Chapter 68
Vol. 6 Ch. 68
"ဒေါက်တာချင်း ကားစောင့်နေတာလား?" လီယွိဟွာက ပုံစံ၅၈ စက်ဘီးသစ်ဖြင့် အနောက်မှ ပေါ်လာသည်။
"ဟုတ်တယ် ကျွန်မ ဂွမ်းထည် ရမလားလို့ မြို့ပေါ်သွားကြည့်ချင်တာ"
လီယွိဟွာတို့ ဇနီးမောင်နှံက နှစ်ယောက်လုံး အလုပ်ရှိပြီး ကလေးတစ်ယောက်သာ ရှိသည်။ သူမက တောက်ပြောင်နေသော အနောက်ခုံကို ပုတ်ပြပြီး ပြောလိုက်သည်။။"တက်ပါ"
နောက်ခုံ၏ သားရေအနံ့က အစစ်တော့ ဟုတ်ပုံမပေါ်ပေ။ ချင်းရှန်းက တွေဝေမနေဘဲ တက်လိုက်သည်။ "အစ်မ ဒါက စက်ဘီးအသစ်လား?"
"ဟုတ်တယ်။ စက်ဘီးရဲ့ ရှေ့ဘီးက ပျက်စီးသွားပြီး ပြန်ပြင်လို့ မရဘူး။ ပစ္စည်းတွေကလည်း အစားထိုးရမှာမလို့ ငွေကလည်း အနှေးနဲ့အမြန် ကုန်မှာပဲလို့ တွေးမိတယ်။နည်းနည်းစောပြီး ဝယ်လိုက်ရင် ကလေးလည်း စောစော ပျော်ရမှာလေ...."
သူမက နိုင်ငံရေးသမား၏ ဇနီးဖြစ်ရန် ထိုက်တန်သည်။သူမက သူမ၏ ပစ္စည်းကို ကြွားဝါနေပေမယ့် သူမ ပြောနေသည်က နားဝင်ချိုပြီး အပိုအလို မရှ်ိပေ။
ချင်းရှန်းက သူမနှင့် စကားစမြည် ပြောလိုက်ပြီး မကြာခင်ဘဲ လန်ဟဲမြို့သို့ ရောက်သွားသည်။ လီယွိဟွာက အလုပ်ကိစ္စနှင့် လာသဖြင့် သူတို့က လန်ဟဲမြစ်တွင် လမ်းခွဲခဲ့ကြသည်။
လီယွိဟွာ၏ စက်ဘီးအသစ်ကိုကြည့်ကာ ချင်းရှန်းက သူမလည်း သူမငွေဖြင့် ဝယ်ချင်လာသည်။
ချင်းရှန်းက သူမအဘွားအတွက် စက်ဘီး ဝယ်ပေးချင်သည်။ ဒီလိုဆိုလျှင် မြို့ပေါ်သွားနေရသော အချိန်များ မကုန်တော့ဘဲ သီးသန့်စိုက်ခင်းသို့ သွားနိုင်မည် ဖြစ်သည်။
ကံဆိုးစွာပဲ စက်ဘီးများက ရှားပါးပြီး စျေးကြီးသည်။ချင်းရှန်းက မှောင်ခိုစျေးကွက်တွင် ရှာပေမယ့်လည်း တစ်ခုမှ မရခဲ့ပေ။ သူမက တကယ်ပဲ လီယွိဟွာ၏ စက်ဘီးကို လိုချင်မိသည်။
တိုက်ဆိုင်စွာပဲ သူမက နေ့လည်ခင်းက ထိုအကြောင်းကို တွေးနေစဉ် အိုက်လန်က ညဘက် ရောက်လာသည်။ ဒါပေမယ့် သူမက အလွန်ထူးဆန်းကာ အဘွားထွက်သွားသည်အထိ စောင့်ပြီး တီးတိုးပြောလိုက်သည်။ "ဒီနေ့ ဒီကိုလာတာက ဆွေးနွေးစရာလေး ရှိလို့ပါ"
ချင်းရှန်းက မတ်မတ်ထိုင်လိုက်ပြီး ချင်းဖန်ကလည်း ဘောပင်ကို ချလိုက်သည်။
"အဘွားအတွက် စက်ဘီး ဝယ်ပေးချင်လို့" အိုက်လန်က နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်သည်။
"အဘွားက မနက်တိုင်း စောစောထပြီး နောက်ကျမှ အိပ်ယာဝင်ရတာ တကယ်ကို မလွယ်ကူဘူး။ သူက မနက် မြို့ကို သွားဖို့ ကားစီးနေရတာ ခက်ခဲတယ်။ပြီးတော့ ဟင်းသီးဟင်းရွက်ခြင်း အလေးကြီးတွေလည်း မသယ်န်ိုင်ဘူးလေ"
စိုက်ပျိုးထားသော ဂေါ်ဖီထုပ် ကြက်သွန်နီ၊ ချင်းနှင့် ကြက်သွန်ဖြူ အားလုံးက အပင်ပေါက်လာပြီ ဖြစ်ပြီး အဘွားက ဒါတွေကို လန်ဟဲမြို့ရဲ့ မှောင်ခိုစျေးကွက်တွင် တိတ်တဆိတ် သွားရောင်းနေသည်။ လူသိသွားမည်ကို စိတ်ပူသဖြင့် သူမက မနက်စောစောထွက်ကာ ထိုပစ္စည်းများကို အလေးခံ၍ ကျောပေါ်တွင် သယ်သွားတတ်သည်။
"ဟုတ်ပြီလေ လက်ခံတယ်။ အစ်မတို့ ဝယ်မယ်ဆိုရင် အမျိုးသမီးစီး အသစ်တစ်စီး ဝယ်ကြတာပေါ့"
ချင်းပန်က သူမ၏ မုန့်ဘူးထဲမှ ငွေစာရွက်များ ထုတ်ယူလိုက်သည်။ "ဒါက နှစ်ဆယ့်ရှစ်ယွမ်ပါ။ ဒါနဲ့ အဘွားအတွက် ဝယ်ပေးလိုက်ပါ"
ချင်းအိုက်လန်က ရယ်လိုက်သည်။ "အပြောင်အပျက် မလုပ်နဲ့ စတုတ္ထကလေး။ ငွေက အမပေးပါမယ် စက်ဘီး လက်မှတ်ကတော့ မင်း တတိယအစ်မက နည်းလမ်း ရှာလိမ့်မယ်"
စက်ဘီးလက်မှတ်များက အလွန်ရှားပါးပြီး လီယွိဟွာ မိသားစုတောင်နှ တစ်ခုရရန် အတော်စောင့်လိုက်ရသည်။
ချင်းရှန်းက တုန့်ဆိုင်းမနေဘဲ လက်ခံလိုက်သည်။ "ဟုတ်ပြီလေ ကျွန်မ နည်းလမ်းရှာလိုက်မယ်"
ညဘက်တွင် သို့သို့ အိပ်ပျော်သွားသောအခါ သူမက လောင်ဟဲကို ဒီကိစ္စအကြောင်း ပြောပြလိုက်သည်။ သူက ဒါကို ခက်ခဲသောကိစ္စဟု မထင်မှတ်ထားပေ။ "ဟုတ်ပြီ ကိုယ့်ဆီက သတင်းစောင့်နေပါ"
စက်ဘီးလက်မှတ်များက ရှားပါးပေမယ့် သူက စက်ရုံတွင် နာမည်ကြီးသလို ပြင်ဆိုင် အတော်များများမှ လူများကိုလည်း ကူညီဖူးသည်။ တစ်ယောက်ယောက်က လိုအပ်သောအရာ ရှိလျှင် သူက ကူညီပေးရန် အမြဲ ဆန္ဒရှိသည်။ သူမေးမြန်းလျှင်လည်း သူတို့ထံမှ သိရနိုင်သည်။
အဓိက အရာကတော့ သူ၏ ကြင်နာတတ်သော နှလုံးသားဖြစ်သည်။ သို့သို့က အရွယ်ရောက်ထဲက အဘွားချင်း၏ စောင့်ရှောက်မှူအောက်တွင် ကြီးပြင်းလာရသည်။ သူ့အမေရင်းတောင်မှ ဒီကလေးကို ဂရုမစိုက်လိုပေ။ ဒီကျေးဇူးက စက်ဘီးဝယ်ပေးသည်နှင့် ယှဉ်၍ မရနိုင်ပေ။
ထို့နောက် သူတို့နှစ်ယောက်က စက်ရုံနှင့် သူတို့၏ အလုပ်များမှ အကြောင်းအရာများကို ပြောကြပြီး ယဲ့ရှန် အိပ်သွားချ်ိန်ထိ စကားပြောနေကြသည်။
ဟဲစုံတွဲကဲ့သို့ ညနက်သည်အထိ မအိပ်သေးသည်မှာ ဘေးအိမ်မှ ကျောက်ချင်းစုန့်နှင့် လျိုပေါင်ကျူးဖြစ်သည်။
လျိုပေါင်ကျူးက ဆေးရုံတွင် သွေးစစ်ချက်အဖြေ သွားယူသော်လည်း ရလဒ်က သတင်းကောင်း မဟုတ်ပေ။သူမ၏ မိခင်ဖြစ်ချင်သော အတွေးများက ကြေကွဲပျက်စီးသွားသည်။ တကယ်တော့ လက်ထပ်ပြီး ဒုတိယလထဲက သူမက ဓမ္မတာလာရန် ရက်ကြာသော်လည်း အမြဲတမ်း အချိန်မီ ပြန်လာသည်။ ဒီတစ်ကြိမ်ကသာ အတော်ကြာထိ မလာသောကြောင့် သူမက တည်ငြိမ်ပြီဟု ထင်သော်လည်း ထပ်ပြီး....
ကျောက်ချင်းစုန့်က ဒီအကြောင်းကို တွေးမိတိုင်း စိတ်မကြည် ဖြစ်ရသော်လည်း သူက သူမနှင့်အိပ်ယာဝင်ရန် ဆန္ဒရှိသေးသည်။ တစ်ယောက်က စိတ်အားထက်သန်နေပြီး နောက်တစ်ယောက်က တည်ငြိမ်နေသည်။ သူတို့က အချိန်ကြာကြာ အဆင်မပြေဘဲ ရန်စဖြစ်ကြတော့သည်။
စကားအနည်းငယ် များပြီးနောက်မှာ ကျောက်ချင်းစုန့်က ကလေးက သူ့ဘေးတွင် ရှိနေသည်ကို မြင်ကာ နိုးသွားမည်ကို စိုးရိမ်၍ အရှုံးပေးလိုက်သည်။ ဒါပေမယ့် သူက စောင်ခြုံသောအခါ သူမနှင့်အတူ မခြုံပေ။ သူက အသစ်တစ်ထည်ကို ယူခြုံလိုက်သည်။ ဒါပေမယ့် သူက ဘေးဘက်ကို မသွားဘဲ အလယ်တွင် လှဲအိပ်နေသည်။
သူက အိပ်ယာ၏ သုံးပုံနှစ်ပုံကို နေရာယူထားသည်။ လျိုပေါင်ကျူးက သူ့စောင်ကို ဆွဲ၍မရသလို သူ့ကိုလည်း မတွန်းနိုင်ပေ။ သူမက သူ့ကို တွန်းလိုက်လျှင် သူက စိတ်တိုလာပြန်မည်။ သူမက စောင်ကိုယူကာ ကြမ်းပြင်တွင် ဆင်းအိပ်လိုက်သည်။ သူမက သူ့ကို တကယ်စိတ်တိုမိသည်။
သူမက တိတ်တိတ်နေလျှင် ရန်ပွဲက နှစ်ရက်အတွင်း ပြီးသွားမည်ဟု ထင်မိသည်။ သူက သူမကို အရင်စကားမပြောလျှင် သူမက သူ၏ အဝတ်အစားများနှင့် အနံ့ထွက်နေသော ခြေအိတ်များကို လျှော်ပေးမည် မဟုတ်ပေ။ဘယ်လိုဖြစ်ဖြစ် ဒါက သူမ ဝတ်မည့်အရာ မဟုတ်ပေ။ ဒါပေမယ့် ကျောက်ချင်းစုန့်က အစားစားတာများပြီး ဖားပြုတ်လို ခန္ဓာကိုယ် ဖြစ်နေသည်။ သူက မမြင်သလိုမျ်ိုး ညစ်ပတ်နေသော အဝတ်ပုံကို နေ့တိုင်း တက်နင်းသည်။ သူမက မလျှော်လျှင် သူက မလဲတော့ပေ။ သူက လဝက်လောက် အိမ်ပြန်မလာဘဲ ကြမ်းပေါ်တွင်လည်း အိပ်နိုင်သည်။ လျိုပေါင်ကျူး စိတ်တိုပေမယ့်လည်း စိတ်လျော့ကာ ပြေလည်မှုရရန် အရင်စကားစလိုက်သည်။
ချင်းရှန်းက မသိခဲ့ပေ မဟုတ်လျှင် သူမ သေအောင်ရယ်လိမ့်မည်။ ကျောက်ချင်းစုန့်က စိတ်သဘောထားကြီးသူဟု အားလုံးက ပြောကြပေမယ့် သူနှင့် တစ်နေ့လုံး အချိန်ကုန်နေသူများကသာ သူတကယ် ဘယ်လိုလူဆိုတာ သိနိုင်သည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ချင်းရှန်းက တောင်တန်းနှင့် လယ်ခင်းတစ်ခွင်မှ နွေဦးပန်းများ၏ အလှကို အမွှမ်းတင်ချိန်ပင် မရလိုက်ဘဲ နွေဦးကုန်ဆုံးသွားကာ ချက်ချင်းဆိုသလို နွေလယ်ပိုင်းရောက်သွားသည်။
သို့သို့ကလည်း ပူဖောင်းများသာ ပါးစပ်မှမှုတ်နိုင်သော ကလေးအရွယ်မှ လေးဘက်တွားသွားနိုင်သော အရွယ်သို့ ရောက်လာသည်။
ကလေးမလေးက အပြင်ထွက်နိုင်ချ်ိန်ကပဲ အိမ်ထဲတွင် နေရသည်ကို သဘောမကျတော့ပေ။ သူမက အပြင်ထွက်နေရလျှင် ပျော်ကာ အိမ်ပြန်လာလျှင် အော်ငိုသည်။
ဒါ့အပြင် သူ့တွင် သူ၏ ကိုယ်ပိုင်နာရီ ရှိပုံပေါ်သည်။ညနေခင်း ခုနစ်နာရီ ရောက်တိုင်း မိုးချုပ်တော့မည် ဆိုလျှင် သူမက အပြင်ကိုကြည့်ကာ "အား အား"ဟု အော်လေ့ရှ်ိသည်။ အစမှာတော့ သူမ ဘာဖြစ်နေသည်ကို ဘယ်သူမှ မသိပေ။ သူမအဖေမှ လွဲ၍ အခြား ဘယ်သူပဲချီချီ သူမက အငိုမရပ်ပေ။
သူမအဖေ၏ လက်နှင့် ချီတော့မှ သူမက ပါးချိုင့်နှစ်ဖက်ပေါ်အောင် ပြုံးလိုက်သည်။
သူမအဖေက ဒီအချိန်ဆိုလျှင် သူမကို အပြင်ခေါ်သွားမည်ကို သိနေသောကြောင့် ဖြစ်သည်။
ထူးတော့ ထူးဆန်းသည်။ အမှန်တော့ သူမအမေနှင့် သူမအဘွားက သူမကို အချစ်ဆုံးဖြစ်ကာ သူမ ဂျီကျသမျှ အားလုံး လုပ်ပေးသော်လည်း သူမအဖေက အိမ်တွင် စည်းကမ်းအကြီးဆုံးဖြစ်သည်။ သူက ပြောရဆိုရ လွယ်ကူပုံ ပေါ်နေပေမယ့် မဖြစ်န်ိုင်သော တောင်းဆိုမှုများကို လုပ်မပေးသည့်တိုင် သူမက သူမအဖေနှင့် ကစားချင်သေးသည်။
သူမက လူပိုတစ်ယောက်ဟု တွေးကာ ချင်းရှန်းက မကြာမကြာ ဝမ်းနည်းမိသည်။
နွေလယ်ပိုင်းတွင် ခြင်တိုးပွားမှုနှုန်းက ကြောက်စရာ ကောင်းလာသည်။ ကလေးက ဆော့ကစားပြီး၍ အိပ်ပျော်သွားလျှင် အဖေအတွက် အလုပ်အရှုပ်ဆုံး အချိန်ဖြစ်သည်။ သူက မှိန်နေသော မီရောင်အောက်တွင် ခြင်များကို သတ်ရသည်။
ပြီးတော့ သူက နံရံကိုရိုက်လျှင် အသံကျယ်သွားပြီး သို့သို့ နိုးသွားမည်ကို ကြောက်သဖြင့် သူက လက်ဗလာဖြင့် ဒီအတိုင်း ဖမ်းပြီး လက်ထဲတွင် သေအောင်ဆုပ်ချေရသည်။ ချင်းရှန်း နိုးလာသောအခါ ကြမ်းပေါ်တွင် ခြင်အသေကောင် အများကြီးကို တွေ့ရသည်။
သူမနှင့် လောင်ဟဲက ခြင်ကိုက်သူများ မဟုတ်ပေမယ့် သို့သို့ကတော့ မတူပေ။ ခြင်များက သူမကို တကယ်သဘောကျသလို ခြင်ကိုက်လိုက်တိုင်း အနီဖုများ ပေါ်လာပြီး ရက်အတော်ကြာ မပျောက်သွားပေ။
ချင်းရှန်းက တကယ်ကို ခေါင်းကိုက်နေသည်။
နောက်တစ်နေ့ ဆေးခန်းတွင် မျိုးစေ့များက ပို၍ ကောင်းမွန်စွာ ကြီးထွားလာသည်ကို မြင်ရသောကြောင့် လောင်ချန်က စိတ်ခံစားချက် အပြည့်ဖြင့် ပြောလိုက်သည်။ "ငါတို့ လန်ဟဲမြေရဲ့ အစွမ်းက လျှော့တွက်လို့တော့ မရဘူးပဲ"
"ငါကတော့ မရတော့ပါဘူး။ အသက်ကြီးနေပြီ"
ချင်းရှန်းက အလွန်ဒေါသထွက်မိသည်။ သက်ကြီးပိုင်းလူတွေက မြင်ကွင်းတစ်ခုအတွက် စိတ်မကောင်း ဖြစ်နေကြတာ မှန်ရဲ့လား?
"ဘယ်လို ဖြစ်နိုင်မှာလဲ? ကျွန်မတို့ ဒါရိုက်တာချန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ပိုပြီး မျိုးစေ့တွေ ကြီးလာပြီး အောင်မြင်မှူတွေ ဖန်တီးရမယ်လေ"
ဒါရိုက်တာချန်က သူမစကားကြောင့် အံ့သြသွားသည်။
"ရဲဘော်လေး စကားမစပ် မင်းပြန်ရောက်လာတာ ကောင်းတယ်။ ငါ့မှာ မင်းကို ပြောစရာရှိတယ်"
သူက မျက်နှာချင်းဆိုင်ရှိ ခုံကို ညွှန်ပြပြီး ပြောလိုက်သည်။"ထိုင်ပါ"
ချင်းရှန်းက သူ ကိစ္စကြီးတစ်ခု ပြောတော့မည့်ပုံ ဖြစ်နေသောကြောင့် နောက်ပြောင်နေသည်က်ို ရပ်လိုက်သည်။
"နောက်ဆုံးတစ်ခေါက် မင်း ဆေးကုသမှုလိုင်စင် ရသွားတယ်ဆိုတော့ မင်းကို ရာထူးတိုးပေးမယ်လို့ တွေးနေတာ။ ဒီကိစ္စပြီးတော့ ငါတို့ ကျန်းမာရေးစင်တာရဲ့ အနာဂတ်တိုးတက်မှုတွေက လူငယ်တွေအပေါ် မှီခိုနေတယ်။ လူကြီးတွေကတော့..."
ချင်းရှန်းက ငြိမ်သက်သွားသည်။
"စက်ရုံရဲ့ ဝန်ထမ်းရေးရာဌာနမှာ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်အရ ငါတို့က ဒါရိုက်တာအပြင် လက်ထောက်ဒါရိုက်တာ လိုအပ်နေတယ်။ ငါ ဒီသတင်းကို ဖုံးထားတယ်ဆိုတာ ဝါရင့်တယ်ဆိုပြီး အခွင့်ကောင်း ယူချင်တဲ့သူတွေကို အခွင့်အရေး မပေးချင်လို့ပါ ဒါပေမယ့် အခုတော့ ဆက်ပြီး ဖုံးမထားတော့ဘူး။ မင်း တာဝန်ယူလိုက်ပါ"
ချင်းရှန်းက ရင်ခုန်သွားသည်။ သူမ၏ ယခင်ဘဝတွင် သူမက လက်ထောက်ဒါရိုက်တာ ဖြစ်ခဲ့ပေမယ့် ငါးနှစ်တိုင်အောင် ခက်ခဲစွာ လုပ်ကိုင်ပြီးမှ ရသည်ဖြစ်ပြီး ယခုက နှစ်ဝက်ကျော်သာ ရှိသေးသည်။ အဓိကကတော့ သူမက လက်ထောက်ဒါရိုက်တာနေရာတွင် တစ်ယောက်ထဲ ဖြစ်ပြီး စက်ရုံတွင် အမြင့်ဆုံးဖြစ်သည်။
"မငြင်းပါနဲ့။ မင်းက ငယ်သေးပေမယ့် မင်းက အကျိူးသင့်အကြောင်းသင့် လုပ်ကိုင်တတ်တယ်။ မင်း ငါ့ကို ဘာမှ ပြောစရာ မလိုပါဘူး။ မင်းငါ့ကို ဆေးခန်းက ငွေလေး နည်းနည်း ပေးတာနဲ့ ငါ မင်းကို ရှောင်နေတော့မယ်"
ချင်းရှန်းက ပြုံးလိုက်သည်။ သူမက ဘယ်သူ့က်ိုမှ မကြောက်တတ်ပေ။ သူမ၏ ယခင်ဘဝတွင် သူမက အတွေ့အကြုံ နည်းသေးသော်လည်း သူမက သူမသဘောမကျသူကို သဘောမကျဟု ပြောနိုင်သည်။
"ကျွန်မ မငြင်းပါဘူး ဒါပေမယ့် ဒါရိုက်တာချန် ကျွန်မက စိတ်တိုလွယ်တယ်နော်။ ကျွန်မ နောက်ပိုင်း အလုပ်နဲ့ ပတ်သက်ပြီး နားမခံနိုင်စရာတွေ ပြောမိခဲ့ရင် စိတ်ထဲမထားပါနဲ့"
"ကောင်းတယ်။ စာရွက်စာတမ်းတွေက မနက်ဖြန်ရမယ်။ရက်အနည်းငယ်အတွင်း အလုပ်ကို လက်လွှဲပေးမယ်။နောက်ဆုံးတော့ ငါ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မျှပေးရမယ့်လူ တွေ့ခဲ့ပြီ။ မင်းရဲ့ အဒေါ်ချန်ကလည်း ဇာတိပြန်ချင်တယ် ပြောလို့ ငါလည်း ရက်နည်းနည်း ခွင့်ယူလို့ ရသွားတာပေါ့။"
ချင်းရှန်းက အာဏာမက်သူ မဟုတ်ပေ။ ဒါပေမယ့် လက်ထောက်ဒါရိုက်တာ ဆိုသည်က ကျန်းမာရေးစင်တာတွင် ပြောဆို ဆုံးဖြတ်ခွင့်ရှိသူ ဖြစ်သည်။ ဒါက ကျန်းမာရေးစင်တာကို ကောင်းမွန် တိုးတက် စေလာနိုင်ပြီး ဆေးပေးခန်းများ တိုးချဲ့ကာညအားလုံးကို အကျိုးဖြစ်စေနိုင်သည့်အတွက် သူမက ပျော်ရွှင်မိသည်။
ညနေခင်းတွင် တစ်မိသားစုလုံးက သူမ လက်ထောက်ဒါရိုက်တာ ရာထူးတက်သွားသည့်အတွက် ပျော်ရွှင်ကြသည်။ ချင်းဖန်က ပြောလိုက်သည်။ "တတိယအစ်မက အနာဂတ်မှာ ခေါင်းဆောင် ဖြစ်လာတော့မှာပဲ"
"ရှေ့ဖြစ်ဟောလား?"
"ဒေါက်ဒေါက်" မျက်လုံးပွင့်၍ ကြည့်နေသော ရှောင်သို့သိုက အသံပေးလိုက်သည်။
"စကားပြောတာလား!"
အားလုံးက ရယ်လိုက်ကြသည်။ ချင်းရှန်းက ကလေးမလေးကိုကိုင်ကာ တစ်ဖက်ပြောင်းချီလိုက်သည်။ သူမ၏ လက်များက နာကျင်နေပြီဟု ခံစားရကာ ဆက်မချီနိုင်တော့ပေ။
လောင်ဟဲက အပြင်သို့ခဏထွက်ကာ စျေးဝယ်လာသည်။ သူ ပြန်လာသောအခါ အဖြူရောင် ခြင်ထောင်တစ်ခုနှင့် စက်ဘီးလက်မှတ်တစ်ခု ပါလာသည်။
ချင်းရှန်းက အပျော်လွန်သွားသည်။ သို့သို့က ခြင်ထောင်ကို တကယ်လိုအပ်သည်။
ကံမကောင်းစွာနဲ့ပဲ ရှီလန်ခရိုင်ရဲ့ အလင်းရောင်စနစ်က မဖွံ့ဖြိုးသေးသည့်အတွက် ဒီလို နွေရာသီသုံး ပစ္စည်းများက ရှာရခက်သည်။ သူမက လန်ဟဲမြို့တွင် သွားရှာခဲ့သော်လည်း မတွေ့ခဲ့ပေ။
အဘွားက ချည်ထည်နှင့် တစ်ခု လုပ်ပေးချင်သော်လည်း အသက်ရှူမဝမည်ကို ချင်းရှန်းက စိုးရိမ်သည်။ ပထမအနေနှင့် ပူအိုက်မည် ဖြစ်ပြီး ဒုတိယအနေနှင့် အသက်ရှူမဝ ဖြစ်န်ိုင်သည်။ ယခု ခြင်ထောင်ရလာတော့မှ အသက်ရှူချောင်သွားသည်။
သူမက လောင်ဟဲကို ကြည့်လိုက်ရာ သူက ခြင်ထောင်ကို အာရုံစိုင်ထောင်နေကာ သူမကို ဂရုစိုက်မိပုံ မပေါ်ပေ။သူမ၏ ရင်ထဲ ကြည်နူးမိသည်။
ဒီလူက ဘယ်လိုများ စိတ်ခံစားချက် ဆက်နွယ်နေသည်ကို သူမ မသိပေ။
ခြင်ထောင် တပ်ဆင်ပြီးသည်နှင့် သို့သို့က အလွန်သဘောကျသည်။ သူက ခြင်ထောင်ကို လက်ဖြင့်ဆွဲလိုက် ပြန်လွှတ်လိုက် လုပ်ကာ ပျော်ရွှင်နေသည်။
ခြင်ထောင်ကြောင့် သို့သို့က ခြင်များ၏ စိတ်ရှုပ်စရာ တဝီဝီ အော်သံကို ကြားစရာ မလိုတော့ပေ။
နောက်တစ်နေ့ နေ့လည်ခင်း နေ့လည်စာစားချိန်တွင် လောင်ဟဲက တိတ်တဆိတ် အပြင်ထွက်ကာ နာရီဝက်ကြာတော့ အမျိုးသမီးစီး စက်ဘီးကို တွန်းကာ ပြန်လာသည်။
ချင်းဖန်က သူ့တူမ သို့သို့ကို ကျောပေါ်တင်ထားသည်။သူ့မျက်လုံးများက တောက်ပသွားသည်။ သူ့အနောက်မှ ကလေးမလေးက ဒီအရာကို ဘာမှန်းမသိပေမယ့် မျက်တောင်များခတ်ကာ ကြည့်နေသည်။ သူမက တကယ်ကို လှပသည်။
"ခဲအို ဒါက ကျွန်မတို့ စက်ဘီးလား?"
တတိယခဲအို ပြန်ဖြေသည်ကို မစောင့်ဘဲ ချင်းဖန်က ငွေရောင်စက်ဘီးလက်ကိုင်ကို ထိလိုက်သည်။ ဝူလိထန်တွင်ဆိုလျှင် ခေါင်းဆောင် လီပန်းဖန်၏ အိမ်တွင်သာ တစ်ခုရှိပြီး တစ်ပတ်ရစ် ဖြစ်သည်။ သူတို့မိသားစုက ဒါကို အလွန်တန်ဖိုးထားကာ မည်သူ့ကိုမှ ကိုင်ခွင့်မပေးထားပေ။
မကြာခင်မှာ စက်ဘီးသစ်က အားလုံး၏ အားကျမှုကို ရလာသည်။ အမျိုးသမီးကြီးများ၏ အားကျမှုကို ရှောင်ကြဉ်ကာ အိုက်လန်နှင့် ချင်းဖန်၏ သင်ပြမှုအောက်တွင် ချင်းကွေ့ဟွားက စက်ဘီးစီးရန် ကြိုးစားသင်ယူခဲ့သည်။
သူမက ညနေခင်း လူအများ ဝန်ထမ်းအိမ်ယာ အဝင်ဝတွင် လေညှင်းခံနေစဉ် အရှေ့အနောက် စက်ဘီးပတ်စီးကာ စက်ဘီးခေါင်းလောင်း တီးလေ့ရှိသည်။ သူမက တစ်လလောက် ထိုအတိုင်းလုပ်နေသည်။
သူမက လဝက်အတွင်း သင်ယူကာ နောက်လဝက်တွင် ချင်းရှန်းက ပြုံးကာ ခေါင်းခါလိုက်သည်။
သူမက ကြွားဝါခြင်းသာဆိုလျှင် အဆင်ပြေပေမယ့် သို့သို့ကတောင် စိတ်ပူမိသည်။ တစ်နှစ်ကျော်အရွယ် ကလေးမလေးက ယခုမှ စကားစပြောတတ်သည်။ သူမ မိဘများကိုပင် မခေါ်တတ်ခင် စက်ဘီးခေါင်းလောင်းသံ "တိန် တိန်"ကိုသာ အရင်ပြောတတ်သည်။
လက်ထောက်ဒါရိုက်တာ ဖြစ်ပြီးနောက် ချင်းရှန်း၏ အလုပ်က ပို၍ ရှုပ်လာသည်။ ဆေးခန်းတွင် လူနာများကိုကြည့်ကာ ရုံးစာရွက်စာတမ်းများကို ကိုင်တွယ်ရသေးကာ ဆေးပင်စိုက်ပျိုးသော နေရာကိုလည်း ကြီးကြပ်ရသေးသည်။ ဆေးပင် စိုက်ခြင်းက မခက်သည့်အတွက် သူမက မြေသြဇာချခြင်း၊ မျိုးစေ့ကြဲခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် ရိတ်သိမ်းခြင်းများကို ကိုယ်တိုင် စီမံကွပ်ကွဲနေရသည်။
သူမက စက်ရုံမှ ရုံးလုပ်ငန်း အကျဉ်းချုံး အစီရင်ခံစာကို ရပြီးသည်နှင့် ဝယ်ရမည့် ဆေးစာရွက်ကို ရပြန်သည်။သူမက ဘယ်တစ်ခုသည် လိုအပ်သောအရာ ဖြစ်ပြီး ဘယ်တစ်ခုက လန်ဟဲမြို့၏ ဖြစ်နေကျ ရောဂါအတိုင်း တရုတ်ရိုးရာဆေးနှင့် အစားထိုးနိုင်သည်ကို ကြည့်ရှူစစ်ဆေးရသည်။ ဒီအလုပ်ကို ယခင်က ဒါရိုက်တာချန်က လုပ်သော်လည်း ချင်းရှန်း တာဝန်ယူပြီးချိန်ကစပြီး ဒီအတွေးဝင်လာခြင်း ဖြစ်သည်။ ပြီးတော့ သူက စက်ဘီးပေါ်မှ ပြုတ်ကျကာ ပေါင်ကျိုးသွားသည့်အတွက် ခရိုင်မြို့တွင် ဆေးရုံတက်နေရကာ ယခုထိ ပြန်မရောက်သေးပေ။
ချင်းရှန်းက "လက်ထောက်ဒါရိုက်တာ" ဖြစ်နေသေးသော်လည်း သူက ခေါင်းဆောင်၏ အလုပ်များကို လုပ်နေရသည်။
သူမက တာဝန်ခိုကပ်တတ်သူ မဟုတ်ပေ။ အလုပ်ရှိတိုင်း သူမက တာဝန်ယူလေ့ရှိသည်။
သူမ အတွေးလွန်နေချိန်မှာပင် တံခါးဝမှ ခေါင်းတစ်ခု ပေါ်လာသည်။ "ဒေါက်တာ ရှောင်ချင်း ရှိလား?"
ဒါက မမြင်တာ ကြာပြီဖြစ်သော ကျန်းယွဲ့ဟုန် ဖြစ်သည်။
"ကျွန်မ အဒေါ်ကျန်း ပြောတာကြားရတာတော့ အစ်မ ခရိုင်မြို့ကို သွားတယ်ဆို။ ဘယ်တုန်းက ပြန်ရောက်တာလဲ?"
"မနေ့က ပြန်ရောက်တာပါ။ ကျွန်မက တစ်ပတ်လောက်ပဲ သွားတာပါ။ ကျွန်မ အစ်ကိုရဲ့ မိန်းမနဲ့ အစ်မရဲ့ ယောက္ခမက ဆေးရုံရောက်နေလို့ ဂရုစိုက်ပေးမယ့်သူ မရှိတာနဲ့ ကျွန်မ သွားလိုက်တာပါ"
ထိုအဘွားကြီးတွင် ပင်စင်ငွေများ ရှိပြီး ဂရုစိုက်မည့်လူ ငှား၍ရသော်လည်း သူတို့အမြင်တွင် ကျန်းယွဲ့ဟုန်က "အလုပ်လက်မဲ့" ဖြစ်သည့်အတွက် အလကား ခိုင်းစားလိုခြင်း ဖြစ်သည်။
ချင်းရှန်းက အခြားသူများ၏ ကိစ္စကို အများကြီး မပြောလိုပေ။ "ပြန်ရောက်ပြီး ရက်နည်းနည်းလောက် နားနေလို့ရပါတယ်။ဆေးစိုက်ခင်းက နောက်အပတ် တနင်္လာမှအလုပ်စမှာ"