အခန်း (၂၇၇-၂၇၉)
Vol. 19 Ch. 277-279
အခန်း(၂၇၇) မင်းစမ်းကြည့်လို့ရတယ်
စွမ်းအင်နှင့် ဖျက်လတ်မှုတို့ ချိတ်ဆက်လိုက်သောအခါ ၎င်းသည် လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်း၌ သေးငယ်သော စက်ဝန်းတစ်ခု ဖြစ်ပေါ်လာစေလိမ့်မည်ဖြစ်သည်။ ထိုအချိန်မှစ၍ ချီစွမ်းအင်သည် အလိုအလျောက်လည်ပတ်နေမည်ဖြစ်ကာ တမင်တကာဖြန့်ကျက်ရန်မလိုအပ်တော့ပေ။
သန့်စင်ခြင်းအဆင့်အောက်တွင်ရှိသော လူများကျင့်ကြံသည့်အခါတွင်မူ ထိုသူများသည် ၎င်းတို့၏ ချီစွမ်းအင်ကို ရည်ရွယ်ချက်ရှိရှိ ညွှန်ကြားရန်လိုအပ်မည်ဖြစ်သော်လည်း သန့်စင်ခြင်းအဆင့်ကျင့်ကြံသူများအတွက်မူ ၎င်းတို့သည် လေ့ကျင့်မှုမပြုလုပ်ရသေးသည့်တိုင် ၎င်းတို့၏ ချီစွမ်းအင်သည် အဆက်မပြတ်လည်ပတ်နေမည်ဖြစ်သည်။ ယင်းသည် ၎င်းတို့၏ ကျင့်ကြံရေးအချိန်တိုင်းတိုးတက်လာသည်နှင့် ညီမျှ၏။
ကျင့်ကြံချိန်ကဲ့သို့ မြန်လိမ့်မည်မဟုတ်သော်လည်း ဤသည်မှာ အချိန်တိုင်းမရပ်မနား ကျင့်ကြံသည်နှင့် ညီမျှသည်။ ၎င်းတို့၏ တိုးတက်မှုနှုန်းသည် သန့်စင်ခြင်းအဆင့်အောက် ကျင့်ကြံသူများနှင့် နှိုင်းယှဥ်၍ရမည်မစုတ်ပေ။
ရှေးဟောင်းလူသားများကာလ ကျင့်ကြံရေးစနစ်အရ၊ သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မှသာလျှင် ကျင့်ကြံရေးအဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုအဆင့်မတိုင်မီတွင်မူ ကျင့်ကြံရေးအဆင့် အကြိုပြင်ဆင်မှုသာဖြစ်သည်ဟု ယူဆရလိမ့်မည်ဖြစ်သည်။
နှိုင်းယှဥ်ပြောရလျှင် လူအများစုသည် ကျင့်ကြံရန်မသင့်တော်သည့်အပြင် ထိုသို့ကျင့်ကြံရန် လိုအပ်သော အခြေအနေများလည်းမရှိပေ။ အကယ်၍ လူတစ်ဦး၏ ခန္ဓာကိုယ်သည် အလွန်အားနည်းကာ ချီပင်လယ်မရှိပါက ၎င်းတို့သည် ကျင့်ကြံရန်မသင့်တော်ပေ။ ထူးခြားသော အရည်အချင်းရှိသူများမှလွဲ၍ လူတိုင်းသည် အတူတူသာဖြစ်သည်။
ထို့ကြောင့် မျက်မှောက်ခေတ်တွင် ကျင့်ကြံသူများရှိသော်လည်း ပမာဏမများပြားလှပေ။ ထိုအချိန်တွင် အမွေဆက်ခံသူရှာရန်မှာ အလွန်ခက်ခဲသည့်အပြင် အမွေအနှစ်များသည်လည်း ပျက်ဆီးနေခဲ့၏။
ခေတ်သစ်ကျင့်ကြံရေးတွင် ပထမအဆင့်မှာ ကိုယ်ခန္ဓာအဆင့်ဖြစ်သည်။ ၎င်းနောက်၊ ချီပင်လယ်အဆင့်ဖြစ်သည်။ ဤအဆင့်နှစ်ဆင့်သည် ကျင့်ကြံရေးစနစ်တစ်ခုလုံး၏ အခြေခံအုတ်မြစ်ဖြစ်ကာ မွေးရာပါ စွမ်းအင်မလုံလောက်မှုကို ပြောင်းပြန်လှန်ပစ်နိုင်၏။ ဤအဆင့်တွင် အခြေခံအုတ်မြစ်ပို၍ ခိုင်မာလေလေ၊ စွမ်းအားကောင်းလေလေဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်၏ ကျင့်ကြံရေးကာလကြာမြင့်လေလေ၊ ပို၍ စွမ်းအားကြီးလာလေလေဖြစ်သည်။
ထို့ကြောင့် လူတစ်ဦးသည် သန့်စင်ခြင်းအဆင့်သို့ ရောက်မှသာလျှင် တံခါးဝသို့အမှန်တကယ်ဝင်ရောက်လာသည်ဟု ယူဆနိုင်သည်။ ရှေးခေတ် တရုတ်ပြည်တွင် ကျင့်ကြံနိုင်သူများသည် မွေးရာပါ ပါရမီရှင်များဖြစ်သောကြောင့် စစ်မှန်သော ကျင့်ကြံရေးအဆင့်မှ စတင်ခဲ့ကြသည်။ သဘာဝအလျောက်ပင် ၎င်းတို့သည်မူအုတ်မြစ်ချရန်မလိုအပ်ခဲ့ပေ။
သို့ရာတွင် ကျင့်ကြံရေးစနစ်တစ်ခုလုံးတွင် သန့်စင်ခြင်းအဆင့်သည် အစပထမသာဖြစ်၏။ အထက်တ်းကျောင်းသားများကြားတွင်ပင် သန့်စင်ခြင်းအဆင့်သို့ရောက်သူသည် ဖီးနစ်အမွှေးများနှင့် ယူနီကွန်းဦးချိုများကဲ့သို့ ရှားပါးနေသေး၏။
ဤသုန်ဖန်းဟောက်၏ စွမ်းအားသည် တကယ်ကိုပင် ကြောက်စရာကောင်းလှသည်။
လွန်ခဲ့သော တစ်နှစ်ခွဲကျော်ခန့်၊ လူအများစုသည် ချီပင်လယ်အဆင့်တွင် ရှိနေကြစဥ်၊ သူသည်စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ၊ ယခုဆိုလျှင် သူသည် သုန်ဟွာမြို့ရှိ ရေတွက်၍မရနိုင်သော ကျောင်းသားများစွာအနက်၊ သန့်စင်ခြင်းအဆင့်သို့တက်လှမ်းနိုင်ခဲ့သည့် တစ်ဦးတည်းသောကျောင်းသားသာဖြစ်သည်။ ထို့ကြောင့် သူ၏ခွန်အားသည် လူတိုင်းမြင်နိုင်သည်အထိ ထင်ရှား၏။
“သူက တကယ်စွမ်းအားကြီးတယ်။ အခုအချိန်မှာ ငါသူနဲ့ ယှဥ်လို့မရသေးဘူး” ချူးယွင်ဖန်းက လေးနက်သော အမူအယာဖြင့်ပြောသည်။ သူသည် သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများနှင့် တစ်ကြိမ်ထက်မကတိုက်ခိုက်ခဲ့ဖူးသောကြောင့် ဤသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများ မည်မျှ ထိတ်လန့်ဖွယ်ကောင်းသည်ကို သူရှင်းလင်းစွာသိထားသည်။ အခြား မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေကာမူ၊ ၎င်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရပါက ချူးယွင်ဖန်းအတွက်ရှုံးနိမ့်မှုသာရှိပေလိမ့်မည်ဖြစ်သည်။
ချူးယွင်ဖန်းပြောသောစကားသည် သတ်မှတ်ချက်တစ်ခုမျှသာဖြစ်သည်။ ရန်ကျွင်း၊ ယုရှင်းယွမ်နှင့် တုန်ရှင်းရန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ၊ စိတ်ကူးပင်မယဥ်နိုင်လောက်သကဲ့သို့ ခံစားနေကြရသည်။ ချူးယွင်ဖန်းသည်မူ သုန်ဖန်းဟောက်ကို အမှန်တကယ်ပစ်မှတ်ထားထားခဲ့၏။ သူစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့သည်မှာ အချိန်အတော် ကြာမြင့်သည်ထက် ကြာမြင့်နေပြီဖြစ်သောကြောင့် သုန်ဖန်းဟောက်အား ပစ်မှတ်အဖြစ်သတ်မှတ်ထားသည့် ကျောင်းသားမရှိသည်မှာလည်းကြာမြင့်ခဲ့ပြီဖြစ်သည်။
သူနှင့်နှိုင်းယှဥ်၍ ရလိမ့်မည်ဟု မည်သူမျှမခံစားခဲ့ကြရပေ။ ကျောင်းသားတစ်ယောက် မည်မျှပင်သန်မာနေစေကာမူ၊ သုန်ဖန်းဟောက်၏ရှေ့တွင် သူတို့ မည်သို့မျှဖြစ်မလာကြပေ။ သူသည် ယခုနှစ်ကောလိပ်ဝင်ခွင့်စာမေးပွဲများတွင် အမှတ်အများဆုံးရနိုင်သည့် အရည်အချင်းနှင့်ပြည့်မီသော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်၏။
ချူးယွင်ဖန်းသည် မြို့တစ်မြို့၏ အစွမ်းအထက်ဆုံးကျောင်းသားဖြစ်လာခဲ့သော်လည်း သုန်ဟွာမြို့၏ စွမ်းအားအကြီးဆုံးကျောင်းသားဖြစ်သည့် တုန်ဖန်းဟောက်နှင့် သူ့အကြားတွင် ကွာဟချက်များစွာရှိနေသည်။ ၎င်းတို့သည် တူညီသော အဆင့်တွင်ရှိမနေကြပေ။
တစ်ဖက်တွင် ဂေါင်ဟုန်ချီနှင့် တန်စီယုတို့သည် မည်သို့မျှ မထူးခြားပေ။ ချူးယွင်ဖန်းအား သူတို့မည်မျှယုံကြလာကြောင်းကို သူတို့ကိုယ်တိုင်မသိကြပေ။
လူနှစ်ဦးသည် ရုတ်တရက် သူတို့အနားသို့ သတိရှိစွာချဥ်းကပ်လာကြသည်။
ချူးယွင်ဖန်း ခေါင်းမော့ကြည့်လိုက်သောအခါတွင် ၎င်းတို့ထဲမှ တစ်ယောက်သည် သူတစ်ချက်တည်းထိုးရုံဖြင့်ကျရှုံးခဲ့ရသော ဖန်ရှု့ဝမ်မှလွဲ၍ အခြားသူမဟုတ်ကြောင်း သိလိုက်ရသည်။
သူ့ရှေ့တွင်မူ အရပ်ရှည်ကာ တောင့်ခိုင်သော လူငယ်တစ်ဦးရှိသည်။ ၎င်းသည် ကျန်းလဲ့မှလွဲ၍ အခြားသူမဟုတ်ပေ။
“ငါ့နားတွေက ငါ့ကို လှည့်စားနေတာလား။ တစ်ယောက်ယောက်က တကယ်ပဲသုန်ဖန်းဟောက်နဲ့ သူ့ကိုယ်သူယှဥ်ချင်နေတာလား” ကျန်းလဲ့က ရှေ့သို့တိုးကာ လှောင်ပြုံးပြုံးလိုက်သည်။
ချူးယွင်ဖန်းသည် ဤလူမည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းရန်မလိုအပ်ပေ။ ဖန်ရှု့ဝမ်အား လေးစားအောင်လုပ်နိုင်သူသည် တစ်ယောက်သာရှိသည်။ ၎င်းသည် ကျန်းမိသားစုမှတိုက်ရိုက်ဆင်းသက်လာသူ ကျန်းလဲ့သာဖြစ်၏။
“အစ်ကိုလဲ့၊ သူသေချာနားမလည်ပါဘူး” ဖန်ရှု့ဝမ်က ချူးယွင်ဖန်းကို ကြည့်ကာလှောင်ရယ်လိုက်သည်။
“ငါယှဥ်နိုင်နိုင် မယှဥ်နိုင်နိုင် အချို့လူတွေကတော့ ယှဥ်လို့တောင်မရတော့ဘူး” ချူးယွင်ဖန်းကပြောသည်။
“သုန်ဟွာမြို့ အမှတ်(၁) အထက်တန်းကျောင်းက ကျန်းလဲ့မလား”
“အင်း အဲ့တာ သူပဲ။ သုန်ဟွာမြို့က ထိပ်တန်းကျောင်းသားဆယ်ယောက်ထဲကတစ်ယောက်ပဲ”
“သူဒီမှာဘာလုပ်နေတာလဲ”
ကျန်းလဲ့နှင့် ဖန်ရှု့ဝမ်တို့ရောက်ရှိလာမှုသည် တည်ငြိမ်သမုဒ္ဒရာမြို့ အထက်တန်းကျောင်းသားများစွာ၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သူသည် သုန်ဖန်းဟောက်တမျှ နာမည်မကြီးသော်လည်း သုန်ဟွာမြို့ ထိပ်တန်းကျောင်းသားဆယ်ယောက်ထဲမှ တစ်ယောက်အနေဖြင့် သူ၏ အစွမ်းသတ္တိသည် ယခုအချိန်ထိ နာမည်ကြီးနေဆဲဖြစ်သည်။
တည်ငြိမ်သမုဒ္ဒရာမြို့တော်အတွင်း၌ပင် သူ၏ အစွမ်းသတ္တိကို လူများစွာကသိကြသည်။ ၎င်းတို့သည် တည်ငြိမ်သမုဒ္ဒရာမြို့တွင် ထိပ်တန်းကျောင်းသားမဖြစ်နေပြီဖြစ်သဖြင့် ပို၍ အဆင့်မြင်ချင်ပါက သုန်ဟွာမြို့ရှိထိပ်တန်းကျောင်းသားများကို ဆက်လက်ကြည့်ရှု့ရမည်ဖြစ်သည်။
“အချို့လူတွေက ရည်မှန်းချက်ကြီးလွန်းတယ်” ကျန်းလဲ့က ချူးယွင်ဖန်းကိုလှောင်ပြောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ငါသူ့ကို ပြောစရာရှိလို့ ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါ” ကျန်းလဲ့က ချူးယွင်ဖန်းကို တည့်တည့်စိုက်ကြည့်ကာပြောလိုက်သည်။
လူတိုင်းသည် သူ့အတွက် အလျင်အမြန်ပင် လမ်းဖယ်ပေးလိုက်ကြသည်။
“ငါ့ ကမ်းလှမ်းချက်ကောင်းတွေကို မင်းက ငြင်းရဲတာလား” ကျန်းလဲ့က ခပ်တိုးတိုးပြောသည်။
“မင်းကိုယ်မင်း ဘာထင်နေတာလဲ။ မင်းပြောသမျှကို ငါသဘောတူရမှာလား” ချူးယွင်ဖန်းကလှောင်ပြောင်ကာ ပြောလိုက်သည်။
“မင်း နောင်တရလိမ့်မယ်။ နောက်ဆုံးတော့လည်း မင်းခေါင်းပဲလေ။ မင်းခေါင်းအတွက်ထုတ်ထားတဲ့ ဆုကြေးငွေက ရှိနေတုန်းပဲ။ ငါအဲ့တာကိုယူချင်တယ်” ကျန်းလဲ့က ခပ်တိုးတိုးပြောသည်။
“ငါ့ဆီလာပြီး ဒီကိစ္စတွေပြောရဲလောက်တဲ့အထိ ဘယ်လောက်တောင် သတ္တိရှိနေတာလဲ။ မင်းမှာအရည်အချင်းရှိရင် လာစမ်းပါ။ အဲ့ သန်းငါးဆယ်ကိုယူလိုက်” ချူးယွင်ဖန်းကပေါ့ပါးစွာပြောသည်။
“မင်းလုပ်နိုင်ရင် ဆက်လုပ်လေ။ ပါးစပ်နဲ့ပဲပြောနေလို့ဘာထူးမှာလဲ”
“ကောင်းတယ်။ မင်း သတ္တိရှိသားပဲ။ ဟားဟားဟား”
“မင်း ငါ့ဝမ်းကွဲအစ်ကိုကို အနိုင်ယူနိုင်ခဲ့တာကြောင့် ငါ့မိသားစုက အဲ့ထက်မပိုဘူးလို့ တွေးကောင်းတွေးနေလိမ့်မယ်။ အေး၊ သိပ်မကြာခင်ကျရင် မင်းလို သာမန်လူက ကျန်းမိသားစုအတွက် ခွေးထက်မပိုဘူးဆိုတာ နားလည်အောင် ငါလုပ်ပေးမယ်”
ချူးယွင်ဖန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
“မင်းကြိုးစားကြည့်လေ”
ကျန်းလဲ့က ချူးယွင်ဖန်းကို အေးစက်သောအပြုံးဖြင့်ကြည့်၍ နောက်သို့လှည့်ကာ ထွက်သွားသည်။
“မင်း ဒီနေ့ဘာပြောခဲ့လဲဆိုတာ မှတ်ထားပါ”
လူတိုင်းက ချူးယွင်ဖန်းနှင့် ကျန်းလဲ့ကို ကြည့်ကာ၊ ၎င်းတို့ကြားမှ ရန်ငြှိုးကို ခန့်မှန်းနေကြသည်။ ၎င်းတို့နနှစ်ယောက်ကြားတွင် သွေးဆိုးများရှိကြသည်မှာ ထင်ရှား၏။ ဆိုးရွားသော အကြောင်းအရာများက ၎င်းတို့နှစ်ဦးကို ခွဲခြားထားသကဲ့သို့ပင်ဖြစ်သည်။
သို့သော် ဆက်လက်၍ မခန့်မှန်းနိုင်ခင်တွင်ပင် ရုပ်သံဖော်ပြချက်တစ်ခုပေါ်လာကာ လူတစ်ယောက်၏ရုပ်ပုံထွက်ပေါ်လာ၏။
ယင်းမှာ အသက် ခြောက်ဆယ်၊ သို့မဟုတ် ခုနှစ်ဆယ်ခန့်ရှိသော အဘိုးအိုတစ်ဦးဖြစ်သည်။ သူသည် ရှေးခေတ်တရုတ်ဝတ်စုံကို ဝတ်ဆင်ထားကာ၊ ဆံပင်များဖြူဖွေးနေသော်လည်း အားမန်အပြည့်ရှိသည်။ ထိုသူသည် ပညာရှိတစ်ယောက်နှင့် တူ၏။
အခန်း(၂၇၈) အန္တရာယ်ရှိသော အမှတ်ပေးစနစ်
ရုတ်ချည်းပေါ်လာသော ပရိုဂရမ်ထဲမှ လူတစ်ယောက်ကိုကြည့်ကာ ကျောင်းသားအားလုံးငြိမ်သွားကြသည်။
“အားလုံးမင်္ဂလာပါ။ ငါ့နာမည်က ကျန်းဝူကျီပါ တချို့ကငါ့ကို မှတ်မိကြပေမယ့် အများစုကတော့ ငါဘယ်သူလဲဆိုတာ မသိကြသေးပါဘူး” အဘိုးကြီးကဖြည်းညှင်းစွာပြောသည်။ သူ၏ အသံသည် အလွန်မကျယ်လောင်လှသော်လည်း ၎င်းတွင် မှော်အစွမ်းတမျိုးကိန်းအောင်းနေ၏။ လူအုပ်ကြီးသည် ချက်ချင်းပင် တိတ်ဆိတ်သွားကာ သူ့စကားကို နားထောင်လိုက်ကြသည်။
“ကျန်းဝူကျီ…”
ဤနာမည်ကိုကြားသောအခါ လူအုပ်ကြားထဲ၌ ကျယ်လောင်သောအသံများပေါ်ထွက်လာသည်။ ကျန်းဝူကျီသည် ပြည်ထောင်စုတက္ကသိုလ်၏ ဥက္ဠဌဖြစ်ကြောင်း အားလုံးသိကြသောကြောင့် လူများစွာသည် အလွန်အမင်းစိတ်လှုပ်ရှားလာကြသည်။
လူများစွာသည် ပြည်ထောင်စုတက္ကသိုလ်၏ ဥက္ကဌကို မမြင်ဖူးကြသော်လည်း ဤနာမည်ကို ကြားဖူးမှာ သေချာ၏။ ဤသည်မှာ လူ့အဖွဲ့အစည်းအားလုံးအတွက် ဒဏ္ဍာရီလာအမည်တစ်ခုဖြစ်သည်။
ပြည်ထောင်စုတက္ကသိုလ်သည် ယခင်က မရှိခဲ့ပေ။ ကျန်းဝူကျီသည် မိမိကိုယ်တိုင်၏လက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းသည် လူအများ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့ကာ တပည့်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်မှစ၍ လူ့အဖွဲ့အစည်းအတွက် နံပါတ်တစ်တက္ကသိုလ်ဖြစ်လာခဲ့သည်။
တစ်နည်းဆိုရလျှင် ကျန်းဝူကျီသည် အနည်းဆုံး အသက်နှစ်ရာခန့်ရှိပြီဖြစ်ကာ လူအများက သူ၏ အတိတ်မှ ဘုန်းကျက်သရေအကြောင်းသိကြသည်။ လွန်ခဲ့သည့် နှစ်ရာဂဏန်းအတွင်းတွင် ဖြစ်ပျက်ခဲ့သော လူသားမျိုးနွယ်ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကဖြစ်ရပ်အများစုတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သည်။ သူ၏ တပည့်များသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ ပျံ့နှံ့လျက်ရှိသည်။ သူသည် လက်ရှိပြည်ထောင်စုသမ္မတပင် မယှဥ်နိုင်သည့် လွှမ်းမိုးမှုကို ပိုင်ဆိုင်ထား၏။
လူတိုင်းသည် သူ့အကြောင်းနှင့် သူ၏ အမည်ကို ကိုယ်စားပြုသော ဒဏ္ဍာရီများစွာကြောင့် ချက်ချင်းပင် တလေးတစားရှိကြသည်။
“ငါက ပြည်ထောင်စုတက္ကသိုလ်ရဲ့ လက်ရှိဥက္ကဌပါ” ကျန်းဝူကျီက ဖြည်းညှင်းစွာပြောလိုက်သည်။
“ငါတို့ တက္ကသိုလ်မှာ နှစ်စဥ်နှစ်တိုင်း ငါတို့ကျောင်းမှာနေရာတစ်နေရာရဖို့ ကျောင်းသားတွေအများကြီး လျှောက်ကြတာ ငါအရမ်းကျေနပ်မိတယ်” ကျန်းဝူကျီကပြောသည်။ “မင်းတို့ ဝင်ခွင့်ကို မကျော်ဖြတ်နိုင်ကြသေးပေမယ့် မင်းတို့ထဲက အများစုကတော့ ဝင်ရောက်နိုင်လိမ့်မယ်လို့ ငါထင်ပါတယ်။ မင်းတို့အားလုံးက ကျောင်းသားတွေအများကြီးထဲကအကောင်းတကာ့အကောင်းဆုံးတွေဖြစ်တဲ့ လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်ပဲ”
“ငါ ဒီလောက်နဲ့ပဲရပ်လိုက်မယ်။ မင်းတို့အားလုံး ပြည်ထောင်စုတက္ကသိုလ်ကို ဝင်နိုင်တဲ့အခါ ငါတို့တစ်ယောက်အကြောင်းတစ်ယောက်သိဖို့ အချိန်အများကြီးရကြဦးမှာပါ။ အားလုံးပဲ၊ ကံကောင်းပါစေ”
ကျန်းဝူကျီ၏ မိန့်ခွန်းသည် အလွန်မရှည်လှသော်လည်း ကျောင်းသားများကို စိတ်လှုပ်ရှားစေသည်။ ၎င်းသည် ပြည်ထောင်စုတက္ကသိုလ်ဖြစ်သည်။ အကယ်၍ ယင်းသို့ဝင်ရောက်နိုင်ပါက ၎င်းတို့၏ ဘဝတစ်လျှောက်လုံး အာမခံချက်ရသွားမည်ဖြစ်သည်။
၎င်းတွင် သူတို့၏ ဘဝကို ပြောင်းလဲပစ်နိုင်သည့်အလားအလာရှိ၏။
ကျန်းဝူကျီ၏ ပုံရိပ်ပျောက်သွားပြီးနောက် တိုက်သင်္ဘောတစ်ခုလုံး၏ ပတ်ဝန်းကျင်သည်လည်းပြောင်းလဲသွားသည်။ ချက်ချင်းဆိုသလိုပင် နည်းပညာများဖြင့် ပြည့်နှက်နေသည့် လှပသော ရှု့ခင်းများပျောက်ကွယ်သွားကာ၊ ၎င်းတို့သည် ပြင်ပမြင်ကွင်းကို ငေးကြည့်လိုက်ကြသည်။ မိုးပြာရောင်ကောင်းကင်များနှင့် တိမ်ဖြူများကို နေရာအနှံ့တွင်တွေ့နိုင်၏။
ကျန်းဝူကျီစကားပြောနေသည့်နှင့် တိုက်သင်္ဘောထွက်ခဲ့ခြင်းဖြစ်ကာ၊ ကမ္ဘာမြေဆွဲအား ဆန့်ကျင်ခြင်းအစီအစဥ်
ကျေးဇူးဖြင့် လူတစ်ယောက်၏ ကျင့်ကြံရေးမနိမ့်လျှင်ပင် တိုက်သင်္ဘောထွက်ခွာသွားကြောင်း အာရုံခံစားမိနိုင်မည်မဟုတ်ပေ။
ထို့နောက် ယူနီဖောင်းဝတ်ထားသော လူလတ်ပိုင်းစစ်အရာရှိတစ်ဦးသည် အားလုံး၏ရှေ့၌ပေါ်လာ၏။
၎င်းသည် တပ်မတော်အရာရှိ ဗိုလ်မှုးကြီးတစ်ဦးဖြစ်သည်။
“မင်္ဂလာပါ ကျောင်းသားတို့ ငါ့နာမည်က ဖုန်းယွင်ပါ။ ငါက ဒီ တိုက်ခိုက်ရေးယာဉ်ရဲ့ ကပ္ပတိန်ပါ။ အဲ့တာကြောင့် ငါ့မှာ မင်းတို့အားလုံးကို စာမေးပွဲစစ်တဲ့နေရာရောက်အောင် ပို့ပေးဖို့တာဝန်ရှိတယ်” လူလတ်ပိုင်းအရာရှိကပြောသည်။
“အခုအကြိမ်အကဲဖြတ်မှာက စွန့်ပစ်နယ်မြေ ၆၆မှာ လုပ်မှာပဲဖြစ်ပါတယ်။ အရင်ဖြစ်ရပ်အချို့ကြောင့် စွန့်ပစ်နယ်မြေ ၆၆ကို အသိမ်းခံလိုက်ရတယ်။ ဒါပေမယ့် အခုတော့ မင်းတို့အားလုံး လူသားမျိုးနွယ်ရဲ့ လက်ရွေးစင်တွေအဖြစ်နဲ့ တာဝန်ကျေပွန်ရမယ့်အချိန်ကိုရောက်လာပြီပဲဖြစ်ပါတယ်။ မင်းတို့ နယ်မြေထဲရောက်တာနဲ့ မင်းတို့ရဲ့တစ်ခုတည်းသော တာဝန်က အဲ့လူတွေကို ချေမှုန်းဖို့ပဲဖြစ်ပါတယ်။ အဲ့ ရာဇဝတ်ကောင်တွေမှာ မိုက်ခရိုချစ်ပ်တွေရှိတယ်။ သူတို့ထဲက တစ်ယောက်ယောက်ကို မင်းတို့သတ်တာနဲ့ အဲ့တာကို မှတ်တမ်းတင်ထားပြီးတော့ မင်းတို့ရဲ့ အမှတ်တွေအဖြစ်ပြောင်းပစ်မှာပဲ။ အဲ့အမှတ်တွေက နောက်ဆုံးမှာ မင်းတို့ ဝင်ခွင့်ရမယ်မရဘူးဆိုတာကို အဆုံးအဖြတ်ပေးမှာမို့လို့ အဲ့အမှတ်တွေကို လျှော့မတွက်ပါနဲ့”
“ဒီတစ်ကြိမ်တော့ သုန်ဟွာမြို့ရဲ့ ကျောင်းသားတွေက အို့ဟွာနဲ့ နမ်ဟွာမြို့က ကျောင်းသားတွေနဲ့အတူသွားရမယ်။ ဒီအကဲဖြတ်မှုမှာ အဲ့မြို့နှစ်မြို့က ကျောင်းသား စုစုပေါင်း ခြောက်ထောင်ကျော်ရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုတက္ကသိုလ်မှာ ကျောင်းသားလေးထောင်ပဲလက်ခံမှာဖြစ်တဲ့အတွက်၊ ဖယ်ရှားခံရမယ့်သူ အယောက်နှစ်ထောင်ကျော်ရှိလိမ့်မယ်။ ပြီးတော့ ဖယ်ထုတ်ရေးစံနှုန်းကို ဒီအချက်တွေနဲ့ သတ်မှတ်မှာပဲဖြစ်တယ်”
ကျောင်းသားများ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ စွန့်ပစ်နယ်မြေ ၆၆တွင် ဖြစ်ပျက်ခဲ့သည်များကို အနည်းနှင့်အများ ကြားသိခဲ့ကြရသော်လည်း လူပေါင်း လေးထောင်ကျော်သာ ဝင်ခွင့်ရမည်ဆိုသောအချက်သည် သူတို့အားလုံးကို ထိတ်လန့်၊ တုန်လှုပ်သွားစေ၏။ ဤသည်မှာ ကျောင်းတွင်းပြိုင်ပွဲနှင့် ကွဲပြားသည်။ သူတို့အားလုံးသည် ခရိုင်တစ်ခုလုံးနှင့် မြို့တော်တစ်ခုလုံးမှ အကောင်းဆုံးများဖြစ်ကြသည်။ သို့သော် အခြေစိုက်မြို့တော်များအတိုင်းအတာအထိ ပြိုင်ဆိုင်မှုကို ချဲ့လိုက်လျှင် ပြိုင်ပွဲ၏ ခက်ခဲမှုသည် အဆတစ်ရာကျော် တိုးလာပေလိမ့်မည်ဖြစ်သည်။
အထူးသဖြင့် လူအများစု၏ ကျင့်ကြံရေးအဆင့်သည် စွမ်းအင်သ့န်စင်ခြင်းအဆင့် ဒုတိယအဆင့်ဝန်းကျင်တွင်ရှိကြသည်။ တစ်နည်းဆိုရလျှင် ထိုလူများဖယ်ရှားခံရနိုင်ချေသည် အလွန်မြင့်မား၏။
“သေစမ်း၊ ဘယ်လောက်တောင်ရက်စက်တာလဲ။ ဒီအတိုင်းဆက်သွားရင် ငါတို့အထဲမှာ ဘယ်သူက ကြိုးစားပြီးလုပ်ရဲတော့မှာလဲ” ယုရှင်းယွမ်ကပြောသည်။
အခြားသူများသည်လည်း ဤသို့တွေးကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ပြဿနာများသော ရေပြင်၌ ငါးဖမ်းရန် အခွင့်အလမ်းမရှိဟုဆိုလိုခြင်းဖြစ်၏။
သို့သော် ချူးယွင်ဖန်းသည်မူ အလွန်တည်ငြိမ်နေသည်။ အကြောင်းမှာ ပြည်ထောင်စုတက္ကသိုလ်သည် ဤပြဿနာများသော ရေပြင်၌ ငါးဖမ်းရန် အခွင့်အရေးမပေးကြောင်း သူအစတည်းက သိထားသောကြောင့်ဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်သည် အကောင်းတကာ့အကောင်းဆုံးအရာများကိုသာ စုဆောင်းခြင်းဖြစ်သဖြင့် သာမန်လူများသည် ထိုအတွက်အရည်အချင်းမပြည့်မီပါ။ လက်ရွေးစင်များထဲမှ လက်ရွေးစင်များကို ရွေးချယ်ရမည်ဖြစ်သဖြင့် စံနှုန်းသတ်မှတ်ချက်သည် မည်သို့ လွယ်ကူလိမ့်မည်နည်း။
“အခုတော့ အဲ့ရာဇဝတ်ကောင်တွေကို သတ်ရင်ရမယ့် အမှတ်ပေးစည်းမျဥ်းကို ကြေညာပါရစေ။ စွမ်းအင်သန့်စင်ခြင်းပထမအဆင့်ရှိတဲ့ အန္တရာယ်ရှိ ရာဇဝတ်ကောင်ကို သတ်ရင် တစ်မှတ်၊ စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့် ရာဇဝတ်ကောင်ကို သတ်ရင် သုံးမှတ်နဲ့၊ တတိယအဆင့်ကိုသတ်ရင် ဆယ်မှတ်၊ စတုတ္ထအဆင့်ကို သတ်ရင် အမှတ်သုံးဆယ်, နောက်ပြီး ပဥ္စမအဆင့်ကို သတ်ရင် အမှတ် ၁၀၀၊ ဆဠမအဆင့်ကို သတ်ရင် အမှတ် ၃၀၀ သတ္တမအဆင့်ကို သတ်ရင် အမှတ် ၁၀၀၀၊ အဠမအဆင့်အတွက် အမှတ် ၃၀၀၀၊ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့် ရာဇဝတ်ကောင်ကို သတ်ရင် အမှတ် ၁၀၀၀၀ပဲ။ မွေးဖွားခြင်းနယ်မြေအဆင့် ရာဇဝတ်ကောင်ကို သတ်ရင်တော့ အလိုအလျောက် ဝင်ခွင့်ရသွားမှာပဲဖြစ်တယ်”
အမှတ်ပေးစည်းမျဥ်းကြောင့် လူတိုင်းအုတ်အုတ်ကျက်ကျက်ဖြစ်သွားကြသည်။ အဆင့်တိုင်းတွင် အန္တရာယ်ရှိသော ရာဇဝတ်ကောင်များ၏ ရမှတ်များတွင် ကြီးမားသော ကွာခြားချက်ရှိ၏။ မွေးဖွားခြင်းနယ်မြေအဆင့် ရာဇဝတ်ကောင်များဖြစ်နိုင်ချေကို လျစ်လျူရှု့ထားလိုက်လျှင် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့် ရာဇဝတ်ကောင်များအတွက်မူ အမှတ်တစ်သောင်းဖြစ်ကာ၊ ပထမအဆင့်အတွက်မူ တစ်မှတ်သာရှိသည်။ တစ်နည်းအားဖြင့်ပြောရလျှင် စွမ်းအင်သန့်စင်ခြင်း ပထမအဆင့် ရာဇဝတ်ကောင် တစ်သောင်းကို သတ်ခြင်းသည် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့် ရာဇဝတ်ကောင်တစ်ကောင်ကို သတ်ခြင်းနှင့် ညီမျှ၏။
အမှီလိုက်ရန် အခွင့်အရေးရှိပုံပေါ်သော်လည်း သူတို့သတ်ရန် ရာဇဝတ်ကောင် မည်မျှရှိနိုင်လိမ့်မည်နည်း။
ထို့အပြင် ထိုရာဇဝတ်ကောင်များထဲမှ မည်သူသည် မဆိုးယုတ်ကာ တိုက်ပွဲအတွေ့အကြုံမရှိသူရှိလိမ့်မည်နည်း။ ဤသို့သော တိုက်ပွဲမျိုးတွင် ၎င်းတို့ကိုယ်တိုင်ထက် အဆင့်မြင့်သော ကျောင်းသားများကို သတ်ခြင်းသည် အလွန်ပုံမှန်ပင်ဖြစ်သည်။
ဤကျောင်းသားများသ်ည လက်ရွေးစင်များအနက်မှ အကောင်းတကာ့အကောင်းဆုံးများဖြစ်ကြကာ၊ တိုက်ပွဲအတွေ့အကြုံများစွာရှိကြသော်လည်း ၎င်းတို့နှင့် ထိုရာဇဝတ်ကောင်များအကြားတွင် ရှင်းလင်းစွာ ကွာဟချက်ရှိနေဆဲဖြစ်သည်။
အမှတ်ပေးစည်းမျဥ်းအား ကြေညာလိုက်သည်နှင့် ချူးယွင်ဖန်းသည် ယင်းမှာ အန္တရာယ်များနှင့် ပြည့်နှက်နေကြောင်းခံစားမိသည်။ ၎င်းတို့သည် ဤလက်ရွေးစင်များထဲမှ အားနည်းသောအပိုင်းကိုဖယ်ရှားပစ်ရန် အကောင်းဆုံးကြိုးစားချင်ကြ၏။
အလွန်အန္တရာယ်မရှိစေရန်သာ လုပ်ကိုင်ကြရမည်ဖြစ်သည်။
အခန်း (၂၇၉) ခွန်းလွန်မြေ၏ ပထမဆုံး ပေါ်လာမှု
ကျောင်းသားများ အုတ်အုတ်ကျက်ကျက်ဖြစ်နေကြစဥ် တိုက်သင်္ဘောသည် တုန်ဟွာမြို့မှ အလင်း၏အလျင်ဖြင့် ပျံသန်းလာကာ၊ ခွန်းလွန်နယ်မြေနှင့် ကမ္ဘာမြေကြားရှိ နယ်နိမိတ်မျဥ်းဆီသို့ရောက်လာ၏။
နယ်နိမိတ်သည် ခွန်းလွန်တောင်များ၏ နက်နဲသော အတွင်း၌ရှိသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာ တုန်လှုပ်ချောက်ခြားဖွယ် ဓားချက်တစ်ခုကြောင့် ခွန်းလွန် တောင်တန်းကြီးများ အတွင်းကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခုပေါ်ပေါက်လာခဲ့သည်။
အက်ကြောင်း၏ အခြားတစ်ဖက်တွင် ဒဏ္ဍာရီလာခွန်းလွန်နယ်မြေဖြစ်သည်။
ကျောင်းသားအားလုံးက ယင်းကို စောင့်မျှော်နေကြသည်။ ၎င်းတို့၏အမူအယာများတွင် စိတ်လှုပ်ရှားမှုများကိန်းအောင်းနေ၏။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုအစိုးရသည် ခွန်းလွန်နယ်မြေသည် လူသားမျိုးနွယ်တစ်ခုလုံး၏ အနာဂတ်ဖြစ်ကြောင်း နှစ်ပေါင်းများစွာပြောကြားခဲ့သောကြောင့်ဖြစ်ရာ၊ ကမ္ယာမြေပေါ်ရှိ နေရာအများစုသည် မွန်းစတားများဖြင့် ပြည့်နှက်နေပြီဖြစ်သဖြင့် ဖွံ့ဖြိုးတိုးတက်ရန် နေရာများစွာမရှိပေ။
ယခင်က နေရာများ၏ တစ်ရာခိုင်နှုန်းအောက်တွင်သာ လူများစွာနေထိုင်နိုင်ခဲ့ကြရာ၊ လူ့နည်းပညာအရှိန်အဟုန်ဖြင့် တိုးတက်မလာလျှင် လူအများစုသည် ငတ်သေသွားကြပေလိမ့်မည်ဖြစ်သည်။
ခွန်းလွန်ခေတ်၏ ပထမနှစ်အနည်းငယ်သည် မှောင်မိုက်နေခဲ့သည်။ မရေမတွက်နိုင်သော အဖြစ်ဆိုးများသည် လူ့ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပွားခဲ့ကြကာ၊ လူသားများသည် မရေရာသောအခြေအနေသို့ ကျရောက်ခဲ့ကြရသည်။ ခွန်းလွန်နယ်ပယ်တွင်သာ လူသားများပိုမို ဖွံ့ဖြိုးတိုးတက်လာကြလိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် ဝိဉာဥ်စွမ်းအင်ရှိသော်လည်း ၎င်းကို ခွန်းလွန်နယ်မြေနှင့် နှိုင်းယှဥ်၍မရပေ။ ဝိဉာဥ်စွမ်းအင်ကြွယ်ဝသောနေရာများတွင် မိမိတို့၏နာမည်ကို ရေးထိုးနိုင်ခဲ့ကြသော လူသားမျိုးဆက်များသည် သဘာဝအားဖြင့် ပို၍ အစွမ်းထက်၏။ ထို့အပြင် ခွန်းလွန်နယ်မြေသည် ကျယ်ပြော၍ အကန့်အသတ်မရှိပေ။ ယခုလတ်တလောတွင် လူသားများသည် သေးငယ်သော ဧရိယာတစ်ခုကိုသာ စူးစမ်းရှာဖွေနိုင်ခဲ့ကြသော်လည်း ယင်းသည် ကမ္ဘာမြေထက်ပင်ပို၍ကြီးမားသည်။
ဤသည်မှာ လူသားမျိုးနွယ်၏ အနာဂတ်အိမ်ဖြစ်သည်။
ထို့ကြောင့် ပြည်ထောင်စုအစိုးရ၏ ဌာနချုပ်၊ အထူးတက္ကသိုလ်များစွာနှင့် ကောပိုရေးရှင်းများစွာတို့ကို ခွန်းလွန်နယ်မြေတွင် တည်ဆောက်ခဲ့ကြသည်။
သို့သော်လည်း တိုက်ခိုက်ရေးယာဉ်သည် ၎င်း၏အမြန်နှုန်းကို အမှန်တကယ်အသုံးမပြုခဲ့ပေ။ ကောင်းကင်ယံထက်တွင် ပျံသန်းနေသော မွန်းစတားများစွာ၏ အာရုံကို ဆွဲဆောင်လျက်ရှိသည်။ ၎င်းတို့အားလုံးသည် အဘက်ဘက်တွင်ပျံသန်းနေကြရာ၊ အဝေးမှကြည့်လျှင် အလွန်အမင်းကြောက်မက်ဖွယ်ကောင်း၏။
၎င်းတို့သည် ကမ္ဘာ့ကောင်းကင်၏ စင်စစ်အုပ်စိုးသူများဖြစ်ကြသည်။ နှိုင်းယှဥ်ကြည့်ရလျှင် လူသားများသည် ၎င်းတို့ကိုယ်ကိုယ် ခက်ခက်ခဲခဲကာကွယ်ကြရကာ၊ မပျံသန်းနိုင်ကြပေ။
သို့သော်လည်း တိုက်သင်္ဘောပေါ်ရှိ လူများသည် အထိတ်တလန့်မဖြစ်ကြပေ။ ၎င်းသည် လူသားမျိုးနွယ်တစ်ခုလုံး၏ နည်းပညာအထွဋ်အထိပ်ဖြစ်သော တိုက်ခိုက်ရေးယာဉ် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် တိုက်သင်္ဘောတစ်ဝိုက်တွင် လေလှိုင်းများရုတ်တရက်ပေါ်လာကာ၊ ဤလှိုင်းလုံးများသည် အမြောက်များကဲ့သို့ဖြစ်၍ ပျံသန်းနေသော သတ္တဝါများဆီသို့ ပျံတက်သွားကြသည်။
ဤလေလှိုင်းများနှင့် ထိတွေ့မိသော သတ္တဝါများအားလုံးသည် နေရာ၌ပင် ပေါက်ကွဲကုန်ကြ၏။ အရာအားလုံးကို သုတ်သင်ပစ်လိုက်သကဲ့သို့ပင်ဖြစ်သည်။
“ဒါက အသံထက်မြန်တဲ့ လက်နက်တစ်ခုပဲ။ ကြယ်ပျံကတော့ ကြယ်ပျံတိုက်ခိုက်ရေးယာဉ်ပီသတာပါပဲ။ အခြားလက်နက်တွေ တကယ်မလိုဘူး။ အသံထက်မြန်တဲ့ လက်နက်တစ်ခုနဲ့တင် ပျံနေတဲ့ မွန်းစတားတွေအကုန်လုံးကို သတ်ပစ်ဖို့လုံလောက်တယ်”
ကျောင်းသားများစွာက တအံ့တသြဖြစ်ကုန်ကြသည်။
ကျောင်းသားများအနက်၊ ဤအသံထက်မြန်သော လက်နက်များကို မဂ္ဂဇင်းများ၊ အင်တာနက်နှင့် တီဗီပေါ်တွင် အများဆုံးတွေ့ရသည်။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ စွမ်းအားကို မိမိတို့ မျက်မြင်တွေ့လိုက်ကြရခြင်းဖြစ်သည်။
ဤ တိုက်ခိုက်ရေးယာဉ်သည် ရှေ့သို့ ဆက်တိုးကာလမ်းတစ်လျှောက်တွင် ပျံသန်းနေသော မွန်းစတားများကို သုတ်သင်ပစ်လိုက်သည်။ ကျောင်းသားများကို စွန့်ပစ်နယ် ၆၆သို့ စေလွှတ်ရန် အလျင်မလိုပေ။
မည်သို့ပင်ဆိုစေကာမူ တိုက်သင်္ဘောသည် ခွန်းလွန်တောင်သို့ရောက်ရန် တစ်နာရီခန့်သာကြာမြင့်၏။
အဝေးမှကြည့်လျှင် လူတိုင်းသည် ခွန်းလွန်တောင်ထက်မှ ကြီးမားသော အက်ကွဲကြောင်းကြီးကို မြင်နေကြရသည်။ ဤသည်မှာ အက်ကွဲမှုတစ်ခုဖြစ်ကာ၊ အက်ကွဲကြောင်းတစ်ခုလုံးသည် တွင်းနက်ကြီးတစ်ခုကဲ့သို့ မည်းမှောင်နေသည်။ ထိုအက်ကွဲကြောင်းများအနီးတစ်ဝိုက်တွင် မရေမတွက်နိုင်သော ရောင်စုံမီးများရှိသည်။ ၎င်းတို့သည် ပြုပြင်ထိန်းသိမ်းခြင်းများဖြစ်ကြကာ၊ အက်ကွဲကြောင်းကို မကျုံ့စေရန် သို့မဟုတ် မကြီးလာစေရန် ယင်းတို့ကို လေထဲတွင် ပြုလုပ်ထားကြခြင်းဖြစ်သည်။ ဤအက်ကွဲကြောင်းအောက်တွင်ကြီးမားသော အခြေစိုက်မြို့ကြီးတစ်ခုရှိရာ၊ ယင်းသည် အရပ်သားများနေထိုင်သည့်မြို့မဟုတ်ပေ။ တပ်မတော်အခြေစိုက်မြို့တစ်မြို့သာဖြစ်သည်။
ဤသည်ကာ ကမ္ဘာနှစ်ခု၏ ဝင်ပေါက်ဖြစ်သည်။ တစ်ဖက်တွင်မူ၊ ယင်းသည် ကမ္ဘာမြေပေါ်မှ မွန်းစတားများ ကမ္ဘာနှစ်ခုအကြား ဖြတ်သန်းသွားလာခြင်းမှတားဆီးရန်ဖြစ်သည်။ သို့သော် ခွန်းလွန်နယ်မြေတွင် ပြောင်းလည်းမှုတစ်ခုခုဖြစ်ပေါ်လာပါက ကမ္ဘာမြေကို ကာကွယ်ရန် နောက်ဆုံးသော ခံစစ်စည်းတစ်လည်းဖြစ်၏။
ဤနေရာတွင် တပ်ရင်းမည်မျှနှင့် လက်ရွေးစင်မည်မျှတပ်စွဲထားကြောင်း မည်သူမျှ မသိကြပေ။ အကွာအဝေးတစ်ခုမှကြည့်လျှင် တပ်မတော်အခြေစိုက်စခန်းသည် မိုင်ပေါင်းများစွာကျယ်ကြောင်း မျက်စိဖြင့်မြင်နိုင်သည့်အတိုင်းအတာမျှပင်ရှိကြောင်း မြင်နိုင်၏။
တိုက်သင်္ဘောသည် အက်ကွဲကြောင်းအပြင်ဘက်တွင်ခဏရပ်ကာ အက်ကွဲကြောင်းအတွင်းသို့ လျင်မြန်စွာဝင်ရောက်သွားသည်။ ချက်ချင်းပင် ပတ်ဝန်းကျင်သည် အရောင်မှိန်သွားကာ အပြင်ဘက်မှမြင်ကွင်းသည်လည်း ပြောင်းလဲသွား၏။
လူတိုင်းသည် သူတို့ ယခုမှမြင်ဖူးကြသော ထိတ်လန့်ဖွယ်မြင်ကွင်းထဲတွင်နစ်မြုပ်နေကြသည်။
တိုက်သင်္ဘောမှ တုန်လှုပ်ဖွယ်အသံများစတင်ထွက်ပေါ်လာသော်လည်း မည်သူမျှ မကြောက်လန့်ကျပေ။ လေဟာနယ်လမ်းကြောင်းကို ဝင်ရောက်သောအခါ ၎င်းသည် အမှန်တကယ်ပင် လေဟာနယ် ဖြတ်သန်းခရီးသွားခြင်း ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်ရေးယာဉ်၏ ခိုင်ခံမှုနှင့်ပင် ယင်းသည် ခြောက်ခြားဖွယ်အသံမျိုးကို ထုတ်လွှတ်လျက်ရှိ၏။
အကြောင်းမှာ ေလဟာနယ်လမ်းကြောင်းကို ဖြတ်သန်းရသည့် ဖိအားသည် အလွန်ကြီးမားလွန်းသောကြောင့် အစောပိုင်းလူသားများကူးပြောင်းသောအခါတွင် သေကြေမှုနှုန်းသည် အလွန်မြင့်မား၏။
အချိန်အတော်ကြာပြီးနောက် ပတ်ဝန်းကျင်သည် ပြန်လည်တောက်ပလာသည်။ တုနှိုင်းမရနိုင်အောင်ကြီးမားသော အခြေစိုက်စခန်းတစ်ခုသည် လူတိုင်း၏မျက်စိရှေ့၌ပေါ်လာ၏။ ကမ္ဘာ၏တစ်ဖက်ခြမ်းရှိ အခြေစိုက်စခန်းကဲ့သို့ပင်၊ ယင်းသည်လည်း အလွန်ကျယ်ပြန့်သော တပ်မတော်အခြေစိုက်စခန်းတစ်ခုဖြစ်သည်။ ယင်းသည် မိုင်ပေါင်းများစွာကို လွှမ်းခြုံထားသည်။
လူများစွာသည် အလွန်စိတ်လှုပ်ရှားနေကြသည်။
“အဲ့တာ ခွန်းလွန်နယ်မြေပဲ”
၎င်းတို့အားလုံးသည် ထူးချွန်ကျောင်းသားများဖြစ်ကြသော်လည်း အများစုသည် ခွန်းလွန်နယ်မြေကို မရောက်ဖူးကြပေ။ ကမ္ဘာနှစ်နိုင်ငံအကြား ပြေးဆွဲသည့် ယာဥ်လက်မှတ်သည် အလွန်စျေးကြီး၏။ သာမန်လူများမတတ်နိုင်ကြပေ။
တပ်မတော် အခြေစိုက်စခန်းမှ ပျံသန်းထွက်ခွာလာခဲ့ပြီးနောက် တောင်တန်းများနှင့် လျှိုမြောင်အုပ်စုတစ်စုသည် ကျောင်းသားများ၏ရှေ့တွင်ပေါ်လာသည်။ တောင်တန်းများနှင့် လျှိုမြောင်များကြားတွင် မွန်းစတားအမျိုးမျိုး၏ အော်ဟိန်းသံများသည် ကမ္ဘာတစ်ခုလုံး ကွဲကြေသွားသကဲ့သို့ ထွက်ပေါ်လာ၏။
ဤတောင်တန်းများအလွန်တွင် ကျယ်ပြောလှသော မြင်ကွင်းတစ်ခုရှိသည်။ ယင်းကို ကမ္ဘာမြေတွင်မြင်ရန် ရှားပါးခဲယဥ်းလှသည်။ နေရာအနှံ့တွင် သစ်ပင်ကြီးများအုံ့မိုးထားကြရာ၊ မီတာရာနှင့်ချီ၍ မြင့်မားသော သစ်ပင်ကြီးများသည် ကောင်းကင်နှင့် နေကို ဖုံးအုပ်ထားကြသည်။ ခွန်းလွန်နယ်မြေရှိ တောင်များ၊ အပင်များနှင့် တိရစ္ဆာန်များသည် သာမန်မဟုတ်သည်အထိမြင့်မားသည်။
ထို့အပြင် ဤသည်မှာ လူသားများအိပ်မက်မက်ခဲ့သော အိမ်ဖြစ်သည်။
လူများစွာသည် အနာဂတ်တွင် ခွန်းလွန်နယ်မြေ၌ ကာလရှည်ကြာစွာရှင်သန်နေထိုင်ရမည်ကို စိတ်လှုပ်ရှားစွာဆွေးနွေးနေခဲ့ကြသည်။
၎င်းတို့ထဲမှ အချို့ကို ပြည်ထောင်စုတက္ကသိုလ်မှ ဖယ်ထုတ်လိုက်လျှင်ပင် အခြားထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ စွန့်လွှတ်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် လူ့လောက၏ အကောင်းဆုံးတပည့်များဖြစ်ကြသည်။
၎င်းတို့သည် အခြားတက္ကသိုလ်များမှ တန်ဖိုးထားကာ လုယူကြရမည့် ထိပ်တန်းကျောင်းသားများဖြစ်ကြသည်။ ပြည်ထောင်စုတက္ကသိုလ်သည်သာ သူတို့အား ဘာမှမဟုတ်သကဲ့သို့ စွန့်ပစ်လိုက်ပေလိမ့်မည်ဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်သည် အကောင်းတကာ့အကောင်းဆုံးများကို ရွေးချယ်နိုင်ရန် မည်သည်ကိုမျှဂရုစိုက်လိမ့်မည်မဟုတ်ပေ။
နောက်တစ်နာရီကြာပြီးနောက် နောက်ဆုံးတွင် တိုက်သင်္ဘောသည် နယ်မြေတစ်ခုတွင်ရပ်တန့်သွားသည်။ လူတိုင်း၏ မျက်လုံးထဲသို့ ပထမဆုံးဝင်ရောက်လာသည့်အခါတွင် ပထမဆုံးရောက်လာသည့်အရာသည် ဆိတ်ညိမ်နေသည့် သဲကန္တရပင်ဖြစ်သည်။
နေရာတိုင်းတွင် မြင်ကွင်းသည် ဆိတ်သုဥ်းနေကာ အကန့်အသတ်မရှိပေ။ အနီရောင်ရဲတောက်နေသော မြေပြင်သည် ခြောက်သွေ့နေပုံရသည်။ အခြားနေရာမှ လှပသော ရှု့ခင်းများနှင့် ယှဥ်လျှင် မည်မျှ ဆိုးဝါးကြောင်း သိသာ၏။
လေဆင်နှာမောင်းတိုက်ခတ်နေသည်ကိုပင် အဝေးမှ မြင်နိုင်၏။