← Chapters

Chapter 73

Vol. 7 Ch. 73

Chapter 73

Vol. 7 Ch. 73

ညနေခင်းတွင် တိရိစ္ဆာရန်ရုံမှ ထွက််ခဲ့ပြီးနောက် သူတို့ခြောက်ယောက်က ယောက္ခမအိမ်သ််ို့ သွားခဲ့ကြသည်။

သူတို့က မြောက်ပ်ိုင်းကန္တာရမှ ပြန်လာပြီးနောက် ဆေးရုံက သူတို့အတွက် အဆောင်ခန်း ပြန်ပေးသည်။ အဆောင်က သားကြီး၏ အိမ်နှင့် မဝေးပေမယ့် သူတို့က ပြောင်းနေရန် ငြင်းခဲ့သည်။

ချင်းရှန်းက ထွက်မလာခင် ယောက္ခမများအတွက် အသီးအရွက်များဝယ်ရန် ငွေသားထည့်ယူလာပေမယ့် ဟဲလျန်ရှန်း၏ ငယ်ဘဝအကြောင်း သိရပြီးနောက်မှာတော့ အသီးအရွက် မပြောနှင့် သူမက သူတို့ကို ဘာစားစရာမှ မပေးချင်တော့ပေ။

သူတို့က သ်ို့သို့ကို အဝတ်အစားများနှင့် စောင်လေးတစ်ထည် ပို့ပေးသည်ကြောင့်သာ မဟုတ်လျှင် ချင်းရှန်းက ဒီနေ့ ဒီကိုလာမည်တောင် မဟုတ်ပေ။

သူတို့စုံတွဲက တတိယထပ်တွင် နေကြသည်။ ချင်းရှန်းက နောက်ဆုံးမှ လျှောက်လာသည်။ သို့သို့က သူ့အဖေနှင့် အစ်ကိုကို လက်တွဲကာ တံခါးထံသို့ ယုန်ကလေးကဲ့သို့ ခုန်ပေါက်၍ သွားနေသည်။

ခဏကြာ တံခါးခေါက်ပြီးနောက် အထဲမှ တံခါးပွင့်လာသည်။ အထဲမှ သက်လတ်ပိုင်းအရွယ် ကြည့်ကောင်းသော အမျိုးသားတစ်ယောက်ထွက်လာသည်။

ချင်းရှန်းက လောင်ဟဲကို တောက်ပပြီး တည်ကြည်သော သွင်ပြင်ရှိသော အမျိုးသားဟု ထင်ခဲ့ပေမယ့် ယခု ဟဲရုန်ကို မြင်သောအခါမှ သူ့အဖေက ပိုကြည့်ကောင်းသည်ကို နားလည်သွားသည်။

သူက တည်ကြည်ပြီး ကျက်သရေရှိသော သွင်ပြင်ရှိပြီး ကျောက်စိမ်းကဲ့သို့ ချောမောသူ ဖြစ်သည်။ နယ်ဘက်တွင် နှစ်ပေါင်းများစွာ သွားနေခဲ့သည်တောင် သူ့မျက်နှာက တောက်ပနေကာ အရေးအကြောင်း တစ်ခုမှ ရှိမနေပေ။ အန်းရှူးကျန့်က သူနှင့် လက်မထပ်မီ ကိုယ်ဝန်ရကာ သူ့ကို လက်မလွှတ်ရရန် ကလေးမွေးခဲ့သည်ကို နားလည်သွားသည်။

ဒီလို ချောမောသူက အမျိုးသမီးများတင် မငြင်းဆန်နိုင်သည်သာမက အမျိုးသားများပင် ခုခံနိုင်မည် မထင်ပေ။ ချင်းရှန်းကဲ့သ်ို့ သူ့ကို သဘောမကျသူတောင် သူ့ကို ကြည့်ကာ အံ့သြမိသည်။

"မင်းက..." ဟဲရုန်က သူ့ရှေ့မှ အရပ်ရှည်ရှည် ပိန်ပိန်နှင့်လူက်ို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။သူက အတော်ကြာ စဉ်းစားပြီးနောက် မှတ်မိသွားသည်။ "အိုး ဒုတိယကလေးပါလား မင်းအရမ်းကြီးသွားတာပဲ။"

တိတ်ဆိတ်သွားသည်။

ချင်းရှန်းက ဟဲလျန်ရှန်းကို ဖိအားမပေးခဲ့ပေ။ သူက သူ့အဖေကို "အဖေ" ဟု ခေါ်လိုက်ကာ သ်ို့သို့ကို "အဘိုး"ဟုခေါ်ရန် သင်ပေးနေသည်။

သို့သို့က စကားမပြောသေးသော သူမအဘိုးကို ကြည့်လိုက်သည်။ သူက ခေါင်းလှည့်ကာ ကလေး၏ ရှုပ်ပွနေသော နံရံပေါ် ဆွဲထားသည့် ပုံများကိုကြည့်လိုက်သည်။

ချင်းရှန်းက ရင်ထဲတွင် ဝမ်းသာသွားသည်။ ဒါက သားအဖ သံယောဇဉ်ကို ပြသနေသည်။

"ဟေး သူတို့ ရောက်နေကြတယ်။ သူတို့က လက်ထပ်ပြီး ကလေးမွေးထားကြပြီ" ဟဲရုန်က ပြုံးလိုက်ကာ အောက်ထပ်ရှိ အန်းရှူးကျန့်ကို အော်ပြောလိုက်သည်။ သူက သူတို့ကို စားပြီးပြီလား ဗိုက်ဆာလား၊ ကလေးများ၏ အသက်နှင့် နာမည်ကို မမေးခဲ့ပေ။

သေချာပေါက် သူ့အကြီးဆုံးသား ဟဲပေါင်ရှန်းကလည်း ထိုသို့ ဆက်ဆံခံရသည်။ ဟုန်ရှားကလည်း အံသြမိကာ အဖေဟု ခေါ်ပြီးနောက် စကားတစ်ခွန်းမှ ထပ်မပြောတော့ပေ။ တက်ကြွသည့် ကလေးဖြစ်သော ရှောင်ဟူကလည်း ငြိမ်ငြိမ်ထိုင်နေကာ မလှုပ်ရဲပေ။

အနေအထားက အလွန်စိတ်ညစ်စရာ ကောင်းနေသဖြင့် ဟဲရုန်က တစ်ဦးတည်းသော သူစိမ်းဖြစ်နေသည့် ချင်းရှန်းကို စကားစလိုက်ကာ သူမဘယ်ကလာ၍ ဘာအလုပ်လုပ်နေသည်ကို မေးလိုက်သည်။ သူက သူမ လယ်ထဲတွင် အချိန်အတော်ကြာ ပျင်းနေမည်ဟု ထင်ကာ သူနှင့် စကားပြောရန် လူအနည်းငယ်ရသည်ဟု တွေးမိသည်။ ဒီလို သွက်လက်သော ချွေးမနှင့် စကားပြောရသည်မှာ သူ့အတွက် ရှားပါးသော အခွင့်အရေးဖြစ်သည်။ ဟဲရုန်က အခြားသူများက်ို ဘယ်လိုနှိမ့်ချပြောဆိုရမည်ကို မသိသည့်အတွက် သူ၏ အနုပညာအကြောင်းများ ပြောလိုက်သည်။

သူက သူ့ကိုယ်သူ နိုင်ငံ၏ ပထမဆုံး cello ပညာရှင်ဟု ပြောသေးသည်။ သူက လက်ပုံစံ၊ အနေအထား၊ အတိုင်းအတာများ၊ David Popper နှင့် "Jacqueline's Tears"အကြောင်း ပြောသည်။ နောက်ဆုံးမှာ သူက cello သည် သူ၏ ဝမ်းနည်းစရာဘဝအကြောင်း ထင်ဟပ်နေသည်ဟု သက်ပြင်းချကာ ပြောလိုက်သည်။

ချင်းရှန်းက အန်မိတော့မလို ခံစားရကာ အခြားသူများလည်း ထိုအတိုင်းပင် ဖြစ်မည်။

ခဏကြာတော့ သူမယောက္ခမဖြစ်သူ အန်းရှူးကျန့် ရောက်လာသည်။

အန်းရှူးကျန့်က အရပ်ရှည်ရှည် ပ်ိန်ပိန်သွယ်သွယ် အမျိုးသမီးဖြစ်ပြီး ပါးများက ချောင်ကျနေကာ ကျယ်ပေမယ့် အသက်မပါသော မျက်လုံးများ ရှိထားပြီး သူမမျက်လုံးများက မြင့်တက်နေပုံပေါ်ကာ စိတ်တိုနေသည့် ခံစားချက်ကို ပေးသည်။ သူမက ငယ်စဉ်က အလှပဂေးတစ်ယောက် ဖြစ်ခဲ့မည်မှာ သေချာသော်လည်း ဟဲရုန်၏ ချောမောမှုကို မမှီပေ။

သူမက ဟဲလျန်ရှန််းကိုကြည့်ကာ မေးလိုက်သည်။

"မင်း ရောက်နေတာလား?"

"အမေ"

ထို့နောက် သူမက ချင်းရှန်းထံ လက်ဆန့်လိုက်သည်။

"အဒေါ်က ဟဲလျန်ရှန်းရဲ့အမေ အန်းရှူးကျန့်ပါ။"

သူမအသံက တည်ငြိမ်နေပေမယ့် သူမက သူနှင့် သဘောထား မတိုက်ဆိုင်လျှင် အဝေးသို့ လွင့်ထွက်သွားတော့မလို ချင်းရှန်းက ခံစားရသည်။

တရုတ်ရိုးရာဆေး၏ ခွဲခြမ်းစိတ်ဖြာမှု၊ ဆန်းစစ်မှုနှင့် မေးမြန်းမှုများနှင့် ရောဂါက မျက်နှာကိုကြည့်ကာ ဆုံးဖြတ်နိုင်သည်။

အန်းရှူးကျန့်၏ မျက်လုံးများက ဖောင်းနေကာ သူမနှာခေါင်းထိပ်က ပြာနေပြီး သူမပါးများက ပုံမှန်ထက် ချောင်ကျနေကာ နှုတ်ခမ်းများက ခြောက်ကပ်နေသည်။ ချင်းရှန်း၏ အတွေ့အကြုံအရ သူမက စိတ်ဓာတ်ကျနေပြီး စိတ်တိုလွယ်သူ ဖြစ်ကာ ထိုသူမျိုးက သူအလိုမကျလျှင် တစ်ခုခု လုပ်ပစ်နိုင်သည်။

သူမ ယောက္ခမနှင့် ပထမဆုံး တွေ့ဆုံခြင်းက အလွန် ယဉ်ကျေးလွန်းနေသည်ဟု ချင်းရှန်းက ခံစားရသည်။

သူမက အမေနှင့်မတူဘဲ စက်တစ်ခုနှင့် တူနေသည်။ သူမက သို့သ်ို့ကို မြင်သောအခါ ပြုံးလိုက်သည်။ သူမက သို့သို့၏ ပါးကို ထိချင်သော်လည်း သူမလက်မှ အသားမာများကြောင့် နာသွားမည်ကို စိုးရိမ်နေသည်။

"သို့သို့ ဒါက အဖွားလေ။ ဖွားဖွားလို့ခေါ်။"

"ဖွားဖွား" ဒီတစ်ကြိမ် သူမခေါ်သောအခါ သူမအသံက ပြတ်သားနေသည်။

အန်းရှူးကျန့်က ပြုံးလိုက်သည်။"တော်လိုက်တာ"

ကျန်သော အချိန်များတွင် သူတို့က တစ်ယောက်ကိုယ်တစ်ယောက် ကြည့်နေကြသည်။ မိဘများကလည်း သားများ စားသောက်ပြီးပြီလား ဗိုက်ဆာသလား မမေးသလို သားကလည်း အမေနှင့် အဖေကို ယခင်နှစ်များတွင် အဆင်ပြေရဲ့လား မမေးခဲ့ပေ။

နောက်ဆုံးတော့ ရှောင်းဟူက သူ့ဗိုက်ကိုပွတ်ကာ ဗိုက်ဆာသည်ဟု ငိုလိုက်သည်။ ထိုအခါမှ အန်းရှူးကျန့်က သူမချက်ပြုတ်ရဦးမည်က်ို သတိရသွားသည်။ ချင်းရှန်းနှင့် ဟုန်ရှားက လူကြီးများ၏ ငြိမ်းချမ်းမှုကို မနှောင့်ယှက်ဘဲ အိမ်ပြန်၍ စားလိုက်မည်ဟု ပြောလိုက်သည်။

အန်းရှူးကျန့်က သူတို့ကို ဆက်နေရန် မပြောခဲ့ဘဲ တံခါးဝသို့ လိုက်ပို့ခဲ့သည်။ ထို့နောက် ဘယ်သူမှ အာရုံမစိုက်မိချိန်တွင် သူမက ချင်းရှန်း၏ လက်ထဲ လက်ကိုင်ပုဝါ ထည့်ပေးလိုက်သည်။

"အဒေါ် အရင်နှစ်တွေမှာ လျန်ရှန်းအတွက် တကယ်ကို အားနာမိတယ်။ မင်းတို့ အခုကစပြီး ဘဝကို ကောင်းကောင်း နေသင့်တယ်။"

ပြောပြီးသည့်နောက် သူမက ချင်းရှန်း ပြန်ပြောသည်ကို မစောင့်ဘဲ ပြန်လှည့်သွားသည်။ လူအများကြီး ရှိနေသည့်အတွက် ချင်းရှန်းက ထိုနေရာတွင် မဖွင့်ခဲ့ဘဲ ချွန်းဟွာဟူထုန်ရောက်မှ ဖွင့်လိုက်သည်။ သူမက လောင်ဟဲကို မြန်မြန်ဆွဲခေါ်ကာ လက်ကိုင်ပုဝါကို ဖွင့်လိုက်သည်။

အထဲတွင် လက်စွပ်တစ်ကွင်းဖြစ်သည်။

လက်စွပ်က ရွှေရောင်ဖြစ်ပြီး နှစ်များစွာ ကြာသော်လည်း တောက်ပနေသေးသည့်အတွက် အရည်အသွေးကောင်းသည်မှာ သိသာသည်။ လက်စွပ်က လက်သည်းခွံအရွယ် ပတ္တမြားလည်း ပါသည့်အတွက် အလွန်လှသလို အတော်ကုန်ကျမှာ သေချာသည်။

ချင်းရှန်းက ထိတ်လန့်သွားသည်။ သူမက သူမယောက္ခမကို ဒီလိုအရာမျိုး ပေးမည့်သူဟု မထင်ထားပေ။ သူတို့ကလည်း ခက်ခဲသောဘဝတွင် နေရသည်။သူမက အလုပ်ပြန်ရသော်လည်း ယခင်နှစ်များအတွက် လစာမရှိပေ။ ငွေအားလုံး ပြန်ရရန်က ခက်သည်။ ဟဲရုန်က မြောက်ပိုင်း အပို့မခံရခင် အလုပ်ထုတ်ခံရသည်။သူက သူ့မိန်းမကို ထောက်ပံ့ရန်လစာ တစ်ပြားမှ မရထားပေ။ သူမက မီးဖိုချောင်သို့ သွားကြည့်ခဲ့ရာ ပြောင်းဆန် အနည်းငယ်သာ တွေ့ခဲ့ရပြီး ဆီအိုးထဲတွင်လည်း ဆီမရှိတော့ပေ။

လက်စွပ်က တန်ဖိုးမဖြတ်နိုင်သော အရာဖြစ်လိမ့်မည်။ သူမက မှောင်ခိုစျေးကွက်သို့ သွားရောင်းလျှင် အနည်းဆုံး ယွမ်တစ်ထောင်လောက် ရနိုင်သည်။

လောင်ဟဲက လက်စွပ်ကိုမြင်တော့ အကြည့်များ တောက်ပသွားသည်။ ခဏကြာတော့ သူက စိတ်သက်သာရာ ရသွားသည်။

သူက သက်ပြင်းချကာ ပြောလိုက်သည်။ "မင်းကိုပေးရင် ယူထားလိုက်ပါ။"

သူမှတ်မိထားသည်မှာ မှန်လျှင် ဒီလက်စွပ်က သူ့အမေ ဟဲမိသားစုတွင် လက်ထပ်ပြီးချိန်က သူ့အဖွားက ပေးခဲ့ခြင်း ဖြစ်သည်။ ဟဲမိသားစုက အခက်အခဲများနှင့် ကြုံခဲ့ရချိန်တွင် လက်စွပ်က တန်ဖိုးအရှိဆုံးပစ္စည်း ဖြစ်လာခဲ့သည်။ ဒီလက်စွပ်ကြောင့် သူမက ဟဲမိသားစုတစ်ခုလုံး၏ အသိမှတ်ပြုခံခဲ့ရသည်။ သူမက ယောက္ခမများကို သိတတ်ပြီး ဟဲရုန်နှင့် ကလေးများကို စောင့်ရှောက်လျှင် သာယာသောအိမ်ထောင်ရေး ရရှိမည်ဟု ထင်ခဲ့သည်။ နောက်ပိုင်း သူတို့ အပြင်းအထန် ရန်ဖြစ်ချိန်တွင် ဟဲရုန်က လက်စွပ်ကို တောင်းပေမယ့် သူမက မပေးခဲ့ပေ။

နောက်ပိုင်း ဟဲရုန်က အလုပ်ထုတ်ခံရကာ သူ့အမေကို မိသားစုတွင် ငွေမရှိသည့်အတွက် ငွေပေးရန် တောင်းသော်လည်း သူမက မပေးခဲ့ပေ။

ဒါက သူတို့အိမ်ထောင်ရေးအတွက် နောက်ဆုံးခံစစ် ဖြစ်မည်။

ဒါကိုကြားတော့ ချင်းရှန်းက အတော်ကြာ ပြောစရာ ပျောက်သွားသည်။ သူမယောက္ခမက မိဘကောင်း မဟုတ်ခဲ့ပေမယ့် ယခု သူမကို တန်ဖိုးအရှိဆုံး ပစ္စည်းပေးသည်။ သူမအတွက် အချစ်နှင့် ဂုဏ်သိက္ခာဟု သတ်မှတ်ထားသော အရာကို ဟဲလျန်ရှန်းကို တောင်းပန်သည့်အနေနှင့် ပေးခဲ့သည်။

"ထားပါတော့ သူ မင်းကို ပေးရင် သိမ်းထားပြီး နောက်တော့ သို့သို့ကို ပေးလိုက်ပေါ့"

"ကောင်းသားပဲ"

သူမက ဟဲလျန်ရှန်းကို ပေးလျှင် လက်မခံမည်က်ို သိသည့်အတွက် သူ့အမေက ချင်းရှန်းကို ပေးခဲ့ခြင်းဖြစ်သည်။ ချင်းရှန်းက အနာဂတ်တွင် သ်ို့သို့ထံ ပေးမည်ဆိုသည်မှာ သေချာသည်။

"ကိုယ် မနက်ဖြန် ထပ်သွားလိုက်မယ်" အနားရှ်ိလူ အ်ိပ်ပျော်သွားပြီဟု ချင်းရှန်း ထင်နေချိန်တွင် သူကပြောလိုက်သည်။

"အင်း။ ဆန်တွေ၊ ဂျုံတွေ နဲ့ဆီတွေ ဝယ်သွားပေးလိုက်ပါ။ သူတို့မှာ ကုန်တော့မယ်ထင်တယ်။" ဒီတစ်ခါတွင် သူတို့က ဤနေရာတွင်ရသော ဆန်နှင့် ဆီလက်မှတ်များနှင့် ဝယ်ရမည့်အတွက် ငွေအနည်းငယ်သာ ကုန်ကျမည်ဖြစ်သည်။

"စကားမစပ် ကျွန်မ မနက်စောစော အပြင်သွားရမယ်။ ရှင် ပစ္စည်းတွေဝယ်ရင် အဆင်မပြေမှာမလို့ သို့သို့ကို ကျွန်မ ခေါ်သွားလိုက်မယ်။ ကျွန်မတို့ နေ့လည်စာ အပြင်မှာ စားဖြစ်မယ်။"

ချင်းရှန်းက မနက်ဖြန် အရေးကြီးသူတစ်ဦးနှင့် တွေ့ရန်ရှိသည်။

နောက်တစ်နေ့မနက်စောစောတွင် ဟုန်ရှားနှင့် သူမခင်ပွန်းက အလုပ်သို့သွားပြီး ရှောင်ဟူက ပိတ်ရက်ဖြစ်သည့်အတွက် အိမ်တွင်ဆော့ကစားနေသည်။ ချင်းရှန်းတို့ဇနီးမောင်နှံ အိပ်ယာမှထတော့ ဟုန်ရှားက မနက်စာပြင်ဆင်ခဲ့ပြီး မီးဖိုထဲထည့်ခဲ့သည်။ နွေးနေသေးသည့်အတွက် အပူပေးရန် မလိုအပ်ပေ။

ချင်းရှန်းနှင့် အခြားသူများက ဒီနေရာတွင်ရှိနေသည်မှာ နှစ်ရက်ရှိနေပြီဖြစ်ပြီး အစ်ကိုအကြီးဆုံးအိမ်မှ စားစရာများမှာ အလွန်အရသာရှိနေသည်။ ရှောင်ဟူက အလွန်သဘောကျသည်။ ဒီနေ့၏ မနက်စာမှာ ဆန်ပြုတ်ဖြစ်သည်ကို ချင်းရှန်း မြင်န်ိုင်သည်။ ရှောင်ဟူနှင့် သို့သို့ အားပါးတရ စားနေသည်ကိုမြင်ရသည့်အတွက် ချင်းရှန်းက အတွေးတစ်ခုဝင်လာသည်။

သူမက ယွမ်နှစ်ဆယ်ယူလိုက်ပြီး လောင်ဟဲ၏ အိတ်ထဲထည့်လိုက်သည်။

"အစ်မကြီးတို့အိမ်အတွက်လည်း အသားနည်းနည်း ဝယ်လာခဲ့ပါ။"

လောင်ဟဲက ခေါင်းညိတ်လိုက်ပြီး ဝတ်စုံဝတ်ကာ ထွက်သွားရန်ပြင်လိုက်သည်။

"အဖေ ဘယ်သွားတာလဲ?"

သို့သို့က သူ့မျက်နှာလောက်ကြီးသော ဆန်ပြုန်ခွက်ကြီးကိုကိုင်ကာ စ်ိတ်ဝင်တစား မေးလိုက်သည်။

"တစ်ခုခု သွားဝယ်တာပါ။"

သို့သ်ို့က အလွန်ထက်မြက်သော ကလေးဖြစ်သည်။ သူက ဘယ်တော့မှ အခွင့်အရေးကို လက်လွတ်မခံပေ။ ဒါကိုကြားတော့ သူမက ပြောလိုက်သည်။

"ဖေဖေ သမီးကို ဖိနပ်ဝယ်လာခဲ့ပေးပါ။"

လောင်ဟဲက သူမ၏ခြေထောက်ကို ကြည့်လိုက်ရာ သူမက ပန်းရောင်နှင့် အဖြူရောင်စပ်ထားသော ဖိနပ်လေးကိုစီးထားသည်။ သူမ အအေးမိမည်ကြောက်၍ သူက ခြေအိတ်အဖြူရောင်ပါ ဝတ်ပေးထားသေးသည်။ သူမက ဖိနပ်အသစ်လိုချင်တာလား?

"အစ်ကို့အတွက်ပါ။"

လူကြီးနှစ်ယောက်က ရှောင်ဟူကိုကြည့်လိုက်ရာ သူက သူ့ခြေထောက်ထက် အလွန်သေးနေပြီး ခြေဖနောင့်ထွက်နေသော အဝတ်ဖိနပ် အဟောင်းကြီး စီးထားသည်ကိုမြင်လိုက်ရသည်။

"ဟုတ်ပြီလေ။ ဒါဆို အမေနဲ့အပြင်သွားရင် သို့သို့ လိမ္မာမယ်လို့ကတိပေးရမယ်။"

"သို့သို့ လိမ်မာမှာပါ။"

သူမက ဗိုက်ကိုပွတ်ပြီး ပြောလ်ိုက်သည်။

"ကျွန်တော် ဖိနပ်အသစ်မလိုပါဘူး။ မဝယ်ပါနဲ့ ဦးလေး။ ကျွန်တော့်မှာ စီးစရာတွေရှိပါတယ်။"

သူ့ညီမလေးက သူဖိနပ်ဟောင်းစီးထားသည်က်ို မြင်မိမည်ဟု မထင်ထားသည့်အတွက် ရှောင်ဟူ အနည်းငယ်ရှက်နေသည်။ ဒါပေမယ့် ဒီနေရာတွင်တော့ ဒါက ရှက်စရာမဟုတ်ပေ။ အားလုံးက ဤကဲ့သို့စီးကြပြီး သူကသာ ကံကောင်းသည့် တစ်ဦးတည်းသော သားဖြစ်၍ တစ်နှစ်လျှင် ဖိနပ်နှစ်ရံရခြင်းဖြစ်သည်။ အခြားသော ခြံထဲမှ မောင်နှမ များသော ကလေးများဆိုလျှင် ဖိနပ်အသစ် မမြင်ဖူးသလို သူတို့၏ အကြီးများထံမှ မတော်တော့သောအရာကိုသာ စီးရသည်။ သူတို့ထဲမှအချ်ို့က တစ်ခါမှ ဖိနပ်အသစ် မစီးဖူးပေ။

ချင်းရှန်းက မနက်စာ မြန်မြန်စားကာ အိုးခွက်များကို မြန်မြန်ဆေးကြောလိုက်ပြီး ရှောင်ဟူကို အဝေးကြီးမသွားရန်မှာခဲ့သည်။ သူတို့က ပုံမှန်အတိုင်းလာခြင်းမဟုတ်သလို သူက ပိတ်ရက်များတွင် ခြံဝန်းထဲ ကစားလေ့ရှ်ိသည့်အတွက် ချင်းရှန်းက သူ့ကို ခေါ်မသွားခဲ့ပေ။

ကလေးနှစ်ယောက်ကို ခေါ်သွားပြီး တစ်ယောက်ပျောက်သွားခဲ့လျှင် ဒါက ဟာသမဟုတ်တော့ပေ။

သ်ို့သို့က ငယ်သေးသည့်အတွက် ချီထား၍ရသည်။

သူမက ရှီးလန်မှ ဝယ်လာသော ဆေးရွက်ခြောက်များနှင့် တရုတ်ဆီးသီးများကိုယူကာ ကားပေါ်တက်ပြီး ရှီချားဟိုင်သို့ အရင်သွားပြီး ကားပြောင်းစီးကာ ပေကျင်းတရုတ်ရိုးရာဆေးရုံသို့ ရောက်လာသည်။

ဆေးရုံထဲသို့ ဝင်ထွက်နေသည့်သူများရှိပြီး စာရင်းသွင်းသည့်နေရာတွင် လူထူထပ်နေသည်။ ချင်းရှန်းက တိုးဝှေ့မဝင်ခဲ့ဘဲ မိသားစုနယ်မြေအနောက်မှ လူနာအခန်းသို့သွားလိုက်သည်။ ဒါက ယခုမှဆောက်လုပ်ပြီးသော ငါးထပ်အဆောက်အဦးမြင့်ဖြစ်ပြီး တံခါးတွင် လုံခြုံရေးလည်းရှိသည်။

သူမက ကောင်းမွန်စွာ ဝတ်စားထားပြီး ကလေးလည်းပါသည့်အတွက် သူမကို ရင်းနှီးစွာမသ်ိသော်လည်း လုံခြုံရေးက ဝင်ခွင့်ပြုလိုက်သည်။ ဝင်လိုက်သည်နှင့် တွေ့တွေ့ချင်း ပထမဆုံး အဆောက်အဦး၏ သုံးလွှာတွင်နေသည်ဟု မစ္စတာဟဲ ပြောဖူးသည်ကို သူမက မှတ်မိနေသည်။ အဆောက်အဦများက တိုပြီးကျယ်သည်။ အိပ်ခန်းနှစ်ခန်းပါသည်။ အခြားအခန်းများက မီတာနှစ်ဆယ်မှ မီတာသုံးဆယ်လောက်ကျယ်ဝန်းသည်။

သုံးလွှာတွင် အိမ်ထောင်စု လေးစုနေသည်။ ဘယ်တစ်ခုက မစ္စတာဟဲနေသည့်နေရာဆိုသည်ကို ချင်းရှန်းမသိပေ။ သူမက အခန်းတိုင်းကို တံခါးခေါက်ရန်လုပ်လိုက်စဉ် မနီးမဝေးအခန်းမှ သက်လတ်ပိုင်းအရွယ် အမျ်ိုးသမီးတစ်ယောက်ထွက်လာသည်။

"မင်း ဘယ်သူ့ကို ရှာနေတာလဲ။"

ချင်းရှန်းက လည်ချောင်းရှင်းလိုက်သည်။

"မစ္စတာဟဲကို ရှာနေတာပါ။"

"ဒေါက်တာဟဲလား။"

ထိုအမျိုးသမီးက သူမကို အစအဆုံးကြည့်လိုက်ကာ မရင်းနှီးသလိုခံစားရပေမယ့် သူမက တည်ငြိမ်နေကာ ကလေးတစ်ယောက်လည်း ချီထားသည့်အတွက် သူမက မေးလိုက်သည်။

"မင်းက ဘယ်သူလဲ?"

"ကျွန်မက ရှီးလန်က သူ့ရဲ့အလုပ်သင်ပါ။"

ထိုအမျိုးသမီးက ပြောလိုက်သည်။

"ခဏစောင့်ပါ။ မစ္စတာဟဲက အရေးပေါ်အစည်းအဝေးသွားတက်နေတာ ခဏနေရင်တော့ ပြန်ရောက်မှာပါ။"

"ကောင်းပါပြီ ကျေးဇူးပါ။"

All Chapters