← Chapters

အခန်း (၂၈၀-၂၈၂)

Vol. 19 Ch. 280-282

အခန်း (၂၈၀-၂၈၂)

Vol. 19 Ch. 280-282

အခန်း(၂၈၀) ငရဲက ငါ့ရဲ့ ကောင်းကင်ဘုံပဲ

‘ဒါက စွန့်ပစ်မြေ ၆၆ ဖြစ်သင့်တယ်’

ကျောင်းသားများစွာသည် ပတ်ဝန်းကျင်ကို မြင်သောအခါ အသက်ရှုရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။ ၎င်းတို့သည် ယင်းကို ပြဠာန်းစာအုပ်များတွင် သင်ယူခဲ့ကြသည် သို့မဟုတ် အင်တာနက်ပေါ်တွင် သက်ဆိုင်ရာ ဗဟုသုတများစွာကို ဖတ်ရှု့ခဲ့ကြရသည်။ အကယ်၍ ကမ္ဘာမြေပေါ်ရှိ လေဆင်နှာမောင်းသည် လူတစ်ယောက်ကို သေသည်အထိ တိုက်ခတ်နိုင်သည်ဟုဆိုလျှင် ခွန်းလွန်နယ်မြေရှိ ဝိဉာဥ်စွမ်းအင်ရောနေသော လေဆင်နှာမောင်းသည် လူတစ်ယောက်ကို အစိတ်စိတ်အမွှာမွှာဖြစ်သွားပေလိမ့်မည်ဖြစ်သည်။

အလွန်ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင်သာ ထိုရာဇဝတ်ကောင်များကို အပြစ်ပေးနိုင်၏။ ယခုမူကား ဤအလွန်ကြမ်းတမ်းလှသော ပတ်ဝန်းကျင်သည် သူတို့အတွက် စမ်းသပ်မှုတစ်ခုဖြစ်လာသည်။

ကံကောင်းထောက်မစွာဖြင့် လူတိုင်းသည် ချပ်ဝတ်တန်ဆာများဝတ်ထားကြသဖြင့် အလွန်အမင်းခက်ခဲလိမ့်မည်မဟုတ်ပေ။

“ကဲ ငါတို့ စွန့်ပစ်နယ်မြေ ၆၆ကို ရောက်ပြီ။ ကျောင်းသားတို့၊ အဖွဲ့အရွယ်အစားပေါ်မူတည်ပြီး မတူညီတဲ့နယ်မြေတွေမှာ အလှည့်ကျနေရာယူကြပါ”

တိုက်ခိုက်ရေးယာဉ် မှ အသံထုတ်လွှင့်မှုတစ်ခု ထွက်ပေါ်လာသည်။

“ထကြတော့၊ စာမေးပွဲကို ရင်ဆိုင်ဖို့ အချိန်ရောက်ပြီ”

ချူးယွင်ဖန်း မတ်တပ်ထရပ်လိုက်သည်။ သူ့ဘေးတွင် တန်စီယု၊ ဂေါင်ဟုန်ချီ၊ တုံရှင်းရန်၊ ယုရှင်းယွမ်နှင့် ရန်ကျွင်းတို့ ဘေးချင်းကပ်ရပ်နေကြကာ အဖွဲ့ငယ်တစ်ခုဖွဲ့ထားကြ၏။

လူဆိတ်ညံသော စွန့်ပစ်မြေ ၆၆တွင် ပြင်းထန်သော ရောင်ဝါသည် စစ်မြေပြင်တစ်ခုလုံးကို ဖုံးအုပ်ထားကာ၊ ပြင်းထန်စူးရဲသော အကြည့်များသည် ၎င်းတို့အပေါ်သို့ လွှမ်းခြုံထားကြ၏။

“နောက်ဆုံးတော့ အချိန်ကျပြီ။ လက်ရွေးစင်စစ်သည်တွေ စေလွှတ်မယ်လို့ ငါထင်ခဲ့တာ ကျောင်းသားတွေဖြစ်နေမယ်လို့ ငါမမျှော်လင့်ထားဘူး”

“ငါ့ကို ကျောက်တုံးလို့ထင်နေကြတာလား။ ဟမ်၊ ဒီစွန့်ပစ်မြေမှာ စားစရာတောင်မရှိဘူး။ အဲ့ကျောင်းသားတွေမှာ နုပျိုပြီး လတ်ဆတ်တဲ့အသားအရည်ရှိကြတယ်။ အရသာတော်တော်ကောင်းမယ်ထင်တယ်”

“မင်းက ငါ့ကို အမှတ်နဲ့လဲချင်တာလား။ ဟမ်၊ ကျောင်းသူလေးတွေ အရမ်းလှကြတယ်။ သူတို့ကို ပြန်ဖမ်းပါ၊ ငါသေရမယ်ဆိုရင်တောင် အချိန်ကောင်းလေးရလိုက်ချင်သေးတယ်”

အဆိပ်ပြင်းသော မြွေများကဲ့သို့ အရိပ်များထဲတွင်ရက်စက်စွာ ပုန်းအောင်းနေကြကာ၊ အလွန်အန္တရာယ်များသော အရောင်အဝါများ ထွက်ပေါ်လျက်ရှိသည်။

နာရီအနည်းငယ်ကြာပြီးနောက် ချူးယွင်ဖန်းနှင့် အခြားလူများသည် လူဆိတ်ညံရာအရပ်သို့ရောက်သွားကြသည်။ သူတို့၏ ဦးခေါင်းထက်တွင် ကြီးမားသော တိုက်ခိုက်ရေးလွန်းပျံယာဥ်ကြီးသည် တဖြည်းဖြည်းချင်းထွက်ခွာသွားကာ အဝေးသို့ရွေ့လျားသွား၏။

“ဒါက စွန့်ပစ်မြေ ၆၆လား” ‌ဂေါင်ဟုန်ချီသည် သူ၏ ချပ်ဝတ်တန်ဆာပေါ်မှ မျက်နှာဖုံးကို ဖွင့်လိုက်ကာ အသက်ခပ်ပြင်းပြင်းရှုသွင်းလိုက်သည်။ ထို့နောက် ရုတ်တရက် အပြင်းအထန်ချောင်းဆိုးကာ သွေးများအန်ထွက်လာ၏။

လူတိုင်းသည် သူ့အား အနာကုသဆေးဖြန်းပေးကြကာ ချက်ချင်းပြန်လည်သက်သာလာသည်။

“သေစမ်း၊ ဒီမှာ လေအရမ်းပြင်းတော့ အဆုတ်တောင်ကွဲထွက်တော့မတက်ပဲ” ဂေါင်ဟုန်ချီကထအော်သည်။

“အားလုံးသတိထားပါ။ ဒီကလေကထူးဆန်းတယ်” ချူးယွင်ဖန်းကပြောသည်။

“ဒီနေရာက သဲကန္တာရဖြစ်နိုင်ပေမယ့် ဝိဉာဥ်စွမ်းအင်တွေအများကြီးကိန်းအောင်းနေသေးတယ်။ တစ်နည်းပြောရရင် ဒီနေရာမှာ ဝိဉာဥ်စွမ်းအင်ကပိုများတယ်။ ဒါပေမယ့် ဖရိုဖရဲဖြစ်နေပြီး ကြမ်းတမ်းနေတယ်။ စုပ်ယူဖို့ မသင့်တော်ဘူး။ ငါတို့ အဲ့တာကို မစုပ်ယူနိုင်ရုံတင်မဟုတ်ဘဲ ခွန်းလွန်နယ်မြေက အခြား သတ္တဝါတွေလည်း စုပ်ယူနိုင်မှာမဟုတ်ဘူး။ မြေကလည်း မစုပ်နိုင်ဘူး။ အဲ့တာကြောင့် အဲ့လိုဖြစ်နေတာ”

ချူးယွင်ဖန်းသည် ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ နေရာတိုင်းတွင် အနီရောင်မြေကြီးများကို မြင်တွေ့လိုက်ရသည်။ အများအားဖြင့် ဝိဉာဥ်စွမ်းအင်ပိုမိုသိပ်သည်းလေ ဤကဲ့သို့သောပတ်ဝန်းကျင်တစ်ခု ဖြစ်လာနိုင်ခြေနည်းလေဖြစ်သည်။ နေရာတစ်ခုရှ ဝိဉာဥ်စွမ်းအင်များ လုံးလုံးလျားလျားပျောက်ကွယ်သွားမှသာ ထိုသို့ဖြစ်လာနိုင်မည်ဖြစ်သည်။

သို့သော် ဤနေရာသည် ခြားနား၏။ ဝိဉာဥ်စွမ်းအင်သည် ဖရိုဖရဲဖြစ်ကာ လွင့်ပါးသွားနိုင်သည့်အရာအားလုံးကို လွင့်စင်စေနိုင်သည့် ကြောက်မက်ဖွယ်မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ သာမန်သတ္တဝါများအတွက်မူ ဤပတ်ဝန်းကျင်သည် အမှန်တကယ်ပင် ဆိုးရွားလွန်းလှသည်။

“ငါတို့က ဒီနေရာက ဝိဉာဥ်စွမ်းကို စုပ်ယူချင်ရင်တောင် နည်းနည်းပဲစုပ်ယူလို့ရမယ်။ မဟုတ်ရင် ဂေါင်ဟုန်ချီလိုမျိုး အကျိုးဆက်တွေခံစားရလိမ့်မယ်” တန်စီယုက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်သည်။

“နောက်ပြီး ဒီမှာ အရမ်းပူတယ်။ ခုဏက လွန်းပျံယာဥ်ပေါ်က အပူချိန်မီတာကို ကြည့်ခဲ့တာ ဒီမှာအပူချိန် ၁၄၀ ဒီဂရီဖာရင်ဟိုက်ရှိတယ်တဲ့” တုံရှင်းရန်ကပြောသည်။ အပူချိန် ၁၄၀ ဒီဂရီရှိသဖြင့် ရှူသွင်းရမည့်လေသည် အလွန်ပူပြင်းသည်။ သာမန်လူတစ်ယောက်သာ ဤသို့နေရာမျိုးတွင်နေထိုင်မည်ဆိုပါက ၎င်းတို့၏ လည်ချောင်း ပြုတ်ထွက်သွားမည်မှာ သေချာ၏။

ပတ်ဝန်းကျင်သည် မည်မျှကြမ်းတမ်းကြောင်း တွေးကြည့်၍ ရနိုင်သည်။

“အဲ့တာတင်မကဘူး။ ဝိဉာဥ်စွမ်းအင်ဖရိုဖရဲဖြစ်နေတဲ့ ဒီနေရာတွေက မနက်ပိုင်းအရမ်းပူပြီး ညပိုင်းအရမ်းအေးတယ်။ ငါတို့ရဲ့သံချပ်ကာတွေက ပေါ့ပေါ့ပါးပါးတွေပဲဆိုတော့ အပူချိန်ကို ထိန်းနိုင်ရင်တောင် ဒီပတ်ဝန်းကျင်က နည်းနည်းကြမ်းတယ်။ အမိုးအကာရှာဖို့လိုတယ်” ယုရှင်းယွမ်ကပြောသည်။

“ရေအရင်းအမြစ်လည်း ရှိသေးတယ်။ အခြားအရာတွေအကုန်က လွယ်ပေမယ့် အဓိကက ရေအရင်းအမြစ်ပဲ။ ငါအရမ်းရေဆာနေတယ်” နောက်ဆုံးတွင် ပြန်လည်သက်သာလာသော ဂေါင်ဟုန်ချီက ခေါင်းပေါ်မှာ ချွေးစေးများကျလျက်ပြောလိုက်သည်။

ရေအရင်းအမြစ်သည် မည်မျှအရေးကြီးကြောင်း သူတို့ မသိခဲ့ကြသော်လည်း ယခု အလွန် ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် ရေရရှိရန် မည်မျှ အရေးကြီးသည်ကို သူတို့ သဘောပေါက်လာကြသည်။

တစ်ယောက်စီသည် ကျောပိုးအိတ်တစ်လုံးစီယူလာခဲ့ကြကာ၊ ကျောပိုးအိတ်ထဲတွင် အဝတ်အစားလဲရန်အဝတ်အပိုများနှင့် ရေရိက္ခာများပါလာခဲ့ကြသော်လည်း များများစားစားမဟုတ်ပေ။ ပတ်ဝန်းကျင်သည်အလွန်ကြမ်းတမ်းလိမ့်မည်ဟု သူတို့ မထင်ခဲ့ကြ‌ပေ။ သူတို့ပြင်ဆင်ထားသော အစားအသောက်သည် လုံလောက်သည်။ ဤပတ်ဝန်းကျင်၌ ရှင်သန်နိုင်သည့် တစ်ခုတည်းသော အရာများမှာ ကယ်လိုရီများသော ဘီစကွတ်များနှင့် စွမ်းအင်ဖြည့်ဆေးအချို့သာဖြစ်သည်။ ယင်းသည် လုံလောက်သော်လည်း ၎င်းတို့၏ ရေသည်မူ ရက်သုံးဆယ်ကြာအထိ မလုံလောက်ပေ။

“ဒီရာဇဝတ်ကောင်တွေကို နှိမ်နှင်းဖို့တောင်မစရသေးဘူး။ ပတ်ဝန်းကျင်နဲ့တင် ငါတို့ ကို နှိပ်စက်လို့ရနေပြီ။ ဒါက တကယ်ကို ပြင်းထန်တာပဲ။ ပြည်ထောင်စုတက္ကသိုလ်ရဲ့ ဝင်ခွင့်နဲ့ယှဥ်ရင် ငါတို့ ကြုံခဲ့ရတာက ကလေးကစားသလောက်ပဲရှိတယ်” ရန်ကျွင်းကပြောသည်။

လူတိုင်းခေါင်းညိတ်လိုက်ကြသည်။ ဤပြင်းထန်သော ပတ်ဝန်းကျင်နှင့်ယှဥ်ပါက ယခင်လေ့ကျင့်မှုများသည် အမှန်တကယ်ပင် မည်သို့မျှမဟုတ်ပေ။

ဤသည်မှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးတက္ကသိုလ်ဖြစ်သည့် ပြည်ထောင်စုတက္ကသိုလ်ဖြစ်သည်။

သို့သော် ဤသို့သော ပတ်ဝန်းကျင်သည် ချူးယွင်ဖန်းမှလွဲ၍ သူတို့အဖွဲ့အတွက် အလွန်ကြမ်းတမ်းသော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ သူ့အတွက်မူ ဤသည်မှာ ကမ္ဘာမြေပေါ်မှာ ကောင်းကင်ဘုံတစ်ခုကဲ့သို့ပင်ဖြစ်၏။

တောင်မြစ်ပန်းချီကားထဲတွင် အစာနှင့်ရေကို သိမ်းဆည်းထားသဖြင့် တစ်လမဆိုနှင့် တစ်နှစ်ကြာလျှင်ပင် လုံလောက်၏။

ထို့အပြင် သူထွက်မလာခင်တွင် အစာရှောင်ဆေးများစွာကို ဖော်စပ်လာခဲ့သည်။ ဤဆေးကို သီးသန့် အထူးတီထွင်ထားခြင်းဖြစ်ကာ၊ သာမန်အခြေအနေများတွင် အစာရှောင်ဆေးတစ်လုံးသည် တစ်နေ့တာလုံးအတွက်လုံလောက်မည်ဖြစ်သည်။ အကယ်၍ ပြင်းထန်သော တိုက်ပွဲများတွင် စွမ်းအင်အလွန်အကျွံသုံးဆွဲမည်ဆိုပါက မတူညီသော ကိစ္စတစ်ခုဖြစ်သည်။ သို့သော် သူ့တွင် စွမ်းအင်ဖြည့်ဆေးများစွာပါသောကြောင့် ဤအချက်ကို စိတ်မပူပေ။

အခြားသူများအတွက်မူ ဝိဉာဥ်စွမ်းအင်သည် အခက်ခဲဆုံး ပြဿနာတစ်ရပ်ဖြစ်သော်လည်း ချူးယွင်ဖန်းနှင့်မူ အလွန်သင့်လျော်၏။ ဤနေရာရှိ ဝိဉာဥ်စွမ်းအင်ကို စုပ်ယူလိုက်သောအခါ သူ့စိတ်ထဲမှာ တောင်မြစ်ပန်းချီကားသည် ဖျတ်ခနဲလင်းလတ်သွားကြောင်း သူတွေ့ရှိခဲ့သည်။ ပြင်းထန်သော ဝိဉာဥ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီးနောက် ပျော့ပြောင်းလာ၏။

ချူးယွင်ဖန်းသည် ကမ္ဘာမြေပေါ်ရှိ ဝိဉာဥ်စွမ်းအင်မှာ အလွန်တည်ငြိမ်နေသောကြောင့် ဤအချက်ကို ယခုမှရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကာ ပန်းချီကားတွင် ဤသို့လုပ်ဆောင်မှုရှိကြောင်း သူမတွေ့ရှိခဲ့ရပေ။

ထို့ကြောင့် အခြားသူများအတွက်မူ ဤနေရာသည် ငရဲဖြစ်သော်လည်း ချူးယွင်ဖန်းအတွက်မူ လေ့ကျင့်ရေးကောင်းကင်ဘုံတစ်ခုဖြစ်၏။

အခန်း (၂၈၁) တံခါးဝထိရောက်လာတဲ့ အမှတ်တွေ

ဤနေရာသည် လူဆိတ်ညံနေသော်လည်း ဝိဉာဥ်စွမ်းအင်မရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ တစ်နည်းအားဖြင့် ဤနေရာရှိ ဝိဉာဥ်စွမ်းအင်သည် အလွန်သိပ်သည်းကာ ကမ္ဘာပေါ်ရှိ သာမန်နေရာများထက် အနည်းဆုံး အဆပေါင်းများစွာ ပို၍ သိပ်သည်းသည်။

ဤသို့သော စွမ်းအင်ကို ပိုမို ရရှိနိုင်ရန် အစီအစဥ်တကျ တည်ဆောက်ခဲ့ရသော လဝိဉာဥ်ရပ်ကွက်ကဲ့သို့ အဆင့်မြင့် လူနေရပ်ကွက်မျိုးရှိ ဝိဉာဥ်စွမ်းအင်သိပ်သည်းဆသည် ဤနေရာနှင့် နှိုင်းယှဥ်၍ မရပေ။

သာမန်လူများသည် ဤနေရာတွင် ဝိဉာဥ်စွမ်းအင်မစုပ်ယူနိုင်သောကြောင့် ဤမြေသည် ဤကဲ့သို့ တိတ်ဆိတ်သော နယ်မြေဖြစ်လာခဲ့ရသည်။

သို့သော် ဤနေရာရှိ ဝိဉာဥ်စွမ်းအင်ကို စုပ်ယူနိုင်လျှင်မူ ဤနေရာသည် ကောင်းကင်ဘုံကဲ့သို့ပင်ဖြစ်ပေလိမ့်မည်။ ခွန်းလွန်နယ်မြေအတွင်းရှိ အခြားနေရာများတွင် ဝိဉာဥ်စွမ်းအင် မည်မျှ ကြွယ်ဝသည်ကို မသိကြရသေးသော်လည်း ကျောင်းစာအုပ်အရ၊ ၎င်းတို့သည် ဤနေရာ၏ ထက်ဝက်ခန့်မျှပင် မများပြားပေ။ ဤနေရာသည် ကျင့်ကြံရေးအတွက် သန့်ရှင်းမွန်မြတ်သော မြေနှင့် တူ၏။

ချူးယွင်ဖန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာပြောလိုက်သည်။

“အခု အရေးအကြီးဆုံးက ဒီနေရာမှာ ခြေကုပ်ရှာဖို့ပဲ။ ဒီနေရာက ပတ်ဝန်းကျင်အရမ်းကြမ်းတမ်းပေမယ့် လူသားတွေ ဖွံ့ဖြိုးအောင်ဖန်တီးထားတဲ့ နေရာတစ်ခုဖြစ်နေတုန်းပဲ။ ဒီနေရာက ရာဇဝတ်ဒဏ်နယ်မြေဖြစ်ပေမယ့်၊ တပ်စွဲထားတဲ့ တပ်တွေ အများကြီးရှိတယ်။ အဲ့ စခန်းတွေကို စခန်းသဘောနဲ့ သုံးလို့ရတယ်။ နောက်ပြီး အဲ့စခန်းအများစုမှာ ရေအရင်းအမြစ်တွေရှိတယ်”

လူတိုင်းသည် သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ စွန့်ပစ်မြေ ၆၆ တွင် အရွယ်အစားမျိုးစုံရှိသည့် အခြေစိုက်စခန်းများရှိကြသည်။ ယခင်က စစ်တပ်မှ ရာဇဝတ်ကောင်များကို ဖမ်းချုပ်ရန်အတွက် ဤအခြေစိုက်စခန်းများကို အများအပြားအသုံးပြုခဲ့ကြသည်။

အကြီးဆုံးအခြေစိုက်စခန်းမှာ အခြေစိုက်စခန်း (၁) ဖြစ်သည်။ ယင်းသည် ဤနေရာကို စောင့်ကြပ်နေသည့် အကြီးဆုံး တပ်စခန်းဖြစ်ကာ၊ မြို့တစ်မြို့ကဲ့သို့ပင်ဖြစ်၏။ ထိုနေရာသည် စခန်းချရန် အသင့်တော်ဆုံဂနေရာဖြစ်သော်လည်း သူတို့ရရှိထားသော သတင်းအရ၊ ထိုနေရာသည် ပြိုကျသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ပြည်ထောင်စုတက္ကသိုလ်သည် လုံးလုံးလျားလျား အသည်းနှလုံးမရှိခြင်းတော့မဟုတ်နေခဲ့ပေ။ ၎င်းတို့အား မြေပုံတစ်ခုပေးလိုက်ရာ၊ ယင်းမြေပုံတွင် အခြေစိုက်စခန်း၏ အနီးစပ်ဆုံးတည်နေရာနှင့် ရေအရင်းအမြစ်များကိုရှင်းလင်းစွာ အမှတ်အသားပြုထားသည်။ ယင်းမှာ အကြမ်းဖျင်းခန့်မှန်းချက်သာဖြစ်သော်လည်း တက္ကသိုလ်၏ ရပ်တည်ချက်ကို ဖော်ပြနေ၏။ ပြည်ထောင်စုတက္ကသိုလ်သည် ကျောင်းသားများကို သတ်ချင်ခြင်းမဟုတ်၊ စမ်းစစ်စေခြင်းဖြစ်ကြောင်း ထင်ရှား၏။

“အရင်ဆုံး အနီးဆုံးနေရာက အခြေစိုက်စခန်းကို သွားကြရအောင်။ အားလုံးညီညီညာညာနဲ့ သွားကြစို့ အလျင်စလို၊ အမြန်သွားစရာမလိုဘူး။ ရုတ်ရက်ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်ဖို့ရှိသေးတာကြောင့် ငါတို့ ကိုယ်ခံအားကို ထိန်းသိမ်းထားဖို့လိုတယ်”

ချူးယွင်ဖန်းကပြောလိုက်သည်။ ဤအပူချိန် လေးဆယ်ဒီဂရီတမျှမြင့်သော ပတ်ဝန်းကျင်တွင် ကိုယ်ခံအားကျဆင်းမှုသည် သာမန်ပတ်ဝန်းကျင်ထက် နှစ်ဆခန့်မြင့်မား၏။ အကယ်၍ သူတို့ အမြန်သွဦးကြလျှင် အခြေစိုက်စခန်းကို ‌ောက်ကြလျှင်ပင် အတွင်းမှရာဇဝတ်ကောင်များ၏ ရှင်းလင်းသုတ်သင်ခြင်းကို ခံကြရပေလိမ့်မည်။

ထိုအခါကျလျှင် ၎င်းတို့ မျက်လုံးများထွက်လာသည်အထိ ငိုကြွေးကြရပေလိမ့်မည်ဖြစ်၏။

ထို့အပြင် ပုံမှန်မဟုတ်သော အခြေအနေများအောက်တွင် အလေးစီးဝတ်စုံကို ဝတ်ဆင်ထားသည့် ချူးယွင်ဖန်းသည် ကိုယ်ခံအားကျဆင်းခြင်း၏ သဘောတရားကို အလွန်နားလည်သည်။ အန္တရာယ်များဖြင့် ပြည့်နှက်နေသည့် အခြေအနေတိုင်းတွင် သူရှိခဲ့၊ ကြုံခဲ့ရသဖြင့် ဤကဲ့သို့ အန္တရာယ်များသော နေရာကို ထည့်သွင်းဖော်ပြရန်ပင်မလိုအပ်ပေ။

“ဟုတ်တယ်။ ဒီနေရာက လူခြေတိတ်ပြီး သက်ရှိအရေအတွက် နည်းပေမယ့် ဒီနေရာမှာ မွန်းစတားတွေရှိနေတယ်။ ဒီလိုပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေအားလုံးကို တွေးကြည့်ကြ” တန်စီယုကပြောလိုက်သည်။

လူတိုင်းက ခေါင်းညိတ်ကြသည်။

“ဟေးဟေး ငါတို့ တော်တော်ကံကောင်းတာပဲ။ ကျောင်းသားလေးတွေ ဒီရောက်လာတဲ့ သတင်းကြားပေမယ့် ဒီမှာတွေ့ကြလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ”

အားလုံးအပြင်မထွက်ခင် အဝေးမှ ထူးဆန်းကျယ်လောင်သော ရယ်သံကို ရုတ်တရက် ကြားလိုက်ကြရသည်။ မနီးမဝေးမှ ကြက်သွေးရောင်ကျောက်တုံးကြီးတစ်တုံး၏ နောက်ဘက်မှ လူအယောက် တစ်ဒါဇင်ကျော်ခန့် ခုန်ထွက်လာ၏။

ဤလူတစ်ဦးစီတွင် ပြင်းထန်သော ကိုယ်ရောင်ကိုယ်ဝါရှိ၍ တိုက်ပွဲအတွေ့အကြုံများသော ကျွမ်းကျင် လူသတ်သမားများကဲ့သို့ ထင်ရသည်။

အဖွဲ့၏ အမူအယာသည် လေးနက်လာ၏။ ဤလူများသည် အစုလိုက်အပြုံလိုက်လူသတ်မှုထောင်မှ လွတ်မြောက်လာသူများဖြစ်ကြသည်။

“အခြားသူကောင်တွေကို ခုတ်ထစ်ပြီးစားမယ်။ မိန်းကလေးနှစ်ယောက်ကိုတော့ ထားလိုက်ပါ။ သူတို့ကို မစားခင် နည်းနည်းလောက် ပျော်ပါးကြရအောင်”

အဖွဲ့ခေါင်းဆောင်သည် ကြွက်သားတောင့်တင်းသူဖြစ်သည်။ သူ့မျက်နှာကို ကန့်လန့်ဖြတ်အမာရွတ်များဖြင့် လွှမ်းခြုံထားသည်။ သူကြုံတွေ့ရခဲ့သည်များကို မည်သူမျှ မသိကြပေ။ သူပြုံးလိုက်သောအခါ၊ အဖွဲ့သည် ငရဲမှ တွားသွားလာသော မာရ်နတ်မှ ကြည့်နေသကဲ့သို့ ခံစားလိုက်ကြရသည်။ သူ့ကြည့်ရသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလွန်း၏။

သူပြောသော ပြောစကားများသည် လူအများကို ထိတ်လန့်စေခဲ့သည်။ သူ့အတွက်မူ လူသားစားခြင်းသည် မည်သို့မျှမဟုတ်ပေ။ အသက်ရှင်သန်ရန် နည်းလမ်းတစ်ခုသာဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ကောင်များသည် ချူးယွင်ဖန်းတို့ အဖွဲ့ကို ဝိုင်းထားကြသည်။ သူ့တို့တွင် ချူးယွင်ဖန်းတို့အဖွဲ့ထက် လူဦးရေ နှစ်ဆပိုများ၏။ ၎င်းတို့တစ်ဦးစီသည် အလွန်ပြင်းထန်သောကိုယ်ရောင်ကိုယ်ဝါများရှိကြသဖြင့် ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူကြောင်း သေချာသည်။

ရန်ကျွင်း၊ ယုရှင်းယွမ်နှင့် တုန်ရှင်းရန်တို့သည် အအရာမှ ရုန်းထွက်ရန် လွယ်လူလိမ့်မည်မဟုတ်ဟု ခံစားခဲ့ရသည်။ ဤလူများထဲမှ မည်သူကမျှ ၎င်းတို့ထက် အဆင့်မနိမ့်ပေ။ သူတို့ကို ကြည့်လိုက်သည်နှင့် ဖိအားများခံစားလိုက်ရသည်။ သို့သော် တန်စီယု၊ ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီတို့၏ မျက်နှာများပေါ်ရှိ တည်ငြိမ်သောအမူအယာများကို မြင်လိုက်ရသောအခါတွင် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ ချူးယွင်ဖန်းနှင့် အခြားနှစ်ယောက်သည် အမှန်တကယ်အေးဆေးတည်ငြိမ်ကာ၊ ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း သူတို့ မြင်နေရသည်။

ထို့အပြင် ဤသည်မှာ ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။ သူတို့အားလုံးသည် ကျောင်းသားများဖြစ်သဖြင့် ဤမျှ ကြီးမားသော ကွာဟချက်မည်သို့ရှိနိုင်လိမ့်မည်နည်း။

သူတို့ မသိခဲ့ကြသည်မှာ ချူးယွင်ဖန်းနှင့် သူ့သူငယ်ချင်းနှစ်ယောက်သည် အသက်အန္တရာယ်များစွာနှင် သူသေကိုယ်သေတိုက်ပွဲများကို ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ သူတို့ထက်အဆမတန်အင်အားကြီးမားသော ရန်သူများ ဝိုင်းရံခံထားရခြင်းကို ခံခဲ့ကြရသည်။ ထိုရန်သူများအားလဒ့းသည် မွန်းစတားများဖြစ်ကြသော်လည်း ဤသို့သော အခြေအနေမျိုးကို အတွေ့အကြုံရှိကြသည်။

သုံးဦးစလုံးသည် ဤအခြေအနေနှင့် အသားကျနေကြ၏။

“ခစ်ခစ်၊ ဒီလိုနူးညံ့သိမ်မွေ့တဲ့ ကျောင်းသားတွေပဲ။ အသားမစားရတာကြာပြီ။ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် မသန်မစွမ်းဖြစ်သွားလိမ့်မယ်”

ရာဇဝတ်ကောင်တစ်ကောင်က သူတို့အားစိုက်ကြည့်လျက်ရှိရာ သူ၏ မျက်လုံးများသည် အစိမ်းရောာင်တောက်နေ၏။

“ဒီမိန်းမလေးတွေက အရမ်းလှတယ်။ ပြီးတော့ ငါအကြိုက်ဆုံးအရာကလည်း ဒီလိုအလှလေးတွေကို ဖျက်ဆီးပစ်ဖို့ပဲ”

“အဲ့ဒီ့ သံချပ်ကာအနီရောင်ဝတ်ထားတဲ့ ကြက်ကလေးကို ထားလိုက်ပါ။ ငါ သူနဲ့ အချိန်ကောင်းကောင်းကုန်ဆုံးရမယ်”

“ဖို့ ခြေထောက်တစ်ချောင်းပေး။ ငါ ခြေထောက်တစ်ချောင်းပဲလိုတယ်”

ဤရာဇဝတ်ကောင်များ၏ ဖောက်ပြန်သော စကားများသည် တု‌ံရှင်းရန်နှင့် အခြားသူများကို စိတ်မသက်မသာဖြစ်စေသည်။

“သူတို့က ငါတို့ကို နှိမ်နေပုံပေါ်တယ်” ချူးယွင်ဖန်းသည် တင်းမာနေသော လေထုကို ဖြိုခွင်းကာ၊ ခပ်တိုးတိုးပြောလိုက်သည်။

“ဒီကောင်တွေအကုန်လုံး လူယုတ်မာတွေချည်းပဲ။ သူတို့ ထောင်ကနေ ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့ကြပေမယ့် နောက်ရန် နည်းနည်းလောက် ထပ်မပုန်းနေကြဘူး။ အခုတော့ ငါတို့ဆီကို အရောက်ရောက်လာတာပဲ။ ငါတို့ အမှတ်တွေတိုးဖို့ အချိန်တန်ပြီ”

ချူးယွင်ဖန်း၏ စကားအနည်းငယ်သည် အဖွဲ့၏ တုန်လှုပ်ခြောက်ခြားမှုကို ပြေပျောက်စေသည်။ တကယ်တမ်းတွင် ဤလူများသည် အထင်ကြီးရန်မဟုတ်ပေ။ သူတို့သည် အကျဥ်းစားအုပ်စုတစ်စုမျှသာဖြစ်ကာ၊ ၎င်းတို့၏ အမှတ်‌စာရင်းအတွက် အမှတ်များသာဖြစ်သည်။

“အိုး၊ ဒီကောင်က ငါတို့ကို နှိမ်ချရဲတယ်ပေါ့။ သွား သူတို့ကို ဖမ်းကြစမ်း”

အမာရွတ်ရှိသော ခေါင်းဆောင်ကအော်ဟောက်လိုက်သည်နှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ကောင်များသည် ၎င်းတို့ကို စတင်တိုက်ခိုက်ကြသည်။

အမာရွတ်ရှိသော ခေါင်း‌ဆောင်၏ ကိုယ်မှ ပြင်းထန်သော အရောင်အဝါများပေါ်ထွက်လာ၏။

စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့်။

တကယ်တမ်းတွင် သူသည် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့်ကျွမ်းကျင်သူဖြစ်သည်။

သူ၏ ပစ်မှတ်မှာ တန်စီယုဖြစ်ကာ၊ တန်စီယုအား သူကြည့်သည့်အကြည့်များသည် လောဘနှင့်ပြည့်နှက်နေ၏။

သို့သော် အနက်ရောင် ဓားရောင်ခြည်သည် လေထဲသို့ လွင့်စင်လာကာ သူ၏ အမြင်အာရုံကို တားဆီးပစ်လိုက်သည်။

“မင်းပြိုင်ဘက်က ငါပါ”

ချူးယွင်ဖန်းသည် နက်မှောင်သော အမူအရာဖြင့် သူ့ထံသို့လျှောက်လာသည်။ ယင်းသည် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့် ကျင့်ကြံသူဖြစ်ကာ၊ ကျန်းယုရှန်ထက်ပင် ပို၍ စွမ်းအားကြီးသော တည်ရှိမှုတစ်ခုဖြစ်သည်။

အခန်း (၂၈၂) ရာဇဝတ်ကောင်တွေကို သတ်ခြင်း

ခေါင်းဆောင်သည် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်ဖြစ်သည်။ ကျင့်ကြံရေးအဆင့်အရ၊ ကျန်းယုရှန်ထက်ပင် ပို၍ အစွမ်းထက်၏။

သို့သော် ဤလူသည် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့်သို့မရောက်သေးဟု ချူးယွင်ဖန်း ခံစားမိကာ ပဥ္စမအဆင့်၌ပင်ရှိသေးသည်ဟု ထင်မိသည်။

ချူးယွင်ဖန်းသည် အရှိန်အဝါများကို အလွန် အကဲခတ်နိုင်သောကြောင့် ထိုအရာများသည် သူ့အတွက် အလွန်သိသာ၏။ ဤလူသည် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့်သို့မရောက်သေးကြောင်း သူသေချာသိသည်။

တစ်နည်းဆိုရလျှင် ဤအမာရွတ်ရှိသော ခေါင်းဆောင်သည် စွမ်းအင်သန့်စင်ခြင်းအဆင့်၏ ခြောက်ဆယ်ရာခိုင်နှုန်းခန့် အစွမ်းရှိသူတစ်ဦးဖြစ်သည်။ တကယ်တမ်းတွင် သူသည် စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်၌သာရှိသေးသည်။

ချူးယွင်ဖန်းသည် အမာရွတ်မျက်နှာရှိသော ဤရာဇဝတ်ကောင်၏လှုပ်ရှားမှုများသည် ပုံမှန်မဟုတ်ကြောင်း ခံစားလိုက်မိသည်။ ဤလူသည် အလွန်ပြင်းထန်သော ဒဏ်ရာရထား၏။ ဤဒဏ်ရာက မသက်သာသေးသဖြင့် သူ၏ စွမ်းအင်သည် အကန့်အသတ်ရှိနေ၏။

ချူးယွင်ဖန်းသည် သက်ပြင်းပါးပါးတစ်ချက်ချလိုက်သည်။ သို့သော် ထိုသို့ဆိုလျှင်ပင် ဤလူသည် ရင်ဆိုင်ရလွယ်ကူမည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤလူသည် ကျန်းယုရှန်ထက်ပင် ပို၍ အစွမ်းထက်၏။

ဤသည်မှာ ချူးယွင်ဖန်းအတွက် ကြီးမားသော စမ်းသပ်ချက်ကြီးတစ်ခုဖြစ်သည်။

"မင်းကြည့်ရတာ ဒီကျောင်းသားအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပုံပဲ။ အရသာရှိပါ့မလားလို့ ငါတွေးနေတာ။ ဟေးဟေး ငါမင်းကို အရင်သတ်မယ်"

အမာရွတ်ရှိသော ရာဇဝတ်သားသည် ဆိုးယုတ်စွာ ရယ်မောလိုက်ကာ ချက်ချင်းပင် စတင်တိုက်ခိုက်တော့သည်။

စုတ်ပြတ်နေသော ထောင်ဝတ်စုံသည် သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများကို သိသာစေ၏။

ဝူးရှ်

အမာရွတ်ရှိသော ရာဇ၀တ်ကောင်သည် ချူးယွင်ဖန်း ဆီသို့ ပြေးလာသည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ် လှိုင်းလုံးကြီးများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ချူးယွင်ဖန်းထံသို့ ချက်ချင်း ရောက်ရှိသွားသည်။ ဤကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် တိုက်ပွဲစမ်းသပ်မှုမပြီးသေးသော ကိုယ်ခံပညာရှင်တစ်ဦးကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သော်လည်း သူရင်ဆိုင်ရသူမှာ ချူးယွင်ဖန်း ဖြစ်သဖြင့် ဤလှုပ်ရှားမှုသည် လုံလုံးလျားလျား အသုံးမဝင်ပေ။

အမာရွတ်မျက်နှာရှိ ရာဇဝတ်ကောင်သည် အလွန်ထူထဲလေးလံသောဓားကို သူ့နောက်ကျောမှ ဆွဲထုတ်လိုက်သည်။ ၎င်းသည် စစ်တပ်မှ စံသတ်မှတ်ထားသောဓားရှည်ဖြစ်သဖြင့် စစ်တပ်စခန်းမှ လုယူသွားသည်မှာ ထင်ရှား၏။

စစ်လက်နက်များကို ချစ်ပ်များဖြင့် ထိန်းချုပ်ထားသဖြင့် ဤရာဇ၀တ်ကောင်များ အသုံးမပြုနိုင်ပေ။ သို့သော် ဤသို့သော လက်နက်များကိုမူ အသုံးမပြုနိုင်ဟု မဆိုလိုပေ။

"ကောင်းကင်မိုးကြိုး"

ချူးယွင်ဖန်းသည် စတင် လှုပ်ရှားလိုက်သည်။ ပြီးပြည့်စုံအဆင့်တွင်ရှိသော သူ၏ကောင်းကင်မိုးကြိုးဓားသိုင်း အလွန်လျင်မြန်သည်။ ခဏအကြာတွင် အမာရွတ်မျက်နှာဖြင့်လူ၏ရှေ့သို့ သူရောက်လာ၏။

Clang!

ဓားသွားနှစ်စင်း လေထဲတွင် တိုက်မိ၍ မီးပွားများ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

ဓားနှစ်စင်း ထိပ်တိုက်တွေ့ကြရာ၊ ချူးယွင်ဖန်းသည် သူ့ပြိုင်ဘက်၏လက်နက်မှ ကြောက်မက်ဖွယ်စွမ်းအားကို ချက်ချင်းခံစားလိုက်ရသည်။ အမာရွတ်မျက်နှာဖြင့်လူသည် သူ၏ စွမ်းအားကို အပြည့်အဝ မထုတ်နိုင်သော်လည်း၊ သံသယကင်းစွာပင် သူသည် အလွန်သန်မာနေသေး၏။

လက်ရှိတွင် အလေးစီးဝတ်စုံကို ၀တ်ဆင်ထားသည့် ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း စတုတ္ထအဆင့်တွင်သာ ရှိသေးသည်။ အမာရွတ်မျက်နှာလူနှင့် ယှဉ်လျှင် သူသည် စွမ်းအားနည်း၏။

ချူးယွင်ဖန်းသည် သူ၏ အလေးစီးဝတ်စုံမှ ဖိအားကို မလွှတ်သေးပေ။ သူ့ကိုယ်သူဖိအားပေးရန်အတွက် ဤရာဇ၀တ်ကောင်ကို အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

“သားလေး မင်းတော်တော်စွမ်းတာပဲ။ စွမ်းအင်သန့်စင်ခြင်းစတုတ္ထအဆင့်ရောက်နေပြီပဲ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ မင်းငါ့ကို အနိုင်ယူဖို့ အခွင့်အရေးမရှိဘူး”

အမာရွတ်မျက်နှာလူသည် ချူးယွင်ဖန်း၏ စွမ်းအားကို ပထမအကြိမ် ဓားချက်မှတစ်ဆင့် ချက်ခြင်း သိရှိလိုက်သည် ။ ချူးယွင်ဖန်း၏ ခွန်အားအပြည့်ကို မြင်လိုက်ရသည်ဟု သူထင်သောကြောင့် ဤမာနကြီးသော စကားလုံးများကို ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။

"ခင်ဗျား ကျုပ်ကို အရင် အနိုင်ယူနိုင်မှ စကားပြောတာကောင်းမယ်”

ချူးယွင်ဖန်း သည် မြေပြင်ကို ဆတ်ခနဲ နင်းလိုက်ကာ အမာရွတ်မျက်နှာလူထံသို့ ထပ်မံခုန်ဝင်တိုက်ခိုက်လိုက်ပြန်သည်။

"ဟားဟား၊ မင်းလိုလူတွေကို ငါ သဘောကျတယ်"

အမာရွတ်မျက်နှာလူက ရယ်မောလိုက်ကာ ရှေ့သို့တိုး၍ ချူးယွင်ဖန်းအား ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

တစ်ဖက်တွင်မူ အဖွဲ့သည် အခြားရာဇ၀တ်ကောင်များကို တိုက်ခိုက်နေသည်။

ဤရာဇ၀တ်ကောင်များသည် တန်စီယုနှင့် နှင့် အခြားသူများကဲ့သို့ စွမ်းအားကောင်းသော်လည်း၊ ၎င်းတို့သည် စွမ်းအင်သန့်စင်ခြင်း ဒုတိယ သို့မဟုတ် တတိယအဆင့်တွင်သာ ရှိသေးသည်။ ထို့အပြင် ၎င်းတို့သည် ချပ်ဝတ်တန်ဆာ မ၀တ်ထားဆင်ထားသည့်အပြင် ၎င်းတို့၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် စုတ်ပြဲနေသည့် ထောင်ဝတ်စုံများသာဝတ်ဆင်ထား၏။

သို့သော်လည်း ၎င်းတို့၏ အရေအတွက်သည် အဖွဲ့ထက် နှစ်ဆသာလွန်၏။ ၎င်းတို့တစ်ဦးစီသည် ရာဇ၀တ်သား နှစ်ဦး သို့မဟုတ် သုံးဦးကို တစ်ပြိုင်နက် ရင်ဆိုင်ရမည်ဖြစ်သည်။

ဤရာဇ၀တ်ကောင်များသည် တိုက်ပွဲတွင်း အတွေ့အကြုံရှိကြသည်။ သူတို့၏တိုက်ခိုက်ရေး နည်းစနစ်များသည် အဖွဲ့ထက် များစွာပိုကောင်းသည်။ တိုက်ပွဲသံချပ်ကာ အကာအကွယ်မရှိသော်လည်း ကျောင်းသားအစုအဝေးကို အလွယ်တကူ ကိုင်တွယ်နိုင်မည်ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဤကျောင်းသားများသည် စိတ်ကူးမယဉ်နိုင်သော အလားအလာများစွာကို ထုတ်လွှတ်လျက်ရှိကြသည်။ ၎င်းတို့အားလုံးသည် ပါရမီရှင်များဖြစ်ကြသဖြင့် ဒီရာဇ၀တ်ကောင်များနှင့် ယှဉ်လျှင် သူတို့က ပို၍စွမ်းအားကြီးသည်။ သို့ရာတွင်၊ ထိုလူများကို အသေသတ်နိုင်ချေအလွန်နည်းပါး၏။

ယခုမူ၊ သူတို့တွင် အခြားရွေးချယ်စရာမရှိပေ။ ရှင်သန်ရန် ခွန်အားရှိသမျှဖြင့်သာ တိုက်ခိုက်လျက်ရှိကြသည်။ ယခုအချိန်တွင်မူ ၎င်းတို့၏ စွမ်းဆောင်ရည် အပြည့်အ၀ကို ထုတ်ဖော်ပြသလျက်ရှိပြီဖြစ်၏။

ဤရာဇ၀တ်ကောင်များထံမှ စစ်ပွဲအတွေ့အကြုံကို လျင်မြန်စွာ စုပ်ယူနိုင်သည်အထိ၊ ၎င်းတို့၏ အင်အားသည် လျင်မြန်စွာ တိုးမြင့်လာသည်။ ထို့နောက် တဖြည်းဖြည်းချင်း တည်ငြိမ်လာကြသည်။

“အားလုံးသတိထားပါ။ သူတို့ကို မကြောက်ပါနဲ့။ သူတို့မှာ ချပ်ဝတ်တန်ဆာ မပါတာကြောင့် သူတို့ရဲ့ ခွန်အားကို အပြည့်အဝ မထုတ်နိုင်ကြဘူး။ ငါတို့ အစွမ်းကုန် တိုက်ခိုက်နိုင်တယ်” တန်စီယုက ကျယ်လောင်စွာပြောလိုက်သည်။

အဖွဲ့ထဲတွင် တန်စီယု၏ စွမ်းဆောင်ရည်သည် အထူးခြားဆုံးဖြစ်သည်။ သူမသည် စွမ်းအင်သန့်စင်ခြင်းတတိယအဆင့် ရာဇဝတ်ကောင်နှစ်ဦး၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသော်လည်း ၎င်းတို့ကို သူမကိုယ်တိုင် အောင်မြင်စွာ တားဆီးနိုင်၏။ ပျက်ဆီးမှုကို စုပ်ယူရရန် သူမသည် မိမိ၏ သံချပ်ကာကို အားကိုးနေရန်မလိုအပ်ပေ။ တခါတရံတွင် ဒဏ်ရာတစ်ခုအတွက် ဒဏ်ရာတစ်ခုဖြင့်ပင် လဲလျက်ရှိသည်။ သူမ၏ သံချပ်ကာဖြင့် သူမသည် ရာဇဝတ်ကောင်များကို ထိပ်တိုက်ရင်ဆိုင်နိုင်၏။

ယင်းကြောင့် ရာဇဝတ်ကောင်နှစ်ဦးသည် အားကိုးရာမဲ့ဖြစ်လျက်ရှိသည်။ သူတို့သည်လည်း အသွေး၊ အသားဖြင့် တည်ဆောက်ထားသော ကိုယ်များဖြစ်သဖြင့် ဓားဖြင့် တစ်ချက်ထိလျှင်ပင် သေသွားပေလိမ့်မည်။

တန်စီယု၏ သတိပေးချက်ကို အခြားလူများကြားသောအခါ ၎င်းတို့၏ မျက်လုံးများတောက်ပလာကြသည်။ မှန်သည်၊ သူတို့သည် သံချပ်ကာ ဝတ်ထားကြသည်။ မည်သည်ကို ကြောက်ရမည်နည်း။

အခြေအနေတစ်ခုလုံးသည် ပြောင်းပြန်လန်သွားသည်။ ထို့နောက် တစ်ဖွဲ့လုံးအားကုန်သုံးတိုက်ခိုက်ရဲသွားကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ရာဇဝတ်ကောင်များသည် ထိတ်လန့်လျက်ရှိကြကာ၊ အသက်ကို စွန့်ဝံ့ကြသော်လည်း ဤသို့သော စိတ်ပျက်ဖွယ်အခြေအနေသို့ တွန်းပို့ခံလိုက်ရသည်။ လက်ရှိအခြေအနေတွင် အခြားသူများအခွင့်အရေးရရန်အတွက် သူတို့၏ အသက်ဖြင့် လဲလှယ်ရန် လွယ်လွယ်ကူကူဖြင့် မဖြစ်နိုင်ပေ။

“ကလေးမလေး၊ မင်းရဲ့ တုံ့ပြန်မှုက တော်တော်မြန်တယ်။ ကံမကောင်းစွာနဲ့ မင်းတို့က လူနည်းစုပဲဖြစ်နေတယ်။ နည်းနည်းကြာရင် မင်းစွမ်းအားက ကျဆင်းလာလိမ့်မယ်။ အဲ့အချိန်ရောက်ရင်တော့ မင်းသေရမယ့်အချိန်ရောက်ပြီ။”တန်စီယု၏ရှေ့ရှိ ရာဇဝတ်ကောင်သည် ရက်စက်သောအပြုံးကို ပြုံး‌၍ ပြောလိုက်သည်။

ရာဇဝတ်ကောင်များသည် အရေအတွက်များသောကြောင့် အလှည့်ကျတိုက်ခိုက်နိုင်သည်။ ဤသို့ဖြင့် သူတို့၏ ကိုယ်ခံအားသည် အနည်းငယ်သာကျဆင်းလာလိမ့်မည်ဖြစ်သည်။ တကယ်တမ်းတွင် ဤနေရာသည် အလွန်ပူပြင်းလှကာ၊ ကျောင်းသားများကဲ့သို့ မသန်မာကြပေ။ အနည်းဆုံးအနေဖြင့် ကျောင်းသားများသည် သံချပ်ကာထဲတွင် ပုန်းနေနိုင်ကြ၏။

အချိန်အတိုင်းအတာတစ်ခုအကြာအထိ၊ မြင်ကွင်းတစ်ခုလုံးသည် မသေမချာဖြစ်လျက်ရှိကာ၊ အနိုင်ရသူကို မဆုံးဖြတ်နိုင်ပေ။ ရာဇဝတ်ကောင်များသည်လည်း ဤကျောင်းသားများကို ကိုင်တွယ်ရန် အလွန်ခက်ခဲလိမ့်မည်ဟု မထင်မှတ်ထားကြပေ။

သာမန်အထက်တန်းကျောင်းသားကျောင်းသူများသည် သဘာဝအလျောက်ပင် ဇီဝိန်ချုပ်ရန် ခက်ခဲမည်မဟုတ်သော်လည်း ဤသည်မှာ ပြည်ထောင်စုတက္ကသိုလ်၏ ဝင်ခွင့်စာမေးပွဲကို စိန်ခေါ်ရဲသည့် ကျောင်းသားများဖြစ်ကြသည်။ ၎င်းတို့ထဲမှ မည်သူက ပါရမီရှင် မဟုတ်သနည်း။

လူတိုင်း၏ အကြည့်များသည် ချူးယွင်ဖန်းနှင့် အမာရွတ်မျက်နှာလူကြားမှ ပြင်းထန်သော တိုက်ပွဲဆီသို့ ဦးတည်သွားကြသည်။

ထိုပွဲသည် ဤမဆုတ်သာမတိုးသာအခြေအနေကို ဖြိုခွင်းမည့်ပွဲဖြစ်သည်။

All Chapters