← Chapters

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း (၂၇၄) တစ်ချက်တည်းနဲ့ အမှိုက်က ရှုံးသွားတယ်

ဖန်ရှု့ဝမ်သည် ထိတ်လန့်စရာကောင်းသော စကားများပြောနေစဥ် ချူးယွင်ဖန်းအား စိုက်ကြည့်လျက်ရှိသည်။ ဤစကားများသည် ချူးယွင်ဖန်း၏ စိတ်ထဲ၌ လျှပ်စီးလတ်သကဲ့သို့ လင်းလက်သွားသည်။ သူချက်ချင်း နားလည်လိုက်၏။

သူချက်ချင်းပင် အကြောင်းအရာများစွာကို တွေးခဲ့သည်။ ချူးယွင်ရှင်းသည် သုန်ဟွာမြို့အတွင်းရှိ အထက်တန်းကျောင်းသားထောင်ပေါင်းများစွာကို လက်တစ်ဖက်တည်းဖြင့် အနိုင်ယူကာ ၎င်းတို့၏ ဂုဏ်သရေများအားလုံးကို ချေမှုန်းနိုင်ခဲ့သော တုန်ဖန်းဟောက်နှင့် မတူသော်လည်း သူသည် သုန်ဟွာမြို့ အမှတ်(၁) အထက်တန်းကျောင်း၏ ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်နေဆဲဖြစ်သည်။ သူ့အား အထင်ကြီးသည့် ပြည်ထောင်စု တက္ကသိုလ်မှ ပါမောက္ခများပင်ရှိကာ၊ တက္ကသိုလ်ထဲသို့‌ဝင်ခွင့်ပေးချင်ကြသည်။

သို့သော် သုန်ဟွာမြို့တွင် ထိုကဲ့သို့သောသူ သူတစ်ယောက်တည်းမဟုတ်ပေ။ ကျန်းလဲ့သည် ချူးယွင်ရှင်း၏ ပြိုင်ဘက်ဖြစ်နိုင်သည်။ ထို့အပြင် နှစ်ဖက်လုံးသည် ဆိုးရွားသောအနေအထားတွင် ရှိကောင်းရှိနိုင်၏။ မဟုတ်လှင် ကျန်းလဲ့သည် ချူးယွင်ရှင်းနှင့် ဆက်ဆံရေးမကောင်းသော ဝမ်းကွဲညီထံသို့ ဆက်သွယ်လိမ့်မည်မဟုတ်ပေ။

“မင်းအဲ့တာကို ထူးခြားတယ်လို့ထင်လား။ တကယ်တော့ ဘာမှမထူးဆန်းပါဘူး။ ငါတို့ လေ့လာပြီးပြီ။ မင်းမိသားစုက မိသားစုငယ်လေးပဲလေ။ မင်းအဖိုးက ချူးယွင်ရှင်းကို ငယ်ငယ်တည်းက ပျိုးထောင်ဖို့တွက် မင်းရရမယ့် ကျင့်ကြံရေးအရင်းအမြစ်တွေကို အသုံးပြုခဲ့တာပဲ။ ဆိုတော့ ချူးယွင်ရှင်းရဲ့ လက်ရှိဂုဏ်သိက္ခာက မင်းမှာရှိသင့်တဲ့ အရာတွေကို အသုံးချပြီး တည်ဆောက်ထားတာလို့ပြောလို့ရတယ်။ အဲ့တာကြောင့် သူဒီနေ့ ဒီနေရာမှာ ရပ်တည်လို့ရနေတာပဲ” ဖန်ရှု့ဝမ်သည် ချူးယွင်ဖန်းအာား စေ့စေ့ကြည့်ကာ၊ “မင်း မမုန်းဘူးလား။ ချူးယွင်ရှင်းကြောင့်သာ မဟုတ်ရင် ဒီအချိန် မင်းမှာရှိတာထက် အများကြီးပိုရနေလောက်ပြီ”

“မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ” ချူးယွင်ဖန်းက မေးသည်။

ဤသို့ကြားသောအခါ ဖန်ရှု့ဝမ်သည် ချူးယွင်ဖန်း နောက်ဆုံးစိတ်ဝင်စားနေပြီဖြစ်ကြောင်း သိလိုက်သည်။ တကယ်တမ်းတွင် သူ့တွင်လည်း ထိုသို့သော ဝမ်းကွဲတစ်ယောက်ရှိပါက နာကြည်းမိပေလိမ့်မည်။

ဖန်ရှု့ဝမ်၏ အကြပ်ကိုင်မှုသည် ဤယုတ္တပေါ်၌ အခြေခံ၏။

“ရိုးရိုးရှင်းရှင်းပါပဲ။ မင်းသူနဲ့တွေ့ရတဲ့အခါ သူ့ကို အဆိပ်ခတ်စေချင်တယ်။ ငါတို့ အရောင်မဲ့၊ အရသာမဲ့ အဆိပ်တစ်မျိုးရထားတယ်။ မင်းလုပ်လိုက်မှန်းဘယ်သူမှသိမှာမဟုတ်ဘူး။ စိတ်မပူပါနဲ့ ငါတို့ ဘယ်သူ့ကိုမှမသတ်ဘူး။ လူသတ်တယ်ဆိုတာ ပြဿနာကြီးတဲ့ကိစ္စပဲလေ။ ပြည်ထောင်စုတက္ကသိုလ်ရဲ့ ဝင်ခွင့်ဖြေဖို့ အခွင့်အရေး သူဆုံးရှုံးလိုက်ရအောင်လောက်ပဲလုပ်ချင်တာ” ဖန်ရှု့ဝမ်က ပေါ့ပေါ့ပါးပါးပြောသည်။

ဤသည်က အလွန်ကြီးမားပုံမပေါ်သော်လည်း သိုင်းပညာတန်းသည် စာပေပညာတန်းနှင့်ကွဲပြားသည်။ အပိုတစ်နှစ် ကျင့်ကြံခြင်း၏ အားသာချက်သည် လွန်စွာကြီးလွန်းသောကြောင့် အနာဂတ်ကျောင်းသားများအတွက် မျှတစေရန် လူတိုင်းအတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရန် အခွင့်အရေးတစ်ခုသာရှိသည်။ ဒုတိယအခွင့်အရေးလည်း မရနိုင်ပေ။

အကယ်၍ ချူးယွင်ရှင်းသည် ဤအခွင့်အရေးကို လက်လွှတ်လိုက်ရပါက၊ ဘဝပျက်ဆီးသွားပေလိမ့်မည်။ အခြား ထိပ်တန်းတက္ကသိုလ်များကို အထူးဝင်ခွင့်ရနိုင်သော်လည်း ၎င်းနှင့် ပြည်ထောင်စုတက္ကသိုလ်အကြား ကွာဟချက်သည် လူတိုင်းမြင်နိုင်သည်အထိ ရှင်းလင်း၏။

“ဒါက အရမ်းရိုးရှင်းတဲ့ အလုပ်တစ်ခုပါ။ မင်း ဒီလိုလုပ်ရင် ဒီနှစ်တွေအတွက် လက်စားချေနိုင်ရုံတင်မဟုတ်ဘူး မင်းမိသားစုကို ဝရမ်းထုတ်ထားတဲ့ ကြေးတွေကိုလည်း ရုတ်သိမ်းပေးလိမ့်မယ်။ ကဲ မင်းဘယ်လိုထင်လဲ” ဖန်ရှု့ဝမ်သည် အောင်ပွဲမှာ သူ့လက်ထဲ၌ရှိနေသည်ဟု ခံစားမိသည်။

“မင်းငါ့ကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်နေပြီလို့ထင်နေတာလား။ စိတ်မကောင်းပါဘူး။ ငါ ငြင်းပါတယ်” ချူးယွင်ဖန်းက အသက်ရှည်တစ်ချက်ရှိုက်ပြီးနောက်ပြောလိုက်သည်။

“ဘာ” ဖန်ရှု့ဝမ်သည် အံ့အားသင့်သွားရသည်။ ဖြစ်နိုင်ချေပေါင်း တစ်သောင်းခန့်ကြိုတွေးထားသော်လည်း ဤသို့ဖြစ်လိမ့်မည်ဟု မတွေးခဲ့ဖူးပေ။ ချူးယွင်ဖန်းသည် ငြင်းဆန်လိုက်သည်၊ တုန့်ဆိုင်းခြင်းမရှိ ငြင်းဆန်လိုက်သည်။

သူသည် အနည်းငယ်မျှပင် တုန့်ဆိုင်းမနေပေ။

“ဘာလို့လဲ” ဖန်ရှု့ဝမ်က မယုံမကြည်ဖြစ်ကာမေးလိုက်သည်။ “ငါသိသလောက်တော့ မင်းတို့ကောင်တွေ သိပ်အဆင်မပြေဘူးမလား”

ချူးယွင်ဖန်းက လှောင်ရယ်ကာပြောလိုက်သည်။ “မင်းတို့ ဒီကိစ္စကို စုံစမ်းဖို့ တော်တော်အားထုတ်ထားပုံရတယ်။ ဒါပေမယ့် ငါကို ဘာကောင်ထင်နေလဲ။ ဒီကိစ္စကြောင့်နဲ့ ငါက မင်းတို့နဲ့ပူးပေါင်းရမှာလား”

“ဟုတ်တယ်။ ငါချူးယွင်ရှင်းနဲ့ အဆင်မပြေဘူး။ သူ့ကို ဖြုတ်ချချင်တယ်။ ဒါပေမယ့် ဒီနည်းလမ်းနဲ့တော့မဟုတ်ဘူး” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။

ချူးယွင်ဖန်းသည် ချူးယွင်ရှင်းကို ဖြုတ်ချရန် မလိုလားပေ။ သူ၏ဝမ်းကွဲသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က သူ့အား စိတ်ဒဏ်ရာများစွာပေးခဲ့သည်။ သူ၏ အဘိုးသည်လည်း ဤအကြီးဆုံး မြေးကို အလွန်နှစ်သက်ကာ၊ ချူးယွင်ဖန်းရရှိသင့်သော အခွင့်အရေးများကို ချူးယွင်ရှင်းထံပေးအပ်ခဲ့သည်။ သူ့စိတ်ထဲမည်သို့မျှ မနာကြည်းဘဲနေလိမ့်မည်နည်း။ သူသည် ချူးယွင်ရှင်းထက် အဆင့်မနိမ့်ကြောင်း သက်‌သေပြရန် ချူးယွင်ရှင်းကို အနိုင်ယူရန်တစ်ချိန်လုံးအိပ်မက်မက်ခဲ့သည်။ သို့သော် ဤနည်းဖြင့် မဟုတ်သည်မှာသေချာ၏။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ချူးယွင်ရှင်းထက် အမှန်တကယ်နိမ့်ကျသည်ဟု ပြောခြင်းမှ ကွာခြားလိမ့်မည်မဟုတ်သည့်အပြင် ဤတစ်သက်တွင် သူ၏ဝမ်းကွဲအစ်ကိုကို အမှီလိုက်နိုင်တော့မည်မဟုတ်ကြောင်း ပြောလိုက်သကဲ့သို့ဖြစ်သောကြောင့်ဖြစ်သည်။

ဖန်ရှု့ဝမ်သည် ချူးယွင်ဖန်း တကယ်ပင် သဘောမတူလိမ့်မည်ဟုမထင်ခဲ့ပေ။ ထို့အပြင် ချူးယွင်ဖန်း၏မျက်လုံးများထဲမှ သရော်လှောင်ပြောင်မှု အရိပ်အမြွကိကို သူမြင်တွေ့နိုင်၏။ ၎င်းမှာ ချူးယွင်ရှင်း၏ မျက်လုံးများတွင် အမြဲရှိနေသော ထိုရွံရှာဖွယ်အကြည့်မျိုးပင်ဖြစ်သည်။ ချူးယွင်ဖန်းဖြစ်စေ၊ ချူးယွင်ရှင်းဖြစ်စေ၊ ၎င်းတို့နှစ်ဦးလုံးသည် တူညီစွာပင် မုန်းဖွယ်ကောင်း၏။

“ဒီလိုရက်ရက်ရောရော ကမ်းလှမ်းတာတောင် မင်းက ငါ့ကို ငြင်းတယ်ပေါ့။ မင်းမပူးပေါင်းရင် ရှုံးနိမ့်မှုကို မင်းကြုံရလိမ့်မယ်”

ဖန်ရှု့ဝမ်၏ အမူအရာသည် ချက်ချင်းအေးစက်သွားသည်။ သူသည် ဤသို့ပြောကာ၊ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာပေါ်လာ၏။

“ဒီကိစ္စကိုသိပြီး မင်းဆက်ပြီး စကားပြောဖို့အခွင့်အလမ်းရှိသေးတယ်လို့ ထင်နေတာလား”

ပြန်ရန်ပြင်နေသော ချူးယွင်ဖန်းအား တားဆီးရန် သူရှေ့သို့တစ်လှမ်းတိုးလိုက်သည်။

“ဘာလဲ။ မင်းငါ့ကို တားချင်တာလား”ချူးယွင်ဖန်းက မျက်မှောင်ကြုတ်ကာပြောသည်။

“မင်း ချူးယွင်ရှင်းကို မတိုက်ခိုက်ချင်ဘူးဆိုမှတော့ တန်ရာတန်ကြေးတောင်းဖို့ပဲငါလုပ်ရတော့မှာပေါ့” ဖန်ရှု့ဝမ်က အေးစက်စွာပြောလိုက်သည်။

ဖန်ရှု့ဝမ်သည် ဤသို့ပြောကာ လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်၊ တိကျကြမ်းတမ်းစွာ၊ သူသည် ချူးယွင်ဖန်း၏ လည်ပင်းအား စတင်တိုက်ခိုက်လိုက်သည်။

သူတိုက်ခိုက်သည်နှင့် ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်းစတုတ္ထအဆင့်ရှိသည့်ဖန်ရှု့ဝမ်၏ ခွန်အားကို အကဲဖြတ်လိုက်သည်။

ထိုသို့သော ခွန်အားဖြင့် ဖန်ရှု့ဝမ်သည် အမှန်တကယ်ပင် မောက်မာရန် အရည်အချင်းပြည့်မီ၏။ တကယ်တမ်းတွင် သူသည် စွမ်းအင်သန့်စင်ခြင်းစတုတ္ထအဆင့်သို့ရောက်ရှိနေသည့် တည်ငြိမ်သမုဒ္ဒရာမြို့တော်တွင် တစ်ဦးတည်းသောလူဖြစ်သည်။ အခြားသာမန်လူများသည် တတိယအဆင့်၏ အထွဋ်အထိပ်တွင်သာရှိကြ၏။ သေဆုံးသွားသော ကျန်းယုရှန်ကို ထည့်မတွက်ပါက၊ ဖန်ရှု့ဝမ်သည် တည်ငြိမ်သမုဒ္ဒရာမြို့မှ ကျောင်းသားများအားလုံးကို တစ်ယောက်တည်း၏ အားဖြင့် အနိုင်ယူရန်လုံလောက်၏။

သုန်ဟွာမြို့တစ်ခုလုံးရှိ နံပါတ်တစ်အထက်တန်းကျောင်းအနေဖြင့် တုန်ဟွာ အမှတ်(၁)အထက်တန်းကျောင်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းလှသည်။

ဤမျှ ခွန်အားသည် တည်ငြိမ်သမုဒ္ဒရာမြို့ရှိ နံပါတ်တစ်ကျောင်းသားနေရာအတွက် ယှဥ်ပြိုင်ရန်လုံလောက်၏။ ယခုတွင် ဖန်ရှု့ဝမ်သည် ကျန်းလဲ့အတွက်အလုပ်လုပ်ပေးနေခြင်းဖြစ်သောကြောင့် ကျန်းလဲ့မည်မျှ သန်မာသည်ကို စိတ်ကူးကြည့်နိုင်၏။

ဖန်ရှု့ဝမ်သည် တည်ငြိမ်သမုဒ္ဒရာမြို့၏ အခြား ကျောင်းသားများကို တိုက်ခိုက်မည်ဆိုပါက အောင်နိုင်မည်ဖြစ်သော်လည်း ယခုမူ ချူးယွင်ဖန်းအား တိုက်ခိုက်နေခြင်းဖြစ်သည်။

ဖန်ရှု့ဝမ်၏ တိုက်ခိုက်မှုသည် လင်းယုန်တစ်ကောင်ကဲ့သို့ ထက်မြက်သည်။ သို့သော် သူပြုံး၍ ချူးယွင်ဖန်း၏ လည်ပင်းကို ဖမ်းကိုင်တော့မည်ဟု တွေးလိုက်သောအခါတွင်မူ သူ့လက်သည် ချူးယွင်ဖန်း၏ လည်ပင်းကို ကျော်ထွက်သွားကြောင်း တွေ့လိုက်ရသည်။

ဤသည်ကား လှုပ်ရှားမှုနည်းပညာတစ်ခုဖြစ်သည်။

ပုံရိပ်ကိုးသွယ်ရွေ့လျားမှု

ချူးယွင်ဖန်းသည် စတင်လှုပ်ရှားလိုက်ကာ ချက်ချင်းပင် လျှပ်စီးကဲ့သို့ ထွက်လာ၏။ သူ၏ လက်သီးသည် အလွန်လေးလံသော တူတစ်လက်ကဲ့သို့ ဖန်ရှု့ဝမ်၏ ရင်ဘက်ပေါ်သို့ ပြင်းထန်စွာကျသွားသည်။

ဘမ်း

ဖန်ရှု့ဝမ်သည် ထိုသိုင်းကွက်ကိုမရှောင်နိုင်လိုက်ပေ။ သူ၏ တိုက်ခိုက်မှုသည် အလွန်လျင်မြန်သော်လည်း ချူးယွင်ဖန်းသည် ပို၍ လျင်မြန်၏။ တစ်ခဏအတွင်းတွင်ပင် ကြောက်မက်ဖွယ်စွမ်းအင်တစ်ခုသည် ဖန်ရှု့ဝမ်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွား၏။

ဘွန်း

ဖန်ရှု့ဝမ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ဗိုက်တစ်ခုလုံး ပြောင်းပြန်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရကာ၊ အသက်ပင်ခက်ခက်ခဲခဲရှုနေရသည်။

သူ့အား သံချပ်ကာဖြင့်ကာကွယ်ထားသော်လည်း သူ၏ အတွင်းအင်္ဂါများထိခိုက်သွားရ၏။

မတ်တပ်ပင်ကောင်းစွာမရပ်နိုင်တော့ပေ။

“အမှိုက်”

ချူးယွင်ဖန်း လှောင်ရန်ကာ နောက်သို့တစ်ချက်တစ်လေပင်ပြန်မကြည့်ဘဲ လှည့်ထွက်သွားသည်။

အခန်း(၂၅၇) မင်းငါ့ကိုစိန်ခေါ်ဖို့ အခွင့်အရေးပေးမယ်

ချူးယွင်ဖန်းက လှည့်ထွက်သွားသည်။ ဖန်ရှု့ဝမ်သည် ဤအကြောင်းသူ့ဆရာကို သတင်းပို့မည်ကိုပင် မကြောက်နေပေ။ နောက်ဆုံးတွင်မူ သူ့ကဲ့သို့ လူမိုက်တစ်ယောက်သည်သာ ချူးယွင်ဖန်းအား ဤသို့ပြောရဲခြင်းဖြစ်သည်။

ဖန်ရှု့ဝမ်သည် မြေပြင်ပေါ်တွင်လဲလျောင်းလျက် သူ့ရင်ဘက်ကို ဖိကိုင်ထားသည်။ သူအသက်ပင်ခက်ခဲစွာ ရှုနေရသည်။ အသက်ရှုသွင်းလိုက်သည့်အခါတိုင်း သူ၏ အတွင်းအင်္ဂါများ ပြင်းထန်စွာ နာကျင်သွားသကဲ့သို့ ခံစားရသည်။ ၎င်းတို့ ဒဏ်ရာရသွားကြောင်း သူရှင်းလင်းစွာသိ၏။

ထိုးနှက်ချက်တစ်ချက်တည်းဖြင့် သူရှုံးနိမ့်ခဲ့သည်။

ဤသည်က ဖန်ရှု့ဝမ်၏ မာနကို ချေမှုန်းပစ်လိုက်ခြင်းဖြစ်သည်။ သူသည် သုန်ဟွာမြို့ အမှတ်(၁)အထက်တန်းကျောင်းမှလွဲ၍ အခြားသူတိုင်းကို အထင်သေးခဲ့သော်လည်း ချူးယွင်ဖန်းသည် သူ့အား ရက်စက်စွာ ပုတ်ခတ်ပစ်ုလိက်သည်။

“သေစမ်း သေစမ်း”

အချိန်အတော်ကြားပြီးနောက် ဖန်ရှု့ဝမ်သည် နောက်ဆုံးတွင် မတ်တပ်ထရပ်ကာ ကျောင်း၏ နက်နဲရာနေရာသို့သွားလိုက်သည်။ မကြာမီတွင်ပင် သူသည် ခေတ်မီပုံစံဖြင့် အလှဆင်ထားသော အဆောက်အအုံတစ်ခုရှေ့သို့ရောက်လာသည်။ စာသင်ခန်းတစ်ခု၏ တံခါးကို ဖွင့်လိုက်သောအခါ စာသင်ခန်းအလယ်တွင် အရပ်ရှည်ရှည်လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို နောက်ကျော်တွင်ယှက်၍ မတ်တပ်ရပ်ကာ အဝေးသို့လှမ်းကြည့်နေသည်ကို မြင်ရ၏။

“အစ်ကိုလဲ့” ပိုင်ရှု့ဝမ်က ခက်ခက်ခဲခဲပြောလိုက်သည်။

“မင်းပြန်လာပြီ။ ဘယ်လိုဖြစ်သွားလဲ။ သူသဘောတူလိုက်လား” လူငယ်ကမေးသည်။

သူသည် ဖန်ရှု့ဝမ်ပြောခဲ့ဖူးသည့် အစ်ကိုလဲ့ဖြစ်ကာ ကျန်းမိသားစုမှ တိုက်ရိုက်ဆင်းသက်လာသူ ကျန်းလဲဖြစ်သည်။

“အစ်ကိုလဲ့၊ သူသဘောမတူဘူး” ဖန်ရှု့ဝမ်သည် တုံ့ဆိုင်းနေရာမှ နောက်ဆုံးတွင်ပြောလိုက်သည်။

“ဘာ၊ သူသဘောမတူဘူးဟုတ်လား။ ပြီး‌တော့ မင်းက လက်ဗလာနဲ့ပြန်လာရတာလား”ကျန်းလဲ့သည် ချက်ချင်းလှည့်ကြည့်ကာ အမူအယာသည် နက်မှောင်နေ၏။ သူ၏ ခန့်ညားသော မျက်နှာသည် ကျန်းယုရှန်၏နှင့် ဆင်တူသည်။ သူတို့နှစ်ဦးသည် တစ်မိသားစုတည်းမှဆင်းသက်လာခြင်းဖြစ်ကြောင်း မည်သူမဆိုမြင်နိုင်၏။

“ကျွန်တော်မအောင်မြင်ခဲ့ဘူး။ သူအနိုင်ယူနိုင်ခဲ့တယ်” ဖန်ရှု့ဝမ်က ခက်ခဲစွာပြောလိုက်သည်။ သူသည် လက်မခံချင်သည့်အပြင် ဝန်ခံချင်စိတ်လည်း အလွန်နည်းသည်။ သို့သော် ယင်းသည် အမှန်တရားသာဖြစ်၏။

“သူမင်းကို နိုင်သွားတာလား” ကျန်းလဲ့က မယုံကြည်နိုင်သော မျက်လုံးများဖြင့် မေးလိုက်သည်။

ဤအခြေအနေသည် သူ၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။ ချူးယွင်ဖန်းကြည့်စဥ်က သူမယုံကြည်နိုင်ခဲ့သော ချူးယွင်ဖန်း၏အကြောင်းကို ရုတ်တရက် သတိပြန်ရသွားသည်။ ချူးယွင်ဖန်းသည် တည်ငြိမ်သမုဒ္ဒရာမြို့တော်မှ နယ်မြေ(၂)တွင် လူတိုင်းကို အနိုင်ယူကာ ကျန်းယုရှန်ကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။

သုန်ဟွာမြို့တွင်ပင် ဤသို့မဖြစ်နိုင်ပေ။

ထို့ကြောင့် ကျန်းလဲ့သည် ၎င်းကို စိတ်ထဲမထားခဲ့ပေ။ ဤသို့သောအဖြစ်မျိုးတကယ်တမ်းဖြစ်ပျက်ခဲ့လျှင်ပင် တည်ငြိမ်သမုဒ္ဒရာမြို့၏ အဆင့်အတန်းနိမ့်ကျလွန်းကြောင်း သက်သေပြနေခြင်းဖြစ်၏။ အကယ်၍ ၎င်းသည်

သုန်ဟွာမြို့တွင်ဖြစ်ပျက်ခဲ့ခြင်းဖြစ်လျှင်၊ သုန်ဟွာမြို့တွင် ကျွမ်းကျင်သူများစွာရှိသောကြောင့် ထိုလူမဟုတ်သရွေ့ ထိုသို့သော ကိစ္စမျိုးဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

သူ့စိတ်ထဲတွင် ပြိုင်ဘက်ကင်းအခြားသူတစ်ဦး၏ ပုံရိပ်တစ်ခုပေါ်လာ၏။

“ဟုတ်တယ်…” ဖန်ရှု့ဝမ်က ရှက်ရွံ့သော အသံဖြင့်ပြောလိုက်သည်။ ချူးယွင်ဖန်းအား တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့သည့်အကြောင်းကို သူမပြောရဲပေ။

“ဒါဆို ငါတို့ ချူးယွင်ဖန်းကို လျှော့တွက်လို့မရဘူး” ကျန်းလဲ့ကပြောသည်။ ထို့နောက် လက်ရမ်းကာ၊

“ဒါပေမယ့် အဲ့တာကိစ္စမရှိပါဘူး။ အစတည်းက သူက အရံအစီအစဥ်တစ်ခုပဲလေ။ မလုပ်ချင်ဘူးဆိုတော့ထာားလိုက်ပေါ့။ ငါခက်ခက်ခဲခဲလုပ်နေမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စွန့်ပစ်မြေ ၆၆ ကို ငါတို့ရောက်ရင် သူနဲ့တွေ့ဖို့ အခွင့်အရေးတွေအများကြီးရမှာပဲ။ သန်းငါးဆယ်။ ငါလည်း အဲ့လောက်ပိုက်ဆံလိုချင်တယ်”

ကျန်းလဲ့၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းစွာ လင်းလက်သွားသည်။ မူလအအတွင် သူသည် ချူးယွင်ဖန်းကို အသုံးချချင်ခြင်းမျှသာဖြစ်သည်။ သို့သော် ယခု ချူးယွင်ဖန်းက မိမိအတွက် အကောင်းအဆိုးကို မသိသောကြောင့် ကျန်းလဲ့အား သနားညှာတာမှုကင်းမဲ့သည်ဟု အပြစ်တင်နိုင်တော့မည်မဟုတ်ပေ။

သန်းငါးဆယ်သည် ကျန်းမိသားစု၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော သူ့အတွက်ပင် ကြီးမားသော ငွေပမာဏဖြစ်သည်။

“မေ့ထားလိုက်။ လောလောဆယ်တော့ သူကြောင့် စိတ်မရှုပ်ဘဲနေရအောင်။ ငါတို့ နယ်မြေ ၆၆ကို ရောက်ရင် သူတို့နှစ်ယောက်လုံးကို တစ်ခါတည်း ဂရုစိုက်ပေးလိုက်မယ်” ကျန်းလဲ့က နက်မှောင်နေသော အမူအယာဖြင့် ပြောလိုက်သည်။

တည်ငြိမ်သမုဒ္ဒရာမြို့နားနေဆောင်သို့ ချူးယွင်ဖန်းပြန်ရောက်သောအခါ လူတစ်ယောက်လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူသည် ထက်မြက်သော မျက်နှာထားမျိုးရှိကာ အရပ်ရှည်သည်။ အဖြူရောင်သံချပ်ကာကို ဝတ်ဆင်ထားကာ တက်ကြွရဲရင့်သော ရောင်ဝါရှိသည်။

ချူးယွင်ဖန်းသည် ထိုသူကို မြင်သောအခါ သူ့မျက်ခုံးများကို အနည်းငယ်ပင့်တင်လိုက်မိသည်။ ဆယ်နှစ်ကျော်ကြာ ဖိနှိပ်ခံခဲ့ရသော သူ၏ အကြီးဆုံးဝမ်းကွဲအစ်ကို ချူးယွင်ရှင်းမှလွဲ အခြားသူမဟုတ်ပေ။

လူငယ်သည် ချူးယွင်ဖန်းကို တွေ့သောအခါ အနည်းငယ် တုန်လှုပ်သွားသည်။

“မင်းဘာလို့ ဒီကိုရောက်နေတာလဲ” ချူးယွင်ဖန်းကမေးသည်။

ဝမ်းကွဲနှစ်ယောက်လုံးတွင် အေးစက်သော ဆက်ဆံရေးရှိနေ၏။

“ငါ ဒီကို ခဏလှည့်ပတ်ကြည့်ဖို့ရောက်လာတာ။ မေမေမနေ့ကပြောတာ ကြားလိုက်တယ်။ မင်းတကယ် ဝင်ခွင့်စာမေးပွဲမှာ ပါဝင်နိုင်လိမ့်မယ်လို့ ငါမမထင်ထားဘူး” ချူးယွင်ရှန်က ဘာသိဘာသာပြောုလိက်သည်။ သူနှင့် ချူးယွင်ဖန်း၏ မျက်ခုံးများသည် အနည်းငယ်ဆင်တူ၏။

“ထူးဆန်းလို့လား” ချူးယွင်ဖန်းသည် မျက်ခုံးပင့်လျက် သူ့မျက်နှာထက်တွင်လှောင်ပြောင်သော အပြုံးတစ်ခုပေါ်လာ၏။ “ဒါမှမဟုတ် မင်းတစ်ယောက်တည်း ဒီအဆင့်ကိုရောက်နိုင်မယ်လို့ ထင်နေတာလား”

ချူးယွင်ရှင်းကပြောသည်။ “မင်းဒီကိုလာနိုင်တာ တကယ်ပဲ ငါ့ထင်ထားတာထက် အများကြီးပိုတယ်ကွ”

ချူးယွင်ရှန်သည် ၎င်း၏ အံ့သြမှုကို ဖုံးကွယ်မထားပေ။ ချူးယွင်ဖန်းသည် အလွန်သာမန်ကျသောကြောင့် ချူးယွင်ဖန်းမှလွဲ၍ ချူးမိသားစုများ ဤနေရာသို့လာနိုင်ချေရှိသည်။

ချူးယွင်ဖန်းသည် သူ့အစ်ကိုကိုကြည့်လိုက်သည်။ အစက ချူးယွင်ဖန်းသည် ချူးယွင်ရှင်စကို မြင်လျှင် ချက်ချင်းတိုက်ခိုက်မိလိမ့်မည်ဟုထင်ခဲ့သည်။ ချူးယွင်ရှင်းသည် မာနကြီးကာ မောက်မာနေဆဲဖြစ်သည်။ သို့သော် သူ့ရှေ့တွင် ချူးယွင်ရှင်း ရပ်နေသော အခါတွင်မူ ချူးယွင်ဖန်းသည် ချူးယွင်ရှင်းကို ဤမျှ မုန်းတီးခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။ သို့မဟုတ် သူ့အနေအထားသည် ပြောင်းလဲသွားသဖြင့် အတွေးအခေါ်များ မတူညီတော့ခြင်းလည်းဖြစ်နိုင်သည်။

“မင်းကို ဖန်ရှု့ဝမ်‌ စောစောကလာခေါ်သွားတာကို အခြားသူတွေဆီက ငါကြားခဲ့တယ်” ချူးယွင်ရှန်က ရုတ်တရက်ပြောလိုက်သည်။

“ဟုတ်တယ်၊ မင်းဝင်ခွင့်မဖြေနိုင်တော့အောင် အဆိပ်ခပ်စေချင်တာ” ချူးယွင်ဖန်းက ဂရုမစိုက်ဘဲပြောလိုက်သည်။

ချူးယွင်ရှင်းသည် အနည်းငယ်မျက်မှောင်ကြုတ်ကာ နောက်ဆုံးတွင် ပြောလိုက်သည်။

“ဘယ်လောက်တောင် မရိုးသားတဲ့နည်းလဲ”

ချူးယွင်ရှင်းက အံ့သြခြင်းမရှိပေ။ သူ ကျန်းလဲ့နှင့် ရန်သူဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

“မင်းလည်း သတိထားရမယ်။ ကျန်းလဲ့ဟာ လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့ အမျိုးအစားမဟုတ်ပါဘူး။ ကျန်းမိသားစုက မင်းကို ဝရမ်းဖွင့်ထားတဲ့အကြောင်း ငါကြားတယ်။ သန်းငါးဆယ်က နည်းတဲ့ကြေးတော့မဟုတ်ဘူးပဲ။ စွန့်ပစ်နယ်မြေ ၆၆မှာ အကျဥ်းသားတွေအားလုံးက စိတ်ပျက်နေနေကြတာ။ မင်းခေါင်းပေါ်မှာ သန်းငါးဆယ်ရှိနေတော့ ဒုက္ခတွေအများကြီးတွေ့လိမ့်မယ်”

“ငါသိတယ်။ မင်းအဲ့လိုပြောစရာမလိုဘူး” ချူးယွင်ဖန်းကပြောသည်။

ခဏတာ ရပ်သွားပြီးနောက် ချူးယွင်ရှန်က ဆက်လက်၍ “အဖိုးလုပ်ပုံလုပ်နည်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေပြီလို့ မင်းထင်နေသေးလား”

“ဘာမှအဆင်မပြေတာမရှိဘူးလို့ ငါထင်တယ်။ ငါ့မှာအရည်အချင်းရှိတယ်။ ဒါ့ကြောင့် အရင်းအမြစ်တွေက ငါ့ဆီကို ရောက်လာတယ်။ ငါတို့မိသားစုက အကြီးကြီးမှမဟုတ်တာ” ချူးယွင်ရှန်က မောက်မာစွာပြောလိုက်သည်။ “ကျန်တဲ့လူတွေကတော့ … ရွှမ်ရွှမ်က အရည်အချင်းရှိပေမယ့် သူ့မှာ ချို့ယွင်းချက်နဲ့မွေးလာတယ်။ မင်းတို့နှစ်ယောက်က အရည်အချင်းမရှိဘူး”

ချူးယွင်ဖန်း ခဏရပ်ကာ “အဘိုးက ဘာလို့ ဒီလိုလုပ်တယ်ဆိုတာ ငါနားလည်ပါတယ်။ ဒါပေမယ့် လက်မခံနိုင်ဘူး။ နောက်တစ်ခုက ဒီကိစ္စတွေကို အခုချိန်မှလာပြောနေတာ အဓိပ္ပါယ်မရှိဘူး။ ငါအဲ့အရာတွေကိုလည်းမလိုအပ်တော့ဘူး”

“မင်း ငါ့ကို အနိုင်ယူချင်ခဲ့တာ ငါသိတယ်။ ငါအခု မင်းကို အခွင့်အရေးပေးမယ်။ ဒါပေမယ့် မင်းရဲ့ လက်ရှိ စွမ်းအားက မလုံလောက်ဘူး။ မင်းလုံလောက်ပြီလို့ ခံစားရရင် ငါ့ကိုလာရှာပါ” ထိုသို့ပြောကာ ချူးယွင်ရှင်းက လှည့်ထွက်သွားသည်။

“သေစမ်း၊ မင်းအရင်အတိုင်း မောက်မာနေတုန်းပဲ” ချူးယွင်ဖန်းကပြောလိုက်သည်။ ငယ်စဥ်တည်းက ချူးယွင်ရှင်းသည် အောင်မြင်မှုကို လက်ဆုပ်ကိုင်ထားရသကဲ့သို့ အမြဲတစေပြုမူခဲ့သည်။

“မင်းပဲစောင့်ပါ။ ငါက ဘယ်ကောင်မှဂရုမစိုက်တဲ့ ချူးယွင်ဖန်းမဟုတ်တော့ဘူးကွ”

အခန်း(၂၇၆) ကြောက်မက်ဖွယ် သုန်ဖန်းဟောက်

ချူးယွင်ဖန်းသည် တည်ငြိမ်သမုဒ္ဒရာမြို့မှကျောင်းမှ ကျောင်းသားများအတွက် သတ်မှတ်ထားသော ဧည့်ခန်သို့ပြန်လာခဲ့သည်။

ယခုအကြိမ် ပြည်ထောင်စုတက္ကသိုလ်၏ လွတ်လပ်သော အကဲဖြတ်မှုသည် သူမျှော်မှန်းထားသည်ထက် ပို၍ အန္တရာယ်များကြောင်း ထင်ရှားသည်။

သို့သော်လည်း ဤကိစ္စသည် ပို၍ ကြီးလာလေလေ၊ ချူးယွင်ဖန်းသည် ပို၍ စိတ်လှုပ်ရှားလာလေလေဖြစ်နေသည်။ သူ့သွေးများပွက်ပွက်ဆူလာသကဲ့သို့ခံစားလိုက်ရသော်လည်း ကြီးမားသော ကိစ္စကြီးတစ်ခု ဖြစ်ပျက်လာတော့မည်ကို မစိုးရိမ်မိပေ။

“သုန်ဟွာမြို့ နံပါတ်တစ်အထက်တန်းကျောင်းက ကျောင်းသားက မင်းကို ဘာလို့ရှာနေတာလဲ။ မင်းရဲ့ ဝမ်းကွဲက အခုပဲဒီကိုရောက်လာတယ်” ဂေါင်ဟုန်ချီက ချူးယွင်ဖန်း၏ အမူအရာကို ကြည့်ကာ ရှေ့သို့တိုး၍ပြောလိုက်သည်။ ချူးယွင်ဖန်း၏ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အနေဖြင့် ၎င်းတို့နှစ်ဦးကြား ရန်ငြှိုးဖွဲ့မှုကို သိသည်။

သို့သော် ချူးယွင်ဖန်းသည် ချူးယွင်ရှင်းနှင့်တွေ့ဆုံခဲသည်။ ၎င်းတို့နှစ်ဦးသည် တူညီသော အဆင့်တွင်မရှိကြပေ။ ထို့ကြောင့် ရန်ငြိုးဟုဆိုရမည့်အစား ဤနှစ်များတစ်လျှောက် ၎င်းတို့၏ အဘိုးအဘွားများ၏ မတရားမှုကြောင့် ဖြစ်ပေါ်လာသော မကျေနပ်မှုများစုစည်းလာသည်ဟုဆိုလျှင် ပို၍သင့်လျော်မည်ဖြစ်သည်။

အစပိုင်းတွင် ချူးယွင်ဖန်းနှင့် ချူးယွင်ရှင်းတို့သည် တစ်ယောက်နှင့်တစ်ယောက်ရန်ငြှိုးဖွဲ့ခြင်းမရှိကြသော်လည်း ချူးယွင်ရှင်းသည် သူ၏ဝမ်းကွဲများကိုနှိမ့်ချကာ၊ ချူးယွင်ဖန်းသည်မူ မိမိကိုယ်ကိုယ် အစွမ်းထက်ကြောင်း သက်သေပြချင်သည်။ တဖြည်းဖြည်းနှင့် နှစ်ဖက်ကြားမှရန်ငြှိုးများ ပို၍နက်ရှိုင်းလာ၏။

ချူးယွင်ရှင်း၏ အမည်ပေါ်လာသည့်အခါတိုင်း ချူးယွင်ဖန်း၏ အမူအယာသည် မှောင်မိုက်သွားတတ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ကွဲပြားသွားပုံရ၏။ ချူးယွင်ဖန်းသည် ပုံမှန်အတိုင်းဖြစ်ကာ၊ ထူးခြားမှုမမရှိပေ။

“ကောင်းပြီ။ နားလည်ပြီ။ လမ်းမှာ သူနဲ့တွေ့ခဲ့တယ်” ချူးယွင်ဖန်းကပြောသည်။

ယခု သူ့အတွက် အရာရာကွဲပြားသွားပြီဖြစ်သောကြောင့် သူဒေါသဖြစ်ခြင်းမရှိပေ။ ဒေါသသည် သူသိသော တစ်ခုတည်းသောအရာမဟုတ်ပေ။

သုန်ဟွာမြို့ အမှတ်(၁)အထက်တန်းကျောင်းသည် လူများဖြင့်ပြည့်နေ၏။ တုန်ဟွာမြို့နှင့် တုန်ဟွာမြို့၏ သြဇာခံမြို့များမှ လက်ရွေးစင်ကျောင်းသားထောင်ပေါင်းများစွာသည် ဤနေရာတွင် စုဝေးနေကြသည်။

ချူးယွင်ဖန်းနှင့် အခြားသူများသည် ပြည်ထောင်စုတက္ကသိုလ်မှပေးပို့သော ပို့ဆောင်ရေးလေယာဥ်သည် မကြာမီဆိုက်ရောက်လာတော့မည်ဖြစ်ကြောင်း ပညာရေးဗျူရိုထံမှသတင်းရရှိခဲ့သည်။

ခဏအကြာတွင် ကြီးမားသော အရိပ်တစ်ခုက သုန်ဟွာမြို့ အမှတ်(၁)အထက်တန်းကျောင်း၏ ကောင်းကင်ယံထက်တွင် လွှမ်းခြုံသွားကာ၊ ကျောင်းတစ်ခုလုံးကို လွှမ်းမိုးသွား၏။

သုန်ဟွာမြို့ အမှတ်(၁) အထက်တန်းကျောင်းသည် အထက်တန်းကျောင်းတစ်ကျောင်းသာဖြစ်သော်လည်း မျက်မှောက်ခေတ်မှ တက္ကသိုလ်အများစုထက် များစွာကြီးမား၏။ ဤပျံသန်းနိုင်သည့်တိုက်သင်္ဘောသည် သုန်ဟွာမြို့ အမှတ်(၁) အထက်တန်းကျောင်းထက်ပင် ကြီးမားသည်။ ထို့ကြောင့် မည်မျှကြီးမားကြောင်းတွေးကြည့်နိုင်၏။

ဤသည်မှာ အလွန်ကြီးမားလွန်းလှသည်။ သတ္ထုဖြင့် တည်ဆောက်ထားသော ပေါ့ပါးသွက်လက်သည့် စစ်င်္ဘောသည် ကျောင်းသားများစွာကို အံ့သြစေ၏။

“သေစမ်း ဘယ်လောက်တောင်ကြီးတဲ့သင်္ဘောလဲ”

“အဲ့တာ ကြယ်ပျံစီးရီးလေ။ ငါတို့ကိုခေါ်ဖို့ ပြည်ထောင်စုတက္ကသိုလ်က ကြယ်အဆင့် တိုက်ခိုက်ရေးယာဉ်ကိုလွှတ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး”

“ဟုတ်တယ်။ ဒါက နှစ်ငါးဆယ်ထမ်းဆောင်လာတဲ့ တိုက်သင်္ဘောဖြစ်ပေမယ့် စစ်တပ်က အသုံးပြုတဲ့ ပင်မလမ်းကြောင်းမှာရှိနေတုန်းပဲ”

“အရင် နှစ်ငါးဆယ်လောက်က ပြည်ထောင်စုတက္ကသိုလ် သုသေတနဌာနကနေ ကြယ်ပျံ တိုက်ခိုက်ရေးယာဉ်ကို ဖန်တီးပြီး ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တယ်။ အဲ့တုန်းက ကြယ်ပျံကို ကို အရန်တပ်အဖြစ်ပဲ သုံးခဲ့ပေမယ့် အခုတော တပ်ရင်းမှာ သုံးနေပြီ။ အဲ့တာက အာကာသလွန်းပျံယာဥ်အမျိုးအစားတစ်စင်းဖြစ်ပေမယ့် ပင်မအမြောက်က တောင်တွေကိုတောင် ဖျက်ဆီးပစ်နိုင်တယ်တဲ့”

ကျောင်းသားများစွာက စိတ်လှုပ်ရှားစွာအော်ဟစ်မိကြသည်။ ဤသည်မှာ လူသားမျိုးနွယ် အသိဉာဏ်၏ အမြင့်ဆုံးတီထွင်ဖန်တီးမှုပင်ဖြစ်သည်။

ချူးယွင်ဖန်းသည် ခေါင်းကိုမော့ကာ အရပ်ရပ်အဘက်ဘက်မှလာနေသည့် များကိုကြည့်လိုက်သည်။ အမြောက်အများထုတ်လုပ်၍မရသော နည်းပညာအချို့မှလွဲ၍ လူသားမျိုးနွယ်၏ လက်ရှိ နည်းပညာများဖြင့် ဤလွန်းပျံများသည် အခြေခံအားဖြင့် ထိုအမျိုးအစားများထဲ၌ ကြောက်မက်ဖွယ်အကောင်းဆုံး ယာဉ်များဖြစ်သည်။

လွန်းပျံ တိုက်ခိုက်ရေးယာဉ်များတွင် နည်းဗျူဟာပြောင်မြောက်သော နျူကလီးယားလက်နက်များတပ်ဆင်ထားသည်။ ၎င်းတို့၏ စွမ်းအားကို အပြည့်အဝထုတ်သုံးလိုက်သောအခါ မွေးဖွားခြင်းအခြေခံအဆင့် ကျွမ်းကျင်သူများကိုပင် ကြက်များကို သတ်သကဲ့သို့ လွယ်ကူစွာ သတ်ပစ်နိုင်ပေလိမ့်မည်။

ဟုတ်သည်။ ဤလွန်းပျံစီးရီး ယာဉ်တစ်စင်း၏ စျေးနှုန်းက ကောင်းကင်ယံတမျှ မြင့်မား၏။ ဂဏန်းနောက်မှ သုညအရေအတွက်သည် သာမန်လူများကို ထိတ်လန့်သွားစေသည်အထိ ခြောက်လှန်စေရန် လုံလောက်၏။

ဟုတ်သည်၊ သာမန်လူများသည် ဤပင်မတိုက်သင်္ဘောကို ဝယ်ယူရန် အရည်အချင်းမပြည့်မီပေ။

သို့သော် သာမန်လေသင်္ဘောများသည် အချိန်နှင့်အာကာသကို ဖြတ်သန်းသွားလာရန် ကြောက်မက်ဖွယ်ဖိအားကို ခံနိုင်ရည်မရှိသောကြောင့် ခွန်းလွင်နယ်မြေသို့ ဝင်ခွင့်ထွက်ခွင့်မရှိပေ။

အစောပိုင်းရက်များတွင် ကမ္ဘာနှစ်ခုကြားသွားလာနိုင်သော တိုက်သင်္ဘောများကို မတီထွင်နိုင်စဥ်ကာလတွင် ကမ္ဘာနှစ်ခုကြားသွားလာရန် သာမန်လူသားများပေးဆောင်ရမည့်စျေးနှုန်းသည် လူတို့ စိတ်ကူးယဥ်နိုင်သည်ထက် ကျော်လွန်၏။ အသေအပျောက်နှုန်းသည် အမြဲတစေ ၃၀%မျှရှိသဖြင့် မည်မျှ အန္တရာယ်ရှိသည်ကို တွေးကြည့်နိုင်၏။

ထို့အပြင် အချိန်နှင့် အာကာသကို ဖြတ်သန်းသွားလာရင်း တစ်ခုခု ဖြစ်ခဲ့ပါက၊ လေယာဥ်ပေါ်ရှိလူများကို ကယ်တင်ရန် နည်းလမ်းမရှိတော့ပေ။ ယခုအခါ အာကာသခရီးအတွက် အထူးယာဉ်တစ်စင်း ‌ဖန်တီးနိုင်လိုက်သဖြင့် ကမ္ဘာနှစ်နိုင်ငံကြားခရီးသွားရာတွင် အန္တရာယ်မရှိတော့ပေ။ လွတ်လပ်စွာသွားလာနိုင်သည်။

ယခုလည်း ဤယာဉ်ကို စွန့်ပစ်မြေ ၆၆သို့ ပို့ဆောင်ရန် အသုံးပြုလျက်ရှိသည်။

ဤ တိုက်ခိုက်ရေးယာဉ်သည် ဝေဟင်ထက်၌ ရပ်တန့်သွားပြီးနောက် ရှည်လျားသော သတ္တုလှေကားများကျလာသည်။ မတူညီသော ကျောင်းများမှ ကျောင်းသားများသည် မိမိတို့ သက်ဆိုင်ရာနေရာအလိုက် စစ်သင်္ဘာပေါ်တက်ကြ၏။

ချူးယွင်ဖန်းနှင့် အခြားသူများအတွက်လည်း ချွင်းချက်မရှိပေ။ ၎င်းတို့သည် တည်ငြိမ်သမုဒ္ဒရာမြို့မှ ကျောင်းသားဒါဇင်ပေါင်းများစွာနှင့်အတူ လွန်းပျံ တိုက်ခိုက်ရေးယာဉ်ပေါ်သို့ တက်ခဲ့ကြသည်။ ရုပ်မြင်သံကြား၊ အင်တာနက်၊ ဂျာနယ်များတွင် ဤ တိုက်ခိုက်ရေးယာဉ်အကြောင်း အကြောင်းအရာများစွာတွေ့ခဲ့ရသော်လည်း ဤကဲ့သို့ အမှန်စင်စစ် တိုက်ခိုက်ရေးယာဉ်ပေါ်တက်ရခြင်းနှင့် အလွန်ကွာခြားသည်။

တိုက်ခိုက်ရေးယာဉ်၏ ကိုယ်ထည်သည် လှိုဏ်ဂူကြီးတစ်ခုကဲ့သို့ကြီးမားကာ၊ အီလက်ထရွန်းနစ်ပစ္စည်းမျိုးစုံသည် ထောင့်တိုင်းတွင် တည်ရှိနေသောကြောင့် နည်းပညာကို ခံစားမိနိုင်သည်။ ကျောင်းသားများအနားယူရန်အသုံးပြုရန် အတွင်းထဲ၌ ထိုင်ဖုံများချထားသည်မှာ ထင်ရှား၏။

ကျောင်းသားထောင်ပေါင်းများစွာစီးနင်းလိုက်ပါလာသော်လည်း လူများပုံမပေါ်ပေ။ တစ်နည်းအားဖြင့်ပြောရလျှင် ယာဥ်သည် အလွန်ကျယ်ပြော၏။ ၎င်းသည် လူသားရေယာဥ်စုထဲ၌ အထင်ကရဖြစ်ရန် အမှန်တကယ်ပင် ထိုက်တန်၏။ ဤသည်မှာ လူသားမျိုးနွယ်၏ အောင်မြင်မှုများထဲမှ တစ်ခုဖြစ်သည်။

ကျောင်းသားများသည် ကြုံရာကျပန်းလမ်းလျှောက်နေကြခြင်းမဟုတ်ပေ။ သက်ဆိုင်ရာမြို့နယ်အလိုက်စုစည်းကာ တင်ပျဥ်ခွေထိုင်နေကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျောင်းသားထောင်ပေါင်းများစွာသည် အနည်းဆုံး စွမ်းအင်သန့်စင်ခြင်းအဆင့်နှင့် အထက်တွင်ရှိနေကြောင်း မြင်တွေ့ရမည်ဖြစ်သည်။ အနည်းဆုံး ၎င်းတို့သည် စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်၌ရှိကြ၏။

“ချူးယွင်ဖန်း ကြည့်စမ်း၊ အဲ့တာ သုန်ဖန်း‌ဟောက်မဟုတ်ဘူးလား” ဂေါင်ဟုန်ချီက ချူးယွင်ဖန်းကို လှမ်းဆွဲကာ အဝေးသို့ ညွှန်ပြလိုက်သည်။ သုန်ဟွာအမှတ်(၁)အထက်တန်းကျောင်းသားများရှိရာနေရာ၌ အနက်ရောင်အဝတ်အစားဝတ်ထားသော လူငယ်တစ်ဦးသည် အလယ်ဗဟို၌ ရပ်နေ၏။ ချောမောသော မျက်နှာရှိ၍ မျက်ခုံးမွှေးများသည် ထူထဲနက်ရှိုင်းကာ နားထင်အထိရောက်နေ၏။ ဤသို့ရောက်လာသော ကျောင်းသားများအားလုံးသည် လက်ရွေးစင်ကျောင်းသားများနှင့် ထူးချွန်သော ပုဂ္ဂိုလ်များဖြစ်ကြသော်လည်း သုန်ဖန်းဟောက်တစ်ဦးတည်း၏ တည်ရှိမှုဖြင့် သုန်ဟွာမြို့၏ ကျောင်းသားများအားလုံးကို နှိမ်နင်းရန်လုံလောက်သည်။ ဆူညံသော ပတ်ဝန်းကျင်သည် သူ၏ ထက်မြက်မှုကို နှောက်ယှက်နိုင်၏။ တစ်ယောက်ယောက်မှ သူတည်ရှိရာသို့ကြည့်မလိုက်မိသည်နှင့် သူ၏ တည်ရှိမှုကို လျစ်လျူရှုနိုင်လိမ့်မည်မဟုတ်ပေ။

ထိုပုဂ္ဂိုလ်သည် မရေမတွက်နိုင်သော လူများစွာ၏ အာရုံစိုက်မှုဖြစ်လာသည်။ သူသည် သုန်န်ဟွာမြို့တွင် နံပါတ်တစ်ကျောင်းသားဖြစ်သည့် သုန်ဖန်းဟောက်ပင်ဖြစ်သည်။

ဤနေရာတွင် တုန်ဖန်းဟောက်အကြောင်း မသိသူ၊ တစ်ယောက်မျှမရှိနိုင်ပေ။ နောက်ဆုံးတွင်သူသည် ဒဏ္ဍာရီတစ်ပုဒ်သဖွယ်ဖြစ်သည်။ ၎င်းတို့သည် သူ့အား မျက်စိဖြင့် မမြင်ဖူးကြလျှင်ပင် ရုပ်မြင်သံကြားအစီအစဥ်အမျိုးမျိုးတွင် မြင်ဖူးကြလိမ့်မည်ဖြစ်သည်။

“သူတကယ့်ကို စွမ်းအားကြီးတာပဲ”

ချူးယွင်ဖန်းသည် သုန်ဖန်းဟောက်၏ ခန္ဓာကိုယ်တွင်းမှ စွမ်းအင်စီးဆင်းမှုကို ပြင်းပြင်းထန်ထန်ခံစားမိသည်။ ယင်းသည် မယုံနိုင်ဖွယ် ပြင်းထန်လွန်းကာ၊ အခြားသူများထက် အဆပေါင်းများစွာသန်မာ၏။

သုန်ဖန်းဟောက်၏ အနားတွင် ချူးယွင်ရှင်းနှင့် အခြားလူအချို့ရပ်နေကြသည်။ ဤလူတစ်ဦးစီတွင် အခြားမျိုးမှ ကျွမ်းကျင်ပညာရှင်များထက် များစွာသာလွန်သော အရှိန်အဝါများရှိကြသည်။

သို့သော် ထိုလူများသည် သုန်ဖန်းဟောက်ရှေ့တွင်မူ မည်သို့မျှမဟုတ်ကြပေ။

ထိုကဲ့သို့ကျင့်ကြံရေးဖြင့် သုန်ဖန်းဟောက်၏ စွမ်းအင်နှင့် ဖျတ်လတ်မှုသည် အဆင့်တစ်ခုတွင်ရှိနေသည်မှာ အသေအချာပင်ဖြစ်သည်။

ယင်းသည် မွေးဖွားခြင်းနယ်မြေအဆင့် ဖြစ်သည်။

All Chapters