← Chapters

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း(၂၈၉) ဝီလျံကို သတ်ခြင်း

ထိုအချိန်တွင် အခြားကျောင်းသားများသည် ဘေးသို့ရွှေ့သွားကြသည်။ ဤသည်မှာ ချူးယွင်ဖန်းနှင့် ဝီလျံတို့၏တိုက်ပွဲဖြစ်သဖြင့် တိုက်ပွဲတွင် မပါဝင်ချင်ကြပေ။ ချူးယွင်ဖန်းနှင့်ပတ်သက်၍ ယွမ်သန်းငါးဆယ်လိုချင်သူမှာ ဝီလျံဖြစ်သည်။

သူတို့တွင် အစပိုင်း၌ စိတ်ကူးများရှိခဲ့သော်လည်း ယခုမူ လက်လျှော့လိုက်ကြပြီဖြစ်သည်။ ချူးယွင်ဖန်းကို ရင်ဆိုင်ရန်မလွယ်ကူသည့်အပြင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ယောက်ပင်ဖြစ်သည်။

ဝီလျံ၏ ခွန်အားကို သူတို့အားလုံးမြင်ဖူးကြရာ၊ ယင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။ သို့သော် ချူးယွင်ဖန်းနှင့် တိုက်ခိုက်ရန်မူ၊ သူ့အား အနိုင်ယူနိုင်လိမ့်မည်မဟုတ်ဟု ခံစားမိကြသည်။

ထို့အပြင် သန်းငါးဆယ်သည် ချူးယွင်ဖန်း၏ ဦးခေါင်းအတွက်ဖြစ်သည်။ အကယ်၍ သူတို့ ဝင်ပါပါက သေရန်တိုက်ခိုက်နေခြင်းသာဖြစ်ပေလိမ့်မည်။

သန်းငါးဆယ်အတွက် ချူးယွင်ဖန်းသည် နှင့် သူသေကိုယ်သေတိုက်ပွဲဝင်ရပေလိမ့်မည်။ ထို့ကြောင့် ဤသို့သော ကိစ္စမျိုးကို သေချာစဥ်းစားရန် လိုအပ်၏။ ၎င်းတို့၏ အသက်ပင်ဆုံးရှုံးသွားနိုင်သဖြင့် စဥ်းစားရန်ပင်မလိုတော့ပေ။

သို့သော် နှစ်ဖက်လုံးသည် ကြီးမားသော ဆုံးရှုံးမှုများကြုံတွေ့နေရပါက၊ ၎င်းတို့ ဝင်ပါရန် အခွင့်အရေးရနိုင်မည်ဖြစ်သည်။

ချူးယွင်ဖန်းနှင့် ဝီလျံတို့အကြားတိုက်ပွဲသည် ပို၍ ပြင်းထန်လာသဖြင့် သတိမထားပါက သူတို့ပင် အသတ်ခံလိုက်ရနိုင်၏။

ထို့ကြောင့် ၎င်းတို့ ပတ်ဝန်းကျင်ရှိ ကျောင်းသားများသည် အလျင်အမြန်ဆုတ်ခွာသွားကြသည်။ ၎င်းတို့၏ မျက်နှာများသည် အလွန်လေးနက်လာကြသည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းအင်သည် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့်တွင်ပင်ရှိရာ ယင်းသည် ၎င်းတို့ အများစု မရောက်ဖူးကြသေးသည့် အဆင့်ပင်ဖြစ်၏။

အစပိုင်းတွင် ဝီလျံ၏ စွမ်းအားသည် ၎င်းတို့ထက် များစွာမသာလွန်ဟု ထင်ကြသော်လည်း ချူးယွင်ဖန်းနှင့် ဝီလျံတို့ တိုက်ခိုက်နေကြချိန်တွင် စွမ်းအင်သန့်စင်ခြင်းဆဌမအဆင့် တိုက်ခိုက်ရေးစွမ်းအင်သည် ၎င်းတို့ မှန်းဆနိုင်သည်ထက် များစွာ သာလွန်ကြောင်း သိရှိလိုက်ကြရသည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ချူးယွင်ဖန်းသည် ဤအခြေအနေများအောက်တွင် အသာစီးရနေခြင်းပင်ဖြစ်သည်။

ဤသည်ကား ရိုးရှင်းသော တိုက်ပွဲတစ်ခုမဟုတ်တော့ပေ။ တစ်နည်းဆိုရလျှင် အစကတည်းက ဤသည်မှာ သူသေကိုယ်သေတိုက်ပွဲဖြစ်သည်။ သန်းငါးဆယ်ကို ရယူနိုင်ရန် ဝီလျံသည် ချူးယွင်ဖန်းကို အသေသတ်ရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည်လည်း အလျော့ပေးလိုစိတ် အလျင်းမရှိခဲ့ပေ။ သူ၏ အဦးဆုံးတိုက်ခိုက်မှုတွင်တည်းက သတ်လိုစိတ်ပြင်းပျနေခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦး တိုက်ခိုက်ကြသောအခါ တိုက်ပွဲသည် အလွန်အန္တရာယ်များလာခဲ့သည်။ သိုင်းကွက်တိုင်း၊ သိုင်းကွက်တိုင်းသည် တစ်ဖက်လူ၏ သေစေနိုင်သော နေရာများကို ဦးတည်နေခြင်းဖြစ်သည်။

ချလန်

ချလန်

ချလန်

နှစ်ဖက်ကြားမှတိုက်ပွဲသည် အလွန်ပြင်းထန်လာကာ ထပ်မံ၍ သိုင်းကွက်ဆယ်ကျော်အထိရှိလာသည်။ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် မွန်းစတားဆန်သော စွမ်းအားသည် အစွမ်းကုန် ထပ်မံ၍ ပေါ်လွင်လျက်ရှိသည်။

ဘေးမှကြည့်နေသော ယောင်ရွှယ်ရိသည် မိမိ၏ နှလုံးခုန်သံကိုပင် ပြန်ကြားမိနေပြီဖြစ်သည်။ ဝီလျံသည် လှံကို လက်နှစ်ဖက်ဖြင့်ကိုင်ထားသော်လည်း လက်များ တုန်ယင်နေသည်ကို သူမြင်နေရသည်။ ထို့အပြင် ဤသည်မှာ ချူးယွင်ဖန်း၏ လက်တစ်ဖက်တည်းအသုံးပြုထားသော တိုက်ခိုက်မှုကြောင့်ဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၏ ဓားကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားကာ၊ ဝီလျံနှင့် အညီအမျှတိုက်ခိုက်နေသည်။ ဝီလျံသည် သူ၏ စွမ်းအားကို လုံးလုံးအသုံးပြုနေပြီဖြစ်သည်။ ချောမောလှပသော သူ၏ မျက်နှာသည် မုန်လာဥနီအရောင်သို့ ပြောင်းလဲသွားသည်။ သို့သော် ချူးယွင်ဖန်းသည်မူ အလွန်အမင်း သက်တောင့်သက်သာဖြစ်နေသည်။

ပင်ကိုယ် မြင့်မြတ်တဲ့စွမ်းအား

ဤစကားလုံးများသည် ယောင်ရွှယ်ရိ၏ စိတ်ထဲ၌ ပေါ်ပေါက်လာသည်။ ၎င်းသည် ချူးယွင်ဖန်း ထိုသို့သော အံ့အားသသင့်ဖွယ်ရလဒ်ကိုထုတ်သုံးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ယောင်ရွှယ်ရိသည် ယခင်က ထိုကဲ့သို့သော ပြိုင်ဘက်များကို တိုက်ခိုက်ခဲ့ဖူးသည်။ ထိုတုန်းက ခံစားချက်ကို ပြန်လည်အမှတ်ရသည့်အခါမှ ဝီလျံ အဘယ်ကြောင့် ဤအချိန်တွင် ဤမျှထိ သုန်မှုန်နေရကြောင်း ချက်ချင်းသဘောပေါက်နားလည်သွားသည်။

မြင့်မြတ်သော စွမ်းအားဖြင့် မွေးဖွှားလာသူများသည် ယုတ္တိမတန်သော နည်းလမ်းများဖြင့် တိုက်ခိုက်တတ်ကြကာ ၎င်းတို့သည် သင့်ကို အကြွင်းမဲ့စွမ်းအင်ဖြင့် ချေမှုန်းပစ်ကြပေလိ့မ်မည်။

တိုက်ခိုက်လိုက်သည့်အချိန်တိုင်းတွင် ၎င်းသည် သင့်၏ လောကအမြင်ကို လွှမ်းမိုးသွားပေလိမ့်မည်ဖြစ်သည်။ ဤကမ္ဘာကြီးတွင် ဤသို့သော လူမျိုး မည်သို့ရှိနေနိုင်သနည်း။

၎င်းသည် သာမန်နတ်ဘုရားစွမ်းအင်သာဖြစ်လျှင် အဆင်ပြေသော်လည်း ချူးယွင်ဖန်း၏ အရှိန်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ဝီလျံသည် ချူးယွင်ဖန်း၏ ဖိနှိပ်မှုကို ဖယ်ရှားပစ်ချင်သည့် အကြိမ်တိုင်း ချူးယွင်ဖန်းထံတွင် ထပ်မံ ဖိနှိပ်ခံထားရပြန်သည်။

စွမ်းအားဖြစ်စေ၊ အမြန်နှုန်းဖြစ်စေ၊ ဝီလျံသည် အပြည့်အဝပင် အရေးနိမ့်လျက်ရှိသည်။

“မင်းက ငါ့ကို သတ်ချင်တာလား။ ငါ့ခေါင်းကို ယွမ်သန်းငါးဆယ်နဲ့လဲချင်တာလား။ အခု ဘာလို့ ဘာမှမပြောတော့တာလဲ” ချူးယွင်ဖန်းက အော်လိုက်သည်။

သူ့မျက်နှာချင်းဆိုင်မှ ဝီလျံ၏ မျက်နှာသည် အလွန်နီရဲလျက်ရှိရာ၊ အံ့ကို ကြိတ်၍ မည်သည့်စကားလုံးကိုမျှ ပြောမထွက်နိုင်ပေ။ သူစကားပြောလိုက်သည်နှင့် သူ၏ ချီစွမ်းအင်လည်ပတ်မှုသည် ပျက်ဆီးသွားပေလိမ့်မည်ဖြစ်သည်။

ဤအခိုက်အတန့်တွင် လူတိုင်းသည် ဝီလျံများ ချူးယွင်ဖန်း၏ လက်တစ်ဖက်တည်းဖြင့်တိုက်ခိုက်မှုအောက်တွင် အရေးနိမ့်နေကြောင်း မည်သို့ မမြင်နိုင်လိမ့်မည်နည်း။

ထို့အပြင် ချူးယွင်ဖန်းသည် ဓားကိုအရှိန်ဖြင့် ဝှေ့ယမ်းနေခြင်းဖြစ်သော်လည်း ထူးခြားစွာဖြင့် သပ်ရပ်နေသည်ကို သတိပြုမိသူများရှိကြသည်။ ဓားချက်များအားလုံးသည် ပြောင်းလဲခြင်းမရှိ၊ တူညီသော နေရာသို့ ဦးတည်နေ၏။

ထိုသို့သော ကြောက်မက်ဖွယ်ထိန်းချုပ်မှုကို မြင်ကာ၊ ၎င်းတို့အားလုံး ထိတ်လန့်တကြားဖြစ်ကုန်ကြသည်။

“ငါမင်းကို အဆုံးထိတိုက်မယ်”

အဆုံးတွင် ဝီလျံသည် ဆက်လက်၍ မထိန်းထားနိုင်တော့ပေ။ ချူးယွင်ဖန်း၏ ဓားအလင်းမုန်တိုင်းကြောင့် ဤကဲ့သို့ အပြင်းအထန် ချေမှုန်းခံနေရခြင်းသည် သူ့အား အချိန်တိုင်းတွင် ကြောက်ရွံ့ထိတ်လန့်မှုကို အပြည့်အဝခံစားနေစေ၏။

လှံပေါ်တွင် ကြောက်မက်ဖွယ် ချီစွမ်းအင်များစီးဝင်နေသည်။ ဝီလျံ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ ချက်ချင်းပေါက်ကွဲကာ လှံကို ကြားခံပစ္စည်းတစ်ခုကဲ့သို့အသုံးပြု၍ ချူးယွင်ဖန်း၏တိုက်ခိုက်မှုကို ထိပ်တိုက်တွန်းလှန်လိုက်သည်။

ဝီလျံသည် နောက်ဆုံးတွင် တိုက်ခိုက်နိုင်မည့် လစ်ဟမှုတစ်ခုကို တွေ့ရှိသွားသည်။ ချီစွမ်းအင်ကို ရူးသွားလောက်နိုင်သည့် ပမာဏအထိ သုံးဆွဲခဲ့ကြပြီးနောက် ဤသည်မှာ အခွင့်အရေးတစ်ခုပင်ဖြစ်သည်။

ဝီလျံသည် လှံကို ဆုပ်ကိုင်ကာ လျှပ်စီးတစ်စင်း၏ အလျင်ဖြင့် ချူးယွင်ဖန်းအား တစ်ချက်တည်း အပြီးသတ်ချင်သည့် သဘောဖြင့် သူ၏လည်ပင်းကိုထိုးလိုက်သည်။

လှံ‌ပေါ်ရှိ ချီစွမ်းအင်သည် စူးရှတောက်ပသော အလင်းများဖြင့် ပေါက်ကွဲကာ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများထွက်ပေါ်လာသည်။

ချူးယွင်ဖန်းသည် ဤလှံဖြင့် ထိတော့မည်ဟု လူတိုင်းက ထင်လိုက်ကြချိန်တွင် ဝီလျံသည် သူ၏ ဂုဏ်သိက္ခာဖြင့်အမှန်တကယ် ထိုက်တန်သည်ဟု အားလုံးခံစားလိုက်ကြရသည်။

ချူးယွင်ဖန်းသည် ရုတ်တရက် လှည့်ထွက်သွားသည်။ သူ၏ဓားသည် ပို၍ပင်လျင်မြန်ကာ ပို၍ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ဖြိုခွင်းလိုက်သည်။

ဘမ်း

လှံသည် ချူးယွင်ဖန်းကို ထိလုနီးပါးအချိန်တွင် သူ၏ ဓားဖြင့် ထိမှန်သွား၏။ ဝီလျံ၏ လက်ထဲမှ လှံသည် ပြင်းထန်စွာ တုန်ယင်နေသည်ကို လူတိုင်းမြင်လိုက်ရသည်။ ထို့နောက် ကျယ်လောငသောအသံနှင့်တူ ၎င်းသည် လွင့်ထွက်သွား၏။

ထိုအချိန်တွင် ချူးယွင်ဖန်းလက်ထဲမှ ဓားသည် လျှပ်စီးကဲ့သို့ ထွက်ပေါ်လာကာ၊ တစ်ခဏချင်းတွင်ပင် ဝီလျံ၏ လည်ပင်းသို့ရောက်ရှိသွား၏။

Slash

သွေးများ ပန်းထွက်လာသည်။ ချူးယွင်ဖန်းသည် ဝီလျံ၏ ချပ်ဝတ်တန်ဆာကြားရှိ ကွာဟနေသော နေရာသို့ လျင်မြန်တိကျစွာ ဖြတ်တောက်ပစ်လိုက်ခြင်းဖြစ်သည်။ ဖြတ်လိုက်သည်နှင့် သူ၏ ခေါင်းတစ်ခုလုံး လွင့်ထွက်ကာ၊ သွေးစိမ်းများ ဒေါင်လိုက်ပန်းထွက်လာသည်။

ဝီလျံ၏ ဦးခေါင်းသည် မြေပြင်‌ပေါ်တွင် အကြိမ်အနည်းငယ်ခန့် လိမ့်သွားသည်။။ ချူးယွင်ဖန်းထံတွင် သူအသတ်ခံလိုက်ရပြီဖြစ်သဖြင့် သူ့မျက်နှာထက်တွင် မယုံကြည်နိုင်မမှုများ ပြည့်နှက်နေသည်။

ဝီလျံ၏ ခေါင်းနှင့်ကိုယ် ကွဲသွားသည်ကို မြင်လိုက်ရသောအခါ ကျောင်းသားများ ကြောင်အသွားကြသည်။

မည်သူကမျှ ချူးယွင်ဖန်းသည် ဝီလျံအား အမှန်တကယ် သတ်ရဲလိမ့်မည်ဟု မထင်ခဲ့ကြပေ။ နောက်ဆုံးတွင်မူ ချာလီများသည် အင်အားကြီးမိသားစုတစ်ခုဖြစ်သည်။ အဝေးမှ အို့ဟွာမြို့တွင်ရှိသော်လည်း လျှော့တွက်၍ မရသေးပေ။

ထို့အပြင် ဤကိစ္စသ်ည ကျန်းများနှင့် ပတ်သက်နေည့်အတွက် ပို၍ပင် ကြီးမားသော ကိစ္စတစ်ခုဖြစ်သည်။

ယခုအချိန်တွင်မူ ကျန်းမိသားစုမှာ ထို “သေးငယ်သော” စွမ်းအင်သန့်စင်ခြင်းအဆင့်ကျောင်းသားကို ဖမ်းယူရန် အဘယ်ကြောင့် ငွေသန်းပေါင်းများစွာ သုံးစွဲရသည့်အကြောင်းကို လူတိုင်းနားလည်သိရှိသွားပုံရသည်။

ချူးယွင်ဖန်းသည် စွမ်းအားကြီးရုံသာမက၊ အန္တရာယ်ရှိသောကြောင့်လည်းဖြစ်သည်။ အရေးအကြီးဆုံးမှာ သူသည် ရက်စက်သည်။ အခြားတစ်ဖက်သည် မည်သို့ပင် အင်အားကြီးသော ရန်သူဖြစ်ပါစေ၊ သူ့အား ရန်စလာသူများကို သတ်ပစ်မည်ဖြစ်သည်။

“မင်း… မင်း သူ့ကို တကယ်သတ်လိုက်တာလား။ ချူးယွင်ဖန်း၊ ဝီလျံနဲ့သက်ဆိုင်တဲ့ ချာလီမိသားစုက အို့ဟွာမြို့မှာ သြဇာကြီးရုံတင်မဟုတ်ဘဲ ပြည်ထောင်စုတက္ကသိုလ်မှာလည်း သူတို့မိသားစုနဲ့ သက်ဆိုင်တဲ့ မျိုးဆက်တွေရှိတာကို မင်းမသိဘူးလား။ မင်း ဒုက္ခအကြီးကြီးရောက်တော့မှာပဲ” ယောင်ရွှယ်ရိကပြောသည်။

ယောင်ရွှယ်ရိသည် မည်သူမျှမသေစေရန်အတွက် နှစ်ဖက်လုံးကို နှိမ်နှင်းရန် သူ၏ ခွန်အားကို အသုံးပြုချင်ခဲ့သည်။ သို့သော် ဤလူများသည် သူ့မျက်စိအောက်တွင် သေကြေကုန်ကြလိမ့်မည်ဟု သူမတွေးမိခဲ့ပေ။

အခန်း (၂၉၀) ကြီးကျယ်သော စစ်ပွဲကြီးသည် မည်သည်အချိန်၌မဆို ဖြစ်ပွားတော့မည်ဖြစ်သည်

“အဲ့တာဆို သူငါ့ကို သတ်တာ ထိုင်စောင့်နေရမှာလား” ချူးယွင်ဖန်းက မေးသည်။

ယောင်ရွှယ်ရိသည် ချက်ချင်း ဆွံ့အသွားသည်။ ဤသည်မှာ အလွန်ရိုးရှင်းသောအချက်ပင်ဖြစ်သည်။

‘ငါ့ကို သတ်ချင်တဲ့လူတိုင်းကို ငါသတ်မယ်’

ဤသည်မှာ အမှန်ပင် အရိုးရှင်းဆုံးအချက်ဖြစ်၏။ သို့သော် ကြားတွင် ရောထွေးနေသော အရာများစွာရှိသည်။

ချာလီနှင့် ကျန်းမိသားစုများသည် လူတစ်ယောက်ကို တစ်စုံတစ်ခုမပြုလုပ်မီ လူများစွာကို နှစ်ကြိမ်စဥ်းစားစေနိုင်သည်။ ဤသည်က မိသားစုကြီးများ၏ မမြင်နိုင်သော အကျိုးကျေးဇူးပင်ဖြစ်သော်လည်း ချူးယွင်ဖန်းအတွက်မူ ထိုခြိမ်းခြောက်မှုသည် မည်သို့မျှမဟုတ်ပေ။

“သူငါ့ကို သတ်ချင်ရင် ငါသူ့ကို သတ်မယ်” ဤသည်မှာ ရိုးရှင်းသောအချက်ဖြစ်သော်လည်း ယောင်ရွှယ်ရိ၏ စိတ်ထဲတွင် နက်နဲသော အတွေးတစ်ခု ပေါ်ပေါက်လာသည်။

အချိန်များစွာကြာပြီးနောက်၊ ယောင်ရွှယ်ရိကပြောသည်။ “ငါ ဒီကနေ ဗဟုသုတတွေအများကြီးရခဲ့တယ်။ ငါ့ရဲ့ နောင်မှာ တိုးတက်လာမယ့်အရာတွေအတွက် မင်းကို ကျေးဇူးတင်နေမှာပါ”

သူရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသည်။ ယခင်ကတော့ သူသည် အလွန် ချုပ်တည်းထားခဲ့သည်။ သိုင်းပညာသည် တည်ငြိမ်မှုနှင့်ပတ်သက်သော်လည်း အထူးသဖြင့် ရဲစွမ်းသတ္တိနှင့်တိုးတက်မှုလိုသည့် ၎င်းတို့၏ အဆင့်အတွက် သတ္တိနှင့် တိုးတက်မှုတို့နှင့်လည်း ပတ်သက်သည်။

သတ္တိနှင့်တိုးတက်မှုတို့သည် ဆင်ခြင်တုံ့တရာမဲ့ခြင်းမဟုတ်၊ ရဲရင့်ခြင်းသာဖြစ်သည်။

ချူးယွင်ဖန်းသည် ကျန်းများနှင့် ချာလီများကို မကြောက်သလော။

ကြောက်နေလျှင်ပင် အချို့အရာများကို လုပ်ကိုလုပ်ရမည်ဖြစ်ကာ၊ အချို့လူများကို သတ်ပစ်သင့်လျှင် သတ်ပစ်ရမည်ဖြစ်သည်။

“ဘာရယ်မဟုတ်ပါဘူး။ ဒါ သိုင်းပညာရဲ့ လမ်းကြောင်းတစ်ခုပဲလေ”

ချူးယွင်ဖန်းက ယင်းနှင့်ပတ်သက်၍ ခပ်များများတွေးမနေပေ။ သူသည် အမြဲတစေ ဤသို့သော ဖြူစင်သည့် စိတ်ထားမျိုးရှိသည်။ အခြားသူများက သူ့အား သတ်ချင်ပါက လွယ်ကူလိမ့်မည်မဟုတ်ပေ။ အခြားတစ်ဖက်သည် အဆင့်မြင့်မိသားစုမှတိုက်ရိုက်ဆင်းသက်လာသူဖြစ်စေ၊ အဆင့်မြင့် အရာရှိတစ်ဦး၏ တိုက်ရိုက်မျိုးဆက်ဖြစ်စေ၊ ၎င်းတို့သည် သူ့အား ရန်စလာပါက ရလဒ်သည် အတူတူပင်ဖြစ်ပေလိမ့်မည်။

"ဒုက္ခနဲ့ ပတ်သက်ရင် အဲဒါက အနာဂတ်အတွက် အကောင်းဆုံးပဲ" ဟု ချူးယွင်ဖန်းက ပြောသည်။ ဤအချိန်တွင် သူသည် များများစားစားဂရုမစိုက်တော့ပေ။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ပြည်ထောင်စုတက္ကသိုလ်ကို တက်ရောက်နိုင်ရန်ပင်ဖြစ်သည်။ သူဝင်ခွင့်ရပြီးလျှင် အရာအားလုံးသည် ကွဲပြားသွားပေလိမ့်မည်။ ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားများနှင့် ၎င်းတို့၏ မိသားစုများကို မည်သူမျှ ပေါ့ပေါ့တန်တန် တိုက်ခိုက်ဝံ့မည်မဟုတ်ပေ။

ထိုသို့သောအာမခံချက်ဖြင့်၊ အရာများစွာသည် ပို၍ရိုးရှင်းလိမ့်မည်။

"ဒါတွေ စဉ်းစားဖို့ အချိန်တန်ပြီလား" ချူးယွင်ဖန်းက ကောင်းကင်ကို မော့ကြည့်ကာ “ညဘက်ဆို စွန့်ပစ်မြေ ၆၆ မှာ အပူချိန် မြန်မြန်ကျသွားလိမ့်မယ်။ ခဏနေ အခြေချဖို့ နေရာရှာမတွေ့ရင် အေးခဲသေသွားမှာစိုးတယ်”

လူအားလုံးသည် ဒီကိစ္စကို နောက်ဆုံးမှ သတိရသွားကြသည်။ သူတို့သည် အပူဒဏ်ကို ခံနိုင်ရည်ရှိကာ ၎င်းတို့၏ ချပ်ဝတ်တန်ဆာထဲတွင် ပုန်းနေနိုင်သည်။ အပူဒဏ်ကို တိုက်ဖျက်ရန် ရေကိုလည်း အားကိုးနိုင်သည်။ သို့သော် အပူချိန်သည် တောင့်မခံနိုင်သည့် အဆင့်ထိ ကျဆင်းသွားလျှင်မူ ပူခဲ့စဥ်တုန်းကနှင့် တူမည်မဟုတ်ပေ။

“ဒါ့အပြင်၊ ညဘက်မှာ လှုပ်ရှားနေတဲ့ ညပိုင်းမွန်းစတားတွေ အများကြီးရှိတယ်။ စခန်းချဖို့ နေရာကို ရှာမတွေ့ရင် သူတို့ ငါတို့ကို သေချာပေါက် တွေ့သွားမှာပဲ” ချူးယွင်ဖန်းက ပြောသည်။

“ကောင်းပြီ၊ အခြေစိုက်စခန်းကို သိမ်းယူဖို့ နည်းလမ်းကို အရင်စဉ်းစားကြည့်ရအောင်။ အနာဂါတ်အတွက် ငါတို့နောက်မှပြောမယ်” ယောင်ရွှယ်ရိက ခဏတာ တွေးပြီးနောက် သဘောတူလိုက်သည်။

"အမ်း၊ အရင်စမ်းသပ်မှုအပြီးမှာ၊ အခြေစိုက်စခန်းရဲ့ ယေဘူယျအခြေအနေကို ငါတို့ ရှာဖွေတွေ့ရှိခဲ့တယ်။ ငါတို့ရှေ့မှာ ပင်မတံခါးရှိတယ်။ ပုံမှန်အားဖြင့်၊ အဲ့တာက ငါတို့တိုက်ခိုက်နိုင်တဲ့ တစ်ခုတည်းသောနေရာဖြစ်မယ်။ ငါတို့ပင်မတံခါးကို တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမယ့် အဲ့ရာဇ၀တ်ကောင်တွေက အခြေစိုက်စခန်းကို သိမ်းပြီး အမိုးကို ဖောက်ထားတယ်။ အဲ့တာကြောင့် ငါတို့ ပင်မတံခါးကို တိုက်ခိုက်ဖို့မလိုတော့ဘူး။ ငါတို့ နံရံကနေ ခုန်ချလို့ရတယ်။ ပြီးတော့ ငါတို့က ဒီအခြေစိုက်စခန်းကို မသိမ်းပိုက်ထားချင်ဘူး။ လုံလောက်တဲ့ အမှတ်တွေရဖို့ လူတိုင်းကို အခွင့်အရေးပေးချင်တယ်။ အမှတ်တွေရဲ့ အသုံးဝင်ပုံကို လူတိုင်းရှင်းရှင်းလင်းလင်းသိမယ်လို့ ငါထင်ပါတယ်။ ဒါပဲပေါ့။ အဲဒီလူယုတ်မာတွေနဲ့ ရင်ဆိုင်ရရင် အားလုံးကိုသတ်ပစ်လိုက်ကြပါ။ တစ်ယောက်တလေတောင် အသက်မရှင်စေနဲ့" ယောင်ရွှယ်ရိက လူတိုင်းကိုကြည့်၍ ကြွေးကြော်လိုက်သည်။

“နောက်ပြီး ငါတာဝန်တွေ ခွဲပေးပါ့မယ်” ဟု ယောင်ရွှယ်ရိက ပြောသည်။

အဓိကတိုက်ခိုက်သူမှာ ယောင်ရွှယ်ရိကိုယ်တိုင်မှလွဲ၍ အခြားသူမဟုတ်ပေ။ လူတိုင်း အမှတ်ရရန် ရာဇ၀တ်ကောင်များကို သတ်ပစ်ရသောကြောင့်၊ သေဆုံးကာ အခြားအဖွဲ့မျာအတွက် မီးစာအဖြစ်မခံနိုင်ကြပေ။ ထို့ကြောင့် လူတိုင်းသည် ရှေ့သို့ ရဲရင့်စွာတိုးသွားကြသည်။ ၎င်းတို့၏အသက်ကို ကယ်တင်ရန်သာ ဂရုစိုက်သည့် အခြေအနေမျိုးရှိမည် မဟုတ်ပေ။ တကယ်တမ်းတွင် ဤသည်မှာ ပြည်ထောင်စုတက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၏မစ်ရှင်အကြောင်းကို ကြားသောအခါ သူနှင့်အဖွဲ့သည် အလယ်တန်းတိုက်ခိုက်သူများ၏ တာဝန်ကိုယူ၍ အခြားကျွမ်းကျင်သူများကိုတားဆီးထားရမည်ဖြစ်ကြောင်း သိလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ယောင်ရွှယ်ရိ၏ယခင်စုံစမ်းစစ်ဆေးမှုအရ၊ အခြေစိုက်စခန်းတွင် စွမ်းအင်သန့်စင်ခြင်းဆဋ္ဌမအဆင့်၏ အထွတ်အထိပ်တွင်ရှိသော ကြောက်မက်ဖွယ်ကောင်းသော ရာဇ၀တ်ကောင်တစ်ဦးရှိနေခြင်းကြောင့်ဖြစ်သည်။ ယောင်ရွှယ်ရိသည် ဤရန်သူကို ကိုယ်တိုင်ကိုင်တွယ်ရန် ရည်ရွယ်ထားသည်။

ယောင်ရွှယ်ရိမှလွဲ၍ ကျန်လူများသည် ဤလူကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသောကြောင့် အခြားသူများသာဆိုလျှင် အဓိပ္ပါယ် ရှိမည်မဟုတ်ပေ။ စွမ်းအင်သန့်စင်ခြင်းပဉ္စမအဆင့်သို့ ဝင်ရောက်၍ ဝီလျံကို သတ်ခဲ့သည့် ချူးယွင်ဖန်းပင်လျှင် စွမ်းအင်သန့်စင်မှုအဆင့် သတ္တမအဆင့်သို့ ခြေတစ်လှမ်းသာလိုတော့သည့် ရာဇ၀တ်ကောင်များကို ကိုင်တွယ်ရန် အနည်းငယ်ခက်ခဲမည်ဖြစ်သည်။

"လူတိုင်းရဲ့အလုပ်က အရမ်းခက်ခဲနေသင့်တယ်မဟုတ်လား။ ငါက အဓိက တိုက်ခိုက်သူဖြစ်ပြီး ခေါင်းဆောင်ကို သတ်ဖို့ တာဝန်ရှိတယ်။ ချူးယွင်ဖန်း၊ မင်းငါ့ကိုကာပေးထားဖို့ တာဝန်ယူပါ။ ဒီခေါင်းဆောင်ကို ထောက်ပံ့ပေးဖို့ တစ်ယောက်ယောက်ထွက်လာရင် သူတို့ကို တားဖို့ မင်းမှာ တာဝန်ရှိတယ်။ မေးစရာရှိလား" ယောင်ရွှယ်ရိက ပြောသည်။

"မရှိပါဘူး" ချူးယွင်ဖန်းက ခေါင်းညိတ်သဘောတူ၍ ပြောလိုက်သည်။

“အားလုံးပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအကျပ်အတည်းကို ကျော်လွှားဖို့ ခြေကုပ်ရှာရာမှာတင်မကဘဲ ပြည်ထောင်စုတက္ကသိုလ်ကို အတူတူတက်ခွင့်ရပြီး အတန်းဖော်တွေဖြစ်လာဖို့လည်း ဒီကလူတွေအားလုံး အတူတူ လက်တွဲလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ယောင်ရွှယ်ရိကပြောကာ “အားလုံး ပြန်သွားပြီးတော့ ကိုယ်ကိုယ်ကိုယ်ပြင်ဆင်ကြပါ။ မကြာခင်မှာ တိုက်ခိုက်ကြတော့မယ်။ ကောင်းကင်ကြီးမှောင်မည်းသွားတဲ့အထိ စောင့်နေလို့မရတော့ဘူး”

အားလုံးကခေါင်းညိတ်ကာ သက်ဆိုင်ရာ အဖွဲ့များဆီသို့ ပြန်သွားကြသည်။

ချူးယွင်ဖန်းသည်လည်း သူ၏ အဖွဲ့ဆီသို့ပြန်သွား၏။

“နင်အဆင်ပြေရဲ့လား။ အဲ့ကောင်နဲ့ ဘာလို့ရန်ဖြစ်နေတာလဲ” တန်စီယုက ကမန်းကတန်းမေးလိုက်သည်။ ချူးယွင်ဖန်းနှင့် ဝီလျံ တိုက်ခိုက်ခဲ့ကြကာ၊ ချူးယွင်ဖန်းက ဝီလျံအား သတ်လိုက်သည်ကို သူမြင်လိုက်ရသဖြ်င့ အနည်းငယ်စိတ်ပူနေခဲ့သည်။ အဘယ်ကြောင့် ဤအခြေအနေအထိ ရောက်ရှိခဲ့ရသနည်း။

“အဆင်ပြေပါတယ်။ တစ်ယောက်က သူ့ကိုယ်သူ အထင်အရမ်းကြီးပြီးသူတို့ကိုယ်သူတို့ သေတဲ့အထိ တွန်းအားပေးလိုက်ကြတာ” ချူးယွင်ဖန်းက ၎င်းတို့ စိတ်မပူစေရန် ထပ်မပြောချင်တော့ပေ။

“အားလုံးပဲ အဆင်သင့်ပြင်ထားကြပါ။ နောက်ပိုင်း အခြေစိုက်စခန်းကို တိုက်ခိုက်တဲ့အခါ အခြားလူတွေက ဦးဆောင်နေလိမ့်မယ်။ ငါတို့ လုပ်ရမှာက ကူညီဖို့ရောက်လာကြတဲ့ ရာဇဝတ်ကောင်တွေကို ဝင်ရောက်စွက်ဖက်မခံဘဲ တားဆီးဖို့ပဲ။ နားလည်လား”

“အင်း”

“ငါနားလည်တယ်”

“နားလည်ပြီ”

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။

“ကောင်းပြီ။ လူတိုင်း ရေနည်းနည်းသောက်ပြီး ရေဓာတ်ဖြည့်ကြပါ။ လာမယ့် မစ်ရှင်က ငါတို့ အားလုံးကို တကယ်စမ်းသပ်လိမ့်မယ်။ ငါနဲ့ဝေးဝေးကို မသွားကြနဲ့။ မဟုတ်ဘဲ တစ်ခုခုဖြစ်ရင် ငါမင်းတို့ကို ကူညီနိုင်မှာမဟုတ်ဘူး” ချူးယွင်ဖန်းက ညွှန်ကြားသည်။

“နားလည်ပြီ၊ စိတ်မပူနဲ့ ငါတို့ သိတယ်။ မင်းခုဏက ထွက်သွားတုန်းက ငါတို့ ဆွေးနွေးပြီးကြပြီ” ဂေါင်ဟုန်ချီကပြောသည်။

“ကောင်းတယ်”

ချူးယွင်ဖန်းနှင့်အခြားသူများသည် ခဏတာ အနားယူပြီးနောက် ယောင်ရွှယ်ရိထံမှ မက်ဆေ့တစ်ခုကို လက်ခံရရှိခဲ့သည်။ စစ်မှန်သော တိုက်ခိုက်မှုအတွက် အချိန်တန်ပြီဖြစ်သည်။

ထွက်ခွာသွားသော ဝီလျံ၏ အဖွဲ့မှလွဲ၍ ကျောင်းသားအားလုံး စုရုံးလာကြသည်။

အခြေစိုက်စခန်း၏ နံရံတွင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ကောင်များစတင်လှုပ်ရှားလာကြသည်။ ကျောင်းသားများ၏ တည်ရှိမှုကို သူတို့သတိထားမိကြ၏။

တိုက်ပွဲသည် လက်တစ်ကမ်းအလိုတွင်ရှိနေပြီဖြစ်သည်။

အခန်း(၂၉၁) ဝန်းရံ ချေမှုန်းခြင်း

ကျောင်းသားများ စတင်စုဝေးလာကြသည်။ ၎င်းတို့သည် ကျောင်းအသီးအသီး၊ မြို့အသီးသီးမှ အကောင်းဆုံးကျောင်းသားများဖြစ်ကြသည်။ ၎င်းတို့သည် ယခင်က ပူးပေါင်းဆောင်ရွက်မှု များများမရှိခဲ့လျှင်ပင် အခြေခံနည်းလမ်းများကို သဘောပေါက်နားလည်ကြသဖြင့် ၎င်းတို့အား အပြင်းထန်ဆုံး အသုတ်ဟုပင်ဆိုနိုင်သည်။ လျင်မြန်စွာပင် ၎င်းတို့ စတင်၍ အဖွဲ့ငယ်များ ဖွဲ့လိုက်ကြသည်။

အခြေစိုက်စခန်း၏ နံရံတွင် ဆိုးယုတ်သော ရာဇဝတ်ကောင်များသည် လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ ၎င်းတို့သည် သတင်းစတင်ရရှိခဲ့သည့် အချိန်ကကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် သက်တောင့်သက်သာမရှိကြတော့ပေ။

အစပိုင်းတွင် ထိုသူများသည် ဤကျောင်းသားများကို အလေးအနက်မထားခဲ့ကြပေ။

‘ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားတွေဖြစ်တော့ရော၊ ဘာဖြစ်လဲ။ အထက်တန်းကျောင်းသားလေးတွေပဲကို’

ဤရာဇဝတ်ကောင်များသည် လူများစွာကို မရေမတွက်နိုင်လောက်သည်အထိ သတ်ဖြတ်ခဲ့ကြသည်။ ထို့ကြောင့် အထက်တန်းကျောင်းသားအချို့ကို အဘယ်ကြောင့် ကြောက်နေရမည်နည်း။ ဟာသတစ်ခုမဟုတ်သလော။

သို့သော် ထိုကျောင်းသားများ မည်မျှစွမ်းအားကြီးကြောင့် မကြာမီတွင် နားလည်သဘောပေါက်လာခဲ့ကြသည်။ ဤကျောင်းသားများသည် အထက်တန်းကျောင်းသားများသာဖြစ်ကာ ငယ်ရွယ်ကြသေးသော်လည်း ၎င်းတို့တစ်ဦးစီသည် အခြားသူများထက် ရင်ဆိုင်ရပို၍ ခက်ခဲသည်။ ၎င်းတို့ တစ်ဦးစီသည် ပို၍ ရက်စက်ကြမ်းတမ်းကြရာ၊ ဤကျောင်းသားများသည် ယခုနှစ် လူသားမျိုးနွယ်တစ်ခုလုံး၏ ထိပ်တန်းအဆင့်လူငယ်များဖြစ်ကြသည်။ ၎င်းတို့ကို လျှော့တွက်လျှင် တန်ရာတန်ကြေးပေးဆပ်ရမည်ဖြစ်သည်။

အဖွဲ့တစ်ဖွဲ့စီ၏ အဖွဲ့ခေါင်းဆောင်သည် သက်ဆိုင်ရာအဖွဲ့၏အရှေ့တွင် ရပ်နေသည်။ ၎င်းတို့သည် အဖွဲ့တိုင်း၏ ထက်မြက်သော ဓားများသာမက အမှတ်အများဆုံး ဇီဝိန်ချုပ်သူများလည်းဖြစ်ကြသည်။ ထိုသူများ အခြေစိုက်စခန်းကို အောင်မြင်စွာမသိမ်းယူနိုင်ခြင်းမရှိသည်မှာ စိတ်ကူးယဥ်ဆန်သော အတွေးတစ်ခုသာဖြစ်ပေလိမ့်မည်။

မြို့ရိုး၏ အခြေမှတစ်ဆင့် ချူးယွင်ဖန်းသည် နံရံပေါ်၌ လူများစွာ ရှိနေသည်ကို ခပ်ဝါးဝါးတွေ့လိုက်ရသည်။ ၎င်းတို့ထဲမှ လူတိုင်းသည် အလွန်ကြမ်းကြုတ်ရက်စက်သော ရာဇဝတ်ကောင်များဖြစ်ကြသည်။

“ဒီကျောင်းသားတွေ တကယ်ပဲ အခြေစိုက်စခန်းကို ငါတို့ဆီက သိမ်းပိုက်ဖို့ ကြိုးစားရဲတယ်ပေါ့။ ငါတို့ အသက်ကို လိုချင်နေမှတော့ ငါတို့လည်း သူတို့ အသက်ကို ပြန်ယူရမှာပေါ့”

“ခုချိန် စားစရာရှားနေတာမဟုတ်လား။ သူတို့က သူတို့ကိုယ်သူတို့ ငါတို့ အိမ်တံခါးဝထိရောက်အောင် ပို့ပေးလိုက်တာပဲ ဟားဟား”

“ပြီးတော့ မိန်းမတွေ၊ မိန်းမတစ်ယောက်ယောက်ကို မထိတွေ့ရတာကြာပြီ။ အဲ့တာ ကမ္ဘာပေါ်က အကောင်းဆုံး မိန်းကလေးတွေပဲ”

ဤရာဇဝတ်ကောင်များ၏ အသံများသည် တစ်သံထက်တစ်သံပိုဆိုးလာသည်။ ဒုတိယတစ်ယောက်၏ စကားလုံးများသည် ပထမတစ်ယောက်ပြောခဲ့သည်ထက် ပို၍ ပြင်းထန်ကြမ်းကြုတ်၏။

“အချိန်ကျလာရင် ငါတို့ အကောင်းဆုံးကြိုးစားပြီး သူတို့ကို တစ်ချက်တည်းသတ်ပစ်လို့ရအောင်လုပ်သင့်တယ်။ ဒါက လေ့ကျင့်တိုက်ခိုက်နေကြတာမဟုတ်ဘူး။ သူသေကိုယ်သေတိုက်နေကြတာ။ ဒီ သေခါနီးထောင်သားတွေမှာ သူတို့ကိုယ်သူတို့ကာကွယ်ဖို့ ချပ်ဝတ်တန်ဆာတွေမရှိကြဘူး။ ဒါ့ကြောင့် ငါတို့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ရင် ကိစ္စမရှိဘူး” ချူးယွင်ဖန်းက ခပ်တိုးတိုးညွှန်ကြားသည်။

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ ၎င်းတို့သည်လည်း ယခင်က ရာဇဝတ်ကောင်များကို တိုက်ခိုက်ကြဖူးသဖြင့် ချူးယွင်ဖန်း၏ ဆိုလိုသည့်အချက်ကို နားလည်ကြသည်။

“တိုက်ကြ” အဝေးမှရပ်နေသော ယောင်ရွှယ်ရိက အော်လိုက်သည်။ ထို့နောက် သူဦးဆောင်၍ အမြန်ရှေ့တက်လာလိုက်ရာ၊ အဖွဲ့သားများ တစ်ယောက်ပြီးတစ်ယောက် လိုက်လာကြသည်။ သူ၏ အဖွဲ့သည် သဘာဝကျကျပင် အသန်မာဆုံးဖြစ်သဖြင့် အများစုသည် စွမ်းအင်သန့်စင်ခြင်း စတုတ္ထအဆင့် သို့မဟုတ် တတိယအဆင့်တွင်ရှိကြသည်။ အချို့သည်မူ ပဥ္စမအဆင့်တွင်ပင်ရှိ၏။ ၎င်းတို့သည် အခြားအဖွဲ့များထက် တစ်ဆင့်ပိုမိုအစွမ်းထက်နေသည်မှာ အလွန်ပင်သိသာ၏။

လေးမှထွက်လာသော မြှားများကဲ့သို့ လူတိုင်း တရှိန်ထိုး ထွက်လာကြကာ၊ ခဏအကြာတွင် အုတ်နံရံပေါ်မှ ခုန်ဆင်းလိုက်ကြသည်။

ဝူးရှ်

ဝူးရှ်

ဝူးရှ်

ကျယ်လောင်သော လေထုကွဲအက်သံကြီးတစ်ခု ကြားလိုက်ရသည်။ အခြေစိုက်စခန်းတွင် မြှားများမရှိသော်လည်း ရာဇဝတ်ကောင်များသည် သူတို့တွေ့သမျှ အရာများကိုအသုံးပြု၍ ပစ်လျက်ရှိကြသည်။ စားပွဲခုံများနှင့် ထိုင်ခုံများအားလုံးသည် သတ္ထုကြီးများဖြင့် ပြုလုပ်ထားကြသဖြင့် သန်မာသော ဤရာဇဝတ်ကောင်များ၏ လက်ထဲတွင် ၎င်းတို့သည် ဥက္ကာမိုးများရွာချနေသကဲ့သို့ ထင်ရ၏။

ကျောင်းသားအနည်းငယ်သည် ထိမှန်ကာ ချက်ချင်းပင် လွင့်ထွက်သွားကြသည်။ ၎င်းတို့၏ ချပ်ဝတ်တန်ဆာမှအကာအကွယ်ဖြင့်ပင် သွေးအန်ကုန်ကြ၏။

ချူးယွင်ဖန်းက ဦးဆောင်၍ လူအုပ်၏ အရှေ့သို့ ပြေးသွားလိုက်သည်။ ထို့နောက် အနက်ရောင်အရိပ်တစ်ခု ကောင်းကင်မှကျလာသည်ကို မြင်လိုက်ရ၍ တစ်ခဏအတွင်းတွင်ပင် ၎င်းသည် သူ၏ ခေါင်းပေါ်သို့ ရောက်လာသည်။

ဝူးရှ်

ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားသည် အလိုအလျောက်ထွက်လာကာ အနက်ရောင်အရိပ်ဆီသို့ ဦးတည်သွားသည်။

ဘမ်း

ချူးယွင်ဖန်းသည် သူ့ဆီသို့ လွင့်ပျံလာသည့် ကုလားထိုင်ကို ထက်ခြမ်းပိုင်းပစ်လိုက်သည်။ သူအနည်းငယ် အရှိန်လျှော့လိုက်သောအခါ နောက်ထပ်ကုလားထိုင်တစ်ခုကို ကိုင်ထားသော လူထွားကြီးတစ်ယောက်သည် သူ့အား ခပ်လှမ်းလှမ်းမှ ရက်စက်ယုတ်မာစွာ ပြုံး၍ ကြည့်နေသည်ကို မြင်လိုက်ရသည်။

“အားလုံး သတိထား” ချူးယွင်ဖန်းက အော်လိုက်သည်။ ထို့နောက် အရှိန်မြှင့်ကာ ထိုလူဆီသို့ ချီတက်သွား၏။

ဝူးရှ်

ဝူးရှ်

ဝူးရှ်

အသက်ဆယ်ကြိမ်ရှုစာထက်မပိုသော အချိန်တိုအတွင်းတွင် စားပွဲနှင့် ကုလားထိုင်များသည် မိုးသည်းထန်စွာရွာသွန်းနေသကဲ့သို့ အပေါ်မှကျလာသည်။

ချူးယွင်ဖန်းသည် အဆက်မပြတ် ခုတ်ထစ်ကာ သူ့ထံသို့ ပစ်ချလာသည့် ကုလားထိုင်များနှင့် စားပွဲများကို ဖျက်ဆီးပစ်လိုက်သည်။

တန်စီယုနှင့် အခြားသူများထံသို့လည်း ကုလားထိုင်များနှင့်စားပွဲများဖြင့် အဆက်မပြတ်ပစ်ပေါက်လျက်ရှိရာ၊ ၎င်းတို့သည် ချူးယွင်ဖန်း တမျှ မတည်ငြိမ်ကြပေ။ ထိုပစ်လွှတ်လာသော ပစ္စည်းများကို တားဆီးရန် ခဏတာရပ်တန့်ကြရသည်။

လက်ရှိအချိန်တွင် အခြားအဖွဲ့သားအချို့ ဒဏ်ရာပြင်းထန်စွာရရှိ၍ နောက်သို့ပြန်ဆုတ်သွားကြရသည်အထိ ဖြစ်ကုန်ကြသည်။

ဤစားပွဲနှင့် ကုလားထိုင်များသည် သေစေသည့်ပုံမပေါ်သော်လည်း ဆွဲငင်အား၏ အရှိန်သည် အဆင့်တစ်ခုသို့ တိုးမြင့်သွားသောအခါ ၎င်းတို့ထဲတွင်ပါဝင်နေသည့် စွမ်းအင်သည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။

ထိုပစ်လွှတ်လိုက်သည့်အရာအများစုသည် ချူးယွင်ဖန်းထံသို့ ဦးတည်နေသည့်အတွက် ၎င်းတို့အဖွဲ့သည် ကောင်းမွန်းစွာ စွမ်းဆောင်လျက်ရှိကြသည်။ ချူးယွင်ဖန်းက သူ၏ကောင်းကင်မိုးကြိုးဓားသိုင်းကို အသုံးပြုကာ အဆက်မပြုတ် ခုတ်ပစ်လိုက်သည်။

ချူးယွင်ဖန်းကို ဆက်ပစ်ခြင်းသည် များစွာအသုံးမဝင်သောကြောင့် ဤအတိုင်းဆက်သွားရန်မရတော့ဟု လူထွားကြီးက သဘောပေါက်သွားသည်။ ချူးယွင်ဖန်းသည် အလွန်လျင်မြန်လွန်းသည်။ အဆက်မပြတ်ထွက်ပေါ် ခုတ်ထစ်နေသော ဓားသည် လျှပ်စီးလက်သကဲ့သို့ အနက်ရောင်လျှပ်စီးကြောင်းတစ်ခုအဖြစ်သာမြင်နေရသည်။ ထို့နောက် ထိုလူထွားကြီးပစ်လွှတ်လိုက်သော စားပွဲနှင့် ကုလားထိုင်သည် အပိုင်းပိုင်းကျိုးကြေသွား၏။

ချူးယွင်ဖန်းသည် အလွန်လျင်မြန်ရုံသာမက သူ၏ လက်နက်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားသော်လည်း တုန်ယင်နေခြင်းအလျင်းမရှိပေ။ သူ၏ ကိုယ်ခံအားသည် အလွန်အမင်း အံ့သြဖွယ်ကောင်းရာ၊ အခြားကျောင်းသားများနှင့် အဆင့်တူမဟုတ်သည်မှာ ထင်ရှား၏။

သို့သော် ဤအချက်ကို လူထွားကြီးသဘောပေါက်လာသောအခါတွင်မူ အသုံးမဝင်တော့ပေ။ ချူးယွင်ဖန်း၏ ထိုလူရှိသော နံရံအနီးသို့ရောက်နေပြီဖြစ်သည်။

ဘွန်း

ချူးယွင်ဖန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အားလုံးကို ခြေဖဝါးအောက်တွင် စုစေ၍ နံရံထိပ်သို့ အမြောက်တစ်စင်းကဲ့သို့ ခုန်တက်လိုက်သည်။

ဤအခြေစိုက်စခန်းသည် မူလက စစ်တန်းလျားဖြစ်သဖြင့် မြို့အစစ်တစ်ခုမဟုတ်ပေ။ ထို့ကြောင့် ၎င်း၏ နံရံများသည် ၂၅ပေခန့်မြင့်၍ လူသားတစ်ယောက် ခုန်နိုင်သော ပမာဏကို ကျော်လွန်နေ၏။ သာမန်လူတစ်ယောက်သည် ဤသို့ ခုန်တက်နိုင်လိမ့်မည်မဟုတ်ပေ။

ဘွန်း

ဘွန်း

ဘွန်း

ချူးယွင်ဖန်းနောက်ရှိ တန်စီယုနှင့် အခြားသူများသည် မိုးကြိုးမုန်တိုင်းတစ်ခုပေါ်သို့ ခြေချလိုက်ရပုံပေါ်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ၎င်းတို့သည် ချက်ချင်းပျံတက်ကာ နံရံပေါ်သို့ ရောက်သွားကြသည်။

“ငါ့ရှေ့မှာ မင်းခုန်တက်လာရဲတယ်ပေါ့။ သေချင်နေတာလား”

လူထွားကြီးသည် ဆိုးယုတ်ရက်စက်သော အပြုံးကိုပြုံးလိုက်သည်။ သူ့လက်ထဲတွင်မူ တပ်မတော်သားများအတွက် ထုတ်ပေးထားသည့် ဓားရှည်တစ်လက်ရှိသည်။ လေထဲတွင် မိမိ၏ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းရန် ခက်ခဲလှသဖြင့် သိုင်းပညာရှင်များသည် ပုံမှန်အားဖြင့် ခန္ဓာကိုယ်အောက်ပိုင်းတည်ငြိမ်မှုကို အထူးအာရုံစိုက်ကြသည်။ သာမန်လူများသည် ဤအမြင့်ကို ခုန်နိုင်ကြလိမ့်မည်မဟုတ်ပေ။ မိမိခန္ဓာကိုယ်ကို လေထဲတွင် မထိန်းနိုင်သည့်ကြားမှ ခုန်ပါက ယင်းသည် ရေနွေးအိုးပူတစ်လုံးထဲသို့ ခုန်ချခြင်းကဲ့သို့ပင်ဖြစ်ပေလိမ့်မည်။

လူထွားကြီး၏ဘေးတွင် လက်နက်ကိုင်ထားသော ငါးယောက်၊ ခြောက်ယောက်ခန့်ရှိမည့် ရာဇဝတ်ကောင်များရှိသည်။ နောက်ဆုံးတွင် အနီးကပ်တိုက်ပွဲစတင်ရန် အချိန်ကျလာပြီဖြစ်သည်။

ချူးယွင်ဖန်းသည် လေးလံသော တူကြီးတစ်ချောင်းကဲ့သို့ဆင်းသက်လာသည်။ ဤသည်မှာ သိုင်းပညာတစ်မျိုးဖြစ်ကာ ပေါင်တစ်ထောင်ဆင်းသက်ခြင်းဟု ခေါ်သည်။

ချူးယွင်ဖန်းသည် လူထွားကြီး၏ အပေါ်သို့ တိုက်ရိုက်ဆင်းသက်သွား၏။

All Chapters