အခန်း (၂၈၃-၂၈၅)
Vol. 19 Ch. 283-285
အခန်း(၂၈၃) ဒီတိုင်းဆက်သွားလို့မဖြစ်ဘူး
ယခုအချိန်တွင် ချူးယွင်ဖန်းနှင့် အမာရွတ်မျက်နှာလူကြားရှိတိုက်ပွဲသည် အထွဋ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။
သို့မဟုတ် အမာရွတ်မျက်နှာလူသည် ချူးယွင်ဖန်းထက်သာလွန်နေသည်ဟု ဆိုရပေလိမ့်မည်ဖြစ်သည်။
သူ၏ ကျင့်ကြံရေးအဆင့်ဖြင့် သူ၏ တိုက်ရည်ခိုက်ရည်သည် ချူးယွင်ဖန်းထက် သာလွန်၏။ သို့သော် သူ့အား စိတ်ဓာတ်ကျစေသည့်အရာမှာ ချူးယွင်ဖန်းအား နှိမ်နှင်းထားနိုင်ပြီဖြစ်သော်လည်း ထိုဖိနှိပ်မှုကို စစ်မှန်သောအားသာချက်အဖြစ်မပြောင်းလဲနိုင်ပေ။
ချူးယွင်ဖန်းသည် အလွန် ကျွမ်းကျင်လွန်းလှသည်။ သူ၏ သိုင်းပညာများသည် အမာရွတ်မျက်နှာဖြင့်လူ၏ သိုင်းကို ကျော်လွန်ကာ ပြီးပြည့်စုံသော အဆင့်တွင်ရှိနေ၏။ အမာရွတ်မျက်နှာဖြင့်လူ၏ သိုင်းပညာသည် ပြစ်ချက်ကင်းအဆင့်တွင်သာရှိကာ သူ့သိုင်း၏ အဆင့်သည်လည်း ကောင်းကင်မိုးကြိုးဓားသိုင်းနှင့်မယှဥ်နိုင်ပေ။
တကယ်တမ်းတွင် ဒေသတစ်ခုလုံးရှိကျောင်းသားများထဲမှ အချို့ကိုသာရွေးချယ်ခဲ့ခြင်းဖြစ်သဖြင့် ဤကျောင်းသားများထဲတွင် အရည်အချင်းမရှိသူမည်သူရှိသနည်း။
အရည်အချင်းဖြစ်စေ၊ နားလည်နိုင်စွမ်းဖြစ်စေ၊ သို့မဟုတ် ကျင့်ကြံရေးအဆင့်ပင်ဖြစ်စေ၊ ဤကျောင်းသားများအားလုံးသည် ထိပ်တန်းရွေးချယ်ခံရသူများဖြစ်ကြသည်။ ထို့အပြင် ဤရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ကောင်အများစုသည် အရည်အချင်းအရ သာမန်မျှသာဖြစ်သည်။ မကောင်းမှုပြုခဲ့သောကြောင့်၊ အပြစ်များစွာ ကျူးလွန်ခဲ့သောကြောင့် ဖမ်းဆီးခံကြရခြင်းဖြစ်သည်။ ထိုသူများနှင့် ကျောင်းသားများကို နှိုင်းယှဥ်၍မရပေ။
ဤရာဇဝတ်ကောင်များ အားကိုးနိုင်သည့် တစ်ခုတည်းသော အရာမှာ ၎င်းတို့၏ ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည်မူ တိုက်ပွဲအတွေ့အကြုံမနည်းလှသဖြင့် ထိုအမာရွတ်မျက်နှာဖြင့်လူကို ထိန်းထားနိုင်၏။
ဤသည်မှာ စိတ်ပျက်ရန်အကောင်းဆုံးအပိုင်းပင်ဖြစ်သည်။ ချူးယွင်ဖန်းသည်ကောင်း၏။ အမာရွတ်မျက်နှာရှိသူ၏ ဖိနှိမ်နိုင်စွမ်း အမြင့်ဆုံးရောက်လာသည့်အခါတိုင်းတွင် ချူးယွင်ဖန်းသည်နောက်ထပ်ပြင်းထန်သော သိုင်းကွက်တစ်ခုကို ပြုလုပ်ရန် ဆန်းကြယ်သော ခြေကွက်ကို အသုံးပြုမည်ဖြစ်သည်။
“အား… မင်းလို ထူးချွန်တဲ့ ပါရမီရှင်လို့ခေါ်တဲ့ကောင်တွေကို ငါအမုန်းဆုံးပဲ။ မင်းကို ဆုတ်ဖြဲပစ်မယ်”
အမာရွတ်မျက်နှာရှိသူက အော်ဟစ်လိုက်သည်။ သူ၏ ကျင့်ကြံရေးသည် ဝိရိယစိုက်ထုတ်ခဲ့ခြင်းမဟုတ်ပေ။ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သောကြောင့်သာ အဆင့်မြင့်နေခြင်းဖြစ်သဖြင့် ဤသည်က ချူးယွင်ဖန်းနှင့်မတူပေ။ ယခင်က သူသည် သာမန်အရည်အချင်းရှိသည့် သာမန်လူတစ်ယောက်သာဖြစ်သည်။ အရင်းအမြစ်မရှိဟုထင်ရသော ချူးယွင်ဖန်းကဲ့သို့ ပါရမီရှင်များကို သူအလွန်မုန်းတီး၏။
သို့သော် ချူးယွင်ဖန်းသည် အနည်းငယ် အရေးနိမ့်နေသော်လည်း သူသည် ငါးရှဥ့်ကဲ့သို့ ချောမွတ်ကာ အရှုံးမပေးပေ။
ချလန်
ချလန်
ချလန်
စူးရှသော ဓားသံများစွာပေါ်ထွက်လာသည်။ နှစ်ဖက်လုံး တစ်ယောက်နှင့်တစ်ယောက် ဓားဖြင့် အပြင်းအထန်တိုက်ခိုက်နေကြသည်။ ကြည့်ရသည်မှာ အလွန်ကြောက်မက်ဖွယ်ကြမ်းတမ်းလွန်းလှ၏။ အကယ်၍ နှစ်ယောက်ထဲမှ တစ်ယောက်သာ ဓားဖြင့်ထိမိမည်ဆိုပါက အကျိုးဆက်သည် စိတ်ကူး၍ပင်ရနိုင်လိမ့်မည်မဟုတ်ပေ။
“ဟူး ဟူး ဟူး”
ဓားချက်များစွာပြီးနောက် ချူးယွင်ဖန်း၏ကိုယ်ခံအားသည် လျင်မြန်စွာကျဆင်းလာသည်။ သူ၏ ကိုယ်ခံအားမှာ အဆင့်တူသူများထက် အဆပေါင်းများစွာသာလွန်လှသော်လည်း သူသည် အလေးစီးဝတ်စုံကို ဝတ်ဆင်ထားခြင်းဖြစ်၏။ ထို့ကြောင့် စွမ်းအားအကုန်အသုံးမပြုနိုင်ပေ။
ထို့အပြင် ချူးယွင်ဖန်းတိုက်ခိုက်နေသည့်နေရာသည် အပူချိန် ၁၄၀ဒီဂရီ ဖာရင်ဟိုက်ရှိနေသည့်အပြင်၊ တိုက်ခိုက်နေရသည့်လူမှာလည်း စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့်တွင်ရှိနေသဖြင့် ကိုယ်ခံအား ကျဆင်းမှုသည် သာမန်ထက် အလွန်လျင်မြန်၏။
အခြားတစ်ဖက်တွင် အမာရွတ်မျက်နှာလူသည်မူ သိသာစွာ ပို၍ သာ၏။ သူသည် ဤနယ်ပယ်၌ ချူးယွင်ဖန်းထက် အတွေ့အကြုံပိုရှိသဖြင့် မိမိ၏ စွမ်းအင်ကို မည်သို့ ထိန်းသိမ်းအသုံးပြုရမည်ကို သိသည်။
“သေစမ်း မင်းကို သေတဲ့အထိ ငါနှိပ်စက်ပြမယ်။ ချက်ချင်းမသတ်ဘူး။ မင်းရဲ့ လက်တွေ ခြေထောက်တွေ ဖြတ်ပြီး တစ်ခုပြီးတစ်ခု အစားခံရတာကို မင်းမြင်စေချင်သေးတယ်” အမာရွတ်မျက်နှာရှိသူက အော်ဟစ်ပစ်လိုက်သည်။
“ထပ်ပိန်းပြန်ပြီ”
ချူးယွင်ဖန်းက အော်၍ လွယ်အိတ်ထဲမှ စွမ်းအားဖြည့်ဆေးရည်တစ်ပုလင်းကို ထုတ်ယူလိုက်ပြီးနောက် ပုလင်း၏ အဖုံးကို ကိုက်ဖောက်ကာ သောက်ချလိုက်၏။ သူ၏ ကိုယ်ခံအားများ ပြန်လည် ပြည့်လာသည်ကို ခံစားလိုက်ရသည်။
လူတိုင်းသည် ဤမြင်ကွင်းကို တွေ့သောအခါ ကြောင်အသွားကြရ၏။
‘ဒါက လူလည်ကျတာပဲ’
‘ဘာစောက်အဓိပ္ပါယ်မှမရှိဘူး’
‘ဒီလိုဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒီလိုဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အဲ့တာ လူလည်ကျတာမဟုတ်ဘူးလား’
ချူးယွင်ဖန်း၏ လုပ်ဆောင်ချက်များကြောင့် အခြားသူများ တုံ့ပြန်မိကြသည်။ မှန်သည်။ ခံနိုင်ရည်အားဖြင့်ပတ်သက်၍ ထိုသူများကို ယှဥ်ပြိုင်ရမည်ကို အဘယ်ကြောင့် ကြောက်ရမည်နည်း။ ၎င်းတို့တွင် လူပိုများသည့်အတွက် အလှည့်ကျတိုက်ခိုက်ကာ၊ စွမ်းအင်ချွေတာနိုင်သည်။ သို့သော် မိမိတို့တွင်မူ စွမ်းအင်ဖြည့်ဆေးရည်များရှိသဖြင့် မည်သူက မည်သူကို ကြောက်ရမည်နည်း။
ဤရာဇဝတ်ကောင်များသည် အနိုင်ရရန် ငွေဖြုန်းနိုင်သော ကစားသမားများနှင့် ကြုံတွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။ မိမိတို့၏ အရည်အချင်းမှာ ၎င်းတို့ကဲ့သို့ မကောင်းလှကာ၊ လူဦးရေလည်း နည်းသည်။ သို့သော် မိမိတို့၏ လက်နက်များသည် ကောင်းမွန်၏။ ဆေးရည်များလည်း သောက်နိုင်၏။ ထို့ကြောင့် ၎င်းတို့ကို သေသည်အထိ ပင်ပန်းစေရန် တိုက်ခိုက်နိုင်သည်။
ထိုအခိုက်အတန့်တွင် ဤလူများနှင့်တွေ့ကြချိန်၌ ချူးယွင်ဖန်းအဘယ်ကြောင့် အမှတ်များသည် တံခါးလာခေါက်နေပြီဟု ပြောခဲ့ခြင်း၏ ဆိုလိုချက်ကို ကျောင်းသား နားလည်သွားကြသည်။
မှန်သည်။ သူတို့တွင်ရှိနေသော အားသာချက်သည် အလွန်ကြီးမားသည်။ ၎င်းတို့သတိထားကာ၊ ကြောက်ရွ့ံမနေသရွေ့ မည်သူက မည်သူကို သတ်မည်မှာ မသေချာသေးပေ။
ဤကဲ့သို့ နေရာတိုင်းတွင်ရန်သူများရှိနေသည့် ကြမ်းတမ်းလှသည့် ပတ်ဝန်းကျင်တွင် ကျောင်းသားများအတွက် အားသာချက်ရှိပုံမပေါ်သော်လည်း တကယ့်လက်တွေ့တွင်မူ ၎င်းတို့၏ အားသာချက်သည် အလွန်ကြီးမား၏။ ရာဇဝတ်ကောင်များသည် ဤသည်ကို မမျှော်လင့်ထားကြပေ။
ရာဇဝတ်ကောင်ဂိုဏ်းသည် တဖြည်းဖြည်း စိုးရိမ်ပူပန်လာကြသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျတိုက်ခိုက်ကာ ဤကျောင်းသားများကို ဆေးရည်သောက်သုံးခွင့်မပေးကြပေ။ မဟုတ်လျှင် ဇီဝိန်ချုပ်ရမည့်သူမှာ ၎င်းတို့ဖြစ်သွားပေလိမ့်မည်ဖြစ်၏။
ချူးယွင်ဖန်း၏ ကိုယ်ခံအား ပြန်လည်သက်သာလာသည်နှင့် ဤတိုက်ပွဲသည် အလွန်ပင်ပန်းကြောင်း ခံစားလိုက်ရသည်။ ထိုသို့သော ကျွမ်းကျင်သူမျိုးကို တိုက်ခိုက်ခွင့်ရနိုင်သည့် အခွင့်အရေးသည် မကြာခဏရနိုင်မည့်အရာမဟုတ်ချေ။
ထို့ကြောင့် သူ့ကိုယ်သူကျင့်ကြံရန် အမာရွတ်မျက်နှာလူအား အခွင့်အရေးတစ်ခုအဖြစ်သဘောထားထားသည်။ တကယ့် လက်တွေ့တွင် ပြည်ထောင်စုတက္ကသိုလ်မှ ဤရာဇဝတ်ကောင်များကို စေလွှတ်ရသည့်အကြောင်းအရင်းမှာ ဤအချက်သာဖြစ်သည်။ မဟုတ်လျှင် ၎င်းတို့တောက်ပရမည့်အလှည့်သို့ မည်သို့မျှရောက်လိမ့်မည်မဟုတ်ပေ။ စစ်တပ်ရောက်လာပါက ဤရာဇဝတ်ကောင်များကို လွယ်ကူစွာ ချေမှုန်းပစ်နိုင်၏။
အမာရွတ်မျက်နှာရှိသူသည် နောက်ဆုံးတွင် အသိစိတ်ဝင်လာသည်။ ချူးယွင်ဖန်းသည် သူ့အား ဓားသွေးကျောက်ကဲ့သို့ ဆက်ဆံနေသဖြင့် အလွန်အမင်းဒေါသဖြစ်လျက်ရှိသည်။
“ငါ မင်းကို သတ်မယ်”
အမာရွတ်မျက်နှာလူသည် ဒေါသတကြီးအော်ဟစ်ပစ်လိုက်သည်။ သူသည် အဆက်မပြတ်အော်ဟစ်နေသည့် ဒဏ်ရာရနေသော မွန်းစတားနှင့်တူသည်။
ချူးယွင်ဖန်းသည် အနီးဝန်းကျင်သို့ ဝေ့ဝိုက်ကြည့်လိုက်ရာ၊ အဝေးရှိ ချုံပုတ်များထဲ၌ ခြုံခိုပုန်းအောင်းနေကြသော မွန်းစတားများကို လှမ်းမြင်လိုက်ရသည်။ ထိုမွန်းစတားများသည် မတုံးအကြပေ။ အလွန်ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင်ယှဥ်သန်နိုင်သည့် သတ္တဝါများသည် အလွန်ပါးနပ်၏။ ၎င်းတို့သည် ဤအုပ်စုနှစ်ခု သေသည်အထိတိုက်ခိုက်ကြချိန်ကို စောင့်နေကြခြင်းပင်ဖြစ်သည်။
“ငါတို့ နှေးနေလို့မရတော့ဘူး။ သွေးစိမ်းနံ့ကြောင့် မွန်းစတားကောင်တွေ ပိုများလာပြီး အာရုံစိုက်ခံရရင် အခြေအနေက ပိုဆိုးလာလိမ့်မယ်” ချူးယွင်ဖန်းကပြောလိုက်သည်။
“ဒါဆိုလှဲပြီး သေလိုက်ပါ။ ငါတို့ အသက်ရှင်ရအောင် ငါတို့အတွက် စားစရာဖြစ်ပေးပေါ့” အမာရွတ်မျက်နှာ၏ နှလုံးသားထဲတွင် သတ်ပစ်လိုစိတ်များပြင်းထန်လျက်ရှိကာ၊ ပြုံး၍ပြောလိုက်သည်။
“ကျုပ် ခင်ဗျားကို တတ်နိုင်သလောက် မြန်မြန်သတ်ပစ်ရမယ်။ စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့်ဆိုတော့၊ အမှတ်က သုံးရာ။ ကောင်းလိုက်တာ” ချူးယွင်ဖန်းက သူ၏ ကိုယ်ခံအားများ အပြည့်အဝပြန်လည် ပြည့်လာပြီဖြစ်ကြောင်း သဘောပေါက်နားလည်လိုက်သည်။ နောက်ဆုံးတွင် သူဝတ်ထားသည့် အလေးစီးဝတ်၏ ချုပ်နှောင်မှုကို ဖယ်ပစ်လိုက်သည်။
ဘွန်း
ချူးယွင်ဖန်း၏ ချီစွမ်းအင်စီးဆင်းမှုသည် ချက်ချင်းနှစ်ဆတိုးလာကာ ကြောက်မက်ဖွယ်စွမ်းအင်များ ပေါက်ကွဲထွက်ကာ၊ အလွန်ပြင်းထန်သော အရောင်အဝါအဖြစ်ပြောင်းလဲသွားသည်။
“ဒါ….ဒါ” အမာရွတ်မျက်နှာရှိသူသည် ချူးယွင်ဖန်း၏ စွမ်းအင်ကို ရုတ်တရက်မြင်လိုက်ရသဖြင့် တုန်လှုပ်ချောက်ခြားသွားရသည်။ သူ မယုံကြည်နိုင်ပေ။ ယခုလေးတင် ချူးယွင်ဖန်းသည် သူ၏ စွမ်းအင်ကို တစ်လျှောက်လုံးဖုံးကွယ်ထားကြောင်း သူရှင်းလင်းစွာပင် အာရုံမခံနိုင်ခဲ့ပေ။
“မင်း စွမ်းအင်ကို ဖုံးကွယ်ထားရင်တောင် မင်းငါနဲ့ မယှဥ်နိုင်ပါဘူး”
အမာရွတ်မျက်နှာရှိသူသည် အော်ဟစ်ကာ ချူးယွင်ဖန်းထံသို့ ချီတက်သွား၏။
အခန်း(၂၈၄) စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်သို့ ကျော်ဖြတ်ခြင်း
ချူးယွင်ဖန်း မည်မျှပင်စွမ်းအားကြီးသည်ဖြစ်စေ စွမ်းအင်သန့်စင်ခြင်းဆဠမအဆင့်သို့မရောက်သေးကြောင်း အမာရွတ်မျက်နှာရှိသူက ခံစားသိရှိနိုင်သည်။ ချူးယွင်ဖန်းသည် ထိုအဆင့်သို့ မရောက်သေးသရွေ့ သူကြောက်ရန် မည်သည့်အရာမျှမရှိပေ။
စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်တွင် သူ့အား အနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။
ထိုကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် ချက်ချင်းပေါက်ကွဲထွက်လာသည်။
ပြင်းထန်သော ရောင်ဝါနှစ်ခု ထိတိုက်မိကာ၊ ဓားချက်သည် ဓားအလင်းတန်းအဖြစ်ပြောင်းလဲ၍ တစ်ဖက်လူအား တိုက်ခိုက်လိုက်သည်။
ချလန်
ဓားနှစ်ချောင်းလေထဲ၌ တိုက်မိသောအခါ ထပ်မံ၍ တိုက်မိသံတစ်ခုပေါ်ထွက်လာသည်။ ယခုတစ်ကြိမ်တွင်မူ အမာရွတ်မျက်နှာဖြင့်လူသည် ယခင်ကကဲ့သို့ အသာစီးမရတော့ပေ။ ယခုအချိန်တွင် အသာစီးရသွားသူမှာ ချူးယွင်ဖန်းပင်ဖြစ်၏။
စွမ်းအင်သန့်စင်ခြင်းဆဠမအဆင့်တွင်ရှိသော အမာရွတ်မျက်နှာဖြင့်လူသည် စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့် စွမ်းအားကိုသာ ပိုင်ဆိုင်ထားသော်လည်း စွမ်းအင်သန့်စင်ခြင်း ပျမ်းမျှ ပဥ္စမအဆင့်ထက် အဆပေါင်းများစွာ ပိုမိုသန်မာ၏။
သို့သော် ချူးယွင်ဖန်းသည်မူ သူ၏ ခွန်အားကို အကုန်ထုတ်သုံးလိုက်သည်နှင့် စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်ကို ကျော်လွန်၏။ ၎င်းတို့နှစ်ဦးလုံးသည် စွမ်းအင်သန့်စင်ခြင်း၏ ပျမ်းမျှပဥ္စမအဆင့်တွင်မဟုတ်ကြပေ။ ထိုအချိန်က ကျန်းယုရှန်ထက် များစွာပိုမို အစွမ်းထက်၏။
ဤတစ်ကြိမ်၊ ၎င်းတို့နှစ်ဦး၏ ဓားချက်များ ထိတိုက်မိကြသောအခါ၌ အမှန်စင်စစ်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ချက်ချင်းဖြစ်ပေါ်လာသည်။
မီးပွားများနေရာအနှံ့သို့ ပျံ့နှံ့သွား၏။
ချူးယွင်ဖန်းသည် ပြင်းထန်သော တိုက်ခိုက်မှုများအားလုံးကိုလက်တစ်ဖက်တည်းဖြင့် တားဆီးလျက်ရှိကာ နောက်သို့မဆုတ်ခဲ့ပေ။ အခြားတစ်ဖက်တွင်မူ အမာရွတ်မျက်နှာရှိသူသည် နောက်သို့ခြေလှမ်းနှစ်လှမ်းဆုတ်ပြီးနောက်မှ မိမိကိုယ်မိမိဟန်ချက်ထိန်းနိုင်ခဲ့သည်။ သူ၏ မျက်လုံးများသည် မယုံကြည်မှုများပြည်နှက်ကာ၊ ပြူးကျယ်လာသည်။
ထိပ်တိုက်တိုက်ခိုက်မှုတွင် သူသည် ရှုံးနိမ့်ကာ ဖိနှိပ်ကျော်လွန်ခံခဲ့ရသည်။
ဤသည်က ယုံကြည်နိုင်ဖွယ်ရာမရှိပေ။
ပုံမှန်အားဖြင့် သူ ခြေလှမ်းနှစ်လှမ်းနောက်သို့ ပြန်ဆုတ်ခဲ့ရခြင်းသည် မည်သို့မျှမဟုတ်ပေ။ သို့သော် သူ ချူးယွင်ဖန်းအား ပြန်လည်တိုက်ခိုက်တော့မည့်အခါတွင် ချူးယွင်ဖန်းသည်မူ စစ်ပွဲပေါင်းရာချီတိုက်ခိုက်ခဲ့သော စစ်မှုထမ်းဟောင်းတစ်ဦးကဲ့သို့ လက်ထဲမှ အရိပ်မဲ့ဓားသည် ရှေ့သို့ နောက်ထပ်တစ်ကြိမ် တိုးဝင်လာ၏။
“ကောင်းကင်မိုးကြိုး”
ချူးယွင်ဖန်းက အော်လိုက်သည်။ ဓားအလင်းရောင်သည် လေထဲ၌ ပေါက်ကွဲကာ အမာရွတ်မျက်နှာရှိသူအား ထိမှန်သွား၏။
ချလန်
အမာရွတ်မျက်နှာရှိသူသည် ယင်းကိုတားဆီးရန် သူ၏ ဓားကို မြှောက်ရုံသာ တတ်နိုင်တော့၏။ စွမ်းအင်အပြည့်အသုံးပြုနေသော ချူးယွင်ဖန်းနှင့် တိုက်ခိုက်ရသောအခါတွင်မှ ကောင်းကင်မိုးကြိုးဓားသိုင်းမည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို နားလည်သွားရသည်။
ကောင်းကင်မိုးကြိုးဓားသိုင်းသည် အရှိန်မြန်သည့်အပြင် ပေါက်ကွဲတတ်သော စွမ်းအင်ကိုလည်းပိုင်ဆိုင်ထားသည်။ ယခုအချိန်တွင် ယင်းကို အပြည့်အဝပြသလျက်ရှိ၏။
ထို့နောက် ချူးယွင်ဖန်းက ရှေ့သို့ ခြေနှစ်လှမ်းမျှတိုးကာ အမာရွတ်မျက်နှာရှိလူ၏ အနားသို့ တိုးလာသည်။ သူ ထပ်မံ၍ ဓားဖြင့် ထပ်မံတိုက်ခိုက်လိုက်သောအခါ သူ၏ မျက်နှာသည် ကောင်းကင်မှ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ခံစားချက်ကင်းမဲ့နေ၏။
ချလန်
ချလန်
ချလန်
အမာရွတ်မျက်နှာရှိလူသည် အနောက်သို့ အဆက်မပြတ် ဆုတ်လိုက်သည်။ သူ ခြေတစ်လှမ်းနောက်သို့ ဆုတ်သည့်အခါတိုင်းတွင် သူ၏ ကိုယ်ရောင်ကိုယ်ဝါများ အနည်းငယ်စီကျဆင်းလာသည်။ အချိန်တိုလေးအတွင်းတွင်ပင် သူအသားစီးရခဲ့ရာမှ စုဆောင်းလာခဲ့သော ကိုယ်ရောင်ကိုယ်ဝါသည် လုံးလုံးပျောက်ကွယ်သွား၏။
ယင်းသည် အလျင်အမြန်ရောက်လာခဲ့ခြင်းဖြစ်သော်လည်း ပြန်လည်ပျောက်ကွယ်မှုနှုန်းသည် ပို၍ လျင်မြန်၏။
မကြာမီတွင် ဤတုန်လှုပ်ခြောက်ခြားဖွယ်ပြောင်းလဲမှုသည် လူတိုင်း၏ အာရုံစိုက်မှုကို ခံရ၏။ ဤမြင်ကွင်းကို မြင်ကာ လူအားလုံး အသက်ရှုရန်ပင် မေ့မျောလုနီးပါးဖြစ်သွားကြရသည်။
ထိုအချိန်တွင် ချူးယွင်ဖန်းသည် အလွန်လွှမ်းမိုးလျက်ရှိသည်။ သူသည် အမာရွတ်မျက်နှာရှိသူအားလက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ကာ ထိုသူသည် တန်ပြန်မတိုက်ခိုက်နိုင်ပေ။
သူသည် နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ကြီးစိုးလျက်ရှိသည်။
ကျောင်းသားများသည် ဤသည်ကို အသားကျနေကြပြီဖြစ်ရာ၊ ချူးယွင်ဖန်း၏ အစွမ်းသတ္တိကို သူတို့ အကြိမ်ပေါင်းများစွာ မြင်ခဲ့ကြဖူးသော်လည်း ရာဇဝတ်ကောင်များသည် ဤမြင်ကွင်းကို မြင်ကြသောအခါတွင်မူ သူရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ ဖြစ်နေကြသည်။ မယုံကြည်နိုင်ကြပေ။ အမာရွတ်မျက်နှာရှိသူသည် သူတို့၏ ခေါင်းဆောင်ဖြစ်သည်။ မှန်သည် ယင်းမှာ သူ၏ သြဇာတိက္ကမကြောင့်ဆိုသည်ထက် အသန်မာဆုံး ဖြစ်သောကြောင့်သာဖြစ်သည်။ အခြားရာဇဝတ်ကောင်များ စုပေါင်းလိုက်လျှင်ပင် သူနှင့် ယှဥ်ပြိုင်နိုင်ကြလိမ့်မည်မဟုတ်ပေ။
ထို့အပြင် ယခုမူ အမာရွတ်မျက်နှာရှိသူသည် ချူးယွင်ဖန်း၏ ဓားချက်ကြောင့် မညှာမတာ တိုက်ခိုက်ခံနေရသည်။
ဤသည်က ၎င်းတို့အားလုံး၏ လောကအမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ ၎င်းတို့ အထင်သေးခဲ့သော ကျောင်းသားများသည် မည်သည့်အချိန်တွင် အလွန်သန်မာလာကြသနည်း။
ဤအခိုက်အတန့်တွင် အမာရွတ်မျက်နှာရှိသူသည် မည်သည့်စကားမျှမပြောနို်ငတော့ပေ။ ချူးယွင်ဖန်း၏ ဓားသိုင်းသည် စစ်မှန်စွာပင် ကြမ်းတမ်းပြင်းထန်လွန်းသည်။ ချူးယွင်ဖန်းသည် သူ၏စွမ်းအင်ကို အပြည့်အဝအသုံးချကာ ၎င်းကို တုံ့ဆိုင်းခြင်းမရှိ လွှတ်ထုတ်လိုက်ချိန်တွင် ကောင်းကင်မိုးကြိုးဓားသိုင်း၏ အန္တရာယ်အဆင့်သည် နောက်တစ်ဆင့်သို့ တိုးမြင့်လာသည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါမယုံဘူး”
အမာရွတ်မျက်နှာရှိသူသည် အကြိမ်ပေါင်းများစွာ ချီတက်ခဲ့သည်။ သူသည် ချူးယွင်ဖန်း၏ ဖိနှိပ်ခံရမှုကို ကျော်ဖြတ်ကာ အခြေအနေကို ပြန်လည်ထိန်းချုပ်ချင်နေသော်လည်း မရပေ။ ချူးယွင်ဖန်းသည် သူ၏ ကြောက်မက်ဖွယ်စွမ်းအားကို အပြည့်အဝထုတ်သုံးလျက်ရှိရာ၊ လက်နက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ထားသည့် အမာရွတ်မျက်နှာရှိသူသည် ချူးယွင်ဖန်း၏ လက်တစ်ဖက်တည်းအောက်တွင် ချေမှုန်းခံနေရသည်။ အမာရွတ်မျက်နှာရှိသူ၏ လက်များထုံကျဥ်လာသည်။ ဤလူငယ်သည် မွန်းစတားတစ်ကောင်ပင်ဖြစ်သည်။
ထိုအချိန်တွင် ချူးယွင်ဖန်းသည် လှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုကို အောင်မြင်လာခဲ့သည်။ သူ၏ ကိုယ်ခံအား ကျဆင်းလာသော်လည်း သူ၏ ချီစွမ်းအင်သည် တောက်လောင်နေဆဲဖြစ်သည်။ သူ့ခန္ဓာကိုယ်ရှိ အပေါက်တိုင်းသည် ပတ်ဝန်းကျင်မှ ပြင်းထန်သော ဝိဉာဥ်စွမ်းအင်များကို စုပ်ယူနေသည်ဟု သူခံစားမိသည်။ ထို့နောက် ၎င်းကို တောင်မြစ်ပန်းချီကားဖြင့် ချောမွေ့စေလိုက်ကာ၊ သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ပြီးနောက် ချီစွမ်းအင်များပြန်လည်ပြည့်လာသည်။
ထို့ကြောင့် တိုက်ခိုက်မှုတစ်ခုစီတိုင်းတွင် သူထုတ်လွှတ်လိုက်သော စွမ်းအင်သည် အလွန်ကြောက်စရာကောင်းလှသည်။ မည်သည့်အခါတွင်မျှ လျော့ကျသွားခြင်းမရှိပေ။ ထို့အပြင် ချီစွမ်းအင်ကို စဥ်ဆက်မပြတ် ဖြည့်တင်းခြင်းသည် သူ၏ ကိုယ်ခံအားကျဆင်းမှုကိုလည်း နှေးကွေးစေကာ၊ ယင်းကို တဖြည်းဖြည်းပြန်လည် ဖြည့်ပေး၏။
ဤအခိုက်အတန့်တွင် သူ၏ အခြေအနေသည် အလွန်ကောင်းမွန်လျက်ရှိရာ၊ စွမ်းအင်သန့်စင်ခြင်း စတုတ္ထအဆင့်၏ အတားအဆီကို ကျော်ဖြတ်နေပြီဖြစ်ကြောင်းနှင့် သူ့အရှေ့တွင် စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်ရှိနေကြောင်း ခံစားလိုက်ရသည်။
မူလက ကမ္ဘာမြေပေါ်တွင် ချူးယွင်ဖန်းစုပ်ယူနိုင်သည့် ဝိဉာဥ်စွမ်းအင်ပမာဏသည် အကန့်အသတ်ရှိသည်။ ကမ္ယာမြေပေါ်ရှိ ဝိဉာဥ်စွမ်းအင်သိပ်သည်းဆသည် အတိအကျပင်ဖြစ်သဖြင့် ချီစွမ်းအင်ကို အဆက်မပြတ်အရမယူနိုင်ခဲ့ပေ။ ယခုမူကား၊ လိုအပ်သလောက် စုပ်ယူနိုင်ပြီဖြစ်၏။
ထို့ကြောင့် သူသည် အလွန်ကြီးမြတ်စွာကောင်းမွန်နေသည်ဟု ခံစားနေရခြင်းဖြစ်သည်။ စမ်းချောင်းငယ်တစ်ခု၏ တွန်းအားဖြင့် ဆည်တစ်ခုအား ရိုက်ခတ်ရခြင်းနှင့် မြစ်တစ်ခု၏ အင်အားဖြင့် ဆည်ကို ရိုက်ခတ်ရခြင်းသည် လုံးလုံးကွဲပြားသည်။
ယင်းတို့နှစ်ခုသည် လုံးလုံးခြားနား၏။
ယခုမူ ၎င်းသည် သူ့ခန္ဓာကိုယ်အတွင်းရှိ အကန့်အသတ်မရှိသော ချီစွမ်းအင်ကို အပြည့်အဝထုတ်လွှတ်ကာ အမာရွတ်များမျက်နှာရှိသူကို ရက်စက်စွာ တိုက်ခိုက်နေသကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ အမာရွတ်မျက်နှာရှိသူ ပို၍မွန်းကြပ်လာရသည့် ခံစားချက်၏ မူလဇစ်မြစ်ပင်ဖြစ်သည်။
ချူးယွင်ဖန်းသည် ဝိဉာဥ်စွမ်းအင်ကို ချီစွမ်းအင်အဖြစ်သို့ ပို၍ အလျင်အမြန်ပြောင်းလဲနိုင်သောကြောင့် သူ၏ တိုက်ခိုက်မှုများသည် သဘာဝအားဖြင့် ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။
နောက်ဆုံးတွင် ချူးယွင်ဖန်းသည် တစ်စုံတစ်ခုကျိုးကျေသွားသကဲ့သို့ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော အသံတစ်ခုကို ကြားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင် သိပ်သည်းဆသည် ချက်ချင်းပင် အခြားအဆင့်သို့ ပေါက်ကွဲထွက်လာသည်။
သူ့ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များ လည်ပတ်မှုနှုန်းသည်လည်း အဆမတန်တိုးလာသဖြင့် ချူးယွင်ဖန်း၏ ပေါက်ကွဲမှုနှုန်းကို ပို၍ပင် ကြီးမားလာစေသည်။
နောက်ဆုံးတွင် သူသည် စွမ်းအင်သန့်စင်ခြင်းပဥ္စမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ပဥ္စမအဆင့်သို့ တက်လှမ်းပြီးနောက် ချူးယွင်ဖန်း၏ ခွန်အားသည် အခြားတစ်ဆင့်သို့ ထပ်မံမြင့်တက်လာခဲ့သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်မှ ဆဠမအဆင့် အထွဋ်အထိပ်သို့ ကျော်ဖြတ်သွားခဲ့သည်။
“ကောင်းကင်မိုးကြိုး”
ချူးယွင်ဖန်းက အော်လိုက်သည်။ သူ့လက်ထဲမှ ဓားရှည်သည် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါဖြင့် ပေါက်ကွဲသွားသည်။ ကောင်းကင်နှင့် မြေကြီးသည် မိုးကြိုးကဲ့သို့ တဖျပ်ဖျပ်ပေါက်ကွဲသွားသကဲ့သို့ပင်ဖြစ်သည်။ ၎င်းသည် အမာရွတ်မျက်နှာရှိသူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျသွား၏။
ဘွန်း
အမာရွတ်မျက်နှာ၏ လက်ထဲမှ ဓားသည် အဝေးသို့လွင့်ထွက်သွားသည်။ ရာဇဝတ်ကောင်များထဲမှ တစ်ဦးသည် ရှောင်ရန်အရှိန်မရှိသဖြင့် ထိုဓားဖြင့်ထိုးဖောက်ခြင်းခံလိုက်ရသည်။ ယင်းဓားဖြင့် မြေပြင်ပေါ်သို့ ထိုးစိုက်ခံလိုက်ရသဖြင့် သေဆုံးရမည်မှာ အသေအချာပင်ဖြစ်သည်။
အမာရွတ်မျက်နှာဖြင့်လူသည် ကြံရာမရဖြစ်ကာ ချက်ချင်းပင် ကြောက်လန့်တကြားထွက်ပြေး၏။ ဆက်လက်၍ တိုက်ပွဲမဝင်ရဲတော့ပေ။
ထိုအချိန်တွင် ချူးယွင်ဖန်းသည် ရှေ့သို့တစ်လှမ်းတိုးကာ သူ့နောက်သို့ ပြေးလိုက်သွား၍ ဓားဖြင့်တိုက်ခိုက်လိုက်ရာ အနက်ရောင်အလင်းတန်းနှင့်အတူ လူ့ဦးခေါင်းတစ်လုံးပါလာ၏။
အခန်း (၂၈၅) ရာဇဝတ်ကောင်များကို သုတ်သင်ခြင်း
အဆင့်ဖြတ်ကျော်ပြီးနောက် ချူးယွင်ဖန်း၏ အင်အားသည် အဆင့်သစ်တစ်ခုသို့ တက်လာသည်။ ယခင်က သူ့အား ကြီးမားစွာဖိအားပေးနိုင်စွမ်းခဲ့သော အမာရွတ်မျက်နှာဖြင့် လူသည် ယခုအခါ ဓားချက်တစ်ချက်တည်းကိုပင် မခံနိုင်တော့ပေ။
အဆင့်ဖြတ်ကျော်ခြင်းနှင့် အဆင့်မဖြတ်ကျော်ခြင်း၏ ကြားမှ ကွာခြားချက်သည် ကြီးမားသည်။
အမာရွတ်မျက်နှာရှိသူ၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ မျက်လုံးများသည် အဖြစ်အပျက်ကို မယုံကြည်နိုင်သဖြင့် ပြူးကျယ်လျက်ရှိသည်။ သူ၏လည်ပင်းမှထွက်လာသော သွေးများသည် အနီရောင်မြေနီများကိုပင် ရဲရဲနီစေခဲ့သည်။
လူအများသည် ယင်းကို တုံ့ပြန်ရန် အချိန်မရှိကြပေ။ ကျောင်းသားများဖြစ်စေ၊ ရာဇဝတ်ကောင်များဖြစ်စေ တုံ့ပြန်ရန်အချိန်မရှိကြပေ။ ချူးယွင်ဖန်းသည် ထို စွမ်းအားကြီး အမာရွတ်မျက်နှာရှိသည့် ရာဇဝတ်ကောင်ကို တစ်ခဏအတွင်းတွင် သတ်ပစ်လိုက်ခြင်းဖြစ်၏။
ဒီရေသည် ရေစုန်မှရေဆန်သို့ ပြောင်းလဲသွားသည်။ ယခုကျောင်းသာများတွင် အခြေအနေကို ပြောင်းပြန်လှန်နိုင်သည့်လူ နောက်ထပ်တစ်ယောက်ရှိနေပြီဖြစ်သည်။
“ဒီလိုဆို မဖြစ်ဘူး။ တစ်ယောက်ယောက် ဒီကျောင်းသားကို အရင်သတ်ဖို့လိုတယ်။ သူက ခြိမ်းခြောက်မှုကြီးတစ်ခုပဲ” ရာဇဝတ်ကောင်တစ်ကောင်က ထအော်သည်။
အားလုံး ချက်ချင်းတုံ့ပြန်လာကြသည်။ အမာရွတ်မျက်နှာရှိသူကို ချက်ချင်းသတ်ပစ်နိုင်သည့် ချူးယွင်ဖန်းကို ဆက်လက်လှုပ်ရှားခွင့်ပြုထားပါက ၎င်းတို့ကို သတ်ရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။
အခြားကျောင်းသားများကို လွယ်လွယ်ကူကူဖြင့် တိုက်ခိုက်နိုင်သော်လည်း ချူးယွင်ဖန်းနှင့်သာဆိုလျှင် ၎င်းတို့ သေရမည်မှာ သေချာ၏။ ၎င်းတို့ လုံးလုံးခုခံနိုင်မည်မဟုတ်ပေ။
ချက်ချင်းဆိုသလိုပင် သူတို့ဆုံးဖြတ်ချက်ချလိုက်ကြသည်။ တစ်ခဏတွင်းတွင်ပင် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်ရှိသော ရာဇဝတ်ကောင်များသည် လူခွဲကာ ချူးယွင်ဖန်းကို ဝိုင်းထားလိုက်ကြသည်။
တန်စီယုနှင့် အခြားသူများသည် ထိုရာဇဝတ်ကောင်များကို ချုပ်နှောင်ထားချင်သော်လည်း မတတ်နိုင်ကြပေ။ ကျန်ရာဇဝတ်ကောင်များသည် သူတို့အား အစွမ်းကုန်တိုက်ခိုက်လျက်ရှိကြရာ၊ တိုက်ခိုက်မှုတိုင်းသည် အလွန်ပြင်းထန်၏။
အသက်နှင့် သေခြင်းကို ဆုံးဖြတ်ရမည့်အချိန်ဖြစ်ကြောင်း သူတို့အားလုံးနားလည်ခဲ့ကြသည်။ ဤကျောင်းသားများလက်ထဲတွင် မသေချင်ကြပေ။
“ယွင်ဖန်း သတိထား” တန်စီယုက စိုးရိမ်တကြီး ထအော်လိုက်သည်။
“သူတို့မှာလူပိုများတယ်၊ သတိထား” ဂေါင်ဟုန်ချီက ပြောသည်။ သူ၏ လှံသည် မီးလေဆင်နှာမောင်းတစ်ခုနှင့်တူကာ သူ့ရှေ့မှ ရာဇဝတ်ကောင်များကို အဆက်မပြတ်တိုက်ခိုက်လျက်ရှိသ်ည။ ချူးယွင်ဖန်းကို စိုးရိမ်သဖြင့် အရူးအမူးတိုက်ခိုက်နေသော်လည်း သူ့ရှေ့မှ ရာဇဝတ်ကောင်သည် ပို၍ ပြင်းထန်၏။ သူသည် ဤရာဇဝတ်သားများ၏ တားဆီမှုကို မကျော်ဖြတ်နိုင်ခဲ့ပေ။
ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သူ့ပတ်ဝန်းကျင်မှရာဇဝတ်ကောင်များကို ကြည့်ကာ ပြောလိုက်သည်။
“သူတို့က အမှိုက်တွေချည်းပဲ၊ မင်းစိတ်ပူဖို့မလိုဘူး။ မင်းရှေ့က အမှိုက်ကို အရင်သတ်လိုက်”
ချူးယွင်ဖန်း၏ စကားဆုံးသည်နှင့် ရာဇဝတ်ကောင်သည် သူ့ရှေ့သို့ ခုန်ဝင်လာ၏။ သူ့လက်ထဲမှ လှံရှည်သည် အဆိပ်ပြင်းသော နဂါးတစ်ကောင်ကဲ့ ချူးယွင်ဖန်းအား ချိန်ရွယ်ထားသည်။
“မင်းအဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ။ မင်းငါတို့ကို တကယ် အမှိုက်တွေလို့ခေါ်ရဲတာလား”
စိတ်ဆိုးဒေါသထွက်နေသော ရာဇဝတ်ကောင်သည် ရှေ့သို့တိုးကာ အော်ဟစ်လိုက်သည်။
“မင်းသေချင်နေတာလား”
ချူးယွင်ဖန်း၏ မျက်လုံးများမှတစ်ဆင့် ပြင်းထန်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ သေခြင်းတရားနှင့်ထိုက်တန်သည့် ထိုလူယုတ်မာများကို သူစာနာစိတ်မရှိပေ။
ချူးယွင်ဖန်းသည် ပို၍ လျင်မြန်သဖြင့် သူအနည်းငယ်ယိမ်းကာ လူတစ်ဦး၏ကိုယ်ကိုဖောက်ထွင်းနိုင်သည့် ကြောက်မက်ဖွယ်လှံကို ရှောင်တိမ်းနေစဥ်တွင် ဤအရိပ်မဲ့ဓားသည် လျှပ်စီးကဲ့သို့ ကြောက်မက်ဖွယ်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲထွက်ပေါ်လာသည်။
ရာဇဝတ်ကောင်၏လှံသည် လေကိုခွင်းထွက်လာသဖြင့် သူ့ခန္ဓာကိုယ်ကို လေထဲတွင်ထိန်းထားရန် နည်းလမ်းမရှိတော့ပေ။ သူသည် ချူးယွင်ဖန်းအာတိုက်ခိုက်ရန်သာတတ်နိုင်တော့ကာ၊ အဝေးမှကြည့်လျှင် ချူးယွင်ဖန်း၏ ဓားကို တိုက်ခိုက်နေသည်နှင့်တူ၏။
ထိုသို့သော တိုက်ခိုက်မှုမျိုး၏ ရလဒ်သည် အခြားဖြစ်နိုင်ချေမရှိပေ။ ရာဇဝတ်ကောင်၏ ခန္ဓာကိုယ်သည် ဓားချက်ကြောင့် နှစ်ပိုင်းပြတ်သွားကာ၊ မြေပြင်ပေါ်သို့ ကျသွား၏။ နှစ်ခြမ်းပိုင်းခံလိုက်ရသဖြင့် မယုံမကြည်နိုင်ဖြစ်ကာ ကူကယ်ရာမဲ့ ငေးကြည့်နေခဲ့ရသည်။ ချူးယွင်ဖန်း၏ရှေ့တွင် သူအဘယ်ကြောင့် ဤမျှ အားနည်းနေရသနည်း။
ထိုရာဇဝတ်ကောင်ကို နှစ်ပိုင်းပိုင်းပြီးသည်နှင့်အမျှ ချူးယွင်ဖန်း၏ ရုပ်သွင်သည် ပိုမိုတောက်ပလာကာ အခြားရာဇဝတ်ကောင်ကို ထပ်မံ၍ တိုက်ရိုက်တိုက်ခိုက်ပြန်သည်။
ဤရာဇဝတ်ကောင်သည်မူ ချီတက်လာနေဆဲဖြစ်သဖြင့် အခြားရာဇဝတ်ကောင်နှင့်ရင်ဆိုင်နေသော ချူးယွင်ဖန်းသည် သူ့ရှေ့တွင်ပေါ်လာလိမ့်မည်ဟု မထင်ခဲ့ပေ။
မည်သို့မျှမတုံ့ပြန်လိုက်ရချိန်တွင် သူ့ခေါင်းသည် ပြတ်ထွက်သွားရ၏။ သွေးစိမ်းများ အလွန်ကြောက်မက်ဖွယ်ကောင်းစွာ ဒေါင်လိုက်ပန်းထွက်လာ၏။
အစောပိုင်းနှစ်များတွင် ကြီးလေးသောရာဇဝတ်မှုများကျူးလွန်ခဲ့ကြသည့် ဤလူယုတ်မားများအား ချူးယွင်ဖန်းသည် ရက်စက်ယုတ်မာမှုနှင့် ကြမ်းကြုတ်မှုဟု ခေါ်သည့်အရာကို အမှန်တကယ်ပြသခဲ့သည်။
‘နောက်ကျသွားပြီ၊ မြန်လွန်းတယ်’
ချူးယွင်ဖန်းသည် နောက်ထပ်ရာဇဝတ်ကောင်ကို ထပ်မံတိုက်ခိုက်ခဲ့သည်။
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် စစ်မှန်သော သိုင်းပညာကို ပြသလျက်ရှိ၏။
လျင်မြန်သော ကောင်းကင်မိုးကြိုးဓားသိုင်းဖြင့် လျင်မြန်မှု၏ စစ်မှန်သော အနှစ်သာရကို အပြည့်အဝပြသလျက်ရှိသည်။
လာစမ်း
လာစမ်း
လာစမ်းပါ
ချူးယွင်ဖန်းသည် အဆက်မပြတ်တိုက်ခိုက်လျက်ရှိရာ၊ ဓားချက်တစ်ချက်တိုင်းတွင် ရာဇဝတ်သားတစ်ယောက် ကျဆုံးသွားရမည်ဖြစ်သည်။ ၎င်းတို့၏ ဦးခေါင်းကို လှီးဖြတ်ခြင်းမဟုတ်လျှင် ထိုသူကို နှစ်ပိုင်းပိုင်းပစ်ပေလိမ့်မည်ဖြစ်၏။
ထိုခွေးအများကို တိုက်ခိုက်ခဲ့စဥ်က ရရှိခဲ့သော အမြန်နှုန်းကို ယခုမူ အပြည့်အဝပြသနိုင်နေပြီဖြစ်သည်။
ရွှပ်
ရွှပ်
ချူးယွင်ဖန်း၏ ဓားအလင်းထွက်လာသည့်အခါတိုင်းတွင် လူတစ်ယောက်ကို ဇီဝိန်ချုပ်ပေးလျက်ရှိသည်။
အချိန်တိုအတွင်းတွင် ချူးယွင်ဖန်းအား ဝန်းရံထားသည့် ခုနှစ်ယောက်မှ ရှစ်ယောက်ခန့်ရှိသော ရာဇဝတ်ကောင်များအားလုံး သုတ်သင်ခံရကာ၊ မြေအောက်ကမ္ဘာသို့ ပြန်သွားကြရပြီဖြစ်သည်။
၎င်းတို့၏ သွေးများသည် မြေပြင်တွင် စိုစွတ်နေကာ၊ အုတ်ခဲကျိုးရောင်မြေကြီးထက်တွင် ရဲရဲနီလျက် အခြားမြေကြီးများဖြင့် ခြားနားလျက်ရှိသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော ကျန်ရာဇဝတ်ကောင်များအားလုံးသည် ကြံရာမရဖြစ်ကုန်ကြသည်။ ချူးယွင်ဖန်း ဤမျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့မထင်မှတ်ထားခဲ့ကြပေ။ သူသည် သူနှင့် တူညီသော စွမ်းအင်ရှိသည့် ထိုရာဇဝတ်ကောင်များကို အလွယ်တကူသတ်နိုင်ခဲ့သည်။
သူတို့အားလုံး ထွက်ပြေးလွတ်မြောက်ချင်ကြသော်လည်း တန်စီယုနှင့် အခြားသူများသည် သူတို့အား မည်သို့ လွှတ်ပေးလိမ့်မည်နည်း။ သူတို့ တစ်ယောက်ပြီးတစ်ယောက်လိုက်ဖမ်းကြရာ၊ ဤအချိန်တွင် ဤလက်ရွေးစင်ကျောင်းသားများ၏ ခွန်အားနှင့် အရည်အချင်းများ ပေါ်ထွက်လာသည်။ ဤရာဇဝတ်ကောင်များ၏ တိုက်ခိုက်ရေးပုံစံနှင့် အသားကျလာပြီးနောက် ၎င်းတို့၏ ခွန်အားလည်း တိုးတက်လာသည်။
ဤအချိန်တွင် သူလှုပ်ရှားရန်မသင့်တော်သဖြင့် ချူးယွင်ဖန်းက ဝင်ရောက်မစွက်ဖက်ပေ။ အဘယ်ကြောင့်ဆိုသော် အခြားသူများသည်လည်း ဒေါသဖြစ်ရန်လိုအပ်ကြောင်း သူသိသောကြောင့်ဖြစ်သည်။
ထို့အပြင် အမှတ်များရရန်လည်းလိုအပ်၏။ ဤအကြောင်း တွေးကြည့်ရုံဖြင့် ပြည်ထောင်စုတက္ကသိုလ်မှ ၎င်းတို့၏ လူသစ်စုဆောင်းမှုတွင် ဖယ်ရှားမှုနှုနး်သည် မြင့်မားကြောင်း ထင်ရှားသည်။
ချူးယွင်ဖန်းသည် ဘေးတွင်ရပ်နေကာ ထိုရာဇဝတ်ကောင်များကိုထွက်ပြေးလွတ်မြောက်ရန် ခွင့်မပြုပေ။
ဤအခိုက်အတန့်တွင် ၎င်းတို့သည် လွတ်မြောက်ရန်မျှော်လင့်ချက်မရှိကြသဖြင့် ရာဇဝတ်ကောင်များအားလုံး စိတ်ပျက်လက်ပျက်ဖြစ်လျက်ရှိကြသည်။ ၎င်းတို့က အော်ဟစ်ကာ တန်စီယုနှင့် အခြားသူများထံသို့ ချီတက်သွားကြ၏။
သို့သော ဤသို့သော သတ္တိရှိခြင်းအခိုက်အတန့်သည် ကွာဟချက်ကို မဖြည့်တင်းနိုင်ပေ။ ပြိုင်ဘက်ကို အဆုံးသတ်ပေးမည့် ပထမဆုံးသူမှာ တန်စီယုဖြစ်သည်။ ဓားအလင်းတစ်ခုသည် ပြိုင်ဘက်၏ လည်ပင်းကို ဖြတ်တောက်ကာ လျင်မြန်သန့်ရှင်းစွာပင် ကိစ္စတုံးသွားသည်။
ထို့နောက် ဂေါင်ဟုန်ချီ၊ ရန်ကျွင်း၊ ယုရှင်းယွမ်နှင့် တုံရှင်းရန်တို့သည် ၎င်းတို့၏ ပြိုင်ဘက်များကို တစ်ယောက်ပြီးတစ်ယောက် အပြီးသတ်ခဲ့ကြသည်။
ထိုမှသာ ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ဤကျောင်းသားများသည် ၎င်းတို့၏ စွမ်းအားကို ပုံမှန်အတိုင်းထုတ်ပြနိုင်သရွေ့ ဤရာဇဝတ်ကောင်များကို နှိမ်နှင်းရန် ၎င်းတို့အတွက် ခက်ခဲလိမ့်မည်မဟုတ်ပေ။ မဟုတ်ပါက ပြည်ထောင်စုတက္ကသိုလ်က ၎င်းတို့အား ဤနေရာသို့ ပို့လိမ့်မည်မဟုတ်ပေ။
ယခုအချိန်တွင် တန်စီယုမှလွဲ၍ လူတိုင်းသည် ကျော့ရှင်းမှုကင်းမဲ့စွာထိုင်နေကြသည်။ အဆက်မပြတ်တိုက်ပွဲများကြောင့် ၎င်းတို့၏ ခံနိုင်ရည်အားများ ကုန်ဆုံးသွားပြီဖြစ်သည်။