← Chapters

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အခန်း 292- ပထမတကြိမ် ဒုတိယအကြိ ခုတ်ပစ်မယ်

ပေါင်တစ်ထောင် ဆင်းသက်ခြင်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာမဟုတ်ပေ။ ရွေ့လျားရေးသိုင်းစနစ်များစွာထဲမှ တစ်ခုသာဖြစ်ကာ၊ ရွေ့လျားရေးသိုင်းစနစ်တစ်ခုစီတွင် ထူးခြားသောအချက်တစ်ခုရှိမည်သာဖြစ်သည်။

ယင်းကို ဆင်းသက်ချိန်တွင် ချက်ချင်းစတင်တိုက်ခိုက်ရမည့် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် အသုံးပြုသည်။

ချူးယွင်ဖန်းသည် ချက်ချင်းပင် စတင်တိုက်ခိုက်သည်။

ဘမ်း

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားနှစ်ချောင် တစ်လက်နှင့်တစ်လက် တိုက်မိသွားပြီးနောက် မီးပွားများ ဦးတည်ရာအရပ်ရပ်သို့ ချက်ချင်းပျံနှံ့သွားသည်။

မြေပြင်ပေါ်တွင် ခိုင်မြဲစွာရပ်နေသောသူသည် လေထဲမှ ခုန်ဆင်းလာသော ချူးယွင်ဖန်းထက် များစွာပို၍သန်မာသင့်သော်လည်း လက်တွေ့တွင် လူထွားကြီး ကြိုတင်မှန်းဆထားသည်နှင့် ကွဲလွဲသွားသည်။

ဓားနှစ်ချောင်း တိုက်မိသောအခါတွင် သူ့လက်ထဲသို့ ပြင်းထန်သော စွမ်းအားတစ်ခု စီးဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ဘမ်း

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသဖြင့် ခုခံရန် ခွန်အားမရှိ‌တော့ပေ။ ပေါက်ကွဲသံနှင့်အတူ သူသည် ဤဓါး၏ ကြောက်မက်ဖွယ် စွမ်းအားကို ခက်ခဲစွာ တားဆီးရန် ဒူးတစ်ဖက် ဒူးထောက်လိုက်ရသည်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" လူထွားကြီးသည် မယုံမကြည်နိုင်ဖြစ်နေသည်။ ဤအခြေအနေတွင် သူ့အနေနှင့် အသာစီးရသင့်သည်မှာ ထင်ရှားသည်။ အကယ်၍ သူသာ နံရံဆီသို့ ချီတက်လာ၍တိုက်ခိုက်သူဖြစ်လျှင် ချူးယွင်ဖန်းသည် သူ့ကို ချက်ချင်းပင် လွင့်ပျံထွက်သွားစေလိမ့်မည်ဖြစ်သည်။

အပေါ်စီးမှတိုက်ခိုက်ခြင်းဖြစ်သော်လည်း အလွန်မြင့်မားသောအမြင့်မှမဟုတ်ပါက တိုက်ခိုက်ခြင်း၏ စွမ်းအားသည် ကြီးမားမည်မဟုတ်ပေ။ တကယ်တမ်းတွင် ချူးယွင်ဖန်းသည် ဆွဲငင်အား၏အရှိန်ကို အသုံးပြုနိုင်ရလောက်မည့် အမြင့်တွင်နေ၍ တိုက်ခိုက်ခဲ့ခြင်းမဟုတ်ပေ။ ထို့ကြောင့် တစ်နည်းအားဖြင့် လေထဲတွင် ခုန်ဆင်းနိုင်လောက်မည့် နေရာမရှိသောကြောင့် သူ့မူလစွမ်းအင်၏ အနည်းငယ်ခန့်ကိုပင် အသုံးပြုနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် ထိုသို့သောအခြေအနေမျိုးတွင်ပင် ချူးယွင်ဖန်းသည် လူထွားကြီးကို ဒူးထောက်သွားစေနိုင်သည်အထိ ဓားချက်တစ်ချက်တည်းဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ထိုလူကြီး၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုအငွေ့အသက်များပြည့်နှက်နေခြင်းဖြစ်သည်။

ချူးယွင်ဖန်းကို အတော်ပင် သန်မာသူဟု ယူဆနိုင်သည်။ သူသည် မျက်မှောက်ခေတ်မှလူအများစုနှင့် အရွယ်အစား တူညီကာ သူကောင်းမွန်စွာ စားသောက်၍၊ သိုင်းပညာလေ့ကျင့်သဖြင့် သဘာဝအလျောက်ပင် အရပ်ရှည်သည်။

သို့သော် မကြာသေးမီတွင် သူ့အရပ်မှလွဲ၍ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အနည်းငယ် ကျုံ့သွားခဲ့သည်။ သူ့ကြွက်သားများ တောင့်တင်းလာသဖြင့် သူ့တစ်ကိုယ်လုံး ပိုမိုပိန်ပါးလာသည်။ သို့သော် သူ့ခန္ဓာကိုယ်တွင်းရှိ ခွန်အားများသည်မူ ကြောက်မက်ဖွယ်ကောင်းလှသည်။

သူ၏ ပိန်ပါးမှုကို ပထမဆုံးမြင်ကြပါက လူများစွာသည် သူ့အား အထင်သေးကြပေလိမ့်မည်။ တကယ်တမ်းတွင်မူ၊ အရွယ်အစားပိုကြီးပါက ပို၍ ပိုသန်မာမည်ဆိုသည်မှာ လူတိုင်းသိသည့်အချက်တစ်ခုပင်ဖြစ်သည်။ အချိန်တိုင်းမမှန်သော်လည်း အချိန်အများစုအတွက်မူ မှန်ကန်နေသေးသည်။

လူထွားကြီးသည် ချူးယွင်ဖန်း၏ စွမ်းအားကို လျှော့တွက်ထားသော်လည်း ဓားတစ်ချက်ဖြင့်ပင် ဒူးထောက်လိုက်ရပြီဖြစ်သည်။

ချူးယွင်ဖန်းသည် ဤလူထွားကြီး၏ တန်ပြန်အားကို အသုံးပြုကာ ချောမွေ့စွာဆင်းသက်နိုင်ခဲ့သည်။ သူ ဆင်းသက်ပြီးသည်နှင့် ချူးယွင်ဖန်းသည် ရက်စက်ကြမ်းတမ်းစွာ စတင်တိုက်ခိုက်၍ သူ၏ဓားဖြင့် ခုတ်လှဲလိုက်သည်။

လူထွားကြီးသည် လက်ရှိတွင် ဒူးတစ်ချောင်း ဒူးထောက်လျက် လှုပ်ရှားနိုင်ခြင်း မရှိပေ။ သူ၏ ဓားကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားသော်လည်း ချူးယွင်ဖန်း၏ လက်တစ်ဖက်အောက်တွင် ဖိနှိပ်ခံနေရလျက်ရှိသည်။ ချူးယွင်ဖန်း၏ဓားအလင်းရောင်သည် သူ၏ ပခုံးပေါ်သို့ကျရောက်လာသော်လည်း ထိုဓားချက်၏ ကြောက်မက်ဖွယ်စွမ်းအင်ကို ခါးသီးစွာခုခံရုံသာတက်နိုင်တော့သည်။

ချူးယွင်ဖန်း၏ဓားဖြင့် သူ့ပခုံးပေါ်သို့ ဖိခံထားရသောအခါတွင် သွေးခြစ်ရာတစ်ခုပေါ်လာသည်။ လူထွားကြီးသည် ဤအခြေအနေမှ မည်သို့ရုန်းထွက်ရမည်ကို စဉ်းစားနေသေးသော်လည်း ချူးယွင်ဖန်းသည် သူ့ကို အခွင့်အရေးမပေးပေ။ သူသည် ဓား၏ ဦးတည်ရာကို လိုက်ကာ လမ်းကြောင်းပြောင်း၍ တစ်ဖက်သို့ ခုတ်ပိုင်းချလိုက်သည်။

ဝူးရှ်

လတ်ဆတ်သော သွေးများ ထေင်လိုက် ပန်းထွက်လာသည်။ ချူးယွင်ဖန်းသည် လူထွားကြီး၏ ခေါင်းကို ဖြတ်ပစ်လိုက်၏။

ဓားချက်နှစ်ချက်သာ လက်ခံပြီးနောက် သူအသတ်ခံလိုက်ရပြီဖြစ်သည်။

ချူးယွင်ဖန်းသည် လက်တလောတွင် လူများစွာကို ခေါင်းဖြတ်သတ်ခဲ့ကြောင်း တိထားမိခဲ့သော်လည်း အခြားနည်းလမ်းများနှင့် နှိုင်းယှဉ်ပါက ခေါင်းဖြတ်ခြင်းသည် တစ်စုံတစ်ဦးကို သတ်ရန် အလျင်မြန်ဆုံးနည်းလမ်းဖြစ်ကြောင်းကိုလည်း သူနားလည်ခဲ့သည်။ သူ၏ ဓားသည် ဓားရှည်ကဲ့သို့ လူများကို ထိုးသတ်ရန် မလွယ်ကူပေ။

ထိုအချိန်တွင် တန်စီယုနှင့် အခြားသူများသည် ၎င်းတို့၏ ရန်သူများကို တိုက်ခိုက်နေကြသည်။ ၎င်းတို့သည် ယခုမှ ပျံတက်လာကြကာ၊ ချူးယွင်ဖန်းကဲ့သို့ မိမိကိုယ်မိမိယုံကြည်ချက်မပြင်းထန်သော်လည်း ၎င်းတို့ နံရံထိပ်သို့ရောက်ကြသည်နှင့် ပြိုင်ဘက်များကို ဒူးထောက်ကျစေနိုင်ခဲ့သည်။ ၎င်းတို့အားလုံးသည် လက်ရွေးစင်ကျောင်းသားများဖြစ်ကြသည်။ ထို့ကြောင့် ခြေထောက်ကို တည်ငြိမ်စွာ ထိန်းပြီးနောက်တွင် လျင်မြန်စွာပင် အသာစီးရခဲ့ကြသည်။

သို့သော် ချူးယွင်ဖန်းသည် ၎င်းတို့ကိုတဖြည်းဖြည်းချင်း လေ့ကျင့်ခွင့်‌ပေးရန် အချိန်မရှိပေ။

ချလန်

ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားသည် တစ်ဖန် ထွက်ပေါ်လာပြန်သည်။ ထိုများစွာသော ဓားရိပ်များထွက်ပေါ်လာပြီးနောက် တခဏချင်းတွင်ပင် တန်စီယုနှင့် အခြားသူများ တိုက်ခိုက်နေသော ရာဇ၀တ်ကောင်တွေများ၏ ခန္ဓာကိုယ်များကို ပိုင်းခုတ်ပစ်လိုက်၏။

ဝူးရှ်

ဝူးရှ်

ဝူးရှ်

ဤရာဇ၀တ်ကောင်များတွင် ချပ်ဝတ်တန်ဆာ မရှိပေ။ မှန်သည်၊ ၎င်းတို့သည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို မတားဆီးနိုင်သဖြင့် ချက်ချင်းပင် ဒဏ်ရာပြင်းထန်စွာရသွားသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို ချက်ချင်း မသတ်ခဲ့ပေ။ ၎င်းတို့ကို တန်စီယုနှင့် အခြားလူများလက်ထဲတွင် ထားခဲ့၏။

နောက်ဆုံးတွင်မူ ချူးယွင်ဖန်းသည် ၎င်းတို့၏ အမှတ်များကို ခိုးယူ၍မရပေ။

ချူးယွင်ဖန်း၏ စွမ်းအားဖြင့် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရန် ခက်ခဲမည်မဟုတ်ပေ။ သူ၏စွမ်းအားဖြင့် ချူးယွင်ဖန်းသည် ဤအသုတ်တွင် စာမေးပွဲဖြေဆိုသူများအနက် ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်မည်မှာ သေချာ၏။ သူသည် ဖက်ဒရေးရှင်းတက္ကသိုလ်မှ ဖယ်ထုတ်ပစ်၍ ရနိုင်မည့် ပစ်မှတ်တစ်ခုမဟုတ်ပေ။

သို့သော် ရန်ကျွင်း၊ ယုရှင်းယွမ်၊ တုံရှင်းရန်နှင့် ဂေါင်ဟုန်ချီ တို့သည်မူ ကွဲပြားသည်။ ၎င်းတို့သည် စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့် အစတွင်သာရှိကြသည်။ ၎င်းတို့သည် ဖယ်ထုတ်ခံနိုင်ရခြေအရှိဆုံးသူများဖြစ်သောကြောင့် ချူးယွင်ဖန်းသည် ၎င်းတို့၏ အမှတ်များကို လုယူလိမ့်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် သူသည် ၎င်းတို့အမှတ်ရရန် အခွင့်အလမ်းများပင် ဖန်တီးပေးခဲ့သည်။

ဂေါင်ဟုန်ချီနှင့် တန်စီယုတို့သည် ချူးယွင်ဖန်း၏နှလုံးသားထဲတွင် သဘာဝအလျောက်ပင် မတူညီသော နေရာများကို ရထားသည်။ သို့သော် ရန်ကျွင်း၊ ယုရှင်းယွမ်နှင့် တု‌ံရှင်းရန်တို့သည်မူ၊ တစ်ယောက်နှင့် တစ်ယောက် မရင်းနှီးသော်လည်း တစ်ဖွဲ့တည်းဖြစ်ကြသဖြင့် ချူးယွင်ဖန်းသည် မည်သူ့ကိုမျှ ပိုသာ၍ မျက်နှာသာမပေးပေ။ ချူးယွင်ဖန်းသည် ထိုကဲ့သို့သော လူစားမျိုးမဟုတ်ပေ။ အတူတကွပူးတွဲလုပ်ဆောင်၍ ဝင်ခွင့်ကို ကျော်ဖြတ်နိုင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

ချူးယွင်ဖန်းသည် ဤအကဲဖြတ်စစ်ဆေးမှုကို စာဖြေပွဲတစ်ခုအဖြစ်သဘောထားရုံသာမက လေ့ကျင့်မှုပုံစံတစ်ခုအဖြစ်လည်း သဘောထားသည်။ သူသည် ယခင်ကနှင့်မတူတော့ပေ။ အတိတ်တွင် ပြည်ထောင်စုတက္ကသိုလ်သို့ တက်ခွင့်ရခြင်းကို သူ၏ အဆုံးစွန်ဆုံး ပန်းတိုင်အဖြစ်သဘောထားခဲ့သည်။ ယခုမူကား ယင်းသည် ခြေလှမ်းတစ်လှမ်းသာဖြစ်ခဲ့ပြီဖြစ်သည်။

ပြည်ထောင်စုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရခြင်းသည် အစသာဖြစ်သည်။ နေရာတိုင်းတွင် ကျွမ်းကျင်သူများရှိနေသည့် နေရာတစ်ခုဖြစ်သဖြင့် တုန်ဖန်းဟောက်နှင့် အခြားသော မရေမတွက်နိုင်သည့် တည်ရှိမှုများရှိသည်။ ချူးယွင်ဖန်းသည် ဤပါရမီရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်နေ့ကို တွေးမိသောအခါ သွေးများဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

‌ရေတိမ်သော ကန်တစ်ကန်တွင် နဂါးအစစ်တစ်ကောင်ကို မွေးမြူနိုင်မည်မဟုတ်ပေ။ သမုဒ္ဒရာတစ်ခုသည်သာ သူနှင့် သင့်တော်သော စစ်မှန်သည့် လေ့ကျင့်ရေးကွင်းဖြစ်သည်။

တန်စီယုနှင့်အခြားသူများသည် အချိန်ဖြုန်းမနေခဲ့ပေ။ ၎င်းတို့ရှေ့မှ ရာဇဝတ်ကောင်များကို အမြန်သုတ်သင်ကာ ဒုတိယအသုတ်ရာဇဝတ်သားများကို စတင်တိုက်ခိုက်ကြသည်။

‘ရှင်သန်မှုအတွက်’

‘အမှတ်တွေအတွက်’

‘အရာအားလုံးအတွက်’

ချူးယွင်ဖန်းသည် အခြေစိုက်စခန်းနံရံမှ ခုန်ဆင်းကာ ချီတက်လာသော ရာဇဝတ်ကောင်များကို ချေမှုန်းပစ်လိုက်သည်။ သူသည် အေးဆေးစွာလမ်းလျှောက်၍ ဓားချက်တစ်ချက်ပြီးတစ်ချက် ထုတ်လွှတ်လိုက်သည်။ ချူးယွင်ဖန်းသည် ယခု အလွန်ထက်မြက်ကာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤအခိုက်အတန့်တွင် ယောင်ရွှယ်ရိသည်လည်း နံရံပေါ်မှ ခုန်ဆင်းလာသည်။ သူ့နောက်တွင် သူ့အဖွဲ့သားများလိုက်ပါလာ၏။ ၎င်းတို့သည် ထွက်ပေါက်ကို ဖောက်ထွင်းကာ အခြေစိုက်စခန်းရှိ ရာဇဝတ်ကောင်များအားလုံးကို သုတ်သင်လျက်ရှိကြသည်။ မည်သူမျှ ၎င်းတို့ကို တားဆီး၍ ရမည်မဟုတ်ပေ။

ရာဇဝတ်ကောင်များသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း အုပ်စုဖွဲ့ထားချိန်တွင်ထက် တစ်ဦးချင်းတိုက်ပွဲတွင် ပို၍ ခြိမ်းခြောက်နိုင်သည်။ ၎င်းတို့သည် မိမိတို့ ရာဇဝတ်သားချင်းပင် မယုံကြည်နိုင်ကြပေ။

နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်တစ်ခု အဝေး၌ပေါ်လာသည်။ သူသည် အခြားသော ရာဇဝတ်ကောင်များထက် သာလွန်သော ကြောက်မက်ဖွယ်ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ထားသည်။

“ချူးယွင်ဖန်း ငါ့ကိုကူပြီး လူတွေကို ထိန်းထားပေး” ယောင်ရွှယ်ရိက အော်၍ရှေ့သို့ပြေးသွားသည်။

အခန်း(၂၉၃) ရာဇဝတ်ကောင်များကို သတ်ခြင်း

ထိုရာဇ၀တ်ကောင်သည် ယောင်ရွှယ်ရိပြောခဲ့ဖူးသော စွမ်းအင်သန့်စင်ခြင်း ဆဋ္ဌမအဆင့်ရှိ ရာဇ၀တ်သားဖြစ်သည်။ သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းကာ၊ ဤနေရာကြီးတစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်သည့်လျက် ဤနေရာမှ ရာဇဝတ်ကောင်တိုင်းသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

သူအသတ်ခံလိုက်ရပါက ဒီစခန်းသည် ကျောင်းသားများလက်ထဲသို့ ကျရောက်သွားပေလိမ့်မည်ဖြစ်သည်။

စွမ်းအင်သန့်စင်ခြင်း ဆဋ္ဌမအဆင့် အထွဋ်အထိပ်ရောက်နေသည့် ရာဇဝတ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်မည့် တစ်ဦးတည်းသောသူမှာ ယောင်ရွှယ်ရိဖြစ်သည်။ ချူးယွင်ဖန်းသည်လည်း ရင်ဆိုင်နိုင်သည့်တိုင် တစ်ဖက်ကို အသေသတ်နိုင်ရန် ကြီးမားစွာ ပေးဆပ်ရမည်ဖြစ်သည်။

ထို့ကြောင့် ချူးယွင်ဖန်းသည် ယခု စွန်းအင်သန့်စင်ခြင်းဆဋ္ဌမအဆင့် အထွဋ်အထိပ်ရှိ ရာဇဝဝတ်ကောင်ကို သတ်ခြင်းသည် ယခင်က သူသတ်ခဲ့သော ရာဇဝတ်ကောင်ကဲ့သို့ အမှတ်များစွာရရှိနိုင်သော်လည်း ထိုအမှတ်များအတွက် ယောင်ရွှယ်ရိအား တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် ယခင်ကစွမ်းအင်သန့်စင်ခြင်း ဆဋ္ဌမအဆင့် အထွဋ်အထိပ်ရှိရာဇဝတ်ကောင်ကို ရင်ဆိုင်ခဲ့ရခြင်းမဟုတ်ပေ။ ထိုသူသည် အပြင်းအထန် ဒဏ်ရာရရှိထားသဖြင့် သူ၏ စွမ်းအင်ကို အပြည့်အဝမပြသနိုင်ခဲ့ပေ။

ဘွန်း

ကွင်းပြင်ရှိ စွမ်းအင်သန့်စင်ခြင် ဆဠမအဆင့်အထွဋ်အထိပ်မှ စွမ်းအားကြီး ကျွမ်းကျင်သူနှစ်ဦးသည် ပြင်းထန်စွာ ထိတိုက်မိကြသည်။

ချူးယွင်ဖန်းက တည်ငြိမ်လျက်ပင်ရှိသည်။ သူသည် တိုက်ပွဲကို အဝေးမှသာ ကြည့်လျက်ရှိကာ၊ တစ်ချိန်တည်းတွင် ရာဇ၀တ်ခေါင်းဆောင်ကို အကူအညီပေးလိုသည့် အခြားရာဇ၀တ်ကောင်အချို့ကိုလည်း သတ်ဖြတ်ခဲ့သည်။

သူ၏အဖွဲ့သားများသည် ယောင်ရွှယ်ရိကို ကူညီရန် အရပ်ရပ်မှလာသော ရာဇ၀တ်ကောင်များကို လူခွဲ၍ တားဆီးလျက်သည်။

“အစ်ကို၊ မင်း တော်တော်တော်တာပဲ။ ဘယ်ကလာတာလဲ" ၁၆ နှစ်၊ ၁၇ နှစ်ခန့်ရှိမည့် လူငယ်တစ်ဦးက လာမေးသည်။

ရာဇဝတ်ကောင်တစ်ကောင်ကို ယခုလေးတင်သတ်လိုက်သဖြင့် သူ၏ ချပ်ဝတ်တန်ဆာမှ သွေးများ စီးကျလာသည်။

ဂေါင်ဟုန်ချီနှင့် အခြားသူများ သာမန်ရာဇဝတ်ကောင်များကို အချိန်များစွာသုံး၍ ရင်ဆိုင်နေရသည်နှင့်ကွဲပြားစွာ ဤသူများသည် ကျောင်းသားများအနက် အကောင်းဆုံးများထဲမှ အကောင်းဆုံးများဖြစ်သည်။

"တည်ငြိမ်သမုဒ္ဒရာလို့ခေါ်တဲ့ နေရာလေးတစ်ခုက" ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူ့လက်ထဲတွင် ဓားရှည်တစ်ချောင်းကို ကိုင်ထားကာ သူ၏မျက်လုံးများသည် လင်းယုန်မျက်လုံးများကဲ့သို့ စစ်မြေပြင်ကို စကင်န်ဖတ်လျက်ရှိသည်။ သူသည် အခြားကျွမ်းကျင်သူများကို တတ်နိုင်သမျှစောင့်ရှောက်ရုံသာမက ယောင်ရွှယ်ရိကို အခြေအနေကို အချိန်တိုင်းစောင့်ကြည့်လျက်ရှိသည်။ ယောင်ရွှယ်ရိ ဆက်လက်၍ မထိန်းထားနိုင်တော့လျှင် သူတက်၍ ကူညီရမည်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ယောင်ရွှယ်ရိသည် အလွန်သန်မာသည်။ သူနှင့် ရာဇ၀တ်မှုခေါင်းဆောင်နှစ်ဦးစလုံးသည် စွမ်းအင်သန့်စင်မှုအဆင့်၏ ဆဋ္ဌမအဆင့်တွင် အထွတ်အထိပ်ရောက်နေသော်လည်း၊ ပြိုင်ဘက်၏ ပြင်းထန်သော တိုက်ခိုက်ရေးပုံစံနှင့်လိုက်လျောညီထွေဖြစ်စေရန် ပြုလုပ်ပြီးနောက်တွင် သူ၏ကြွယ်ဝသောလေ့ကျင့်မှုစွမ်းအားသည် အပြည့်အဝထွက်ပေါ်လာသည်။

ဤဂုဏ်သတင်းကြီးသောကျောင်းများ၏ ထူးချွန်ထက်မြက်သူများသည် ဤသို့သော ဖမ်းချုပ်ခံထားရသည့် ရာဇ၀တ်ကောင်များနှင့် မည်သို့နှိုင်းယှဉ်နိုင်လိမ့်မည်နည်း။ ဤပါရမီရှင်များသည် ထိပ်တိုက်တိုက်ပွဲတွင် အနိုင်ရရန် အခွင့်အလမ်းမြင့်မားသည်။

၎င်းတို့ ကျင့်ကြံထားသည့် အတွင်းအားဖြစ်စေ၊ သင်ယူခဲ့ကြသော သိုင်းပညာများဖြစ်စေ ဤကျောင်းသားများသည် ယခု ကြမ်းကြုတ်ရက်စက်သော ရာဇ၀တ်ကောင်များထက် သာလွန်၏။ သို့သော် အလောင်းပုံများအကြား တိုက်ခိုက်ခဲ့ကြသည့် ရာဇဝတ်ကောင်များထက် အတွေ့အကြုံမရှိကြပေ။ ထို့ကြောင့် ဤကျောင်းသားများသည် အစပိုင်းတွင် အနည်းငယ် စိုးရိမ်ခြောက်ခြားဖြစ်ခဲ့ကြသည်။ ၎င်းတို့၏ ပြိုင်ဘက်များသည် ၎င်းတို့ကို သတ်၍ မိမိတို့ ရှင်သန်ရန်အတွက် မည်သည့်အရာမဆို လုပ်ဆောင်နိုင်၏။

သို့သော် ကျောင်းသားများ ယင်းနှင့် အသားကျလာကြသောအခါတွင် အရာအားလုံးသည် ကွဲပြားသွား၏။

"တည်ငြိမ်သမုဒ္ဒရာမြို့ ဟုတ်လား၊ အဲဒီနေရာကို သိတယ်။ ကျွန်တော်က ပထဝီမှာ မတော်ပေမယ့် အရေးမကြီးပါဘူး။ အရေးကြီးတာက အစ်ကို အရမ်းတော်တယ်။ အခွင့်အရေးရရင် ကျွန်တော်တို့ ရင်းနှီးချင်ပါသေးတယ်"

ကျောင်းသားသည် ခဏတာ တွေးတော၍ ကျန်းဟိုင်မြို့နှင့်ပတ်သက်သော အချက်အလက်အချို့ကို ပြန်လည်တွေးတောခဲ့သည်။ သူ့အတွက်မူ ၎င်းသည် သေးငယ်သော နေရာလေးတစ်ခုသာဖြစ်သည်။

သို့သော် ချူးယွင်ဖန်းမွေးသည့်နေရာသည် အရေးမကြီးပေ။ အရေးကြီးသည်မှာ ချူးယွင်ဖန်းသည် ဤနေရာတွင်ရပ်နေခြင်းနှင့် အလွန်စွမ်းအားကြီးခြင်းပင်ဖြစ်သည်။

ယောင်ရွှယ်ရိ၏ အင်အားကို သူတို့အားလုံး သိကြသည်။ သူသည် ၎င်းတို့၏ခေါင်းဆောင်ဖြစ်ကာ အဖွဲ့များစွာအနက် ၎င်းတို့၏ အဖွဲ့သည် စွမ်းအားအကြီးဆုံးပင်ဖြစ်သည်။ သို့ထိတိုင်၊ ယောင်ရွှယ်ရိသည် သူ့ကိုကူညီပေးရန် သူ၏အဖွဲ့သားများအစား ချူးယွင်ဖန်းကိုတာဝန်ပေးခဲ့၏။ ဤသည်က လက်ရှိအကြောင်းကို သက်သေပြနေသည့် အချက်ပင်ဖြစ်သည်။

ဤကျောင်းသားများသည် ယခင်ကျောင်းသားများထက် ပိုမိုထက်မြက်ကြသော်လည်း လူတိုင်းသည် ၎င်းတို့ထက် သန်မာသောလူများအပေါ်တွင် ရန်ငြှိုးထားကြခြင်းမဟုတ်ပေ။ မဟုတ်လျှင် ကမ္ဘာပေါ်တွင်ရှိသမျှ လူသားတိုင်း ရန်သူများဖြစ်ကြကုန်ပေလိမ့်မည်။ တစ်နေရာရာတွင် ၎င်းတို့ထက် ပိုတော်သောသူတစ်ယောက် အမြဲတစေရှိနေလိမ့်မည်ဖြစ်သည်။

ရုတ်​တရက်​ပင်​ မနီးမဝေး၌ ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခု ပေါ်လာသည်။ စွမ်းအင်သန့်စင်ခြင်း ဒုတိယနှင့် တတိယအဆင့်မှ ကျောင်းသားအနည်းငယ်သည် ၎င်းကို ဝိုင်းရံထားကြသော်လည်း လေးလံသော ဓားကြီးကို လက်တစ်ဖက်တည်းဖြင့်ကိုင်ကာ၊ ထိုကျောင်းသားများကို ချေမှုန်းပစ်လိုက်သည်။

ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသော်လည်း ၎င်းတို့၏သံချပ်ကာများဖြင့် ကာကွယ်ထားကြသောကြောင့် ကံကောင်းထောက်မစွာဖြင့်ချက်ချင်းမသေခဲ့ကြပေ။

ရောက်သည်နှင့် တစ်ပြိုင်နက်၊ ဤကြမ်းကြုတ်သော လူသည် ရာဇဝတ်ခေါင်းဆောင်နှင့် ယောင်ရွှယ်ရိတို့တိုက်ခိုက်နေသည့်နေရာသို့ ချက်ချင်းအမြန်ပြေးသွားခဲ့သည်။ ရာဇဝတ်ခေါင်းဆောင်အား ကူညီရန် စီစဥ်နေသည်မှာ သိသာထင်ရှား၏။

“ကဲ သတိထားတော့ ငါသူ့ကိုတားဖို့သွားလိုက်ဦးမယ်"

ချူးယွင်ဖန်းက ဓားကို တင်းကြပ်စွာဆုပ်ကိုင်ကာ ရှေ့သို့ ချီတက်လိုက်သည်။

ထို ထက်မြက်သော ရာဇ၀တ်ကောင်သည် ကျောင်းသားအနည်းငယ်ကို ယခုလေးတင်အနိုင်ယူခဲ့သဖြင့် သူ့အလုပ်ကို အပြီးသတ်လုပ်ရန် အချိန်မရှိခဲ့ပေ။ သို့မဟုတ် ချူးယွင်ဖန်းသည် သူ့ဆီသို့ တည့်တည့်ပြေးလာကြောင်း တွေ့လိုက်ရသဖြင့် ထိုသို့လုပ်ရန် အချိန်မရှိခဲ့ပေ။

သူ့မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ နောက်ထပ်ကျောင်းသားတစ်ယောက်ကို ဓားဖြင့်ခုတ်ပိုင်းလိုက်သည့် သူ့ကိုယ်သူ ပြန်မြင်သကဲ့သို့ပင်ဖြစ်သည်။ ဤသို့ဖြင့်၊ သူ့နှလုံးသားထဲမှ ပြင်းထန်သော လူသတ်လိုစိတ်ကို ထုတ်ဖော်ပြသနိုင်တော့မည်ဖြစ်သည်။

ဤရာဇဝတ်ကောင်များသည် သာမန်မဟုတ်ပေ။ မဟုတ်လျှင် ဤသို့ပြစ်မှုမျိုးကျူးလွန်ကာ အဖမ်းခံရလိမ့်မည်မဟုတ်ပေ။ ယခင်က ၎င်းတို့သည် နှိမ်နင်းခံထားကြရသဖြင့် အဆင်ပြေသော်လည်း ယခု လွတ်မြောက်လာသောအခါတွင်မူ ၎င်းတို့၏ သဘာဝဗီဇများအားလုံး အသက်ဝင်လာကြသည်။

ထို့အပြင် ဤရာဇဝတ်ကောင်များသည် သေဒဏ်ချခံထားကြရခြင်းဖြစ်ကြောင်းသိကြသည်။ ပြည်ထောင်စုအစိုးရသည် ၎င်းတို့အား ဆက်လက်နေထိုင်ခွင့်ပြုလိမ့်မည်မဟုတ်သဖြင့် ၎င်းတို့သည် မကြာမီသို့မဟုတ် နောက်ပိုင်းတွင် သေဆုံးကြရမည်မှာ အသေအချာပင်ဖြစ်သဖြင့် မည်သည့်အချိန်တွင် မည်သည့်နေရာ၌သေရမည်ဆိုသည့်အချက်ပေါ်တွင်သာ မူတည်နေကာ၊ မည်သူ့လက်ချက်ဖြင့် သေမည်နည်းဆိုသည်ကသာ အဓိကကိစ္စဖြစ်သည်။

“သူတို့က ငါ့ကို သတ်ချင်ရင်တောင် တပ်မတော်ရဲ့ လက်ရွေးစင်တပ်သားတွေသတ်တာပဲဖြစ်ရမယ်။ ဒီခွေးသူတောင်းစား ကျောင်းသားလေးတွေလက်ထဲမှာမဟုတ်ဘူးကွ” ထို ရာဇဝတ်ကောင်က ကြုံးဝါးလိုက်သည်။ ဤကျောင်းသားများလက်ထဲတွင် သေဆုံးရခြင်းသည် အလွန်ရှက်စရာကောင်းလှသည်ဟု သူခံစားရသည်။ ဤသည်ကို တွေးရာ၊ သူ့နှလုံးသားထဲမှ လူသတ်ချင်စိတ်သည် ပို၍ပင် ပူလောင်ကာ ဆူပွက်လာ၏။

“ပြည်ထောင်စုအစိုးရရဲ့ တပ်သားတွေက မွန်းစတားတွေနဲ့ရင်ဆိုင်နေကြတယ်။ မင်းတို့လို့ ဆန်ကုန်မြေလေးတွေကို အာရုံစိုက်နေဖို့ အချိန်မရှိကြဘူးကွ။ ငါ မင်းကို အသေသတ်မယ်”

ပြတ်သားသောအသံတစ်ခုသည် မိုးကောင်းကင်ကြီးတစ်ခုလုံးကွဲကြေသွားသောအသံနှင့်အတူ ထွက်ပေါ်လာသည်။ ချူးယွင်ဖန်းသည် လျှပ်စီးတစ်စင်းကဲ့သို့ ရှေ့သို့ ချီတက်လာ၏။

ဓားအလင်းသည် ထိုရာဇဝတ်ကောင်ထံသို့ တိုက်ရိုက် ဦးတည်ထွက်ပေါ်လာသည်။

ရာဇဝတ်ကောင်သည် အလျင်အမြန်တုန့်ပြန်ကာ၊ သူ့ထံသို့ဦးတည်လာသော ဓားကို ရင်ဆိုင်ရန် ချက်ချင်းပင် လက်ထဲမှ ဓားကြီးကို မြှောက်လိုက်သည်။

ချလန်

ဓားနှစ်ချောင်းထိတိုက်မိရာမှ ဓားသံကြီးတစ်ခု ပေါ်ထွက်လာကာ ချီစွမ်းအင်များ ပေါက်ကွဲသွားသည်။

“မဆိုးပါဘူး။ မင်း ရှေ့တိုးလာမှတော့ ငါမင်းကို အေးဆေးနှိပ်စက်ပြီး သတ်ဖို့ အချိန်အေးဆေးယူလိုက်ဦးမယ်။ ဟားဟားဟားဟား”

ကြမ်းကြုတ်သော ရာဇဝတ်ကောင်သည် ချူးယွင်ဖန်းကြောင့်ရပ်သွားသော်လည်း အနည်းငယ်မျှ စိတ်အနှောက်အယှက်မဖြစ်ပေ။ သူသည် ဆိုးယုတ်စွာ ပြုံး၍ ချူးယွင်ဖန်းထံသို့ ပြေးသွားကာ၊ နှိပ်စက်ညှင်းပန်း၍ သတ်ပစ်ချင်သည်။

“မင်းက ငါ့ကို သတ်ချင်နေတာလား။ ဟားဟားဟား”

ချူးယွင်ဖန်းက နောက်သို့ပြန်မဆုတ်၊ ရှေ့သို့သာ ဆက်တိုးလာသည်။ သူ့လက်ထဲမှ အရိပ်မဲ့ဓားသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ချက်ချင်းထွက်ပေါ်လာသည်။

ချလန်

နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ပေါ်ထွက်လာ၏။

ကြမ်းကြုတ်သော ရာဇဝတ်ကောင်သည် ချူးယွင်ဖန်း၏ ဓားကို တားဆီးရန် သူ၏ဓားကို အသုံးပြုခဲ့သော်လည်း ချူးယွင်ဖန်း၏ စွမ်းအားသည် သူမျှော်လင့်ထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။

ရာဇဝတ်ကောင်၏ လေးလံသော ဓားပေါ်တွင် အက်ကြောင်းများပေါ်လာသည်။

ဤဓားကြီးသည် တပ်မတော်၏ စံလက်နက်တစ်လက်ဖြစ်သည်။. ချူးယွင်ဖန်း သန်းပေါင်းများစွာ အကုန်အကျခံခဲ့သော အရိပ်မဲ့ဓားနှင့်နှိုင်းယှဥ်ပါက ၎င်းသည် လက်နက်ကောင်းတစ်ခုဖြစ်သော်လည်း အရည်အသွေးကာဟချက် ကြီးမားသည်။

၎င်းတို့ ထိပ်တိုက်တွေ့ပြီးသည်နှင့်တစ်ပြိုင်နက် အက်ကြောင်းများ ပေါ်လာ၏။

“နောက်တစ်ချက်” ချူးယွင်ဖန်း၏အော်လိုက်သည်။

သူ၏ဓားမှအလင်းသည် ပြင်းထန်စွာဆင်းသက်လာကာ ထိုလေးလံသောဓားကြီးနှင့် ထပ်မံတိုက်မိကာ၊ မရေမတွက်နိုင်သော မီးပွားများဖြစ်ပေါ်လာ၏။

အခန်း(၂၉၄) အခြေစိုက်စခန်းကို သိမ်းပိုက်ခြင်း

ချွင်

ချွင်

ချွင်

သံမဏိပြားတစ်ပြားသည် ကြီးမားသော တူကြီးတစ်ခုဖြင့် ရိုက်ချိုးခံလိုက်ရသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ရက်စက်ကြမ်းတမ်းသော ရာဇဝတ်ကောင်၏ တိုက်ခိုက်ရေးပုံစံသည် ပြင်းထန်သည်။ သူ၏ လေးလံသော ဓားသည် အနှိုင်းမဲ့သဖြင့် ကျောင်းသားတစ်ယောက်ကို ထိလိုက်သည်နှင့် အဝေးသို့လွင့်ထွက်သွားစေနိုင်သည်။

ယခုမူ ယင်းထက်ပို၍ ပြင်းထန်သော တိုက်ခိုက်ရေးပုံစံဖြင့် တိုက်ခိုက်ခိုက်နိုင်သော ချူးယွင်ဖန်းနှင့် ထိပ်တို်ကရင်ဆိုင်နေရပြီဖြစ်သည်။

“သေစမ်း ဒီကောင်အရမ်းတော်တာပဲ၊ သူ့သာမန်ဓားတစ်ချောင်းတည်းနဲ့ ဒီလောက်ဓားချက်ကြီးတွေကို ခံနိုင်ရည်ရှိတယ်ပေါ့” အစောပိုင်းက ချူးယွင်ဖန်းနှင့် စကားပြောနေသည့် ကျောင်းသားက အော်ပြောလိုက်သည်။

သူတင်မက၊ အခြားကျောင်းသားများသည်လည်း အလားတူကောက်ချက်ချလိုက်ကြသည်။

လေးလံသော လက်နက်ကြီးများတွင် ၎င်းတို့၏ ကိုယ်ပိုင်အားသာချက်များရှိသကဲ့သို့ ပေါ့ပါးသော လက်နက်များတွင်လည်း အားသာချက်ရှိသည်။ ထုံးစံအတိုင်းပင် ၎င်းတို့သည် ကွဲပြား၏။

လေးလံသော လက်နက်ကြီး၏ ပြင်းထန်သောအရောင်အဝါမျိုးကို ချူးယွင်ဖန်းသည် ပေါ့ပါးသော လက်နက်မှ ထုတ်လွှတ်နိုင်၏။

သူသည် လေးလံသော ဓားရှည်ကြီးကို အသုံးပြုနေသည့် ရာဇဝတ်ကောင်ကိုပင် နှိမ်နင်းထားနိုင်သည်။ ဤသည်မှာ ကြောက်မက်ဖွယ်အကောင်းဆုံးအပိုင်းပင်ဖြစ်၏။

“သူ့မှာ စွမ်းအား ဘယ်လောက်တောင်ရှိတာလဲ”

“သူက လူ့အရေခွံခြုံထားတဲ့ မွန်းစတားပဲ”

“မွန်းစတား၊ တကယ်ကို မွန်းစတားတစ်ကောင်ပဲ”

ဤမြင်ကွင်းကို အဝေးမှမြင်သော လူများစွာသည် ထိတ်လန့်လျက်ရှိကြသည်။

ပြင်းပြင်ထန်ထန်တိုက်ခိုက်နေသော ချူးယွင်ဖန်းသည် ဤမြင်ကွင်းကို သူ၏မျက်လုံးထောင့်မှ မြင်လိုက်ရသော်လည်း သူ့ရှေ့မှ ရာဇဝတ်ကောင်ကို အားကုန်သုံး၍ တည်ငြိမ်စွာတိုက်ခိုက်လျက်ရှိသည်။

ယခုအချိန်တွင် ချူးယွင်ဖန်းနှင့် ကြမ်းကြုတ်သော ရာဇဝတ်ကောင်တို့ကြားရှိတိုက်ပွဲသည် ပြင်းထန်သောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

“ထပ်တိုက်၊ ငါ့ကို ထပ်တိုက်”

ချွင်

ချွင်

ချွင်

သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များအားလုံးထွက်လာပြီဟု ချူးယွင်ဖန်းခံစားလိုက်ရသည်။ ဤတိုက်ပွဲသည် သူ့သွေးများကို ဆူပွက်လာစေ၏။

ဘွန်း

ဤသို့သော အရူးအမူးတိုက်ခိုက်မှုသည် စွမ်းအားပြင်းထန်ရုံသာမက၊ လျှပ်စီးကြောင်းကဲ့သို့ မြန်ဆန်သဖြင့် ရာဇဝတ်ကောင်သည် ပြန်လည်တိုက်ခိုက်ရန်နည်းလမ်းမရှိပေ။ သူတန်ပြန်တိုက်ခိုက်ခါနီးတိုင်းတွင် ချူးယွင်ဖန်းက ထပ်မံခုတ်ပိုင်းလိုက်ပြန်၏။

ဤသည်မှာ အဆက်မပြတ်ဖြစ်လွန်းလှသဖြင့် စက္ကန့်ပိုင်းမျှပင် ရပ်တန့်သွားခြင်းမရှိပေ။

ကြမ်းကြုတ်သော ရာဇဝတ်ကောင်သည် အနှိုင်းမဲ့ခွန်အားမျိုးရှိသော်လည်း ချူးယွင်ဖန်းသည် သူ့ထက်ပို၍ သန်မာ၏။ ထို့အပြင် သူသည် ချူးယွင်ဖန်းထက် အဆပေါင်းများစွာ နှေးကွေးသည်။ သူ ဓားချက်တစ်ချက်ထုတ်စာအချိန်အတွင်းတွင်ပင် ချူးယွင်ဖန်းသည် မိုးကြိုးမုန်တိုင်းဓားချက်သုံးချက်ခန့်ကို ထုတ်လွှတ်နိုင်၏။

ရလဒ်အနေဖြင့် ကြမ်းကြုတ်သော ရာဇဝတ်ကောင်သည် သူ့ကိုယ်သူကာကွယ်ရန်သာ တတ်နိုင်တော့သည်။

“ဒီကောင်လေးက ဘာလို့ဒီလောက် ကိုယ်ခံအားကောင်းနေတာလဲ”

ကြမ်းကြုတ်သော ရာဇဝတ်ကောင်သည် နောက်ဆုံးတွင် လူသတ်ရန် သွေးဆာနေသော စိတ်ဆန္ဒမှ ကျိုးကြောင်းဆီလျော်စွာပြန်တွေးနိုင်လာကာ၊ သူ့မျက်လုံးများသည် နားမလည်နိုင်သော အမူအရာများဖြင့် ပြည့်နှက်နေ၏။

ဤရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ကောင်များသည် ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ၎င်းတို့ကို ထုတ်သုံးမှသာလျှင် ဖြစ်နိုင်၏။ လေးလံသော ဓားရှည်သည် အလွန်အစွမ်းထက်သည့်တိုင် ဓားချက်တစ်ချက်စီတိုင်းသည် သာမန်ဓားချက်များထက် ကိုယ်ခံအား အဆပေါင်းများစွာ အသုံးပြုသည်။ ဤသို့သော အဆက်မပြတ် တိုက်ခိုက်ရေးစွမ်းအင်သည်မူ သူ့ကိုယ်ခံအား၏ ထက်ဝက်ကျော်ခန့်ကိုပင် အချိန်တိုအတွင်းတွင် သုံးဆွဲရန်လိုအပ်၏။ တိုက်ပွဲမြေပြင်တွင် ၎င်းသည် သေရန်တောင့်တနေခြင်းဖြစ်ပေလိမ့်မည်။ ထို့အပြင် စွန့်ပြစ်မြေ ၆၆ ရှိ အပူချိန်သည် အလွန်မြင့်ကာ၊ အလွန်နိမ့်သည်။ ထို့ကြောင့် ကိုယ်ခံအားကျဆင်းမှုနှုန်းသည် ပို၍ မြင့်တက်လာပေလိမ့်မည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းသည်မူကွဲပြား၏။ ဤတိုက်ခိုက်မှုများသည် သာမန်တိုက်ခိုက်မှုများဖြစ်သဖြင့် မခက်ခဲပေ။ သူ၏ ကိုယ်ခံအားသ်ည သာမန်စွမ်းအင်သန့်စင်ခြင်းထက် ပို၍ များသည်။ ထို့အပြင် နတ်ဘုရားကျင့်စဥ်မှ စွမ်းအင်ပြန်လည်ဖြည့်တင်းနှုန်းသည်လည်း အလွန်လျင်မြန်၏။ ထို့ကြောင့် သူ၏ ကိုယ်ခံအား ကျဆင်းမှုနှုန်းသည် ပြိုင်ဘက်နှင့်ယှဥ်လျှင် များစွာနှေးကွေးသည်။

တစ်ဆက်တည်း အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် ချူးယါင်ဖန်း၏ မျက်နှာသည် နီပင်မနီသေးသည့်အပြင် နှလုံးသည်လည်း လွန်စွာမခုန်သေးပေ။

ကြမ်းကြုတ်သော ရာဇဝတ်ကောင်ကြီးသည် အကျိုးအကြောင်းကို ယခုတွေးမိသော်လည်း အသုံးမဝင်တော့ပေ။ ကျယ်လောင်သော အသံကြီးတစ်ခုထွက်ပေါ်လာပြီးနောက် သူသည် ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်စွမ်းအင်ကို မတောင့်ခံနိုင်တော့သဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။

မွန်းစတားများ၏ တိုက်ခိုက်မှုကို ခုခံရန် တည်ဆောက်ထားသော ဘိလပ်မြေကြမ်းပြင်များပေါ်သို့ ဒူးထောက်ကျသွားသဖြင့် ရာဇဝတ်ကောင်၏ ဒူးသည် အစိတ်စိတ်အမွှာမွှာကွဲသွားသည်။ ဘိလပ်မြေကြမ်းပြင်၏ အောက်တွင် ပေသုံးဆယ်ထူသော သတ္ထုစပ်ပြားတစ်ပြားရှိ၏။

ကုန်း၊ မြေ၊ ရေ၊ လေ အစရှိသည့်နေရာတိုင်းတွင် မွန်းစတားများ ပေါ်ပေါက်လာစဥ်တည်းက မြေအောက်သည်ပင် အန္တရာယ်မကင်းတော့ပေ။

သို့သော် ဤကြမ်းကြုတ်သော ရာဇဝတ်ကောင်သည် သူ့ဒူးခေါင်းမှ နာကျင်မှုကို စဥ်းစားရန် အချိန်မရှိတော့ပေ။

ချူးယွင်ဖန်းသည် နောက်တစ်ကြိမ်ဓားဖြင့် ဝှေ့ယမ်းလိုက်သည်။ မိမိကိုယ်မိမိ ခုခံရန် သုံးစွဲလျက်ရှိသော လေးလံသည့်ဓားကြီးသည် နောက်ဆုံးတွင် ကွဲအက်ရာများဖြင့်ပြည့်ကုန်သည်။ ဤလူသည် ဆက်လက်၍ ကြောက်မက်ဖွယ်စွမ်းအားကို မတောင့်ခံနိုင်တော့ပေ။

ဘွန်း

ထို့နောက် လေးလံသော ဓားကြီးသည် အပိုင်းပိုင်းကွဲကြေသွား၏။

“ချီးပဲ”

ကြမ်းကြုတ်‌သော ရာဇဝတ်ကောင်သည် ဓားကျိုးသွားရာမှ လွင့်စင်လာသော အပိုင်းအစများဖြင့် မျက်နှာသို့ ထိမိတော့မည်ကို သိလိုက်သော်လည်း ဒူးခေါင်းသည်လည်း ကျိုးကြေနေပြီဖြစ်သောကြောင့် ရှောင်ရန်မတတ်နိုင်တော့ပေ။

ချက်ချင်းပင် နောက်ထပ် အနက်ရောင်အလင်းတန်းတစ်ခုထွက်လာကာ သူ၏ခေါင်းသည် အဝေးသို့ လွင့်ထွက်သွား၏။

ဦးခေါင်းမရှိသော ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားကာ၊ လတ်ဆတ်သော သွေးများ ပန်းထွက်လာ၍ ကြမ်းပြင်တစ်ခုလုံး နီရဲသွားသည်။

စွမ်းအင်သန့်စင်ခြင်း ဆဋ္ဌမအဆင့်ရှိ ရာဇဝတ်ကောင်သည် ထိုကဲ့သို့ပင် အသတ်ခံလိုက်ရ၏။

ချူးယွင်ဖန်းသည် အသသက်ကို ပြင်းစွာရှုလိုက်သည်။ ပြင်ပကမ္ဘာမှ ကြွယ်ဝသော ဝိဉာဥ်စွမ်းအင်သည် သူ့ကိုယ်ထဲသို့တိုးဝင်လာကာ၊ ဤဓားချက်ကြောင့်ဆုံးရှုံးသွားရသော ကိုယ်ခံအားများကို ပြန်လည်ဖြည့်တင်းလိုက်သည်။

ချူးယွင်ဖန်းက အနည်းငယ် ကျေနပ်အားရမိသွား၏။ အခြားသူများအတွက်မူ ဤနေရာသည် ငရဲဖြစ်သော်လည်း သူ့အတွက်မူ ကောင်းကင်ဘုံဖြစ်ရာ၊ ဝိဉာဥ်စွမ်းအင်ထဲတွင် နစ်မြုပ်နေသကဲ့သို့ပင်ဖြစ်သည်။ ကိုယ်ခံအားနှင့် သူအသုံးပြုခဲ့သော ချီစွမ်းအင်တို့သည် လျင်မြန်စွာ ပြန်လည်ပြည့်ဝလာသည်။ သူ၏တိုးတက်မှုကိုပင် ယောင်ဝါးဝါးခံစားမိနိုင်ပြီဖြစ်သည်။ ယင်းသည် ခပ်များများမဟုတ်လှသော်လည်း အတော်အတန်များသော ပမာဏပင်ဖြစ်သည်။

ချူးယွင်ဖန်းသည် ကျောင်းသားများကို ဘယ်ညာချေမှုန်းနေသော ရာဇဝတ်ကောင်ကို လွယ်ကူစွာသတ်နိုင်ခဲ့သည်။ ယခု သူကျရှုံးသွားပြီဖြစ်သည်။ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်အစွမ်းသတ္တိသည် မာနကြီးသော ကျောင်းသားများအကြားတွင် မဖြေဖျောက်နိုင်မည့် အထင်ကြီးမှုကို ချန်ထားခဲ့သည်။

တိုက်ပွဲတစ်ခုတွင် လူတချို့၏ အင်အားကို မြင်တွေ့နိုင်သည်။

ဤရာဇဝတ်ကောင်ကို သတ်ကာ ချူးယွင်ဖန်းသည် မရပ်တန့်ခဲ့ပေ။ ချက်ချင်းပင် အခြားတိုက်ပွဲတ်စခုဆီသို့ ဝင်ရောက်ကာ၊ တစ်ဖက်တွင် ယောင်ရွှယ်ရိကို ထောက်ပံ့ပေးထား၍ တစ်ဖက်တွင်မူ ချီတက်လာသော ရာဇဝတ်ကောင်များကို အဆက်မပြတ် ချေမှုန်းလျက်ရှိသည်။ အမှတ်များကို တမင်တကာ လုယူခြင်းမပြုသော်လည်း အမှတ်များများရလေလေ သူ့အတွက်ကောင်းလေလေဖြစ်သည်။

ပြင်းထန်သော တိုက်ပွဲတစ်ခုပြီးနောက် ယောင်ရွှယ်ရိသည် နောက်ဆုံးတွင် စွမ်းအင်သန့်စင်ခြင်း ဆဋ္ဌမအဆင့် အထွဋ်အထိပ်ရှိ ရာဇဝတ်ကောင်ကို သတ်ပစ်လိုက်သည်။

သူ့အတွက်မူ ပြိုင်ဘက်ကို ချူးယွင်ဖန်းအနိုင်ယူခဲ့သကဲ့သို့ မလွယ်ကူခဲ့ပေ။ ယောင်ရွှယ်ရိသည် သူ၏ အဆင့်တူတွင်ရှိသော ရာဇဝတ်ကောင်ကို ချေမှုန်းသတ်ဖြတ်ရန် စွမ်းအားအကုန်သုံးခဲ့ရသည်။

ယောင်ရွှယ်ရိသည် စွမ်းအင်ထက်ဝက်ကျော် ကုန်ဆုံးသွားကာ၊ စွမ်းအင်ဖြည့်ဆေးရည်ကို စိုက်ကြည့်၍ ချူးယွင်ဖန်းထံလျှောက်လာကာပြောလိုက်သည်။

“ကျေးဇူးကွာ၊ မင်းသာ ဒီနေ့မကယ်ရင် ငါ သေသွားမှာစိုးရတယ်”

ချူးယွင်ဖန်းက ပြုံး၍ ပြတ်သားစွာလက်ခါပြလိုက်သည်။

“အဲ့တာဘာမှမဟုတ်ပါဘူး၊ ရပါတယ်”

ယောင်ရွှယ်ရိသည် ချူးယွင်ဖန်းအား အထင်ကြီးလျက်ရှိသည်။ ယောင်ရွှယ်ရိကို အပြည့်အဝယုံကြည်နိုင်သည်ဟု မသေချာသေးသော်လည်း သူစိမ်းတစ်ယောက်ဖြစ်သည့် သူ့ဘက်တွင် လိုလားစွာရှိနေခဲ့ခြင်းဖြင့်ပင် သူ့အတွက် လုံလောက်သည်။

“မင်းအဆင်ပြေတယ်ဆိုတော့ အခြားလူတွေကို ငါကူညီလိုက်ဦးမယ်” ချူးယွင်ဖန်းကပြောသည်။

“ကောင်းပြီ” ယောင်ရွှယ်ရိက ခေါင်းညိတ်လိုက်သည်။ သူသည် ဤအချိန်ကို အခွင့်ကောင်းယူကာ သူ၏ ကိုယ်ခံအားကို ပြန်လည်ဖြည့်တင်းချင်လျက်ရှိသ်ည။

ချူးယွင်ဖန်းသည် နောက်ထပ်ရာဇဝတ်သားတစ်ဦးကို ဦးတည်တိုက်ခိုက်လိုက်သည်။

နေဝင်သောအခါတွင် ကျောင်းသားများသည် နောက်ဆုံး၌ ပြစ်ဒဏ်ချမှတ်ခံထားရသည့် ရာဇဝတ်ကောင်များကို သတ်ဖြတ်၍ အခြေစိုက်စခန်းကို သိမ်းယူနိုင်ခဲ့သည်။

All Chapters