်ပြုလိမ့်မည်မဟုတ်ချေ။
ဤချမ်းသာသော မိသားစုများသည် လူတစ်ဦးချင်းစီကို ပစ်မှတ်ထားသည့် ကိစ္စများအတွက်လည်း အလွန်အကဲဆတ်ကြသည်။ မှန်သည်၊ သာမန်အရပ်သားများကို ၎င်းတို့ ပစ်မှတ်ထားနိုင်ချေအလွန်နည်းပါးလှသည်။ ဤသို့သော ကိစ္စမျိုး မဖြစ်လာနိုင်ပေ။ ဤသည်မှာ ပုရွက်ဆိတ်တစ်ကောင်ကို လူတစ်ဦးမှ မတော်တဆနင်းမိခြင်းနှင့် ဆင်တူသည်။ မည်သူက ပုရွက်ဆိတ်ကို
အထူးတလှယ်ပစ်မှတ်ထားလိမ့်မည်နည်း။
“ဒါဆို မှောင်ခိုစျေးကွက်မှာ ဆုကြေးဖွင့်လိုက်။ ငါးဆယ်မီလီယံ၊ ငါ သူ့ခေါင်းရော တစ်မိသားစုလုံးကိုရောလိုချင်တယ်” ကျန်းကျန်ယဲ့က အေးစက်စွာပြောလိုက်သည်။
“ငါ သူတို့အားလုံးကို ငါ့သားနဲ့အတူ မြေမြှုပ်စေချင်တယ်”
ကျန်းမိသားစု၏ အဓိကမိသားစုဝင်ဖြစ်သော ကျန်းကျန်ယဲ့အတွက် အထူးသဖြင့် နတ်ဆိုးးဂိုဏ်းအတွက် ဆုကြေးငွေနှင့်ယှဥ်လျှင် သန်းငါးဆယ်သည် မည်သို့မျှမဟုတ်ပေ။ သန်းငါးဆယ်မျှသာဖြစ်လျှင် ဂိုဏ်းခေါင်းဆောင်ကို မည်သူမျှ တိုက်ခိုက်ဝံ့မည်မဟုတ်ပေ။ သို့သော်လည်း သာမန်အရပ်သားတစ်ဦးကို ပစ်မှတ်ထားခြင်းသည်မူ မတူသောကိစ္စတစ်ခုဖြစ်သည်။
အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရနိုင်သော်လည်း အောင်မြင်မှုနှုန်းမှာအလွန်မြင့်မားနေသေး၏။ အန္တရာယ်မများလှသည့်အပြင် ငွေရရန်လွယ်ကူသောကြောင့် လုပ်ကြံသတ်ဖြတ်သူများသည် ၎င်းထံသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာနိုင်ချေရှိသည်။
ကျန်းကျန်ယဲ့သည် ချူးယွင်ဖန်းတို့မိသားစုကို ကျန်းယုရှန်နှင့် အတူသဂြိုလ်ရန် ရည်ရွယ်ထားသည်။ ချူးယွင်ဖန်းသည် သူ့မျက်လုံးထဲတွင် လမ်းဘေးမှ ပုရွက်ဆိတ်တစ်ကောင်သာဖြစ်သဖြင့် အာရုံထဲသို့မထည့်ပေ။
ချူးယွင်ဖန်းသည် ကျန်းကျန်ယဲ၏ ဒေါသကိုဖြေဖျောက်ရန် တစ်ဦးတည်းသော လူဖြစ်သည်။ သူဒေါသပုံချခဲ့သူသည် သူ့သားအား အမှန်တကယ်သတ်ခဲ့သူပင်ဖြစ်ကြောင်း ကျန်းကျန်ယဲ့မသိခဲ့ပေ။
သန်းငါးဆယ်၏ အင်အားသည်လည်း ကြီးမားရာ၊ ၎င်းသည် ချူးယွင်ဖန်းတို့မိသားစုအား တစ်ညလုံးနီးပါး ဒုက္ခပေးခဲ့သည်။
ချူးယွင်ဖန်းသည် လဝိဉာဥ်အိမ်ရာသို့ ဝင်ရောက်လာသည်နှင့် အသတ်ခံလိုက်ရသော ကြေးစားလူသတ်သမားသုံးယောက်ကို ကြည့်လိုက်သည်။ လဝိဉာဥ်အိမ်ရာသည် တည်ငြိမ်သမုဒ္ဒရာမြို့၏ ခရိုင်များတွင် အမြင့်ဆုံး အိမ်ရာတစ်ခုဖြစ်သည်။ လဝိဉာဥ်အိမ်ရာရှိ လုံခြုံရေးသည် အထူးကောင်းမွန်သဖြင့် သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူများ ထိုးဖောက်ဝင်ရောက်ရန်ပင် မလွယ်ကူပေ။
သို့သော် ဤကြေးစားသမားများရောက်ရှိလာသောအခါ တစ်စုံတစ်ယောက်သည် မှောင်ခိုစျေးကွက်ထဲတွင် သူ့မိသားစု၏ ခေါင်းကို ယွမ်သန်းငါးဆယ်ဖြင့် ဆုကြေးထုတ်ထားကြောင်း ချူးယွင်ဖန်းအား အချက်ပြလိုက်ခြင်းဖြစ်သည်။
အခြားတစ်ဖက်သည် သူတို့၏ လမ်းကြောင်းများကို ဖုံးကွယ်ရန်ပင်စိတ်မဝင်စားပေ။
၎င်းမှာ ကျန်းယုရှန်၏ ဖခင်၊ ကျန်းကျန်ယဲ့သာဖြစ်၏။