← Chapters

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း(၂၉၅) ကောင်းကင်မှ ကြယ်တွေကို ကြည့်ခြင်း

အထူးသဖြင့် နောက်ပိုင်းရာဇဝတ်ကောင်များသည် ပို၍ ရက်စက်ကြမ်းကြုတ်သည်။ ၎င်းတို့သည် ချောင်ပိတ်မိနေသော သားရဲများကဲ့သို့ တိုက်ခိုက်လျက်ရှိကြသည်။ မည်သို့ပင်ဆိုစေ၊ သေရတော့မည်ဖြစ်သဖြင့် ကျောင်းသားအချို့ကို ၎င်းတို့နှင့်အတူ ငရဲသို့ဆွဲခေါ်သွားချင်ကြသည်။

ကျောင်းသားများသည် ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသော်လည်း သံချပ်ကာများဝတ်ဆင်ထားကြသဖြင့် ကံကောင်းစွာဖြင့် သေစေနိုင်လောက်သည့်ဒဏ်ရာမျိုးမရခဲ့ကြပေ။ ၎င်းတို့အနက် အပြင်းအထန်ဒဏ်ရာရခဲ့သူများသည်ပင် မသေခဲ့ကြပေ။ ၎င်းတို့ လိုအပ်သည်မှာ အချိန်ခဏကြာမျှ စွမ်းအားပြန်လည်ဖြည့်တင်းရန်ဖြစ်သည်။ နောက်ဆုံးတွင်မူ ၎င်းတို့သည် သိုင်းပညာရှင်များဖြစ်ကြသဖြင့် အသက်သွေးကြောသည် သာမန်လူများထက်ပို၍သန်မာ၏။

ထို့အပြင် ချူးယွင်ဖန်းသည် အခြေစိုက်စခန်းအား လှည့်လည်ကာ စွမ်းအားကြီးရန်သူများကို ကူညီသတ်ဖြတ်ပေးခဲ့သည်။ ထို့ကြောင့် မည်သူမျှမသေဆုံးခဲ့ခြင်းဖြစ်၏။

ချူးယွင်ဖန်းအတွက်မူ ဤသည်မှာ သေးငယ်သော ကြိုးစားအားထုတ်မှုတစ်ခုမျှသာဖြစ်သော်လည်း ကျောင်းသားများအကြားတွင်မူ သူ၏ ဂုဏ်သတင်းသည် မွှေးပျံ့သွားခဲ့သည်။

ချူးယွင်ဖန်းသည် ယောင်ရွှယ်ရုံပြီးလျှင် အခြေစိုက်စခန်း၌ ဒုတိယအရေးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာ၏။

ကောင်းကင်သည် စတင်၍ မှောင်ပိန်းလာ၍ အပူချိန်သည် လျင်မြန်စွာ ကျဆင်းလာသည်။ ၎င်းသည် အလွန်ပူပြင်းသော အပူရှိန်မှ အအေးမှတ်သို့ရောက်လာသည်။

“ကံကောင်းလို့ ရာဇဝတ်သားအချို့က အခြေစိုက်စခန်းရဲ့ စွမ်းအင်ထောက်ပံ့ရေးစနစ်ကို ပြန်ထိန်းသိမ်းထားလို့ပေါ့။ မဟုတ်ရင် ငါတို့ တစ်ညလုံးခံမှာမဟုတ်ဘူး” ဂေါင်ဟုန်ချီက ပြုံးလျက်ပြောကာ၊

“ဒီပြစ်ဒဏ်ချခံထားရတဲ့ ရာဇဝတ်ကောင်တွေကြားမှာ ပညာရှင်တစ်ယောက်ရှိလိမ့်မယ်လို့ ငါမထင်ထားဘူး”

အခြေစိုက်စခန်းတစ်ခုလုံးသည် နွေဦးကဲ့သို့ ပူနွေးနေ၏။ ဤညအတွက် အသက်ရှင်ရန် လုံလောက်သည်။ အအေးဒဏ်ကို ခံနိုင်ရည်ရှိရန် ၎င်းတို့၏ ချီစွမ်းအင်များကို လည်ပတ်စေနိုင်သော်လည်း ၎င်းတို့၏စွမ်းအားသည် ကန့်သတ်ချက်ရှိသည်။ သို့သော် အအေးဓတ်သည် အကန့်အသတ်မရှိသဖြင့် ယင်းသည် အသေအချာပင် နှိပ်စက်မှုတစ်ခုဖြစ်မည်မှာ သေချာ၏။

“အခုခေတ်လူတွေက အရည်အချင်းစုံကြတယ်။ ရာဇဝတ်ကောင်တွေက အများကြီးဆိုတော့ သူတို့ထဲမှာ ပါရမီရှင်တချို့ပါတာ ပုံမှန်ပဲ” ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးကာပြောလိုက်သည်။

ဤသည်က ရှေးဟောင်းလူသားများကာလနှင့် ခေတ်မီလူ့အဖွဲ့အစည်းကြားရှိကွာခြားချက်ပင်ဖြစ်သည်။ မည်သူကမျှ တိုက်ခိုက်ရေးသမားများအဖြစ်ဖွားလာခဲ့ကြခြင်းမဟုတ်ပေ။ ထိုပြစ်ဒဏ်ချခံထားရသည့် ရာဇဝတ်ကောင်များသည်လည်း တိုက်ခိုက်ရေးသမားများဖြစ်မလာခင်တွင် အထက်တန်းပညာရေးစနစ်ကို သင်ယူခဲ့ကြရသေးသည်။ လူ့အဖွဲ့အစည်းတွင် စစ်မှန်သော တိုက်ခိုက်ရေးသမားဟူသည့် တည်ရှိမှုမျိုးမရှိပေ။

ထိုကျောင်းသားများသည် ပြည်ထောင်စုအတွင်းရှိ မရေမတွက်နိုင်သော ကျောင်းသားများအနက်မှ အကောင်းတကာ့အကောင်းဆုံး ကျောင်းသားများဖြစ်ကြသည်။ သဘာဝအလျောက်ပင် ၎င်းတို့သည် အခြေစိုက်စခန်းကို သိမ်းပိုက်ရန် စဥ်းစားကြလိမ့်မည်ဖြစ်သည်။ မည်သူကမျှ ငတုံးငအများမဟုတ်ပေ။ အကယ်၍ ၎င်းတို့တွင် ဤသို့‌သောအတွေးမျိုးမရှိပါက၊ အပြင်ဘက်တွင် အေးခဲသေကာ၊ ဝင်ခွင့်စာဖြေပွဲမှ ထုတ်ခံရမည်ဖြစ်သည်။

“ငါ ဒီညစောင့်ပေးမယ်။ မင်းတို့အားလုံး ကောင်းကောင်းအိပ်ကြပါ” ချူးယွင်ဖန်းက ပြောသည်။

အခြေစိုက်စခန်းကို သိမ်းပိုက်ပြီးဖြစ်သော်လည်း အခြေစိုက်စခန်းရှိ ခုခံရေးစနစ်ကိုမဖွင့်နိုင်ပေ။ မွန်းစတားများ ချောင်းမြောင်းတိုက်ခိုက်ခြင်း သို့မဟုတ် ရာဇဝတ်ကောင်များ ခြုံခိုတိုက်ခိုက်ခြင်းမှ ကာကွယ်ရန် အဖွဲ့အသီးသီး၏ အဖွဲ့ဝင်များမှ အလှည့်ကျ ညစောင့်ရုံမှတပါး အခြား လုပ်နိုင်သောအရာမရှိချေ။

“ငါ နင်နဲ့လိုက်မယ်” တန်စီယူက ချူးယွင်ဖန်းကို ငေးကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ၊ အဲ့တာဆိုလိုက်ခဲ့” ချူးယွင်ဖန်းကပြောသည်။

“ကောင်းပြီ၊ ဒီနေ့မင်းတို့နှစ်ယောက် အလှည့်ဆိုတော့ မနက်ဖြန် ငါတို့ စောင့်ပေးမယ်။ တစ်ညကို နှစ်ယောက်ဆို ပြည့်စုံပါပြီ” ဂေါင်ဟုန်ချီကပြောသည်။

အခြားသူများလည်း မကန့်ကွက်ကြပေ။

ချူးယွင်ဖန်းနှင့် တန်စီယုတို့်သည် အခြေစိုက်စခန်း၏ နံရံပေါ်သို့ တည့်တည့် ခုန်တက်လိုက်ကြသည်။

၎င်းတို့နှစ်ဦးသည် ထိုင်ကာ အပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ၎င်းတို့အပေါ်မှ တောက်ပနေသော ကြယ်ထူထဲစွာ ပွင့်လင်းနေသော ကောင်းကင်ကြီးကို မှုန်ဝါးဝါးမြင်နေရသည်။ ပတ်ဝန်းကျင်ရှိ ယို့ယွင်းနေသော ဝိဉာဥ်စွမ်းအင်များသည် ကောင်းကင်ကို အနည်းငယ်ဝေဝါးနေစေ၏။ သို့သော် ဤနေရာရှိ ညကောင်းကင်သည် သူတို့ မြင်ဖူးသမျှကောင်းကင်များထက် အလွန်လှပနေသေး၏။

“ငါဒီလိုမြင်ကွင်းမျိုးကို ပုံရိပ်ယောင်နက်ဝေါ့မှာပဲမြင်ဖူးတယ်။ ဒါမျိုးကို လူတွေ့မြင်ဖူးတာ ဒါပထမဆုံးပဲ” ချူးယွင်ဖန်းကပြောသည်။

တန်စီယုက သူ့ဘေးသို့ နီးကပ်စွာ ကပ်ထိုင်လိုက်သည်။ ချူးယွင်ဖန်းသည် သူမကိုယ်မှ ကိုယ်သင်းနံ့ခပ်သင်းသင်းကိုပင် ဝိုးတဝါးရှုရှိုက်လိုက်မိ၏။

“ကျေးဇူးပါ” တန်စီယုက နူးညံ့သိမ်မွေ့စွာပြောလိုက်သည်။

“နင်ဘာကို ကျေးဇူးတင်လဲဆိုတာ ပြောဦးလေ။ အကြောင်းမရှိပဲကျေးဇူးတင်နေတာက ထူးဆန်းတာ နင်မသိဘူးလား” ချူးယွင်ဖန်းက အနည်းငယ်ပြုံး၍ပြောလိုက်သည်။

“ငါနင့်ကို ကျေးဇူးတင်ရမယ့်ကိစ္စတွေ အများကြီးရှိနေလို့ ဘယ်ကစပြီး တင်ရမလဲတောင်မသိတော့ဘူး” တန်စီယုကပြောသည်။

“တန်မိသားစုမှာ ငါက အငယ်အနှောင်းကမွေးတဲ့ သမီးတစ်ယောက်သာသာပဲ။ ငါ့ကံကြမ္မာက ငါမွေးတည်းက ရေးထိုးထားပြီးသား။ ငါဘယ်သူ့ကို လက်ထပ်ရမလဲဆိုတာထက် မပိုဘူး။ ငါ့အတွက်တော့ ဟိုးအစတည်းက ငါ့ဘဝက အဆုံးအဖြတ်ပေးခံထားရပြီးသား။ အဲ့လိုအဆင့်အတန်းမျိုးနဲ့ ဘယ်သူက ငါ့ကို ‌စောက်ဂရုစိုက်မှာလဲ”

“ငါ့အမေနဲ့ အစ်ကိုကြီးအပြင် နင်က ငါ့ကို အကောင်းဆုံးဆက်ဆံပေးတဲ့သူတစ်ယောက်ပဲ” တန်စီယုက ပြုံးလျက်ပြောလိုက်သည်။ သူမ၏အပြုံးသည် လှပစွာဖူးပွင့်နေသော ပန်းကလေးတစ်ပွင့်နှင့်တူ၏။

တန်စီယုသည် မကြာခဏပြုံးလေ့ပြုံးထမရှိသော်လည်း အချို့သော မိန်းကလေးများကဲ့သို့ မအေးစက်ပေ။ ယဥ်ကျေးသိမ်မွေ့သော အမူအရာကို ထိန်းသိမ်းရန် သူမသည် လူအများကို အပြုံးငယ်များ ပြုံးပြလေ့ရှိကြသည်။

ချူးယွင်ဖန်းပင်လျှင် နှလုံးအေးချမ်းဖွယ်ရာအပြုံးကြောင့် အနည်းငယ် ကြောင်အသွားရသည်။

“ဘာကိုကြည့်နေတာလဲ” တန်စီယုက ရုတ်တရက်မေးလိုက်သည်။

“ဘာမှမကြည့်ပါဘူး။ နင်ပြုံးလိုက်ရင် တကယ်လှလို့ပါ” ချူးယွင်ဖန်း၏ မျက်နှာသည် အနည်းငယ်နီရဲသွားသော်လည်း အမှန်တရားကို ပြောနေခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် လှပသော မိန်းကလေးတစ်ယောက်ကိုမျှ ယခင်ကမမြင်ခဲ့ဖူးခြင်းမဟုတ်ပေ။ တန်စီယု၏ အပြုံးသည် အမှန်ပင် အသက်ရှုမှား‌လောက်ဖွယ်ဖြစ်၏။

“တစ်ယောက်ယောက်က ငါ့ကို လှတယ်လို့ပြောရင် ငါ ဂရုမစိုက်ချင်ဘူး” တန်စီယုက အပြုံးကြီးပြုံးလိုက်သည်။ သူမ၏ မျက်လုံးများသည် လခြမ်းနှစ်စင်းကဲ့သို့ အထက်သို့ ကွေးညွတ်သွား၏။

“ဒါပေမယ့်၊ အဲ့တာက နင်ပြောတာဆိုတော့ ငါကြားရတာ အရမ်းဝမ်းသာတယ်”

ချူးယွင်ဖန်းက ခေါင်းကုတ်ကာ ရယ်မောလိုက်သည်။ သူ မည်သည့်အချိန်တွင်မှ ဤသို့သောအခြေအနေမျိုးနှင့် မကြုံကြိုက်ဖူးပေ။

အဆုံးသတ်တွင် သူ၏ နေ့ရက်များမည်မျှပင် ကြမ်းတမ်းဆိုးရွားနေစေကာမူ၊ သူသည် ဆယ့်ရှစ်နှစ်သာရှိသေးသော လူငယ်လေးတစ်ယောက်ဖြစ်သည်။

“ငါ့ကြောင့် ကျန်းမိသားစုက နင့်ကို လွယ်လွယ်နဲ့ အလွတ်မပေးမှာစိုးရိမ်တယ်။ အဲ့တာကြောင့် နင့်ကို ကျေးဇူးတင်တယ်လို့ပြောဖို့ ဆုံးဖြတ်ခဲ့တာ” တန်စီယုက ပြောသည်။ “နင် ဂရုမစိုက်လောက်ဘူးဆိုပေမယ့် ငါနင်လုပ်ပေးခဲ့တာကို အမြဲတမ်းမှတ်မိနေမှာပါဂ

“ငါဂရုမစိုက်ဘူးလို့ နင်ထင်မှတော့ မစိုက်တော့ဘူးပေါ့” ချူးယွင်ဖန်းကပြောသည်။

ဝေါင်း

ဝေါင်း

ဝေါင်း

မွန်းစတားများ၏ ဟိန်းဟောက်သံများ ပေါ်ထွက်လာကာ၊ မနီးမဝေးတွင် မွန်းစတားများချဥ်းကပ်လာသည်ကို သူတို့ ဝိုးဝဝါးမြင်လိုက်ကြရသည်။

“ကြည့်ရတာတော့ ညက အေးအေးချမ်းချမ်းဖြစ်တော့မှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ညတာကရှည်မှာပဲဆိုတော့ ငါတို့ ဒီအခွင့်အရေးကို သုံးပြီး မွန်းစတားတွေသတ်ရင်း လေ့ကျင့်ကြမလား” ချူးယွင်ဖန်းက တန်စီယုကို ကြည့်ကာ ပြောလိုက်သည်။

“လုပ်ရအောင်” တန်စီယုက ပြန်ပြောသည်။

ထိုသို့ပြောပြီးနောက် တန်စီယုက နံရံပေါ်မှ ခုန်ချလိုက်သည်။ သူမသည် ချူးယွန်ဖန်းသင်ပေးခဲ့သော လေပြင်းပုံစံကို အသုံးပြုလျက်ရှိသည်။ ၎င်းသည် အလွန်အထင်ကြီးဖွယ်ကောင်းသော ရွေ့လျားရေးနည်းစနစ်တစ်မျိုးဖြစ်သည်။

ယခုမူ သူမ၏လေ့ကျင့်ရေးအသုံးသတ်ပြီဖြစ်သဖြင့် လေဟုန်ကို စီးနင်း၍ လက်တွေ့ပျံသန်းနိုင်မည်ဖြစ်သည်။ လေကြောင်းများအပေါ်ရှိ သူမ၏ ထိန်းချုပ်မှုသည် ၎င်း၏ အထွဋ်အထိပ်သို့ရောက်နေ၏။

သူမ ပျံသန်းကာ ဆင်းသက်လာပုံသည် ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားမတစ်ပါးနှင့် တူကာ၊ မြေပြင်ပေါ်သို့ သွက်လက်စွာ ဆင်းသက်လာခဲ့သည်။

ချူးယွင်ဖန်းသည် အနောက်မှ အနီးကပ်လိုက်ပါလာသည်။ သူသည်လည်း လေကြောင်းနောက်သို့ လိုက်ကာ ဆင်းသက်လာ၏။ ပေအနည်းငယ်ခန့်အလိုတွင် နောက်ဆုံး၌ မြေပေါ်သို့ ခုန်ဆင်းလိုက်သည်။

မွန်းစတားများစွာသည် ၎င်းတို့အနောက်တွင် ရပ်နေ၏။ ဤမွန်းစတားများသည် အလျင်အမြန်ပင် ၎င်းတို့နှစ်ဦးကို ဝိုင်းထားလိုက်ကြသည်။

“သွား”

ချူးယွင်ဖန်းနှင့် တန်စီယုတို့က တစ်ချိန်တည်းအော်လိုက်ကြသည်။ ၎င်းတို့သည် မွန်းစတားများ၏ အလယ်သို့ ချီတက်ကာ ၎င်းတို့လက်ထဲမှ လက်နက်များဖြင့် ခုတ်ပိုင်းလိုက်ကြသည်။

မွန်းစတားများထဲမှ တစ်ကောင် မြေပေါ်သို့ လဲကျသွားသည်။ ဤမွန်းစတားများသည် ရင်ဆိုင်ရခက်ခဲသော်လည်း ချူးယွင်ဖန်းနှင့် မယှဥ်နိုင်ကြသေးပေ။ ၎င်းတို့အားလုံးသည် တစ်ခဏအတွင်းတွင်ပင် ဇီဝိန်ချူပ်ခံလိုက်ကြရသည်။

သို့သော် ပို၍ များစွာသော မွန်းစတားများသည် ၎င်းတို့ကို ထပ်မံတိုက်ခိုက်လာ၏။

ဇီဝိန်ချုပ်ခြင်း၏ ညသည် နေထွက်သည့် အချိန်ထိ ကြာမြင့်သွားသည်။ ထိုမှသာ ယင်းမွန်းစတားများ ဆုတ်ခွာသွားကြ၏။

အခန်း(၂၉၆) ခြုံခိုတိုက်ခိုက်၍ အကျဥ်းသားများကို သတ်ခြင်း

နေထွက်ပြီးနောက် ချူးယွင်ဖန်းနှင့် တန်စီယုတို့သည် နောက်ဆုံးတွင်တိုက်ပွဲမှ လွတ်မြောက်လာခဲ့ကြသည်။ ၎င်းတို့၏ ကိုယ်ခံအားသည် သာမန်လူများထက် များသွာသာလွန်သည့်တိုင် မောပန်းနွမ်းနယ်မှုကို ခံစားနေမိကြသေး၏။

“မင်းတို့နှစ်ယောက် ညက ဘယ်နှစ်ယောက်သတ်ခဲ့ကြတာလဲ” ဂေါင်ဟုန်ချီက ၎င်းတို့နှစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။ ၎င်းတို့၏ ချပ်ဝတ်တန်ဆာပေါ်မှ စီးကျနေသော သွေးများအားလုံး လွင့်စင်သွားခဲ့ပြီဖြစ်သော်လည်း နှစ်ယောက်လုံး အလွန်ပင်ပန်းနေပြီဖြစ်ကြောင်း သိသာ၏။

“အများကြီးပဲ။ အပြင်ထွက်ပြီး မွန်းစတားအသေကောင်တွေကို ယူလာခဲ့။ အဲ့တာတွေကို စခဈားစရာအနေနဲ့စားလို့ရတယ်” ချူးယွင်ဖန်းကပြောသည်။

၎င်းတို့နှစ်ဦးသည် ယမန်ညတွင် အနည်းဆုံး မွန်းစတား တစ်ဒါဇင်ကျော်ခန့် သတ်ဖြတ်ခဲ့ကြသည်။ ချူးယွင်ဖန်းသည် ရာဇဝတ်ကောင်များကဲ့သို့ လူ့အသားကိုစားရန် မတွေးနိုင်ပေ။ တောင်မြစ်ပန်းချီကားတွင် စားစရာများစွာရှိသော်လည်း လူအများရှေ့တွင် ချပြရန်မူ အဆင်မပြေလှပေ။ ထို့ကြောင့် ဤမွန်းစတားအသေကောင်များသည် အစာအဖြစ်စားသုံးရန် အသင့်တော်ဆုံးဖြစ်လာ၏။

ဈဈဈ

တစ်ညတာ တိုက်ခိုက်ပြီးသည့်နောက် ချူးယွင်ဖန်းသည် ဤနေရာရှိ မွန်းစတားများ၏ လက္ခဏာအချို့ကို နားလည်လာခဲ့သည်။ ယမန်နေ့ည၌ ပေါ်လာသောအကောင်များသည် ညသတ္တဝါများဖြစ်ကြသည်။ ဤနေရာပတ်ဝန်းကျင်သည် နေ့ဘက်တွင် အလွန်ပူ၍ ညဘက်တွင် အလွန်အေးသည်။ ဤမွန်းစတားများသည် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် အမွှေးထူများပါသဖြင့် အေးစက်သော ရာသီဥတုအတွက် သင့်တော်သော်လည်း ပူလွန်းသော နေ့များတွင်မူ အပူဒဏ်ကြောင့် သေဆုံးနိုင်သည်။ အပူရှောင်ရန်အတွက် နေ့ဘက်တွင် လှိုဏ်ဂူများထဲ၌ ပုန်းအောင်းနေပုံပေါ်သည်။

“ဒီမှာရှိနေတဲ့ မွန်းစတား အများစုက အပူဒဏ်ကို ခံနိုင်ရည်မရှိတာမို့လို့ နေ့ခင်းဘက်ထွက်လာကြမှာမဟုတ်ဘူး။ ဒါပေမယ့် ညပိုင်းတော့ ထွက်လာကြလိမ့်မယ်။ အဲ့တာကြောင့် ငါတို့ နေ့လယ်ပိုင်းမှာ အပြင်ထွက်ရှာပြီး ရာဇဝတ်ကောင်တွေကို သတ်၊ အမှတ်ရအောင်ယူကြမယ်” ချူးယွင်ဖန်းကပြောသည်။

“မင်းပြောတာ မှန်တယ်။ ညပိုင်းမှာ အခြေစိုက်စခန်းရဲ့ အဝေးကို ရောက်နေရင် အန္တရာယ်များလွန်းတယ်” ရန်ကျွင်းက သဘောတူလိုက်သည်။

“ငါစဥ်းစားပြီးပြီ၊ ငါတို့ကျောပိုးအိတ်တွေထဲမှာ ရေတွေကိုယ်စီရှိကြပေမယ့် အဲ့တာက ဘယ်နှစ်ရက်ခံမှာလဲ။ သုံးရက်တောင်မလောက်မှာစိုးတယ်။ အဲ့ ရာဇဝတ်ကောင်တွေမှာလည်း သေချာပေါက် ရေအလုံအလောက်ရှိမှာမဟုတ်ဘူး။ အခြေစိုက်စခန်းတွေက ရေအရင်းအမြစ်တွေနဲ့ မဝေးပါဘူး။ အနီးနားမှာရှိမယ့် ရေအရင်းအမြစ်တွေကို ငါတို့ရှာနိုင်ရင် ရေလာသောက်တဲ့ ရာဇဝတ်ကောင်တွေကိုလည်း ငါတို့တွေ့မှာပဲ။ အဲ့ကျ သူတို့ကို သတ်ပြီး ငါတို့အတွက်လည်းရေယူနိုင်ပြီ” ချူးယွင်ဖန်းကပြောသည်။

“မင်းတို့ဘယ်လိုထင်ကြလဲ”

“အရမ်းကောင်းတဲ့ အကြံပဲ။ ငါတို့ အဲ့ကို စောစောသွားပြီး သူတို့ကို စောင့်ဖမ်းလို့ရတယ်။ မင်းတို့နှစ်ယောက်လုံးက ညဂျူတီကျထားတာဆိုတော့ ထိန်းနိုင်ပါ့မလား” ဂေါင်ဟုန်ချီကပြောသည်။

“ပြဿနာမရှိပါဘူး။ ခဏလောက် တရားထိုင်ပြီးရင် ပြန်သက်သာလာမှာပါ” ချူးယွင်ဖန်းကပြေသည်။

“ကောင်းပြီ၊ မင်းတို့နှစ်ယောက် အရင်အနားယူလိုက်။ ဒီနေရာက ရေအရင်းအမြစ်နဲ့ ပတ်သက်တဲံ အချက်အလက်တစ်ခုခုကို ရှာနိုင်လားလို့ ကျန်တဲ့လူတွေကို သွားမေးကြည့်မယ်”

ပြည်ထောင်စုတက္ကသိုလ်မှ သူတို့အားပေးခဲ့သည့် မြေပုံသည် အကြမ်းဖျင်းသာဖြစ်သည်။ အခြေစိုက်စခန်းအချို့နှင့် အခြားစိတ်ဝင်စားဖွယ်နေရာအချို့ကိုသာ ဖော်ပြထားသည်။

ချူးယွင်ဖန်းနှင့် တန်စီယုတို့ နာရီဝက်ကျော်ကြာ အနားယူ၊ တရားထိုင်ပြီး‌နောက် ဂေါင်ဟုန်ချီပြန်ရောက်လာသည်။ အခြားအဖွဲ့များသည်လည်း ဤအတွေးကို တွေးမိကြသဖြင့် ရာဇဝတ်ကောင်များချန်ရစ်ခဲ့သော ရေနှင့်ပတ်သက်သည့် မှတ်တမ်းများကို ရှာတွေ့ခဲ့ကြသည်။ ထို့ကြောင့် တစ်နေရာစီရွေး၍ စတင်ထွက်ခွာကြသည်။

ချူးယွင်ဖန်းနှင့် အခြားလူများသည် ရေအရင်းအမြစ်တစ်ခုဆီသို့ ဦးတည်သွားကြသည်။ ဤနေရာသည် ရှားစောင်းပင်တစ်ပင်၏ အောက်တွင်တည်ရှိသည်။ ဤရှားစောင်းပင်သည် အမြင့်ပေ သုံးရာကျော်မြင့်ကာ၊ ရေအရင်းအမြစ်သည်မူ ဤရှားစောင်းပင်၏ အရိပ်တွင်တည်ရှိ၏။

“သေစမ်း၊ ရှည်လိုက်တဲ့ ရှားစောင်းပင်” ဂေါင်ဟုန်ချီက တအံ့တသြကောက်ချက်ချသည်။

သို့သော် မည်သူမျှ သတိမထားလိုက်မိခင်တွင် အယောက်နှစ်ဆယ်ထက်ပိုသော ရာဇဝတ်ကောင်များသည် ရှားစောင်းပင်၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာကာ သူတို့ကို ဝိုင်းထားလိုက်ကြသည်။

“ငါတို့ မှန်းထားတဲ့အတိုင်းပဲ ခိခိ၊ ရေလာရှာတဲ့ ကျောင်းသားတွေ ဒီကို လာမယ်ဆိုတာ ငါတို့ သေချာသိတယ်။ ဒီနည်းနဲ့ အကုန်လုံးကို သတ်ပစ်လို့ရတယ်” ရာဇဝတ်ကောင်တစ်ကောင်က ထူးဆန်းစွာရယ်မော၍ ပြောလိုက်သည်။

၎င်းတို့သည် ချူးယွင်ဖန်းနှင့် အခြားသူများကဲ့သို့ တူညီစွာတွေးခဲ့ကြသည်။ ကျောင်းသားများသည် ရာဇဝတ်ကောင်များကို ခြုံခိုတိုက်ခိုက်ချင်သော်လည်း ရာဇဝတ်ကောင်များသည်လည်း ငထုံငအများမဟုတ်ပေ။ ၎င်းတို့သည် ရိက္ခာများရရန် ဤနေရာသို့လာခဲ့ကြသည့် ကျောင်းသားများကို ခြုံခိုတိုက်ခြင်းဖြစ်သည်။ ၎င်းတို့သည် သိသာထင်ရှားစွာပင် ငတုံးများမဟုတ်ပေ။ သို့သော် ကျန်သော ကိစ္စမှာ မည်သည့်နည်းလမ်းက ပို၍ ထက်မြက်သနည်းဟူသည့် အချက်ပေါ်တွင် မူတည်ပေလိမ့်မည်။

“ငါတို့ မှန်းထားတာနဲ့လည်းအတူတူပဲ” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။ သူ ဤသို့တွေးခဲ့သည်မှာ ကြာနှင့်ပြီဖြစ်သည်။ နှစ်ဖက်စလုံးသည် သေသည်အထိတိုက်ခိုက်ရန် ရည်ရွယ်ထားကြခြင်းဖြစ်သဖြင့် ဤရာဇဝတ်ကောင်များသည် ဤကိစ္စကို အလွယ်တူ အလွတ်ပေးလိမ့်မည်မဟုတ်ပေ။ သွေးချင်းချင်းနီမည့် တိုက်ပွဲကို ကျော်ဖြတ်ကြရမည်မှာ သေချာ၏။

သူ့အတွက်မူ ဤရာဇဝတ်ကောင်များသည် မိမိတို့ အမှတ်များရရန်အတွက် လူသားအစုအဝေးတစ်ခုသာဖြစ်သည်။ အသတ်ခံရရန် သူ၏ အိမ်တံခါးဝသို့ သူတို့ကိုယ်သူတို့ ပို့ဆောင်လာခဲ့ကြခြင်းပင်ဖြစ်၏။

“အားလုံးပဲ အဆင်သင့်ပြင်ထားကြပါ။ လူသတ်ပွဲစလိုက်ကြရအောင်” ချူးယွင်ဖန်းက အော်ဟစ်ကာ ရာဇဝတ်ကောင်များဆီသို့ ချီတက်သွားကြသည်။

ချက်ချင်းဆိုသလိုပင် တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပေါ်လာ၏။

ဤရာဇဝတ်ကောင်များသည် ချူးယွင်ဖန်းမှာ ဤကျောင်းသားများ၏ ခေါင်းဆောင်ဖြစ်ကြောင်းသတိထားမိသည့်အတွက် ထုံးစံအတိုင်းပင် ခေါင်းဆောင်ကို အရင်သတ်ချင်ကြသည်။ ရာဇဝတ်ကောင် ခြောက်ဦးခန့်မှ သူ့အား ချက်ချင်း တိုက်ခိုက်ကြသည်ကိုကြည့်လျှင် သူ့အား အရေးကြီးပုဂ္ဂိုလ်အဖြစ် ဆက်ဆံနေသည်မှာ သိသာ၏။

ချူးယွင်ဖန်းသည် ကြောက်ရွံ့နေခြင်းမရှိပေ။ သူ့မျက်လုံးထဲတွင် ဤသာမန်လူများသည် မည်သို့မျှမဟုတ်ချေ။ ထို့ကြောင့် ဤရာဇဝတ်ကောင်များ၏ အလယ်သို့ တရှိန်ထိုးချီတက်သွားလိုက်သည်။

“သတ်ကြစမ်း”

ထိုသူများသည် ဝန်းဝိုင်း၍ သူ၏ ထွက်ပေါက်မှန်သမျှကို ပိတ်ပစ်လိုက်ပြီးနောက် များစွာသော လက်နက်များဖြင့် ချူးယွင်ဖန်းကို တိုက်ခိုက်လျက်ရှိကြသည်။ ထို့နောက် ရာဇဝတ်ကောင်များသည် ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။ သူ့အား ၎င်းတို့လက်နက်များဖြင့် တင်းကြပ်စွာ ဝန်းရံထားသော်လည်း လွတ်မြောက်နိုင်ခဲ့သည်။

ချူးယွင်ဖန်းသည် ၎င်းတို့၏ ဝန်းဝိုင်းခံထားရမှုမှ ချက်ချင်းလွတ်မြောက်သွားသည်။ ထို့နောက် ကျယ်လောင်သော အော်သံနှင့်အတူ ရာဇဝတ်ကောင်တစ်ဦးကို ခုတ်ပိုင်းပစ်လိုက်သည်။ ရာဇဝတ်ကောင်သည် ရှောင်တိမ်းရန် အချိန်မရှိပေ။

ထို့နောက် ချူးယွင်ဖန်းသည် အခြားရာဇဝတ်ကောင်များထံသို့ အလွန်တုန်လှုပ်ဖွယ်ကောင်းသော အရှိန်ဖြင့် ချီတက်လာ၏။

Slash

Slash

Slash

ဤစွမ်းအားကြီး ရာဇဝတ်ကောင်များအားလုံးကို ချူးယွင်ဖန်းသည် စက္ကန့်ပိုင်းအတွင်းတွင် သတ်ပစ်လိုက်သည်။ ဤရာဇဝတ်ကောင်များသည် စွမ်းအားကြီးသော်လည်း စွမ်းအင်သန့်စင်ခြင်း တတိယအဆင့်နှင့် စတုတ္ထအဆင့်တွင်ရှိနေကြ၏။ အကယ်၍ တန်စီယုနှင့် အခြားသူများသာ သူတို့နှင့်ရင်ဆိုင်ရလျှင် ခဏကြာမျှ တိုက်ခိုက်ခွင့်ရလိုက်ဦးမည်ဖြစ်သော်လည်း ချူးယွင်ဖန်းနှင့်ရင်ဆိုင်ခဲ့ကြရသောအခါတွင်မူ ၎င်းတို့၏ စွမ်းအားသည် မည်သို့မျှမဟုတ်တော့ပေ။

ချပ်ဝတ်တန်ဆာ၏ ကာကွယ်မှုနှင့် ကင်းမဲ့လျက်၊ ချူးယွင်ဖန်းသည် ကောင်းကင်မိုးကြိုးဓားသိုင်းကို သုံး၍ ဤရာဇဝတ်ကောင်များကို တစ်ယောက်ပြီးတစ်ယောက် ချေမှုန်းပစ်လိုက်သည်။

ဤလူများနှင့် မြန်နိုင်သမျှ မြန်မြန်ရင်ဆိုင်ပြီးနောက် ချူးယွင်ဖန်းသည် သူ့လက်နက်ကို ပြန်သိမ်းကာ အဖွဲ့ဝင်များကို ကြည့်လိုက်သည်။ ၎င်းတို့တစ်ဦးစီသည် တစ်ကြိမ်တွင် စွမ်းအားကြီးရန်သူနှစ်ဦး သို့မဟုတ် သုံးဦးကို ရင်ဆိုင်နေကြရသည်။

ရန်ကျွင်း၊ တုန်ရှင်းရန်နှင့် ယုရှင်းယွမ်တို့သည် ဤသန်မာသော ရန်သူများကို ရင်ဆိုင်ရာတွင် အနည်းငယ် စိတ်တုန်လှုပ်နေကြသည်။ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့သည်မူ ချူးယွင်ဖန်း၏ သင်ပြမှုကြောင့် ရွေ့လျားရေးနည်းစနစ်အချို့ကို အဆင့်တစ်ဆင့်အထိ ကျင့်ကြံကြပြီးဖြစ်သဖြင့် ဤနည်းစနစ်များ၏ စွမ်းအားကို အကြွင်းမဲ့ပြသနေကြသည်။ ၎င်းတို့သည် ရန်သူတစ်ဦးကို အလျင်အမြန်သတ်ပြီးနောက် ပို၍ စွမ်းအားကြီးသော အခြားတစ်ယောက်ကို သတ်ရန် အချိန်ယူလျက်ရှိသည်။

ထို့နောက် ရန်ကျွင်းနှင့် အခြားသူများကို ကူညီရန် နေရာရွှေ့လိုက်ကြ၏။

ယခင်ကနှင့်ကွဲပြားစွာ၊ ဤရာဇဝတ်ကောင်များသည် အချိန်တိုအတွင်းတွင် အသတ်ခံခဲ့ရသည်။

အခန်း(၂၉၇) လက်သီးတစ်ချက်

ဤရာဇဝတ်ကောင်များကို သတ်ပြီးနောက် ချူးယွင်ဖန်းနှင့် အခြားသူများသည် ရှားစောင်းပင်၏ အရိပ်အောက်တွင် အနားယူလျက်ရှိကြသည်။ အရိပ်သည်ပင် အလွန်ပူပြင်းလှသော်လည်း နေရောင်အောက်တွင်နေရသည်ထက် ပို၍ ကောင်းသည်။

ကံကောင်းထောက်မစွာဖြင့် ဤနေရာသည် ရေအရင်းအမြစ်နှင့် နီးသည်။ ရှားစောင်းပင်၏ အရိပ်အောက်တွင် ၎င်းတို့၏ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်သော ကြီးမားသည့် ရေကန်ကြီးတစ်ခုရှိသည်။

အချိန်များစွာကြာပြီးနောက် အခြားကျောင်းသားအုပ်စုတစ်ခု ဖြတ်လျှောက်လာသည်။ ၎င်းတို့သည် မရင်းနှီးသော မျက်နှာများဖြစ်ကြကာ၊ ချူးယွင်ဖန်းတို့၏ အခြေစိုက်စခန်းမှ ကျောင်းသားများမဟုတ်ကြပေ။ ၎င်းတို့၏ အခြေစိုက်စခန်းမှ ကျောင်းသားများသည် ချူးယွင်ဖန်း၏ ခွန်အားကို ယမန်နေ့က မြင်ခဲ့ကြရသည့်အတွက် ရေအရင်းအမြစ်အတွက် ချူးယွင်ဖန်းကို ရူးနှမ်းစွာ တိုက်ခိုက်ဝံ့မည်မဟုတ်ပေ။

အခွင့်အလမ်းကောင်းပေါ်လာရန် စောင့်ရသည့် နိယာမကို လူတိုင်းသိကြသည်။ သို့ရာတွင် ဤအရာသည် တိုက်ခိုက်ရန်လိုအပ်သော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း သူတို့သိကြသည်။

ဤကျောင်းသားအုပ်စုသည် ချူးယွင်ဖန်း၏အဖွဲ့ထက် လူအနည်းငယ်ပိုများကာ ရှစ်ယောက်ခန့်ရှိသည်။ ၎င်းသ်ည ပူးပေါင်းထားသော အဖွဲ့တစ်ခုဖြစ်ကာ ၎င်းတို့၏ ကျောင်းအသီးသီးတွင် အကောင်းဆုံးများဖြစ်ပုံရသည်။

ခဏအကြာတွင် ရေအရင်းအမြစ်နားသို့ရောက်လာကြသည်။

ချူးယွင်ဖန်း၏ အဖွဲ့သည် ၎င်းတို့ ရောက်ရှိလာခြင်းကို အစပိုင်းတွင် စိတ်မဝင်စားကြပေ။ သူတို့သည် မိမိတို့နှင့် အခြားအသင်းကြားတွင် အကွာအဝေးတစ်ခုထားကြသည်။ ရေအရင်းအမြစ်ကို လက်ဝါးကြီးအုပ်ကာ အခြားအဖွဲ့များကို ရေမရစေရန် မပြုလုပ်ချင်ကြပေ။

သို့သော် ထိုကျောင်းသားအုပ်စုထဲမှ အရပ်ရှည်သော ကျောင်းသားသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာပြော၏။

“ဒီကနေ ထွက်သွား။ ငါတို့ ဒီနေရာကို ယူမယ်”

ချူးယွင်ဖန်း၏ အဖွဲ့က ဤအကြောင်းကို ကြားသောအ‌ခါ ၎င်းတို့၏ မျက်ခုံးများ တင်းသွားကြသည်။ ဂေါင်ဟုန်ချီကပြောသည်။

“ညီကို၊ ဒါက နည်းနည်းတော့ မများလွန်းဘူးလား။ ရေအရင်းအမြစ်ကကြီးမားပါတယ်။ မင်းတို့ တစ်နေရာလုံးကို ယူနိုင်ပါ့မလား။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါတို့ တစ်ဖက်ကို ယူမယ် မင်းတို့နောက်တစ်ဖက်ကိုယူ။ ငါတို့ သူများကိစ္စကို ဝင်စွက်ဖက်မှာမဟုတ်ဘူး။ ဘယ်လိုလဲ”

သို့သော် အရပ်ရှည်သော ကျောင်းသားသည် နောက်သို့ မဆုတ်ပေ။

“မင်းတို့ ရာဇဝတ်ကောင်တွေ အများကြီးသတ်ပြီးပြီပဲ။ မကျေနပ်သေးဘူးလား။ မြန်မြန်ထွက်သွားကြစမ်းပါ။ ငါ့ဒေါသကို လာမဆွနဲ့”

“ဟုတ်တယ်။ မြန်မြန်ထွက်သွား”

“မင်းတို့မထွက်သွားသေးရင် ငါတို့လုပ်ရပ်အတွက် အပြစ်မတင်နဲ့နော်”

“မင်းတို့အတွက် အကောင်းအဆိုးကို မသိရင် သင်ခန်းစာပေးလို့ဆိုပြီး ငါ့အဆိုးမဆိုနဲ့”

ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်နေကြကာ၊ ချူးယွင်ဖန်းတို့ အဖွဲ့နှင့် ငြိမ်းချမ်းစွာအတူယှဥ်တွဲ နေထိုင်ရန် ဆန္ဒမရှိကြပေ။

ချူးယွင်ဖန်းက ခဏတာမျှစဥ်းစားပြီးနောက် နားလည်သဘောပေါက်သွားသည်။ ဤလူများသည် ရေအရင်းအမြစ်အတွက် လုပ်နေကြခြင်းမဟုတ်ပေ။ အမှတ်အတွက်လုပ်နေကြခြင်းဖြစ်သည်။ သူသည် ရာဇဝတ်ကောင်များကို အလွယ်တကူသတ်နိုင်သော်လည်း အခြားသူများသည်မူ မတတ်နိုင်ကြပေ။ ဤသို့ဖြင့် အခြားလူများနှင့် သူ့အကြားရှိ အမှတ်ကွာဟမှုသည် ကြီးမားလာမည်ဖြစ်ကာ၊ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်ရန် အခွင့်အလမ်း ပိုမိုမြင့်မားလာပေလိမ့်မည်။

ပြိုင်ပွဲအစစ်သည် အစောပိုင်းတွင်စတင်လိုက်ပြီဖြစ်ကာ၊ မည်သည့်အချိန်တွင်မျှ ရပ်တန့်သွားလိမ့်မည်မဟုတ်ပေ။

“အဲ့လိုဆိုမှတော့ ငါတို့ အတူတူနေလို့ရတော့မယ့်ပုံမပေါ်ဘူး။ တိုက်ကြရအောင်” ရန်ကျွင်းက လက်ထဲတွင် ကြေးဝါရောင် လှံရှည်တစ်ချောင်းကို ကိုင်ကာ ရှေ့သို့ လှမ်းပြောလိုက်သည်။

အခြားအဖွဲ့ရှိ လူတိုင်းသည်လည်း စွမ်းအားကြီးကြသည်။ ၎င်းတို့ထဲမှ အဆင့်အနိမ့်ဆုံးသူမှာ စွမ်းအင်သန့်စင်ခြင်း တတိယအဆင့်တွင်ဖြစ်၍ အများစုသည် စတုတ္ထအဆင့်တွင်ရှိကြသည်။ ၎င်းတို့အနက် စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်ပင် ရှိနေသေး၏။ ထို့အပြင် ၎င်းတို့သည် ချူးယွင်ဖန်း၏ အဖွဲ့ထက် အဖွဲ့ဝင်ပိုများသည်။ ထို့ကြောင့် သူတို့အား မောင်းထုတ်ရန် ယုံကြည်မှုအပြည့်ရှိကြ၏။

သို့သော် ချူးယွင်ဖန်း၏ အဖွဲ့သည်လည်း နောက်ဆုတ်ရန် အကြောင်းမရှိပေ။ ၎င်းတို့အားလုံးသည် အခွင့်အရေးကိုယ်စိရှိကြကာ၊ ထူးချွန်သူများဖြစ်ကြသည်။ ထို့ကြောင့် မည်သူက မည်သူထက် ပျော့ညံ့သည်ဆိုသည်မှာ မသေချာသေးပေ။ ထို့အပြင် ၎င်းတို့၏ အကြီးမားဆုံး ယုံကြည်မှုမှာ ချူးယွင်ဖန်းသာဖြစ်သည်။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းနှင့် အဖွဲ့ဖွဲ့ထားကြမိသည့်အတွက် ဝမ်းသာလျက်ရှိကြသည်။ သူ့ကြောင့်သာမဟုတ်ပါက အမြှီးကုပ်ကာ ထွက်သွားရုံမှတပါးအခြားရွေးချယ်ရန် ရှိတော့မည်မဟုတ်ပေ။

“တိုက်ပွဲလား။ မင်းတို့ကောင်တွေနဲ့လား။ မင်းတို့မြန်မြန်ထွက်သွားဖို့ ငါအကြံပေးမယ်။ မင်းတို့အားလုံးက လူသားကျောင်းသားတွေ ဖြစ်တဲ့အတွက် ငါခက်ခက်ခဲခဲဖြစ်အောင်မလုပ်ချင်ဘူး။ မဟုတ်ရင် မင်းတို့ ဒုက္ခရောက်လိမ့်မယ်” အရပ်ရှည်သော ကျောင်းသားက လှောင်ပြောင်ကာ ပြုံး၍ ပြောသည်။

တန်စီယုနှင့် အခြားသူများအားလုံသည် ချူးယွင်ဖန်းကို ကြည့်၍ ဆုံးဖြတ်ချက်ချရန် စောင့်ဆတိုင်းနေကြသည်။

အရပ်ရှည်သော ကျောင်းသားက ချူးယွင်ဖန်းသည် ဤလူများ၏ ခေါင်းဆောင်ဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည့်အတွက် ချူးယွင်ဖန်းကို တည့်တည့်စိုက်ကြည့်လျက်ရှိသည်။

“ဒါဆိုရင် မင်းတို့ကောင်တွေကို သင်ခန်းစာလွဲရုံကလွဲပြီး ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူးပေါ့” ချူးယွင်ဖန်းကပြောသည်။

“မင်းနာမည်ကိုပြောပါ”

“ဟ အရှုံးသမားတွေက ငါ့နာမည်ကို သိရဖို့ အရည်အချင်းမပြည့်မီဘူးကွ။ မင်းတို့ကောင်တွေက သေတဲ့အထိ မရှုံးပေးမှာမဟုတ်ဘူးဆိုမှတော့ ငါတို့ အဆိုးမဆိုနဲ့”

အရပ်ရှည်သော ကျောင်းသားက စကားမဆုံးခင်တွင်ပင် စတင်တိုက်ခိုက်လိုက်သည်။ သူ့နောက်ကျော်တွင်ထည့်ထားသည့်လှံရှည်ကို ဆွဲထုတ်ကာ ချူးယွင်ဖန်းထံသို့ ချီတက်လာ၏။ လှံရှည်သည် ရေကူးနေသော နဂါးတစ်ကောင်နှင့်တူကာ၊ လေကိုခွင်း၍ ချူးယွင်ဖန်းထံသို့ ဦးတည်လာသော အပူလှိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

ချူးယွင်ဖန်းသည် ခေါင်းကိုအနည်းငယ်ယိမ်း၍ လှံရှည်၏ သေစေလောက်သည့် လှံချက်ကို ရှောင်တိမ်းလိုက်သည်။

“မင်းသေပြီ”

အရပ်ရှည်သော ကျောင်းသားက ဆိုးယုတ်စွာ ရယ်မောလှောင်ရယ်လိုက်ကာ၊ သူ့လက်နက်ကို ပြန်ဆွဲယူ၍၊ ချူးယွင်ဖန်း၏ လည်ပင်းတို့ တစ်ဖန်ပြန်ချိန်ရွယ်လိုက်သည်။ ၎င်းသည် ချူးယွင်ဖန်း၏ခေါင်းကိုပင် ဖြတ်တောက်ပစ်တော့မည့်ပုံပေါ်၏။

စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်၏ စွမ်းအင်ကို အပြည့်အဝပြသလိုက်ခြင်းဖြစ်သည်။

ထိုအချိန်တွင် အရပ်ရှညသော ကျော်းသားသည် ရုတ်တရက် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ ချူးယွင်ဖန်း၏ ခေါင်းကို ဖြတ်ပစ်ခါနီး၊ သူသတိမထားလိုက်မိခင်တွင် ချူးယွင်ဖန်းသည် သူ့ရှေ့သို့ရောက်လာ၏။

ချူးယွင်ဖန်းက ချက်ချင်းပင် လက်သီးတစ်ချက် ပစ်ကြွေးလိုက်သည်။

‘ငါချပ်ဝတ်တန်ဆာဝတ်ထားလို့ သူငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး’ ထိတ်လန့်တုန်လှုပ်သွားသော အရပ်ခပ်မြင့်မြင့် ကျောင်းသားသည် စိတ်အေးသက်သာရသွားသည်။ ချူးယွင်ဖန်းသ်ည သူ့အား လက်သီးတစ်ချက်တည်းဖြင့် နာကျင်စေရန် အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်း၏ လက်သီးချက်သည် အရပ်ခပ်မြင့်မြင့် ကျောင်းသား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသောအခါတွင်မူ ကျောင်းသားသည် သူမည်မျှ မှားသွားပြီဖြစ်ကြောင်း သိရှိသွား၏။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက သူ့ရင်ဘက်ပေါ်ရှိ ချပ်ဝတ်တန်ဆာကို ရုတ်တရက်ထိမှန်၍ ပေါက်ကွဲထွက်သွားသည်။ ယင်းသည် ကြောက်မက်ဖွယ်ဗုံးတစ်လုံး သူ့ခန္ဓာကိုယ်ပေါ်သို့ ပြုတ်ကျလာသကဲ့သို့ပင်ဖြစ်သည်။

ဘမ်း

သူ ချက်ချင်းပင် လွင့်ထွက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပုံသည် အလွန် သနားဖွယ်ကောင်းလှသည်။

ထွီး

အရပ်ရှည်သော ကျောင်းသား၏ ပါးစပ်မှ သွေးအပြည့် အန်ထွက်သွားရာ၊ သူ့အမူအရာသည် ချက်ချင်းပင် ဝိဉာဥ်မဲ့သွားသကဲ့သို့ ဖြူလျော့ဖျော့တော့သွားသည်။ အဖွဲ့သားများက အလျင်အမြန်ပင် သူ့အား ဝန်းရံလိုက်ကြ၏။

“မင်း အဆင်ပြေလား”

“ငါပြေတယ်၊ ငါပြေတယ်”

အရပ်ခပ်မြင့် မြင့် ကျောင်းသားက ခက်ခဲစွာ မတ်တပ်ထရပ်လိုက်သည်။ လက်သီးသည် သူ့ရင်ဘက်ကို ခွဲလုမတက်ဖြစ်သွား၏။

“ကောင်းပြီ၊ ငါအရှုံးကို ဝင်ခံပါတယ်။ မြေကြီးက ပြောင်းလဲမှာမဟုတ်သလို ရေတွေကလည်း ထာဝရဆက်ပြီး စီးဆင်းနေမှာပဲ။ ငါတို့ ပြန်တွေ့ကြဦးမှာပါ” ထို့နောက် အရပ်ခပ်မြင့်မြင့် ကျောင်းသားသည် ထွက်ခွာသွားကာ ချူးယွင်ဖန်း၏ အဖွဲ့ကို ဆက်လက် မနှောက်ယှက်ကြတော့ပေ။ ပေါ့ပါးသော တိုက်ခိုက်မှုတစ်ခုဖြင့်ပင် သူသည် ချူးယွင်ဖန်းနှင့် လုံးလုံးမယှဥ်နိုင်ကြောင်း နားလည်သွားခဲ့ရသည်။

အရပ်ခပ်မြင့်မြင့်ကျောင်းသားသည် စွမ်းအားကြီးလှသော ချူးယွင်ဖန်းကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ အကယ်၍ ၎င်းတို့ ဆက်လက်တိုက်ခိုက်ကာ တိုက်ပွဲကြီးတစ်ခုဖြစ်လာပါက၊ အရပ်ခပ်မြင့်မြင့်ကျောင်းသားသည် အသက်ရှင်လျက် လမ်းလျှောက်နိုင်တော့မည်ပင်မဟုတ်ပေ။ ဤသို့သော အကဲဖြတ်စစ်ဆေးမှုမျိုးတွင် ပြည်ထောင်စုတက္ကသိုလ်ကပင်လျှင် ဤနေရာတွင် မည်သို့ ဖြစ်ပျက်ခဲ့ကြောင်း စုံစမ်းစစ်ဆေးလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ သေဆုံးသွားလျှင်ပင် ရှုံးနိမ့်မှုကို ဝန်ခံကြရန်သာ တတ်နိုင်မည်ဖြစ်သည်။

အရပ်ခပ်မြင့်မြင့် ကျောင်းသား၏ အဖွဲ့မှ အခြားကျောင်းသားများသည် မိမိတို့ ခေါင်းဆောင်ကို မခေါ်ခင် ချူးယွင်ဖန်းကို ပြင်းထန်စွာ စိုက်ကြည့်နေကြသည်။ ၎င်းတို့သည် ငတုံးများမဟုတ်ကြသဖြင့် ချူးယွင်ဖန်းနှင့် မိမိတို့ကြားမှ ကွာဟချက်ကို မြင်နိုင်ကြ၏။

ချူးယွင်ဖန်းက အခြား ရာဇဝတ်ကောင်များကို စောင့်ဆိုင်းရန် ရှားစောင်းပင်၏ အရိပ်အောက်သို့ ပြန်သွားလိုက်သည်။ သူ့မျက်လုံးထဲတွင် ဤအရာများအားလုံးသည် အားလပ်ချိန်တစ်ခုမျှသာဖြစ်၏။

All Chapters