← Chapters

Chapter 71

Vol. 6 Ch. 71

Chapter 71

Vol. 6 Ch. 71

လမ်းကြားထဲတွင် ခြံဝန်းကျယ် အများကြီး ရှိသည်။ဝင်ပေါက်မှ ဝင်လိုက်သည်နှင့် အရှေ့ဘက်တွင် ခြံဝန်းကျယ် သုံးခုရှိပြီး အလယ်နှင့် အနောက်ဘက်တွင် အိမ်ခြေ နှစ်ဆယ်ကျော်ရှိကာ မိသားစု ဆယ်စုမှ နှစ်ဆယ်လောက်ထိ နေကြသည်။ နေထိုင်ရသည့် ပုံစံက တကယ်ကို မကောင်းပေ။ ဟဲပေါင်ရှန်းနှင့် ဟုန်ရှားက ယခင်အချိန်များက လုပ်သားများ၏ အခန်းဖြစ်ခဲ့သော အရှေ့ဘက်ခြံဝန်းထဲရှ်ိ အနောက်အိမ်တွင် နေကြသည်။

ချင်းရှန်းက ယခင်ဘဝက ပေကျင်းတွင် နေခဲ့ဖူးသောကြောင့် ဒီနေရာမှ ခြံဝန်းကျယ် အိမ်ဆောင်များ၏ စည်းကမ်းကို နားလည်သော်လည်း သူမက အမူအရာမပြောင်းဘဲ သူတ်ို့နှစ်ယောက်နောက်မှ လိုက်ခဲ့သည်။သူက တံခါးခေါက်ရန် လုပ်လိုက်စဉ် ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦး ပေါ်လာသည်။ သူမက ဆံပင်တိုတိုနှင့်ဖြစ်ပြီး "မြေသြဇာစက်ရုံ"ဟူသော စာသားရိုက်ထားသည့် အပြာနုရောင် အလုပ်ဝတ်စုံနှင့် အပေါ်မှ မီးခိုးရောင် အပေါ်ဝတ် ဝတ်ထားသည်။

"ဟေး ဒုတိယမောင်လေး ပြန်လာပြီလား?" ဟုန်ရှားက အံ့သြစွာ ပြောလိုက်ပြီး အလျင်အမြန် သူ့ဘေးမှ ချင်းရှန်းကို ကြည့်လိုက်သည်။ "ဒါက ယောက်မလေး ဖြစ်ပြီး ဒါက သမီးလေး ဖြစ််မယ်။ မြန်မြန် ဝင်ခဲ့ပါ။"

သူက အိမ်ဘက်လှည့်ကာ အော်ပြောလိုက်သည်။ "ပေါင်ရှန်း ဒုတိယမောင်လေးနဲ့ ယောက်မက ကလေးနဲ့အတူ ရောက်လာတယ်"

မကြာခင်မှာ ဟဲလျန်ရှန်းနှင့် ၇၀ ရာခိုင်နှုန်းလောက် တူသော အမျိုးသားတစ်ယောက်က အိမ်ထဲမှ ထွက်လာသည်။ "မင်း ပြန်လာပြီပဲ"

ဟဲလျန်ရှန်းကဲ့သို့ အမြဲလိုလို တည်ငြိမ်နေသော သူပင်လျှင် စိတ်လှုပ်ရှားနေသည်။ သူက သူ့အစ်ကိုနှင့် မတွေ့ရသည်မှာ နှစ်နှစ်ကြာပြီ ဖြစ်သည်။

ချင်းရှန်းက သူတို့ကို ပြုံး၍ နှုတ်ဆက်လိုက်ပြီး "အစ်ကိုကြီးနဲ့ ယောက်မ" ဟုခေါ်ကာ ဟဲလျန်ရှန်းကို ပစ္စည်းများပေးရန် တွန်းပို့လိုက်သည်။

"အထဲမှာ စကားပြောကြတာပေါ့" ခပ်ဝဝ ကောင်လေးတစ်ယောက်က ဟဲပေါင်ရှန်း၏ အနောက်မှ ပေါ်လာကာ သူတို့ကို စိတ်ဝင်စားစွာ ကြည့်နေသည်။

"ကြည့်စမ်းပါဦး၊ အထဲဝင်ပါ အထဲဝင်၊ သူစိမ်းလည်း မဟုတ်ဘဲ ဘာလို့ ပစ္စည်းတွေ အများကြီး ဝယ်လာတာလဲ?"

ဟုန်ရှားက ပါးစပ် နားရွက်တက်ချိတ်သည်အထိ အားပါးတရ ပြုံးလိုက်သည်။ သူတို့က ညီအစ်ကို ဆိုပေမယ့် ယခု ကိုယ်ပိုင် မိသားစုများ ရှိကြသည့်အတွက် လက်ဆောင် ယူလာလျှင် ဘယ်သူက သဘောမကျဘဲ နေနိုင်မှာလဲ?

"အများကြီး မဟုတ်ပါဘူး။ အစ်မတို့ ဘာကြိုက်တတ်လဲ မသိတာမလို့ ဒေသထွက်ပစ္စည်းလေးတွေပဲ ယူလာတာပါ"

ချင်းရှန်းက ပစ္စည်းများ သွားဝယ်သောအခါက သူတို့က ပေကျင်းတွင် ခက်ခဲသော ဘဝ၌ နေရသည်ကို သိသည့်အတွက် ပုပ်သိုးလွယ်သော မလတ်ဆတ်သော အရာများ မဝယ်ခဲ့ပေ။ သူမက သန့်ရှင်းလတ်ဆတ်သော သိုးသားနှင့် အမဲသားခြောက်များ၊ ကလေးများ ကြိုက်သော နွားနို့ဘူးများ ဝယ်လာခဲ့သည်။ အဘွားက မြေပဲနှင့် သစ်ကြားသီးများ ထည့်ထားသော ပန်ကိတ်များပင် လုပ်ပေးလိုက်သေးသည်။

ပစ္စည်း အမြောက်အများကို မြင်သောအခါ ဟုန်ရှားက အပြုံးမရပ်နိုင်ဘဲ မီးဖိုရန် အလျင်အမြန် သွားလိုက်သည်။

"ဟူဇီ အရူးလို ရပ်မနေနဲ့။ မြန်မြန် တစ်ယောက်ယောက်ကို သွားခေါ်လိုက်။ ဒါက မင်းရဲ့ ဒုတိယဦးလေးနဲ့ ဒုတိယအဒေါ်ပဲ"

ရှောင်ဟဲက ဂရုမစိုက်သလို ဆက်ဆံနေပေမယ့် ထိုကလေး၏ မျက်နှာမှ နှင်းကိုက်နာ ဒဏ်ရာများကို မြင်လိုက်ရသောအခါ သူက အလိုအလျောက် ခန္ဓာကိုယ်က ကာကွယ်သည့်အနေနှင့် နောက်ဆုတ်လိုက်သည်ကို ချင်းရှန်းက သတိထားမိသည်။

ဒီလူက ဘယ်လောက်ထိတောင်မှ ကလေးတွေကို သဘောမကျတာလဲ? ဒါက သူ့တူအရင်းလေ! သူက ရထားပေါ်က ကလေးဆိုးလေးတွေ မဟုတ်ဘူး!

လမ်တစ်လျှောက်လုံး ရထားပေါ်မှ ကလေးဆိုးလေးများကြောင့် သူက သေလောက်အောင် စိတ်ညစ်ခဲ့ရသည်။

တကယ်တော့ ချင်းရှန်းက ဒီကလေးကို အတော်သဘောကျသည်။ သူက ယခင်ဘဝတွင် ဒီကလေးနှင့် နှစ်ကြိမ် တွေ့ဆုံဖူးသည်။ ဟုန်ရှားတို့ ဇနီးမောင်နှံက ကျန်းမာရေး မကောင်းသည့်အတွက် သူတို့က လောင်ဟဲထုန်ထံမှ ပိုက်ဆံချေးကာ အချိန်မီ ပြန်ပေးရသည်။ သူက သူ့ဂရုစိုက်မှုကို ပြရန် လောင်ဟဲထုန်ကို နှစ်သစ်ကူးနေ့တိုင်း ခေါ်လေ့ရှိသည်။ သူ့ကို သိတတ်သောညီအဖြစ် သတ်မှတ်ထားသည်။

ချင်းရှန်းက သ်ို့သို့၏ တင်ပါးကို လက်ဖြင့် ပုတ်လိုက်သည်။ "သို့သို့ သမီး မှတ်မိလား? ဒါက ဦးဦးနဲ့ ဒေါ်ဒေါ်ပဲ။ အမေ လမ်းမှာ ပြောလာတယ်မလား?"

သို့သို့က ရှက်မနေပေ။ လူအများကြီးကို မြင်လိုက်ရသည့်အတွက် အနည်းငယ် စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ဘာတွေ ဖြစ်နေသည်ကို သူမက မသိပေ။ သူမအမေ သတိပေးသောအခါမှ သူမက ဖြည်းညင်းစွာ ခေါ်လိုက်သည်။ "ဦးဦး~"

"ဒေါ်ဒေါ်~"

"ဟေး တူမလေးက လိမ္မာပြီး လှလိုက်တာ။ လာပါဦး ဒေါ်ဒေါ် ဖက်ပါရစေ"

ဟုန်ရှားက လက်ဆန့်လိုက်သောအခါ သူမက သူမမိဘများ သူမဘေးတွင် ရှိနေသည့်အတွက် မကြောက်နေပေ။

ယောက်မက ကလေးယူသွားသောအခါမှ ချင်းရှန်းက အသက်ရှူနိုင်သည်။ ကလေးက အားသန်သည့်အတွက် သူမ အဝတ်များက ချွေးများ ရွှဲသွားသည်။

"ဒီကို လာပါဦး၊ ရှောင်ဟူ မလား? ဒုတိယအဒေါ်က မင်းကို နွားနို့ ထည့်ပေးမယ်။ အသားခြောက်နဲ့ စားကြတာပေါ့။ အရသာ ရှိတယ်လေ။"

မကြာခင်မှာပဲ နွားနို့ချိုချိုနှင့် အသားခြောက် နှစ်ခု စားပြီးနောက်မှာ ထိုကောင်လေးက "ဒုတိယအဒေါ်"ဟု ပျော်ရွှင်စွာ ခေါ်ကာ သူက ဒုတိယအဒေါ်နှင့် ညီမလေးကို ကစားရန် ခေါ်သွားချင်သည်ဟု ပြောသည်။ တကယ်တော့ သူက ကြွားလိုခြင်း ဖြစ်သည်။ သူ၏ ဒုတိယအဒေါ်က ငယ်ရွယ်လှပပြီး သူ့ကို အစားကောင်းများ ကျွေးသည်။

ချင်းရှန်းတွင် ကလေးများနှင့် အဆင်ပြေမည့် နည်းလမ်းရှိသည်။ သူမက ကလေးများကို သူတို့အကြိုက်ဆောင်ကာ ကျေနပ်အောင် လုပ်တတ်သလို သူတို့ မပျက်စီးစေရန် စည်းကမ်းလဲ ချထားသည်။ ချင်းဖန်ပဲ ဖြစ်ဖြစ် သို့သို့ပဲ ဖြစ်ဖြစ် သူမ၏ ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်န်ိုင်ပေ။ ဟုန်ရှားက ချက်ပြုတ်ပြီးသည်နှင့် ရှောင်ဟူက သူမ၏ နောက်မှလိုက်ကာ သူမစားသော နေရာဘေးတွင် ထိုင်နေသေးသည်။

သူတို့က အချိန်မှား၍ ရောက်လာခြင်း ဖြစ်သည်။ ဟဲမိသားစုက ညစာ စားပြီးပြီ ဖြစ်သလို ဟင်းသီးဟင်းရွက်စျေးကလည်း ပိတ်သွားပြီ ဖြစ်သည်။ ဝယ်စရာ အသီးအရွက် မရှိတော့သည့်အတွက် ဟုန်ရှားက ဘေးအိမ်မှ ကြက်ဥအနည်းငယ် ချေးယူကာ ပဲပိစပ်နှင့် ကြော်ပြီး ဆီနှစ်ဇွန်းထပ်ထည့်ကာ ကုန်စုံဆိုင်မှ မြေပဲနှစ်ခုသုံးခု ဝယ်ပြီး ကြော်ကာ ညီအစ်ကိုနှစ်ယောက် ဝိုင်နှင့်သောက်ရန် ပေးသော်လည်း ဟဲပေါင်ရှန်း တစ်ယောက်ထဲသာ သောက်ခဲ့သည်။

အစားအသောက်များက ရိုးရှင်းသော်လည်း သူတို့က အကောင်းဆုံး လုပ်ပေးခြင်း ဖြစ်သည်။ ချင်းရှန်းက သူတ်ို့၏ စေတနာကို ခံစားမိကာ လောင်ဟဲကို သူတ်ို့၏ မိသားစုဆက်ဆံရေး မပျက်စီးရန် ထိန်းသိမ်းစေလိုသည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းကာ အစားအသောက်များ ပူတုန်းစားရန် ပြောပြီး အတူထိုင်ခဲ့ကြသည်။ သူတို့က ယခင်နှစ်များမှ သူတို့၏ တိုးတက်မှုကို ပြောကာ သက်ပြင်းချလိုက်ကြသည်။

ဟဲပေါင်ရှန်းက ယခင်က မြေသြဇာ စက်ရုံတွင် စျေးကွက်ရှာဖွေသူအဖြစ် အလုပ်ရသော်လည်း သူက သူ့မိဘများနှင့် ဆက်ဆံရေးကို မဖြတ်တောက်လိုသည့်အတွက် သူကလည်း ပါဝင်ပတ်သပ်လာကာ အလုပ်ရုံသို့ ပြောင်းရွှေ့ခံရပြီး အညစ်ပတ်ဆုံးနှင့် အပင်ပန်းဆုံး အလုပ်များလုပ်ရကာ လစာ အနည်းဆုံးရပြီး အသက်ငယ်ငယ်နှင့် ဆံပင်များ ဖြူသွားရသည်။ ဟုန်ရှားက မူလတန်းကျောင်းဆရာမ ဖြစ်သည်။ သူမက ယခင်က ပေကျင်းမြို့ မူလတန်းကျောင်း၏ ပို့ဆောင်ရေးဌာန ဒါရိုက်တာ ဖြစ်သည်။ သူမက ဆရာမ လစာကို ရသည်သာမက ဒါရိုက်တာ လစာက်ိုလည်း ရသည်။ ဒါပေမယ့် သူမယောက္ခမများ ကိစ္စကြောင့် အစိုးရမူလတန်းကျောင်းသို့ ပြောင်းရွှေ့ခံရကာ ဒါရိိုက်တာရာထူး ဆုံးရှုံးခဲ့ရသည်။ သူမက ချွန်းဟွာဟူထုန်ရှိ မူလတန်းကျောင်းတွင်သာ ဆရာမ လုပ်နေရသည်။

ဒါပေမယ့် သူတို့၏ ဘယ်အမူအရာကမှ ဟဲမိဘများကို အပြစ်တင်နေပုံ မပေါ်ပေ။ သူတို့က စိတ်ပူနေပုံပေါ်ကာ မနက်ဖြန် သွားတွေ့ရန် တိုင်ပင်နေကြသည်။

ဒီကိစ္စကိုပါ ထည့်စဉ်းစားမိကာ ချင်းရှန်းက ဒီလို အစ်ကိုနှင့် ယောက်မမျိုးကို သဘောကျသည်။

သူတို့က တစ်ညလုံး စကားပြောခဲ့ကြသည်။ ဟုန်ရှားက သူတို့ကို တည်းခိုခန်းသို့ သွားခွင့်မပေးပေ။ သူမက သူတို့ကို သူမ၏ အိပ်ခန်းပေးကာ သန့်ရှင်းသော အိပ်ယာခင်းများ လဲပေးခဲ့သည်။

"ညီမတို့ အိမ်မှာပဲ နေပြီး ကောင်းကောင်းနားကြပါ။မနက်ဖြန်က တနင်္ဂနွေနေ့မလို့ အစ်မတို့ အလည်အပတ် ခေါ်သွားပေးမယ်"

ရှောင်ဟူကလည်း သို့သို့၏ လက်ကိုကိုင်ကာ တောင်းဆိုနေသည်။ "ဦးဦးနဲ့ ဒေါ်ဒေါ် ညီမလေးကို ဒီမှာပဲ နေခိုင်းပါနော်။ ကျွန်တော် သူနဲ့ အိပ်ယာ မလုပါဘူး"

ထို ကြင်နာသော ဖိတ်ခေါ်မှုကို မငြင်းနိုင်သည့်အတွက် သူမတို့ သုံးယောက်က ရွေးစရာ မရှိိဘဲ နေခဲ့ရသည်။

ဒါပေမယ့် အံ့သြစရာ ကောင်းသည်က ချင်းရှန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း ဖြစ်သည်။ ဒါတင်မက သူမက ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများ ရောနှောနေသော အိပ်မက်မျ်ိုး မက်ခဲ့သေးသည်။ ထိုအိပ်မက်တွင် သူမနှင့် လောင်ဟဲထုန်တွင် အသားဖြူဖြူ ဝဝကစ်ကစ် သမီးတစ်ယောက် ရှိပြီး မျက်လုံးများက သူမနှင့်တူကာ နှာခေါင်းက လောင်ဟဲထုန်နှင့် တူပြီး ဆိုရ ကရသည်က်ို သဘောကျကာ သူမကျီစယ်လျှင် ရယ်မောနေပြီး သူမ လက်ချောင်းများကို စုပ်ရသည်ကို သဘောကျသည်။သူမတို့ စားသောက်နေရင်းပဲ အချိန်ကုန်သွားကာ သူမသမီးက ကောလိပ်မှ ဘွဲ့ရပြီး အလုပ်ရှာမရ ဖြစ်နေသည်....

သူမက ရုတ်တရက် လန့်နိုးသွားသည်။ သူမက အချိန်ခရီးမသွားမီ သတင်း အလွန်အကျွံ ဖတ်ခဲ့မိသည်။

"ဘာဖြစ်တာလဲ?" ဟဲလျန်ရှန်းက သူမ နေမကောင်းဘူးဟု ခံစားမိကာ အလျင်အမြန်ပဲ သူမနဖူးကို ထိလိုက်သည်။ "မင်း နေမကောင်းဘူးလား?"

ထိုနယ်မြေတွင် သန့်စင်ခန်း မရှိသည့်အတွက် သူတို့က အများသုံး သန့်စင်ခန်းကို သွားရသည်။ ချင်းရှန်းက အပေါ့သွားချင်လာသော်လည်း အပြင်ထွက်ရမည်ကို ပျင်းသောကြောင့် သူ့အိပ်မက်ကို ဟာသအဖြစ် ပြောပြလိုက်သည်။

မထင်မှတ်ထားအောင်ပဲ ဟဲလျန်ရှန်းက ဆယ်နှစ်လောက် အသက်ကြီးသွားသလို မျက်မှောင်ကြုတ်ထားပေမယ့် သူ့သမီး၏ ရင်ဘတ်ကိုတော့ လက်နှင့် ပုတ်ပေးနေသည်။ ရာသီဥတုက အေးနေပြီး သို့သို့က စောင်ကို ကန်လိုက်မည်ကို စိုးရိမ်သောကြောင့် သူတို့ နှစ်ယောက်ကြားတွင် သူမကို အမြဲထားရသည်။

ထိုအချိန်တွင် သို့သို့၏ ရင်ဘတ်က န်ိမ့်လိုက် မြင့်လိုက် ဖြစ်နေကာ ပါးစပ်က အနည်းငယ် ဟနေပြီး ကြောင်ကလေးကဲ့သို့ အသံများ ထွက်နေသည်။

သူက အကျင့်ပါနေကာ သူမနဖူးကို ထိလိုက်ပြီး သူမက ချွေးထွက်မနေသည်ကို မြင်ရတော့ စောင်က သူမအတွက် အနေတော်ဖြစ်ကာ မပူသည်ကို သိတော့ သူက ဆက်ပြောလိုက်သည်။။"အလုပ် ရှာမရတာလား? အလုပ်အတွက် အာမခံချက် မရှိဘူးလား?"

"အနာဂတ်မှာ ကောလိပ်ကျောင်းသားတွေ အများကြီးမလို့ အလုပ်နေရာ မလုံလောက်တာပါ"

သူက ဒါကို မယုံကြည်နိုင် ဖြစ်နေပြီး အတော်ကြာ တွေးလိုက်ပြီးနောက် ပညာရေး အဆင့်အတန်းက မျ်ိုးဆက် တစ်ခုပြီးတစ်ခု ပိုကောင်းလာသည်ကို တွေးမိသည်။

"ဒါဆို မတူညီတဲ့ ထူးချွန်မှုတွေ ရှိသင့်တယ်။ အရာရှိပဲ လုပ်သင့်တယ်။ အလုပ်သမားက ဂုဏ်ရှိပေမယ့် ပင်ပန်းလွန်းတယ်"

"အရာရှိ ဖြစ်ဖို့ဆိုရင် စာမေးပွဲ ဖြေရမယ်"

"ဘာ စာမေးပွဲလဲ?"

"စီမံခန့်ခွဲနိုင်မှု စွမ်းရည် စစ်ဆေးမှုနဲ့ စာစီကုံးရေးတာက ရေးဖြေအဆင့်မှာပဲ။ ရှင့် ဘဝအတွက် သေရေးရှင်ရေး စွန့်းစားရမယ့် လူတွေ့ မေးမြန်းတာလည်း ရှိတယ်။"

ချင်းရှန်းက မသေဆုံးမီက အစိုးရဝန်ထမ်း စာမေးပွဲ ဖြေရန် လိုအပ်သည်များကို ပြန်တွေးမိကာ ပြောလိုက်သည်။

သူမက ပေကျင်းတွင် ကျောက်ချင်းစုန့်၏ အဖွဲ့က လစာနည်းသည်ကို မှတ်မိနေသည်။ ၁၉၉၀ ခုနှစ်တွင် အဖွဲ့နှင့် အလုပ်လုပ်နေသော လူအားလုံးက သာမန် နည်းပညာကျောင်းသားများ ဖြစ်ကြသည်။၂၁ ရာစုနှစ် ဝင်သောအခါ အလုပ်ရရန် ဘွဲ့မရသေးလျှင် စာမေးပွဲ ဖြေရသည်။ နောက်ပိုင်းတွင် ဘွဲ့ရဖြစ်ရသည်။ နောက်ပိုင်းတွင် နိုင်ငံခြားပြန် ဒေါက်တာဘွဲ့ရဖြစ်ပြီး သုသေသန စာတမ်းကျွမ်းကျင်စွာ လုပ်ထားသူ ဖြစ်ရမည်။ ရလဒ်အနေနှင့် သူတို့ရသော လစာက နှစ်ဝက်နှင့်တောင် တစ်ဧကသာသာရှိသော အိမ်ကို မဝယ်နိုင်သေးပေ။

ဟဲလျန်ရှန်းက ထိတ်လန့်သွားရ ပြန်သည်။ "မဟုတ်သေးဘူး။ ဒီလို မဖြစ်သေးပါဘူး။ စာမေးပွဲတွေ ဖြေနေရတာက အရမ်းပင်ပန်းတယ်။ သူ့ကို ကျွမ်းကျင်မှုနဲ့ အလုပ်လုပ်ရပေမယ့် အားသိပ်မစိုက်ရတာမျိုး လုပ်ခိုင်းရအောင်လေ။"

ဟုတ်သည်။ ဒီလိုက တကယ်ကောင်းသည်။ ခိုင်မာသော ကျွမ်းကျင်မှု ရှိထားလျှင် အစားထိုးခံရနိုင်ချေ နည််းသည့်အတွက် ကောင်းသည်။

"ဒါက လူထုအဖွဲ့အစည်းလေ ပြိုင်ဆိုင်မှုက ပြင်းထန်တာပေါ့"

ဟဲလျန်ရှန်းက အလွန်စိတ်ရှုပ်စွာ ပါးစပ်ဟလိုက်သည်။ဘာလို့ သူ့သမီးက ပင်ပန်းရမှာလဲ?

ချင်းရှန်းက ရယ်လိုက်ကာ သူ့ကို ဖြည်းညင်းစွာ ခြေထောက်ဖြင့် ကန်လိုက်သည်။ "ကြည့်စမ်းပါဦး။ စတောင် မစရသေးဘူး ရှင်က ရှင့်သမီးကို အစိုးရ ဝန်ထမ်း စာမေးပွဲ ဖြေမှာလား အသက်မွေးဝမ်းကျောင်း စာမေးပွဲ ဖြေမှာလား တွေးနေပြီ။ ရှင့်သမီးက ကလေးပဲ ရှိသေးတာလေ။"

သူတ်ို့နှစ်ယောက်က အိပ်ပျော်ရန် လုပ်စဉ် ဘေးအခန်းငယ်မှ ဟုန်ရှားနှင့် သူမခင်ပွန်းက အသံတိုးတိုး ပြောနေသည်။

"ပေါင်ရှန်း မနက်ဖြန်မနက် အရမ်း မအိပ်နဲ့။ ကျွန်မ အနောက်ခြံက အဒေါ်ဝမ်ဆီက အသားလက်မှတ် ငှားလာတယ်။ မနက်စောစော အသားတစ်ပေါင် သွားဝယ်လိုက်။ အပြင်သွားရင် ဖက်ထုပ်စားရပြီး ပြန်လာရင် ခေါက်ဆွဲ စားရတယ်တဲ့။ ကျွန်မတို့ မနက်ဖြန် ပဲပိစပ် ခေါက်ဆွဲလုပ်မယ်။ ရှင် နောက်ကျလို့ အသား မဝယ်နိုင်ခဲ့ရင် ကျွန်မ ခွင့်မလွှတ်ဘူးနော်"

ဟဲပေါင်ရှန်းက "အင်းအင်း" ဟူ၍ ပြောလိုက်သည်။

"ရှင် မကြားမိဘူးလား? သူတို့ ကျွန်မတို့ကို ဘယ်လိုဆက်ဆံလဲ မမြင်မိဘူးလား? ကျွန်မ အသားခြောက်တွေကို ကြည့်ကြည့်တာ လတ်ဆတ်နေတာပဲ ပေကျင်းမှာ ဝယ်လို့ မရနိုင်ဘူး။ ပေါင်မုန့်ကတောင် ဂျုံအဖြူနဲ့ လုပ်ထားပြီး ဆီအသန့်နဲ့မလို့ ကျိုးကျတော့မလို ကြွပ်ရွနေတာပဲ။ အထဲမှာ အစာသွပ်ထားတာက မြေပဲနဲ့ သစ်ကြားသီးတွေ သကြားလည်း အများကြီးပါတယ်။ ရှောင်ဟူက တရုတ်နှစ်သစ်ကူးတုန်းက အဘိုးအိမ်မှာ တစ်ကိုက်ပဲ စားခဲ့ရတာ။ ယောက်မလေးက ဒီခရီးအတွက် ငွေတွေအများကြီး သုံးထားတာပဲ"

"မင်းပဲ စကားတွေ အများကြီး ပြောနေတာလေ။ အဲ့ဒီနှစ်က ကိုယ့်ညီက လောကကြီးရဲ့ သဘောတရားတွေကို နားမလည်ဘူးလို့ မင်းပြောတာလေ။ ဘာလို့ အခု စိတ်ပြောင်းသွားတာလဲ?"

ဟုန်ရှားက သူ့ကို ခြေထောက်ဖြင့်ကန်ပြီး ပြောလိုက်သည်။ "ဒါက ရှင့်ညီက ပြောင်းလဲသွားတာ မဟုတ်ဘူး။ ကျွန်မက ယောက်မလေး ရသွားတာလေ။"

သူမ ရှောင်ဟူကို မွေးပြီးချိန်က သူမ မတ်ဖြစ်သူက ပြန်လာကာ အဝတ်အစား နှစ်စုံသာ ဝယ်လာသည်။ သူက သကြားညိုနှင့် ကြက်ဥတောင် ဝယ်မလာသည့်အတွက် သူမ မိသားစုများရှေ့တွင် မျက်နှာပျက်ခဲ့ရသည်။ သူတို့က လွန်ခဲ့သော နှစ်များက ဒီအကြောင်းကို ပြစ်တင် ပြောဆိုနေကြသည်။

သူမခင်ပွန်း၏ စကားကို မစောင့်ဘဲ ဟုန်ရှားက ဆက်ပြောလိုက်သည်။ "အရင်ရက်တွေက ကျွန်မ မိဘတွေ လာလည်တော့ ဒုတိယမောင်လေးရဲ့ မိန်းမက နယ်ကမိန်းကလေးလို့ ပြောသွားတယ်။ သူက နောက်ခြံဝန်းက တတိယဦးလေးရဲ့ ချွေးမလိုပဲလို့ ကျွန်မက ထင်ခဲ့တာ။ကျွန်မ မထင်ထားမိဘူး ဒီလို.... ဒီလို အပြုအမူ အသွင်အပြင်နဲ့ဆိုရင် သူမက ပေကျင်းဇာတိလို့ ကျွန်မပြောရင်တောင် လူတွေက ယုံကြမှာပဲ"

အဓိက ကတော့ သူမတွင် ဆရာဝန်ဟူသော အတည်တကျ အလုပ်ရှိခြင်း ဖြစ်သည်။ အနာဂတ်တွင် သူမက အလုပ်ကြိုးစားပြီး စည်းဖောက်သော အလုပ်မျိုး မလုပ်မိလျှင် ဒါက ရေရှည်တည်မြဲသော အလုပ်ဖြစ်လိမ့်မည်။

ဟုန်ရှားက သူမ၏ အစိုးရဝန်ထမ်း အလုပ်ကို လက်လွှတ်ခဲ့ရကာ အစိုးရကျောင်းမှ ခရိုင်ကျောင်း ယခု လမ်းပေါ်မှ မူလတန်းကျောင်းအထိ ယခင်နှစ်အနည်းငယ်တွင် ပို့ခံရသည်ကို တွေးမိကာ ဝမ်းနည်းလာသည်။

ဟဲပေါင်ရှန်းက တစ်ဖက်လှည့်ကာ သူမကို ဖက်ပြီး ပြောလိုက်သည်။ "မင်းကို အမှားတွေထဲ ဆွဲသွင်းမိလို့ ကိုယ်တောင်းပန်ပါတယ်"

"အတိတ်ကို ဘာလို့ ပြန်ပြောနေမှာလဲ? ဒါက ကျွန်မရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပဲလေ။" ဟဲမိသားစုက ထိုအချိန်က တကယ်ကို ဆင်းရဲသည်။ ဟဲမိသားစု၏ အဖေက အလုပ်မလုပ်သလို အမေက သူ့လခနှင့် ပါးစပ်ပေါက်များစွာကို ကျွေးမွေးရပြီး ပေါင်ရှန်းကလည်း နေ့တိုင်းလိုလို ဖျားနာနေသည်။ အသိုင်းအဝိုင်းကောင်းမှ မိန်းကလေးတစ်ယောက်ဖြစ်သော သူမက ဒီလူကို ချစ်မိသွားကာ မိသားစုကို ဆန့်ကျင်ပြီး သူနှင့် လက်ထပ်ခဲ့သည်။

သူမကိုယ်တိုင် ရွေးချယ်ခဲ့သော လမ်းအတွက် ဘယ်သူ့ကိိုမှ အပြစ်တင်၍ မရပေ။

သူမ၏ မတ်ဖြစ်သူနှင့်ယှဉ်လျှင် အနည်းဆုံးတော့ သူမက လက်ထပ်ပြီးချိန်က သူမယောက္ခမနှင့် ဟဲမိသားစုထံမှ အကျိုးအမြတ်အချို့ ခံစားခဲ့ရသလို အသက်ငယ်ငယ်မှာပဲ ခေါင်းဆောင်ရာထူးတစ်ခု ရခဲ့သည်။ ဒါပေမယ့် သူမ မတ်ဖြစ်သူကရော? သူက ငယ်စဉ်ကပဲ ကောင်းမွန်သော ဘဝတစ်ခု မရရှိခဲ့သလို နောက်ပိုင်း တပ်ထဲတွင် အောင်မြင်မှု ရနေချိန်မှာလဲ ထိုမိဘပြသနာနှင့် ပတ်သက်၍ ထိခိုက်လာပြီး ရာထူး မတက်နိုင်တော့ပေ။

All Chapters