အခန်း (၂၇၁-၂၇၃)
Vol. 19 Ch. 271-273
အခန်း(၂၇၁) စွန့်ပစ်နယ်မြေ ၆၆
မနက်ခင်းစောစောတွင် တုန်ဟွာမြို့ အမှတ်(၁)အထက်တန်းကျောင်း၏ တံခါးဝတွင် ပင်လယ်တမျှများပြားသော လူများ ရှိနေပြီဖြစ်သည်။ တုန်ဟွာမြို့ရှိ အထက်တန်းကျောင်းများအားလုံးတွင် နံပါတ်တစ်အထက်တန်းကျောင်းအဖြစ် ၎င်းသည် မရေမတွက်နိုင်သော ကျောင်းသားများစွာ၏ ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်သည်။
ယနေ့တွင် မရေမတွက်နိုင််သော ကျောင်းသားများသည် ခပ်စောစောထကြရာ၊ တုန်ဟွာမြို့
အမှတ်(၁) အထက်တန်းကျောင်းသားများအတွက်ပင် ချွင်းချက်မရှိပေ။ အနယ်အရပ်ရပ်မှလာသော ကျောင်းသားများကို တွေ့ရန် တစ်ယောက်ပြီးတစ်ယောက်ပြေးလာကြသည်။
ဤလူတို့သည် မြို့များအားလုံးမှ လက်ရွေးစင်ကျောင်းသားများ၊ အကောင်းတကာ့အကောင်းဆုံးများနှင့် ပါရမီရှင်များအကြားမှ ပါရမီရှင်များဖြစ်ကြသည်။ ဤလူများသာ ပြည်ထောင်စုတက္ကသိုလ်၏ အကဲဖြတ်စာမေးပွဲတွင် ပါဝင်ရန် အရည်အချင်းနှင့် သတ္တိရှိကြသည်။
လူဦးရေဆယ်သန်းကျော်ရှိသော တည်ငြိမ်သမုဒ္ဒရာမြို့တွင်ပင် ပြည်ထောင်စုတက္ကသိုလ်၏ ဝင်ခွင့်အကဲဖြတ်မှုတွင်ပါဝင်ရန် အရည်အချင်းပြည့်မီသောကျောင်းသား ဒါဇင်အနည်းငယ်မျှသာရှိ၏။ ၎င်းတို့အားလုံးသည် ခရိုင်အသီးသီး၏ လက်ရွေးစင်ကျောင်းသားများဖြစ်ကြရာ၊ ခရိုင်တစ်ခုစီတွင် လက်ရွေးစင် သုံးဦးမှ ငါးဦးအထိရှိ၏။
ဤလူများစုလိုက်လျှင် စုစုပေါင်း လူနှစ်ထောင်မှ သုံးထောင်အထိရှိ၏။ ဤသည်မှာ သုန်ဟွာမြို့ရှိ ကျောင်းသားအရေအတွက်ကိုသာ ရေတွက်ခြင်းဖြစ်သည်။ လူသားမျိုးနွယ်တစ်ခုလုံးတွင်မူ ပြိုင်ဆိုင်သူများစွာရှိ၏။ ထိုလူများအားလုံးကိုပေါင်းထည့်ပါက၊ စိတ်ကူးမယဥ်နိုင်လောက်သော ကိန်းဂဏန်းတစ်ခုဖြစ်လာပေလိမ့်မည်ဖြစ်သည်။
၎င်းတို့သည် လူသားမျိုးနွယ်၏ အကောင်းဆုံးသော အနှစ်သာရများကို စုစည်းထားခြင်းဖြစ်သည်။
ချူးယွင်ဖန်းသည် ဆိုင်းဘုတ်နောက်သို့ လျှောက်ကာ တည်ငြိမ်သမုဒ္ဒရာမြို့၏ ဖြေဆိုသူများအားအတွက် ရည်ရွယ်သည့် ကျောင်းသားနားနေခန်းသို့ ရောက်ရှိသွားသည်။ ပြည်ထောင်စုတက္ကသိုလ်၏ အကဲဖြတ်မှုကို ဖြေဆိုသူ ကျောင်းသား တစ်ဒါဇင်ခန့်ပါဝင်၏။ ၎င်းတို့သည် ခရိုင်များအနက် ထိပ်တန်းသုံးခုမှတစ်ခုဖြစ်သည်။
တစ်ချက်ကြည့်လိုက်လျှင် ၎င်းတို့အားလုံးသည် အနိမ့်ဆုံး စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်တွင်ရှိနေကြသည်။ ယင်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်သော အခြားကျောင်းသားများ မရှိခြင်းမဟုတ်ပေ။ ၎င်းတို့ ဤသို့သာ ရောက်လာခဲ့လျှင် မိမိကိုယ်မိမိ အရှက်ခွဲမိမည်စိုးကြသောကြောင့်သာ မရောက်လာကြခြင်းဖြစ်၏။
ပြည်ထောင်စုတက္ကသိုလ်၏ အကဲဖြတ်မှုတွင် ပါဝင်ပါက အသက်ဆုံးရှုံးနိုင်၏။ နှစ်စဥ်နှစ်တိုင်း ပြည်ထောင်စုတက္ကသိုလ်၏ အကဲဖြတ်မှုတွင်ပါဝင်သော ကျောင်းသားများ၏ သေဆုံးမှုနှုန်းသည် အနည်းဆုံး ဆယ်ရာခိုင်နှုန်းထက်မနည်း မြင့်မား၏။ ဆယ်ရာခိုင်နှုန်းသည် များပြားသော ပမာဏမဟုတ်လှသော်လည်း အကဲဖြတ်မှုတွင်ပါဝင်သူအရေအတွက်ကို ထည့်သွင်းစဥ်းစားလျှင် အလွန်များပြားသော အရေအတွက်ပင်ဖြစ်သည်။ ထို့ကြောင့် လူအများသည် ပါဝင်ခြင်းမရှိကြပေ။ ၎င်းတို့တွင် ပါဝင်ရန်လုံလောက်သည့် စွမ်းအားမရှိလျှင် သေခြင်းမှတပါး အခြားဖြစ်နိုင်ချေမရှိတော့ချေ။
ယခုအကြိမ်တွင် ယွင်နင်ခရိုင်သည် စုစုပေါင်းခြောက်ဦးဖြင့် အကဲဖြတ်ခြင်းတွင်ပါဝင်ခဲ့သည်။ ပုံမှန်ထိပ်တန်းသုံးဦးဖြစ်သည့် တုန်ရှင်းရန်၊ ယုရှင်းယွမ်နှင့် ရန်ကျွင်းတို့အပြင်၊ ချူးယွင်ဖန်း၊ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့လည်း ပါဝင်ခဲ့သည်။
အခြားကျောင်းများမှ ထိပ်တန်းကျောင်းသားသုံးဦးအပြင်၊ ပထမအဆင့် ကျောင်းသားများပင် မပေါ်လာခဲ့ကြပေ။
ဥပမာအားဖြင့် အမှတ်(၁၃)အထက်တန်းကျောင်း၏ မူလပထမအဆင့်ကျောင်းသားဖြစ်သည့် အို့ယန်သည် စွမ်းအင်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့သော်လည်း ပြည်ထောင်စုတက္ကသိုလ်၏ အကဲဖြတ်မှုတွင် အဝင်မည်မဟုတ်ကြောင်း ရှင်းလင်းစွာ လုပ်ပြခဲ့သည်။ ယင်းအစား သူသည် ထိပ်တန်းကျောင်းဆယ်ကျောင်းအနက် ပြည်ထောင်စုတက္ကသိုလ်ပြီးလျှင် ဒုတိယအဆင့်သာရှိသော ကျင်ဟွာတက္ကသိုလ်သို့ လျှောက်ထားခဲ့သည်။
သူ၏ ကျင့်ကြံမှုကြောင့် အို့ယန်သည် ကျန်ဟွာတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားများနှင့် ထူးချွန်သူများထဲမှ တစ်ဦးအဖြစ်သတ်မှတ်ခံရနိုင်သည်။ သို့သော် ပြည်ထောင်စုတက္ကသိုလ်အကဲဖြတ်မှုတွင် ပါဝင်မည်ဆိုလျှင် သူသည် အမြောက်စာဖြစ်ရသည်ထက်ပင် ပိုဆိုးပေလိမ့်မည်ဖြစ်သည်။ သူ့ထက်သန်မာသော စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်ရှိ ကျင့်ကြံသူများပင်လျှင် အကဲဖြတ်မှု၏ အောက်ခြေ၌ရှိသည်။
တစ်ဖက်တွင်မူ ကျန်းထန်သည် အို့ယန်ထက်ပင် ပို၍ဆိုး၏။ သူသည် ချီပင်လယ်နဝမအဆင့်သို့သာတက်လှမ်းနိုင်ခဲ့သဖြင့် အနိမ့်ဆုံးထိပ်တန်းတက္ကသိုလ်ဆယ်ခုမှတစ်ခုသို့သာ ဝင်ရောာက်နိုင်ခဲ့သည်။ သို့သော် သူ့အတွက်မူ ယင်းသည် သူလုပ်နိုင်သည့် အကောင်းဆုံးပင်ဖြစ်နေပြီဖြစ်၏။
ကောလိပ်ဝင်ခွင့်စာမေးပွဲများသည် ခက်ထန်ကြမ်းတမ်းသည်။ ကျောင်းတစ်ခုစီ၏ သြဇာကြီးမားသော လူတိုင်းသည် လူသားမျိုးနွယ်၏ လက်ရွေးစင်များအနက်၊ သာမန်လူများထဲမှ တစ်ဦးသာဖြစ်ကြသည်။
ချူးယွင်ဖန်းနှင့် ခင်မင်ရင်းနှီးသော လုယုရှုမှလွဲ၍ အခြားကျောင်းသားများသည် ချူးယွင်ဖန်းအား ခံစားချက်များ ရောထွေးနေသည့် အကြည့်များဖြင့် ကြည့်လျက်ရှိကြသည်။ ချူးယွင်ဖန်းသည် တည်ငြိမ်သမုဒ္ဒရာမြို့၏ ထိပ်တန်းကျောင်းသားဖြစ်လာခဲ့သည့်အချက်ကို လက်ခံကြသော်လည်း ယင်းသည် ၎င်းတို့အတွက် အနည်းငယ်ထူးဆန်းနေသေး၏။
ကြယ်တံခွန်ကဲ့သို့ လျှပ်စီးတမျှ လျင်မြန်စွာ တိုးတက်လာသည့် ဤလူငယ်သည် ၎င်းတို့၏ အထက်တွင်ရှိနေ၏။ သူတို့ကိုယ်တိုင်သာ မကြုံဖူးလျှင် မည်သူကယုံကြည်လိမ့်မည်နည်း။
သို့သော် ချူးယွင်ဖန်းသည် ၎င်းတို့ မည်သို့တွေးနေသည်ကို ဂရုမစိုက်ပေ။ သူသည် ထောင့်တစ်နေရာရှိ ထိုင်ဖုံရှိရာသို့ လမ်းလျှောက်သွားကာ တင်ပျင်ခွေထိုင်လိုက်သည်။ သူ့ဘေးတွင် ဂေါင်ဟုန်ချီနှင့် တန်စီယုတို့ရှိ၏။
ဤအခိုက်အတန့်တွင် တုန်ရှင်းရန်နှင့် အခြားနှစ်ယောက်လမ်းလျှောက်လာကာ ချူးယွင်ဖန်း၏ရှေ့တွင် ရပ်လိုက်ကြသည်။
“ချူးယွင်ဖန်း ငါတို့မင်းကို မေးစရာတစ်ခုရှိတယ်” ရန်ကျွင်းကပြောသည်။
“ဘာလဲ”
ယခင်က သူတို့သုံးဦးသည် နယ်မြေနှစ်တွင် ချူးယွင်ဖန်း၏ လမ်းကိုမပိတ်သော တစ်ဦးတည်းသောလူများသာဖြစ်သောကြောင့် ချူးယွင်ဖန်းသည် ၎င်းတို့ကို အထင်ကြီးလျက်ရှိသည်။
“ဒီနှစ် ပြည်ထောင်စုတက္ကသိုလ်ရဲ့ ပထမအကျော့ အကဲဖြတ်ချက်အကြောင်း ကြားဖူးလား” ယုရှင်းယွမ်ကပြောသည်။
“ပထမအကြိမ်အကဲဖြတ်မှုက ဘာဖြစ်လို့လဲ။ တောတွင်းရှင်သန်ရေးပဲမဟုတ်ဘူးလား”
မှန်သည်။ သူကြိုတင်လေ့လာနှင့်ပြီးဖြစ်သည်။ နှစ်စဥ်နှစ်တိုင်း ပထမအကြိမ်အကဲဖြတ်မှုသည် တောတွင်းရှင်သန်မှုသာဖြစ်သည်။ ချွင်းချက်မရှိပေ။ ထို့ကြောင့် တည်ငြိမ်သမုဒ္ဒရာမြို့၏ ပညာရေးဗျူရိုသည် လေ့ကျင့်ရေးစခန်းတစ်ခုကို စီစဥ်ခဲ့ခြင်းဖြစ်သည်။ တောထဲတောင်ထဲတွင် ရှင်သန်ရခြင်းကို ကျောင်းသားများ လေ့လာသိရှိစေရန်ဖြစ်ရာ၊ ဤသည်မှာ ပြည်ထောင်စုတက္ကသိုလ်တစ်ခုတည်းမဟုတ်ပေ။ ထိပ်တန်းနာမည်ကြီးတက္ကသိုလ်ဆယ်ခု၏ ပထမဆုံး အကဲဖြတ်စစ်ဆေးမှုသည် တောတွင်းရှင်သန်ခြင်းသာဖြစ်သည်။
ဤသည်မှာ တက္ကသိုလ်အသီးသီးကြားရှိ တိတ်တဆိတ်နားလည်မှုတစ်ခုဖြစ်သည်။
“ပြဿနာက ဒီနှစ်ကမတူတောဘူး” ယုရှင်းယွမ်ကပြောသည်။ “ပြည်ထောင်စုတက္ကသိုလ်က ခွန်းလွန်နယ်မြေမှာရှိတာကြောင့် အကဲဖြတ်ပွဲကို နှစ်တိုင်း အဲ့မှာ ကျင်းပတယ်။ အရင်တုန်းက ခွန်းလွန်နယ်မြေမှာ ရှိတဲံ့ တချို့နေရာတွေကို တောတွင်းရှင်သန်ရေးအစီအစဥ်အတွက် ရွေးခဲ့တယ်”
“ဟုတ်တယ်” ချူးယွင်ဖန်းက ခေါင်းညိတ်သည်။
ပြည်ထောင်စုတက္ကသိုလ် တစ်ခုတည်းသာမက၊ ထိပ်တန်းနာမည်ကြီးတက္ကသိုလ်ဆယ်ခုသည်လည်း ခွန်းလွန်နယ်မြေတွင်တည်ရှိသည်။ ထို့အပြင် အထူးတက္ကသိုလ်များစွာသည်လည်း ခွန်းလွန်နယ်မြေ၌ ကျောင်းခွဲများရှိ၏။ ယင်းကြောင့် ၎င်းတို့၏ ကျောင်းသားများကို ပျိုးထောင်ရန် ပို၍ လွယ်ကူကာ၊ ခွန်းလွန်နယ်မြေ၏ အရင်းအမြစ်များကို စုဆောင်းရန်လည်း အဆင်ပြေ၏။
“မွန်းစတားဂိုဏ်းက စွန့်ပစ်နယ်မြေ ၆၆ကို သိမ်းပိုက်နိုင်လိုက်တဲ့အကြောင်း မင်းကြားလား”
ချူးယွင်ဖန်းသည် အချိန်အတော်ကြာ သတင်းထွက်နေသည့် စွန့်ပစ်နယ်မြေ ၆၆ကို သိမ်းပိုက်လိုက်ပြီဟူသော သတင်းကို ရုတ်တရက်သတိရသွားသည်။ ခွန်းလွန်ခေတ်ဖြစ်သော်လည်း ဒုစရိုက်ကျူးလွန်သူအများအပြားရှိသေး၏။ အချို့မှာ လူသားမျိုးနွယ်အတွက် အရင်းအမြစ်များကို အပြင်းအထန်တူးဖော်ကာ၊ ၎င်းတို့၏ ရာဇဝတ်မှုများအတွက် အပြစ်ဖြေပေးရန်အတွက် သေဆုံးသည်အထိ အလုပ်ကြမ်းလုပ်ရန် အလွန်ကြမ်းတမ်းသော ပတ်ဝန်းကျင်များနှင့် ရာဇဝတ်ကိုလိုနီနယ်မြေများသို့ ရောက်ရှိလာခဲ့ကြရသော်လည်း အချို့မှာမူ ကွပ်မျက်ခံကြရသည်။
စွန့်ပစ်နယ်မြေ ၆၆သည် ထိုသို့သောနေရာဖြစ်သည်။ ထိုနေရာ၌ ယခင်က ရာဇဝတ်ကောင်အများအပြား စုဝေးခဲ့ကြသော်လည်း ထိုနေရာသည် နတ်ဆိုးဂိုဏ်း၏ သိမ်းပိုက်ခြင်းခံခဲ့ရသည်။ ထိုနေရာ၌ တပ်ဆွဲထားသော စစ်သည်များအားလုံးကို သုတ်သင်ရှင်းလင်းခဲ့ကြကာ၊ ဤအရာသည် လူသားမျိုးနွယ်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ၎င်းသည် နတ်ဆိုးဂိုဏ်းမှ လူ့အဖွဲ့အစည်းအား အပြင်းအထန် ရန်စလိုက်ခြင်းပင်ဖြစ်သည်။
ထိုသူများ ဆက်လက်၍ ဂုဏ်ယူဝံ့ကြွားကာ ပြစ်မှုများ မကျူးလွန်စေရန် ပြည်သူလူထုသည် ထိုဂိုဏ်းကို အထိနာစေမည့် သင်ခန်းစာတစ်ခုပေးရန် အော်ဟစ်တောင်းဆိုနေကြဆဲဖြစ်သည်။
“ငါကြားလိုက်တယ်။ ဒါပေမယ့် အဲ့တာ ငါတို့နဲ့ဘာဆိုင်လို့လဲ”
“အစကတော့ ငါတို့နဲ့ ဘာမှမဆိုင်ဘူးပေါ့။ ဒါပေမယ့် အခုတော့ ပြည်ထောင်စုတက္ကသိုလ်ရဲ့ အကဲဖြတ်မှုကို အဓိက သြဇာခံမျိုးတွေဖြစ်တဲ့ သုန်ဟွာမြို့ အို့ဟွာမြို့နဲ့ ရှီဟွာမြို့က ကျောင်းသားတွေက အဲ့နေရာမှာ ဖြေရမယ်တဲ့” တုံရှင်းရန်က ဆက်ပြောလိုက်သည်။
အခန်း(၂၇၂) လူ့လက်ရွေးစင်များအဖြစ်သတ်မှတ်ခြင်း
ဤစကားကို ကြား၍ ချူးယွင်ဖန်းသည် စကားတစ်ခွန်းမျှမပြောနိုင်ခင်တွင် ဂေါင်ဟုန်ချီသည်မူ ဆို့နင့်သွားရသည်။
စွန့်ပစ်နယ်မြေများဆီသို့ မည်သို့သော လူများကို နယ်နှင်ဒဏ်ပေးကြကြောင်း သူကောင်းစွာသိသည်။ များသောအားဖြင့် လူသတ်သမားများနှင့် မီးရှို့သူများကဲ့သို့ လူ့အဖွဲ့အစည်း၏ ကင်ဆာဖြစ်သည့် လူများဖြစ်သည်။
ထိုသို့သော သူများကို တစ်ချက်တည်းသတ်လိုက်ခြင်းသည် လွယ်လွယ်ကူကူနှင့် သွားခွင့်ပေးလိုက်ခြင်းပင်ဖြစ်သဖြင့် ပြည်ထောင်စုအစိုးရသည် ၎င်းတို့အား စုစည်းကာ အလွန်ကြမ်းတမ်းသော်လည်း အရင်းအမြစ်များပေါကြွယ်သည့် နေရာအချို့သို့ ပြည်နှင်ဒဏ်ပေးခဲ့သည်။ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် အရင်းအမြစ်များကို စုဆောင်းရှာဖွေပေးကာ မိမိတို့ ပြစ်ဒဏ်မှလွတ်ရန် သေသည်အထိ စောင့်မျှော်နေကြရမည်ဖြစ်သည်။
ထိုနေရာကို ၎င်းတို့၏ အကဲဖြတ်နေရာအဖြစ်ရွေးချယ်ခဲ့ခြင်းသည် အန္တရာယ်အလွန်များသဖြင့် သြဇာခံမြို့သုံးမြို့ ဖြစ်သည့် သုန်ဟွာ၊ အို့ဟွာနှင့် ရှီဟွာရှိ ကျောင်းသားများအတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်မည်မှာ သေချာ၏။
နှစ်စဥ်နှစ်တိုင်း ပြည်ထောင်စုတက္ကသိုလ်၏ အကဲဖြတ်မှုတွင် သုန်ဟွာမြို့မှ ကျောင်းသား နှစ်ထောင်မှ သုံးထောင်အထိ ပါဝင်မည်ဖြစ်ကာ ယင်းသည် ကမ္ဘာပေါ်ရှိ၊ ထိပ်တန်းသြဇာခံမြို့ဆယ်မြို့အပြင် ခွန်းလွန်နယ်မြေရှိ အခြေခံမြို့များစွာမှ ကျောင်းသားများကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ အကဲဖြတ်ရန် ထိုကျောင်းသားများကို တစ်စုတစ်တည်းတည်းပူးပေါင်းစစ်ဆေးမည်ဆိုပါက ကြိတ်ကြိတ်တိုးနေမည်ပင်ဖြစ်သည်။
ထို့ကြောင့် ထုံးစံအရ၊ အကဲဖြတ်ရန်အတွက် မတူညီသော နေရာများတွင် တာဝန်ပေးအပ်ခြင်းခံကြရသော်လည်း သုန်ဟွာမြို့သည် ဤကဲ့သို့ ကြမ်းတမ်းသော ပတ်ဝန်းကျင်ရှိသည့် နယ်မြေသို့ ရောက်ကြရလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။ ကြမ်းတမ်းခက်ထန်သော သဘာဝပတ်ဝန်းကျင်ဆိုသည့်အချက်ကပင် စိန်ခေါ်မှုတစ်ခုဖြစ်နှင့်ပြီးဖြစ်ရာ၊ ထိုနယ်မြေ၌ ဆိုးယုတ်သော ဗီလိန်များစွာရှိနေမည်ဆိုသည့်အချက်က တွေးကြည့်ရုံဖြင့်ပင် ဤလူများမည်မျှ ဆိုးဝါးမည်ကိုသိနိုင်၏။
“မဟုတ်သေးပါဘူး။ စွန့်ပစ်နယ်မြေ ၆၆ကို သိမ်းသွားတာကြာပြီလေ။ အကျဥ်းသားတွေ မကျန်လောက်တော့ဘူးမလား” ဂေါင်ဟုန်ချီက ခဏတာတွေး၍ ပြောလိုက်သည်။
“သူတို့မှာ ချစ်ပ်ပြားထည့်ထားတယ်။ ချစ်မှာ သူတို့ စွန့်ပစ်မြေမှာပဲလှည့်ပတ်သွားလို့ရနိုင်တဲ့ ပရိုဂရမ်တစ်ခုရှိတယ်။ တကယ်လို့ သူတို့သာ အဲ့နေရာကထွက်သွားရင် မိုးပေါ်မှာရှိတဲ့ ဂြိုလ်တုလေဆာအမြောက်တွေထိပြီး သေကုန်ကြလိမ့်မယ်။ အဲ့တာကြောင့် စွန့်ပစ်နယ်ကနေ မထွက်ရဲကြဘူး။ အဲ့တာကြောင့်ပဲ အကျဥ်းသားတွေက ပိုပိုပြီးရက်စက်လာကြတာ။ အခုတစ်ကြိမ် ပြည်ထောင်စုတက္ကသိုလ်ရဲ့ အကဲဖြတ်စစ်ဆေးမှုက အန္တရာယ်တွေအများကြီးပြည့်နေတယ်။ အခု သတင်းရထားတဲ့လူအများစုက အဖွဲ့ဖွဲ့ထားပြီးကြပြီ၊ အချိန်တန်ရင် အတူတူလှုပ်ရှားကြလိမ့်မယ်။ ဒါ့ကြောင့် ငါတို့ နင်တို့နဲ့ အဖွဲ့ဖွဲ့ဖို့လာခဲ့ကြတာ။ ငါတို့ခြောက်ယောက်စုလိုက်ရင် လူအရမ်း မများမနည်းတဲ့ အဖွဲ့တစ်ခုတော့ ဖြစ်လာမှာပဲ။” တုံရှင်းရန်ကပြောသည်။
ချူးယွင်ဖန်းသည် ယင်းနှင့်ပတ်သက်၍ ခဏတာတွေးကြည့်လိုက်သည်။ ဤခရီးစဥ်သည် အမှန်တကယ်ပင် အန္တရာယ်များနှင့်ပြည့်နှက်နေပြီဖြစ်ကာ၊ ပတ်ဝန်းကျင်သည်ကြမ်းတမ်းရုံမျှသာမက၊ တကယ်အန္တရာယ်များသည်မှာ ရာဇဝတ်ကောင်များဖြစ်ကြသည်။ ထို့ကြောင့် အသက်ရှင်ကျန်ရန်ပင်အလွန်ခက်ခဲပေလိမ့်မည်ပင်ဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်သည် ဤနေရာအား အပျော်သဘောဖြင့် ရွေးချယ်ထားသည်ဟု ချူးယွင်ဖန်း မထင်ပေ။ ဤကြောက်မက်ဖွယ်ရာဇဝတ်ကောင်များ၏ လက်ကို အသုံးပြုကာ ကျောင်းသားများကို လေ့ကျင့်ပေးချင်ခြင်းထက်၊ ဤရာဇဝတ်ကောင်များကို ဖယ်ရှားရန် ကျောင်းသားများအားအသုံးပြုချင်ခြင်းဖြစ်သည်။
ဤသည်က ချူးယွင်ဖန်းကို ကျောရိုးတစ်လျှောက် အေးစက်သွားစေ၏။ ပြည်ထောင်စုတက္ကသိုလ်၏ နည်းလမ်းများနှင့် နှိုင်းယှဥ်ပါက တည်ငြိမ်သမုဒ္ဒရာမြို့မှ စီစဥ်သည့် လေ့ကျင့်ရေးစခန်းသည် ဟာသတစ်ခုမျှသာဖြစ်သည်။ အိမ်တွင်ကစားသကဲ့သို့ပင်ဖြစ်ရာ၊ စခန်းအတွင်းကြုံလာမည့် အန္တရာယ်အများစုကို ၎င်းတို့အတွက် ဖယ်ရှားနှင့်ပြီးဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်သည်မူ သူတို့အား ရေနက်ပိုင်းသို့ တွန်းချရန်ပင် တွန့်ဆုတ်မနေခဲ့ပေ။
နှစ်ဖက်လုံးတွင် မတူညီသော အတွေးများရှိကြောင်း ထိုအချက်မှတစ်ဆင့်ပြောနိုင်၏။ တည်ငြိမ်သမုဒ္ဒရာမြို့သည် ၎င်းတို့အား ဖန်လုံအိမ်ထဲတွင်ဂရုတစိုက်ပျိုးထောင်ထားရသော ပန်းများကဲ့သို့၊ ကလေးငယ်များအဖြစ်ဆက်ဆံကြသော်လည်း ပြည်ထောင်စုတက္ကသိုလ်သည်မူ လူ့အဖွဲ့အစည်း၏လက်ရွေးစင်များကဲ့သို့ ဆက်ဆံသည်။ ထို့ကြောင့် အရာရာသည် ဖြစ်သင့်သည့်အတိုင်းသာဖြစ်နေခြင်းဖြစ်၏။
အကဲဖြတ်မှုတွင်ပါဝင်နိုင်သော ကျောင်းသားများသည် လက်ရွေးစင်များနှင့် အကောင်းဆုံးကျောင်းသားများဖြစ်ကြသည်။ စစ်တပ်ထဲတွင်ပင် ဤသို့သော လက်ရွေးစင်အင်အားစုကို စုဆောင်းရန် မလွယ်ကူပေ။ သြဇာခံမြို့သုံးမြို့မှ ကျောင်းသားစုစုပေါင်းအရေအတွက်သည် တစ်သောင်းနီးပါးရှိကာ၊ အလွန်ကြီးမားသော အင်အားဖြစ်သည်။ ကြိုးတိုက်အကျဥ်းသားများကို နှိမ်နှင်းရန် ကျောင်းသားများ၏ ခွန်အားကို အသုံးပြု၍ တစ်ချိန်တည်းတွင်ပင် ပြည်ထောင်စုတက္ကသိုလ်၏ အနာဂတ်ကျောင်းသားများကို လေ့ကျင့်ပေးရန်အတွက် ကြိုးတိုက်အကျဥ်းသားများကို အသုံးပြုခြင်းသည် ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးတည်းဖြင့်သတ်ခြင်းကဲ့သို့ပင်ဖြစ်သည်။
“ရတယ်လေ၊ ငါကန့်ကွက်စရာမရှိပါဘူး” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
တန်စီယုနှင့် ဂေါင်ဟုန်ချီတို့သည် ချူးယွင်ဖန်း၏ ဦးဆောင်မှုနောက်သို့လိုက်ကြသည်။ ချူးယွင်ဖန်းသာသဘောတူလျှင် ၎င်းတို့နှစ်ဦးကန့်ကွက်လိမ့်မည်မဟုတ်ပေ။
“ပြည်ထောင်စုတက္ကသိုလ်က ငါတို့ကို တကယ်အထင်ကြီးနေတာပဲ။ ငါတို့ကို အဲ့ယုတ်မာဆိုးသွမ်းတဲ့ကောင်တွေကို ချေမှုန်းစေချင်နေတာ” ဂေါင်ဟုန်ချီကပြောသည်။
“ဘာလို့လဲဆိုတော့ ပြည်ထောင်စုတက္ကသိုလ်က ငါတို့ကို လူ့အသိုင်းအဝန်းရဲ့ လက်ရွေးစင်တွေကို မှတ်ထားပြီးပြီမို့လို့လေ” တန်စီယုက တည်ငြိမ်သောအမူအရာဖြင့် “ လူသားမျိုးနွယ်အတွက် အကောင်းဆုံးအရင်းအမြစ်တွေကို ငါတို့ ခံစားခွင့်ရနေတာကြောင့် လူ့အဖွဲ့အစည်းအတွက် ရုန်းကန်တာက လုပ်သင့်တာပဲလေ။ ရပိုင်ခွင့်နဲ့ တာဝန်တွေက တန်းတူညီတူပဲပေါ့”
ယုရှင်းယွမ်နှင့် အခြားနှစ်ယောက်သည် တန်စီယုကို အံ့သြစွာကြည့်ကြသည်။ ဤအဆင့်ကို သူမနားလည်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။ တကယ်တမ်းတွင် ၎င်းတို့၏ ကျင့်ကြံရေးအဆင့်အတွက် မိဘများက ပံ့ပိုးပေးသော အရင်းအမြစ်များကို ခံစားခွင့်ရခဲ့ကြရုံသာမက၊ ကျောင်းမှထောက်ပံ့ပေးသော ဆရာများ၊ ဆေးလုံးများနှင့် အခြားအရင်းအမြစ်များကိုလည်းခံစားခဲ့ကြရသည်။ ပညာသင်ဆုနှင့် အတွေ့အကြုံအခွင့်အလမ်းများကိုလည်း ပေးအပ်ခဲ့သည်။ ၎င်းတို့သည် အခြားသူများ မခံစားနိုင်သော သင်ထောက်ကူပစ္စည်းများနှင့် အရင်းအမြစ်များစွာကိုလည်းရရှိခဲ့ကြသည်။ သို့သော် တက္ကသိုလ်ဝင်စအချိန်မှစ၍ အခွင့်အရေးများကို ခံစားနေရုံသာမကတော့ပေ။ ၎င်းတို့၏ တာဝန်တတ္တရားများကို ကျေပွန်အောင်ထမ်းဆောင်ရမည့်အချိန်လည်းဖြစ်သည်။
“ကောင်းပြီ။ ငါတို့ တစ်ဖွဲ့တည်းဖြစ်ပြီဆိုတော့ မင်းတို့ရဲ့ နံပါတ်တွေကို ငါ့ဆီပို့ပေးထား၊ စွန့်ပစ်နယ်မြေ ၆၆နဲ့ပတ်သက်ပြီး ရှာတွေ့ထားတဲ့ အချက်အလက်တွေကို မင်းတို့ဆီကော်ပီပို့ပေးမယ်”
သူတို့သည် ချူးယွင်ဖန်းအား အကူအညီတောင်းသူများဖြစ်ကြောင်း သူရှင်းလင်းစွာသိသည်။ အဆုံးသတ်တွင် ချူးယွင်ဖန်း၏ ခွန်အားကိုရှင်းရှင်းလင်းလင်းမြင်ခဲ့ရပြီးဖြစ်သဖြင့် သဘာဝအလျောက်ပင် အခြားနေရာများတွင် ချူးယွင်ဖန်းအား အမှီလိုက်ရမည်ဖြစ်သည်။
“ကျေးဇူး” ချူးယွင်ဖန်းကပြောလိုက်သည်။
ဤသည်က သူ့အတွက် အချိန်များစွာ သက်သာစေနိုင်သည်။ မကြာခင်တွင်ပင် အချက်အလက်များ သူ့ဆီသို့ရောက်ရှိလာကာ၊ သူ၏ အမူအရာသည်လည်း လေးနက်လာ၏။
စွန့်ပစ်နယ်မြေ(၆၆) တည်ရှိရသည့် အကြောင်းအရင်းမှာ ဧရိယာ၏ အလယ်ဗဟိုတွင် ကြီးမားသော ဝိဉာဥ်ကျောက်တုံးကြီးတစ်ခုရှိနေခြင်းကြောင့်ဖြစ်သည်။ လက်ရှိပေါက်စျေးဖြင့် အဆင့်နိမ့်ဝိဉာဥ်ကျောက်များကိုပင် ယွမ် တစ်သိန်းဖြင့် ရောင်းချနိုင်၏။ ချီပင်လယ် အဆင့်သို့ရောက်ပြီးလျှင် ဝိဉာဥ်ကျောက်တုံးများမှ ဝိဉာဥ်စွမ်းအင်ကို စုပ်ယူနိုင်မည်ဖြစ်ရာ၊ ၎င်း၏ အကျိုးရလဒ်သည် လေထမှ အခမဲ့ဝိဉာဥ်စွမ်းအင်ကို စုပ်ယူခြင်းထက် အဆပေါင်းများစွာပို၍ အစွမ်းထက်မည်ဖြစ်၏။ ဤသည်မှာ ချမ်းသာကြွယ်ဝ၍ အာဏာရှိသော မိသားစုမှ ကလေးများ၏ လျင်မြန်စွာတိုးတက်မှုအတွက် အလွန်အရေးကြီးသော အချက်ဖြစ်သည်။ ၎င်းတို့သည် ငွေအလုံအလောက်ရှိသဖြင့် အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးများကို အများဆုံးသုံးဆောင်ကြသည်။
ဤကြီးမားသော ဝိဉာဥ်ကျောက်တုံးကြီးသည် ဆယ်စုနှစ်များစွာ တူးဖော်ခဲ့ပြီးနောက် ခြောက်သွေ့ခါနီးဖြစ်နေပြီဖြစ်ရာ၊ ဤပတ်ဝန်းကျင်သည် အလွန်ကြမ်းတမ်းသောကြောင့် မကြာသေးမီနှစ်များတွင် ၎င်းအား စွန့်ပစ်ရန်တောင်းဆိုမှုများလည်းရှိခဲ့သည်။ စွန့်ပစ်နယ်မြေ ကျွမ်းကျင်ပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်အရ၊ ၎င်းသည် ပြိုင်ဘက်ခင်း သိုင်းသမားများ တိုက်ခိုက်ခဲ့ကြသည့် ရှေးဟောင်းနယ်မြေတစ်ခုလည်းဖြစ်နိုင်ချေရှိသည်။ ထို့ကြောင့် ဝိဉာဥ်စွမ်းအင် အလွန်ဖရိုဖရဲဖြစ်ကာ၊ ကြောက်မက်ဖွယ်ကောင်းသော ဝိဉာဥ်စွမ်းအင်မုန်တိုင်းများဖြစ်လာခဲ့သည်။
ဤကြမ်းတမ်းသော ဝိဉာဥ်စွမ်းအင်ကိုမူ စုပ်ယူ၍ မရပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ၎င်းအား အတင်းအကြပ်စုပ်ယူလိုက်လျှင် ခန္ဓာကိုယ်ရှိ မက်တျန်များအားလုံးကို ပြင်းထန်စွာ ဒဏ်ရာရစေလိမ့်မည်ဖြစ်သဖြင့် စုပ်ယူသူ၏ ဒန်တျန်သည်ပင်ပျက်ဆီးသွားမည်ဖြစ်သည်။
ဤသို့ကြမ်းတမ်းသောအရပ်တွင် ဝိဉာဥ်ကျောက်၏ သွေးကြောများလည်း မရှင်သန်နိုင်တော့ပါက၊ ဤနေရာကို မည်သည့်အတွက် ဆက်လက်အသုံးပြုရမည်နည်း။ ထို့ကြောင့် ဖျက်သိမ်းရန် တောင်းဆိုမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထို့အပြင် ဤကျောင်းသားအုပ်စုသည် ဤနေရာကို ခြေချသည့် နောက်ဆုံးသူများဖြစ်နိုင်သည်။
အခန်း(၂၇၃) ချူးယွင်ရှန်းအားဖြုတ်ချရန်
ဤအသုတ်အတွင်း ကျောင်းသားများသည် အလွန်ရက်စက်ကြမ်းတမ်းသော ရာဇဝတ်ကောင်များကို နှိမ်နင်းပြီးနောက် စွန့်ပစ်နယ်မြေ ၆၆ကို အသုံးမပြုတော့မည့်သဘောရှိသည်။
ထို့အတွက်ကြောင့်လည်း ဤရာဇဝတ်ကောင်များသည် ပို၍ ရုန်းကန်နိုင်ရချေရှိကာ၊ ၎င်းတို့သေဆုံးခါနီးတွင် ပို၍ ရက်စက်လာနိုင်ကြသည်။
ယုရှင်းယွမ်းနှင့်အခြားနှစ်ယောက်က ၎င်းတို့နှင့် အဖွဲ့ဖွဲ့လိုခြင်းမှာ အံ့သြဖွယ်မရှိပေ။ ဤနေရာမျိုးသည် အန္တရာယ်များနှင့် ပြည့်နှက်နေကာ၊ တစ်ယောက်တည်းဖြတ်ကျော်ရန် ကြိုးစားမည်ဆိုပါက ကျောင်းသားများ အသက်ရှင်ရန် အလွန်ခဲယဥ်းပေလိမ့်မည်။
“ဒီစွန့်ပစ်မြေက ရာဇဝတ်ကောင်တွေကို နှိမ်နင်းဖို့ အဲ့နေရာမှာ မီးသေနတ်ကြီးတွေတပ်ထားတာ ငါမှတ်မိသေးတယ်။ ငါတို့ အဲ့ကို ရောက်ရင် အဲ့ ရာဇဝတ်ကောင်တွေက သူတို့မက်ချာတွေနဲ့ ပြေးသွားရင်ရောဘယ်လိုလုပ်မလဲ။ သေဖို့ ချီတက်နေရတာမဟုတ်ဘူးလား” ဂေါင်ဟုန်ချီက ပြောသည်။
ဿူ့ဆီသို့ တစ်ရှိန်ထိုးပြေးလာမည့် လူသားမျိုးနွယ်၏ အစောင့်အလျှောက်များအဖြစ်ချီးမြောက်ခံရသော မက်ချာများ အကြောင်း စဥ်းစားကာ ဂေါင်ဟုန်ချီသည် လေအေးများကို ရှုသွင်းလိုက်သည်။ အကယ်၍ သူတို့သည် မက်ချာတစ်ခုဖြင့် တွေ့ကြုံရမည်ဆိုပါက၊ သူတို့၏ ခွန်အားဖြင့် လှုပ်ရှားမှုတစ်ခုတည်းကိုပင်တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။
“အဲ့လိုဖြစ်မှာမဟုတ်ဘူး။ အဲ့လိုဖြစ်လာရင် ဧရိယာထဲမှာ ပြင်းထန်တဲ့မီးအားကို နောက်ပေါက်နဲ့တပ်ထားတယ်။ အဲံလိုမျိုးဖြစ်မယ်ဆိုရင်တောင် အဲ့တာက ချစ်ပ်နဲ့ စွမ်းအင်ထွက်တဲ့ ကိရိယာကို အလိုအလျောက်ဖျက်ဆီးသွားလိမ့်မယ်။ တိုတိုပြောရရင် လေဆာသေနတ်ကို လက်နဲ့ကိုင်ထားရင် မီးချောင်းတစ်ချောင်းသာသာပဲရှိမှာ။ တကယ်လို့ သူတို့လက်ထဲ မက်ချာရောက်သွားရင်တောင် သူတို့ အဲ့တာကို ရွှေ့လို့ရမှာမဟုတ်ဘူး” တန်စီယဓက သူမအကုန်သိနေသည့်အတိုင်းပြောလိုက်သည်။
“ကြားလို့တော့ ကောင်းသားပဲ” ဂေါင်ဟုန်ချီက ထိတ်လန့်နေပုံပေါ်သည်။ ဤသို့တွေးပြီးသောအခါ ပြည်ထောင်စုတက္ကသိုလ်မှ ၎င်းတို့ကို လေ့ကျင့်သင်ကြားပေးလိုလျှင် အချည်းအနှီးသေရသည်အထိ လွှတ်ထားမည်မဟုတ်ကြောင်းနားလည်လိုက်သည်။
(မက်ချာဆိုတာ အဗတာ ရုပ်ရှင်ထဲမှာပါတဲ့ လူလိုက်ပါ ထိန်းချုပ်လို့ ရတဲ့ စက်ရုပ်မျိုးပါ)
ထို့နောက် ရုတ်တရက်ပင် တိုးတိတ်တိတ်အသံတစ်ခုထွက်ပေါ်လာသည်။
“ချူးယွင်ဖန်းက ဘယ်သူလဲ”
လူငယ်က တည်ငြိမ်သမုဒ္ဒရာမြို့၏ နားနေခန်းထဲသို့ ဝင်လာသည်။
တည်ငြိမ်သမုဒ္ဒရာမြို့၏ စာဖြေသူဒါဇင်ကျော်ခန့်သည့် လှမ်းကြည့်လျက်ရှိကြသည်။ ယင်းမှာ ဂုဏ်မောက်နေသော မျက်နှာထားမျိုးရှိသည့် လူငယ်တစ်ဦးဖြစ်ကာ အရပ်ရှည်ရှည်နှင့် သံချပ်ကာဝတ်ထားသည်။
“သုန်ဟွာ အမှတ်(၁) ကျောင်းက ကျောင်းသားပဲ”
ဤလူသည် တုန်ဟွာမြို့ အမှတ်(၁) အထက်တန်းကျောင်းမှ ကျောာင်းသားဖြစ်သည်ကို သိသောကြောင့် လူတိုင်းတုန်လှုပ်သွားကြသည်။ အခြားသူများနှင့် ယှဥ်လျှင် သူသည် အခြားသူများထက် သိသာစွာပိုမိုသန်မာ၏။ တုန်ဟွာမြို့၏ လူဦးရေ သန်းချီထဲမှ လက်ရွေးစင်အများစုသည် ဤနေရာ၌ စုဝေးနေကြသော်လည်း ဤကျောင်းသားသ်ည သိသာစွာ ပို၍ သန်မာ၏။ တည်ငြိမ်သမုဒ္ဒရာမြို့၏ အကောင်းဆုံး အမှတ်(၁) အထက်တန်းကျောင်းသည်ပင် သူ့ထက် သိသာစွာနိမ့်ကျ၏။
“ငါပဲ” ချူးယွင်ဖန်းက မတ်တပ်ရပ်ကာပြောလိုက်သည်။
“ငါနဲ့လိုက်ခဲ့။ ငါမင်းကို ပြောစရာတစ်ခုရှိတယ်”
ချူးယွင်ဖန်းက မျက်မှောင်ကြုတ်လိုက်သည်။ ဤလူသည် အနည်းငယ်မာနကြီးပုံပေါ်သော်လည်း ရန်လိုပုံမပေါ်ပေ။ ချူးယွင်ဖန်းတွင် ထက်မြတ်သော အာရုံများရှိသည်။ အကယ်၍ ဤကျောင်းသားသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် လာပါက ချူးယွင်ဖန်းထံမှ ၎င်းကို ဖုံးကွယ်ထားနိုင်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် ချူးယွင်ဖန်းက မငြင်းဆန်ခဲ့ပေ။ သုန်ဟွာမြို့ နံပါတ်(၁)အထက်တန်းကျောင်းသည် မည်သည့်အကြောင်းကို သိချင်သနည်း။ သုန်ဟွာမြို့ အမှတ်(၁) အထက်တန်းကျောင်းမှသူသိသည့် တစ်ယောက်တည်းသောလူမှာ သူ့အား ဆယ်နှစ်ကျော်ခန့် ချေမှုန်းလာခဲ့သည် ဝမ်းကွဲအစ်ကို ချူးယွင်ရှန်းပင်ဖြစ်သည်။
ထိုမှလွဲ၍ သူမည်သူ့ကိုမျှ မသိချေ။
တည်ငြိမ်သမုဒ္ဒရာမြို့၏ အမှတ်(၁)အထက်တန်းကျောင်းသားဖြစ်သည့် ချူးယွင်ဖန်း၏ ဂုဏ်သတင်းကို ကြား၍ ဤကျောင်းသားရောက်လာခဲ့ခြင်းဖြစ်နိုင်သလား။
မဖြစ်နိုင်ခြင်းတော့မဟုတ်ပေ။ သုန်ဟွာမြို့ အမှတ်(၁)အထက်တန်းကျောင်းမှကျောင်းသားများသည် မာနထောင်လွှားကာ နိုင်ငံခြားကျောင်းသားများကို နိုင်ငံ၏ ပြောင်မြောက်သော ကျောင်းသားများအဖြစ်သတ်မှတ်ကြသော်လည်း ၎င်းတို့သည် သြဇာခံမျိုးများအားလုံးရှိ ထိပ်တန်းအထက်တန်းကျောင်း၏ ကျောင်းသားများဖြစ်နေဆဲဖြစ်သည်။ ဤအရာကြောင့် ၎င်းတို့ကို လူအများက အာရုံစိုက်လာကြခြင်းဖြစ်၏။
သူတို့နှစ်ဦးသည် တိတ်ဆိတ်သော နေရာတစ်ခုသို့သွားလိုက်ကြသည်။ ထို့အခါမှ ထိုကျောင်းသားကပြော၏။
“ငါ့ကိုယ်ငါမိတ်ဆက်ပါရစေ။ ငါ့နာမည်က ဖန်ရှု့ဝမ်ပါ”
ကျောင်းသားသည် ဤသို့ပြောပြီးနောက် ချူးယွင်ဖန်း၏ မျက်နှာထက်တွင် ရုပ်တရက် သတိထားမိမှုနှင့် လေးစားမှုတို့ပေါ်လာရန် စောင့်နေခဲ့သော်လည်း ချူးယွင်ဖန်းသည် ဆက်လက်၍ ဘာသိဘာသာ မျက်နှာထားမျိုးကို ထုတ်ဖော်ပြသနေဆဲဖြစ်ကာ သူ့နာမည်အား သတိမထားမိပေ။
ချူးယွင်ဖန်းမှာ ကျေးလက်တောရွာမှ နိုင်ငံ့သားကောင်းတစ်ဦးဖြစ်သည်ဆိုသည့်အချက်ကို ဖန်ရှု့ဝမ် တိတ်တဆိတ်ကျိန်ဆဲလိုက်မိသည်။ ချူးယွင်ဖန်းသည် သူ့နာမည်ကို လုံးဝမကြာားခဲ့ဖူးပေ။ အကယ်၍ တုန်ဟွာမြို့ထဲတွင်သာဖြစ်ပါက၊ မည်သူက သူ့နာမည်ကို မကြားဖူးလိမ့်မည်နည်း။
“မင်းဘာလို့ ငါ့ကိုရှာနေတာလဲ” ချူးယွင်ဖန်းက မျက်မှောင်အနည်းငယ်ကြုတ်ကာမေးသည်။
“မင်းက ချူးယွင်ရှန်းရဲ့ တစ်ဝမ်းကွဲမလား”
“ဟုတ်တယ်လေ”
“ချူးယွင်ရှန်းအပြင် မင်းတို့ မိသားစုက မင်းလိုလူမျိုး ထွက်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး”
“မင်းပြောစရာရှိရင် ဒီတိုင်းပြောလိုက်”
ဖန်ရှု့ဝမ်သည် လက်ခုပ်တီးကာဆိုသည်။
“ကောင်းတယ်။ တည့်တိုးဆန်တာပဲ။ ငါကြိုက်တယ်။ ငါဒီမှာရောက်နေတာ သုန်ဟွာမြို့အမှတ်(၁)အထက်တန်းကျောင်းရဲ့ အစ်ကိုလဲ့၊ ကျန်းလဲ့ကိုယ်စား ညှိနှိုင်းဖို့ရောက်လာတာပဲ”
“ကျန်းမိသားစုဝင်လား။ မင်းက ကျန်းမိသားစုကိုယ်စားလား” ချူးယွင်ဖန်းသည် ချက်ချင်းပင် နိုးနိုးကြားကြားပြောလိုက်သည်။
ဤသည်ကို မြင်သည်နှင့် ဖန်ရှု့ဝမ်က ကမန်းကတန်းပြောသည်။
“မင်း ဒီလောက်ထိသတိထားနေစရာမလိုပါဘူး။ အစ်ကိုလဲ့နဲ့ ကျန်းယုရှန်တို့က လုံးဝမတူကြဘူး။ မင်းနဲ့ ကျန်းယုရှန်ကြားကကိစ္စကို သူစိတ်မဝင်စားဘူး။ မင်း ကျန်းယုရှန်ကိုအနိုင်ယူလိုက်တဲ့အတွက် သူအရမ်းပျော်တယ်”
ချူးယွင်ဖန်းသည် ကျန်းမိသားစုကဲ့သို့ အသိုင်းအဝိုင်းကြီးတစ်ခုတွင် တိုက်ရိုက်သားစဥ်မြေးဆက် တစ်ခု သို့မဟုတ် နှစ်ခုထက်မက ရှိမည်ကို ချက်ချင်းနားလည်ခဲ့သည်။ ၎င်းတို့သည် ကျန်းလင်းရှောင်ကဲ့သို့ ပြိုင်ဘက်ကင်း ကျန်းလင်းရှောင်ကို အနီးစပ်ဆုံးလိုက်မမီနိုင်ပါက ၎င်းတို့သည် ကောလိပ်စာမေးပွဲတွင် အမှတ်များဆုံးသူဖြစ်လာပေလိမ့်မည်။ ထိုသို့မှမဟုတ်လျှင် ထိုပုဂ္ဂိုလ်များကြားပြိုင်ဆိုင်မှုသည် အလွန်ပြင်းထန်၏။
ထို့အပြင် ကျန်းလဲ့သည် ကျန်းယုရှန်နှင့် အပြိုင်အဆိုင်ဆက်ဆံရေးတွင်ရှိနေကြောင်းထင်ရှား၏။ ထို့ကြောင့် ချူးယွင်ဖန်းနှင့် ကျန်းယုရှန်တို့အကြား ရန်ငြိုးထားမှုကို ဂရုမစိုက်ခြင်းဖြစ်သည့်အပြင် ပို၍ကောင်းသည်ဟု သူခံစားရ၏။
“ကျန်းယုရှန်၏ ဖခင် ကျန်းကျန်ယဲ့က ကျန်းယုရှန်သေသွားလို့ မင်း မိသားစုတစ်ခုလုံးကို သုတ်သင်ဖို့ သန်းငါးဆယ်ဆုကြေးပေးခဲ့တယ်လို့ ငါကြားတယ်” ဖန်ရှု့ဝမ်ပြောသည်။ သူထိုစကားပြောလိုက်သောအခါ အလွန်စိတ်လှုပ်ရှားလာသည်။ ကျောင်းသားတစ်ယောက်အတွက် သန်းငါးဆယ်သည် ကြီးမားသော ပမာဏတစ်ခုဖြစ်သည်မှာ သေချာ၏။
“မင်းပြောချင်တာကို ပြောလိုက်စမ်းပါ ဝေ့ဝိုက်မနေနဲ့တော့” ချူးယွင်ဖန်းကပြောသည်။
“ဒါဆို ငါရှင်းရှင်းပြောမယ်။ အစ်ကိုဝေ့က မင်းသူ့ကို တစ်ခု ကူညီပေးရင် ကျန်းကျန်ယဲက မင်းကိုသတ်ဖို့ ထုတ်ထားတဲ့ ဝရမ်းကို ဖယ်ပေးအောင် လုပ်ပေးလိမ့်မယ်” ဖန်ရှု့ဝမ်ကပြောသည်။
“သူ အဲ့လိုလုပ်လို့ရလား” ချူးယွင်ဖန်းက မျက်ခုံးပင့်ကာ ပြောလိုက်သည်။ ကျန်းများအကြောင်း ခပ်များများမသိသော်လည်း ကျန်ကျန်ယဲ့သည် အဓိကလူဖြစ်၍ ကျန်းလဲ့သည်မူ ထူးချွန်သော မျိုးဆက်တစ်ယောက်ဖြစ်ရုံသာဖြစ်နိုင်ကြောင်း သူနားလည်ထားသည်။ ၎င်းတို့ကြားကွာခြားချက်သည် အလွန်ကြီးမား၏။
ဖန်ရှု့ဝမ်သည် ချူးယွင်ဖန်းအား မဆွဲဆောင်နိုင်ကြောင်း သိလိုက်ရသောကြောင့်ဆက်ပြောသည်။
“အစ်ကိုလဲ့မလုပ်နိုင်ပေမယ့် သူ့အဖေက လုပ်နိုင်ပါတယ်။ မှောင်ခိုစျေးမှာ သာမန်မိသားစုရဲ့ အသက်တွေအတွက် ကြေးဖွင့်ထားတာကို ဖုံးကွယ်ထားတာမှမဟုတ်တာ။ မကောင်းတဲ့အကျိုးသက်ရောက်မှုဖြစ်လာပြီး ကျန်းမိသားစုရဲ့ သိက္ခာကျဆင်းအောင်လုပ်နေတာပဲ။ အစ်ကိုလဲ့ရဲ့ အဖေက အဲ့အကြောင်း မိသားစုအစည်းအဝေးမှာ ပြောပြလိုက်ရင် ကျန်းကျန်ယဲ့ မလုပ်ချင်ရင်တောင် ဆုကြေးကိုဖယ်ရှားရမှာပဲ”
“နောက်ဆုံးတော့လည်း မင်းက ကျန်းယုရှန်ကို သတ်တဲ့လူမှမဟုတ်တာ။ မင်းကို သပ်သပ်မီးဟပ်သွားတာပဲ” ဖန်ရှု့ဝမ်ကပြောသည်။
“အိုး… မင်း အစ်ကိုလဲ့က ငါ့ကို ဘာလုပ်စေချင်တာလဲ” ချူးယွင်ဖန်းပြောသည်။
“အစ်ကိုလဲက ချူးယွင်ရှင်းကို ဖြုတ်ချဖို့ မင်းနဲ့လက်တွဲချင်နေတယ်”
ဖန်ရှု့ဝမ်သည် နောက်ဆုံးတွင် အစီအစဥ်ကိုပြောပြလိုက်သည်။