အခန်း (၂၈၆-၂၈၈)
Vol. 20 Ch. 286-288
အခန်း(၂၈၆) အခြေစိုက်စခန်းသို့ရောက်ခြင်း
အပူချိန် ၁၄၀ ဒီဂရီအောက်တွင် ၎င်းတို့တစ်ဦးစီသည် ရာဇဝတ်ကောင် နှစ်ဦးသို့မဟုတ် သုံးဦးကို တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် ခံနိုင်ရည်အား မည်မျှကုန်ဆုံးသွားနှင့်ပြီကို တွေးကြည့်၍ပင်ရနိုင်၏။
ပြိုင်ဘက်ကို သတ်ပြီးသည်နှင့် မင်းတို့ချက်ချင်း ထထိုင်လိုက်ကြသည်။
တန်စီယုသည်သာ အနည်းငယ်အခြေအနေပိုကောင်းသော်လည်း သူမ လွန်စွာမောပန်းလျက်ရှိသည်။ သူမ၏ ရင်ဘက်သည် နိမ့်ချည်မြင့်ချည်ဖြင့် ရှိနေရာ၊ မျက်နှာသွယ်သွယ်သည် နီးမြန်းလျက်ရှိ၏။
ပူပြင်းလှစွာသော ရာသီဥတုအောက်တွင် သူတို့ရှုသွင်းလိုက်သည့် လေသည်မီးကဲ့သို့ ခံစားရ၏။ သာမန်လူများသာဆိုလျှင် ယင်းကို ခံနိုင်ကြလိမ့်မည်မဟုတ်ပေ။
လူတိုင်းသည် ၎င်းတို့၏ခွန်အားကို ပြန်လည်ဖြည့်တင်းရန် အားဖြည့်ဆေးများ အမြန်သောက်လိုက်ကြသည်။ ၎င်းတို့၏ ကိုယ်ခံအား အပြည့်အဝပြန်လည်ကောင်းမွန်လာချိန်တွင် ပတ်ဝန်းကျင်၌ မွန်းစတားများစွာရှိနေသည်ကို လူတိုင်းသတိထားလိုက်မိကြသည်။
ယင်းတို့သည် အခွင့်အရေးကို စောင့်နေကြသဖြင့် စတင်မတိုက်ခိုက်ကြသေးပေ။
မည်သူမျှ သတိမထားမိလိုက်ခင်တွင် အခြေအနေသည်အလွန်အန္တရာယ်များသွားသည်။ ချူးယွင်ဖန်းသည် လေ့ကျင့်မှုကို ဆက်လက်မလုပ်ဆောင်ရန် ဆုံးဖြတ်ကာ ထိုအကြောင်းပြချက်ကြောင့် သူ့ခွန်အားအားလုံးကို အသုံးပြုခဲ့သည်။
“သွားကြမယ်။ ငါတို့ ဒီအတိုင်းဆက်နေနေရင် မွန်းစတားတွေပိုများလာပြီး ငါတို့ဆီရောက်လာလိမ့်မယ်” ချူးယွင်ဖန်းက လူတိုင်းအနည်းငယ်ပြန်ကောင်းလာသည်ကို ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်တယ်၊ သွားကြစို့” တန်စီယုသည် သူမ၏ ခွန်အားအချို့ကို ပြန်လည်ရရှိပြီးနောက် ပြောလိုက်သည်။၊
သူတို့ အမြန်ထွက်လာကြပြီး သိပ်မကြာခင်တွင် မွန်းစတား ဆယ်ကောင်ကျော်ခန့် ပြေးလာကြကာ၊ အခင်းဖြစ်ပွားခဲ့သည့်နေရာကို ကြီးစိုး၍ အလောင်းများကို အရူးအမူးကိုက်ဖြတ်စားသောက်လိုက်ကြသည်။
အဝေးမှကြည့်ကာ၊ လူတိုင်းကြက်သီးဖြန်းဖြန်းထကုန်ကြသည်။ အကယ်၍ သူတို့သာရှုံးနိမ့်ခဲ့လျှင် ရလဒ်သည် ကွာခြားလိမ့်မည်မဟုတ်ပေ။
သို့သော် ၎င်းတို့၏ အလောင်းများကို ကိုက်ဖြတ်စားသောက်နေကြသည်မှာ မွန်းစတားများသာမက၊ အခြားသော ရာဇဝတ်ကောင်များလည်းရှိသည်။
ဤအကြောင်းအရာမှတစ်ဆင့် ဤရာဇဝတ်ကောင်များသည်ယခင်က သူတို့သိခဲ့သော ရန်သူများနှင့် ကွဲပြားကြောင်း နားလည်လာကြသည်။
ဤလူများသည် ၎င်းတို့၏ လူသားဆန်မှုကို ဆုံးရှုံးခဲ့ကြသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ၎င်းတို့ကို လူသားဟုခေါ်ရမည့်အစား လူ့အရေပြားရှိသော သားရဲများဟု ခေါ်ကြသင့်သည်။ သူတို့သည် အခြေခံအားဖြင့် တောရိုင်းသားရဲများနှင့် ကွဲပြားခြားနားခြင်းမရှိပေ။
သူတို့မျက်စိထဲတွင် စား၍မရသောအရာများမှလွဲ၍ ကျန်အရာမှန်သမျှသည် စားသုံး၍ရ၏။
မွန်းတည့်ချိန်နီးပြီဖြစ်သဖြင့် အပူချိန်သည်ပို၍ ပူပြင်းလာရာ၊ ၁၆၀ ဒီဂရီဖာရင်ဟိုက်သို့ရောက်ရှိလာသည်။ ချပ်ဝတ်တန်ဆာသည် အပူချိန်ကို ချိန်ညှိနိုင်သော်လည်း တစ်ကိုယ်လုံးကို ဖုံးအုပ်မထားနိုင်ပေ။ လူတိုင်းသည် ရေဓာတ်ခမ်းခြောက်သွားသဖြင့်တစ်ခုခုသောက်ကာ၊ အမြန်စားရသည်။
နောက်ဆုံးတွင် နေလယ်ခင်း၌ အခြေစိုက်စခန်းသို့ရောက်သွားကြသည်။ ၎င်းသည် သေးငယ်သော အခြေစိုက်စခန်းဖြစ်ကာ၊ အထူးတလှယ်ကြီးကြီးမားမားမဟုတ်သော်လည်း လူအယောက်နှစ်ရာခန့် အလွယ်တကူ တည်းခိုနိုင်၏။
သို့သော် သူတို့ရောက်လာသည်နှင့်တစ်ပြိုင်နက် ဤနေရာသို့ရောက်လာကြသူများသည် မိမိတို့ချည်းမဟုတ်ကြောင်း သိလိုက်ရသည်။ ဤတပ်မတော် အခြေစိုက်စခန်းဟောင်းကို စခန်းအဖြစ်အသုံးပြုရန် စိတ်ကူးရှိသူများလည်း ရှိကြသည်။
ကျောင်းသားအုပ်စုများသည် စခန်းကို ဝိုင်းထားကြသည်။
၎င်းတို့ရှေ့တွင်အခြေစိုက်စခန်းမှ လွတ်ထွက်လာသည့် ထောင်သားများနှင့် တိုက်ခိုက်နေသော ကျောင်းသားအချို့ရှိကြသည်။ ကျောင်းသားများသည် အမှတ်တိုးစေရန် ဤကျောင်းသားများကို သတ်ချင်ကြခြင်းဖြစ်သည်။
နောက်ဆုံးတွင်မူ ဤသည်က တောတွင်းရှင်သန်ခြင်းတင်မကပေ။ တကယ်၍ အသက်ရှင်နိုင်လျှင်ပင် အမှတ်များ လုံလောက်စွာမရယူနိုင်ပါက မည်သည့်အဓိပ္ပါယ်ရှိတော့မည်နည်း။
သို့သော် ဤအမှတ်များနှင့် အရင်းအမြစ်များသည် အကန့်အသတ်ရှိသည်။ တကယ်တမ်းတွင်မူ ၎င်းတို့အားလုံးသည် ထောင်သားအနည်းစုသာဖြစ်သဖြင့် အကယ်၍ အခြားသူများ သတ်သွားလျှင် မိမိအတွက် မည်သည့်အမှတ်မျှရလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် တတ်နိုင်သမျှ မြန်မြန်ဆောင်ရွက်ရန်လို၏။
ချူးယွင်ဖန်းနှင့်အခြားလူများရောက်ရှိလာမှုသည် လူအနည်းငယ်၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သို့သော် ဤနေရာတွင် တပ်ခွဲအလွန်များလှသဖြင့် လူတိုင်း၏ အာရုံစူးစိုက်မှုသည် လျင်မြန်စွာပင် ပြန်ပြောင်းသွားခဲ့သည်။
ဤနေရာတွင် အာရုံစိုက်ရန် ထိုက်တန်သောအရာ တစ်ခုတစ်လေမျှမရှိပေ။
“ဒီမှာ ခေါင်းဆောင်ဘယ်သူလဲ” ကျောင်းသားတစ်ဦးက ခြေလှမ်းကြီးများဖြင့်လျှောက်လာကာ ချူးယွင်ဖန်းနှင့်အခြားသူများကို မေးလိုက်သည်။
“ငါပါ” ချူးယွင်ဖန်းက မဆိုင်းမတွပြန်ဖြေသည်။
မည်သည်က ခေါင်းဆောင်ဖြစ်သည်ကို ကြိုတင်ဆုံးဖြတ်ချက်မချခဲ့သော်လည်း ယင်းမှာ ချူးယွင်ဖန်းဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။ အခြားသူများသည် မည်သည့်ကန့်ကွက်ချက်မှမပြု၊ ခေါင်းသာညိတ်လိုက်ကြသည်။
“ဒါဆို ငါတို့နဲ့လိုက်ခဲ့။ အဖွဲ့ခေါင်းဆောင်တွေကို ဟိုမှာစုထားတယ်”
ကျောင်းသားက ကျောက်တုံးအရိပ်တားသို့ ညွှန်ပြလိုက်သည်။ ထိုနေရာတွင် လူငယ်တစ်ဒါဇင်မျှ ဝိုင်းဖွဲ့ထားကာ၊ ဤလူငယ်များ၏ခွန်အားသည် အခြားသူများထက်ပိုမြင့်၏။ အခြားကျောင်းသားများသည် စွမ်းအင်သန့်စင်ခြ်ငး ဒုတိယအဆင့်တွင်ရှိကြကာ၊ စွမ်းအားကြီးသူများသည်မူ တတိယအဆင့်တွင်ရှိကြသည်။
သို့သော် ဒါဇင်သို့မဟုတ် ထိုမျှသော လူငယ်များထဲမှ အဆင့်အနိမ့်ဆုံးမှာ ချူးယွင်ဖန်း၏ ယခင်အဆင့်နှင့် တန်းတူဖြစ်သည့် စွမ်းအင်သန့်စင်ခြင်းစတုတ္ထအဆင့် အထွဋ်အထိပ်ရှိသူဖြစ်သည်။ ၎င်းတို့ထဲမှ အများစုသည် စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့် သို့မဟုတ် အထက်တွင်ရှိကြသည်။ ချူးယွင်ဖန်းသည် အဝေးမှလှမ်းကြည့်၍ အကြမ်းဖျင်းဆုံးဖြတ်နိုင်ခဲ့သောလည်း လူတိုင်း၏ ကျင့်ကြံရေးအဆင့်ကို မခန့်မှန်းနိုင်ခဲ့ပေ။ သို့သော် ဤတစ်ဒါဇင် သို့မဟုတ် ဤမျှလောက်သော လူငယ်များသည် အမှန်တကယ်ပင် စွမ်းအားကြီးကြသည်ကို သူသိသည်။
၎င်းတို့သည် အသင်းတိုင်း၏ အသင်းခေါင်းဆောင်များဖြစ်ကြသည်။
“ငါခဏသွားလိုက်ဦးမယ်။ အနားယူဖို့ ကျောက်ဆောင်အရိပ်တစ်ခုခုကို ရှာထားကြပါ။ နေပူထဲမှာမနေကြပါနဲ့။ ရေဓာတ်မခမ်းခြောက်အောင်ဂရုစိုက်ပါ” ချူးယွင်ဖန်းက ထိုသို့ပြောပြီးနောက် ဂေါင်ဟုန်ချီကို ကြည့်လိုက်သည်။
ဂေါင်ဟုန်ချီက ချက်ချင်းနားလည်သဘောပေါက်လိုက်သည်။ အခြားအဖွဲ့များကို သတိထားကြရမည်ဖြစ်ရာ၊ အခြားကျောင်းသားများသည် လူစိမ်းများဖြစ်ကြသောကြောင့် လုံးလုံးယုံကြည်၍ ရမည်မဟုတ်ပေ။
“ငါနားလည်ပြီ။ သွား” ဂေါင်ဟုန်ချီကပြောသည်။
ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီကို အချက်ပြပြီးနောက် ကျောင်းသားနောက်သို့လိုက်ကာ ကျောက်ဆောင်၏ အရိပ်ဆီသို့လျှောက်သွားခဲ့သည်။
သူချဥ်းကပ်လာစဥ်တွင် ကျောင်းသားတစ်ယောက်သည် သူ့ဆီသို့လျှောက်လာ၏။
“နောက်ထပ်လူသစ်တစ်ယောက် ငါတို့နဲ့ပူးပေါင်းတယ်၊ ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်”
ဤကျောင်းသားသည် သွယ်လျတောင့်ဖြောင့်သော ကိုယ်ခန္ဓာရှိကာ၊ မေးရိုးသည် တောင့်ခိုင်၏။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခုရှိသည်။
ချူးယွင်ဖန်းက မျက်ခုံးပင့်လိုက်သည်။
‘စွမ်းအင်သန့်စင်ခြင်း ဆဌမအဆင့် အထွဋ်အထိပ်’
ဤကျောင်းသားသည် ဤလူအုပ်ထဲ၌ အသန်မာဆုံးဖြစ်ကြောင်း သူချက်ချင်းခံစားလိုက်မိသည်။ ဤလူများသည် အဖွဲ့အသီးသီး၏ ကပ္ပတိန်များဖြစ်ကြကာ၊ အများစုသည် စွမ်းအင်သန့်စင်ခြင်းပဥ္စမအဆင့် စွမ်းအားများရှိကြသည်။ သို့သော် စွမ်းအင်သန့်စင်ခြင်းအဆင့်ဆဌမအဆင့်၌မူ လူနှစ်ဦးသာရှိသည်။
တစ်ယောက်မှာ စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့်ရှိ သူ့ရှေ့မှလူငယ်ဖြစ်သည်။ နောက်တစ်ဦးသည်မူ မြင်ရခဲ့သည့် ကုလားဖြူလူငယ်တစ်ဦးဖြစ်သည်။ သူသည် ရွှေရောင်ဆံပင်များနှင့် အပြာရောင်မျက်လုံးရှိကာ အရပ်ရှည်သည်။ လက်ရှိလူ့အဖွဲ့အစည်း၏ ၉၉% ခန့်သည် တရုတ်လူမျိုးများဖြစ်သဖြင့် ကုလားဖြူလူမျိုးသည် အလွန်ရှားပါး၏။
ဤကုလားဖြူလူငယ်သည် အစွမ်းထက်သော်လည်း ချူးယွင်ဖန်း၏ရှေ့ရှိ လူငယ်ထက် အနည်းငယ်အားနည်းသည်။ ကျန်သော လူများသည် ဤလူနှစ်ဦးထက် သိသာစွာ အားနည်းကာ၊ စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်၌သာရှိကြသဖြင့် ၎င်းတို့၏အဆင့်သည် ချူးယွင်ဖန်းနှင့် အတူတူနီးပါးရှိသည်။
“နည်းနည်းမိတ်ဆက်လိုက်ကြရအောင်၊ ငါ့နာမည်က ယောင်ရွှယ်ရိ ပဲ။ ငါက နန့်ဟွာ အမှတ်(၁) အထက်တန်းကျောင်းရဲ့ကျောင်းသားပါ။ ဒါက အို့ဟွာမြို့ အမှတ်(၃)အထက်တန်းကျောင်းက ဝီလျံပဲ။ ဒါက လီရွှမ်…” ယောင်ရွှယ်ရိအမည်ရှိ ကျောင်းသားက ချူးယွင်ဖန်းကို တစ်ယောက်ချင်းစီနှင့် မိတ်ဆက်ပေးလိုက်သည်။
အခန်း(၂၈၇) ယွမ်သန်းငါးဆယ် ဆုကြေး
ယောင်ရွှယ်ရိသည် အဖွဲ့ကို တစ်ယောက်ပြီးတစ်ယောက်မိတ်ဆက်ပေးပြီးနောက် ဤလူများသည် ယောင်ရွှယ်ရိ၏ မိတ်ဆက်ခြင်းကို ကန့်ကွက်ခြင်းမရှိကြောင်း ချူးယွင်ဖန်း သဘောပေါက်လိုက်သည်။ အစောပိုင်းတွင် ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်ခဲ့ပုံပေါ်သည်။ မဟုတ်လျှင် ၎င်းတို့ ယောင်ရွှယ်ရိကို ခေါင်းဆောင်အဖြစ်လက်ခံကြလိမ့်မည်မဟုတ်ပေ။
မာနကြီးပုံပေါ်သော ဝီလျံပင် ကန့်ကွက်ခြင်းအလျင်းမရှိပေ။
‘စိတ်ဝင်စားစရာပဲ’
ဤယောင်ရွှယ်ရိတွင် လှည့်ကွက်အချို့ရှိရမည်။ ဤသို့မဟုတ်လျှင် ဤလူများ၏ သဘောတူညီမှုကို သူ ဤမျှလွယ်ကူစွာ ရနိုင်လိမ့်မည်မဟုတ်ပေ။
မိတ်ဆက်ပြီးနောက် အားလုံးက ချူးယွင်ဖန်းကို ကြည့်လိုက်ကြသည်။
ချူးယွင်ဖန်းက ခေတ္တရပ်ကာ “ငါ့နာမည်က ချူးယွင်ဖန်းပါ၊ ငါက တုန်ဟွာမြို့ တည်ငြိမ်သမုဒ္ဒရာမြို့ အမှတ် (၁၃) အထက်တန်းကျောင်းကကျောင်းသားပါ”
ချူးယွင်ဖန်း၏ နှုတ်ဆက်မှုသည် ဤကျောင်းသားများကို အနည်းငယ်အံ့သြသွားစေသည်။ လက်ရွေးစင်ကျောင်းသားတစ်ဦးသည် တုန်ဟွာမြို့၏ အဓိကမြို့မှမဟုတ်ဘဲ၊ သြဇာခံမြို့မှ လာခဲ့ခြင်းသည် ရှားပါးသည်။ ယင်းမှာ သာမန်ကျောင်းတစ်ကျောင်းဟုထင်ရ၏။
သြဇာခံမြို့ရှိလူများ၏ အရည်အချင်းသည် အဓိကအခြေစိုက်မြို့များမှ လူများကဲ့သို့ မကောင်းခြင်းမဟုတ်ပေ။ ပျိုးပင်ကောင်းများရှိလျှင် ဟိုးယခင်ကတည်းက ခူးဆွတ်ခဲ့ကြပြီး သို့မဟုတ် သြဇာခံမြို့များရှိ အထူးကျောင်းများတွင်သာ စုစည်းထားကြခြင်းဖြစ်သည်။ အထက်တန်းကျောင်းအသီးသီးမှ ကျန်ရှိသော လက်ရွေးစင်များသ်ည အရေအတွက်နည်းသည်။ နောက်ဆုံးတွင်မူ ဤသည်မှာ စာပေတန်းများမဟုတ်ပေ။ ထို့ကြောင့် အရည်အချင်းတစ်ခုတည်းဖြင့်မလုံလောက်ပေ။ သိုင်းပညာလေ့ကျင့်မှုသည် အရင်းအမြစ်များနှင့် ခွဲခြားထား၍မရပေ။
သို့သော် ထိုအံ့အားသင့်မှုသည် ခဏတာမျှသာကြာ၏။ ချူးယွင်ဖန်းတွင် မည်သို့သော နောက်ခံမျိုးရှိပါစေ၊ သူသည် ဤနေရာတွင်ရပ်တည်နေနိုင်ကာ၊ အဖွဲ့ခေါင်းဆောင်တစ်ဦးပင်ဖြစ်ခဲ့သည်။ အထူးသဖြင့် သူသည် သာမန်အထက်တန်းကျောင်းမှ ဆင်းသက်လာသော်လည်း လူများ နိမ့်ချကဲ့ရဲ့နိုင်သည့် ဖြစ်တည်မှုမျိုးမဟုတ်ပေ။ ဤသည်မှာ မယုံကြည်နိုင်စရာကောင်းလှ၏။
“ချူးယွင်ဖန်း… ဒီနာမည်က ဘာလို့အရမ်းရင်းနှီးနေတာပါလိမ့်” ကုလားဖြူလူငယ်ဝီလျံသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် ရုတ်တရက် လက်ခုပ်ထတီးကာ “ အာ… အခုမှမှတ်မိပြီ။ မင်းက မှောင်ခိုစျေးကွက်က ဆုကြေးသန်းငါးဆယ်တင်ခံထားရတဲ့ ချူးယွင်ဖန်းမလား”
သူဤသို့ပြောသောအခါ ချူးယွင်ဖန်းအား ကြည့်နေသော အားလုံး၏ အကြည့်မျာသည် ရုတ်တရက်ပြောင်းလဲသွားသည်။ ယွမ်သန်းငါးဆယ်သည် အလွန်မြင့်မားသော စျေးနှုန်းဖြစ်ကာ ၎င်းတို့ကဲ့သို့သော ကျောင်းသားများအတွက် ကြီးမားသော ငွေပမာဏဖြစ်ကြောင်း သေချာ၏။
“ကျန်းမိသားစုက ကျန်းလဲ့ဆီက မက်ဆေ့ကြီးတစ်ခုရထားတယ်။ ငါတို့ သူ့ကို သတင်းပေးရုံနဲ့ ငါးသိန်းရနိုင်မယ်။ လွယ်လိုက်တဲ့ငွေ” ဝီလျံက ရယ်မောကာပြောလိုက်သည်။
“ချူးယွင်ဖန်းက မျက်ခုံးပင့်၍ “ဒါပဲလား။ ငွေရဖို့ အဲ့လောက်လွယ်တယ်ဟုတ်လား။ မင်း အဲ့ငွေကိုယူဖို့ အသက်ရှင်နေဦးမလားဆိုတာတော့ ကိစ္စတစ်ခုဖြစ်သွားပြီ”
ချူးယွင်ဖန်း၏ လျစ်လျူရှု့သော အမူအရာကြောင့် အခြားသူများက သူ့ကို သံသယဝင်လျက်ရှိသည်။ ရိုးရှင်းသော လူတစ်ယောက်က ကျန်းမိသားစုကို သူ့ခေါင်းအတွက် သန်းငါးဆယ်အကုန်အကျခံစေရန် လုပ်နိုင်လိမ့်မည်နည်း”
တကယ်၍ သူသည်သာမန်လူသားဖြစ်လျှင် ကျန်းမိသားစုမှ ဤသို့သော ကြီးကြီးမားမားလှုပ်ရှားမှုမျိုး အဘယ်ကြောင့် ပြုလုပ်လိမ့်မည်နည်း။
ယွမ်သန်းငါးဆယ်ဆိုသည် ကျန်းမိသားစုအတွက် ငါးယွမ်ထက်မပိုလှသော်လည်း သူတို့အတွက်မူ ကံကြမ္မာကြီးတစ်ခုဖြစ်သည်။ လူအများအတွက် ယွမ်သန်းငါးဆယ်သည် ပမာဏကြီးတစ်ခုဖြစ်၍ ချူးယွင်ဖန်းပြောခဲ့သည့်အတိုင်းဆိုလျှင် မည်မျှ ငွေက လွယ်ကူနေပါစေ၊ ထိုငွေကို သုံးဖြုန်းခံစားနိုင်ရန် အသက်ရှင်နေမှရမည်ဖြစ်သည်။ အများစစုသည်လောဘကို ပယ်ဖျောက်လိုက်ကြသော်လည်း စိတ်ဝင်စားနေကြသေးသည်။ နောက်ဆုံးတွင် ၎င်းသည် သန်းငါးဆယ်ပင်ဖြစ်၏။
ဝီလျံ၏ အမူအရာသည် အေးစက်သွား၏။
“ငါ့မိသားစု ချာလီနဲ့ ကျန်းတွေက သူငယ်ချင်းဟောင်းတွေပါ။ မင်းနဲ့ ကျန်းမိသားစုကြား ဘာပြဿနာတက်ထားလဲမသိပေမယ့် မင်းကို ဖမ်းပြီး ကျန်းလဲ့ဆီခေါ်သွားပေးဖို့ တာဝန်ရှိတယ်”
“ဘာကို မိသားစု သူငယ်ချင်းဟောင်းလဲ။ မင်းပိုက်ဆံကို သက်သက်လောဘကြီးနေတာပဲ” ချူးယွင်ဖန်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။ သူ၏ မျက်လုံးများတွင် အန္တရာယ်ရှိသော အလင်းများတောက်ပနေ၏။
“ဟမ်၊ ငါ လောဘကြီးတော့ရော ဘာဖြစ်လို့လဲ” ဝီလျံက လှောင်ပြုံးပြုံး၍ဆိုသည်။ “လူတိုင်းပဲ၊ ဒီကိစ္စက ချာလီတွေနဲ့ ကျန်းမိသားစုကြားက ကိစ္စပဲ။ ဒီလူက ကျန်းမိသားစုက အလိုရှိတဲ့လူပဲဖြစ်တယ်။ ပြဿနာထဲဝင်မပါကြနဲ့။ မင်းတို့ မသိချင်ယောင်ဆောင်လိုက်တာအကောင်းဆုံးဖြစ်မှာပါ”
“ဝီလျံ မင်းမိသားစုက အို့ဟွာမြို့မှာ မိသားစုကြီးတစ်ခုဖြစ်မှန်းငါသိတယ်။ ဒါပေမယ့် ဒါက ပြည်ထောင်စုတက္ကသိုလ်ဝင်ခွင့်စာမေးပွဲပဲ။ မင်း ဒီမှာတစ်ယောက်ယောက်ကို သတ်လိုက်ရင် ရလဒ်ကကောင်းမှာမဟုတ်ဘူး”
ယောင်ရွှယ်ရိက ရှေ့သို့တိုးကာ ချူးယွင်ဖန်းကို ကာလိုက်သည်။
ဤသည်က ယောင်ရွှယ်ရိအပေါ်ထားသော ချူးယွင်ဖန်း၏ အမြင်ကို ပြောင်းလိုက်သည်။ လူတိုင်းက သူ့ကိုရှောင်နေကြချိန်တွင် ယောင်ရွှယ်ရိက ရှေ့သို့တိုးလာခြင်းဖြစ်သည်။ ယောင်ရွှယ်ရိ သူ့ဘက်တွင်ရှိနေသလော။
ချာလီများဖြစ်စေ၊ ကျန်းများဖြစ်စေ၊ သာမန်ကျောင်းမှတက်လာသည့် ချူးယွင်ဖန်းနှင့်ယှဥ်လိုက်လျှင် သူတို့နှစ်ယောက်လုံးသည် မိသားစုကြီးများဖြစ်ကြသည်။ ယောင်ရွှယ်ရိသည် ဤမိသားစုနှစ်စု၏ အင်အားကို မကြောက်သလော။
ချူးယွင်ဖန်းသည် ယောင်ရွှယ်ရိ၏ မည်သည့်ယုတ်မာစိတ်ကိုမျှမခန့်မှန်းမိပေ။ သူ၏ အရောင်အဝါကို အလွန်ရှင်းလင်းစွာမြင်နိုင်၏။ ချူးယွင်ဖန်းသည် သူ့ထံမှ မည်သို့သော အန္တရာယ်ရှိသည့် ရည်ရွယ်ချက်ကိုမျှမမြင်နိုင်ပေ။
အဆုံးသတ်တွင် ချူးယွင်ဖန်းသည် ကောက်ချက်တစ်ခုတည်းကိုသာ ချလိုက်ရသည်။ ယောင်ရွှယ်ရိသည် သူ့ရှေ့တွင်ဖြစ်ပျက်နေသည့်အရာများကို လက်မခံနိုင်သောကြောင့် ပါးစပ်ဟကာ ဝင်ပါလိုက်ခြင်းဖြစ်သည်။
ချူးယွင်ဖန်းက ရယ်မောလိုက်မိသည်။ လွန်ခဲ့သော တစ်နှစ်ခွဲအတွင်းမှ အတွေ့အကြုံများက သူ့ကို လူအများအပေါ်အထင်အမြင်လွဲမှားစေခဲ့သည်။ ယခင်တုန်းက ဤသို့သောလူမဟုတ်ခဲ့ပေ။ ကျန်းယုရှန်နှင့် ဝီလျံတို့ကဲ့သို့ လူများစွာရှိကောင်းရှိနိုင်သော်လည်း လူတိုင်းသည် ၎င်းတို့နှင့်တူသည်ဟု မဆိုလိုပေ။
“ယောင်ရွှယ်ရိ မင်းတကယ်ကို မရှောင်သွားဘူးပေါ့။ သေချာစဥ်းစားနော်။ ချာလီပဲဖြစ်ဖြစ်၊ ကျန်းပဲဖြစ်ဖြစ် သူတို့က မင်းစော်ကားလို့ရမယ့်လူတွေတော့မဟုတ်ဘူး” ဝီလျံက ယောင်ရွှယ်ရိကို အေးစက်စွာကြည့်၍ပြောလိုက်သည်။ “အမြတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို မင်းလိုချင်ရင် စီစဥ်ပေးလို့ရတယ်။ မင်းငါနဲ့ အတူတူတွဲလုပ်ရင် ငါမင်းကို ဆုကြေးရဲ့တစ်ဝက်ပေးမယ်”
“မင်းက ခွေးကောင်ပဲ။ ဝီလျံ ငါ မင်းနဲ့ တူတယ်လို့ မင်းထင်နေတာလား” ယောင်ရွှယ်ရိက ရုတ်တရက် ဒေါသတကြီးပြေးထွက်လာကာ “ငွေကို လောဘကြီးနေတဲ့ မင်းလိုကောင်က ပြည်ထောင်စုတက္ကသိုလ်ကို ဝင်မယ်ဆိုရင် လူ့အဖွဲ့အစည်းအတွက် ကြေကွဲစရာဖြစ်လိမ့်မယ်”
“ပြည်ထောင်စုတက္ကသိုလ်ရဲ့ အကဲဖြတ်ချက်က ဘာအတွက်လဲ။ လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ပခုံးချင်းယှဥ်နိုင်တဲ့ လက်ရွေးစင်တွေကို ရွေးဖို့ပဲလေ။ မင်းလိုလူက ဝင်ဖို့ထိုက်တန်တယ်လို့ မင်းထင်နေတာလား”
“မင်းစောက်ကြောင်းကိုပဲ ဂရုစိုက်စမ်းပါ။ ယောင်ရွှယ်ရိ။ ဒီစကားရဲ့အဓိပ္ပါယ်က ဘာလဲ။ မင်းစော်ကားလို့မရတဲ့လူတွေရှိတယ်။ အဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ်ဒုက္ခမပေးနဲ့” ယောင်ရွှယ်ရိထံတွင် အပြောခံရပြီးနောက် ဝီလျံ၏ အမူအရာသည် ပြင်းထန်လာသည်။ “ဝင်ခွင့်ဖြေတုန်း တစ်ယောက်ယောက်သေတော့ရော ဘာဖြစ်လို့လဲ။ တက္ကသိုလ်တောင်မှ ဒီကိစ္စကို လိုက်မှာမဟုတ်ဘူး။ မင်းကိုယ်မင်းဒီထဲကို ဆွဲမထည့်စမ်းပါနဲ့ကွာ”
“ငါဒီမှာရှိနေသရွေး မင်းဒီလိုလုပ်နိုင်မယ်လို့ တွေးတောင်မတွေးနဲ့” ယောင်ရွှယ်ရိ၏ မျက်နှာထက်တွင် ဒေါသများကပ်တွယ်လာသည်။
“အစ်ကိုယောင်” ချူးယွင်ဖန်းက အော်ခေါ်ကာ ယောင်ရွှယ်ရိ၏ ပခုံးကို ပုတ်လိုက်သည်။
“အဲ့တာဘာလဲ” ယောင်ရွှယ်ရိကပြောသည်။
“ဒီကိစ္စနဲ့ စိတ်ရှုပ်မခံပါနဲ့ အစ်ကို၊ တစ်ယောက်ယောက်က သေချင်နေမှတော့ သူ့ဆန္ဒကို ကျွန်တော်ဖြည့်ဆည်းပေးလိုက်ပါ့မယ်” ချူးယွင်ဖန်းကပြောသည်။ သူ့အမူအရာသည် ပြောင်းလဲခြင်းမရှိသော်လည်း သူ့မျက်လုံးများသည် အလွန်အန္တရာယ်များသော အရိပ်အယောင်များကပ်တွယ်ကာ တဖျပ်ဖျပ်လတ်နေ၏။
ဤဝီလျံသည် ချူးယွင်ဖန်းကို အလွယ်တကူအလွတ်ပေးမည်မဟုတ်သော်လည်း ချူးယွင်ဖန်းသည်လည်း သူ့အား အလွတ်ပေးလိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် နောက်ထပ် ထပ်မံ၍ ပြဿနာမတက်စေရန် ပြဿနာ၏ အရင်းအမြစ်ကို ဖယ်ရှားပစ်ချင်ခြင်းဖြစ်သည်။
“အဲ့တာဆိုကောင်းပြီ။ မင်းတို့နှစ်ယောက်ကို လွှတ်ထားပေးမယ်” ယောင်ရွှယ်ရိသည် ဤသို့ပြောပြီးနောက် အမူအရာအနည်းငယ်ပြောင်းလဲသွားသည်။
ဤသို့သော အရာများကို သူမကြိုက်သော်လည်း ဤကိစ္စများသည် ရှောင်လွှဲ၍မရကြောင်း သူသိသည်။
အခန်း(၂၈၈) မုဆိုးဟောင်းတစ်ယောက်ကဲသို့
ချူးယွင်ဖန်းသည် သာမန်လူမဟုတ်ကြောင်း ယောင်ရွှယ်ရိသိသည်။ ယင်းကို သက်သေပြနေသည့် အကြီးဆုံးအချက်မှာ ချူးယွင်ဖန်းအတွက် ကျန်းမိသားစုမှ ဆုငွေ သန်းငါးဆယ်ပေးနေခြင်းဖြစ်သည်။
မဟုတ်လျှင် ကျန်းမိသားစု၏ အာဏာဖြင့် စွမ်းအင်သန့်စင်ခြင်းအဆင့်ကို သတ်ခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို ချေမှုန်းသကဲ့သို့ လွယ်ကူသည်။
ဝီလျံသည် ချူးယွင်ဖန်းကို အလွန် ဆိုးယုတ်သော အကြည့်ဖြင့် ကြည့်ကာ၊
“သန်းငါးဆယ်က နည်းတဲ့ပမာဏမဟုတ်ဘူးနော်။ ငါတို့အိမ်တံခါးဝကို ဘယ်လိုလုပ် ရောက်လာတာလဲ”
“လူ့အသက်ကို ဝယ်ဖို့ သန်းငါးဆယ် ဟုတ်လား။ အဲ့တာ စျေးကြီးလား၊ ပေါလား” ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“ဘာအတွက် ဟန်ဆောင်နေတာလဲ။ မင်း ခဏနေရင် သေတော့မှာပဲ” ဝီလျံက အော်ဟစ်ကာ ချူးယွင်ဖန်းထံသို့ ချီတက်လာသည်။
သူ၏ ကြီးမားသော လက်သည် ချူးယွင်ဖန်း၏ လည်ပင်းသို့ ချိန်ရွယ်လိုက်၏။
ဝီလျံသည် အမှန်တကယ်ပင် အလွန်စွမ်းအားကြီးလှရာ၊ ချက်ချင်းပင် လျှပ်စီး၏အရှိန်ဖြင့် ချူးယွင်ဖန်းကို ဖမ်းဆုပ်လိုက်သည်။ အကယ်၍ ကျန်းယုရှန်သာ မသေခဲ့လျှင် သူ၏ စွမ်းအင်သည် ဝီလျံနှင့် တန်းတူဖြစ်ပေလိမ့်မည်ဖြစ်သည်။
ဘမ်း
သို့သော် ထိုလက်သည်းများသည် ချူးယွင်ဖန်း၏ လည်ပင်းတစ်ဝိုက်သို့ ရောက်သည်အထိ မစွမ်းဆောင်နိုင်ခဲ့ကြပေ။ ထိုအခိုက်အတန့်၌ ချူးယွင်ဖန်းသည် လက်သီးတစ်လုံးပစ်သွင်းလိုက်၏။
လက်သီးနှင့် လက်သည်းတို့ ထိတိုက်မိကာ၊ ချီစွမ်းအင်များ ပေါက်ကွဲသံထွက်ပေါ်လာသည်။
အလွန်လျင်မြန်လှကြလွန်းသဖြင့် အခြားသူများသည် တိုက်ခိုက်၍ ကျန်ခဲ့သည့် မှုန်ဝါးဝါးအရိပ်များကိုသာ မြင်ကြသည်။ ယောင်ရွှယ်ရိသာလျှင် သိုင်းကွက်များကို အမှီလိုက်ကြည့်နိုင်၏။
ဘမ်း၊ ဘမ်း၊ ဘမ်း
ချူးယွင်ဖန်းသည် ဟန်ချက်ကို ထိန်းရန် အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့်လှမ်းလိုက်သည်။
“ဟ”
ဝီလျံက ဆိုးယုတ်စွာရယ်မောကာ ချူးယွင်ဖန်းနောက်သို့လိုက်လာ၏။ သူက ချူးယွင်ဖန်းအား အဆက်မပြတ် လက်သည်းဖြင့် ကုတ်ခြစ်ရန်ကြိုးစားလျက်ရှိသည်။
လင်းယုန်လက်သည်းသိုင်း
ယင်းသည် အလွန်နာမည်ကြီးသည့် လက်သည်းသိုင်းတစ်ခုဖြစ်သည်။ ဤသိုင်းပညာတွင် အဆင့်များကွာခြားကာ တစ်ခုချင်းစီ၏ စွမ်းအင်သည်လည်း ကွဲပြား၏။ မွေးဖွားခြင်းနယ်မြေအဆင့် လင်းယုန်လက်သည်းသိုင်းဟူ၍ပင်ရှိကာ ယင်း၏ စွမ်းအင်သည် အဆုံးမဲ့၏။ ၎င်းသည် တောင်များကိုပင် ထက်ဝက်ပိုင်းနိုင်သည်အထိ အလွန်ပြင်းထန်သည်။
ထို့အပြင် ယခု ဝီလျံသုံးနေသည်မှာ အလွန်ပြင်းထန်သော အဆင့်မြင့် လင်းယုန်လက်သည်းသိုင်းတစ်ခုဖြစ်သည်။
ချာလီမိသားစုသည် နှစ်ပေါင်းရာချီသော သမိုင်းကြောင်းရှိသည့် မျိုးနွယ်စုကြီးတစ်ခုပင်ဖြစ်သည်။ ၎င်းတို့သည် အို့ဟွာမြို့တွင်အလွန် အာဏာကြီးသည်။ တိုက်ရိုက် မျိုးဆက်တစ်ယောက်အနေဖြင့် သူ၏ သိုင်းပညာသည် ရှင်းလင်းစွာပင် ထင်ဟပ်နေ၏။
ဤသည်ကို မြင်လိုက်ရသည့် လူများစွာ၏ မျက်လုံးများ တောက်ပလာသည်။ ဝီလျံသည် ၎င်းတို့ကို နှိမ်နင်းနိုင်ခဲ့ကာ၊ ယောင်ရွှယ်ရိနှင့် တန်းတူနီးပါးပင်ဖြစ်ခဲ့သည်။ ဤသည်မှာ အလွန်ပင် ထူးခြားလှသည်။
ယခင်က တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့ကြဖူးသဖြင့် ၎င်းတို့သည် မိမိတို့စွမ်းအားအပေါ်ယုံကြည်ချက်ရှိကြသေးသော်လည်း ယခုအချိန်သည်မူ ပထမဆုံးအကြိမ်အဖြစ် ဝီလျံက သူ၏ စင်စစ်စွမ်းအားကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။
ဘွန်း
ဘွန်း
ဘွန်း
ဝီလျံ၏ လင်းယုန်လက်သည်းသိုင်းသည် လေကို ခွင်းကာ ချူးယွင်ဖန်းအား မဖမ်းဆုပ်နိုင်သော်လည်း လေကို ဆုတ်ဖြဲ၍ ကျယ်လောင်သော အသံများစွာ ထွက်ပေါ်လျက်ရှိသည်။
အလွန်ကြောက်မက်ဖွယ်ကောင်းပုံရကာ၊ ဤလင်းယုန်လက်သည်းသိုင်း၏ စွမ်းအင်သည် မည်မျှထိတ်လန့်စရာကောင်းကြောင်း မည်သူမျှ သံသယမဝင်ကြပေ။ အကယ်၍ ချူးယွင်ဖန်းအား ဖမ်းမိမည်ဆိုပါက သူ၏ လည်ပင်းတစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရမည်မှာ သေချာ၏။
ချူးယွင်ဖန်းသည် ကျဆုံးတော့မည့်ပုံပေါ်ကာ၊ အချိန်အတော်ကြာသည်အထိ နောက်ဆုတ်၍၊ ဝီလျံ၏ လက်သည်းများကို ရှောင်တိမ်းလျက်ရှိသည်။
“ချူးယွင်ဖန်းက အရှုံးပေးတော့မှာလား။ မဟုတ်သေးပါဘူး”
ယောင်ရွှယ်ရိသည် ချူးယွင်ဖန်း ရှုံးတော့မည်ကို မြင်သောအခါ ဝင်ကယ်ချင်လျက်ရှိသော်လည်း အနီးကပ်ကြည့်လိုက်သောအခါတွင်မူ တစ်စုံတစ်ခုက လွဲမှားနေသည်ကို သတိထားမိသွားသည်။ ချူးယွင်ဖန်းသည် ဆက်လက်တိုက်ခိုက်နိုင်ပုံပေါ်၏။
ချူးယွင်ဖန်း၏ ခြေကွက်များသည် ဟိုးအစပိုင်းမှစ၍ ရှုပ်ထွေးသွားခြင်းမရှိပေ။ ယင်းသည် တူညီသော ကြိမ်နှုန်းဖြင့် သွားနေခြင်းဖြစ်ကာ၊ တစ်နည်းအားဖြင့် ကွင်းပြင်သည် အန္တရာယ်များနှင့်ပြည့်နှက်နေသော်လည်း ချူးယွင်ဖန်းသည် မည်သည့်အန္တရာယ်ကိုမျှမကြုံရသေးပေ။
“သူ့မှာ လှည့်ကွက်တစ်ခုရှိတယ်”
ယောင်ရွှယ်ရိက ချက်ချင်းသဘောပေါက်သွားသည်။ ချူးယွင်ဖန်းသည် သူ၏ စွမ်းအားကို အပြည့်အဝအသုံးမပြုသေးသောကြောင့် သူ့တွင် လှည့်ကွက်တစ်ခုရှိရမည်ဖြစ်သည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် မုဆိုးအိုတစ်ယောက်ကဲ့သို့သော မြေခွေးအိုတစ်ကောင်နှင့်တူကာ၊ ဝီလျံအား ချို့ယွင်းချက်များ ထွက်ပေါ်လာရန် စောင့်ဆိုင်းပြီးနောက် အသေသတ်ပစ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ဤသည်မှာ မိမိ၏ သားကောင်ကို စမ်းသပ်ကာ တစ်ကြိမ်တည်းဖြင့် သတ်ပစ်လိုက်သည့် အတွေ့အကြုံရှိ မွန်းစတားတစ်ကောင်နှင့်တူသည်။
ချူးယွင်ဖန်း အရှုံးပေးတော့မည်ဟု လူတိုင်းထင်သွားသည့်အခိုက်အတန့်တွင် သူ နောက်ဆုံး၌ အလေးစီးဝတ်စုံ၏ တားမြစ်ချက်ကို ပိတ်ပစ်လိုက်သည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါများအားလုံးသည် ချက်ချင်းပင် ပြောင်းလဲသွာားသည်။ ယခု လူတိုင်းသည် ၎င်းကို ရှင်းလင်းစွာ ခံစားနိုင်ပြီဖြစ်ရာ၊ ယခင်က ချူးယွင်ဖန်းသည် ဓားအိမ်ထဲ၌ ဖွက်ထားသည့် အဖိုးတန်ဓားကောင်းတစ်လတ်ကဲ့သို့ ထင်ရ၏။ ယခုအချိန်တွင်မူ ဓားအိမ်ထဲမှ လုံးလုံးလျားလျား ထွက်ပေါ်လာပြီပင်ဖြစ်သည်။
တစ်ခဏအတွင်းတွင် သူ၏ထက်မြက်မှုကို ထုတ်ဖော်ပြသခဲ့သည်။
ဝီလျံသည် အန္တရာယ်ကို ခံစားသိရှိသွားသည်။ ချူးယွင်ဖန်းသည် သူ့အား တိုက်ခိုက်ခွင့်ပြုသော်လည်း အန္တရာယ်သည် အလွန်နီးကပ်နေသကဲ့သို့ နောက်သို့သာ အဆက်မပြတ်ဆုတ်ခဲ့သည်။ သို့သော် ယခု အလေးစီးဝတ်စုံမှ ကန့်သတ်ချက်များကို ဖယ်ရှားပြီးသောအခါ၌မူ ချူးယွင်ဖန်းသည် အခြားသူတစ်ဦးကဲ့သို့ ချက်ချင်းပြောင်းလဲသွားသည်။
ဘမ်း
ဘမ်း
ဘမ်း
လက်သီးနှင့် လက်သည်းတို့ လေထဲတွင် ထိပ်တိုက်တွေ့ကြရာ ချီစွမ်းအင်များသည် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲကာ အသံများအဆက်မပြတ်ပေါ်ထွက်လာသည်။
ဝီလျံသည် လင်းယုန်၏ လက်သည်းများကဲ့သို့ အဆက်မပြတ် ကြမ်းတမ်းစွာတိုက်ခိုက်နေသော်လည်း ချူးယွင်ဖန်းသည် အလွန်လျင်မြန်သဖြင့် သူ၏ နတ်ဆိုးကျားလက်သီးများသည် ပုံရိပ်ယောင်များသာကျန်ရစ်ခဲ့၏။ ကျား၏ လက်သီးသည် လင်းယုန်၏ လက်သည်းထက် နောက်ကျမနေပေ။
လင်းယုန်လက်သည်းသိုင်းသည် လွန်ရက်စက်ပြင်းထန်လျက်ရှိကာ၊ နတ်ဆိုးကျားလက်သီးသိုင်းသည်လည်း ယင်း၏ ပြင်းထန်မှုဖြင့် နာမည်ကြီးသော သိုင်းတစ်ခုဖြစ်သည်။ နှစ်ဖက်တိုက်ခိုက်ကြသောအခါ ၎င်းသည် လင်းယုန်နှင့် ကျား၏ အကြားရှိ ထိတ်လန့်ဖွယ်တိုက်ပွဲတစ်ခုကဲ့သို့ပင်ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် အလွန်လျင်မြန်သောအရှိန်ဖြင့် လေထဲတွင် အဆက်မပြတ်တိုက်ခိုက်လျက်ရှိကြသည်။
အချိန်တိုအတွင်းတွင် ၎င်းတို့သည် သိုင်းကွက်ပေါင်းဆယ်ကျော်ခန့် တိုက်ခိုက်ပြီးကြပြီဖြစ်၏။
ထို့အပြင် ထိုသိုင်းကွက် ဆယ်ကွက်အတွင်းတွင် ချူးယွင်ဖန်း၏ ကိုယ်ခံအားသည်လည်း ထင်ဟပ်လျက်ရှိ၏။
ချူးယွင်ဖန်းနှင့် သိုင်းကွက် ဆယ်ကွက်ကျော်တိုက်ခိုက်ပြီးသည့်အချိန်တွင် ဝီလျံ၏ လက်ဝါးတစ်ခုလုံးသည် နက်ပြာရောင်သို့ လုံးလုံးပြောင်းသွားကာ၊ သူ၏ လက်မောင်းနှစ်ဖက်လုံး စတင်တုန်ယင်လာသည်။
ချူးယွင်ဖန်းအား ဝီလျံကြည့်သောအခါတွင်မူ သူသည် ယခင်ကကဲ့သို့ ယုံကြည်မှုမျိုး ရှိမနေတော့ပေ။ သူ့မျက်နှာတစ်ခုလုံးသည် ဖြူဖျော့လျက်ရှိသည်။ သူ့အရှေ့တွင်ရပ်နေသော ချူးယွင်ဖန်းသည် သိသာစွာပင် သာမန်လူတစ်ယောက်မဟုတ်ပေ။ ယခုတင် ချူးယွင်ဖန်းနောက်သို့ လိုက်ကာ တိုက်ခိုက်ခဲ့ခြင်းကို တွေးကြည့်သောအခါ အရာအားလုံးသည် ထင်ယောင်ထင်မှားဖြစ်ခြင်းမျှသာဖြစ်သည်။
အစစ်အမှန်မဟုတ်ခဲ့ပေ။
သို့မဟုတ် တစ်နည်းအားဖြင့် ချူးယွင်ဖန်းသည် ဝီလျံကို စမ်းသပ်ရန် တမင်လုပ်ဆောင်ကာ ထင်ယောင်ထင်မှားဖြစ်စေပြီးနောက်၊ အချိန်ကျသောအခါတွင် သူ၏ စွမ်းအင်ကို အပြည့်အဝထုတ်သုံးလလိုက်ခြင်ဖြစ်သ်ည။ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် လိမ္မာပါးနပ်ကာ အမျှော်အမြင်ကြီးသူဖြစ်သည်။
ကြောက်မက်ဖွယ်အကောင်းဆုံးမှာ ချူးယွင်ဖန်း၏ စွမ်းအားပင်ဖြစ်သည်။ ဝီလျံသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော်လည်း သူ၏ လက်ချောင်းရိုးများသည်မူ အညိုအမည်းဆွဲကာ အနက်ရောင်သန်းလျက်ရှိသည်။
သူ၏ လက်မောင်းများသည်လည်း တုန်ယင်နေ၏။
ချူးယွင်ဖန်းသည် ဝီလျံထံသို့ တစ်ရှိန်ထိုးပြေးသွားရာ၊ ဝီလျံသည် သေခြင်း၏ အဆုံးသတ်သို့ တွန်းပို့ခံနေရပြီဖြစ်သည်။ နောက်ဆုံးတွင် သူသည်ချပ်ဝတ်တန်ဆာကို အားကိုးကာ၊ လှံရှည်ကို စတင်ထုတ်လိုက်သည်။
ထို့နောက် ချူးယွင်ဖန်းအား လှံဖြင့်တိုက်ခိုက်သည်။ တစ်ခဏအတွင်းတွင်ပင် ၎င်းသည် အဆိပ်ပြင်းနဂါးတစ်ကောင်ကဲ့သို့ အဆုံးမဲ့စွမ်းအင်များဖြင့် အဆက်မပြတ်ထွက်ပေါ်လျက်ရှိသည်။
ချူးယွင်ဖန်းသည် ဤလှံကို လက်ဗလာဖြင့် မတောင့်ခံနိုင်ခဲ့ပေ။
လှံသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို ဖြတ်သွားသည်။ သို့သော် အနီးကပ်ကြည့်လျှင် ယင်းသည် ပုံရိပ်ယောင်တစ်ခုဖြစ်သည်ကို မြင်နိုင်၏။
ပုံရိပ်ကိုးသွယ် ကိုယ်ပွားရွေ့လျားမှုနည်းပညာစနစ်
လှံချက်ကို ရှောင်တိမ်းပြီးနောက် ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားသည် ချက်ချင်းထွက်လာကာ တရှိန်ထိုး ခုတ်ပိုင်းလိုက်သည်။
ချလန်
ဓားနှင့် လှံသည် အဆိပ်ပြင်းနဂါးနှစ်ကောင်ကဲ့သို့ အရှိန်ပြင်းစွာ ထိတိုက်မိကြာကာ၊ မီးပွားများစွာ ပန်းထွက်လာ၏။
အချိန်တိုအတွင်းတွင် နှစ်ဖက်လုံးသည် လက်သီးချင်းထိုးခဲ့ကြရာမှ၊ လက်နက်များဖြင့် စတင်တိုက်ခိုက်ကြသည်။