Chapter 72
Vol. 6 Ch. 72
နောက်တစ်နေ့ နံနက်စောစောတွင် ပေကျင်း၏ ရှေးရိုးရာပုံစံ ပဲပ်ိစပ်ခေါက်ဆွဲ နှစ်ပန်းကန်ကိုစားပြီးနောက် ညီအစ်ကိုနှစ်ယောက်နှင့် သူတို့မိသားစုများက ပေကျင်းမြို့၏ ပုန်းကွယ်နေသော မြို့အထင်ကရ နေရာများနှင့် နွေရာသီ နန်းတော်ကို သွားလည်ပတ်ခဲ့သည်။ တိရိစ္ဆာန်ရုံတွင် ပန်ဒါကြီးတစ်ကောင် ရှိနေသည်ဟု ကြားရသည့်အတွက် ရှောင်ဟူနှင့် သို့သို့၏ မျက်လုံးများက မျှော်လင့်ချက်အပြည့်နှင့် အရောင်လက်လာခဲ့သည်။ ချင်းရှန်းက လက်ဝှေ့ယမ်းပြကာ အားလုံးကို ပန်ဒါများ သွားကြည့်ရန် ခေါ်လိုက်သည်။
သို့သို့က တိရိစ္ဆာန်ငယ်လေးများ အားလုံးကို သဘောကျသည်။ သူမအဒေါ် သူမအတွက် လုပ်ပေးသော အင်းဆက်ငယ်လေးများက သူမ၏ အကြိုက်ဆုံး ဖြစ်နေသေးသည်။ သူမက သူတို့နှင့် နေ့တိုင်းကစားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တွင် ကျောက်ဟိုင်ယန်းက သူမ၏ နှံကောင်ကို ယူသွားသောကြောင့် သူမ စိတ်တိုခဲ့ရသေးသည်။
ထိုအချိန်တွင် လူကြီးများက သူမ ဘာလို့ စိတ်ဆိုးသည်ကို မသိခဲ့ပေမယ့် သူမက စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်သွားပြီး မငိုသလို ပြဿနာလည်း မရှာသည့်အတွက် သူတို့က ဒီကိစ္စကကို စိတ်ထဲမထားခဲ့ပေ။ တစ်နေ့ လောင်ဟဲက သူမ၏ ခြင်းကို သန့်ရှင်းရေး လုပ်သောအခါမှ တိရိစ္ဆာန်လေး တစ်ကောင်ကို ချည်ထားသော ကြိုးက လွတ်နေပြီး နှံကောင်ပျောက်နေသည်ကို မြင်ရတော့မှ ဘာဖြစ်ခဲ့သည်ဆိုသည်နှင့် ဘာလို့ စိတ်ဆိုးခဲ့ရသည်ကို နားလည်သွားသည်။
ဒါပေမယ့် ဘယ်သူယူသွားသည်ကို သူ့မျက်လုံးနှင့် မမြင်ရသလို ကိစ္စလေးတစ်ခုသာ ဖြစ်သည့်အတွက် သူက ဒေါသမထွက်နိုင်ပေ။ သူက သို့သို့ကို ကျောက်မိသားစုမှ မောင်နှမများနှင့် နီးနီးကပ်ကပ်မနေခိုင်းရန် သူ့မိသားစုကို သတိပေးလိုက်သည်။
သေချာပေါက် ဒီလောက်တော့ မဟုတ်ပေ။
သူက အမြဲလိုလို ပြောရဆိုရလွယ်သူဖြစ်ပြီး ယခုအခါ သူဒီလိုတောင်းဆိုမှူမျ်ိုး လုပ်လာသည့်အတွက် ချင်းကွေ့ဟွားက တကယ်ကို အတည်ယူကာ သို့သို့ကို သူမဘယ်သွားသွား ခေါ်သွားမည်ဟု ကတိပေးလိုက်သည်။
ထိုအကြောင်း ပြောလျှင် ရက်အချို့ကပဲ ဟဲလျန်ရှန်းနှင့် ကျောက်ချင်းစုန့်၏ ဆက်ဆံရေးက ယခင်နှင့် မတူတော့ပေ။ သူတို့က တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကြကာ အလုပ်တွင်လည်း စကားအနည်းငယ် ပြောကြပေမယ့် သူတ်ို့ကြားမှ ဆက်ဆံရေး ပြောင်းလဲသွားသည်ကို သူခံစားမိသည်။
ဟဲလျန်ရှန်းက အရူးမဟုတ်ပါ။ ကျောက်ချင်းစုန့်က ယခု သူ၏ ကံခေမှုများ အားလုံးကို သူ့အပေါ်ပုံချနေပြီး သူက ဒါကို အလိုမကျပေ။ ဒါပေမယ့် သူတို့၏ ယခင်က သူငယ်ချင်း ဆက်ဆံရေးကြောင့် သူက လမ်းတွေ့တိုင်း နှုတ်ဆက်နိုင်ပေမယ့် ရဲဘော်ချင်းရှန်းနှင့် သို့သို့ အကြောင်းကိုတော့ ထည့်မပြောသလို မစ္စတာချန် ပေးထားသော အလုပ်အကြောင်းကိုလည်း မပြောခဲ့ပေ။
ဒါက ခံစစ်သဘောမျိုး မဟုတ်ဘူးလား။
ဒီအကြောင်းကို တွေးမိကာ မျက်မှောင်ကြုတ်လိုက်ပြီး သူ့သမီးကို ပုခုံးပေါ်တင်လိုက်ကာ တိရိစ္ဆာန်များကို ညွှန်ပြပြီး သူတို့အကြောင်း ပြောပြနေသည်။
ရှောင်ဟူက သူ့မိဘများနှင့် မနေချင်သည့်အတွက် သူ့ဦးလေး၏ ခြေထောက်ကိုဖက်ကာ နားထောင်နေသည်။
"ဦးလေးက အများကြီးသိတာပဲ။"
"ဦးပြောတာ အရမ်းကောင်းတယ်!"သူ့အဖေက သူ့ကို ဘာမှ မပြောပြသလို စိတ်လည်းမရှည်ပေ။
ဟုန်ရှားက ဒါကိုမြင်တော့ မပြုံးဘဲ မနေနိုင်ပေ။ "ယောက်မလေးက တကယ်ကိုတော်တာပဲ။ လူတွေကို ဘယ်လိုသင်ကြားရမလဲ သိတယ်နော်။"
"မဟုတ်ပါဘူး။ အိမ်ထောင်ပြုတယ် ဆိုတာက သည်းခံနားလည်ပြီး ကတိသစ္စာစောင့်ထိန်းတာလေ။"
"စကားမစပ် ဒုတိယမောင်လေးက သနားစရာကောင်းတဲ့သူပါ။ ညီမလို ဇနီးကောင်းလေး ရထားတာက သူ့အတွက် ကံကောင်းခြင်းတစ်ခုပါပဲ။"
လောင်ဟဲက သူမကို အရာအားလုံး ပြောထားပေမယ့် သူ့မိသားစုနှင့် ငယ်ဘဝအကြောင်းကိုတော့ သိပ်မပြောပေ။ ချင်းရှန်းက ချက်ချင်းပဲ စိတ်ဝင်စားသွားသည်။
"အစ်မ ကျွန်မကို မြန်မြန်ပြောပြပါ။ အမှန်တော့ ကျွန်မ အစ်မရယ်မှာကို မကြောက်ပါဘူး။ ကျွန်မတို့ လက်ထပ်ထားတာ လေးနှစ်ရှိပြီ ဆိုပေမယ့် ခုထိ သူ့အကြောင်းသေချာမသိသေးပါဘူး။"
ဟုန်ရှားက ခဏကြာ တွေဝေနေပေမယ့် ရှောင်ဟူနှင့်အတူ အရှေ့မှသွားနေသော ညီအစ်ကိုနှစ်ယောက်ကိုကြည့်ကာ သူမက အသံတိုးတိုးနှင့် ပြောလိုက်သည်။ "ဒုတိယမောင်လေးက သနားစရာဘဝမှာ နေခဲ့ရတဲ့သူပါ။ မိဘတွေနဲ့လည်း ဆက်ဆံရေး သ်ိပ်မကောင်းဘူး။"
သူ့အဖေက အမေနှင့် လက်ထပ်ခဲ့သည်မှာ သူ့အမေက ကိုယ်ဝန်ရှိနေ၍ ဖြစ်ပြီး သူ၏ တာဝန်သိစိတ်ကြောင့်လား သူ့အမေကြောင့် သူ့အလုပ်အကိုင် ထိခိုက်မည်ကို စိုးရိမ်၍လား မသိပေမယ့် သူက ကတိသစ္စာပြု လက်ထပ်ခဲ့သည်။ လက်ထပ်ပြီးနောက် သူတို့ဆက်ဆံရေးက သာမန်ပဲ ဖြစ်ကာ ရန်ဖြစ်သည်က မကြာမကြာဖြစ်ပြီး ပြဿနာရင်းမြစ်က အဝေးရှိ သူ့အဖေ၏ အချစ်ဦးကြောင့် ဖြစ်သည်။
ပထမဆုံး မွေးသောကလေးက ဟဲပေါင်ရှန်း ဖြစ်သည်။
"နှစ်အတော်ကြာ ပြဿနာများ ဖြစ်ပြီးနောက်မှာ ရှောင်ဟူရဲ့ အဖွားက အသိဝင်လာပြီး သူ့ကို သေတဲ့အထိ ကြည့်နေရမှာထက် ကွာရှင်းမှုကို ရွေးလိုက်တယ်လေ။"
"ဒါပေမယ့် မကွာရှင်းခင် တစ်ရက်အလိုမှာ သူက ကိုယ်ဝန်တစ်လကျော် ရှိနေတာကို သိလိုက်ရပြီး ကွာရှင်းမယ့် ကိစ္စ ရပ်သွားခဲ့တယ်။" ဟုန်ရှားက သူမ၏ ယောက္ခမများအကြောင်းကို ချွေးမတစ်ယောက်အနေနှင့် ပြောပြနေရသည်ကို ရှက်နေမိသည်။
ဒီကလေး ရောက်လာမှုကြောင့် ဆိုသည်ကို ချင်းရှန်းက နားလည်သွားသည်။ ဒီကလေးကြောင့် သူ့အဖေက ပြန်၍ ခြေချုပ်မိသွားသည်။ သူ့စိတ်ထဲတွင် ဒါက ကလေး မဟုတ်တော့ပေ။ သူ့ကို သူ့အချစ်ဦးနှင့် လွတ်လပ်မှုထံ ပြန်မသွားနိုင်ရန် အတားအဆီးတစ်ခု ဖြစ်ပြီး သူ့ဘဝ၏ အရှက်ရစရာပင် ဖြစ်နေသည်။
သူ့အမေအတွက်တော့ သူမက ကွာရှင်းရန် သဘောတူညီထားချိန်တွင် ဒီကလေး ရောက်လာမှုက သူမကို မျှော်လင့်ချက်အနည်းငယ် ရှိလာစေသည်။ ထိုသူ ပထမကလေးကြောင့် သူမကို လက်ထပ်ခဲ့ပြီး ဒုတိယကလေးကြောင့် သူမကို ချစ်လာနိုင်သည်။ သူမက ဒီကလေးကို သူမ၏ အိမ်ထောင်ရေး တည်မြဲမှုနှင့် သူမဘဝ၏ အလင်းရောင်အဖြစ် သတ်မှတ်ထားခဲ့သည်။ ဒါပေမယ့်လည်း ထိုသူ၏ နှလုံးသားက သူမထံ မရှိခဲ့ပေ။
ထို့နောက်တွင် အိမ်ထောင်ရေးတည်မြဲမှုနှင့် မျှော်လင့်ချက်ရောင်ခြည်က အသုံးမဝင်သည့်အရာ ဖြစ်လာခဲ့သည်။
ချင်းရှန်း၏ မျက်လုံးများက ရုတ်တရက် နီရဲသွားသည်။
"နောက်ပိုင်း ဘာတွေ ဆက်ဖြစ်သေးလဲ?"
"အစ်မ မပြောလည်း ဒုတိယမောင်လေးက သူ့ကလေးဘဝကို ဘယ်လိုနေခဲ့ရတယ်ဆိုတာ ညီမသိမှာပါ။ ဒါက... ထားပါတော့။ ယောက္ခမတွေအကြောင်း မကောင်းမပြောသင့်ဘူး ဆိုပေမယ့် မိဘတစ်ယောက်အနေနဲ့ ဘာလို့ ကိုယ့်သားသမီးကို ကောင်းကောင်း မဆက်ဆံရတာလဲ?"
သူမက သူမခင်ပွန်းပြောသည်ကို ကြားဖူးသည်မှာ ဒုတိယကလေးက သနားစရာဘဝမှာ နေခဲ့ရပြီး မြေရှင်အိမ်တွင် နေရသော လယ်လုပ်သမားထက် ပိုဆိုးသည်။ သူက မကြာခဏ အငတ်ခံရသလို အဆူခံ အရိုက်ခံရပြီး သူတို့ရန်ဖြစ်လျှင် ဒေါသပုံချခံရပြီး သူတို့အိမ်ထောင်ရေး မပျော်ရွှင်မှုက ဒီကလေးကြောင့်ဟု ပြောခဲ့သည်။ ဒါပေမယ့် သူတို့သာ ထိန်းချုပ်ခဲ့ရင် ဒီကလေးက ရောက်လာမလား ဆိုတာကိုတော့ မတွေးမိကြဘူးလား။
ချင်းရှန်းကလည်း ဒေါသထွက်မိသည်။ သူတို့က ဘယ်လိုမိဘတွေလဲ? သူတို့က ကွာရှင်းချင်ပေမယ့် ဆက်ဆံချင်ကြသေးတယ်။ မလုပ်ခဲ့ရင် သေသွားမှာလား? အကာအကွယ်ပစ္စည်း ဝယ်လိုက်ရင် မွဲတေသွားမှာလား? သူတ်ို့က ဆက်ဆံပြီးနောက်မှာ ကလေးရခဲ့ပြီ။ သူတို့သာ တကယ်ကွာရှင်းချင်တယ်ဆိုရင် ဖျက်ချတဲ့ဆေး ဝယ်လို့မရဘူးလား? ဖျက်ချလိုက်လို့ မရဘူးလား? ဘာလို့ ဒီကလေးကို စိတ်ပျက်စရာလောကကြီးထဲ ခေါ်လာခဲ့တာလဲ!
ဒီလို ကလေးဘဝကို ဖြတ်သန်းခဲ့ရကာ ရှောင်လျန်ရှန်းက သူ့မိဘများထံမှ ပစ်ပယ်ခံရကာ ဝန်ထုပ်ဝန်ပိုး၊ ကျက်သရေမရှိသူ ဟု ပြောဆိုခံရသည်။ သူက လွတ်လပ်စွာ တပ်ထဲမဝင်ခင် အချိန်အထိ ကြင်နာမှုကို ရခဲ့မှာ မဟုတ်ဘူး။
ဒီလိုလူက ဘယ်လိုလုပ် ကလေးတွေကို သဘောကျနိုင်မှာတဲ့လဲ? ဘယ်လိုလုပ် သူက ကလေးလိုချင်မှာလဲ? သူက အချစ်ကို ဘယ်လိုများ အယုံအကြည် ရှိနိုင်မှာလဲ?
ချင်းရှန်းက လက်သီးဆုပ်လိုက်ကာ နာကျင်မှုကို မျိုသိပ်ရန် ကြိုးစားလိုက်သည်။
သူက ဘာလို့ သူမကို သူကလေးမလိုချင်ကြောင်းနှင့် နောက်လည်း လိုချင်မလိုချင်ခြင်း မသေချာကြောင်း ပြောခဲ့သည်မှာ သူကိုယ်တိုင်က ပျော်ရွှင်ခဲ့ရသည့် ကလေး မဟုတ်သည့်အတွက် အခြားကလေးတစ်ယောက်ကို ဒီလိုလောကကြီးထဲ မခေါ်လာချင်သည်ကို ချင်းရှန်းက နားလည်သွားသည်။
"ကျေးဇူးတင်ပါတယ် ယောက်မ"
ဟုန်ရှားက နားမလည်နိုင်ပေ။ "ဘာလို့ အစ်မကို ကျေးဇူးတင်နေတာလဲ? အစ်မတို့ လက်ထပ်တော့ ဒုတိယမောင်လေးက တပ်ထဲသွားပြီမလို့ သူနဲ့ အမြဲမတွေ့နိုင်ခဲ့ဘူး။ ဒါပေမယ့် ပေါင်ရှန်းက သူအားနည်းခဲ့တဲ့အတွက် သူ့ညီလေးကို မကာကွယ်ပေးနိုင်ခဲ့တဲ့အပေါ် စိတ်မလုံဘူးလို့ အမြဲပြောတယ်။"
ဟဲပေါင်ရှန်းက ဟဲလျန်ရှန်းထက် အများကြီး မကြီးသလို သူက ကလေးတစ်ယောက်ဖြစ်သည့်အတွက် ချင်းရှန်းက သူ့က််ို အပြစ်မတင်ပေ။ ပြီးတော့ မနေ့က တွေ့ဆုံမှုကြောင့် လောင်ဟဲက သူ့အစ်ကိုအတွက် ခံစားချက်များ ရှိနေသည်ကို မြင်ရကာ ငယ်စဉ်က သူတို့ညီအစ်ကိုက အဆင်ပြေခဲ့ကြောင်း သိသာသည်။ မိဘတွေက မချစ်ပေးပေမယ့် သူတို့တွင် အချင်းချင်း မှီခိုစရာ ရှိသေးသည်မလား။
ချင်းရှန်းက သူ့သမီးကို ကျောပေါ်တင်ကာ တိရိစ္ဆာန်များကို စိတ်ရှည်ရှည်နှင့် ပြပေးနေသော သူကိုကြည့်လိုက်သည်။ သူ့ရင်ထဲတွင် စိတ်မသက်သာမှု၊ နာကျင်မှု၊ ကံခေမှုများနှင့် ပြည့်နေပုံပေါ်သည်။
"သူ ဒီကလေးအပေါ် စိတ်ရှည်သည်းခံနိုင်တာကို မြင်ရတော့ အစ်မနဲ့ ပေါင်ရှန်းက စိတ်သက်သာရာရသွားတာ။ အရင်က အဖြစ်အပျက်က သူ့ကို စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ပေးနေမှာကို အစ်မတို့ စိတ်ပူခဲ့တာလေ။"
ချင်းရှန်း၏ ရင်ထဲ တုန်လှုပ်သွားသည်။ သူမ မသိလိုက်တဲ့အရာတစ်ခုခု ရှိနေတာလား?
သူမ၏ အမူအရာကိုကြည့်ကာ ဟုန်ရှားက သက်ပြင်းချလိုက်သည်။ "သူ့ခြေထောက်က ကလေးတစ်ယောက်ကို ကယ်ဖို့ကြိုးစားရင်း ဒဏ်ာရသွားတယ်ဆိုတာ မပြောပြဘူးလား။ ကလေးက စစ်တပ်ဒေသက လယ်သမားတစ်ယောက်ရဲ့ ကလေးပဲ။ သူက ရန်သူ သူလျှိုတွေရဲ့ လာဘ်ထိုးတာခံရပြီး လေ့ကျင့်ရေးနယ်မြေကို ဝင်လာခဲ့တယ်။ လျန်ရှန်းက သူ့ကိုကယ်တော့ သူက လမ်းမှားပြီး တောင်ပေါ်ရောက်လာတယ်လို့ ပြောခဲ့လို့ လျန်ရှန်းက သူ့ကို အိမ်ပြန်ပို့ပေးခဲ့သေးတယ်။ လမ်းမှာ ထောင်ချောက်ဆင်ထားမယ်လို့ ဘယ်သူက သ်ိမှာလဲ? သူ့ခြေထောက်က ထောင်ချောက်ထဲက ဓားနဲ့ ထိသွားတာ။ ထောင်ချောက်က အရမ်းနက်လို့ နှစ်ညအိပ်သုံးရက်ကြာမှ ပြန်ထွက်နိုင်ခဲ့တယ်။ သူ ထွက်လာတော့ ခြေထောက်က လုံးဝကို ကျိုးသွားပြီ။ နောက်ပိုင်းမှာ သူက ဆေးရုံကြီးတွေကို သွားခဲ့ပေမယ့် နောက်ကျသွားပြီလို့ ပြောပြီး ဆရာဝန်တွေက ခေါင်းခါခဲ့ကြတယ်။"
ချင်းရှန်းက ဝမ်းနည်းလာသည်။
သူက ထောင်ချောက်ထဲ ပိတ်မိနေခဲ့တဲ့အတွက် ကုသမှုအချိန်တွေ ကုန်ဆုံးသွားခဲ့တာပါ။ ဘုရားသခင်တောင် မကုနိုင်တော့ပေ။ သူမက ယခင်နှစ်များက သူ့ကို ဆေးကောင်းများလိမ်းပေးခဲ့ပေမယ့် သူက ပုံမှန်အခြေအနေကိုသာ ပြန်ရောက်သွားပြီး လုပ်နိုင်စွမ်းက အကန့်အသတ်နှင့် ဖြစ်သွားသည်။သူ့အရိုးများက တကယ်ကို ဒဏ်ရာရသွားသည်။
ချင်းရှန်းက သူပိတ်မိနေသော သုံးရက်တွင် ဘယ်လိုနေခဲ့ရသည်ကို တွေးကြည့်၍မရနိုင်သလို ဘယ်လိုကြောင့် ထွက်လာန်ိုင်သည်ကိုလည်း မသိပေ။
"အဲ့ဒီ သူလျှိုကောင်လေးက တကယ့်ကို မကောင်းတဲ့ကောင်ပဲ။ အစ်မတို့န်ိုင်ငံက မွေးထားပြီး နှစ်ပေါင်းများစွာ ဒီမြေမှာ ကြီးပျင်းလာတာကို သူကတကယ်ပဲ အခြားသူတွေ လာဘ်ထိုးတာ လက်ခံလိုက်တယ်။ သူက ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ဝေဖန်လိုက်သေးတယ်။ လျန်ရှန်းကို အဲ့ဒီကို ခေါ်တာက သူ့ကို..သူ့ကို..သတ်ချင်လို့ပဲ။"
ဟုန်ရှားက မျ်ိုးချစ်စိတ် ရှိသူဖြစ်သည့်အတွက် သူမက စိတ်တိုကာ ဆဲဆိုလိုက်သည်။ သူမက ဆိုးသောကလေး၊ အဆော့မက်သော ကလေးများက်ို သင်ကြားပေးခဲ့ဖူးသော်လည်း ဒီလို ဆိုးရွားသောကလေးကိုတော့ မကြုံဖူးပေ။ လူကြီးများက ကလေးများအပေါ် သံသယမရှိကြပေ။ သာမန် လယ်သမားတစ်ယောက်၏ ကလေးဆိုလျှင်တော့ ထားလိုက်ပါတော့။ ဘယ်သူကမှ သူဒီလောက်ထိ ဆိုးမည်ဟု မထင်ထားပေ။
"အချ်ို့ကလေးတွေက မကောင်းတဲ့သူတွေ" ဆိုပြီး ရထားပေါ်တွင် သူပြောခဲ့သည်က အံ့သြစရာ မရှိပေ။ ဒီကိစ္စကြောင့် ဖြစ်သည်။ ချင်းရှန်းက မြန်မြန် မေးလိုက်သည်။ "နောက်ပိုင်း ဘာဆက်ဖြစ်သွားလဲ?"
"နောက်ပိုင်း လျန်ရှန်း လွတ်လာတော့ အဲ့ဒီကလေးက အဖမ်းခံရတယ်။ အဲ့လို ကလေးတွေ ရွာထဲမှာ အများကြီး ရှိတာကိုလည်း သိခဲ့ရတယ်။ ဒါပေမယ့်၊ ဘယ်သူကမှ အသုံးဝင်တဲ့သတင်း မရခဲ့ကြဘူး။ ဒီကောင်ဆ်ိုးလေးကပဲ စစ်တပိနယ်မြေရဲ့ ပုံကြမ်းကို ဆွဲနိုင်ခဲ့တာ။ လျန်ရှန်းရဲ့ သက်သေခံမှုကြောင့် သူက ထောင်ကျသွားတယ်။ သူ့ရဲ့ ကြိုးစားမှုကြောင့် အထက်လူကြီးတွေက သူ့ကို ရာထူးတိုးပေးမယ် ပြောပေမယ့် သူက တပ်ကထွက်ဖို့ ပြောခဲ့တာမလို့ အားလုံးက အံ့သြသွားကြရတယ်"
အခြားသူတွေက သူဘာလို့ သံပူနေတုန်း ဆက်မသွားတာလဲ နားမလည်ကြပေ။ ကျောက်ချင်းစုန့်တောင်မှပဲ လျန်ရှန်းက အခွင့်ကောင်းကို အရမယူခဲ့ဘူးလို့ တွေးထားပေမယ့် သူက စ်ိတ်ပျက်သွားသည်က်ို ချင်းရှန်းက နားလည်သည်။
သူက နိုင်ငံ၏ အနာဂတ်ပန်းပွင့်များအပေါ် စိတ်ပျက်မိသည်။ စစ်သည်များက ရှေ့တန်းတွင် သွေးချွေးများရင်းကာ တိုက်ခိုက်နေကြပေမယ့် ဒီကလေးတွေက ဘာမဟုတ်သော အရာလေးကြောင့် မကောင်းသော က်ိစ္စများ လုပ်န်ိုင်သလို အသက်ငယ်ငယ်တွင် လူပင် သတ်ရဲနေသည်။
ဝန်ခံရမည်ဆိုလျှင် ဒါက ခေတ်နောက်ပြန်ဆွဲမှုနှင့် ပညာရေးချို့တဲ့မှုကြောင့်ဖြစ်ပေမယ့် ထိုအချိန်တွင် သူက အဆုံးစွန်သောလမ်းတွင် ပိတ်မိနေသည့်အတွက် ဒီအကြောင်းအရာကို လက်မခံနိုင်ဘဲ တပ်မှထွက်ကာ ဟိုင်ချန်းကို ပြန်လာပြီး သာမန်နည်းပညာရှင်အဖြစ် အလုပ်လုပ်ခဲ့သည်။
ထိုအချ်ိန်တွင် ချင်းရှန်းက သူ့ကို ဖက်ထားချင်မိသည်။သူမက သူ့ကို လူအုပ်ထဲတွင် ရှာတွေ့ခဲ့သည်။ သူက သို့သို့ကို ချီထားကာ တိရိစ္ဆာန်တစ်မျိုးပြီးတစ်မျိုးနှင့် မိတ်ဆက်ပေးနေသည်။ သူ့ဇနီး၏ အကြည့်နှင့်ဆုံသောအခါ သူက သူမကို ခေါင်းငြိမ့်ပြလိုက်ပြီး သို့သို့နှင့် စကားဆက်ပြောနေသည်။
သို့သို့က မှတ်ဉာဏ်ကောင်းသည်။ သူမက အဖေပြောပြသော တိရိစ္ဆာန်များကို တစ်ခါတည်းနှင့် မှတ်မိနိုင်သည်။ သူမအစ်ကိုကဲ့သ်ို့ သူမက လမ်းလျှောက်လိုက်သည်နှင့် နာမည်များ မေ့မသွားတတ်ပေ။ တစ်ခါတလေ သူက ထပ်မေးလျှင် သူမက သွက်သွက်လက်လက် ပြန်ဖြေတတ်သေးသည်။
ဒါပေမယ့် သူမက တကယ်ကို စပ်စုတတ်သော ကလေးဖြစ်သည်။ သူမက တစ်ခုခုကို မြင်တိုင်း ဒါက ဘာလဲဟု မေးတတ်သည်။ အလည်အပတ်ခရီး ပြီးခါနီးတွင် သူမအစ်ကို ရှောင်ဟူက သည်းမခံနိုင်တော့ပေမယ့် ဒုတိယဦးလေးက စိတ်ရှည်ရှည်နှင့် ရှင်းပြနေသေးသည်။
"ဒုတိယဦးလေးက တကယ်ကို အံသြစရာပဲ။ သူ မသိတာ ဘာမှမရှိဘူး။"
"ဦးလေးက ညီမလေးအပေါ် အရမ်းကောင်းတယ်။"
ချင်းရှန်းက အံ့သြသွားကာ သူ့ခေါင်းကို ပွတ်လိုက်သည်။ "သားအဖေလည်း ကောင်းပါတယ်။ ကြည့်လိုက်လေ သူတစ်လမ်းလုံး ပစ္စည်းတွေ သယ်လာရတာ ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ?"
ဟဲပေါင်ရှန်းက စကားကောင်းကောင်း ပြောတတ်သူ ဆိုပေမယ့် အရမ်းစကားမပြောတတ်ပေ။ သူက ကလေးနှစ်ယောက်၏ ရေဘူး၊ အပေါ်ဝတ်များ၊ အစားအသောက်ထည့်ထားသော လွယ်အိတ်များကို သယ်ထားသည်။သူက စကားမပြောဘဲ အနောက်မှ လိုက်နေကာ အားလုံးကို ကာကွယ်ထားသည်။