← Chapters

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း(၂၉၈) စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့် အထွဋ်အထိပ်

တိုက်ပွဲသည် အပူချိန်ကျဆင်းလာသည့် ညနေပိုင်းအထိတိုင်ကြာမြင့်သွား၏။ ထိုမှသာ ချူးယွင်ဖန်းနှင့် အခြားသူများသည် အခြေစိုက်စခန်းသို့ ပြန်ခဲ့ကြသည်။

ထိုနေ့တွင် အခြားကျောင်းသားများနှင့် ရန်ဖြစ်ခြင်းအပြင် ရာဇဝတ်ကောင်အုပ်စု သုံးစုနှင့်လည်းကြုံခဲ့ရသည်။

လူတိုင်းသည် အမှတ်အများအပြားရရှိခဲ့ကြရသည်။ ၎င်းတို့ထဲတွင် ရန်ကျွင်းသည်သာ ရာဇဝတ်ကောင်နှင့် တိုက်ခိုက်နေစဥ်၌ လက်မောင်းသို့ ဓားဖြင့် ထိခဲ့ရသည်။ သို့သော် ခြုံငြုံကြလျှင် ကြီးကြီးမားမားမဟုတ်ပေ။

ဆယ်ရက် ကျော်လွန်သွားခဲ့သည်။

ဤဆယ်ရက်အတွင်းတွင် ကျောင်းသားများသည် မိနစ်၊ စက္ကန့်တိုင်းကို ကောင်းစွာ အသုံးချ၍ ကြိုးစားအားထုတ်ကြသည်။ လူတိုင်းသည်လည်း အလွန် တိုးတက်လာကြ၏။

နေ့ဘက်တွင် ရာဇဝတ်ကောင်များကို အမဲလိုက်ရန်ထွက်သွားကြ၍ ညပိုင်းတွင် တာဝန်ကျသူများသာမက၊ တာဝန်မကျသူများကပါ မွန်းစတားများကို သတ်ဖြတ်ကြသည်။ ဤသို့နေ့ညမလပ် ကြိုးစားအားထုတ်မှုကြောင့် လူတိုင်း၏ ကျင့်ကြံရေးသည် အလွန်အမင်းတိုးတက်လာသည်။

ချူးယွင်ဖန်း၏ အဖွဲ့တွင် တန်စီယုသည် အလျင်မြန်ဆုံးတိုးတက်သူဖြစ်သည်။ ဆယ်ရက်အတွင်းတွင် သူမသည် စွမ်းအင်သန့်စင်ခြင်း တတိယအဆင့်မှာ စတုတ္ထအဆင့်သို့ ခြေတစ်လှမ်းသာလိုတော့၏။ သူမသည် မကြာမီတွင် စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်သို့ ကျော်ဖြတ်နိုင်တော့မည်ဖြစ်သည်။

ချူးယွင်ဖန်း၏ ခန့်မှန်းချက်အရ၊ ဤဝင်ခွင့်ဖြေပွဲ အဆုံးမသတ်မီတွင် သူမသည် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့်သို့ ဖြတ်ကျော်နိုင်ချေရှိသည်။ ဤသည်မှာ အလွန် တုန်လှုပ်ဖွယ်ကောင်းလှ၏။

ရန်ကျွင်း၊ ယုရှင်းယွမ်နှင့် တုန်ရှင်းရန်တို့သည် မူလက သူမထက် ပိုမို စွမ်းအားကြီးကြသော်လည်း စွမ်းအင်သန့်စင်ခြင်း တတိယအဆင့်ကိုသာ ကျော်ဖြတ်နိုင်ခဲ့ကြသည်။ ယခုမူ ၎င်းတို့သည် ဂေါင်ဟုန်ချီနှင့် အဆင့်တူချင်းရှိနေပြီဖြစ်၏။

တန်စီယု၏ ကျင့်ကြံရေးအရှိန်ကြောင့် ရန်ကျွင်း ယုရှင်းယွမ်နှင့် တုန်ရှင်းရန်တို့သည် ထိတ်လန့်လျက်ရှိကြသည်။ ၎င်းတို့၏ အာရုံစိုက်မှုသည် မူလက ချူးယွင်ဖန်းပေါ်တွင်သာ ရှိကြသော်လည်း ယခုမူ တန်စီယုသည် ထည့်သွင်းစဥ်းစားကြရမည့် အင်အားတစ်ခု ဖြစ်လာပုံပေါ်သည်။

နောက်ပိုင်းတွင် တန်စီယုသည် လွန်ခဲ့သော နှစ်နှစ်ခန့်ကမှ စတင်ကျင့်ကြံခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့ ကြားသိခဲ့ကြရကာ၊ တန်စီယု၏ ကျင့်ကြံရေးအရှိန်သည် မည်မျှအံ့အားသင့်ဖွယ်ကောင်းသည်ကို ပို၍ သဘောပေါက် နားလည်လာကြသည်။

ချူးယွင်ဖန်းသည်မူ လူ့အရေပြားအောက်တွင် ကိန်းအောင်းနေသည့် မွန်းစတားတစ်ကောင်ဖြစ်သဖြင့် သူ့ကိုမူ ယေဘုယျ ထည့်သွင်းဆုံးဖြတ်၍မရပေ။

မှောင်ပိန်းသော ညနက်ပိုင်းတွင် အခြေစိုက်စခန်း၏ အပြင်ဘက် ပတ်ဝန်းကျင်၌ ဧရာမ မွန်းစတားများစွာ မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည်။ လတ်ဆတ်သော သွေးများသည် မြေပြင်ထဲသို့ စိမ့်ဝင်ကာ ၎င်းတို့၏ ခန္ဓာကိုယ်များ လျင်မြန်စွာ အေးခဲသွားကြ၏။

ချူးယွင်ဖန်း၏ လက်ထဲမှ ဓားသည် အဆက်မပြတ်ဝှေ့ယမ်းလျက်ရှိသည်။ ဓားချက်တစ်ချက်စီသည် မွန်းစတားတစ်ကောင်ကို ချေမှုန်းသုတ်သင်နိုင်၏။ ဤညပိုင်းကျက်စားသော မွန်းစတားများသည် ထပ်ပေါ်လာမည့် မွန်းစတားများထက် များစွာပို၍ ရက်စက်ကြမ်းကြုတ်ကြသည်။ ၎င်းတို့သည် အသေခံတိုက်ပွဲဝင်ကာနောက်ဆုတ်ခြင်းအလျင်းမရှိပေ။ မိုးမလင်းခင်အချိန်ထိ တိုက်ပွဲဝင်ခဲ့ကြရာ၊ နောက်ဆုံးတွင်မှ ဆုတ်ခွာသွားခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် ပြန်လည်ကုသ၊ အနားယူရန် မိမိတို့၏ လှိုဏ်ဂူများဆီသို့ ပြန်သွားကြသည်။

သို့မှာသာ၊ ကျောင်းသားများသည် သက်ပြင်းချ၍ လက်ထဲမှ လက်နက်များကို ပြန်သိမ်းနိုင်ကြတော့သည်။ ချူးယွင်ဖန်း၏ဘေးရှိ တန်စီယုသည်လည်း သူမ၏ ဓားကို ဝှေ့ယမ်းကာ နောက်ဆုံးကျန်ရှိသည့် သားရဲကို ခုတ်ပိုင်းပစ်လိုက်သည်။

ချူးယွင်ဖန်းသည် ပြင်းထန်စွာ အသက်ရှုသွင်း၍ ပတ်ဝန်းကျင်လေထဲရှိ ဝိဉာဥ်စွမ်းအင်ကို စုပ်ယူလိုက်သည်။ သူ၏ ကိုယ်ယောင်ကိုယ်ဝါများ လျော့နည်းမသွားသည့်အပြင် အဆင့်တစ်ဆင့်ပင်မြင့်တက်လာ၏။ သူ အပြည့်အဝပြန်လည်သက်သာသွားသောအခါတွင်မူ သူသည် အတားအဆီး၏ အနားသို့ရောက်ရှိနေပြီဖြစ်ကြောင်းသိလိုက်ရသည်။ သူ၏ စွမ်းအင်များအပြည့်အဝပြန်လည် ပြည့်တင်းလာသောအခါ သူ၏ ချီစွမ်းအင်များ တိုးမြင့်ခြင်းကို မခံစားရတော့ပေ။ ဆိုလိုသည်မှာ၊ သူသည် နောက်ဆုံးတွင် စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်သို့ ရောက်ရှိနေပြီပင်ဖြစ်သည်။

ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့်သို့တက်လှမ်းနိုင်ရန် ကြိုးစားကြည့်နိုင်ပြီဖြစ်၏။

သူ၏ စွမ်းအင်သည် နောက်တစ်ကြိမ် ကြီးမားသော ခုန်ပျံကျော်လွှားမှုကြီးတစ်ခုကို ပြုလုပ်တော့မည်ဖြစ်သည်။

သို့သော် ဤအခြေစိုက်စခန်းတွင် သူသည် ဒုတိယအဆင့်တွင်သာ ရှိသည်ဟု ဆိုနိုင်၏။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ယောင်ရွှယ်ရိသည် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့် အထွဋ်အထိပ်၏ အတားအဆီးများကို ကျော်ဖြတ်ကာ သတ္တမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ယခင်က ချူးယွင်ဖန်း တွေ့ဖူးသော ကျန်းလဲ့နှင့် ယှဥ်လျှင် ယောင်ရွှယ်ရိသည် အနည်းငယ် စွမ်းအားနည်းသော်လည်း ကျန်းလဲ့နှင့် တူညီသော အဆင့်တွင်ရှိနေပြီဖြစ်သည်။

ဤအချက်ကြောင့် ကျန်းလဲ့သည် ထိုအချိန်က စွမ်းအင်သန့်စင်ခြင်း သတ္တမမြောက်အဆင့်တွင်ရှိနေကြောင်း ချူးယွင်ဖန်း လွယ်ကူစွာ ခန့်မှန်းနိုင်ခဲ့သော်လည်း ယခုမူ ကျန်းလဲ့ မည်သည့်အဆင့်တွင်ရောက်နေပြီဖြစ်ကြောင်း သူမသိပေ။

ကျန်းလဲ့ကို နှိမ်နင်းနိုင်သူ ချူးယွင်ရှန်သည် ကျန်းလဲ့အား မသမာသော နည်းလမ်းများကို အသုံးပြုလာသည်အထိ တွန်းအားပေးခဲ့သည်။ ချူးယွင်ဖန်းသည် အနည်းငယ်သာ ပို၍ သန်မာလာသည်ဟု ယူဆရသည်။ ချူးယွင်ရှန်သည် ယခု စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့် အထွဋ်အထိပ်သို့ ရောက်ရှိကောင်းရောက်ရှိနေနိုင်၏။ ဤရက်အနည်းငယ်အတွင်းတွင် အဆင့်တစ်ဆင့် ထပ်မံတက်လှမ်းသွားနိုင်သည်။

ချူးယွင်ရှန်က ချူးယွင်ဖန်းသည် ယခု သူ့အတွက် ပြိုင်ဘက်ကောင်းတစ်ယောက်မဟုတ်သေးဟု ပြောခဲ့သည်မှာ အံ့သြဖွယ်မရှိပေ။ ချူးယွင်ဖန်းကို အမီလိုက်ရန် အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့်သို့ တက်လှမ်းနိုင်သည်နှင့် တစ်ပြိုင်နက် ယောင်ရွှယ်ရိကို အနိုင်ယူနိုင်လိမ့်မည်ဟု သူယုံကြည်ချက်ရှိသည်။ သို့သော် ထိုသို့ လုပ်ရန်မလိုအပ်ပေ။ တကယ်တမ်းတွင်မူ ယောင်ရွှယ်ရိသည် ဤအချိန်ကာလအတွင်းတွင် အခြေစိုက်စခန်းကို ကောင်းမွန်စွာ စီမံခန့်ခွဲထားခဲ့သည်ဖြစ်ရာ၊ အခြေစိုက်စခန်းအတွင်းရှိ ကျောင်းသားများကို ဦးဆောင်နိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် သူနှ့င်ယှဥ်ပြိုင်လိုစိတ်အလျင်းမရှိသဖြင့် ယောင်ရွှယ်ရိသည် အလိုအလျောက်ပင် ဤကျောင်းသားများ၏ ခေါင်းဆောင်ဖြစ်လာခဲ့၏။

လေထဲမှ ဝိဉာဥ်စွမ်းအင်များကို စုပ်ယူကာ ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်သည့် ချူးယွင်ဖန်းနှင့် မတူညီသဖြင့် တန်စီယုအတွက်မူ ခပ်များများ ထိရောက်မှုမရှိပေ။ သူမ၏ ချီစွမ်းအင်များကို ပြန်လည်ရရှိရန် ဆေးတစ်လုံး သောက်သုံးပြီးနောက် သူမသည်တည်ငြိမ်စွာ တရားထိုင်၍ သူမ၏ စွမ်းအင်ပြန်လည်ကောင်းမွန်လာစေရန် ‌စောင့်ဆိုင်းလျက်ရှိသည်။

တန်စီယုသည် ချူးယွင်ဖန်းထက် အနည်းငယ်မျှ နိမ့်ကျခြင်းမရှိ၊ လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် အပြင်းအထန်လေ့ကျင့်ခဲ့သည်။ သူမအတွက် ကျင့်ကြံရေးအခြေခံကောင်းတစ်ခု ရှိရန်လိုအပ်သော်လည်း ကြိုးစားအားထုတ်မှုမရှိပါက၊ ယခု သူမရရှိထားသော အရာများကို ရရှိနိုင်မည်မဟုတ်ပေ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် ချူးယွင်ဖန်းနှင့် တန်စီယုတို့သည် မကြာခဏညဆိုင်းအတူတူဆင်းကြသောကြောင့် ၎င်းတို့၏ဆက်ဆံရေသည် အလွန်လျင်မြန်ကာ တိုးတက်လာလျက် ယခင်ကထက် ပိုမိုရင်းနှီးလာခဲ့ကြသည်။ ယခုအချိန်တွင် တန်စီယုသည် တန်မိသားစုမှ ရေးထိုးထားသည့် သူမ၏ ကံကြမ္မာမှ မည်မျှ လွတ်မြောက်ချင်နေကြောင်းကို ချူးယွင်ဖန်းသိလာခဲ့သည်။ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရခြင်းသည် သူမ၏ အစီအစဥ်များထဲမှ တစ်ခုသာဖြစ်သည်။

အရေးအကြီးဆုံးမှာ သူမသည် မွေးဖွားခြင်းနယ်မြေအဆင့်ကို ကျော်ဖြတ်ချင်ခြင်းဖြစ်သည်။

လူသားများအကြားတွင် မွေးဖွားခြင်းနယ်မြေအဆင့်ရှိသူများကို အကြီးအမှုးများအဖြစ်သတ်မှတ်ထားကြသည်။ တန်မိသားစုနှင့် ကျန်းမိသားစုကဲ့သို့သော မိသားစုကြီးများကြားတွင်ပင် ထိုသို့သော အဆင့်သို့ ရောက်ဖူးသူ အလွန်နည်းပါးလှသည်။

တန်စီယုသည် ဧည့်အကြီးအကဲရာထူးကို ခံစားနိုင်မည်ဖြစ်ကာ၊ အကယ်၍ သူမသာ မွေးဖွားခြင်းနယ်မြေအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့လျှင် တန်မိသားစုသည် သူမအား ကြိုးဆွဲရန် အင်အားရှိတော့မည်မဟုတ်ပေ။ သူမအား အိမ်ထောင်ဖက်အဖြစ်ပင် ဆက်ဆံ၍ရတော့မည်မဟုတ်ကာ၊ ထိုနည်းဖြင့် သူမသည် မိမိဘဝအတွက် ဆုံးဖြတ်ချက်များ ချနိုင်မည်ဖြစ်သဖြင့် အခြားသူများအတွက် အရေးမပါသည့် စစ်တုရင်တုံးများဖြစ်လာကြမည်မဟုတ်ပေ။

ထို့အတွက်ကြောင့် တန်စီယုသည် သူမ၏ ကျင့်ကြံရေးတွင် အလွန်ကြိုးစားအားထုတ်လျက်ရှိသည်။ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်ခြင်းဖြင့် သူမသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်နိုင်မည်ဖြစ်ကာ၊ ကြိုးစားအားထုတ်ရန်မှလွဲ၍ အခြားရှိမည်မဟုတ်ပေ။

ခဏအကြာတွင် ကောင်းကင်ကြီးက လင်းထိန်လာသဖြင့် မွန်းစတားများ နောက်သို့ ပြန်လည်ဆုတ်ခွာသွားကြသည်။ များမကြာမီတွင် ကျောင်းသားအများအပြား နိုးထလာပြီးနောက် သားရဲအသေကောင်များကို အစာအဖြစ်စားသုံးရန် သိုလှောင်ခန်းထဲသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ၎င်းတို့သည် ဤနေရာ၌ အနည်းဆုံး နောက်ထပ် တစ်လခွဲခန့်နေရမည်ဖြစ်ရာ၊ ကမ္ဘာပေါ်တွင် မွန်းစတားအသားသည် စျေးကြီး၏။ သာမန်လူများသည် ၎င်းကို ဆယ်ရက်ဆက်တိုက်စားရန် တတ်နိုင်ကြလိမ့်မည်မဟုတ်ပေ။

မွန်းစတားအသားတွင် စွမ်းအင်ပါဝင်သည်။ ဤမွန်းစတားအသားများကို အချိန်တိုင်းစားသုံးနေခြင်းဖြင့် စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို သိသာစွာတိုးတက်စေနိုင်သည်။

ချူးယွင်ဖန်းနှင့် အခြားသူတို့ စတင်အမဲလိုက်ရန်ထွက်တော့မည့်အချိန်တွင် မဖိတ်ကြားထားသော ဧည့်သည်များ အခြေစိုက်စခန်းသို့ ရုတ်တရက်ရောက်ရှိလာကြ၏။

“ချူးယွင်ဖန်းကဘယ်သူလဲ၊ ငါတို့နဲ့လိုက်ခဲ့”

ပုတိုသော လူငယ်တစ်ဦး၏ ပါးစပ်မှ အေးစက်သောအသံတစ်ခုထွက်ပေါ်လာ၏။

ဤလူငယ်သည် စွမ်းအားကြီးသည်ဟု ထင်ရကာ အလွန်စွမ်းအားပြင်းသော ကိုယ်ရောင်ကိုယ်ဝါများ တောက်ပလျက်ရှိသည်။

အခန်း(၂၉၉) ကျန်းမိသားစုမှ နောက်တစ်ယောက်

ပုတိုသော လူငယ်၏ နောက်တွင် လူတစ်ဒါဇင်ခွဲကျော်ခန့်ရပ်နေကာ တစ်ဦးစီသည် အလွန်အစွမ်းထက်သော ကိုယ်ရောင်ကိုယ်ဝါများ ပိုင်ဆိုင်ထားကြသည်။

“မင်းက ဘယ်သူလဲ” ချူးယွင်ဖန်းက ရုတ်တရက်ရောက်လာသောသူများကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ဤလူများအားလုံးသည် ယောင်ရွှယ်ရိ၏ အဖွဲ့မှ အဖွဲ့ဝင်များနှင့် နှိုင်းယှဥ်ပါက အလွန်အစွမ်းထက်ကြသည်။ ၎င်းတို့သည် စွမ်းအင်သန့်စင်ခြင်းအဆင့် စတုတ္ထအဆင့်တွင်ရှိကာ အချို့မှာ ပဥ္စမအဆင့်တွင်ရှိကြသည်။

၎င်းတို့ထဲမှ စွမ်းအားအကြီးဆုံးဖြစ်သည့် ပုတိုသော လူငယ်သည် ယောင်ရွှယ်ရိကဲ့သို့ သန်မာ၏။ သူသည် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့် အထွဋ်အထိပ်တွင်ရှိပြီဖြစ်သည်။

“ငါ့ပခုံးပေါ်က ဒါကို ကြည့်လိုက်၊ မင်းအခု နားလည်ပြီလား” ပုတိုသောလူငယ်က သူ၏ ချပ်ဝတ်တန်ဆာပေါမှ တံဆိပ်ကို ညွှန်ပြကာ မောက်မာသော မျက်နှာထားဖြင့် ဆိုသည်။

“မင်းက ကျန်းလား” ချူးယွင်ဖန်းသည် ချက်ချင်းပင် နိုးနိုးကြားကြားဖြစ်လာသည်။

သူ့အဖွဲ့မှ အခြားသူများသည်လည်း အလေးအနက်ဖြစ်လာကြသည်။ ရန်ကျွင်း၊ တုန်ရှင်းရန်နှင့် ယုရှင်းယွမ်တို့သည် ချူးယွင်ဖန်းနှင့် ကျန်းမိသားစုကြားတွင် မည်သည့်ရန်ငြှိုးရှိနေကြောင်း မသိကြသော်လည်း ကျန်းမိသားစုမှ သူ့ခေါင်းအတွက် ဆုကြေးငွေ ယွမ်သန်းငါးဆယ်ထုတ်ထားကြောင်း သိကြသည်။

ချူးယွင်ဖန်းနှင့် ကျန်းမိသားစုကြားတွင် ကြီးမားသော ပဋိပက္ခတစ်ခု ရှိခဲ့သည်။ ထို့အပြင် လွန်ခဲ့သော ရက်အနည်းငယ်တွင် ချူးယွင်ဖန်းသည် ကျန်းမိသားစုမှ လာသူများအားလုံးကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ သူတို့ မည်ကဲ့သို့ ဤကဲ့သို့ ထိုင်ကြည့်နေနိုင်ကြလိမ့်မည်နည်း။

“မှန်တယ်၊ ငါက ကျန်းပါ။ ငါ့နာမည်က ကျန်းရွှမ်” ပုတိုတိုလူငယ်က ထုတ်ပြောလိုက်သည်။

ချူးယွင်ဖန်းက တစ်စုံတစ်ခုကို တွေးမိသွာသည်။ ချူးများကဲ့သို့ သေးငယ်သော မိသားစုတစ်စုသည် ကျန်းမိသားစုကဲ့သို့ မိသားစုကြီးတစ်ခုနှင့် အမှန်တကယ်ပင် နှိုင်းယှဥ်နိုင်မည်မဟုတ်ပေ။ ကျန်းမိသားစုသည် ပါရမီရှင်များမှ ပါရမီရှင်များစွာကို မွေးထုတ်ခဲ့ကာ၊ ၎င်းမှာ ယခု တတိယနှစ်အထက်တန်းကျောင်းသားအချို့သာဖြစ်သည်။ ကျန်းလဲ့အပြင် ကျန်းရွှမ်နှင့် ကျန်းယုရှန်တို့ ပေါ်လာခဲ့သည်။ ၎င်းတို့ထဲမှ တစ်ယောက်ယောက်သည် မည်သည့်နေရာ၌မဆို ထင်ရှားသော တည်ရှိမှုတစ်ခု ဖြစ်လာနိုင်၏။ နှစ်ပေါင်းများစွာကြာခဲ့ပြီးသည့်နောက် ကျန်းမိသားစုသည် မည်မျှများပြားသော ပါရမီရှင်များ မွေးထုတ်ခဲ့သည်ကို မည်သူမျှ ခြေရာခံနိုင်မည်မဟုတ်ပေ။

“ကျန်းတွေက မပြီးတော့ဘူးလား” တန်စီယုကပြောသည်။

“မင်းက တန်စီယုဖြစ်ရမယ်။ ဒါက အိမ်ထောင်ရေးမဟာမိတ်ဖြစ်ပေမယ့် ဒီကောင်နဲ့ ဝေးဝေးနေဖို့ အကြံပေးပါရစေ၊ မင်း အဲ့ကောင်နဲ့နီးနီးကပ်ကပ်နေလေလေ သူမြန်မြန်သေလေလေပဲ။ အဲ့တာက ကျန်းနဲ့ တန်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ငါတို့က ဒါကို ပေါ့‌ပေါ့တန်တန်သဘောထားလိမ့်မယ်လို့ မင်းထင်နေလား” ကျန်းရွှမ်ကပြောသည်။

“မင်း ဒီကို ကျန်းလင်းရှောင်ရဲ့ ကိစ္စအတွက် ရောက်နေတာလား” ချူးယွင်ဖန်းကပြောသည်။

“အစ်ကိုလင်းရှောင်ရဲ့ ကိစ္စက ငါတို့ ဒီကို ရောက်လာရတဲ့ အကြောင်းအရင်းထဲက တစ်ခုပဲ။ မင်းကို ဒီတစ်ခါ တွေ့ချင်တဲ့လူက ကျန်းဖန်ဖေပဲ” ကျန်းရွှမ်ကပြောသည်။ “ငါ မင်းကို ‌ခေါ်ဖို့ရောက်လာတာ။ စိတ်မပူပါနဲ့၊ အစ်ကိုဖန်ဖေက မင်းအသက်ကိုယူချင်တယ်လို့ မပြောထားပါဘူး။ အစ်ကိုဖန်ဖေက မင်းကို အရင်တွေ့ပြီးမှ သတ်ရမလားမသတ်ရဘူးလားဆိုတာ ဆုံးဖြတ်ချက်ချမယ်တဲ့”

“ဟ၊ သူ ငါ့ကို သတ်ချင်ရင် ငါအညံ့ခံဖို့ကလွဲပြီး အခြားရွေးချယ်စရာတစ်ခုမှရမှာမဟုတ်ဘူးမလား” ချူးယွင်ဖန်းက လှောင်ပြုံးပြုံးကာပြောလိုက်သည်။

“ဒါ့ပေါ့ကွ၊ အစ်ကိုဖန်ဖေက အို့ဟွာမြို့ ကျန်းမိသားစု ဌာနခွဲမှာ စွမ်းအားအကြီးဆုံးပဲ။ ဒီနှစ် အို့ဟွာမြို့ရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်လည်းဖြစ်တယ်။ အကယ်၍ သူ မင်းကို သတ်ချင်ရင် မင်းထွက်ပြေးနိုင်မယ်လို့ထင်လား။ အဲ့တာက အသုံးမဝင်တဲ့ ကြိုးစားအားထုတ်မှုဖြစ်မှာပဲ” ကျန်းရွှမ်က အမှန်တရားကိုပြောလိုက်သည်။

“ဘာ၊ အဲ့ ကျန်းဖန်ဖေလား” ရန်ကျွင်း၏ မျက်နှာက ဖျော့တော့ဖြူဖွေးသွားသည်။ “ဘယ်လိုလုပ်သူဖြစ်နိုင်မှာလဲ”

“ကျန်းဖန်ဖေက အစွမ်းကြီးလား” ဂေါင်ဟုန်ချီကပြောသည်။

“အရမ်းပေါ့။ ပြည်ထောင်စုတက္ကသိုလ် ဝင်ခွင့်စာမေးပွဲမှာ ပါဝင်တဲ့ အခြေစိုက်မြို့သုံးမြို့ရှိတယ်။ သူတို့က တုန်ဟွာ၊ အို့ဟွာနဲ့ နန်ဟွာမြို့တွေပဲ။ ဒီဝင်ခွင့်စာမေးပွဲမှာ ဒီအခြေစိုက်မြို့သုံးမြို့မှာ ထိပ်တန်းကျောင်းသားတစ်ယောက်စီရှိကြတယ်” ရန်ကျွင်းက လေးနက်စွာပြောသည်။

“တုန်ဟွာမြို့မှာ တုန်ဖန်းဟောက်ရှိတယ်။ သူ့ကို လွန်းပျံယာဥ်ပေါ်မှာ မင်းတွေ့မှာပါ။ အို့ဟွာမြို့ရဲ့ နံပါတ်တစ်က ကျန်းဖန်ဖေဖြစ်ပြီး ကျန်တစ်ယောက်က နန်ဟွာမြို့ရဲ့ လျန့်ဟောက်ယွီပဲ။ အဲ့သုံးယောက်လုံးက အရမ်းစွမ်းအားကြီးတယ်”

“နောက်နှစ်ယောက်အကြောင်းတော့ မပြောပါရစေနဲ့။ ကျန်းဖန်ဖေက အလယ်ပိုင်းဥရောပကနေ သွေးနှောဆင်းသက်လာတဲ့လူလို့ပြောကြတယ်။ သူ့အမေဘက်က ဥရောပသွေးပါတယ်။ သူက အရမ်းစွမ်းအားကြီးပြီး ထက်မြက်တယ်။ ငါတို့ တုန်ဟွာမြို့ရဲ့ နံပါတ်တစ် တုန်ဖန်းဟောက်ထက်တော့ အဆင့်မနိမ့်ဘူး။ ဟုတ်မဟုတ်တော့မသိပေမယ့် သူက သန့်စင်ခြင်းအဆင့်ကို ရောက်နေပြီလို့ကြားရတယ်” ရန်ကျွင်းကရှင်းပြသည်။

ရန်ကျွင်းကဲ့သို့ မောက်မာသူတစ်ဦးပင်လျှင် လူများသည် တစ်ဦးနှင့်တစ်ဦးကွဲပြားကြောင်း ဝန်ခံကြရမည်ဖြစ်သည်။ ရန်ကျွင်းသည် မကြာသေးမီကမှ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း တုန်ဖန်းဟောက်နှင့် ကျန်းဖန်ဖေတို့သည်မူ လွန်ခဲ့သော တစ်နှစ်ခန့်တွင်တည်းက ၎င်းတို့၏ လက်ရှိအဆင့်သို့ရောက်ရှိနေနှင့်ပြီးဖြစ်သည်။

တစ်နှစ်အတွင်း သူတို့လုပ်နိုင်လောက်မည့် တိုးတက်မှုသည် စိတ်ကူး၍ပင်မရနိုင်ပေ။

ရန်ကျွင်း၏စကားလုံးများကို ကြားကာ လူတိုင်း၏ အမူအရာများသည် လေးနက်လာကြသည်။ ကျန်းဖန်ဖေ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သူတို့ ရှင်းလင်းစွာ နားလည်ကြသည်။ ဤကျောင်းသားအုပ်စုတွင် ကျန်းဖန်ဖေသည် ၎င်းတို့အနက် စွမ်းအားအကြီးဆုံးသူဖြစ်နိုင်၏။

ချူးယွင်ဖန်းသည် တုန်ဖန်းဟောက်ကို တွေ့ခဲ့ဖူးသဖြင့် ကောလဟာလများမှာ အမှန်တကယ်ဖြစ်နိုင်ကြောင်း သိသည်။ တုန်ဖန်းဟောက်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များအားလုံးကို ကောင်းကင်စက်ဝန်းငယ်တစ်ခုအဖြစ် ဖွဲ့စည်းရန် ချိတ်ဆက်ထားပြီးဖြစ်သည်။ သူသည် သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနှင့်ပြီးဖြစ်သည်မှာ သိသာထင်ရှား၏။ ကျန်းဖန်ဖေသည် တုန်ဖန်းဟောက်နှင့် တန်းတူအဆင့်တွင်ရှိလိမ့်မည်မှာ သေချာ၏။

သို့သော် ချူးယွင်ဖန်းသည် အညံ့မခံခဲ့ပေ။

“နှိမ်လှချည်လားကွ၊ သူသာ ငါ့ကိုသတ်ချင်ရင် ငါလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက လက်နက်ချဖို့ပဲ။ ရှေးဧကရာဇ်တွေတောင် ဒီလောက်မခြယ်လှယ်ဘူး” ချူးယွင်ဖန်းက

“ရှေးဧကရာဇ်တွေက ဘာမှမဟုတ်ဘူး။ သူတို့က ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ထိန်းချုပ်နိုင်ကြပေမယ့် နောက်ဆုံးတော့ သူတို့က သေမျိုးတွေပဲ” ကျန်းရွှမ်က ချူးယွင်ဖန်း၏စကားကို လှောင်ပြောင်လိုက်သည်။

“ငါဒီကို အမိန့်အရရောက်နေတာ။ မင်း ငါတို့နဲ့ နာခံမှုရှိရှိလိုက်လာလိုက်တာ ပိုကောင်းမယ်။ မဟုတ်ရင် ငါတို့ မင်းကို ဖိအားပေးရလိမ့်မယ်။ ငါ့ရဲ့ ချီစွမ်းအင်တွေကို ဖြုန်းတီးရာကျတယ်ကွ၊ လိုက်ခဲ့စမ်း”

ကျန်းရွှမ်နောက်သို့လိုက်ပါလာသော အခြားကျောင်းသားများက ချူးယွင်ဖန်းတို့အဖွဲ့ကို တိတ်တဆိတ်ဝိုင်းရံထားကြသည်။

ချူးယွင်ဖန်း၏ နောက်မှ တန်စီယုသည် သူမ၏ ရှေးဟောင်းဆန်သော ဓားကို ဆွဲထုတ်ထားပြီးဖြစ်ကာ၊ ဂေါင်ဟုန်ကျီ၏ လက်ထဲတွင်လည်း လှံရှည်ကရောက်ရှိနေပြီဖြစ်သည်။ သဘောတူညီမှုမရပါက၊ တိုက်ပွဲကြီးတစ်ခုဖြစ်လာနိုင်၏။

ရန်ကျွင်း၊ ယုရှင်းရန်နှင့် တုန်ရှင်းရန်တို့သည် တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လျက်ရှိကြရာ၊ ခဏအကြာတွင် ချူးယွင်ဖန်း၏နောက်၌ ရပ်ကာ လက်နက်ကိုယ်စီထုတ်လိုက်ကြ၏။ ယင်းကြောင့် ချူးယွင်ဖန်း အလွန်ကျေနပ်အားရသွားသည်။ လူတိုင်းသည် ကျေးဇူးကန်းသော လူဆိုးများမဟုတ်ကြပေ။ သူသည် တုန်ရှင်းရန်နှင့် အခြားနှစ်ယောက်ကို လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် များစွာကူညီခဲ့သည်။ ကျန်းများသည် သူတို့၏ရန်သူမဟုတ်ကြောင်း သူတို့သိကြသော်လည်း သူ့ဘက်တွင်ရပ်တည်ရန် ရွေးချယ်ခဲ့ကြသည်။ ဤသည်မှာ တန်ဖိုးရှိသည့် မဟာမိတ်များပင်ဖြစ်၏။

“စောက်ရမ်းခေါင်းမာကြတာပဲ။ မင်းတို့အားလုံးက လွယ်လွယ်နဲ့လက်မခံဘူးဆိုတော့ ဖြစ်လာမယ့်ကိစ္စတွေအတွက် ငါ့အဆိုးမဆိုနဲ့” ကျန်းရွှမ်က ချူးယွင်ဖန်းကို အေးစက်စွာကြည့်ကာပြောသည်။

“အကုန်သတ်ပစ်လိူက်၊ တန်စီယုကလွဲပြီး ကျန်တဲ့လူတွေ သေသေရှင်ရှင် ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး”

“သူတို့ သေသေရှင်ရှင် ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူးပေါ့။ ကောင်းတဲ့စကားပဲ” ချူးယွင်ဖန်းက ကျန်းရွှမ်ကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။ “ဒီလိုဖြစ်မှတော့ ငါ့အဆိုးမဆိုနဲ့တော့”

ကျန်းရွှမ်သည် စကားဆုံးသည်နှင့် စတင်တိုက်ခိုက်လိုက်သည်။ သူ့ခါးတစ်ဝိုက်မှ သံမဏိကြာပွတ်တစ်ခု ထွက်လာသည်။ ဤသံမဏိကြာပွတ်ကို သတ္တုပျော့ဖြင့်ပြုလုပ်ထားသည်။ ပျော့ပျောင်းနေသော်လည်း ၎င်း၏စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းသည် ၎င်း၏ ပစ်မှတ်ကို ထိမိသောအခါတွင် အကျိုးဆက်များကိုစိတ်ကူး၍ပင်ရမည်မဟုတ်ပေ။ ပစ်မှတ်၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကျိုးကြေသွားပေလိမ့်မည်ဖြစ်သည်။ အဆိုးဆုံးမှာ ၎င်းတို့ ပွဲချင်းပြီးသေမည်ပင်ဖြစ်၏။

သံမဏိကြာပွတ်သည် ကျယ်လောင်သော ဝှေ့ယမ်းသံနှင့်အတူ လေထဲသို့ လွင့်ပျံကာ ချူးယွင်ဖန်းဆီသို့ ပျံသန်းသွား၏။

အခန်း(၃၀၀) ကလေးတစ်ယောက်ကို အနိုင်ယူခြင်း

သံမဏိကြာပွတ်သည် အဆိပ်ပြင်းနဂါးတစ်ကောင်ကဲ့သို့ လေကို ခွင်းကာ၊ ကျယ်လောင်သောဝှေ့ယမ်းသံတစ်ခုနှင့်အတူ ချူးယွင်ဖန်းဆီသို့ ဦးတည်သွားသည်။

သာမန်လူတစ်ဦးသည် ဤကြာပွတ်ကို အမြင့်ပေ ခုနှစ်ပေမှ ရှစ်ပေအထိ ဝှေ့ယမ်းနိုင်လျှင် အလွန် အထင်ကြီးဖွယ်ကောင်းပေလိမ့်မည်။ သို့သော် ကျန်းရွှမ်သည် ၎င်းကို အမြင့် ဆယ့်ငါးပေအထိ ပစ်လွှတ်လိုက်ရာ၊ ချက်ချင်းပင် ချူးယွင်ဖန်းထံသို့ ရောက်သွားသည်။

ချူးယွင်ဖန်းက အရိပ်မဲ့ဓားကို ထုတ်ကာ၊ ဝင်လာသော ကြာပွတ်ကို တားဆီးလိုက်သည်။

ချလန်

ဓားနှင့် ကြာပွတ်တို့ လေထဲ၌ ထိပ်တိုက်တွေ့ကြရာ၊ ကျယ်လောင်သောအသံကြီးတစ်ခုပေါ်ထွက်လာသည်။ ချီစွမ်းအင်များလည်း ယင်းနှင့်အတူ ပေါက်ကွဲထွက်လာကာ၊ အလွန်ကျယ်လောင်သော အသံများ ထွက်ပေါ်လာ၏။ ကျန်းရွှမ်၏ မျက်လုံးထဲမှ အလင်းရောင်သည် ချက်ချင်းပင် ပြင်းထန်လေးနက်လာသည်။ ချူးယွင်ဖန်းသည် အမှန်ပင် ခက်ခဲသော ပြိုင်ဘက်တစ်ဦးဖြစ်သည်။

ထိုအချိန်တွင် အခြားသူများသည်လည်း ထိပ်တိုက်တွေ့လျက်ရှိကြသည်။ ၎င်းတို့၏ ခေါင်းဆောင်မှ တစ်ဖက်သူအား ဖမ်းဆီးနိုင်သည့်အချိန်ကို စောင့်ဆိုင်းနေကြသောကြောင်း ၎င်တို့ထဲမှ တစ်ယောက်သည်မှ စတင်မလှုပ်ရှားကြပေ။ ထိုသို့ဖြစ်လျှင် အားထုတ်မှု တစ်ဝက်ခန့်သာဖြင့် အကျိုးအမြတ်နှစ်ဆရပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အချင်းချင်း တိုက်ခိုက်ခြင်းမရှိ၊ မျက်နှာချင်းဆိုင်နေကြခြင်းသာဖြစ်၏။

ကျန်းရွှမ်၏ တိုက်ခိုက်မှုသည် မအောင်မြင်သောကြောင့် သူသည် ပို၍ပင် လျင်မြန်စွာ လှုပ်ရှားလျက်ရှိသည်။ သူ၏ ကြာပွတ်သည် ထပ်မံ၍ တစ်ဖက်သို့ လွင့်ပျံသွားကာ၊ ရွေ့လျားမှုများည် လျှပ်စီးမြွေတစ်ကောင်ကဲ့သို့ မြန်ဆန်လှ၏။

ရွေ့လျားနေသေ လေလှိုင်းများကို လူတိုင်းမြင်နေရသည်။

သို့သော် ချူးယွင်ဖန်း၏ဓားသည်လည်း အနည်းငယ်မျှပင် အဆင့်မနိမ့်ပေ။

ချလန်

နောက်တစ်ကြိမ် ထိတိုက်မိပြန်သည်။

ဤတစ်ကြိမ်တွင် ချူးယွင်ဖန်းသည် ပို၍ အဆင်သင့်ဖြစ်နေသဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းအင်သည် ကြောက်မက်ဖွယ်အဆင့်များအထိ တိုးတက်လာသည်။

နှစ်ဖက်တိုက်မိ၍ ချီစွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲမှုကြောင့် လေထုသည် စက်ဝန်းသဏ္ဍာန်လှိုင်းဂယက်များဖြင့် ပြည့်နှက်လျက်ရှိသည်။

ကျန်းရွှမ်သည် ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခု သူ၏ လက်ထဲသို့ ဖြတ်သန်းဝင်ရောက်လာသည်ကို ခံစားလိုက်ရရာ၊ လက်ဖဝါးသည်လည်း အနည်းငယ် ထုံသွားသည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကြီးလိုက်တဲ့ စွမ်းအား” ကျန်းရွှမ်က မယုံကြည်မှုများဖြင့် ပြောလိုက်သည်။

ချူးယွင်ဖန်းက လှောင်ရယ်လိုက်၏။ လွန်ခဲ့သော ဆယ်ရက်ခန့်တွင်မှ ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဖြစ်ရာ၊ လက်ရှိ ကျန်းရွှမ်သည် သူ့အား မည်သို့မျှ မလုပ်နိုင်‌တော့ပေ။ သူ၏ တိုက်ခိုက်ရေးစွမ်းအင်သည် လွန်ခဲ့သောဆယ်ရက်အတွင်း ကြီးမားစွာ ခုန်ပျံကျော်လွှားသွားခဲ့သဖြင့် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့် အထွဋ်အထိပ်ရှိသူကိုပင် အနိုင်ယူရန် လုံလောက်၏။

ကျန်းရွှမ်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သံမဏိကြာပွတ်မှ ကြောက်မက်ဖွယ်စွမ်းအင်ကို ထုတ်ပြလိုက်သည်။ သို့သော် ချူးယွင်ဖန်းသည် ဤအချိန်ကို အခွင့်ကောင်းယူကာ တိုက်ပွဲကို အသာစီးရယူလိုက်၏။

“ကောင်းကင်မိုးကြိုး”

ချူးယွင်ဖန်းက အော်ဟစ်ကာ လက်ထဲမှ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ၎င်းသည် အဦးပိုင်းတွင် တိတ်ဆိတ်ကာ အသံကင်းမဲ့သော်လည်း ပစ်မှတ်ကို ထိမှန်သောအခါတွင် ကျယ်လောင်သော အသံဖြင့် ပေါက်ကွဲသွားသည်။ ချူးယွင်ဖန်း၏ ကောင်းကင်မိုးကြိုးဓားသိုင်း လက်ရှိ ကျွမ်းကျင်မှုသည် ပြီးပြည့်စုံအဆင့်သို့ရောက်နေပြီဖြစ်၏။

ချူးယွင်ဖန်းသည် လက်ရှိ မျိုးစုံသော တိုက်ခိုက်မှုများအားလုံးကို ထိန်းချုပ်နိုင်သည်။

ချွင်

ချူးယွင်ဖန်းက နောက်တစ်ကြိမ် ကျန်းရွှမ်၏ လက်ထဲမှ သံမဏိကြာပွတ်ကို တိုက်ခိုက်လိုက်သည်။

ကျန်းရွှမ် ဆုတ်ခွာသွားရပြန်၏။ ကျန်းရွှမ်သည် သူ့လက်ထဲမှ ကြာပွတ်ကို ခုခံရမည့်အစားတိုက်ခိုက်သည့်နေရာ၌ အသုံးပြုရာတွင် ကျွမ်းကျင်သည်။ တိုက်ခိုက်ခြင်းသည် ခုခံခြင်းထက် များစွာသာလွန်၏။ သို့သော်ချူးယွင်ဖန်းသည် သူ့ကို ဤမျှအတိုင်းအတာအထိ ဖိအားပေးနိုင်လိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။ သူသည် ပြန်လည်ပင်မတိုက်ခိုက်နိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည် သူ့အား နှိမ်နှင်းချေမှုန်းပစ်လျက်ရှိ၏။

ကျန်းရွှမ်သည် သူ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို မထုတ်သုံးနိုင်လျက် ချူးယွင်ဖန်းထံတွင် လုံးလုံးလျားလျား နှိမ်နှင်းခံနေရလျက်ရှိသည်။

ချူးယွင်ဖန်း၏ ပြိုင်ဘက်များကဲ့သို့ပင် ကျန်းရွှမ်သည် ဆိုးရွားသော အခြေအနေသို့ ကျရောက်သွား၏။ စွမ်းအားဖြစ်စေ၊ အလျင်ဖြစ်စေ၊ သိုင်းဖြစ်စေ၊ ချူးယွင်ဖန်းသည် နယ်ပယ်တိုင်းတွင် ပြစ်ချက်ကင်း၏။ ကျန်းရွှမ်မည်မျှ တိုက်ခိုက်ပါစေ၊ သူ့အား ချုပ်နှောင်ထားသကဲ့သို့ ခံစားနေရသည်။

လူတိုင်းတွင် ၎င်းတို့၏ ထူးခြားချက်ကိုယ်စီရှိကြသည်။ သို့သော် ချူးယွင်ဖန်းသည်မူ မည်သည့်အားနည်းချက်မျှမရှိပေ။ သူ၏ ပြိုင်ဘက်သည် မည်မျှပင် စွမ်းအားကြီးကာ၊ ထက်မြက်နေစေကာမူ သူအလွယ်တကူ ထိန်းချုပ်ထားနိုင်၏။ ဤသည်မှာ သူ့ထက် အဆင့်မြင့်သည့် ပြိုင်ဘက်များကို ချူးယွင်ဖန်း အနိုင်ယူနိုင်ခဲ့သည့် အကြောင်းပြချက်ပင်ဖြစ်သည်။

“စိတ်ဝင်စားစရာပဲ၊ ဒါပေမယ့် မင်းငါ့ကို ဖမ်းဖို့ ဒီလောက်နဲ့ မလုံလောက်ဘူးကွ” ချူးယွင်ဖန်းက အော်လိုက်သည်။ ကျန်းရွှမ်သည် မည်သည့်အခြေအနေတွင်မျှ စွမ်းအားမနိမ့်သော်လည်း ကျန်းလဲ့ထက် အနည်းငယ်နိမ့်ကျနေသေးသည်။

ချွင်

ချွင်

ချွင်

ချူးယွင်ဖန်းက အဆက်မပြတ်တိုက်ခိုက်လျက်ရှိသည်။

ယင်းသည် မုန်တိုင်းသဖွယ်တိုက်ခိုက်မှုများဖြစ်သည်။ မုန်တိုင်းအဆုံးသတ်သည့်အခါတွင် ကျန်းရွှမ်သည် ပြန်လည်တိုက်ခိုက်နိုင်ရန် မဆိုနှင့်၊ ဓားချက်များကို တားဆီးရန်ပင် မဖြစ်နိုင်တော့ပေ။ လူတိုင်းသည် ကျန်းရွှမ်မှာ လုံးလုံး အရေးနိမ့်နေပြီဖြစ်ကြောင်း ရှင်းလင်းစွာ မြင်နေရသည်။ ကျန်းရွှမ်၏ နောက်လိုက်ကျောင်းသားများသည်လည်း ဆွံ့အအံ့သြကုန်ကြ၏။

ကျန်းရွှမ်သည် ၎င်းတို့၏ မြို့တွင် နာမည်ကြီးသော ကျောင်းသားတစ်ယောက်ဖြစ်သည်။ သူသည် အသေချာပင် သာမန်လူတစ်ဦးမဟုတ်ပေ။ သူ့အား ထိပ်တန်းကျောင်းသားတစ်ဦးအဖြစ် မယူဆနိုင်သော်လည်း ထိုကျောင်းသားများနှင့် ယှဥ်လျှင် ဒုတိယအဆင့်တွင်ရှိသည်။ သို့သော် ချူးယွင်ဖန်းသည် ကျန်းရွှမ်ကို ထိန်းချုပ်ထားနိုင်၏။

‘တိုက်ပွဲက ဘယ်လိုကြီးလဲ၊ လွယ်လွယ်လေး အနိုင်ယူနေတာလား’

‘ကလေးတစ်ယောက်ကို အနိုင်ယူနေတာနဲ့ ဘာမှမကွာဘူး’

သို့သော် ကျန်းရွမ်၏ အဖွဲ့ဝင်များသည် သူ့အား ကူညီချင်လျှင်ပင် မကူညီနိုင်ကြပေ။ တန်စီယုနှင့် အခြားသူများသည် လက်နက်များအသင့်ပြင်ထားကြကာ၊ ၎င်းတို့ကို စိုက်ကြည့်နေကြသဖြင့် တရှိန်ထိုးပြေးသွားရန်ပင် ခက်ခဲလှသည်။ အစပိုင်းတွင် တန်စီယုနှင့်အခြားသူများ၏ တည်ရှိမှုကို အာရုံမစိုက်ခဲ့ကြသော်လည်း ယခုမူ ၎င်းမှာ သူတို့၏ လက်ကောက်ဝတ်တွင် လက်ထိပ်ခတ်ထားသကဲ့သို့ပင်ဖြစ်လျက်ရှိသည်။

ကျန်းရွှမ်၏ အဖွဲ့သားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဆုံးဖြတ်ချက်တစ်ခုချ၍ ချူးယွင်ဖန်း၏ အဖွဲ့ဝင်များကို စတင်တိုက်ခိုက်ကြသည်။ ၎င်းတို့တွင် တန်စီယုနှင့်အခြားသူများထက် ပိုသာသော လူတစ်ယောက်ရှိသည်။ ၎င်းတို့ထဲမှတစ်ယောက်သည် အဖွဲ့မှ ခွဲထွက်၍ ချူးယွင်ဖန်းထံသို့ ပျံသွားသည်။

ဤကျောင်းသားသည်လည်း စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူသည် ကျန်းရွှမ်နှင့် မယှဥ်နိုင်သော်ညား၊ အဆင့်တစ်ဆင့်သာနိမ့်၏။ ထို့ကြောင့် ချူးယွင်ဖန်း၏တိုက်ခိုက်မှုများကို သူတားဆီးနိုင်လိမ့်မည်ဟု တွေးထားသည်။

သို့သော် ယင်းမှာ အလွန်စိတ်ကူးယဥ်ဆန်သော အတွေးတစ်ခုသာဖြစ်သည်။ ချူးယွင်ဖန်းကို ကိုင်တွယ်ရန် လူတစ်ယောက် ရောက်လာသည့်တိုင် အခြေအနေသည် တိုးတက်မလာခဲ့ပေ။

ဤလူစတင်တိုက်ခိုက်သည်နှင့် သူမသိလိုက်ခင်တွင် ချူးယွင်ဖန်းသည် သူ့ထံသို့ ပြေးလာနှင့်ပြီးဖြစ်နေသည်။ ထို့နောက် ချူးယွင်ဖန်းက သူ့ခန္ဓာကိုယ်ကို လှည့်ကာ တစ်ချက်ဝိုက်ကန်လိုက်သည်။

စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်သို့ တက်လှမ်းကာ၊ ဤတိုက်ပွဲမှ နှစ်ယောက်လုံးနှင့်ယှဥ်လျှင် တတိယအဆင့်ရှိသော ကျွမ်းကျင်ကျောင်းသားသည်၊ တစ်ချက်တည်းနှင့် လွင့်ထွက်သွားခဲ့သည်။

ဘမ်း

ကျောင်းသားသည် အခြားကျောင်းသားတစ်ဦးကို တိုက်မိကာ၊ နှစ်ယောက်လုံး လွင့်ထွက်သွား၏။ သူတို့နှစ်ဦးလုံး မြေပြင်ပေါ်သို့ လိမ့်ဆင်းသွား၍ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုမှ ကြောက်မက်ဖွယ်စွမ်းအားသည် သူတို့၏ ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားသည်။ ၎င်းတို့ ခန္ဓာကိုယ်ထဲမှ အရိုးများအားလုံး ကျိုးကြေသွားသကဲ့သို့ ခံစားလိုက်ရကာ၊ မြေပြင်ပေါ်၌ လဲလျောင်း၍ ညည်းတွားလျက်ရှိကြသည်။

ပြီးနောက် ချူးယွင်ဖန်းသည် ကျန်းရွှမ်အား နောက်တစ်ကြိမ်ပြန်လည်တိုက်ခိုက်လိုက်သည်။

ဤကိစ္စများအားလုံးသည် တစ်ခဏအတွင်းဖြစ်ပျက်သွားခြင်းဖြစ်၏။

ဤအခိုက်အတန့်တွင် ကျန်းရွှမ်သည် ကယ်တင်ခြင်းခံရကာ၊ အသက်ရှုရန် အခွင့်အရေးရပြီဟု တွေးလိုက်မိသော်လည်း၊ ချူးယွင်ဖန်းသည် သူ့ထံသို့ ပြန်လာလိမ့်မည်ဟု မည်သူက ထင်လိုက်မည်နည်း။ သူ လုံးဝမပြင်ဆင်ထားမိပေ။ သူစိတ်လျှော့လိုက်သည်နှင့် ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ချိန်ညှိရန် နည်းလမ်းမရှိတော့ပေ။

ဘမ်း

ချူးယွင်ဖန်း၏ ထိုးနှက်ချက်ကြောင့် ချီစွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲလာသည်။ ကျန်းရွှမ်သည် လွင့်ထွက်သွားကာ၊ သူ့လက်ထဲတွင်ရှိသော သံမဏိကြာပွတ်သည်လည်း နေရာတစ်နေရာသို့ လွင့်ထွက်သွား၏။

ဘမ်း

ကျန်းရွှမ်၏ ချပ်ဝတ်တန်ဆာသည် မြေပြင်ပေါ်သို့ ကျသွားသည်။

သူပြန်ထချင်သော်လည်း ချူးယွင်ဖန်း၏ ခြေထောက်သည် သူ့မျက်နှာပေါ်သို့ ရောက်နေပြီဖြစ်၏။

“မင်း” ကျန်းရွှမ် အလွန်ဒေါသထွက်ကာ တစ်ကိုယ်လုံး တုန်ယင်လျက်ရှိသည်။ ချူးယွင်ဖန်းသည် သူ့ကို ရှင်းလင်းစွာ စော်ကားလိုက်ခြင်းပင်ဖြစ်၏။

“ငါ ဒီလောက် မရက်စက်ချင်ခဲ့ပါဘူး။ နောက်ဆုံးတော့လည်း မင်းက ဒီကို ကျန်းဖန်ဖေအစား ပြောစရာရှိလို့ ရောက်လာတာပဲလေ။ ဒီလိုမစ်ရှင်မြို့အတွက် မင်းအသက်ကို မင်းဏစွန့်ရမယ်လို့ ဘယ်သူပြောလိုက်လဲ။ ငါ့ကို သတ်ချင်တဲ့လူတွေအတွက် ယဥ်ကျေးမှုဆိုတာ ဘာကိုဆိုလိုလဲဆိုတာ ငါလုံးဝမသိဘူး” ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်ကာ၊ အန္တရာယ်ရှိသော အငွေ့အသက်များ သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွား၏။

ထို့နောက် ချူးယွင်ဖန်းသည် လက်ထဲမှ ဓားရှည်ကို မြောက်ကာ ခုတ်ပိုင်းချလိုက်၏။

ကျန်းရွှမ်က အာခေါင်ခြစ်အော်လိုက်သည်။ ချူးယွင်ဖန်းသည် သူ့လက်မောင်းကို ဖြတ်ပစ်လိုက်၏။

“ထွက်သွားတော့၊ ငါဒီနေ့ မင်းကို ပြစ်ဒဏ်သေးသေးလေးတစ်ခုပဲပေးတော့မယ်”

All Chapters