Chapter 66
Vol. 6 Ch. 66
သူတို့ အိမ်ပြန်ရောက်တော့ ခြေလက်ဆေးရန် ရေနွေးတည်လိုက်သည်။ သူ ရေယူလာချိန်တွင် ချင်းရှန်းက အဝတ်လဲ ပြီးစ ဖြစ်သည်။ "မင်း ရေချိုးချင်လား?"
မီးရောင် မှိန်ပြပြအောက်တွင် သူ့ဇနီး၏ ပါးများက နီရဲနေကာ နှင်းဆီထက် လှပနေသည်။
"ဟင့်အင်း နောက်ကျနေပြီ။ ကျွန်မ နံနေလို့လား?"
ဟဲလျန်ရှန်းက ဘာမှ မပြောနိုင်ခင် ကလေးအသံတစ်ခု ထွက်ပေါ်လာသည်။ "နံတယ်!"
သူတို့က အံ့သြသွားကာ အိပ်ယာထဲကို ကြည့်လိုက်သည်။ မျက်ဝန်းနက်တစ်စုံက သူတို့ကို ကြည့်နေသည်။
သူတို့ကို တုန်လှုပ်သွားစေသည်က ကလေးနိုးလာသောကြောင့် မဟုတ်ဘဲ သူမက တကယ် စကားပြောနိုင်သောကြောင့် ဖြစ်သည်။
"အမေ့ကို ပြန်ပြောလိုက်ပါဦး?"
ဒါပေမယ့် ကလေးက ခေါင်းလှည့်ကာ သူမတို့ကို မကြည့်တော့ဘဲ စောင်ကို ယူ၍ သူ့ဘာသာ ကစားနေတော့သည်။
ဟဲလျန်ရှန်း - "..."
အဝါရောင် သဲမြေများပေါ်တွင် အစိမ်းရောင် မျိုးစေ့များမှ အပင်ပေါက်များ ထွက်လာချိန်၌ ချင်းရှန်းက ဆေးပညာ လက်တွေ့စာမေးပွဲကို အမှတ်မြင့်မြင့်နှင့် အောင်မြင်ကာ TCM ဆေးပညာဆိုင်ရာ ကျွမ်းကျင်လက်မှတ် ရခဲ့သည်။ တကယ်တော့ ဒီလို ပညာရေးအစက နိမ့်လျှင် အနာဂတ်တွင် သူမက လက်ထောက်ဆရာဝန် စာမေးပွဲကိုသာ အရင် ဖြေရမည် ဖြစ်ပြီး ဆရာဝန် စာမေးပွဲ မဖြေမီ ငါးနှစ် လေ့ကျင့်ရမည် ဖြစ်စ်သည်။ ဒါပေမယ့် ယခု အသစ်ချမှတ်ထားသော နည်းစနစ်ကြောင့် လုပ်နိုင်စွမ်းကို ကျော်လွန်သည်ဟု သတ်မှတ်ထားကာ အထူးနေရာများနှင့် ဌာနခွဲများတွင် ဆေးပညာနှင့် ကျန်းမာရေး စောင့်ရှောက်သူ အနေနှင့် သူမကို လေ့ကျင့်ရေး ဆရာဝန်စာမေးပွဲ ဖြေခွင့်ပြုခဲ့သည်။
သူမက ယခင်ဘဝတွင် စာမေးပွဲ အောင်ခဲ့သည် ဆ်ိုပေမယ့် လက်ထောက်ဆရာဝန်သာ ဖြစ်ခဲ့သည့်အတွက် ဒီတစ်ခါက သူမအတွက် တိုးတက်မှူကြီး ဖြစ်သည်။ ချင်းရှန်းက အနီရောင်နှင့် အစိမ်းရောင် စာအုပ်များကို နမ်းမိတော့မတတ် ပျော်ရွှင်စွာ ကိုင်ထားသည်။ သူမ ဆုံးရှုံးထားသော လက်မှတ်နှစ်ခုက သူမထံ ပြန်ရောက်လာပြီ ဖြစ်သည်။ ဘယ်လောက်တောင် ကောင်းလ်ိုက်လဲ!
သူမက ထိုသို့ တွေးနေချိန်မှာပဲ ရုတ်တရက် တံခါးဝမှ ခေါင်းတစ်ခု ပေါ်လာသည်။
"ဒေါက်တာချင်း အလုပ်ရှုပ်နေတာလား?" ဒါက ကျန်းယွဲ့ဟုန် ဖြစ်သည်။
ချင်းရှန်းက သူတို့သားအမိထံမှ ဝေးနေသည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်။ သူမက ဆရာဝန်နှင့် တွေ့ရန် လာခဲ့သည်လား?
"အလုပ်မရှုပ်ပါဘူး အစ်မယွဲ့ဟုန် ဝင်ခဲ့ပါ း။ ဘာများဖြစ်လို့လဲ?"
နှစ်လအကြာ ပြန်လည်အားဖြည့်ပြီးနောက် ကျန်းယွဲ့ဟုန်၏ မျက်နှာက ပို၍ အရောင်အသွေး ရှိလာကာ စိတ်ခံစားချက်လည်း ပို၍ ကောင်းမွန်လာသည်။ သူမက ဆုံးဖြတ်ချက်ကြီးတစ်ခု ချထားသကဲ့သို့ ရှက်ရွံ့ကာ ပြုံးလိုက်သည်။ "ကျွန်မ နည်းနည်း မသက်မသာ ခံစားနေရလို့ ကူညီပေးပါလား?"
"ကောင်းပါပြီ တံခါးပိတ်ပြီး ဝင်ထိုင်လိုက်ပါ" သူမက တကယ်ကို ဆရာဝန်နှင့် တွေ့ချင်၍ လာသည့်ပုံစံ ပေါ်နေပေမယ့် ဒီတစ်ခါမှာ အမှန်ပြောမလားတော့ မသိပေ။
"ဘယ်နေရာက ခံစားလို့ မကောင်း ဖြစ်နေတာလဲ?"
"ကျွန်မ ကျွန်မ ဓမ္မတာ မလာဘူးဖြစ်နေတယ်" ကျန်းယွဲ့ဟုန်က အလွန် ရှက်နေကာ နှုတ်ခမ်းကို ကိုက်ထားသည်။
ချင်းရှန်းက အံ့သြသွားသည်။ တကယ်လို့ ကလေးမွေးဖွားနိုင်တဲ့ အရွယ်မှာ ရှိတဲ့ အမျိုးသမီးတစ်ယောက်က ဓမ္မတာ မလာဘူးဆိုရင် ပထမဆုံး တွေးမိမည်က ကိုယ်ဝန်ရှိနေသည်လား ဟူ၍ဖြစ်မည်။ ဒါပေမယ့် ကျန်းယွဲ့ဟုန်ကတော့ ဒီကိစ္စမဟုတ်ဘူးဆိုတာ သူမက သေချာသိသည်။ သူမတွင် ကိုယ်ဝန်ဆောင် လက္ခဏာ ရှိမရှိကို မပြောနှင့် သူမတွင် ဘယ်လို အမျိုးသားမှ မရှိဘဲ ဘာကြောင့် ကိုယ်ဝန် ရှိရမှာလဲ?
"ဓမ္မတာမလာတာ မကြာသေးဘူး မလား?"
"နှစ်ဝက် ကျော်ပါပြီ"
ချင်းရှန်းက သူမအတွေးအတိုင်း ဖြစ်သည့်အတွက် စိတ်သက်သာ သွားပေမယ့် ခဏအကြာမှာပဲ ဒါက ရာသီထိန်ခြင်း အဆင့်ကို ရောက်နေသည့်အတွက် သူမက သက်ပြင်းချလိုက်သည်။
ခဏတာ ဂရုတစိုက် ကြည့်လိုက်ပြီးနောက်မှာ ချင်းရှန်းက သက်ပြင်းချလိုက်သည်။ ရာသီထိန်ခြင်း ဖြစ်သော အချ်ို့လူနာများက အာဟာရနည်းပါးခြင်းနှင့် ဆက်စပ်သော်လည်း သူမ၏ အခြေအနေက ယခင်လများထက် ကောင်းမွန်လာသလို အာဟာရလည်း ပြည့်ဝနေပုံပေါ်သည်။သူမက ယခုထိ ဓမ္မတာ မပေါ်သေးသည်က အနည်းငယ် ထူးဆန်းသည်။
ပို၍ ထူးဆန်းသည်က သူမဆက်ပြောသော စကားဖြစ်သည်။ "ပြီးတော့ ကျွန်မက အဲ့ဒီနေရာမှာ အမွေးမရှိဘူး"
ချင်းရှန်းက အံ့သြသွားသည်။ "ဘယ်လို ပြောလိုက်တာလဲ?"
"အဲ့ဒီ အဲ့ဒီနေရာလေ အောက်ဘက်ကနေရာ" ကျန်းယွဲ့ဟုန်က နှုတ်ခမ်းကိုက်ကာ သူမ၏ အောက်ပိုင်းနေရာကို ညွှန်ပြလိုက်သည်။
သူမက အသက်ငယ်သေးသောကြောင့် နားမလည်နိုင်မည်ကို စိတ်ပူသောကြောင့် သူမက အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။ "အဲ့ဒီနေရာပဲ။ ပုံမှန် အမျိုးသမီးတွေ အားလုံးမှာ ရှိပေမယ့် ကျွန်မက ကျွန်မက...."
ချင်းရှန်းက ခဏတာသာ ငြိမ်သက်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမက ဆရာဝန်တစ်ယောက် ဖြစ်နေသည်။သူမက အနည်းငယ် အံ့သြမိပေမယ့် အံ့သြ၍ မရပေ။သူမက ဒီလို ဖြစ်မည်ဟု မထင်ထားခဲ့ပေ။
"အစ်မယွဲ့ဟုန် အစ်မ စိတ်ထဲမထားရင် ကျွန်မ ကြည့်လို့ရမလား?" မတိကျသော အဖြေက ရောဂါလက္ခဏာအမှားကို ကောက်ချက်ချမိစေနိုင်သည်။
ကျန်းယွဲ့ဟုန်က ကြက်သီးထသွားကာ ခေါင်းခါလိုက်သည်။ "မရဘူး မလုပ်ပါနဲ့။ ဒါက အရမ်း ရှက်စရာကောင်းပြီး ကံလည်း ဆိုးစေလိမ့်မယ်..." သူမက အတိတ်ဆိုးများကို တွေးမိကာ တုန်လှုပ်သွားပြီး မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
သူမက "ကံဆိုးစေတယ်"ဟု ပြောသောကြောင့် ချင်းရှန်းက ခန့်မှန်းကြည့်နိုင်လောက်သည်။
အချို့သော ကျေးလက်ဒေသများတွင် သူမ၏ အခြေအနေကို "ကျားဖြူ"ဟု ခေါ်သည်။ ဒါက အယူသည်းခြင်းတစ်ခု ဖြစ်ပြီး ဒီလို အမျိုးသမီးတွေက ခက်ခဲတဲ့ဘဝကို ကြုံတွေ့ရပြီး အမျိုးသားများအတွက် ကောင်းသည်ဟူ၍ ဖြစ်သည်။ အချို့မိသားစုများက ဒါကို မပြောအပ်သော အရာအဖြစ် ရှောင်ကြဉ်ကြသည်။ဒါပေမယ့် တကယ်တော့ အားလုံးက အဓိပ္ပါယ်မရှိသော အရာများ ဖြစ်သည်။
ဒီအခြေအနေက ဆေးပညာအရ ဆိုလျှင် မွေးကတည်းက အမွေးက ဒီလို ဖြစ်နေခြင်း ဖြစ်နိုင်သလို အမျိုးသားများတွင် နှုတ်ခမ်းမွေး ဘယ်လောက်ထိ ပေါက်သည် ဆိုသလိုပဲ မျိုးရိုးဗီဇအရ ဖြစ်နိုင်သည်။ဒါက ရောဂါကြောင့်လည်း ဖြစ်နိုင်သည်။ ရောဂါ တစ်ခုခုကြောင့် အမွေးများ မပေါက်ခြင်း ဒါမှ မဟုတ် ကျွတ်သွားခြင်း ဖြစ်နိုင်သည်။
ချင်းရှန်းက နောက်ဆုံးအကြိမ်က ကျန်းယွဲ့ဟုန်၏ ခေါင်းတစ်ခြမ်း ပြောင်နေသည်ကို တွေ့ဖူးသည်ကိုတွေးမိကာ ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။
"အစ်မ သဘောမကျရင် ကျွန်မ မကြည့်ပါဘူး ဒါပေမယ့် ချိုင်းအောက်ကိုတော့ ကြည့်လို့ ရတယ်မလား?"
ကျန်းယွဲ့ဟုန်က ရှက်နေပေမယ့် ယှဉ်ကြည့်လိုက်လျှင် ချိုင်းအောက်နေရာက တသီးတသန့်နေရာ မဟုတ်ပေ။
သူမက အပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်ပြီး အောက်မှ အဖာရာများဖြင့်အင်္ကျီက ပေါ်လာသည်။ ထို့နောက် သူမက ထိုအင်္ကျီကို ချွတ်လိုက်ရာ အဖာအစပ်များဖြင့် လျှော်ထားသောကြောင့် အဖြူရောင်မှ အဝါရောင်အဖြစ် ရောက်နေသော အဝတ်ပေါ်လာသည်။ သူမက လက်မြှောက်လိုက်ရာ ချိုင်းအောက်တွင်လည်း ဘာမှ မရှိပေ။
ချင်းရှန်းက သေချာဂရုတစိုက် ရှာဖွေသော်လည်း တစ်ခုလေးမှ မရှိပေ။ ဒါပေမယ့် ချွေးပေါက်များက အခြားနေရာများထက် နက်မှောင်ကာ ကြမ်းတမ်းနေသည့်အတွက် ယခင်က ရှိခဲ့သည်မှာ သေချာသည်။
"အစ်မယွဲ့ဟုန် အဝတ်ပြန်ဝတ်လိုက်ပါ။ အစ်မ အရင်က အဲ့ဒီနေရာမှာ အမွေး ရှိခဲ့တယ်မလား?"
"အင်း။ လွန်ခဲ့တဲ့ ခုနစ်နှစ်ကစပြီး ကျွတ်သွားတာပဲ။အစ်မ အရင်ယောက်ျားက ရောဂါတစ်ခုခု ရှိလားလို့ မေးပေမယ့် ဆေးခန်းတွေမှာက ယောက်ျားလေး ဆရာဝန်တွေပဲ ရှိပြီး ကျွန်မလည်း ရှက်တာမလို့ မပြမိခဲ့ဘူး။နောက်ပိုင်းမှာ ချင်းနဲ့ ပွတ်ပေမယ့်လည်း ပြန်ပေါက်မလာဘူး။ သူက ကျွန်မကို ဂြိုလ်ဆိုးလို့ပြောတယ်။ သူ့ကို နိမ့်ကျစေတဲ့ ဂြိုလ်ဆိုးတဲ့..."
ကျန်းယွဲ့ဟုန်က မျက်ရည်များ သုတ်လိုက်သည်။ "အရင်နှစ်တွေက ဆံပင်တွေ ကျွတ်သွားတာတောင် ဘယ်သူ့ကိုမှ မပြောရဲဘူး အမေ့ကိုတောင်မှပဲ။ သူမက ကျွန်မအတွက် မင်္ဂလာကိစ္စတွေ စီစဉ်ပေမယ့် ဘယ်လိုယောက်ျားက ကျွန်မလိုလူကို လက်ထပ်မှာလဲ?
သူမက နောက်ဆုံးတစ်ခါ မူးလဲချိန်က ဆေးခန်းရောက်သွားပြီး အရမ်း ကျွမ်းကျင်သော အမျိုးသမီး ဆရာဝန် ရှိသည်ကို သိလိုက်ရသည့်အတွက် ပြကြည့်ရန် တွေးမိလိုက်ခြင်း ဖြစ်သည်။
ချင်းရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ "ကျွန်မ အစ်မလို အခြေအနေမျိုး အရင်က မြင်ဖူးပါတယ်။ အစ်မက ဂြိုလ်ဆိုး မဟုတ်ပါဘူး"
ကျန်းယွဲ့ဟုန်က မော့ကြည့်လိုက်သည်။ "တကယ် ပြောတာလား?"
"ကျွန်မတို့ရဲ့ ဆရာက ဒီအကြောင်း ပြောဖူးသလို စာအုပ်ထဲမှာလည်း ရေးထားပါတယ်"
ကျန်းယွဲ့ဟုန်က နောက်ဆုံးတော့ သူမကို နားလည်သူတစ်ယောက် ပေါ်လာပြီဟု ခံစားမိကာ မျက်ရည်များကို အမြန်သုတ်လိုက်သည်။ "ကျွန်မအကြောင်း ဘယ်သူ့ကိုမှ ပြန်မပြောဘူးမလား ဒေါက်တာချင်း?"
ချင်းရှန်းက ရယ်ရမည်လား ငိုရမည်လား မသိပေ။ သူမက ကျင့်ဝတ်စောင့်ထိန်းသူ ဖြစ်သည်။ "လက်ဆန့်လိုက်ပါ။ အစ်မ သွေးကြောက်ို စမ်းကြည့်ပါရစေ"
ကျန်းယွဲ့ဟုန်၏ လက်က အိုမင်းကာ ခြောက်ကပ်နေပေမယ့် အသားအချို့တော့ ရှိနေသေးသည်။ သူမက အပြင်းအထန် အာဟာရ ချို့တဲ့ခြင်း မဟုတ်ပေ။ သူမ၏ သွေးခုန်နှုန်းက တည်ငြိမ်ကာ ကျန်းမာသည်။ သူမက အပြင်းအထန် အာဟာရချို့တဲ့ နေသကဲ့သို့ မဟုတ်ပေ။
"အခုနောက်ပိုင်း အစ်မယွဲ့ဟုန်ရဲ့ အစားအသောက် စားချင်စိတ်ကရော ဘယ်လိုလဲ?"
"အရမ်းကောင်းပါတယ်။စားသမျှအားလုံးက အရသာ ရှိပါတယ်"
"အားလုံးက လုံလုံလောက်လောက်ရေု စားနိုင်ရဲ့လား?"
"စားနိုင်ပါတယ်။ အမေနဲ့ ကျွန်မက ဆေးပင်တွေ စိုက်ဖို့ကူညီတယ်လေ။ ကျွန်မတို့က လတိုင်း ယွမ်အချို့ရတယ်။ ယောက်မကလည်း ဘာမှ မပြောသလို အစားအသောက်လည်း လုံလုံလောက်လောက် ရှိပါတယ်။ အခြေအနေအရ ကျွန်မက အစားလျှော့စားနိုင်ပေမယ့် စားတော့ စားပါတယ်"
တကယ်တော့ ဆန်က အာဟာရ အဖြစ်ဆုံးပင်။ ဗိုက်ဝနေပြီး သွေးစီးဆင်းမှု ချောမွေ့နေတယ်ဆိုရင် အာဟာရချို့တဲ့မှု ရောဂါက ကောင်းမွန်လာမည် ဖြစ်သည်။
"အပေါ့အလေး သွားတာကရော?"
"ပုံမှန်ပါပဲ"
ချင်းရှန်းက သူမထံမှ အသုံးဝင်သည့် အကြောင်းအရာများ ရလာမည် မဟုတ်သည်ကို သိသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ "အစ်မ အရင်က ဓမ္မတာလာတာက ဘယ်လိုလဲ။ နည်းနည်းပဲလား?"
"အစပိုင်းကတော့ များပါတယ် အရင်အမျိုးသားနဲ့ လက်ထပ်ပြီးတော့လည်း ပုံမှန်ပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာတော့....".
"နောက်ပိုင်း ဘာဖြစ်တာလဲ? "
ကျန်းယွဲ့ဟုန်က တုံ့ဆိုင်းနေပြန်သည်။
ချင်းရှန်းက အနည်းငယ် စိတ်ဆိုးမိသည်။ ဒီလိုအချိန် ရောက်နေတာတောင် သူမက အမှန်ကို မပြောချင်သေးပေ။ ယခင် လအနည်းငယ်ကပဲ သူမကို ပြောခဲ့လျှင် ရောဂါက အခုထိ ရှည်ကြာနေမည် မဟုတ်ပေ။
"နောက်ပိုင်း ကျွန်မ ကလေးရလာတယ်။ ကျွန်မ ခွဲစိတ်မှုတွေ လုပ်ခဲ့ရပြီး ကလေးတွေက အဖတ်မတင်ခဲ့ပါဘူး"
ရှင်းချန်းက နားလည်သည်။ ရှီလန်၏ စကားတွင် အဖတ်မတင်ဘူး ဆိုသည်က ကလေးပျက်ကျခြင်း ဒါမှမဟုတ် ဖျက်ချခြင်းကို ဆိုလိုသည်။
"အစ်မ ဘယ်နှယောက် ရခဲ့ဖူးတာလဲ?"
"ခုနစ်ယောက်"
ချင်းရှန်းက ရေသောက်နေရာမှ အရေအတွက်ကို ကြားလိုက်ရချိန် ရေများ ပြန်ထွက်တော့မလို ဖြစ်သွားသည်။
ကျန်းယွဲ့ဟုန်က အနည်းငယ် ရှက်နေကာ ဝမ်းနည်းစွာ ပြောလိုက်သည်။ "ခုနစ်ယောက်ဆိုတာ အရင်ယောက်ျားကို မပြောရဲခဲ့ဘူး။ နှစ်ယောက်လို့ပဲ သူ့ကို ပြောထားတာ သူတို့က မတော်တဆ ပျက်ကျသွားတယ်လို့ပဲ ပြောထားခဲ့တယ်"
ခုနစ်ယောက်ဆိုတာက ဘာအဓိပ္ပါယ်လဲ? အမျိုးသမီး အများစုက သူတို့ဘဝမှာ ကိုးခါ ကိုယ်ဝန်ဆောင်ပြီး နှစ်ခါ မွေးဖွားတာကို မလုပ်နိုင်ဘူး။နောက်ပိုင်းခေတ်ရဲ့ သားဖွားမီးယပ်ဌာနတွေမှာတောင် ဒီလိုကိစ္စမျိုးက ရှားပါးသည့်အတွက် ယခုလို ရှေးကျသည့် အချိန်တွင်တော့ ပြောစရာပင် မလိုပေ။
ချင်းရှန်းက အမြင်ကျယ်သူ ဖြစ်ပြီး ကျီယင်း ပုံစံ ဇာတ်လမ်းပြောသည့် အတန်းများ တက်ထားသူ ဖြစ်သည့်တိုင် အလွန်အံ့သြမိသေးသည်။ ဒါပေမယ့် သူမ၏ စိတ်ထဲမှ အရာကို ထိန်းချုပ်ကာ စိတ်ရှည်စွာ မေးလိုက်သည်။
ဒီကိစ္စက အလွန်ရိုးရှင်းသည်။ နောက်ပိုင်းခေတ်က အမျိုးသမီးများကဲ့သို့ သူတို့၏ ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ ဆေးရုံများတွင် ဖျက်ချကြသလို မဟုတ်ဘဲ သူမကိစ္စက သမီးမိန်းကလေးထက် သားယောက်ျားလေး လိုချင်ခြင်း ဖြစ်သည်။ရိုးသားစွာ ပြောရလျှင် သူမကလည်း ဒီလို မလုပ်ချင်ခဲ့ပေ။
ယခင်က သူမ၏ အမျိုးသား မိသားစုက သူမက မိန်းကလေးနှစ်ယောက် မွေးဖွားသည်ကို မြင်သည့်အတွက် သူတို့က ရှေ့ဖြစ်ဟော ဆရာထံ ယောက်ျားလေးမွေးရန် အဆောင်ယတြာ လုပ်ခဲ့သည်။ ထို့နောက် သူမက ဒုတိယအကြိမ် ကိုယ်ဝန်ရှိလာသည်။ သူမကိုယ်ဝန် သုံးလရှိချိန်တွင် သူမအမျိုးသား မိသားစုက သူမကို ဆရာဝန်ထံ ခေါ်သွားကာ ဆရာဝန်က သွေးကြောစမ်းကြည့်ကာ မိန်းကလေးဖြစ်မည်ဟု ပြောသည်။သူမက စ်ိတ်ရှုပ်ရသလို သူမအမျိုးသား မိသားစုက ပို၍ စိတ်ရှုပ်ရသည်။
သူမအမျိုးသား မိသားစုက သူမအတွက် စိတ်မကောင်း မဖြစ်နိုင်ဘဲ သုမက ဒီတစ်ခါ ကိုယ်ဝန်ဆောင်ပြီးလျှင် အနည်းဆုံး နှစ်နှစ်လောက်ထိ သားယောက်ျားလေး မမွေးနိုင်မည်ကို စိတ်ပူကြသည်။အမွေဆက်ခံသူ နေရာက မစောင့်နိုင်သလို မိန်းကလေး ထပ်မွေးသည်က ကျွေးရမည့် ပါးစပ်တစ်ပေါက် ပိုလာမည် ဖြစ်သည့်အတွက် သူတို့က လက်လျှော့လိုက်သည်။
သူမက အစပိုင်းမှာ မငြင်းဆန်ရဲပေမယ့် သူမ ခုနစ်ကြိမ်ဆက်တိုက် မိန်းကလေးများ ကိုယ်ဝန် ရှိလာသည်အထိ ဖြစ်လာခဲ့သည်။သူမ အမျိုးသား မိသားစုက အနာဂတ်ဟောကြားသူတစ်ဦး ငှားခဲ့ပြီး သူမက သားယောက်ျားလေး မမွေးနိုင်ဘူးဟု ပြောသည့်အတွက် သူတို့က သူမကို ကွာရှင်းခိုင်းခဲ့သည်။
သူမက စကားပြောရင်း ငိုနေကာ ချင်းရှန်းက နားထောင်နေရင်း ဒေါသထွက်လာသည်။ ဒါက လူသတ်မှုပဲ!
"အစ်မ ဘာလို့ သူတို့ကို မငြင်းခဲ့တာလဲ?"
"ကျွန်မ ကျွန်မ ကြောက်လို့ပါ.."
သူမက ဘာကိုကြောက်တာလဲ? သူမက အရိုက်ခံရမှာကို ကြောက်တာလား?ကွာရှင်းခံရမှာကို ကြောက်တာလား?သူမ သမီးနှစ်ယောက်ကို ဆုံးရှုံးရမှာ ကြောက်တာလား?အတင်းအဖျင်း အပြောခံရမှာကို ကြောက်တာလား?ချင်းရှန်းက သူမကို အပြစ်တင်ချင်ပေမယ့် ခဏတာ ငြိမ်သက်သွားခဲ့ရသည်။
သူမလျှောက်ခဲ့သော လမ်းက သူ့၏ ယခင်ဘဝက လျှောက်ခဲ့ရသော လမ်းပင်ဖြစ်နေသည်။အဝေးတစ်နေရာကလူနှင့် လက်ထပ်ထားသော အမျိုးသမီးတစ်ဦး၊ မိသားစုကလည်း အထောက်အပံ့မပေးသလို အလုပ်အကိုင် မရှိဘဲ လူထုအမြင်ကလည်း တစ်ဖက်ထဲကိုသာကြည့်ပြီး အမျိုးသားများနှင့်လည်း မယှဉ်နိုင်သူ တစ်ယောက်အနေနှင့် သူမက ငြင်းဆန်ဖို့ ဘာလုပ်န်ိုင်မှာလဲ?
အရေးအကြီးဆုံး အချက်က သူမငယ်စဉ်က သင်ကြားခဲ့သော ပညာရေး၊ သူမအနားမှ လူများနှင့် သူမမြင်သော အရာများက သူမကို သတ္တရှိရန် ငြင်းဆန်တတ်ရန် မသင်ပေးဘဲ အမိန့်နာခံရန်သာ သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
ဒါကို တွေးမိပြီး သူမက ချိုသာသောအသံဖြင့် သူမကို တစ်သျှူးနှစ်စ ပေးလိုက်သည်။ "ငိုလိုက်လို့ ရပါတယ်"
ဘာလို့ အမျိုးသမီးတစ်ယောက်က မငြင်းဆန်နိုင်ဘူးလား ဆိုတဲ့ မေးခွန်းက်ို ဆက်မေးနေမှာလဲ?ဘာလို့ စိတ်ဓာတ်မကောင်းတဲ့သူ ဖြစ်နေတဲ့ ယောက်ျားတွေကို အပြစ်မတင်ရတာလဲ?သူမ အမျိုးသား မိသားစုက စိတ်ဓာတ်မကောင်းတဲ့ သူတွေပဲ!
ပြန်ပြောနေလို့ ဘာရမှာလဲ? ဒီအတွက် အချိန်ဖြုန်းမယ့်အစား အခြားအရာတွေအတွက် အချိန်ကို အသုံးချသင့်သည်။
ဒီစကားက ကျန်းယွဲ့ဟုန်၏ မျက်ရည်များကို လမ်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။သူမက ကျယ်လောင်စွာ ငိုလိုက်သည်။သူမက ကလေးခုနစ်ယောက်ကို ဖျက်ချခြင်းအကြောင်း ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူးပေ။ ပြောပြခြင်းက သူမ အမေနှင့် အစ်ကို အပေါ် ဒုက္ခပေးမိသလို ဖြစ်လိမ့်မည်။ သူမတို့က လုပ်နိုင်စွမ်း မရှိသော သာမန် လူတန်းစားများ ဖြစ်ကြသည်။သူမ ခင်ပွန်းဟောင်း မိသားစုကို သူမက ဘာလုပ်နိုင်မှာလဲ?သူတို့က ရှင်သန်နိုင်မှာ မဟုတ်ဘူး။ဒါက သူမ၏ ကွဲကြေနေသော နှလုံးသားကို ဒဏ်ရာ ထပ်ပေးမိသလို ဖြစ်သွားမည်။
ဒါပေမယ့် ဒီနေ့မှာတော့ သူမက စကားပြောစရာ လူတစ်ယောက် ရှာတွေ့ခဲ့သည်။ဒီလူက သူမကို အားနည်းကာ ဘာမှ မလုပ်နိုင်ခဲ့သည့်အတွက် အပြစ်မတင်သလို သူမအမှားအတွက်လည်း မေးခွန်းမထုတ်ဘဲ သူမအပေါ် အပြစ်လည်း မတင်ပေ။ ထိုအစား သူမ၏ စိတ်ကို တည်ငြိမ်စွာ ထားရန်ပြောကာ ငိုချင်သလောက် ငိုရန် ပြောပေးသည်။