Chapter 76
Vol. 7 Ch. 76
သုံးရက်နေ့တွင် လာမည်ဟုပြောထားသော်လည်း အလုပ်ဝတ်စုံဝတ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က နှစ်ရက်နေ့ညနေခင်းတွင် လန်ဟဲမြို့သို့ ဝင်လာသည်။
နှစ်ဖက် အချင်းချင်းမိတ်ဆက်ပြီးနောက် ချင်းရှန်းက ထိုလူများကို ဆေးစ်ိုက်ခင်းဘက်သို့ ခေါ်သွားခဲ့သည်။
သူမ ဘာကိုမှ လုပ်စရာမလိုလိုက်ဘဲ လောင်ချန်နှင့် ကျန်းယွဲ့ဟုန်တို့က ဘယ်တစ်ခုက နွယ်လိမ္မော်ပင်ဖြစ်သည်၊ ဘယ်တစ်ခုက wolfberry၊ ဘယ်တစ်ခုက astragalus၊ ဘယ်တစ်ခုက codonopsis ဖြစ်သည်ကို မြန်မြန်ရှင်းပြလိုက်သည်။
လာရောက်လည်ပတ်သူများက သူတို့မျက်စိရှေ့မှ အစိမ်းရောင်နှင့် ခရမ်းရောင် အဆုံးမရှိသောစိုက်ခင်းကြီးကို မြင်ရသကဲ့သို့ အံ့သြစွာကြည့်နေမိသည်။
"ဒေါက်တာချင်း ဒါတွေက တကယ်ကိုပဲ အရင်နှစ်နွေရာသီမှာ စိုက်ခဲ့တာတွေလား။" လာသောသူများထဲမှ အမျိုးသားတစ်ယောက်မှာ ဆေးပညာကျွမ်းကျင်သည့် ဓာတ်ခွဲခန်းမှူးတစ်ယောက်ဖြစ်ပြီး အမျိုးသမီးဖြစ်သူကတော့ ပစ္စည်းဝယ်သည့်ဌာနမှ ခေါင်းဆောင်ဖြစ်သည်။ ဘယ်လိုဖြစ်ဖြစ် ဒါက နိုင်ငံတစ်ဝှမ်း ဖြန့်ကျက်ထားသော စီးပွားရေးလုပ်ငန်းကြီးဖြစ်ပြီး နိုင်ငံခြားအထိ ပျံ့နှံနေသည်။ လုပ်သားများကို ခွဲခြားထားသည်မှာလည်း ရှင်းလင်းပြီး လူတိိုင်းတွင် ကိုယ်ပိုင်တာဝန်များရှိသည်။
ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်၏ စကားများမှာ အကျိုးသက်ရောက်မှုရှိသည်ကို ချင်းရှန်းမြင်သည်။ ဒါကြောင့် သူမ အဓိကအကြောင်းအရာများကို ရှင်းပြလိုက်ပြီးနောက် နှစ်ခုကိုတူးပြလိုက်သည်။
ဓာတ်ခွဲခန်းမှုးလည်း ယူလိုက်၍ နမ်းကြည့်သလို အရသာခံကြည့်ပြီး စစ်ဆေးသည့်စက်များထဲသို့ထည့်ကာ စစ်ဆေးကြည့်နေသေးသည်။
ချင်းရှန်းလည်း ဘာမှနားမလည်ပေ။ သူမက အခြေအနေ တစ်ခုလုံးကို စောင့်ကြည့်ရန်သာ တာဝန်ရှိသည်။ လောင်ချန်နှင့် ကျန်းယွဲ့ဟုန် မဖြေနိုင်သော မေးခွန်းများကိုသာ သူမ ဖြေပေးသည်။ ကျန်သည့်အရာများမှာတော့ ဝတ်တရားအရလုပ်ခြင်းသာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဒါက အဖွဲ့အစည်းတစ်ခုလုံးအတွက် ကိစ္စကြီးတစ်ခုဖြစ်သည်။ ဆေးခန်းမှလူအားလုံးက ယခင်ကထက် စည်းလုံးနေကြသည်။ သူတို့က မနက်ကတည်းက ဆေးခန်း၏ အတွင်းအပြင် အားလုံးကို သန့်ရှင်းရေးလုပ်ကြပြီး နေ့လယ်ခင်း ပူအိုက်သောနေရောင်အောက်တွင် စိုက်ခင်းထဲ၌ အလုပ်လုပ်ကြရသည်။
လမ်းပေါ်တွင် အမှိုက်သရိုက် အညစ်အကြေးများရှိလျှင် သူတို့က ဖယ်ရှားကြသည်။
နောက်ထပ်သုံးရက်လောက်အထိ လောင်ချန်နှင့် ချင်းရှန်းက အစားအသောက်ကောင်းများနှင့် ဝိုင်ပုလင်းများကို စားသောက်ဆိုင်မှနေ၍ သူတို့အတွက် မှာပေးထားသည်။ သူတို့က စက်ရုံသို့အရင် သတင်းပို့ထားပြီး အဖွဲ့အစည်းက အစားအသောက်စရိတ် ပေးနေသေးသ၍ အဆင်ပြေသည်။ ချက်ပြုတ်ထားသော ဟင်းပွဲအားလုံးမှာ စားဖိုမှူး၏ အထူးဟင်းလျာများဖြစ်သည်။
အစပိုင်းတွင် လောင်ချန်က တရုတ်နှစ်သစ်ကူးတွင်ပင် မသောက်ခဲ့ရသော ချီဖန်ဝိုင်ပုလင်းက််ို ယူလာခဲ့သည်။ မလုံလောက်မည်ကို စိတ်ပူသဖြင့် အားကော်ထို နှစ်ကီလိုယူလာခဲ့ကာ သူမလဲလျှင်လည်း အခြားသူများလဲမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ ဘယ်လိုဖြစ်ဖြစ် ဆေးဝယ်ရန် အပြင်ထွက်သည်မှာ ပုံမှန်သာဖြစ်ပြီး လူအများကလည်း ဝိုင်ကောင်းကောင်းသောက်ချင်ကြသည်။
မထင်မှတ်ထားလောက်အောင်ပဲ ညစာစားပွဲသို့ သူတို့ရောက်သွားချိန်တွင် အဖွဲ့ခေါင်းဆောင်က လက်ဆန့်ပြီးပြောလိုက်သည်။
"သောက်စရာ မလိုပါဘူး။ ဒေါက်တာချင်းက သူ့ကျေးဇူးရှင်လို့ မန်နေဂျာလုံ ပြောထားပါတယ်။ နေ့လယ်ခင်း အရေးကြီးကိစ္စသာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ မန်နေဂျာက ခင်ဗျားတို့ကို တိုက်မယ့်အလှည့်ပါ။"
အရင်နှစ်ကုန်ပိုင်းတွင် လုံဝမ်က အရောင်းမန်နေဂျာအဖြစ် ရာထူးတိုးသွားခဲ့ပြီဖြစ်သည်။
လောင်ချန်လည်း သူပေးသောအကြံအတိိုင်း ဝိုင်ကို မြန်မြန်အဝေးသို့ပို့လိုက်သည်။
"တကယ်တော့ မန်နေဂျာလုံက ဒီကို လူကိုယ်တိုင်လာမယ် ဆိုပေမဲ့ စက်ရုံမှာ အလုပ်တွေ အရမ်းရှုပ်နေတာမလို့ ကျှန်တော်တို့ကိုပဲ ဒေါက်တာချင်းနဲ့ လာတွေ့ခိုင်းတာပါ။ သူသာ အချိန်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဒီကိုရောက်လာမှာမဟုတ်ဘူး။"
သူတို့ပြောနေပုံအရဆိုလျှင် မသိသူများက ချင်းရှန်းနှင့် လုံဝမ်သည် အလွန်ရင်းနှီးသည်ဟုထင်မိကြမည်ပင်။
အစားအသောက်များ စားပြီးနောက် ဓာတ်ခွဲခန်းမှူးက ပြောလိုက်သည်။ "ကျွန်တော်တို့ ဒီကိုမလာခင်က အခြေအနေ ကြမ်းတယ်လို့ကြားခဲ့ပေမဲ့ ဒီလောက်ထိလို့တော့ မထင်ခဲ့ဘူး။ ဒါရိုက်တာချန်က ဒါကိုနှစ်အတော်ကြာ တောင့်ခံနိုင်ခဲ့တာပဲ။ ကျွန်တော် ယောက်ျားတစ်ယောက်အနေနဲ့ တကယ်လေးစားမိပါတယ်။"
ချင်းရှန်းက ဆက်ပြောလိုက်သည်။ "ကျွန်မတို့ရဲ့ ဒါရိုက်တာချန်က လန်ဟဲမြို့ကို နှစ်အတော်ကြာ ကာကွယ်ထားတာတင်မက တပ်မတော်အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်သေးတယ်။ သူက စစ်ပွဲပြီးတဲ့နောက်မှာ လာပြီးတွင်းတူးနိုင်တဲ့ ပထမဆုံးသောစစ်သားပဲ။ ကျွန်မတို့ အခုစားနေတဲ့ ခေါက်ဆွဲနဲ့ အခု ဂျုံစိုက်ထားတဲ့မြေတွေက သူတူးထားတာလေ။ ကျွန်မတို့ အမဲသား ဆိတ်သားတွေစားတာနဲ့ နွားနို့ ဆိတ်နို့တွေသောက်တာနဲ့ စားကျက်မြေတွေကလည်း သူလုပ်ပေးထားတာတွေပါ။"
ထိုလူနှစ်ယောက်က ချက်ချင်း မတ်တတ်ရပ်၍ အလေးပြုလိုက်သည်။
ဓာတ်ခွဲခန်းမှူးနှင့် ခေါင်းဆောင်တို့နှစ်ဦးက စစ်မှုထမ်းဟောင်းများဖြစ်ပြီး အခြားသူများထက် ထူးခြားသော ဆက်ဆံရေးရှိသည်။ မကြာခင်မှာပဲ ချင်းရှန်း ဘာမှစကားမစရသေးခင် သူတို့အချင်းချင်း ညီအစ်ကိုဟုခေါ်ကာ တပ်ထဲမှအကြောင်းများပြန်ပြောနေကြသည်။
လောင်ချင်းက စိတ်မာပုံပေါ်ပေမဲ့ အတွင်းစိတ်က နူးညံ့သည်။ သူက တစ်ချိန်တုန်းက ကြော်ကြားခဲ့သောစစ်သားတစ်ယောက်ဟု လူဘယ်နှစ်ယောက်သိမှာလဲ။ဆေးခန်းမှ သူ၏ လုပ်ဖော်ကိုင်ဖက်များပင် မေ့နေကြပြီဖြစ်သည်။ အားလုံး၏စိတ်ထဲတွင် လောင်ချန်သည် လုပ်နိုင်ရည်ကျဆင်းလာပြီဖြစ်သော လူအိုကြီးတစ်ယောက်ဖြစ်ပြီး ဘဝတစ်လျှောက်လုံး ခေါင်းဆောင်ရာထူးဖြင့်သာ နေရမည်ဖြစ်သည်။
ဒါပေမဲ့ ချင်းရှန်းကတော့ မတူညီပေ။ ဒီလူက သူ့ကိုတကယ်ပဲ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ လေးစားနေသည်ကိုသူခံစားမိသည်။
ဒီစားသောက်ပွဲကြောင့် အရာအားလုံး အဆင်ပြေသွားသည်။ နောက်တစ်နေ့မနက်တွင် တာဝန်ညွှန်ကြားရန် မန်နေဂျာက လက်ထောက်ဒါရိုက်တာကို ခေါ်သည်။ စျေးနှုန်းညှိနှိုင်းပြီးနောက်တွင် သူက ဆေးခန်းကို အံ့သြစရာပေးခဲ့သည်။သူတို့က နွယ်လိမ္မာ်ပင်များကို ဝယ်ရန်ပြောသည်သာမက အခြားသော စျေးသင့်သည့်ဆေးပစ္စည်းများ ရိတ်သိမ်းပြီးချိန်တွင် ယူမည်ဟုလည်း ပြောခဲ့သေးသည်။
"ပြောရမယ်ဆိုရင် ကျွန်တော်တို့စိုက်ထားသမျှကို သူတို့ယူသွားမယ်ဆိုတဲ့သဘောလား။" လောင်ဝမ်က အိပ်မက်မက်နေသကဲ့သို့ ခံစားရ၍ မျက်နှာကို ဆွဲဆိတ်လိုက်သည်။
"ဟုတ်တယ်။"
"ပြီးတော့ အဖွဲ့အစည်းကပဲ ရိတ်သိမ်းပြီး အဖွဲ့အစည်းကပဲ ငွေပေးချေမှာမလို့ ငွေချေမှုအတွက် စိတ်ပူစရာမလိုဘူးလား။"
"အင်း။"
အားလုံးက ချင်းရှန်းအနီး ဝန်းရံနေကြသည်။ "ဒါဆို နောက်လအတွက် နေ့တိုင်းပိုက်ဆံရနေမှာလား။"
ချင်းရှန်းက ပြုံး၍ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ ပြောစရာတော့ရှိသေးတယ်။ ကိစ္စဆောင်ရွက်နေချိန်အတွင်း အမှားခံလို့မရဘူး အထူးသဖြင့် ဆေးတွေနဲ့ ဆေးပစ္စည်းတွေပဲ။ တစ်ခုခု အမှားအယွင်းဖြစ်သွားရင် ရဲစခန်းကို တိုက်ရိုက်ပို့မယ်။"
"ရိတ်သိမ်းတာပဲ ဖြစ်ဖြစ်၊ အလေးချိန်ချိန်တာပဲ ဖြစ်ဖြစ်၊ ငွေထိန်းသိမ်းတာပဲဖြစ်ဖြစ် အမြဲ သတိကြီးကြီးထားရမယ်။"
အလုပ်များကို အလုပ်သမားများနှင့် လက်လွှဲထားန်ိုင်ပေမဲ့ ထိုအရာများကိုတော့ ဆေးခန်းကလူများ လုပ်ရန်လိုအပ်သည်။ ဆေးခန်းတွင် အားလုံး၏ အတွေးများကို ချင်းရှန်းသိသည်။
"ပြောရမယ်ဆ်ိုရင် ကျွန်မတို့ အလုပ်တူတူလုပ်ပြီး ဥပဒေနဲ့အညီနေမယ်ဆိုရင် အားလုံး အကျ်ိုးအမြတ်ရမယ်။တစ်ခုခု အမှားအယွင်း လုပ်ခဲ့ရင်တော့ ရဲစခန်းပို့တယ်ဆိုပြီး ကျွန်မကို အပြစ်မတင်ပါနဲ့။"
မှန်သည်။ ဒါက ရဲစခန်းဖြစ်ပြီး စက်ရုံ၏ လုံခြုံရေးဌာန မဟုတ်ပေ။ လုံခြုံရေးဌာနတွင် အားလုံးက နေ့တိုင်းမြင်နေရသောကြောင့် အချင်းချင်း ရင်းနှီးနေကြနိုင်သည်။ဒါပေမဲ့ ရဲစခန်းကတော့ မျက်နှာမလိုက်တတ်သောနေရာဖြစ်သည်။ ဝင်လိုက်သည်နှင့် ပြန်ထွက်မည့်လမ်း မရှိပေ။
အားလုံးက သတိပြုမိပြီး မြန်မြန်ပဲ "ရပါတယ်" "ကောင်းကောင်းလုပ်ပါမယ်"ဟူ၍ ကတိပေးလိုက်ကြသည်။
"နောက်တစ်ခုက အလုပ်သမားနေရာခွဲတာပဲ။"
ချင်းရှန်းက မှတ်စုစာအုပ်ကို ကိုင်ထားပြီး လူတစ်ယောက်ချင်း၏ ကျွမ်းကျင်မှူအရ လောင်ချန်ကို အမိန့်ပေးခိုင်းစေ၊ ဆက်သွယ်ရေးယာဉ်များနှင့် နယ်မြေရှင်းလင်းသည့် ဒါရိုက်တာအဖြစ်ထားလိုက်သည်။
အလွန်တိကျသော လောင်ဝမ်ကိုတော့ အလေးချိန် ချိန်သည့်နေရာတွင် အပိုအလိုမရှိစေရန် တာဝန်ပေးထားသည်။
စကားပြောပြင်းထန်ပြီး ခေါင်းမာသော ချန်းကွေ့ယင်းကိုတော့ မိသားစုနယ်မြေတွင် ငွေသွားတောင်းခိုင်းပြီး တပြားတချပ်လျော့လျှင် တာဝန်ယူရမည်ဖြစ်သည်။သူမနှင့် အဆင်မပြေသည့် သူနာပြုက ငွေထိန်းသိမ်းရသူဖြစ်သည်။ အဓိက အရာကတော့ သူတို့အချင်းချင်း ကြီးကြပ်ကွပ်ကဲကာ အထူးညွှန်ကြားချက်များလည်းရှိသည်။ အလုပ်ချိန်အတွင်း အငြင်းပွားမှုများ ဖြစ်လာလျှင် သူတို့က အဆုံးတွင် အကျိုးအမြတ်ရမည်မဟုတ်ပေ။
ကျန်သောသူများက ထူးချွန်သောကောင်းကွက်များ ဒါမှမဟုတ် ဆိုးကွက်များလည်း မရှိသည့်အတွက် ပစ္စည်းများ သိမ်းဆည်းသည့်နေရာတွင် တာဝန်ပေးလိုက်သည်။ ဆေးသုံးပစ္စည်းများက နက်ရှိုင်းစွာတူးထားရန်လိုသည်။ မဟုတ်လျှင် အမြစ်များကို ဖြတ်မိပြီး စျေးကောင်းမရတော့ပေ။ ဒါပေမဲ့ အလွန်နက်၍လည်း မရပေ။ မဟုတ်လျှင် မြေဆီလွှာထဲမှ အာဟာရဓာတ်များ ကုန်ဆုံးလာပြီး နောက်တစ်ကြိမ် စိုက်ပျိုးရန် ခက်ခဲသွားနိုင်သည်။ အချိတ်အဆက်အားလုံးကို ဂရုစိုက်နေရန် လိုအပ်သည်။
ဒါက သူမ ရုံးအလုပ်လုပ်ချိန်မှစပြီး ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး သူမကိုင်တွယ်ရသော ကိစ္စကြီးတစ်ခုဖြစ်သည်။ သူမက ရိတ်သိမ်းချိန်ကိုကြည့်ရန် သွားသင့်သော်လည်း သို့သို့က ပြန်လာပြီးချိန်ကပဲ အအေးမိနေကာ နေ့တိုင်းလိုလို အဖျားငွေ့ငွေ့ ရှိနေသည်။ သို့သို့က ပုံမှန်ဆိုလျှင် ဂျီမကျတတ်ပေမဲ့ ဖျားနေပြီးနောက် သူ့အမေ အနီးကပ်နေကာ သူ့အမေမှလွဲ၍ အခြားဘယ်သူချီသည်ကိုမှ မခံချင်ပေ။
ချင်းရှန်းက သို့သို့ကိုချီထားရင်း ခပ်ဝေးဝေးမှသာ ရိတ်သိမ်းနေသည်ကို ကြည့်နေလိုက်သည်။
အချို့သောသူများက သူမ မရှိသည်ကို အခွင့်ကောင်းယူနေမည်ကို သူမစိတ်ပူနေသည်။
အရာအားလုံး စီစဉ်ပြီးနောက်မှာတော့ ချင်းရှန်းက ပင်ပန်းနေပြီး စကားပြောရန်ပင် အင်အားမရှိတော့ပေ။အိမ်ပြန်ရောက်တော့ ခါးကိုကိုင်ကာ အိပ်ယာပေါ်သို့ လှဲချလိုက်သည်။
အချို့လူများက အလုပ်မှရောက်ရောက်ချင်း အိပ်ယာပေါ်တွင်လှဲအိပ်သည်မှာ သက်တောင့်သက်သာရှိသောကြောင့် ဆိုသည်ကို သူမနားလည်သွားပြီဖြစ်သည်။
အိပ်ယာသည် ဆောင်းရာသီတွင်နွေးပြီး နွေရာသီတွင်အေးသည်။ ဘေးစောင်းအိပ်သည်ဖြစ်စေ ပက်လက်အိပ်သည်ဖြစ်စေ သက်တောင့်သက်သာရှိသည်။ အစားအသောက်များ ပြင်ပြီးလျှင် အဘွားက ခုတင်ဘေးစားပွဲတွင် လာချပေးသဖြင့် ထစရာမလိုပေ။ ဘယ်လောက်တောင်မှ သက်တောင့်သက်သာဖြစ်လိုက်သလဲ?
"မြန်မြန်စား သမီးကိုကြည့်ရတာ ပင်ပန်းနေသလိုပဲ။ မလုပ်နိုင်တော့ဘူးဆိုရင် ခွင့်နည်းနည်းလောက်ယူလိုက်ပါ။ ပုံမှန် အလုပ်သမားလည်း မဟုတ်ဘူးလေ။ ဘယ်လိုလုပ် လက်ထောက်ဒါရိုက်တာ တစ်ယောက်က...."
"အဘွား အလုပ်ခွင်ထဲမှာ ရာထူးအနိမ့်အမြင့် ခွဲခြားမှုမရှိပါဘူး။"
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ သမီးကောင်းကျိုးအတွက်ပြောတာပါ။ မြန်မြန်စားလ်ိုက်တော့။" ချင်းကွေ့ဟွားက စားပွဲပြင်လိုက်ပြီး ပန်းကန်လုံးနှင့် တူများယူရန် မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။
"စကားမစပ် ဒီရက်ပိုင်း ပေါင်ကျူး အရမ်း ပြောင်းလဲလာတယ်နော်။ သတိထားမိရဲ့လား။"
ချင်းရှန်းက လျိုပေါင်ကျူးအကြောင်း စိတ်မဝင်စားပေ။ ဘာပဲဖြစ်ဖြစ် သူက အတိတ်ဘဝတွင် သူမထံမှ သစ္စာဖောက်ခံခဲ့ရသည်။ ပြီးနောက် သူမ၏ပုံစံက ရင်းနှီးသင့်သည့်ပုံစံ မဟုတ်ပေ။
"ပေါင်ကျူးက လောလောလတ်လတ် ဆံပင်ကောက်ထားတယ်၊ အဝတ်အစားသစ်တွေဝယ်ပြီး ဒေါက်မြင့်ဖိနပ်တွေလည်း စီးနေတယ်။ လက်မောင်းမှာလွယ်ထားတဲ့ သားရေအိတ်အသေးလေးကလည်း အတော်တန်ဖိုးကြီးတယ်လို့ ကြားမိတယ်။"
"ဒီမိန်းမ ရုတ်တရက်ကြီး ချမ်းသာသွားတာက ဘာလို့ထူးဆန်းနေတာလဲ?" ကျောက်ချင်းစုန့်က တစ်ကိုယ်ကောင်းဆန်ပြီး ကပ်စေးကုပ်သူဖြစ်သည့်အတွက် သူမကို ဘာလို့ သူ့ပိုက်ဆံတွေအများကြီးသုံးခိုင်းရတာလဲ။
မြေးသမက်ဖြစ်သူ အိမ်တွင်မရှိသည့်အတွက် မြေးအဘွားများက အိပ်ယာပေါ်တွင်သာ အစားစားခဲ့ကြသည်။ စားပွဲပေါ်သို့ အစားအသောက်များတင်လိုက်ချိန်မှာပဲ ဘေးအိမ်မှ ကျယ်လောင်စွာအော်ဟစ်သံကြားလိုက်ရသည်။
"လက်လျှော့လိုက်တော့ ငါ မင်းကို ဘယ်တော့မှ ကွာရှင်းပေးမှာမဟုတ်ဘူး။"
ဒါက သွေးအေးသော ကျောက်ချင်းစုန့်၏ အသံဖြစ်သည်။
ချင်းကွေ့ဟွားက သူမရထားသောသတင်းများကို မြေးများအား မြန်မြန်ပြောလိုက်သည်။ "ပေါင်ကျူးက အရင်နှစ်က မင်းတို့အစ်မကြီး လုပ်ခဲ့သလို ကွာရှင်းပြီးနစ်နာကြေး အနည်းဆုံးတစ်ထောင်ပေးရမယ်လို့ တောင်းဆိုထားတယ်တဲ့။"
ယွမ်တစ်ထောင်ဆိုတာက ဘာသဘောလဲ။ ကျောက်ချင်းစုန့်က ဒီလိုငွေတွေအများကြီး ဘယ်ကရမှာလဲ။ သူက ရှာသမျှငွေတွေအားလုံးကို သူ့မိဘများ၊ အစ်ကို၊ မရီးနှင့် တူဖြစ်သူတို့ကို အိမ်အသစ်ဆောက်ရန်နှင့် အဝတ်အစားသစ်များဝယ်ပေးထားသည်။ ယွမ်တစ်ထောင်က သူ့အတွက် တစ်သက်စာဖြစ်နိုင်သည်။
သည်းမခံနိုင်တော့သည့်အတွက် ချင်းရှန်းနှင့် ချင်းဖန်က ချက်ချင်းပဲ ပြတင်းပေါက်အနီး နားကပ်၍နားထောင်လိုက်သည်။ အိမ်များက အသံမလုံသည့်အတွက် တံခါးနှင့်ပြတင်းပေါက်များ ဖွင့်ထားလျှင် ဝင်လာသည့်အသံများ မကြားရရန် ခက်သည်။
"ပေါင်ကျူး မင်းသိပါတယ်၊ ကိုယ်က အဖေတစ်ယောက်ပါ၊ ကိုယ့်မှာလည်း အခက်အခဲတွေရှိတယ်။"
လျိုပေါင်ကျူးက လှပနေပြီးဖြစ်ပြီး ယခု အပြင်အဆင်အတွက် ငွေသုံးစွဲထားသဖြင့် ပို၍ကြည့်ကောင်းသည်။သူမက သူမ၏ ပန်းရောင်လက်သည်းများကို ဆုပ်လိုက်ပြီး ပြောလိုက်သည်။
"တစ်ခုပဲပြောမယ် ကလေးယူမှာလား ကွာရှင်းမှာလား။ သားကြောဖြတ်ထားတဲ့အကြောင်း မပြောနဲ့။ ကျွန်မစုံစမ်းပြီးပြီ ဒါက ပြန်လုပ်လို့ရတယ်တဲ့။"
"ငါ ဒီလစာနဲ့ အခြားကလေးတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်နိုင်မှာလဲ"
လျိုပေါင်ကျူးက ဘာပြောစရာရှိသေးလဲ ဆိုသည့်ပုံစံဖြင့် ပြုံး၍ကြည့်လိုက်သည်။
"ပေါင်ကျူး မင်းသိပါတယ်။ ကိုယ် မကြာခင်မှာ လက်ထောက်တပ်မှူးဖြစ်တော့မယ်။ ဒီလိုရာထူးမျိုးက ငွေနဲ့ဝယ်မရဘူး။ ငါ မင်းလိုမျိုး စစ်ဘက်ဆိုင်ရာ ဆုတံဆိပ်တွေ ထက်ဝက်လောက်တော့ လိုချင်တယ်။"
"ဟိုင်ယန်းနဲ့ ဟိုင်ယန်က လိမ္မာတဲ့ကလေးတွေပါ။ မင်းသာကောင်းကောင်းဆက်ဆံရင် မင်းကို အမေရင်းလိုဆက်ဆံပြီး သိတတ်ကြမှာပါ။ ကလေးမွေးတာက ကြောက်စရာကောင်းပြီး အန္တရာယ်များတယ်တဲ့။ ကိုယ်က မင်းကောင်းဖို့အတွက်ပါ။ သူတို့ကို ဒီတိုင်းမွေးတာကပဲ မကောင်းဘူးလား။"
လျိုပေါင်ကျူးက သူ့ကို အလွန်သနားသည့်အကြည့်နှင့်ကြည့်လိုက်သည်။
"ကျွန်မကို နာကျင်မှူမရှိဘဲ အမေဖြစ်အောင်လုပ်ပေးလို့ ကျေးဇူးတင်ရမှာလား။ အရူး။"
ကျောက်ချင်းစုန့်က အလုံးစုံနားမလည်သော်လည်း ဆဲရေစကားဟု နားလည်သည်။ "ရဲဘော် လျိုပေါင်ကျူး မင်းရဲ့စကားတွေကို ဆင်ခြင်ပါ။"
လျိုပေါင်ကျူးက သူမကိုယ်သူမ ပြန်မွေးဖွားလာသည့်အတွက် မုန်းတီးမိကာ ချင်းလိုင်တိ၏ အိမ်ထောင်ရေးကောင်းကို လုယူန်ိုင်ခဲ့သည်ဟု ထင်မိပေမဲ့ ကျောက်ချင်းစုန့်လို တစ်ကိုယ်ကောင်းသမားက နေရာတိုင်းတွင် ထောင်ချောက်ဆင်ထားသည်ကိုတော့ မသိနိုင်ခဲ့ပေ။
ဟုတ်သည်။ ပေါင်ကျူးက ယခင်ဘဝတွင် မြို့ပေါ်၌ တစ်ကြိမ်သေဆုံးခဲ့ဖူးသည်။ ချင်းလိုင်တိ လက်ထပ်ပြီး စစ်တပ်ထဲသို့ ရောက်သွားသောအခါ သူမအဘွားက သူမကို ရွာမှ ခေါင်းဆောင်၏သား၊ သမဝါယမအသင်းမှ ယာယီအလုပ်သမား၊ စတီးလ်စက်ရုံမှ ထုတ်ပိုးသူ စသူများနှင့်မိတ်ဆက်ပေးခဲ့သည်။ ဘယ်သူကမှ သူမအာရုံကို မဖမ်းစားနိုင်ဘဲ စောင့်နေရင်း အသက်ကြီးလာသည်။
သူမက ရုတ်တရက် ကောင်းကောင်းနေရသော လိုင်တိအကြောင်း တွေးမိလာပြီး သူငယ်ချင်းကောင်းတစ်ယောက်အနေနှင့် သူ့ကိုသွားတွေ့သည်ဟုဆိုကာ တကယ်တော့ သူမအတွက် လက်တွဲဖော်သွားရှာခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာနဲ့ပဲ ဘုရားသခင်က တရားမမျှတပေ။ လက်မထပ်ရသေးသူများက ရုပ်ဆိုးပြီး ကြည့်ကောင်းသူများက လက်ထပ်ပြီးသားဖြစ်သည်။ အတွေးများစွာတွေးပြီးနောက် သူမက ကျောက်ချင်းစုန့်နှင့် ရာထူးတူသည့် တပ်မှူးတစ်ယောက်ကို ရွေးချယ်လိုက်သည်။ သူက ကြည့်ကောင်းပြီး ပညာတတ်ဖြစ်သည်။ တစ်ခုတည်းသော ပြစ်ချက်က သူသည် လက်ထပ်ပြီးသားသူဖြစ်နေသည်။
ဒါပေမဲ့ လျိုပေါင်ကျူးက မကြောက်ပေ။ ဇာတိမှ ဇနီးဖြစ်သူသည် မိဘများစီစဉ်ပေးစားသော အိမ်ထောင်ရေးဖြစ်သည်။ သူမက ငယ်ရွယ်လှပပြီး ပညာတတ်သူဖြစ်သည်။ သူမက လျိုရှောင်ဟွေ့လောက် မကောင်းနိုင်ဟု မထင်ပေ။ သို့သော် တစ်ယောက်ယောက်က သတင်းလွှင့်လိုက်ပြီး ဇနီးသည်က သူမသားနှင့်အတူလာကာ သေလုမြောပါးဖြစ်သည်အထိ ရိုက်ခဲ့ကြသည်။
မုန်းစရာကောင်းသည်က ခင်မင်မှုကို မထောက်ထားဘဲ လိုင်တိက သူမကို မကူညီသည့်အပြင် အခြားသူများကဲ့သို့ ဝေဖန်သည်။ သူမက သူမကိုယ်သူမ လိုင်တိကို နောင်တရအောင်လုပ်မည်ဟု ကျိန်ဆိုလိုက်သည်။
သူမက သူမ၏မြို့မှ ကတ်ပြားစက်ရုံမှ အလုပ်သမားဖြစ်သော လက်တွဲဖော် ရှာတွေ့ခဲ့သည်။ နောက်ပိုင်းတွင် သူက စီးပွားရေးလုပ်ကာ ချမ်းသာကြွယ်ဝလာသည်။သူမကလည်း ဆိပ်ကမ်းမြို့သို့ပြောင်းနေကာ ချမ်းသာကြွယ်ဝသည့်ဇနီးသည် ဖြစ်လာသည်။ ဒါပေမဲ့ ယောက်ျားများက ငွေရလျှင် ဆိုးလာကြသည်။ သူမ ဆံပင် လက်သည်းများပြင်ဆင်၍ အိတ်များဝယ်နေချိန်တွင် သူက အပျော်မယားထားနေသည်။ ထိုမိန်းမကို အိမ်နှင့်ကား ဝယ်ပေးထားသည်သာမက သားနှစ်ယောက်လည်း မွေးထားသေးသည်။ ထိုနှစ်ကောင်က အနာဂတ်တွင် သူမသမီးနှင့် အမွေလုဖော်ဖြစ်လာနိုင်သည်။
သူမ ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ? သူမက ထိုသားအမိများကို ချက်ချင်းသတ်ပစ်ချင်သည်။ ဒါပေမဲ့ သူမ ဘာမှမလုပ်နိုင်သေးခင် ထိုအပျော်မယားဖြစ်သူက ဖိလစ်ပိုင်လူမျိုး အိမ်ဖော်တစ်ယောက်ကို လာဘ်ထိုးပြီး သူမ၏ ကားဘရိတ်ကိုဖြတ်ခိုင်းထားသည်။ နောက်ဆုံးမှာတော့ သူမ၏ ကားက ညလယ်ခေါင်တွင် အရှိန်လွန်ပြီး ပင်လယ်ထဲသို့ ထိုးကျသွားခဲ့သည်။
သူမက ပြန်နိုးလာချိန်တွင် ဆယ်ကျော်သက်အရွယ် ကျေးရွာမှ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ငရုတ်ကောင်းစေ့ကဲ့သို့သော ကောင်မလေးနှင့် သူငယ်ချင်းဖြစ်နေမည်ဟု မထင်ထားပေ။