← Chapters

Chapter 70

Vol. 6 Ch. 70

Chapter 70

Vol. 6 Ch. 70

ချင်းရှန်းက လောင်ဟဲ ကလေးများကို သဘောမကျသည်ကို သိထားပြီး အထူးသဖြင့် ကျောက်ဟိုင်ယန်းနှင့် ကျောက်ဟိုင်ယန် မောင်နှမ ဖြစ်သည်။ သူတို့ ရောက်စက သူက ကလေးများကို ဖော်ရွေစွာ ဆက်ဆံသော်လည်း နောက်ပိုင်းတွင် ဆက်ဆံရေး ပြောင်းသွားသည်။

"ရှင် သူတို့ကို သဘောမကျဘူးလား?"

"မဟုတ်ပါဘူး။ ဒါပေမယ့် မင်း သို့သို့ကို သူတို့နဲ့ နီးနီးကပ်ကပ် မနေအောင် ဂရုစိုက်ပါ"

ရဲဘော်ရှောင်ချင်း နားမလည်မည်ကို စိတ်ပူ၍ သူက ဆက်ပြောလိုက်သည်။ "တစ်ခါက ကိုယ် ကျောက်ဟိုင်ယန်း ငှက်ဖမ်းတာ မြင်ဖူးတယ်။ သူက ငှက်သိုက်ကို ပစ်ချပြီး ငှက်ကို တက်နင်းတာ။ ကိုယ် မတားခဲ့ရင် သူက ငှက်သိုက်တစ်ခုလုံး ဖျက်ဆီးတော့မလို့"

ချင်းရှန်းက မျက်ခုံးပင့်လိုက်သည်။ ဒါက တိရိစ္ဆာန် သတ်ဖြတ်မှု ဖြစ်သည်။ ဒါပေမယ့် သူတို့က ယခင်ကလည်း ထိုအတိုင်း ဖြစ်သည့်အတွက် သူမက မအံသြမိပေ။ ချင်းရှန်းက သူ ငှက်သိုက်ကို ထိုသို့လုပ်သည်ကို နှစ်ခါ မြင်ဖူးပြီး အတောင်မစုံသေးသော ငှက်ပေါက်လေးများကို တက်နင်းတော့မည်ကို တွေ့၍ စိတ်တို၍ ရိုက်ခဲ့မိသည်။ ထိုနှစ်ယောက်က ကျောက်ချင်းစုန့်ကို ပြန်တိုင်သဖြင့် သူမက ကလေးများအပေါ် ရက်စက်သည်ဟုဆ်ိုကာ အပြစ်တင်ခံရသည်။

သူ့အထင်တွင် ငှက်များကို အကျယ်ချဲ့စရာ မလိုဟု ထင်နေသည်။ သူက ငယ်စဉ်က ဝူလိထန်တွင် သူမကို ငါးဖမ်းဖူးလား ငှက်ဖမ်းဖူးလားဟု မေးခဲ့သေးသည်။ သူမက ဘယ်လိုလုပ် ငှက်ပေါက်လေးများကို တက်နင်းနိုင်မှာတဲ့လဲ?

ထိုအချိန်က ချင်းရှန်းက ထိုမေးခွန်းကို တွေးမရ ဖြစ်ခဲ့သည်။ သူမအမြင်တွင် ငါးဖမ်းခြင်း ငှက်ဥများကို ယူခြင်းက အပျော်သဘော လုပ်သည်ဟု ထင်မိပေမယ့် ငှက်ကလေးများကို သေသည်အထိ တက်နင်းသည်က မကောင်းသည့် အမူအကျင့် ဖြစ်သည်။

ဒါပေမယ့် ကျောက်မိသားစု သားအဖများက ထိုသို့ မထင်ပေ။

ထိုအချိန်မှစ၍ ချင်းရှန်းက ကျောက်ဟိုင်ယန်း၏ လှုပ်ရှားမှူများကို ပို၍ အာရုံစိုက်သည်။ သူက အလွန်အကျွံ ဖြစ်သွားမည်ကို သူမ စိတ်ပူသည်။ ဒါပေမယ့် သူမက တင်းကြပ်လေလေ သူက သူမကို ပို၍ မုန်းတီးလေလေ ဖြစ်သည်။သူက သူမ သူ့ကိစ္စကို ဝင်ရှုပ်တိုင်း အကြောင်းရှာ၍ သူ့အဖေကို ပြောကာ သွေးခွဲလေ့ရှိသည်။

ချင်းရှန်းက သူမ၏ ယခင်ဘဝတွင် သူတော်ကောင်း ဖြစ်ခဲ့သည်ဟု ခံစားရသည်။ သူမက ဘာမှမပြောဘဲ ရပ်ကြည့်နေကာ ထိုမကောင်းသည့်ကောင်လေး အလွန်အကျွံ အပြစ်လုပ်မိကာ ထောင်ထဲ ရောက်မည်ကို ကြည့်နေခဲ့သင့်သည်။

"မင်း အံ့သြသွားပုံ မပေါ်ဘူးနော်" ထိုလူက သူမမျက်လုံးကို ကြည့်လိုက်သည်။

ချင်းရှန်းက ခံစားချက်များကို ထိန်းချုပ်ကာ ပြောလိုက်သည်။ "သူ ငှက်ကို တက်နင်းနေတာ ကျွန်မ မြင်ဖူးတယ်"

ဟဲလျန်ရှန်းက စက်ဆုပ်သည့်အကြည့်မျိုး ပေါ်လာကာ သူ့သမီး၏ ခေါင်းကိုကိုင်လိုက်သည်။ "နောက်ဆို သူတို့နဲ့ မကစားနဲ့နော်"

သို့သို့က နားလည်မလည် မသိပေမယ့် ရယ်လိုက်သည်။ဘေးအိမ်မှ ရန်ဖြစ်သံက ပို၍ ကျယ်လာသည်။ ကလေးမလေးက သူမအဖေအတိုင်း မျက်မှောင်ကြုတ်ကာ အသံမာမာဖြင့် ပြောလိုက်သည်။ "ပါးစပ်ပိတ်ထား!"

ချင်းရှန်းနှင့် လောင်ဟဲက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ "သို့သို့က စကားပြောလိုက်တာလား?"

သို့သို့က နံရံဘက်လှည့်ကာ ဆက်ပြောလိုက်သည်။ "ပါးစပ်ပိတ်ထား!"

သူမအဖေက သူ့သမီး စကားပြောနိုင်သည့်အတွက် ပျော်ရွှင်နေသည်။

ဒါက ဆဲရေးစကားဖြစ်သည့်အတွက် ချင်းရှန်းကတော့ မပျော်နိုင်ပေ။

ချင်းရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ "ပါးစပ်ပိတ်ထား"ဆိုသည်က ချင်းကွေ့ဟွား၏ စကားဖြစ်ပြီး ဒုတိယအစ်မနှင့် တွေ့လျှင် ပြောလေ့ရှိသည်။ သူမက နေ့တိုင်း ပြောလေ့ရှိသည့်အတွက် ယခု သို့သို့က အဆဲစကားများ တတ်လာသည် မဟုတ်လား?

ဒါက အကျင့်ကောင်း မဟုတ်ပေ။

ချင်းရှန်းက သူမသမီး၏ မျက်နှာကိုကြည့်ကာ ပြောလိုက်သည်။ "မဆဲရဘူး အမေ ရိုက်မှာနော်"

သို့သို့က ကောင်းသောစကားနှင့် ဆိုးသောစကားကို ခွဲခြား မသိပေ။ ဘေးအိမ်မှ အသံတိတ်သွားသောအခါ သူမက ကစားထားသောကြောင့် ပင်ပန်းပြီး အ်ိပ်ပျော်သွားသည်။

မနက်ဖြန် ချင်းကွေ့ဟွားနှင့် စကားပြောရတော့မည်ဟု ချင်းရှန်းက တွေးလိုက်သည်။ ကလေးများက စကားပြောသင်သည့်အရွယ် ဖြစ်ပြီး လူကြီးများထံမှ အတုခိုးကြသည်။

အဖေဖြစ်သူက အံ့သြပေမယ့် စိတ်ထဲ သိပ်မတွေးပေ။သူ့သမီးက ဘာလုပ်လုပ် ချစ်စရာ ကောင်းနေသည်။ဥပမာ သူ့သမီးက နို့ဗူးသောက်နေလျှင် သူ့ရင်ဘတ်ကို ခြေထောက်နှင့် ကန်တတ်သည်။ သူက သူ့ဇနီး ဂရုမစိုက်မိချိန်မှာတောင် သူမကို နမ်းနိုင်သည်။

ချင်းရှန်းက မမြင်သည်တော့မဟုတ်ပေ။ သူ့ကို မျက်နှာ မပျက်စေလိုခြင်းသာ ဖြစ်သည်။

သူက သူ့သမီး၏ ခြေထောက်ကို နမ်းလိုက်ပြီးနောက် ဘယ်လိုခံစားရသည်က်ို မသိပေမယ့် နောက်နေ့တွင် သို့သို့ကို ပေကျင်း ခေါ်သွားချင်သည့်အတွက် ချင်းရှန်းကို ခွင့်စာတင်ရန် ပြောလိုက်သည်။

ချင်းရှန်းက နားမလည်နိုင်ပေမယ့် လောင်ရှန်းက သူ ခြေထောက် ဒဏ်ရာ ရပြီးချိန်ကပဲ ဒီကိစ္စတွင် မပတ်သက်တော့သည့်အတွက် လေးစားမိသည်။ သူမက သူ့ကို ဘာတာဝန်မှ လက်လွှဲယူရန် မလိုကြောင်း ပြောရမည်။ အလုပ်အားလုံးက သူမတာဝန်ဖြစ်၍ ဘယ်သူမှ တာဝန်ယူမရပေ။

၁၉၇၇ နွေရာသီတွင် သို့သို့က မိသားစုနယ်မြေတွင် ပထမဆုံး မြို့တော်ကို သွားရသော ကလေး ဖြစ်လာသည်။

ကလေးပါသည့်အတွက် ချင်းရှန်းက အိပ်၍ ရသောခုံလက်မှတ်ဝယ်လိုက်သည်။ ကလေးက ခရီးပန်းလျှင် အိပ်ချင်မည်ဟု ထင်ခဲ့ပေမယ့် သူမက အတွေးလွန်သွားသည်။ သို့သို့က တစ်လမ်းလုံး စိတ်လှုပ်ရှားသဖြင့် မအိပ်ချင်ပေ။ အခြားသော ကလေးများကဲ့သို့ ပတ်ပြေးမနေဘဲ သို့သို့က သူမအနားမှ ပစ္စည်းများ အပြင်ဘက်မှ ရှုခင်းများကို ကြည့်နေသည်။

ချင်းရှန်းက တကယ်ကို ပင်ပန်းနေသည်။ သူမက အလုပ် ပင်ပန်းခဲ့သည့်အတွက် ယခုအနားယူလိုသည်။ရထားပေါ် ရောက်သည်နှင့် လောင်ဟဲက သူမကို အိပ်ခိုင်းကာ ကလေးကို ကြည့်ထားသည်။

ဒါကြောင့် ချင်းရှန်းက လောင်ဟဲ အပြင်ဘက် မြင်ကွင်းများကို ကြည့်နေချိန်တွင် အိပ်ပျော်သွားသည်။ သူမ နိုးလာတော့ မိုးချုပ်နေပြီဖြစ်သည်။ ညစာက ရိုးရှင်းသည်။ အဘွားက ရေနွေးနှင့် တွဲစား၍ ရသော ပန်ကိတ် လုပ်ပေးလိုက်သည်။ သို့သို့က နို့နှင့်စိမ်ထားသော ဘီစကစ်စားသည်။ သူက ပန်ကိတ်နည်းနည်း စားလိုက်ကာ ဗိုက်ပြည့်သွားသည်။

အခြားသော ကလေးများက ထိုနေရာတွင် ခေါက်ဆွဲပြုတ် စားနေကြသည်။ သူမက အနံခံကာ စိတ်ဝင်တစား ကြည့်နေသည်။

အခြားမိဘများက သူမကိုမြင်တော့ သူမက သပ်ရပ်လှပကာ မတောင်းဘဲ ကြည့်နေသည့်အတွက် သူမကို အနည်းငယ် ပေးပေမယ့် သူမက လက်ကာပြကာ ပြောလိုက်သည်။ "ကျေးဇူးပါ"

လောင်ဟဲက ထိုမိသားစုကို ခေါင်းငြိမ့်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဒါပေမယ့် မလိုပါဘူး"

သို့သို့က ပြန်လှည့်မကြည့်ဘဲ သူမအဖေနောက် လိုက်သွားသည်။ သူမက မတောင်းသင့်သည်ကို သိသည်။အခြားသူများ၏ ပစ္စည်းက သူမဟာ မဟုတ်သည့်အတွက် သူတို့ပေးလျှင်တောင် မယူသင့်သည်ကိုလည်း သူမက နားလည်သည်။

ပို၍ အံ့သြစရာ ကောင်းသည်က အခြားကလေးများ ငိုယို၍ ပစ္စည်းများတောင်းလျှင် သူမက ရွံရှာသည့်အကြည့်နှင့် နားပိတ်ထားကာ ဆူညံသည်ဟု ပြောဆိုတတ်သည်။

ဒီကလေးက ကျိုးကြောင်းနားလည်တတ်သည်ဟု ချင်းရှန်းက လောင်ဟဲကို တီးတိုးပြောလိုက်သည်။

"ဟုတ်လား?"

"မဟုတ်ဘူးလား? အခြားကလေးတွေနဲ့ ရှင့်ကလေးကို ကြည့်လေ"

လောင်ဟဲက သူ့သမီး၏ ခြေထောက်ကို စောင်အောက်ထဲထည့်ကာ ပြောလိုက်သည်။ "ကောင်းသားပဲ။ မင်း နောက်ပိုင်း အနိုင်ကျင့် မခံရတော့ဘူးပေါ့"

ချင်းရှန်းက နားလည်တတ်လွန်းသည်နှင့် အနိုင်ကျင့်ခံရသည်က ဘယ်လို ဆက်စပ်နေသည်ကို နားမလည်နိုင်ပေ။ ဒါပေမယ့် သူမက မေးလိုက်သည်။ "ရှင် ဘာလို့ အရင်က ကလေးမလိုချင်တာလဲ?"

လောင်ဟဲက ကလေးများကို သဘောမကျသလို အထူးသဖြင့် မိသားစုနယ်မြေမှ ကလေးဆိုးများကို သဘောမကျသည်ကို သူမက မှတ်မိသည်။ သူက အမြဲတမ်း ထိုကလေးများ၏ "ဦးလေးဟဲ"ဟု နှုတ်ဆက်သံကို မကြားသလိုနေသည်။ သူတ်ို့ ကျောက်ဟိုင်ယန်းအကြောင်း ပြောသောညက သူ့မျက်နှာတွင် အလိုမကျသည့်ပုံစံ ပေါ်နေသည်။ သူ့စိတ်ထဲတွင် သို့သို့နှင့် အခြားကလေးများ ဟူ၍ နှစ်မျိုးသာရှ်ိသည်။

သူမက နူးညံ့စွာ မေးပေမယ့် အဖြေမရခဲ့ပေ။

"အိပ်တော့"

အချိန်အတော်ကြာမှ ချင်းရှန်းက မသဲမကွဲ အသံကို ကြားလိုက်ရသည်။ "ကလေးအချို့က မကောင်းတဲ့စိတ်တွေနဲ့ မွေးလာလို့လေ"

"ရှင် ဘာပြောလိုက်တာလဲ? ကျွန်မ သေချာ မကြားလိုက်ရဘူး" ချင်းရှန်းက မေးပြီးသည်နှင့် အိပ်ပျော်သွားသည်။

သူမ နိုးလာတော့ ရထားက ပေကျင်းမြို့မရောက်မီ မြို့ကို ရောက်နေပြီ ဖြစ်ပြီး ပေကျင်းရောက်ရန် နာရီအနည်းငယ်သာ လိုတော့သည်။

သူတို့ ပေကျင်းရောက်တော့ ငါးနာရီခွဲ နေပြီဖြစ်သည်။သူတို့တွင် ကလေးလည်း ပါသည့်အတွက် အဝတ်အစားအိတ် အများကြီးပါလာကာ အိတ်ကြီးနှစ်အိတ် အပြည့်ဖြစ်သည်။ ဟဲလျန်ရှန်းက အိတ်တစ်အိတ်ကို ကျောပေါ်တင်ကာ နောက်တစ်အိတ်ကို ဘယ်ဘက်လက်ဖြင့် ကိုင်ထားပြီး ညာဘက်လက်ဖြင့် ချင်းရှန်း၏ ပုခုံးကို ကိုင်ထားကာ ထိုသားအမိကို လူအုပ်ထဲ ပိတ်မိမသွားစေရန် ကာကွယ်ထားသည်။

သ်ို့သို့က န်ိုးနေသည်မှာ ကြာပြီဖြစ်ပြီး သူ့အမေက သူ့ကို ချီထားသည်။ သူမက စပ်စုစွာဖြင့် အနီးအနားရှိ လူများကို ပတ်ကြည့်နေသည်။ အခြားသူများနှင့် အကြည့်ချင်းဆုံလျှင်လည်း မရှက်ပေ။ အခြားသူများက ပြုံးပြလျှင် သူမကလည်း ပြန်ပြုံးပြသည်။ အခြားသူများက နှုတ်ဆက်လျှင် သူမက ပါးစပ်ဟကာ စကားအချို့ ပြောလေ့ရှိသည်။ သူမက နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ လူတိုင်းနှင့် စကားပြောသည်။

ချင်းရှန်းတို့ ဇနီးမောင်နှံက ဒီအကြောင်းကို သူမက သူမအဘွား၏ စကားများကို လိုက်ပြောစဉ်ကပဲ သိထားခြင်း ဖြစ်သည်။ သူမက စကားကို ချောမွေ့စွာ ပြောနိုင်သလို စကားအရှည်ကြီး ပြောနိုင်ပြီး လူကြီးစကားများလည်း ပြောနိုင်ပြီး သူ့မိသားစုကို ရယ်မောစေသည်။

သူမတို့ ရထားဘူတာမှ ထွက်လာချိန်အထိ ဘယ်သူကမှ စကားမပြောခဲ့ပေ။ သူမက စကားပြောချင်လာပြီး ပတ်ဝန်းကျင်ကို ပတ်ကြည့်နေသည်။ သူမက ဘတ်စ်ကားကြီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "ဒါက ဘာကြီးလဲ?"

"ဒါက ဘတ်စ်ကားလေ အဘွား လန်ဟဲမြို့ကိုသွားရင် စီးတဲ့ဟာပေါ့" တကယ်တို့ ထိုနှစ်ခုက မတူညီပေ။ မဟုတ်လျှင် ထိုကလေးမက မှတ်ဉာဏ်ကောင်းသည့်အတွက် မြင်စကပဲ မှတ်မိမည် ဖြစ်သည်။

"ဒါက ဘာလဲ?"

"ဒါက ဘာလဲ?"

"ဒါက..."

ဘတ်စ်ကားပေါ် ရောက်ပြီးချိန်ကပဲ သားအဖနှစ်ယောက်ကြားမှ စကားဝိုင်းသည် အသံသွင်းခွေကဲ့သို့ အမေးအဖြေများနှင့် ပြည့်နေသည်။ ချင်းရှန်းက ဒါကို အလွန်အာရုံမစိုက်ခဲ့ပေ။ သူမက မြို့တော်ကိုသာ စိတ်ဝင်တစား ကြည့်နေသည်။

သူမ၏ ယခင်ဘဝတွင် သူမ ပေကျင်း၌ နှစ်ပေါင်းများစွာ နေခဲ့သော်လည်း သူမက အိမ်ရှင်မတစ်ယောက် ဖြစ်သည့်အတွက် သူမအိမ်နှင့် ဝေးသောနေရာများကို ရောက်ခဲပြီး အိမ်အနီးတစ်ဝိုက်နှင့်သာ ရင်းနှီးသည်။ဒါက သူမ၏ ရထားဘူတာမှ ချွန်းဟွာဟူထုန်သို့ လမ်းလျှာက်ခဲ့သော ပထမဆုံးအကြိမ် ဖြစ်သည်။

ထိုအချိန်က ပေကျင်းတွင် အဆောက်အဦး အမြင့်များ သိပ်မများသေးသလို လမ်းပေါ်တွင်လည်း ယာဉ် အမြောက်အများမရှိပေ။ ထိုအစား စစ်တပ်သုံး စက်ဘီးများသာ ပေါပေါများများ ရှိပြီး နောက်ပိုင်းခေတ်တွင် ပေကျင်းမြို့ကို နိုင်ငံခြားသား ခရီးသွားများ ရိုက်ထားသော ဓာတ်ပုံများထဲမှအတိုင်း ဖြစ်နေသည်။

"စိတ်မရှုပ်ပါနဲ့။ မင်း သဘောမကျဘူးဆိုရင် ကိုယ်တို့ တစ်ခါ တွေ့ဆုံပြီးတာနဲ့ ပြန်ကြမယ်လေ" သူက သူမအနီးသို့ ကပ်ကာ ပြောလိုက်သည်။

ချင်းရှန်းက နောက်ပြန် လှည့်ကြည့်လိုက်ပြီး သူမက ကားပေါ်ရောက်ပြီးထဲက စကားသ်ိပ်မပြောဖြစ်သည်ကို သတိရသွားသည်။ သူက သူမ ယောက္ခများနှင့် တွေ့ရမည်ကို စိတ်ဖိစီးနေသည်ဟု ထင်ခြင်းဖြစ်သည်။

"ဟုတ်ပါပြီ" တကယ်တော့ သူမက စိတ်မဖိစီးပေ။ အနည်းငယ် စိတ်လှုပ်ရှားနေခြင်းသာ ဖြစ်သည်။

ဘယ်လောက်ထိ ရင်းနှီးသည် ဆိုသည်ကို မတွေးဘဲ သူမက ဘယ်လိုမိဘမျိုးက လောင်ဟဲလို ဖြောင့်မတ် တည်ကြည်ပြီး ကိုယ်ကျိုးမကြည့်တတ်သူကို ပျိုးထောင်ထားသည်ကို သိချင်မိသည်။

ဟဲမိသားစုက အနုပညာရှင် မိသားစုအဖြစ် နာမည်ကြီးသည်။ ဟဲလျန်ရှန်း၏ အဘိုးနှင့် အဘွားက နာမည်ကြီး ပီကင်း အော်ပရာ ဖျော်ဖြေသူများ ဖြစ်ကြသည်။ ကံမကောင်းစွာနဲ့ပဲ သူ့အဖေ၏ မျိုးဆက်တွင် ထိုရှေးလူကြီးများ၏ လက်ဆင့်ကမ်းပညာကို မကျွမ်းကျင်ခဲ့ဘဲ ထိုအစား cello ဟူသော နိုင်ငံခြား တူရိယာကိုသာ ရင်းနှီးကျွမ်းဝင်ခဲ့သည်။ သူက မိဘများ၏ ဆန္ဒကို ဆန့်ကျင်ကာ နိုင်ငံခြားသို့ ဂီတပညာ သင်ယူရန် သွားခဲ့ပြီး ပြန်လာသောအခါ အမျိုးသားသံစုံတီးဝိုင်းတွင် သူ့ဆန္ဒနှင့်သူ ဝင်ပါသည်။ ဟဲ ဘိုးဘေးများက ဒီကိစ္စကြောင့် စိတ်ပျက်မိကာ ပိုင်ဆိုင်မှုများ အမွေမပေးနိုင်ဟု ပြောခဲ့ပြီး သူတို့က ဤအလုပ်သည် ခက်ခဲသည့်အလုပ်ဟုထင်သည့်အတွက် ဘာမှ ထပ်မပြောတော့ပေ။

ထပ်ပြောရလျှင် ဟဲလျန်ရှန်း၏ အဖေက ငယ်စဉ်က အနုပညာထူးချွန်သော လူချောတစ်ယောက် ဖြစ်ပြီး မိန်းကလေးများကြားတွင် နာမည်ကျော်သည်။ သူ့အမျိုးသမီးကလည်း ပြည့်သူ့ဆေးရုံမှ ခွဲစိတ်ဆရာဝန် ဖြစ်သည့်အတွက် သူ့မိဘများက ပို၍ စိတ်ကျေနပ်ခဲ့သည်။

ဒါပေမယ့် ကိစ္စက ဟဲလျန်ရှန်း၏ အဖေ နိုင်ငံခြားတွင် ပညာသင်ချိန်က အချစ်ဦး ရှိခဲ့သည်။ ထိုမိန်းကလေးက နိုင်ငံရပ်ခြားတွင် ကောင်းမွန်သည့်ဘဝနှင့်နေရန် ဆန္ဒရှိပြီး ခေတ်နောက်ပြန်ဆွဲသော နိုင်ငံသို့ သူနှင့်အတူ ပြန်မလာချင်ပေ။ ထို့ကြောင့် သူတို့က လမ်းခွဲခဲ့ရသည်။

သူက ဟဲလျန်ရှန်း၏ အမေနှင့် လက်ထပ်ခဲ့သော်လည်း စိတ်ထဲတွင် ပိုင်ယဲ့ကွမ်းက အမြဲရှိနေသည့်အတွက် သူက စာရေး၍ပင် ပို့ခဲ့သေးသည်။

ပိုင်ယဲ့ကွမ်းက စာများကို လက်ခံရမရ မသ််ိပေမယ့် နှစ််များစွာ ကြာပြီးနောက်မှာ ထိုစာများက သူ၏ အရင်းရှင်စနစ်ကို အရှုံးပေးခြင်း၏ မျက်မြင်သက်သေ ဖြစ်လာခဲ့သည်။ သူက အလုပ်တွင်လည်း အခက်အခဲနှင့် ရင်ဆိုင်ရကာ အိမ်ရှိ လူကြီးများကလည်း နာမကျန်း ဖြစ်နေကြပြီး ဘဝက တကယ်ကို ခက်ခဲခဲ့သည်။ သူက ဝန်ထုပ်ဝန်ပိုးများ အနည်းငယ် လျော့သွားစေရန် သူ့သားကြီးနှင့် သားငယ် အလုပ်ရချိန်ကို စောင့်နေခဲ့သည်။ဒါပေမယ့် တစ်ယောက်ယောက်က သူတ်ို့စုံတွဲကို စွပ်စွဲသည့်စာ တင်ခဲ့ပြီး သူတို့က မြောက်ပိုင်းသဲကန္တာရသို့ ပို့ခံရသည်။ ဟဲလျန်ရှန်းက တပ်ထဲတွင် ကျန်ခဲ့ပြီး သားအကြီး ဟဲပေါင်ရှန်းက ပေကျင်း မြေသြဇာ စက်ရုံတွင် အလုပ်လုပ်ကာ ကျန်ခဲ့သည်။

ဟဲမိသားစုသည် ယခင်က ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသည်။ သူတို့တွင် ရှီကျားဟူထုန်၌ ဝင်ပေါက် သုံးပေါက် ပါရှိသော ခြံဝန်းကျယ်နှင့်အ်ိမ် ရှိသည်။ မျိုးဆက် နှစ်ခု သုံးခု ကြာသွားတော့ အိမ်က ဆက်ခံသူ ပြောင်းသွားသည်။ ဟဲလျန်ရှန်းတို့ ညီအစ်ကိုက သူ့အမေ အလုပ်လုပ်သော ဆေးရုံမှ ပေးသည့် ဝန်ထမ်းအဆောင်တွင် မွေးဖွားလာသူများ ဖြစ်သည်။ ကံဆိုးစွာနဲ့ပဲ ဟဲလျန်ရှန်း၏ မိခင်က မြောက်ပိုင်းကန္တာရသို့ ပို့ခံရသည့်အခါ ထိုအဆောင်တွင် နေ၍ မရတော့ပေ။ ဟဲပေါင်ရှန်း၏ မိသားစုက ဆင်းရဲပြီးညစ်ပတ်သည်ဟု ကျော်ကြားသော ချွန်းဟွာဟူထုန်တွင် အိမ်ငှားနေခဲ့ရသည်။

သူတို့က လမ်းကြားထဲ ရောက်သည်နှင့် အပြင်ဘက်ထက် ပိုဆိုးသော မသန့်ရှင်းသည့် လေထု၏ အနံ့ကို ရလိုက်သည်။ ဆောင်းလယ်တွင် သူတို့က ယင်ကောင်များ ပျံနေသည်ကို တွေ့ရပြီး အများသုံး သန့်စင်ခန်း၏ အနံ့ကိုလည်း ခပ်လှမ်းလှမ်းမှ ရနေသည်။ ဟဲလျန်ရှန်းက အနည်းငယ် ရှက်သွားသည်။ "ကိုယ့် အစ်ကိုကို အရင်သွားတွေ့ကြတာပေါ့။ ကိုယ်တို့ ဒီမှာ မနေဘူး။ တည်းခိုခန်းမှာပဲ နေကြရအောင်"

သူ့မိန်းမနှင့်သမီးက ဒီနေရာတွင် မနေနိုင်မည်ကို စိတ်ပူသည်သာမက နေစရာ အခန်းမလောက်မည်ကိုလည်း စိုးရိမ်သည်။

All Chapters