← Chapters

Chapter 69

Vol. 6 Ch. 69

Chapter 69

Vol. 6 Ch. 69

ရက်အနည်းငယ်ကြာတော့ သူမက ကျန်းသားအမိ အပါအဝင် အမျိုးသမီးငါးယောက် အလုပ်ခန့်ခဲ့ပြီး ဆေးစ်ိုက်ခင်းတွင် အချိန်ပြည့်အလုပ်လုပ်ရန် စုစုပေါင်း လူရှစ်ယောက် ခန့်ထားခဲ့သည်။ လစာက ပျမ်းမျှနှုန်းအတိုင်းပေးကာ အာမခံကြေးတော့ မရှိပေ။ တစ်လကို ယွမ်၂၀ ပေးကာ ပိတ်ရက်လေးရက် ရပြီး အားလုံးက လက်ခံကြသည်။

လစာကိုတော့ ကျန်းမာရေးစင်တာ အမည်ဖြင့် လန်ဟဲမြို့ ငွေချေးပေးသည့် အသင်းမှ ချေးယူသည်။

သူမက ကိုယ်တိုင် ပေးနိုင်သော်လည်း အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ခွဲခြားထားလိုသည့်အတွက် ကိုယ်တိုင်မပေးခဲ့ပေ။

"ကောင်းပါပြီ ကျွန်မ နားလိုက်ပါ့မယ်။ ကျွန်မ သတင်းကောင်းပေးဖို့ ဒီကိုလာတာပါ"

ချင်းရှန်းက မျက်ခုံးပင့်ကြည့်လိုက်သည်။

"ကျွန်မမှာ အဲ့တာ ရှ်ိလာပြီ" သူမက အသံတိုးတိုးနှင့် ပြောလိုက်သည်။

ချင်းရှန်းက ခေတ္တငြိမ်သက်သွားပေမယ့် ခဏကြာတော့ ဝမ်းသာသွားသည်။ "တကယ် ထွက်လာပြီလား?"

"ဟုတ်တယ် တကယ်တော့ နှစ်သစ်ပြီးထဲက အမွေးတွေက ပြန်ထွက်လာတာ ဆ်ိုပေမယ့် ကျွန်မသတိမထားမိတာပါ။ အစက နည်းပေမယ့် နောက်မှ နည်းနည်းချင်း ပေါက်လာတာပါ" သူမ၏ အသံက တိုးနေကာ မျက်နှာကလည်း နီရဲနေသည်။

ချင်းရှန်းက ရယ်လိုက်သည်။ "ဒါက ရှက်စရာ မဟုတ်ပါဘူး။ အမွေးတွေ ပြန်ပေါက်လာတယ်ဆိုတော့ သားအိမ်က ပြန်ကျန်းမာလာတဲ့ပုံပဲ။ စကားမစပ် ဓမ္မတာပေါ်ပြီလား?"

"အင်း။ ကျွန်မ ဆေးသောက်ပြီး သုံးလလောက်နေတော့ အစပိုင်းမှာ နည်းနည်းပဲလာပြီး ခါးစည်းတောင်မလိုဘူး။ ဒါပေမယ့် အရင်လကတော့ ကောင်းပါတယ်။ ပုံမှန်လိုပါပဲ။"

"ပြီးတော့ ကျွန်မ ခရိုင်မြို့မှာ တိတ်တဆိတ် အာလ်ထရာဆောင်း ရိုက်ခဲ့ပြီး သားအိမ်က ပြန်ကြီးထွားလာပြီတဲ့"

ကျန်းယွဲ့ဟုန်၏ မျက်လုံးများက တောက်ပလာသည်။

ချင်းရှန်းက ဒီပြဿနာက်ို မှတ်မိနေသည်။ သူမက သားအိမ်သိမ်နေသည်ဟု ရောဂါလက္ခဏာ ပြပြီးနောက် အဒေါ်ကျန်းက စိတ်ပူကာ စုငွေများနှင့် အာလ်ထရာဆောင်း သွားရိုက်ရာ ပုံမှန်၏ သုံးပုံ တစ်ပုံသာ ရှိသေးကြောင်း သိရသည်။ ဒါပေမယ့် ခြောက်လလောက် ဆေးပုံမှန် သောက်ပြီးနောက် ပုံမှန်အရွယ်အစား ပြန်ဖြစ်သွားသည်။

သူမက ဘယ်လိုလို့ မပျော်ရွှင်ရမှာလဲ? ခွဲစိတ်မှုမလို ဟော်မုန်းဆေး သောက်စရာ မလိုဘဲ တရုတ်ရိုးရာဆေးဖြင့်သာ ကျန်းယွဲ့ဟုန်က သူမ၏ ဂုဏ်သိက္ခာကို ပြန်ရခဲ့သည်။

ချင်းရှန်းက လူနာစာရင်းကို လှန်ကြည့်လိုက်သည်။ကျန်းယွဲ့ဟုန်က ခြောက်ကြိမ် ဆေးခန်းလာပြခဲ့ပြီး ယခုတစ်ခါနှင့်ဆိုလျှင် ခုနစ်ခါ ဖြစ်ကာ တစ်လလျှင် တစ်ကြိမ် ဖြစ်သည်။ အကြိမ်တိုင်းတွင် ဆေးများက စျေးမကြီးသလို အားလုံးပေါင်း ယွမ်၁၀ ကျော်သာ ကျသင့်ပြီး အာလ်ထရာဆောင်းရိုက်ရန် ခရိုင်မြို့သို့သွားသည့် ကားစရိတ်ပင် မကာမိပေ။

"ဒေါက်တာချင်းရဲ့ ဆေးပညာက အံ့မခန်းပါပဲ။ ကျွန်မ လွန်ခဲ့တဲ့ ခြောက်လက သားအိမ်သိမ်နေတာကို သွားပြခဲ့တဲ့ဆရာဝန်က ကျွန်မကို မှတ်မိနေတယ်။ အခုတစ်ခေါက် သွားတော့ သူက ဒီတစ်ခါ ရလဒ်ကိုကြည့်ပြီး မယုံကြည်နိုင် ဖြစ်နေတာ။ သူက မှားကြည့်မိတယ်လို့ ထင်နေတာ။ အခြားသူတွေကို မိနစ်အနည်းငယ်ပဲ ကြည့်ပေမယ့် ကျွန်မကို တစ်နာရီတောင် ကြည့်ခဲ့တယ်လေ"

"ပိုရယ်ရတာက သူက ကျွန်မ အမေကို ကျွန်မမှာ အမွှာရှိတာလား မေးပြီး သူ အမှတ်မှားတာလား လို့ပဲ မေးနေတာ"

"ကျွန်မက ဆရာဝန်တွေနဲ့ တွေ့ဖို့ ကြောက်နေပေမယ့် ကျွန်မသာ ပူးပေါင်းပေးပြီး သူတို့ကို သေချာလေ့လာခွင့်ပေးရင် နောက်နှစ်လနေရင် အခမဲ့ အာလ်ထရာဆောင်း ရိုက်ပေးဦးမယ်လို့ ဆရာဝန်က ပြောလိုက်တယ်"

ချင်းရှန်းက အတွေးတစ်ခု ဝင်လာသည်။ "အစ်မယွဲ့ဟုန် ကျွန်မကို အာလ်ထရာဆောင်းပုံနှစ်ခု ပြလို့ရမလား?"

ကျန်းယွဲ့ဟုန်က ချက်ချင်း လက်ခံလိုက်ကာ မကြာမီပဲ ပို့ပေးလိုက်သည်။

ချင်းရှန်းက အချက်အလက်များကို စုစည်းကာ ကုရခက်သော ရောဂါများကို စုစည်းကာ တစ်ဖက်တွင် မှတ်တမ်းသိမ်းဆည်းသည့် အနေနှင့် ဖြစ်ပြီး နောက်တစ်ဖက်တွင်တော့ ရာထူးတိုးရန် ဖြစ်သည်။

လန်ဟဲမြို့တွင် ကျန်းယွဲ့ဟုန်ကဲ့သို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နေသော အမျိုးသမီးများစွာ ရှိသည်။ သူမက ပထမဆုံးနှင့် နောက်ဆုံးလူ မဟုတ်ပေ။ ဒါပေမယ့် အခြားအမျိုးသမီးများက ရှက်ရွံ့မှူရော ငွေကြေးအဆင်မပြေမှုကြောင့်ပါ ပြောမထွက်န်ိုင်ခြင်း ဖြစ်သည်။ တရုတ်ရိုးရာဆေးက အသုံးဝင်လျှင် သူတို့က စိတ်ဝင်စားလာနိုင်သည်။

ကိုယ်ခန္ဓာ ကျန်းမာမှုက လှပခြင်း ရုပ်ဆိုးခြင်းနှင့် မဆိုင်ဘဲ ခန္ဓာကိုယ်၏ လိုအပ်ချက်နှင့် ဂုဏ်သိက္ခာလိုအပ်ချက် ဖြစ်သည်။

........

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ၁၉၇၇ ခုနှစ် နွေရာသီသို့ ရောက်သွားပြီ ဖြစ်သည်။ သို့သို့ကလည်း နှစ်နှစ်အရွယ် ဖြစ်သွားသလို သုံးနှစ်အရွယ်၏ အစားအသောက်များကို စားနေပြီ ဖြစ်သည်။

လောင်ဟဲက လောင်ချန်နှင့်အတူ အလုပ်ခရီးထွက်သွားသဖြင့် အိုက်လန်က အိမ်ပြန်၍ စားသောက်ကာ ပိတ်ရက်များတွင် အိမ်မှာနေသည်။ သူမက မကြာခဏ လောင်ချန်၏ အိမ်သ်ို့သွားကာ သန့်ရှင်းရေးလုပ်၍ အပင်ရေလောင်းလေ့လည်း ရှိသည်။

သူမက စိတ်ရှည်ပြီး ကြင်နာတတ်သည်။ သို့သို့က သူမအဒေါ်ကို အချစ်ဆုံးဖြစ်သည်။ သူမက မနက်လင်းသည်နှင့် အဒေါ်ကို လိုက်ရှာကာ တစ်နေ့လုံး ကပ်တွယ်နေလေ့ ရှိသည်။

သူမအမေက အလုပ်ရှုပ်သည့်အတွက် သူမအနီးတွင် တစ်နေ့လုံး အဖော်မလုပ်နိုင်ပေ။ သူမ၏ အဒေါ်ကလည်း ကျောင်းသွားရကာ သူမအဘွားကလည်း နှေးကွေးသဖြင့် သူမကို အမီမလိုက်နိုင်ပေ။ သူမ၏ အဒေါ် အိုက်လန်ကသာ ကြင်နာသလ်ို သူမစိတ်တိုင်းကျလည်း လုပ်ပေးနိုင်ပြီး နေ့တိုင်း ပျော်ရွှင်စွာ တူတူပုန်းတမ်း ဆော့ကစားနိုင်သည်။

ချင်းရှန်းက အလုပ်မှ ပြန်ရောက်လာသောအခါ သူမကို မတွေ့ရဘဲ အိမ်ထဲဝင်သောအခါမှ တံခါးနောက်တွင် ပုန်းနေသည်ကို မြင်လိုက်ရသည်။ သူမက ကောင်းကောင်းပုန်းနေသည်ဟု ထင်နေသော်လည်း အဝတ်အစားများ ပေါ်နေသည်။

"သို့သို့ ဘယ်မှာ ပုန်းနေတာလဲ? ဘာလို့ အဒေါ် သို့သ်ို့ကို ရှာမတွေ့တာလဲနော်?"အိုက်လန်က သူမနှင့် လိုက်လျောညီထွေ ဆက်ဆံပေးနေသည်။

ကလေးမလေးက အလွန်ဂုဏ်ယူနေသည်။သူမက သူမအဒေါ် ရှာနေငည်ကို ခဏစောင့်နေလိုက်ပြီး တံခါးနောက်မှ ခေါင်းထွက်ပြလိုက်သည်။ "ဟီးဟီး"

သူမအဒေါ်က ရှာတွေ့သွားသောအချိန်တွင် အလွန်ဝမ်းသာစွာ ပြောလိုက်သည်။ "ဒါဆို သို့သို့က ဒီမှာပေါ့လေ"

ထိုကောင်မလေးက ချက်ချင်းဆိုသလို ပျော်ရွှင်သွားကာ သူမမိခင်ကို တွေ့လိုက်ရသောအခါ ပိုပျော်သွားသည်။သူမက သူမအမေ၏ ပေါင်ကိုဖက်လိုက်ပြီး တူတူပုန်းတမ်း ဆော့ကစားခဲ့ကြောင်း မပီတပီဖြင့် ပြောနေသည်။

ချင်းရှန်းက သူမပြောသည်ကို စိတ်ရှည်ရှည်နှင့် နားထောင်ကာ သူမ၏ နီရဲနေသော မျက်နှာကို နမ်းလိုက်ပြီး သူမကို အိမ်တွင် လိမ်လိမ်မာမာ နေရဲ့လားဟု မေးလိုက်သည်။ သူမက တစ်ခွန်းပြီးတစ်ခွန်း ပြောကာ ဖြေပေးနေသည်။

သို့သို့က အခြားကလေးများထက် စကားပြော နောက်ကျသည့်အတွက် သူမအဖေက တကယ်ကို စိတ်ရှုပ်မိသည်။အသက်တစ်နှစ်မှ နှစ်နှစ်အချိန်အတွင်းတွင် သူက သူမကို ခရိုင်ဆေးရုံ၏ ကလေးငယ်ဖွံ့ဖြိုးရေးဌာနကို အနည်းဆုံး သုံးကြိမ် လေးကြိမ်ခေါ်သွားခဲ့သည်။အဆင်ပြေသည်ဟု ချင်းရှန်းက ပြောပေမယ့် သူက စိတ်မပူဘဲ မနေနိုင်ပေ။

တကယ်တော့ ချင်းရှန်းက အစပိုင်းမှာ စိတ်ပူမိပေမယ့် သူမကိုယ်တိုင်ကလည်း ဆရာဝန်ဖြစ်သည်။ ကလေး၏ မွေးစက အကြောင်းအရာ အားလုံးက ပုံမှန်ဖြစ်သလို အအိပ်ကောင်း အစားကောင်းလည်း ဖြစ်ပြီး အခြားကလေးများထက် အရပ်လည်း ပိုရှည်သည်။ ဘာလို့ သူက စိတ်ရှုပ်နေသည်ကို သူမက နားမလည်ပေ။

သူမ တွေးနေချိန်မှာပဲ ချင်းအိုက်လန်က လက်ထဲမှ စာတစ်စောင် ထုတ်ပေးလာသည်။

"ဘယ်သူ ရေးတဲ့စာလဲ?"

အိုက်လန်က ရှက်သွားသည်။ "ညီမ ကြည့်လိုက်ရင် သိသွားမှာပါ"

ချင်းရှန်းက စာမှအမှတ်အသားနှင့် စာအိတ်မှ လက်မှတ်ကိုကြည့်ကာ ဇာတိမြေ ဝူလိထန်မှ ဖြစ်သည်ကို သိသွားသည်။ "အစ်ကိုလျို အရင်နှစ်တွေက ရေးခဲ့တဲ့စာလား?"

ချင်းအိုက်လန်က ခေါင်းငုံ့နေပြီး နားရွက်များလည်း နီရဲနေသည်။

"ဟုတ်ပါပြီ။ ဒါက အစ်မအတွက် ရေးထားတဲ့စာဆိုတော့ ကျွန်မ မဖတ်တော့ပါဘူး။ ဘာကိစ္စလဲ ဆိုတာပဲ ညီမကို ပြောပါအစ်မ"

ဖြစ်စဉ်ကတော့ လွန်ခဲ့သော နှစ်နှစ်တွင် လျိုကျီရှန်းက ဝူလိထန်တွင် ဖရဲသီးများ စိုက်ထားသည်။ သူက သူ၏ အားလပ်ချိန်များကို ဘယ်လိုမျိုး နီရဲပြီး ချိုသော ဖရဲသီးများ စိုက်ရမည်ကိုသာ လေ့လာနေသည်။ ဒီနွေရာသီတွင်တော့ သူက အောင်မြင်သွားပြီ ဖြစ်သည်။

ဝမ်လိဖန်နှင့် သူမခင်ပွန်းက တပ်မဟာ အတွက် ဝင်ငွေရမည့် လုပ်ငန်းတစ်ခု အောင်မြင်သွားသည့်အတွက် အလွန် ပျော်ရွှင်နေသည်။ တိုက်ဆိုင်စွာနဲ့ပဲ အဖွဲ့အစည်းတွင် အလုပ်သမားများ၊ တပ်သားများကိုကောလိပ် ကျောင်းသားများအဖြစ် ထောက်ခံသော ဝေစု ပေး၍သေချာစိစစ်ပြီး ဝူလိထန် ကာကွယ်ရေး အသင်းကို ပေးခဲ့ပြီး ဝေစုအား လျိုကျီရှန်းကို ပေးခဲ့သည်။

"ဒါက ခရိုင်မြို့က စက်မှုတက္ကသိုလ်ကလား?"

"အင်း"

လျိုကျီရှန်းက မြို့အစွဲအလမ်း ရှိသော်လည်း သူက အပင်စ်ိုက်ပျိုးရေးကို စိတ်ဝင်စားသည်။ သူက သူစိတ်မဝင်စားသည့် ဘာသာရပ်ကို တက္ကသိုလ်နေရာအတွက် ရွေးချယ်တော့မည်။ ပြီးတော့....ချင်းရှန်းက မျက်မှောင်ကြုတ်လ််ိုက်သည်။

အစ်မကြီးက လာရှင်းပြသည်ဆိုတော့ သူမက ဒီကိစ္စကို လက်ခံပုံ မပေါ်ပေ။ "သူက အစ်မကို ထင်မြင်ချက် တောင်းထားတယ်။ အစ်မ သူ့ကို မသွားဖို့ အကြံပေးမှာလား?"

"အင်း။ အစကတော့ အစ်မလည်း ပျော်ပါတယ် သူလုပ်နိုင်ခဲ့ပြီ ဆိုပြီးတော့လေ။ ဒါပေမယ့် ခုရက်ပိုင်း အလုပ်သမား တပ်သားအဖွဲ့က ကျောင်းသားတွေ အစ်မတို့ စက်ရုံကိုလာတာနဲ့ ဆရာချန် ပြောပုံအရဆိုရင် သူတို့က ဘာမှကို မတတ်မြောက်လာဘဲ ရန်ဖြစ်ဖို့ပဲ တတ်လာကြတာ။ အစ်မ အစ်မ သူ့ကို မကောင်းတာတွေ မသင်စေချင်ဘူး" နောက်ဆုံးစကားအချို့က အလွန်အသံတိုးနေသည်။

ချင်းရှန်းက ရယ်လိုက်သည်။

"ဘာလို့ရယ်တာလဲ? အစ်မ အတည်ပြောနေတာ။ညီမက မိသားစုထဲမှာ ထက်မြက်တဲ့သူမလို့ အစ်မကို တစ်ခုခု စဉ်းစားပေးစမ်းပါ"

"မဟုတ်ပါဘူး အစ်မလည်း ထက်မြတ်ပါတယ် ပိုပိုပြီး ထက်မြတ်လာတာပါ"

သူမ၏ မျက်လုံးများက ကျီစယ်နေသလို မဟုတ်ဘဲ အတည်ပုံစံ ပေါ်နေပေမယ့် ချင်းအိုက်လန်က ပို၍ ရှက်မိသည်။ "အစ်မက မထက်မြတ်ပါဘူး။ ကျောင်းတက်နေတဲ့ စတုတ္ထကလေးလောက်လည်း မတော်သလို ညီမလောက်လည်း ကောင်းကောင်း မသင်ယူနိုင်ဘူး။တုံးအသလို စကားလည်း သေချာ မပြောနိုင်ဘူး..."

ချင်းရှန်းက သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ "ဘယ်သူ ပြောတာလဲ? ထူးချွန်တဲ့ သူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်း ရှိတယ်။ အစ်မက အရသာရှိတဲ့ ဟင်းတွေ အများကြီး ချက်န်ိုင်တဲ့အတွက် အစ်မလည်း တော်တာပဲ။ အခု အစ်မက ဆရာချန်ဆီက အများကြီး သင်ယူထားပြီလေ။ အစ်မက တော်နေပါပြီ"

နယ်မှလာပြီး မူလတန်းကျောင်းပင် မပြီးခဲ့သော မိန်းကလေးက ဆရာချန်၏ အလုပ်သမားများနှင့် တပ်သားများအတွက် ကျောင်းက အသက်မွေးဝမ်းကျောင်းအတွက် ကောင်းသောအရာမဟုတ် ဟူသည့်စကားကို နားထောင်ကာ ဆုံးဖြတ်နိုင်သည်က ကြီးမားသော တိုးတက်မှု ဖြစ်သည်။

သူမက ပြန်လည်မွေးဖွားလာသူ သမိုင်းကြောင်းကို သိထားသူသာ မဟုတ်ခဲ့လျှင် ထိုလူတိုင်းတက်ချင်နေသော တက္ကသိုလ်က မကြာမီ ပိတ်တော့မည်ကို သ်ိမည်မဟုတ်ပေ။ ဒါက အနာဂတ်၏ ပုံမှန် ကောလိပ်ကျောင်းများနှင့် သင်ကြားမှု၊ အလုပ်လုပ်နိုင်စွမ်းနှင့် ကျွမ်းကျင်မှုလည်း မတူညီပေ။

"ဒါပေမယ့် အစ်မက အခွင့်ကောင်း လွတ်သွားမှာ ကြောက်လို့ပါ သိတယ်မလား သူက ထူးချွန်တဲ့ သူဆိုတော့ ကောလိပ်တက်သင့်ပါတယ်"

ချင်းအိုက်လန်၏ ပါးများက ရှက်ရွံမှုကြောင့် နီရဲသွားကာ မျက်လုံးများက အရောင်တောက်နေသည်။ ချင်းရှန်း သတိမထားမိခင် သူတို့နှစ်ယောက်က စာများပို့ကာ အဆက်အသွယ် ရှိနေသည်မှာ သေချာသည်။

အဝေးနေရာသို့ ပြောင်းရွှေ့သွားပြီး လျိုကျီရှန်း၏ အစ်မအပေါ် ခံစားချက်က အချိန်ကြောင့် ဖြည်းဖြည်းချင်း ပျောက်သွားမည်ဟု သူမက ထင်ခဲ့သော်လည်း မထင်ထားလောက်အောင်ပဲ လွန်ခဲ့သော သုံးနှစ်အတွင်း သူတို့၏ ဆက်ဆံရေးက ပို၍ ခိုင်မာလာသည်။ ဒီလို ကိစ္စမျိုးတွင်တောင် သူက အိုက်လန်၏ ထင်မြင်ချက်ကို နားထောင်လိုသည်။

"မပူပါနဲ့ အစ်မ။ အစ်ကိုလျိုက သူ့အစွမ်းအစနဲ့သူ ပုံမှန်ကောလိပ် တက်နိုင်မှာပါ"

"ဒါပေမယ့် အခုအခြေအနေအရ ကောလိပ်ဝင်ခွင့် စာမေးပွဲ မရှိဘူး"

ချင်းရှန်းက ပြုံးပြီး ပြောလိုက်သည်။ "အစ်မ အလုပ်ကိုသွားပြီး သူ့ကို အစ်မ စိတ်ထဲ ရှိတာတွေ ပြောလိုက်ပါ။ကျန်တာကိုတော့ စောင့်ကြည့်ရမှာပေါ့" အခုက စက်တင်ဘာလ ဖြစ်၍ အချိန်ကျနေပြီ ဖြစ်သည်။

"စကားမစပ် အစ်မ သူ့ကို စာပြန်တဲ့အခါ စာအုပ်တွေ အထူးသဖြင့် အထက်တန်းစာအုပ်တွေ သေချာပြန်ဖတ်ဖို့ ပြောလိုက်ပါ နောက်ပိုင်း အသုံးဝင်လာမှာပါ"

သူမက ယုံကြည်ချက်အပြည့်နှင့် ပြောသွားသောကြောင့် အိုက်လန်က စိတ်အေးသွားသည်။ သူမက သဘောတူလိုက်ပြီး ယုံကြည်ချက်ပြည့်စွာ ထွက်သွားလိုက်သည်။

လောင်ဟဲက သို့သို့၏ နှစ်နှစ်ပြည့်မွေးနေ့အတွက် ပြန်လာပြီးနောက်တွင် ချင်းကွေ့ဟွားက သူတို့ကို ပေကျင်းသို့ သွားကြည့်ရန် တိုက်တွန်းခဲ့သည်။

"မင်းရဲ့ အစ်ကိုနဲ့ မရီးက မင်းရဲ့မိဘတွေ မြောက်ပိုင်းကနေ ပေကျင်းကို လဝက်လောက်ကပဲ ပြန်ရောက်နေပြီး တရားဝင် အလုပ်နားလိုက်ပြီလို့ ပြောတယ်မလား?ချွေးမတစ်ယောက်အနေနဲ့ လိုင်တိက သူတို့ကို သွားတွေ့သင့်တယ်။ ပြီးတော့ သို့သို့က နှစ်နှစ်အရွယ် ရှိပြီ ခုထိ အဘိုးအဘွားတွေကို မမြင်ဖူးသေးဘူး။ သူ မမွေးခင်က သူ့အဘိုးအဘွားတွေက ပစ္စည်းတွေ အများကြီး ပို့ပေးခဲ့တယ်လေ"

ချင်းကွေ့ဟွားက ရှောင်ဟဲနှင့် သူ့မိဘများ၏ ဆက်ဆံရေးက သိပ်မကောင်းဘူးဟု တွေးမိကာ အကြံပေးလိုက်သည်။ "အမှား မလုပ်ဖူးတဲ့ မ်ိဘဆိုတာ မရှိပါဘူး။တာဝန်အရ သွားတွေ့လိုက်ပါ။ ဒါမှ အနာဂတ်မှာ တစ်ခုခု ဖြစ်ခဲ့ရင် နောင်တရစရာ မလိုမှာ"

ဟဲလျန်ရှန်းက သွားချင်ပုံ မပေါ်သလို ချင်းရှန်းက သူ့ရွေးချယ်မှုကို လေးစားသည်။ သူက ပြန်မသွားချင်လျှင် သူမလည်း မသွားပေ။

သူ၏ ယခင်ဘဝတွင် သူ့မိဘအကြောင်း ပြောလိုက်တိုင်း သူက တိတ်နေသည့်အတွက် ငယ်ဘဝက ပျော်စရာ မကောင်းခဲ့သည်မှာ သေချာသည်။ ဒီတစ်ခါတွင် ကိုယ်တိုင် မခံစားဘူးသည့် အရာကို သူတစ်ပါးကို အကြံမပေးချင်ပေ။

"အဘွား ကိုယ့်ကိစ္စ ကိုယ်လုပ်နေပါ။ ကျွန်မတ်ို့ ဆုံးဖြတ်လိုက်ပါ့မယ်။ သွားဖို့အကြောင်း ပြောဖို့က မလွယ်ဘူးလေ"

ဟဲလျန်ရှန်း၏ မိဘများက မြောက်ပိုင်းနယ်မြေမှ ပြန်ရောက်လာသည်။ ဟဲလျန်ရှန်းအတွက် အကြီးမားဆုံး အကျိုးကျေးဇူးက ဒီသမိုင်းဝင်ကိစ္စကို ဖြေရှင်းပြီးသွားသည့်အတွက် သူ့အနာဂတ်တွင် ဒီကိစ္စကြောင့် အကျိုးသက်ရောက်တော့မည် မဟုတ်ပေ။

သို့သို့က သူမအဖေ အိမ်ပြန်လာသည့်အတွက် ပျော်ရွှင်နေသည်။ သူမက ယုန်ပေါက်ကလေးကဲ့သို့ ပြုမူပြနေသည်။ သူမက ယုန်လေးများကို သဘောကျသည့်အတွက် တစ်ရက်လျှင် ဆယ်ကြိမ်ထက်မနည်း ထိုသို့ ပြုမူပြနေသည်။

သူမက ယုန်ကလေးများကို အတုခိုးရသည်ကို ကြိုက်သည်သာမက သူမအဖေကို ကြည့်ခိုင်းရသည်ကိုလည်း သဘောကျသည်။ သူမအဖေ ကြည့်သည့်အခါတိုင်း သူမက ပို၍ စိတ်လှုပ်ရှားသည်။

ချင်းရှန်းက သူမကို အဆော့ရပ်၍ အိပ်ရန် ပြောမည်အလုပ်တွင် တစ်ဖက်အိမ်မှ ဆူညံသံများကို ကြားလိုက်ရသည်။ လျိုပေါင်ကျူးနှင့် ကျောက်ချင်းစုန့်တို့ ရန်ဖြစ်နေပြန်ခြင်း ဖြစ်သည်။

သူမက သူတို့၏ ရန်ဖြစ်သံကို နားမထောင်ချင်သော်လည်း ဘာမှ မတတ်နိုင်ပေ။

ကျောက်ဟိုင်ယန်းက သူ့အတန်းသားတွေနဲ့ ရန်ဖြစ်ခဲ့ပြီး ကျောက်ဟိုင်ယန်ကလည်း သူမအတန်းဖော်များထံမှ အနိုင်ကျင့်ခံရသည်။ ကျောက်ချင်းစုန့်က သည်းမခံနိုင်တော့သည့်အတွက် လျိုပေါင်ကျူးကို အလုပ်ထွက်၍ အိမ်တွင် ကလေးများကို စောင့်ရှောက်ရန် ပြောသည်။လျိုပေါင်ကျူးက ထိုကလေးများ ဟန်ဆောင်နေသည်ဟု ငြင်းဆန်နေသည်။ သူမက ဆရာမများကို မေးကြည့်ရာ ဘယ်သူကမှ သူတို့ကို အနိုင်မကျင့်ပေ။

ချင်းရှန်းက တီးတိုး ရေရွတ်လိုက်သည်။ "ဒီကလေးနှစ်ယောက်က လျိုပေါင်ကျူးရဲ့ အလုပ်ကို မနှောင့်ယှက်နိုင်သ၍ ရပ်မှာ မဟုတ်ဘူး"

သူမ၏ ယခင်ဘဝကလည်း ထိုအတိုင်းပင် ဖြစ်သည်။သူမက အလွန်ပင်ပန်းလာကာ ရွေးစရာ မရှိဘဲ အလုပ်ထွက်လိုက်ရသည်။ ရလဒ်အနေနှင့် ထိုနှစ်ယောက်က ရန်ဖြစ်ခြင်း ရပ်သွားသည်။

ဟဲလျန်ရှန်းက ဒါကိုကြားတော့ ဘာမှမပြောပေ။ သူက အတော်ကြာမှ သက်ပြင်းချလိုက်သည်။

All Chapters