Chapter 75
Vol. 7 Ch. 75
ဒါက စက်ရုံစဖွင့်ပြီးချိန်မှ ယနေ့ထိ ပထမဆုံးကွာရှင်းမှုဖြစ်သည်။
ဒီနေ့ခေတ်တွင် လူအများက မကွာရှင်းတတ်ကြသည့်အတွက် ဒီသတင်းကြောင့် အားလုံးဘယ်လောက်ထိအံ့သြသွားမည်ကို တွေးကြည့်၍ရနိုင်သည်။ ချင်းရှန်းပင်လျှင် အံ့သြမိသည်။
အဒေါ်ကျန်းက အခိုင်အမာပင် မသိရသေးဘဲ ဖြစ်ရက်အကြောင်း အားလုံးကိုရှင်းပြနေသည်။ လျိုပေါင်ကျူးက အမြဲတမ်းလိုလို ကလေးလိုချင်နေခဲ့သည်။ သူမက လက်ထပ်ထားသည်မှာ လေးနှစ်ကြာပြီဖြစ်ပြီး သူမခန္ဓာကိုယ်ကျန်မာရေး စစ်ဆေးမှုလည်း အတော်ကြာ လုပ်ခဲ့ပြီးဖြစ်သော်လည်း အမှားအယွင်းမရှိသည့်အတွက် ကျောက်ချင်းစုန့်လည်း စစ်ဆေးသင့်သည်ဟု သူမ ထင်မိသည်။ အစတွင် ရှက်စရာကောင်းသည်ဟုဆိုကာ ကျောက်ချင်းစုန့်လည်း သဘောမကျခဲ့ပေမဲ့ သူမပြသနာရှာနေသည်ကို သည်းမခံနိုင်သောကြောင့် သွားလိုက်ပေမဲ့ သူမလိုက်လာလျှင် ရှက်စရာကောင်းသည်ဟုပြောကာ မလိုက်ခဲ့ရန်ပြောလိုက်သည်။
မျက်နှာ၊ မျက်နှာ၊ အားလုံး သူ့မျက်နှာအကြောင်းပဲ။
"ထူးဆန်းတယ်လို့ မထင်ဘူးလား? ကျောက်ချင်းစုန့် ယူလာတဲ့ ဆေးစစ်ချက်စာရွက်မှာ အားလုံးပုံမှန်လို့ပြောပေမဲ့ သူမ ကိုယ်ဝန်မရနိုင်သေးဘူး။ လျိုပေါင်ကျူးလည်း စိတ်ရှုပ်တာမလို့ အရင်ရက်တွေက ခရိုင်မြို့ကိုသွားတော့ ဆေးရုံသွားခဲ့တယ်လေ။"
မမေးမချင်း သိမှာမဟုတ်ပေ။ မေးလိုက်သောအခါ အံသြသွားရသည်။ သူတို့၏ အလုပ်ဝန်ထမ်းကတ်နှင့် လက်ထက်စာချုပ်ကိုကြည့်၍ သူတို့သည် ဇနီးမောင်နှံဖြစ်သည်ဟူ၍ အတည်ပြုလိုက်သည်။ စာရွက်စာတမ်းများထဲတွင် ကျောက်ချင်းစုန့်အမည်နှင့် လူနှစ်ယောက် ရှိနေပြီး တစ်ယောက်မှာတော့ ပုံမှန်အတိုင်းဖြစ်၍ နောက်တစ်ယောက်မှာတော့ သုတ်ပိုးများပင်မရှိပေ။
ထို့နောက် သူမက အသက်၊ အလုပ်နေရာများ နှိုင်းယှဉ်ကြည့်လိုက်သောအခါ သုတ်ပိုးမရှိသူက သူ့အမျိုးသားဖြစ်နေသည်။
ဆရာဝန်၏ ရှင်းပြမှုမှာတော့ ကျောက်ချင်းစုန့်က သားကြောဖြတ်ထားသည့်အတွက် သုတ်ပိုးမရှ်ိခြင်းဖြစ်သည်...
လျိုပေါင်ကျူးက မယုံကြည်နိုင်ဖြစ်နေသဖြင့် သူမပြဿနာရှာမည်ကိုစိုးရိမ်သောကြောင့် ဆေးရုံမှလူများလည်း လွန်ခဲ့သည့်လေးနှစ်က ကျောက်ချင်းစုန့်လုပ်ခဲ့သော သားကြောဖြတ်ခွဲစိတ်မှုမှတ်တမ်းကို ပြသခဲ့သည်။ ထိုမှတ်တမ်းမှာ အဖြူအမဲနှင့်ရေးထားပြီး တရားဝင်တံဆိပ်တုံးပါသည်။
ဒါကိုကြားရတော့ အားလုံးအံ့သြသွားကြရသည်။
"လွန်ခဲ့တဲ့ လေးနှစ်ဆိုတော့ သူတို့စပြီးလက်ထပ်တဲ့နှစ်မဟုတ်ဘူးလား?"
"ကျောက်ချင်းစုန့်က တကယ်ပဲ သားကြောဖြတ်လိုက်တာလား? ရက်စက်လိုက်တဲ့လူပဲ။"
"သူ့မှာ ကလေးနှစ်ယောက်ရှိလို့ ရက်စက်ရမယ်လေ။"
အချို့လူများက သူ့ကိုနားလည်သည်။
"ပေါင်ကျူးက ကလေးရသွားရင် ဟိုင်ယန်းနဲ့ ဟိုင်ယန်ကို ချစ်တော့မှာမဟုတ်ဘူးလေ။"
"မပြောနိုင်ဘူး ဒါပေမဲ့ သူက ဖခင်ကောင်းတစ်ယောက်ပဲ ဟိုင်ယန်းနဲ့ ဟိုင်ယန်အတွက် စိတ်ပူပေးတာလေ။"
"ဘယ်လိုတောင် ရက်စက်တဲ့ယောက်ျားနဲ့ ဘယ်လိုတောင် ရက်စက်တဲ့အဖေလဲ။ သူ ကလေးမလိုချင်ရင် သူတို့ဆွေးနွေးလို့ရတယ်လေ။ ဒါပေမဲ့ လက်ထပ်ပြီးတာနဲ့ တ်ိုးတိုးတိတ်တ်ိတ် သားကြောဖြတ်လိုက်တယ် ပြီးတော့ လျိုပေါင်ကျူးကိုတောင် ဆေးစစ်ခိုင်းသေးတယ်။ ဒါက လူမှဟုတ်ရဲ့လား?" နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က အသိဝင်လာပြီး ပြန်ပြောလိုက်သည်။
"ဟုတ်တယ်။ လျိုပေါင်ကျူးက သူ့ကိုလက်ထပ်ထားတဲ့ အပျိုစင်လေ။ ကလေးလိုချင်တာ ဘာမှားလို့လဲ? သူဘာလို့ဒီလိုလုပ်ရတာလဲ?"
"ဘာလို့ ငါကတော့ လွန်ခဲ့တဲ့လေးနှစ်က သားကြောဖြတ်ထားပါတယ်လို့ မပြောရတာလဲ။ ပေါင်ကျုးက အရင်နှစ်တွေက ဆေးရုံကို အတော်ကြာကြာ သွားခဲ့ရတာ။ သူကတော့ ဖခင်ကောင်းလုပ်ပြီး ပေါင်ကျူးကတော့ ကလေးမယူရဘူးတဲ့လား? တကယ်ကို တစ်ကိုယ်ကောင်းဆန်တဲ့သူပဲ!
အားလုံးက တစ်ညီတည်းပြောနေကြပြီး သူ့ကို "အကြင်နာတရားမရှိသူ" ဟုခေါ်ဆိုနေကြပြီး ဝေဖန်နေကြသည်။ လူတိုင်းက အမြင်ကောင်းများမြင်ကြသဖြင့် ချင်းရှန်းက စိတ်ကျေနပ်မိသည်။
သူမသာလျှင် လျိုပေါင်ကျူးကဲ့သို့ ဂရုတစိုက်နှင့် အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့လျှင် သူမဘဝတစ်လျှောက်လုံးကို ထိုညှိုးနွမ်းနေသောအပင်နှင့် နေထိုင်ခဲ့ရန် မလိုအပ်ပေ။
ထိုအခိုက်အတန့်တွင် သူမ လျိုပေါင်ကျူးကို လေးစားအားကျမိသည်။
"ယခု လျိုပေါင်ကျူးက အရှုံးမပေးဘဲ ကွာရှင်းခွင့်တင်လိုက်တယ်။ အခုပဲ နိုင်ငံရေးအကြံပေးလျိုက ရန်ပွဲရပ်ဖို့ ကြိုးစားနေရတယ်။"
အားလုံးက ဒါကိုကြည့်လိုက်ပြီး ဘာလို့ နိုင်ငံရေးအကြံပေးလျို၏ မရီးဖြစ်သူ လီယွိဟွာကို မမြင်ရခြင်းကို နားလည်သွားသည်။ သူမက ဒီကိစ္စကို တားဆီးရန်သွားပုံရသည်။ လျိုပေါင်ကျူးက တကယ်ပဲကွာရှင်းမည်လား ပြဿနာရှာခြင်းသာလား ဆိုသည်ကိုတော့ ချင်းရှန်းမသိပေ။ ဘာပဲဖြစ်ဖြစ် အမျိုးသား သားကြောဖြတ်ခြင်းက ပြန်လုပ်၍ ရသည်။ ကျောက်ချင်းစုန့် ကတိပေးလိုက်ပြန်လျှင် သူမ ခွင့်လွှတ်လိုက်မည်လား?
ဒါပေမဲ့ ဒါက သူမ အလုပ်မဟုတ်သည့်အတွက် မေးခွန်းများမေးရန် ချင်းရှန်း အလွန်ပျင်းနေသည်။
ယခုအချိန်တွင် သူမလက်ထဲမှ သို့သို့က မျက်လုံးကိုပွတ်ကာ အိပ်ချင်လာသည့်အတွက် သူမကို သိပ်ရန် အိမ်သို့အမြန်ပြန်လိုက်သည်။
ချင်းရှန်းက သူမအဘွားထံတွင် သို့သို့ကိုထားခဲ့ပြီး ဆေးခန်းပြန်ရန် လုပ်လိုက်သည်။ သူမ ဒီကိုမရောက်သည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်၍ လုပ်စရာရှိမရှိမသိပေ။ သူမ တံခါးဝသို့ရောက်သည်နှင့် အလန့်တကြားအော်သံကြားလိုက်ရသည်။"ဒေါက်တာချင်း မြန်မြန်လာပါ!"
ချင်းရှန်းက ခဏရပ်လိုက်ပြီးနောက် ကျန်းယွဲ့ဟုန်၏ အသံဖြစ်သည်ကို မှတ်မိသွားကာ အမြန်သွားလိုက်သည်။
"ဘာဖြစ်လို့လဲ အစ်မယွဲ့ဟုန်?"
ကျန်းယွဲ့ဟုန်က ငွေရှာတွေ့ထားသကဲ့သို့ ဖြစ်နေသည်။
"လာကြည့်ပါဦး ဒါက နွယ်ချိုပင်မလား?"
သူမလက်ထဲမှ အပင်သည် ရိုးတံရှည်ရှည်၊ အစိမ်းရောင်သစ်ရွက်များနှင့် ခရမ်းရောင် အစုလိုက်ပွင့်နေသော ပန်းပွင့်များရှိသည်။ နွယ်ချိုမဟုတ်လျှင် ဘာဖြစ်နိုင်မှာလဲ?
"ဒါပေမဲ့ ကြည့်လိုက် အမြစ်တွေက အရမ်းရှည်တယ်!"
ကျန်းယွဲ့ဟုန်က ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။ သူမက ပါမောက္ခကျုံး သင်ပေးထားသော စိုက်ပျိုးရေးအသိပညာများကို အမြဲသတိရနေသည်။ နွယ်ချိုပင်၏ ဆေးဖက်ဝင်သောအပိုင်းမှာ သစ်မြစ်ဖြစ်ပြီး သစ်မြစ်က အချိန်တစ်ခုကြာလျှင် ယူနိုင်သည်။ ယခု သူမတူးဆွလိုက်သောအခါ မတော်တဆ နွယ်ချိုပင်ကိုတူးမိပြီး နီညိုရောင်အမြစ်များကို မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများတောက်ပသွားသည်။
"ပါမောက္ခကျုံး ပြောတာတော့ နွယ်လိမ္မော်ပင်က စိုက်ပျိုးပြီး သုံးနှစ်အကြာမှ ရိတ်သိမ်းလို့ရတာတဲ့။ ဒါပေမဲ့ ဒီတစ်ခါ နွယ်လ်ိမ္မော်ပင်မျိုးစေ့တွေက သူပြန်တိုးတက်အောင်လုပ်ပြီး သူစိုက်ထားတာတွေလေ။ နှစ်နှစ်ကြာရင် ရိတ်သိမ်းလို့ရပြီ။ ကျွန်မတို့ အဲ့ဒီအချိန်က မယုံခဲ့ဘူး။ ကြည့်လိုက်စမ်းပါ ဒေါက်တာချင်း ပင်စည်က အနီရောင်ဖြစ်နေပြီး လက်မလောက်ထူနေပြီ။"
ချင်းရှန်းက တစ်ခုယူ၍ကြည့်လိုက်တော့ ဒါက အမှန်ဖြစ်သည်။
သူမ အခွံခွာကြည့်၍ တစ်ကိုက်ကိုက်လိုက်သည်။ ထောင့်ဖြတ်တွင် အူတိုင်ရှိပြီး အချင်းက နှစ်စင်တီမီတာလောက်ရှိသည်။ အဓိကအချက်က ရှည်နေသေးခြင်းဖြစ်သည်။ မညှပ်ထားလျှင် ငါးဆယ်စင်တီမီတာလောက် ရှိနေလိမ့်မည်။ စားကြည့်လိုက်ရာ မွှေးပြီးအနည်းငယ်ချိုသည့်အတွက် ခူးလို့ရပြီဆိုသောသဘောဖြစ်သည်။
သူမက ယခင်ကတော့ နောက်နှစ်တွင် နွယ်လိမ္မော်အချ်ို့ ခူးယူရန်တွေးထားပြီး အများစုက နောက်ထပ်တစ်နှစ်နွေရာသီကို စောင့်ရဦးမည်ဟု ထင်ထားသည်။ ပုံမှန်ဆိုလျှင် သူမက ဆေးဖော်ချိန်တွင်သုံးရန်သာ အမြစ်အနည်းငယ်တူးသည့်အတွက် ဒါက ရိုးရိုးနွယ်လိမ္မော်မဟုတ်ဘဲ နွယ်လိမ္မော်ပင်များထဲတွင် အားသန်သည့်အပင်ဟု မည်သူက ထင်ထားမှာလဲ?
ချင်းရှန်း ကိုယ်တိုင်လုပ်စရာမလိုဘဲ ကျန်းယွဲ့ဟုန် အကြိမ်အနည်းငယ် တူးဆွလိုက်သောအခါ နွယ်လိမ္မော်ပင်၏ အမြစ်မှစ၍ ကျွတ်ပါလာသည်။ အမြစ်ပုံစံကထူထဲပြီး ဖွံ့ဖြိုးနေသော်လည်း အချို့သော ရေသောက်မြစ်များမှာ အချင်းငါးဆယ်စင်တီမီတာရှိကာ အလွန်အားရစရာဖြစ်သည်။ သူမက စိတ်လှုပ်ရှားစွာ လက်ခုပ်တီး၍ ပြောလိုက်သည်။ "ကျွန်မတို့ အလုပ်ရှုပ်ရတော့မယ်။"
ပါမောက္ခကျုံး ရွေးထားသောမြေက နွယ်လိမ္မော်စိုက်ရန် တကယ်သင့်တော်သည်ဟု သူမ မထင်ထားပေ။ ပါမောက္ခကျုံး ယခင်လ လာကြည့်စဉ်က နောက်ပိုင်းအလုပ်ရှုပ်တော့မည်ဟုပြောသွားသည်မှာ အံ့သြစရာ မရှိတော့ပေ။ ထိုလူကြီးက စောစောခူးရမည့်အကြောင်းကို သိထားပုံရသည်။
တစ်နာရီအကြာ ဆေးခန်းတွင်။
"ဘယ်လို? နွယ်လိမ္မော်တွေက ခူးလို့ရပြီတဲ့လား? သူတ်ို့က ကြီးထွားဖို့အတွက် အချိန် သုံးနှစ်လေးနှစ် လိုတယ်မလား?" ဒါရိုက်တာချန်က ရေနွေကြမ်း မှုတ်ထုတ်တော့မိမလိုဖြစ်သွားသည်။
"ဟုတ်တယ်။" သူမက ပါမောက္ခကျုံး အဆင့်မြှင့်စိုက်ပျိုးထားသော မျိုးစေ့များနှင့် မြေဆီလွှာ အကြိမ်ကြိမ် စမ်းသပ်ထားမှုအကြောင်း ပြောပြလိုက်သည်။
ခဏအကြာမှာတော့ သူတို့က သန်မာသည့် နွယ်လိမ္မော်အပင်များစိုက်ပျိုးထားမိကြောင်း ဒါရိုက်တာချန် လက်ခံသွားပြီး တုံ့ဆိုင်းစွာ ပြောလိုက်သည်။
"မအံ့သြတော့ပါဘူး။ အဲ့အချိန်တုန်းက ပါမောက္ခကျုံးကို လယ်သမားအိုကြီးနဲ့ တူတယ်လို့ပြောခဲ့ကြပြီး သူက ဆေးဘက်နယ်ပယ်က်ို စားဝတ်နေရေးအတွက်ပြောင်းလာတယ်ဆိုတာ မအံ့သြတော့ပါဘူး။"
"ဒါကို နည်းပညာနဲ့ သ်ိပ္ပံနည်းစနစ်အရ ကုန်ပစ္စည်းကိုအဆင့်မြှင့်တယ်လို့ ခေါ်တယ်။ ပါမောက္ခကျန်းနဲ့ ဒါရိုက်တာလုံကို ကျေးဇူးတင်ရမယ်။"
ချင်းရှန်း ခေါင်းငြိမ့်လိုက်သည်။ ကျုံးဝေ့မင်က အလွန်အံ့သြစရာကောင်းသူဟု သူမ မထင်ထားပေ။ လောင်ဝမ် သူမကို မိတ်ဆက်ပေးသူက သာမန်ပါမောက္ခ ကျွမ်းကျင်သူမဟုတ်ဘဲ အလွန်တော်သူဖြစ်သည်။
"ကျွန်မ တတ်နိုင်သလောက်မြန်မြန် အသီးတွေခူးချင်တယ်။ နယ်မြေ အရမ်းကျယ်တာမလို့ နွေနဲ့ဆောင်းဦးမတိုင်ခင်ထိ သူတို့ကိုထိန်းသိမ်းဖို့ အလုပ်ရှုပ်မှာပဲ။ရောင်းပြီးရင် ရတဲ့ငွေတွေကို အသင်းအတွက် ရန်ပုံငွေထည့်ရမယ်။" ရန်ပုံငွေရလျှင် ချေးငွေများပြန်ဆပ်နိုင်ပြီး အားလုံးအတွက် အကျိုးရှိမည်။
"ဟုတ်ပြီ။ မင်း စီစဉ်လိုက်ပါ။ ငါတို့ မင်းစကားနားထောင်ပါ့မယ်။"
ချင်းရှန်းက သူပြောသောစကားကြောင့် ရှက်သွားရသည်။ "ဘယ်လိုဖြစ်နိုင်မှာလဲ? ဒါရိုက်တာချန်က ကျွန်မတို့ခေါင်းဆောင်လေ ကျွန်မတို့က နောက်ကလူတွေပါ။"
"အိုး အခြားသူတွေက အချောင်ခိုနိုင်ပေမဲ့ မင်းကတော့မဟုတ်ဘူးဆိုတာ ငါသိပါတယ်။"
လောင်ချန်က ရယ်မော၍ စကားပြောလိုက်သည်။
"မင်း အလုပ်ရှုပ်နေနိုင်ပါတယ် ဒါပေမဲ့ မင်းကိုယ်မင်း ဂရုစိုက်ရမယ်။ ငါလုပ်နိုင်တာရှိရင် ငါ့ကိုပြောပါ။ ဘယ်သူက ခေါင်းဆောင် ဘယ်သူက လက်ထောက်ဆိုပြီး တွယ်ကပ်နေစရာ မလိုပါဘူး။ တော်လှန်ရေးဖြစ်စေတဲ့ ကြီးစဉ်ငယ်လိုက်ဝါဒတွေ မလိုပါဘူး။"
နေ့လယ်ခင်းတွင် သူမပြောချင် လုပ်ချင်သည့်အရာများက်ို မှတ်စုစာအုပ်တွင် ချင်းရှန်း ချမှတ်နေသည်။ စျေးနှုန်း၊ အရေအတွက်၊ ထုတ်လုပ်သည့်လမ်းစဉ်၊ လက်ခံသည့်အချိန်၊ ငွေပေးချေမှု စသည်တို့ဖြစ်သည်။ သူမဖုန်းပြောနေချိန် တစ်ခုခု မေ့ကျန်ခဲ့မည်စိုးသောကြောင့်ဖြစ်သည်။ သူမ၏ အရင်ဘဝတွင် အိမ်ထဲပိတ်မိနေကာ အပြင်ဘက်နှင့် အဆက်အသွယ် သိပ်မရှ်ိသည့်အတွက် ဒီလို တွေ့ဆုံပွဲမျိုးဆိုရင် အနည်းငယ်စိတ်လှုပ်ရှားသည်။
သူမ လက်ထောက်ဒါရိုက်တာ ဖြစ်လာပြီးချ်ိန်ကပဲ လောင်ချန်က မကြာခဏ စီးပွားရေးခရီးများ ထွက်ရသည့်အတွက် အသင်းမှ တစ်ခုတည်းသော တယ်လီဖုန်းက သူမရုံးခန်းထဲ ရောက်လာသည့်အတွက် သူမကို အပြင်လောကနှင့် အဆက်အသွယ်ရှိစေရန် သင့်လျော်သည်။
"မင်္ဂလာပါ ရဲဘော်၊ ဒါက ရှီးလန်ခရိုင် တရုတ်တိုင်းရေးဆေး လုပ်ငန်းကလား?"
"ကျေးဇူးပြုပြီး ဒါရိုက်တာ လုံဝမ်ကို ရှာတာပါ။"
စိတ်ရှုပ်စွာပဲ ရေတစ်ငုံသောက်လိုက်ပြီး နောက်ထပ်စကားအကြောင်းအရာကို ချင်းရှန်းကြည့်လိုက်သည်။ မကြာခင်မှာပဲ အသံနက်နက်တစ်ခု ထွက်ပေါ်လာသည်။
"မင်္ဂလာပါ ကျွန်တော်က လုံဝမ်ပါ။"
"မင်္ဂလာပါ ဒါရိုက်တာလုံ။ ကျွန်မက ချင်းရှန်းပါ။"
လုံဝမ်က မြန်မြန်ဖြေလိုက်သည်။ "မင်္ဂလာပါ ဒေါက်တာချင်း။ ကျွန်တော် လူချင်းတွေ့ပြီး ကျေးဇူးတင်သင့်ပေမဲ့ အလုပ်ရှုပ်နေလို့ပါ။ မင်းရော ဘယ်လိုလဲ?"
သူက ယဉ်ကျေးစွာပြောနေသည့်အတွက် ချင်းရှန်း၏ စိတ်ဖိစီးမှုများ ပျောက်သွားရသည်။ "ကောင်းပါတယ်။ ရှင့်သမီး ကျန်းမာရေးကရော ဘယ်လိုလဲ?"
တကယ်တော့ လုံကျောက်ကျောက်က မြန်မြန်ပြန်ကောင်းသွားခဲ့သည်။ ရက်အနည်းငယ်အတွင်း သူမ၏ ဗိုက်ကကျုံ့သွားပြီး နူးညံ့ပြားချပ်သွားသည်။ ပျို့အန်မူးဝေခြင်းကတော့ တစ်နှစ်ကျော်အထိ ကုသမရပေ။တကယ်တော့ ချင်းရှန်း၏ ရောဂါဆန်းစစ်မှုအရ ကျောင်းအုပ်ဆရာကြီးက တွေ့ဆုံပွဲခေါ်၍ သူမ ကိုယ်ဝန်ရှိခြင်းမဟုတ်ဘဲ ဖျားနာခြင်းဖြစ်ကြောင်း ထုတ်ပြောခဲ့သည်။ ပုံမှန်အတိုင်းပဲ သူမ အတန်းထဲသို့လာနေကာ အကျိုးဆက်ပြောင်းလဲမှု ဘယ်တစ်ခုမှ မတွေ့ရသည့်အတွက် သူတို့က ယုံကြည်ခဲ့ကြသည်။စကားများက တစ်ယောက်မှ ဆယ်ယောက် ထိုမှ အယောက်တစ်ရာ တစ်ထောင်ပျံ့နှံ့သွားကာ သူမ ကိုယ်ဝန်ရှိမနေသည်ကို အားလုံးသိသွားကြသည်။ မိန်းကလေး၏ ဂုဏ်သိက္ခါကို အချိန်မီအဖတ်ဆယ်နိုင်ခဲ့ပြီး ယခု သူမက ပျော်ရွှင်သောမိန်းကလေး ဖြစ်နေသည်။
လုံဝမ်က ချင်းရှန်းအား အလွန်ကျေးဇူးတင်သဖြင့် ဆေးခန်းတွင် ဆေးလိုအပ်မှုများရှိလျှင် အချိန်မရွေး သူ့ကိုပြောရန်နှင့် အဆက်အသွယ်ရှိသလောက် ကူညီမည်ဟု ပြောခဲ့သည်။ဒါပေမဲ့ လောင်ချန်က ဒီကျေးဇူးတရားကိုသုံး၍ တစ်ခါမှ ဆေးကိစ္စနှင့် သူ့ကိုအကူအညီမတောင်းခဲ့ပေ။
သူ့ကို ပြဿနာမပေးသည်သာမက အကူအညီလေးများလည်း တစ်ခုပြီးတစ်ခု ကူညီပေးခဲ့သည်။
အမှန်မှာတော့ ချင်းရှန်းက လုံကျောက်ကျောက်၏ ရောဂါကို ကုသပေးနိုင်ခဲ့သောကြောင့် လုံမိသားစုက သူမ၏ ဆေးပညာအစွမ်းကို ယုံကြည်သည်။ သူတ်ို့က ခေါင်းကိုက်ဖျားနာလျှင် ချင်းရှန်းကိုပြောပြီး သူမက ဘယ်ဆေးသောက်ရမည် ဘယ်လိုပြန်ကောင်းအောင် လုပ်ရမည်ကို ပြောပြသည်။ ချင်းရှန်းက စိတ်ထားကောင်းသောဆရာဝန်ဖြစ်သည်။ သူတို့ကို မငြင်းပယ်သည်သာမက ဖြည်းဖြည်းချင်း အိပ်နိုင်စားနိုင်ရန် ကြိုးစားပေးသည်။ အပြည့်အဝ ပြန်ကောင်းရန်မဖြစ်နိုင်ပေမဲ့ အနည်းဆုံးတော့ ဆေးရုံကြီးများပြောသော အသက်ရှင်နိုင်မည့်ကာလထက် ပိုရှည်ကြာအောင်လုပ်ပေးထားသည်။
ယဉ်ကျေးစွာ ပြောဆို၍ ခဏအကြာမှာတော့ ချင်းရှန်းက ကွယ်ဝိုက်မနေတော့ဘဲ ပြောလိုက်သည်။ "တကယ်တော့ ကျွန်မ ဒီနေ့ခေါ်ရတာက ခေါင်းဆောင်လုံနဲ့ တ်ိုင်ပင်ချင်တာရှိလိုပါ။"
မေးမြန်းခြင်းအစား တိုင်ပင်လိုခြင်းနှင့် အစပြုလိုက်သည်။ သူတို့က စိတ်မပါလျှင် မသိသလိုနေလိုက်၍ရသည်။
ချင်းရှန်းက ဆေးခန်း၏ နွယ်လိမ္မော်ရောင်းချမည့်အကြောင်းကို အကျဉ်းချုံး ရှင်းပြလိုက်ပြီး ဆေးခန်း၏ လက်ရှိအခြေအနေကို ပွင့်လင်းစွာရှင်းပြပြီး အပြင်ဘက်လောက၏ အကူအညီရရန် မျှော်လင့်နေသည်။ လောင်ချန်ကဲ့သို့ သန်မာသူက အပြင်ထွက်လျှင် ခြိုးခြံချွေတာတတ်သူ ဖြစ်ပြီး သူမက သူမအတွက် ကမ်းလှမ်းချက်ကို ဆေးခန်းအတွက်သုံးလျှင် သူတောင်းစားဖြစ်ရန်ပင် ဆန္ဒရှိသည်။
လောင်ဝမ်လည်း သေချာနားထောင်၍ ခေါင်းငြိမ့်နေကာ နွယ်လိမ္မော်များ ခူးယူနိုင်မည့်အချိန်၊ အရှည်၊ အထူ၊ အရေအတွက် တို့ကိုမေးလိုက်သည်။ သူက အရာအားလုံးကို အထူးဂရုစိုက်သည်။
"စကားမစပ် ဒေါက်တာချင်းက နွယ်လိမ္မော်တွေက အရင်တစ်နှစ် နွေမှာစိုက်ခဲ့တယ်ပြောတာလား?"
"ဟုတ်တယ်။ ဒါပေမဲ့ ဒါက စျေးကွက်ထဲက ပုံမှန်မျိူးစိတ်တွေနဲ့မတူဘူး။ မှည့်တဲ့အချိန်ကာလတိုပေမဲ့ အရည်အသွေး ကျဆင်းမသွားဘူး။ အချိန်ရရင် ကိုယ်တိုင်လာကြည့်ပါလား?"
ချင်းရှန်း၏ ပျူငှာမှုက အနည်းငယ် ကျော်လွန်နေသည်။ "ရှင် လိုချင်ရင် ဒါမှမဟုတ် ဝယ်သူရှာတွေ့ရင် ကျွန်မတို့ ပေါက်စျေးထက် ဆယ်ရာခိုင်နှုန်းလျှော့ပြီး ရှင့်ကိုရောင်းပေးမယ်။"
သူသာ ဆန္ဒရှိလျှင် ဆယ်ရာခိုင်နှုန်း ခြားနားချက်က ဝယ်သူ ဒါမှမဟုတ်ကြားလယ်မှ လူတစ်ယောက်အနေနှင့် သူရနိုင်သောငွေဖြစ်သည်။
ဒါပေမဲ့ လောင်ဝမ်က ဘယ်သူလဲ? ဆေးရုံများ၏ ဆေးများအားလုံးအဝင်က သူ့လက်ထဲတွင်ဖြစ်သည်။ နွယ်လိမ္မော်ရောင်းချခြင်းမှ ရသောအမြတ်အနည်းငယ်ကို သူ မမက်မောပေ။ ပို၍ အရေးကြီးသည်က ဒေါက်တာချင်းက သူ့သမီး၏ ဘဝကိုကယ်တင်ခဲ့ပြီး နှစ်နှစ်ကြာသည်အထိ တောင်းဆိုမှုမလုပ်ဘဲ ဆက်သွယ်လာသည်။တစ်ခုတည်းသော တောင်းဆိုမှုက အစိုးရလုပ်ငန်းကိစ္စအတွက်ဖြစ်သည်။ ဘယ်လိုဖြစ်ဖြစ် သူကျေးဇူးဆပ်ရမည်။
"ကောင်းပြီ။ ကျွန်တော် သန်ဘက်ခါ တစ်ယောက်ယောက်ကို ကွင်းဆင်းလေ့လာဖို့ လွှတ်ပေးလိုက်မယ်။"
ဒီကိစ္စပြီးသွားသည့်အတွက် ချင်းရှန်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။