← Chapters

Chapter 67

Vol. 6 Ch. 67

Chapter 67

Vol. 6 Ch. 67

တစ်နာရီလောက်ကြာပြီးနောက် သူမအရှေ့တွင် မျက်လုံးများ မဖွင့်နိုင်လောက်အောင် ငိုနေသော အမျိုးသမီးကို ကြည့်ကာ ချင်းရှန်း၏ ဒေါသများ ပျောက်ကွယ်သွားရသည်။

အခြေအနေက မရှုပ်ထွေးပေ။ ဒါက ရိုးရှင်းသော သားအိမ်ချည့်သွားခြင်း ဖြစ်သည်။ ရှုပ်ထွေးသည်က ရောဂါ၏ ဖြစ်စဉ်ဖြစ်သည်။

ဒါက သူမ သောက်ခဲ့သော အချိန်တိုအတွင်း ကလေးရစေသော "ကလေးရစေသော လျှို့ဝှက်ဆေး"ကြောင့်ဖြစ်သည်။ထိုဆေးက သူမ၏ သားဥများကို နှိုးဆွကာ သန္ဓေအောင်ခြင်းကို ဖြစ်စေရန် လှုံ့ဆော်ကာ ဥလိုချင်၍ ငန်းကို သတ်နေသကဲ့သ်ို့ ဖြစ်သည်။ သူမက ဆက်တိုက် ကိုယ်ဝန်ဖျက်ချမှုများ ဖြစ်ခဲ့သည့်အတွက် သူမ၏ သားအိမ်ကို ထိခိုက်ကာ အခြေအနေက််ို ပိုဆိုးလာစေသည်။ သားဥအိမ်က အရေးအကြီးဆုံး အင်္ဂါတစ်ခုဖြစ်ကာ ဆံပင်တစ်မျှင်မှ တစ်ကိုယ်လုံးကို ရွေ့သွားနိုင်သည်။ သားဥအိမ် ပျက်စီးမှုကြောင့် ခန္ဓာကိုယ်အတွင်းရှိ အခြားသော အစိတ်အပိုင်းများကို ပျက်စီးစေနိုင်ကာ သူမက မကြာခဏ မူးဝေခြင်း၊ အားလျော့ခြင်း၊နာကျင် ကိုက်ခဲခြင်းနှင့် ဆံပင်ကျွတ်ခြင်းများ ဖြစ်စေနိုင်သည်။

သူမနှင့် ရင်ဖွင့်ပြောဆိုပြီးနောက် ချင်းရှန်းက သူမ၏ ရင်သားများကို စစ်ကြည့်ရာ တကယ်ကို ရှုံ့တွ ခြောက်ကပ်နေပြီး အသက်သုံးဆယ်အရွယ် အမျိုးသမီးများကဲ့သို့ မဟုတ်ပေ။ ထို့အပြင် သူမ၏ ကိုယ်ဝန် ဖျက်ချမှုအပြီး ဓမ္မတာ လာခြင်းက နည်းလာသလို အဖြူဆင်းခြင်းပင် မဖြစ်တော့ဘဲ လိင်စိတ်လည်း နည်းပါးလာသည်။ ဒါက အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း ဖြစ်သည်။

ခန္ဓာကိုယ်ရှ် အမွေးအမျှင်များ ကျွတ်ခြင်းနှင့် အဖြူမဆင်းတော့ခြင်းကို နှစ်ဝက်လောက် ကြုံတွေ့ခဲ့ရသည်မှာ ဒီရောဂါ၏ မရှောင်လွှဲနိုင်သော အကျိုးဆက်များ ဖြစ်သည်။ အမျိုးသမီး တစ်ယောက်၏ ပုံမှန် ကျန်းမာရေး အခြေအနေအရဆိုလျှင် သွေးဆုံးခြင်းက အသက် ၄၉နှစ် မတိုင်ခင်ထိ ဖြစ်လေ့မရှိပေ။ ဒါက လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက ဆေးပညာအရ သတ်မှတ်ချက်ဖြစ်ပြီး ခေတ်မီဆေးပညာ၏ သတ်မှတ်ချက်လည်း ဖြစ်သည်။

သူမက ၅၇နှစ် မဟုတ်ဘဲ ၃၄ နှစ်သာ ရှိသေးပြီး သွေးဆုံးသည့် အရွယ်သို့ ရောက်လာသည်မှာ သားအိမ် ပျက်စီးမှုကြောင့် ဖြစ်သည်။

ဒါပေမယ့် ယခု သူမက လက်ဖြင့် စမ်းသပ်ကြည့်ရာ သားအိမ်က သာမန် အရွယ်ရောက်ပြီး အမျိုးသမီး၏ သားအိမ်၏ ထက်ဝက်တောင် မရှိပေမယ့် သားဥအိမ်များက လက်ခံန်ိုင်ဖွယ်ရှိသေးသည့်အတွက် သားအိမ်ကသာ သိမ်သွားသည် ဖြစ်ပြီး သားဥအိမ်ကတော့ မဟုတ်ပေ။

လန်ဟဲ တစ်မြို့လုံးတွင် အာလ်ထရာဆောင်း ရိုက်သည့်စက် တစ်ခုမှ မရှိသည့်အတွက် သူမရောဂါကို ပုံဖော်ကြည့်ရန် ခက်ခဲသည်။ ကျန်းယွဲ့ဟုန်ကို ခရိုင်မြို့ကို ခေါ်သွားရန်က သွားလာရေး အဆင်မပြေသလို သူမ၏ ငွေကြေး အခြေအနေကလည်း အဆင်မပြေပေ။ သူမက မိသားစု ဓာတ်ပုံရိုက်ရန်ပင် မတတ်နိုင်ပေ။

ထို့နောက် သူမက အခြားသူများ၏ အုပ်ထိန်းမှုအောက်တွင် နေရသည့်အတွက် ဆေးကုသမှု ခံယူရန် သွားလျှင် သူမအစ်ကိုနှင့် ယောက်မကို ဖြေရှင်းချက် ပေးရမည်။ထိုအခါ သူမ မသိစေချင်သော ရောဂါအကြောင်းကို သူတို့က သိသွားကြမည် ဖြစ်သည်။ ဒါက လူနာ၏ စိတ်ပိုင်းဆိုင်ရာကို ထိုးနှက်မှုတစ်ခု ဖြစ်သွားစေလိမ့်မည်။

အတော်ကြာ တွေးပြီးနောက် ချင်းရှန်းက သတ္တိရှိရှိလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ဘာလို့ သူမက ဒီ TCM ရောဂါလက္ခဏာက မှန်မမှန် သိရရန် အနောက်ပိုင်း ဆေးပစ္စည်း ကိရိယာများကို သုံးရမှာလဲ? နှစ်ပေါင်း ၂၀၀၀ လောက်က တရုတ်လူမျိုးများတွင် အာလ်ထရာဆောင်းစက် မရှိသည့်အတွက် ရောဂါကို မကုသနိုင်ခဲ့ပေ။

"အစ်မယွဲ့ဟုန် အစ်မရဲ့ ရောဂါက သားအိမ်သိမ်သွားတာပဲ။ မြန်မြန် မကုဘူးဆိုရင် အရွယ်မတ်ိုင်ခင် သားဥအိမ် ပျက်စီးခြင်း ဖြစ်သွားနိုင်တယ်"

ကျန်းယွဲ့ဟုန်က သူမပြောသွားသည်က ဘာကိုပြောသည်ကို မသိသည့် အမူအရာ ဖြစ်နေသည်။

ချင်းရှန်းက စိတ်ရှည်စွာ ရှင်းပြပြီး သတိပေးလိုက်သည်။ "အရွယ်မတ်ိုင်ခင် အသက်ကြီးတဲ့ အဆင့်ကို ရောက်သွားရင် အစ်မ ဘယ်တော့မှ ဓမ္မတာ ပေါ်တော့မှာ မဟုတ်ဘူး။ သေချာ စဉ်းစားပါ အစ်မက ၃၄နှစ်ပဲ ရှိပါသေးတယ်"

ဓမ္မတာ ပေါ်ခြင်းက အမျိုးသမီးများအတွက် တစ်ခါတစ်ရံ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပေမယ့် ဒါက ကိုယ်ခန္ဓာအတွက် အရေးကြီးသည်။ ရပ်လိုက်လျှင် အချို့အမျိုးသမီးများက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများ ကြုံလာနိုင်ပြီး သူတို့၏ သိက္ခာကို ထိခိုက်စေနိုင်သော ရင်သားများ နာကျင်သော ဒဏ်ကို ခံရလိမ့်မည်။

ကျန်းယွဲ့ဟုန်က စိတ်ရှုပ်သွားသည်။ "ကျွန်မက ဒါကို အာဟာရ ချ်ိူ့တဲ့တာလို့ ထင်ခဲ့မိတာ။ အခြေအနေ ကောင်းလာရင် သူ့ဘာသာ ပြန်အဆင်ပြေသွားမယ်လို့ ထင်ခဲ့တာ"

ချင်းရှန်းက ခေါင်းခါလိုက်ပြီး ရောဂါ အနေအထားကို သေချာ ရှင်းပြလိုက်သည်။ "ပိုအရေးကြီးတာက အကျိုးဆက်တွေပဲ။ အစ်မက နောက်ဆယ်စုနှစ်တွေအထိ ဓမ္မတာ မလာတာကို လက်ခံလို့ရပေမယ့် မျက်နှာတစ်ခုလုံး အရေးအကြောင်းတွေ ပေါ်လာမှာကို လက်ခံနိုင်ရဲ့လား၊ အသက်လေးဆယ် မတ်ိုင်ခင် ဆံပင်တွေ ဖြူလာမယ်၊ မေ့တတ်လာပြီး လူကြီးရောဂါတွေ ဖြစ်လာနိုင်တာက်ို လက်ခံနိုင်ရဲ့လား?

ကျန်းယွဲ့ဟုန်က ခေါင်းခါလိုက်သည်။

ချင်းရှန်းက အချိန်မှန်ဟု တွေးမိကာ ပြောလိုက်သည်။ "ဒီရောဂါက အစ်မရဲ့ ရေရှည် ပူးပေါင်းပါဝင်မှု လိုအပ်တယ်။ ဆေးနှစ်ကြိမ် သုံးကြိမ် သောက်ရုံနဲ့ အလုပ်မဖြစ်ဘူး။ အစ်မ သေချာ စဉ်းစားဖို့ လိုအပ်တယ်"

"ကျွန်မ စိတ်ပိုင်းဖြတ်ပြီးပြီ။ ကျွန်မ ကုသမှူ ခံယူမယ်။ကျွန်မ ကလေး မလိုချင်ပါဘူး။ ပုံမှန် အမျိုးသမီး တစ်ယောက်လိုပဲ နေချင်တာပါ။ ကျွန်မ.."

သူမက ငိုလိုက်ပြန်သည်။

ချင်းရှန်းက သူမကို အလျင်အမြန်ပဲ အကြံဉာဏ်များ ပေးကာ ကုသမှုအကြောင်း ပြောလိုက်သည်။ "အစ်မလို ရောဂါအတွက် အဓိက ကုသမှုက အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးပြီး သားအိမ်ရဲ့ လုပ်ဆောင်မှုတွေကို အားဖြည့်ပေးဖို့ပဲ။ ဒါပေမယ့် ကျောက်ကပ် အားဆေးတွေက စျေးကြီးလွန်းလို့ အစ်မကို နှလုံးကနေစပြီး ကုသပေးဖို့ ကျွန်မ တွေးထားတယ်။"

သမင်ဦးချိုနဲ့ မှိုတွေက နောက်ပိုင်းခေတ်မှာတောင် နာမည်ကြီးနေသေးတဲ့ ဆေးများ ဖြစ်သည်။

"ဘယ်လို ပြောချင်တာလဲ?"

"သွေးကြောတွေ အားလုံးက နှလုံးက လာတာ ဖြစ်ပြီး ဆက်စပ်နေကြတယ်။ ဒါကြောင့် နှလုံးကို အရင် အားဖြည့်ပေးဖို့လိုတယ်။ နှလုံးသွေးကြောတွေ ပွင့်သွားပြီး သွေးကောင်းကောင်း လည်ပတ်မယ်ဆိုရင် သားအိမ်ပြွန်တွေကလည်း သွေးလည်ပတ်မှုကောင်းပြီး သန်မာလာမယ်။ ဒါက သိမ်နေတဲ့ သားအိမ်ကို အားပြန်ပြည့်စေတယ်" ဒါက မတူညီသော ချည်းကပ်မှု ဖြစ်သည်။

တရုတ်ရိုးရာ နည်းအရတွေးလျှင် ကျောက်ကပ် ခုခံအား တိုးစေရန် ကျောက်ကပ်အားဆေးနှင့် ကုရမည်ဖြစ်ပြီး ကျောက်ကပ်အားဆေးက ချက်ချင်း အစွမ်းပြပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု ဖြစ်သော လူနာအတွက် အဆင်ပြေသည်။ ဒါပေမယ့် လူနာက ငွေကြေးအင်အားလည်း မရှ်ိသလို အာလ်ထရာဆောင်းလည်း မရိုက်နိုင်ပေ။ သူမက အတွေးပြောင်းကာ အခြေအနေကို ကယ်တင်နိုင်ရန် နည်းလမ်းရှာဖွေလိုက်သည်။

သူမ၏ လူနာရှင်းပြချက်များ ပြီးသည့်တိုင် ကျန်းယွဲ့ဟုန်က နားမလည်သေးသော်လည်း ဒေါက်တာ ရှောင်ချင်းက သူမကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် ကုသပေးမည်ဟု ယုံကြည်သည်။ သူမက ကျေးဇူးတင်မိသဖြင့် မတ်တပ်ရပ်၍ ပြောလိုက်သည်။

"ဒီရောဂါက ကုသလို့ မရရင်တောင် ဒေါက်တာရှောင်ချင်းက ကျွန်မရဲ့ ကျေးဇူးရှင်ပါပဲ"

ထို့နောက် ချင်းရှန်းက ကျန်းယွဲ့ဟုန်အား နှလုံး သွေးလည်ပတ်မှုကောင်းစေရန် ဆေးအမျိုးပေါင်းများစွာ ပါဝင်သော ဆေးအညွှန်းကို ရေးပေးလိုက်သည်။ ဆေးများက စျေးမကြီးသလို ကျန်းမာရေး စင်တာတိုင်းတွင် ရှာဖွေ ဝယ်ယူ၍ ရသည်။

ကျန်းယွဲ့ဟုန်က ဆေးညွှန်းကိုယူကာ ဆေးဆိုင်တွင်ပြပြီး ဆေးဝယ်ယူရန် စောင့်နေလိုက်သည်။ ထိုအခါမှ နေ့လည်ခင်း အတန်းက စနေပြီဖြစ်ပြီး သူမက နေ့လည်စာကိုပင် မစားရသေးသည်ကို ချင်းရှန်း သိသွားသည်။

ကံကောင်းစွာနဲ့ ဆေးခန်းတွင် ချိုချဉ်များ ရှိနေသည့်အတွက် သူမက တစ်ခုယူကာ ပါးစပ်ထဲ အရင်ထည့်ထားလိုက်သည်။ စားသောက်ဆိုင်တန်းက ပိတ်လောက်ပြီ ဖြစ်သည့်အတွက် သူမက အိမ်ပြန်ကာ သွားစားရမည် ဖြစ်သည်။

ရာသီဥတုက အေးလာပြီ ဖြစ်ပြီး ချင်းကွေ့ဟွားက ဂေါ်ဖီထုပ် အနည်းငယ်နှင့် ပန်းဂေါ်ဖီများကို စိုက်ပျိုးထားပြီ ဖြစ်ပြီး မုန်လာဥနီများကတော့ ပြောစရာကို မလိုဘဲ နေရာတိုင်းတွင် ရှိနေပြီ ဖြစ်သည်။ သူမက နေအပူချိန်ကို ဂရုမစိုက်ဘဲ ရသမျှ နည်းနည်းချင်း စိုက်ပျိုးနေသည်။

ထင်ထားသည့်အတိုင်း အိမ်တွင် ဘယ်သူမှ မရှိပေမယ့် ချင်းရှန်းက ဗိုက်အဆာ မခံနိုင်ပေ။ သူမက ကြက်ဥ နှစ်လုံးကိုယူကာ ကြွပ်ရွနေအောင် ကြော်လိုက်သည်။ထို့နောက် ကျန်နေသော ဆီနှင့် အာလူးကြော်လိုက်သည်။ထို့နောက် သူမက ခေါက်ဆွဲများကို ယူကာ ခေါက်ဆွဲတစ်ပန်းကန် စားရန် လုပ်လိုက်သည်။

အသိစိတ်လွတ်စေသော ငရုတ်သီးအနှစ်လည်း မပါမဖြစ်ဖြစ်သည်။ မနေ့က အဘွားက တစ်မိသားစုလုံးအတွက် ဟင်းချက်ဆီများကို အစားအသောက်ဝေသည့် နေရာတွင် သွားယူပေးခဲ့သည်။ ညနေတွင် သူမက ငရုတ်အနှစ်များ လုပ်ခဲ့သည်။ ချင်းရှန််းက တစ်ဇွန်းယူ၍ ထည့်လိုက်ရာ ခေါက်ဆွဲ တစ်ပန်းကန်လုံး နီရဲသွားသည်။

သူမ စတင်၍ စားသောက်နေချိန်တွင် ဘေးအိမ်မှ ဆူညံသံများ ကြားလိုက်ရသည်။ ချင်းရှန်းက ပန်းကန်လုံးကိုယူကာ ပြတင်းပေါက်ကို မှီလိုက်ပြီး အပျော်သဘောအဖြစ် ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဒီနေ့၏ အဓိက ဇာတ်ဆောင်များမှာ လျိူပေါင်ကျူးနှင့် ကျောက်ချင်းစုန့်တို့ ဖြစ်ကြသည်။ ဒါပေမယ့် ဒီတစ်ခါ ပြသနာက ကလေးယူမည့်ကိစ္စမဟုတ်ဘဲ မုဆိုးမလျိုက လျိုပေါင်ကျူးကို သတိရ၍ သူမထံလာလည်ရန် စာပို့ခြင်း ဖြစ်သည်။ လျိုပေါင်ကျူးက သူ့အဘွားထံ သွားချင်သော်လည်း ကျောက်ချင်းစုန့်က သူ အလုပ်ခရီး ထွက်ရမည် ဖြစ်၍ ကလေးထိန်းရန် လူမရှိသောကြောင့် မသွားခိုင်းပေ။

လျိုပေါင်ကျူးက လူကောင်းတစ်ယောက် မဟုတ်ပေမယ့် သူမအဘွားကို အရမ်းချစ်သည်။ သူ့အဘွား မဆုံးခင် ဓားမိုးများ ရွာချလျှင်တောင် သွားတွေ့မည် ဖြစ်သည်။

ကျောက်ချင်းစုန့်က သူ၏ ကိစ္စကိုသာ ဦးစားပေးကာ ကိစ္စကြီးကြီး သေးသေး သူ၏ ကိစ္စက်ိုသာ လုပ်ချင်သည့်အတွက် ရေရှည် အငြင်းပွားစရာများ ဖြစ်လာသည်။

ချင်းရှန်းက သက်ပြင်းချကာ စားထားသော ခေါက်ဆွဲပန်းကန်ကို ဆေးလိုက်သည်။ သူမက ဘေးအိမ်မှ ရန်ဖြစ်သံကို ရယ်စရာအဖြစ် မမြင်တော့သောကြောင့် နားမထောင်တော့ဘဲ အလုပ်ကို သွားရန် လုပ်လိုက်သည်။

ဒါရိုက်တာချင်က ဆရာဝန်နှင့် တွေ့ခဲ့သည့်အတွက် သူမ နေ့လည်စာ မစားရသေးသည်က်ို သိသည်။ ဒါကြောင့် သူမ နောက်ကျနေလျှင်တောင် သူက ဘာမှ မပြောပေ။

"ရောက်လာပြီလား?"

သူမက မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ရေနွေးကြမ်း သောက်ပြီး အမောဖြေလိုက်သည်။

"မင်း ဆေးကုသခွင့် လိုင်စင် ရသွားပြီကြားတယ်"

ချင်းရှန်းက ခေါင်းငြိမ့်လိုက်သည်။ သူက စာအုပ်ကို ရပြီးတာတောင် ဘာလို့ မေးနေသည်ကို သူမက နားမလည်ပေ။

ဒါပေမယ့် ဒါရိုက်တာချန်၏ နောက်ထပ်စကားများကို မစောင့်တော့ဘဲ သူမက လက်နောက်ပစ်ကာ သတင်းစာကို လက်ကြားညှပ်ပြီး အိပ်မည့်နေရာကို ရှာသည့်ပုံစံနှင့် ထွက်သွားလိုက်သည်။

ချင်းရှန်းတွင် သူမနားမလည်သော ကိစ္စများကို အချိန်ဆွဲမနေတတ်သော အကျင့်ကောင်း ရှိသည်။ ဘယ်သူမှ မရှိချိန်တွင် သူမက မှတ်စုစာအုပ်တွင် ကျန်းယွဲ့ဟုန်၏ ဆေးအချက်အလက်များကို ချရေးထားလိုက်သည်။ ထို ဆေးမှတ်တမ်းများက တကယ်ကို အရေးပါသည်ဖြစ်ပြီး အနာဂတ်တွင် အသုံးဝင်မည်ဟု သူမက တွေးထားသည်။

ဒါက အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု ဖြစ်နေသော လူနာအဖြစ် သူမ ပထမဆုံးတွေ့ဖူးသော လူနာဖြစ်သည့်အတွက် လေ့လာရန် လိုအပ်သည်။ ခေတ်မီ ဆေးပညာတွင် ဒီလို လူနာများကို ဟော်မုန်းကုသမှု လုပ်ပေးသည်။သူမက ဟော်မုန်းဓာတ်နှင့် သားဥများကီု အားဖြည့်သည့်ဆေး မသုံးဘဲ ငွေကြေးတတ်နိုင်သော တရုတ်ရိုးရာဆေးဖြင့် ကုသရန် နည်းလမ်းကို ရှာနေသည်။

အချိန်များ ကုန်ဆုံးသွားပြီး ပိတ်ရက် ရောက်လာသည်။ဒါက ရှားပါးသည့် ပိတ်ရက်ဖြစ်သည်။ ရာသီဥတုက အေးလာသည့်အတွက် ချင်းရှန်းက မိသားစုအတွက် အဝတ်ချုပ်ရန် ဂွမ်းထည်များ ဝယ်ရန် မြို့ပေါ်သွားရန် စီစဉ်ထားသည်။

သူမ၏ အကြီးဆုံးအစ်မက ဒီမှာနေတာ ကြာပြီဖြစ်ပြီး ခုထိ အဝတ်သစ်များ မဝယ်ရသေးသည့်အတွက် သူမက လုပ်ပေးချင်မိသည်။

ပြီးတော့ သူမ၏ အစ်မက အစားအသောက်များကို အိမ်ပြန်၍ မစားသော်လည်း သူမ၏ လစာများကို သူမအဘွားအား စုဆောင်းရန် ပေးထားသည်။ ဒါက နေထိုင်စရိတ်ဟု ပြောပေမယ့် တကယ်မှာတော့ သူမတို့ အစားအသောက် မလုံလောက်မည်ကို စိုးရိမ်၍ အရံအနေဖြင့် ပေးထားခြင်း ဖြစ်သည်။

သူမက မိသားစုနယ်မြေ၏ အပြင်ကို ထွက်လိုက်သည်နှင့် ကားဂိတ်ရှိသည်။ ထိုနေရာတွင် မနက် ၈နာရီတိုင်း စက်ရုံနယ်မြေနှင့် မြို့ကို ပြေးဆွဲသော ကားရှ်ိသည်။ သူမက ဝန်ထမ်းကတ်ဖြင့် ထိုကားကို အလကား စီးနိုင်သည်။

"ဟေး လိုင်တိ ကားစောင့်နေတာလား?" ချင်းရှန်းက အသံပိုင်ရှင် ဘယ်သူဆိုတာ လှည့်ကြည့်စရာမလိုဘဲ သိနိုင်သည်။

လျိုပေါင်ကျူးက အပွင့်ဆင်အင်္ကျီကို ဝတ်ထားကာ စက်ဘီးနောက်တွင် ထိုင်ပြီး ကျောက်ချင်းစုန့်၏ ခါးကို ဖက်ထားသည်။ သူမက ပေါင်၂၀၀ လောက် ရှိသော ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်စွာ ခြေထောက်များကို လှုပ်ရမ်းနေသည်။

သူမက ဘာလို့ မပျော်ရွှင်ရမှာလဲ? ယခု ကျောက်ချင်းစုန့်က ရာထူးတက်ကာ လစာတိုးရသလို မကြာခဏ အိမ်လာသည့်အတွက် သူမက ခင်ပွန်းနှင့် ကလေးနှင့်အတူ နွေးထွေးစွာ နေရသည်။ ချင်းရှန်းက နေ့တိုင်း အလုပ်သွား အလုပ်ပြန် လုပ်ကာ အိပ်ရန်စားရန် အချိန်ပင် မရှိဘဲ အလုပ်ရှုပ်နေသည်ကို ကြည့်ကာ သူမက ဂုဏ်ယူမိသည်။ ပြီးတော့ ဒီရက်ပိုင်း သူမက ဂုဏ်ယူစရာ အခြားတစ်ခု ရှိနေသေးသည်။

သူမက သူမ၏ လက်ဖြင့် ဗိုက်ကို မကြာခဏ ထိနေသည်။

သူမက ဓမ္မတာ လာသင့်သည်မှာ ယခင် အပတ်ထဲက ဖြစ်ပြီး ယခုထိ မလာသေးဘဲ ရက်အတော်ကြာ နှောင့်နှေးနေသည်။ သူတို့ စုံတွဲက အိပ်ယာပေါ်မှ ကိစ္စများကို အတော်များများ လုပ်ထားသည့်အတွက် သူမက ဘယ်လိုလုပ် မတွေးဘဲ နေနိုင်မှာလဲ?

သူမက ကျောက်ချင်းစုန့်နှင့် ကလေးယူမည့် အကြောင်းကို တွေးမိလျှင် သူမက ကျောက်ဟိုင်ယန်းနှင့် ကျောက်ဟိုင်ယန်ကို ဂရုစ်ိုက်၍ သူတို့သဘောကျအောင်နေရန် မလိုတော့ကြောင်း တွေးမိကာ ပျော်ရွှင်မိသည်။

သူမသားသမီးကသာ သားသမီးအရင်းဖြစ်၍ အနာဂတ်တွင် သူမနှင့်သာ တရင်းတနှီးနေမည်။

ကျောက်ချင်းစုန့်က ချင်းရှန်း၏ ဘေးကို စက်ဘီးနင်းလာကာ ပြောလိုက်သည်။ "ရှောင်ဟဲ မလိုက်ဘူးလား?"

"ရှင့်အတွေးတွေ ရောထွေးနေပြီ။ ရှောင်ဟဲက အဲ့ဒီကိုသွားဖို့ ကားစီးရမယ်လေ။ သူတို့မှာ စက်ဘီးမရှိဘူးလေ"

လျိုပေါင်ကျူးက ဆူလိုက်သည်။

ထိုအချိန်တွင် စက်ဘီးများက တကယ်ကို ရှားပါးသောအရာ ဖြစ်သည်။ ဝူလိထန် တစ်ခုလုံးတွင် ခေါင်းဆောင်၏ အိမ်တွင်သာ တစ်ပတ်ရစ် တစ်စီးရှိသည်။ ချင်းရှန်းက လျိူပေါင်ကျူး ဘာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောနေသည် ဆ်ိုသည်ကို သိသော်လည်း ဘာမှ မပြောခဲ့ပေ။ သူမက သူတို့စုံတွဲကို ခေါင်းအစခြေအဆုံး တစ်ယောက်ကို တစ်ကြိမ် ကြည့်လိုက်သည်။

ထို့နောက် သူမက ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

လျိုပေါင်ကျူးတွင် ကြွားဝါတတ်သည့် ပြသနာ ရှိသည်။ ငယ်ငယ်ကပင် သူမက လိုင်တိကို ပစ္စည်းကောင်းများ ထုတ်မကြွားရလျှင် ရက်အတော်ကြာ အိပ်မပျော်နိုင်ပေ။ ဒီတစ်ကြိမ်တွင်လည်း ဒီစက်ဘီးနှင့် ဒီလူက သူမအတွက် ကောင်းသောအရာများ ဖြစ်သည်။ လိုင်တိက ငယ်စဉ်ကလို အားကျမှုများ မဖော်ပြသည့်အတွက် သူမက အနည်းငယ် စိတ်ပျက်မိပြီး သူမက ဒီလိုကြည့်သည်ကို မြင်ရသောအခါ သူက စိတ်မသက်မသာ ခံစားရသည်။

ဒီအကြည့်က ဘာသဘောလဲ? သဘောမကျတာလား? ခနဲ့ချင်တာလား?

ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက သူမ လိုချင်သောအရာ မဟုတ်ပေ။ အထူးသဖြင့် သူမ အကြည့်များက "ဒါအကုန်ပဲလား" ဟူသော ပုံစံ ပေါ်နေသဖြင့် သူမ၏ စက်ဘီးကပင် မကောင်းတော့သလို သူမက တွေးမိလာသည်။

ပြီးတော့ သူမက ကျောက်ချင်းစုန့်က သူ့ကို အဘွား၏ နောက်ဆုံးအကြိမ်အား သွားမတွေ့ခိုင်းခဲ့သည့်အတွက် ပြန်ပြေလည်ရန် ဒီစက်ဘီး ဝယ်ပေးသည်ကို သူမက စိတ်မလုံသလို ခံစားရသည်။

အဘွား၏ သေဆုံးမှုက စက်ဘီးနှင့် ဘာမှမဆ်ိုင်ပေမယ့် လိုင်တိ၏ အကြည့်က သူမကို စိတ်မလုံ ဖြစ်စေသည်။သူမက သူတို့ရန်ဖြစ်ထားသည်ကို သိနေကာ သူက စက်ဘီးတစ်စီးနှင့် စည်းရုံး၍ ရသူဖြစ်သည်ကို သိထားပုံ ပေါ်သည်။

ကျောက်ချင်းစုန့်က သူမ၏ ခြေထောက်ကို သတ်ိမထားမိဘဲ ကွေ့လိုက်သည်။ သူက ခြေနင်းကို အားထည့်နင်းကာ ဘီးများ ပူသွားသည်အထိ ကွေ့လိုက်သည်။ သူမက သတိမထားမိဘဲ ပြုတ်ကျတော့မလို ဖြစ်သွားသည်။လျိူပေါင်ကျူးက အလွန်ဒေါသထွက်ကာ သူ့ကို ရိုက်လိုက်သည်။

"ဘာလို့ ဖြည်းဖြည်း မလုပ်ရတာလဲ?" သူမ၏ ဗိုက်က ယခု အလွန်တန်ဖိုးရှိသည်။

"မင်းကမှ သေချာ မထိုင်တာလေ"

လျိုပေါင်ကျူးက ဒေါသထွက်မိပေမယ့် သူ့ကို ပြသနာ မရှာရဲပေ။ ဒီလူက သူ့ဂုဏ်သိက္ခါကို အလွန်တန်ဖိုးထားသည်။ လမ်းပေါ်တွင် သွားလာနေသော သူများ ရှိသည်။ ပြီးတော့ သူမက ကိုယ်ဝန်ရှိမရှ်ိ အတည်မပြုရသေးသည့်အတွက် သူ့ကို စိတ်မဆိုးနိုင်ပေ။ သူမက နောက်မှ မြို့က ကျန်းမာရေး စင်တာတွင် ဆေးသွားစစ်မည်။ သူမ ဘယ်လောက်ထိ အင်အားရှိသည်ကို ကျောက်ချင်းစုန့်ကို ပြချင်နေသည်။

ချင်းရှန်းက ရင်ထဲမှ တိတ်တဆိတ် ရယ်မောမိသည်။သူက အရင်ဘဝတွင် အရမ်း ရိုးရှင်း ကြမ်းတမ်းခဲ့ပုံ ပေါ်သည်။ ယခု သူက လျိုပေါင်ကျူးလို လူမျိုးနှင့် ဆက်ဆံရသောအခါ သူမကို လစ်လျူရှူလျှင် သူမက သူမကို လစ်လျူရှုသည်ဟု ပြောဆိုလိမ့်မည်။ သူမကို အော်ဟစ်လိုက်လျှင် သူမက ငိုယိုကာ သူမယောက်ျားကို သွားပြောပြီး သူ့ကို မကောင်းသည့်သူအဖြစ် မြင်အောင်လုပ်မည်။ ဒါကြောင့် သူက သူမကို ယင်-ယန် နည်းလမ်းဖြင့် ဆက်ဆံရမည်။

သူမက ယင်နှင့် ယန်ကို သဘောကျသည့်အတွက် သူက ဒါက်ိုသုံးကာ သူမကို ဆက်ဆံပြောဆိုပြီး စိတ်မသက်မသာ ဖြစ်အောင်လုပ်မည်။ သူမက စိတ်မသက်မသာ ဖြစ်မိပေမယ့် ဘာလို့လဲဆိုတာ သိမှာ မဟုတ်ဘူး။

ချင်းရှန်းက သူမ အပြစ်ရှိစိတ် ခံစားနေရသည်ကို ဂရုမစိုက်ပေ။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ရာ နေမြင့်နေပြီ ဖြစ်ပြီး ကားက မလာသေးသည့်အတွက် ဆက်စောင့်နေရမည်ကို တုံ့ဆိုင်းနေသည်။

All Chapters