← Chapters

Chapter 77

Vol. 7 Ch. 77

Chapter 77

Vol. 7 Ch. 77

သူမက ချင်းရှန်းကို အရမ်းချစ်ခင်ပြီး အိမ်ထောင်ကျကံ ကောင်းစေချင်သော်လည်း အရမ်းတော့ မကောင်းစေချင်ပေ။ ထိုအချိန်တွင် မုဆိုးမချင်းက သူမမြေးဖြစ်သူ၏ အသက်သခင်ကို ရှာချင်သည့်အတွက် သူမက ကျောင်ချင်းစုန့်နှင့် ဟဲလျန်ရှန်းကို လူမှားစေရန် လှည့်ကွက်သုံးပြီး လိုင်တိ၏ လက်ထပ်ပွဲကို ခိုးယူခဲ့ခြင်းဖြစ်သည်။

သူမ၏ ယခင်ဘဝတွင် လ်ိုင်တိက ဘဝ၏ အမြင့်ဆုံးအခြေအနေကို ရောက်နေသည်ကိုသာမြင်ပြီး သူမ၏ မွေးစားသားနှင့်သမီးက လိမ္မာရေးခြားရှိသည်က်ိုသာမြင်ကာ ကျောက်ချင်းစုန့်တွင် တောက်ပသည့်အနာဂတ်ရှိသည်ကိုသာ မြင်ခဲ့သည်။ အခြားသော အကြံအစည်များရှိသည်ဟု မထင်ပေ။ ဒါပေမဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်ရန် သစ္စာရှိမှုတစ်ခုတည်းသာ လိုသည်မဟုတ်ဆိုသည်ကို သူမ မသိခဲ့ပေ။

ဖောက်ပြန်ခဲ့သော မကောင်းသည့်ယောက်ျားကြောင့် နာကျင်ခဲ့ရကာ အေးချမ်းသည့် အိမ်ထောင်ရေးတစ်ခုကိုသာ သူမ လိုချင်ခဲ့မိသည်။ သူမက သာမန်လူများထက် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသည်ဟု သူမယုံကြည်သည်။ သူမ၏ လမ်းပြညွှန်ကြားမှုဖြင့် ကျောက်ချင်းစုန့်က မကြာခင်တွင် ဘဝ၏အမြင့်ဆုံးနေရာသို့ ရောက်ရှိပြီး ချင်းလိုင်တိ၏ ကမ္ဘာပေါ်တွင် အပျော်ဆုံးသော အမျိုးသမီးနေရာကို အစားထိုးနိုင်မည်ဟု ထင်နေသည်။

ဒါပေမဲ့ တကယ်တော့ ဒီလူက သူမကို တရားဝင်ဇနီးမယား ဖြစ်အောင် မလုပ်နိုင်သည်သာမက မိခင်ဖြစ်ခွင့်လည်းမပေးပေ။

"ဒါပဲလေ။ ကျွန်မ ရှင်နဲ့အတူ ဆက်မနေရဲတော့ဘူး။ ရှင် ကျွန်မကို နောက်ထပ်ဘာလုပ်ဦးမလဲ ဘယ်သူသိမှာလဲ?ဒီလိုဆိုရင်ရော? ကျွန်မတို့က ဇနီးမောင်နှံတွေပဲလေ။ ရှင် ကျွန်မကို နစ်နာကြေး ယွမ်၁၀၀၀ ပေးပြီး အေးအေးဆေးဆေး ကွာရှင်းကြမယ်။ ကျွန်မ ရှင့်သူဌေးဆီသွားပြီး ပြဿနာ မရှာစေချင်ဘူးမလား?"

ကျောက်ချင်းစုန့်၏ နဖူးတွင် သွေးကြောများထောင်လာသည်။ "မင်းက နယ်က မိန်းကလေးတစ်ယောက်ပဲ ဘယ်လိုလုပ် ငါ့လိုရဲဘော်တစ်ယောက်ကို လက်ထပ်နိုင်မှာလဲ?သေချာ စဉ်းစားပြီးပြီလား?"

လျိုပေါင်ကျူးက ပြုံးလ်ိုက်သည်။ ယခုအချိန်က သူမက သူ့ရာထူးအခြေအနေကြောင့် လက်ထပ်ခဲ့သည်ဟု သူထင်နေသေးသည်။

ရဲဘော်တစ်ယောက်က ငွေဘယ်လောက် ရှာနိုင်မှာလဲ? သူ့ဇာတိမြို့က ဆင်းရဲတဲ့ဆွေမျိုးတွေကို ထောက်ပံဖို့ပင် မလုံလောက်ပေ။ ပြီးတော့ သူမက ယခင်ဘဝက ခင်ပွန်းဟောင်းကို တိတ်တဆိတ် ဆက်သွယ်ထားသေးသည်။သူမ ကွာရှင်းပြီးသည်နှင့် သူနှင့် လက်ထပ်၍ရသည်။

သူက အနာဂတ်တွင် မကောင်းသည့်ကောင်ဖြစ်မည့်ကိစ္စကတော့ ကိစ္စမရှိပေ။ ဘယ်လိုဖြစ်ဖြစ် သူမက သူ၏ ချမ်းသာမှုများကို အရင်အသုံးချ၍ရသည်။

"ဒီလိုပဲလေ။ ကျွန်မ ရှင့်ရဲ့အထက်လူကြီးတွေ အားလုံးကိုသိတယ်။ ရှင့်ရဲ့ သားကြောဖြတ် ခွဲစိတ်မှုက မူရင်းမှတ်တမ်းလည်း ရှိတယ်။ ငြင်းမယ် မစဉ်းစားပါနဲ့။ ကျွန်မတို့က အရွယ်ရောက်ပြီးသားလူတွေပါ။ ကိစ္စကို အကျယ်ချဲ့စရာ မလိုပါဘူး ဟုတ်တယ်မလား?"

သူမ၏အသံက ညင်သာနေပြီး သူမ၏စကားလုံးများက အရမ်းအေးစက်သဖြင့် ကျောက်ချင်းစုန့်ကို အရိုးထဲထိစိမ့်သွားစေသည်။

နောက်ဆုံးမှာတော့ ကောင်းကျိုး ဆိုးကျိုးများကို နှိုင်းယှဉ်ကြည့်ပြီးနောက် သူအံကြိတ်ကာ စကားတစ်ခွန်းပြောလိုက်သည်။ "ကောင်းပြီလေ။"

ကျောက်ချင်းစုန့်က ဒုတိယအကြိမ် ကွာရှင်းခံခဲ့ရသည်။ ဒီသတင်းက လန်ဟဲတစ်မြို့လုံးကို အလျင်အမြန် ပျံနှံ့သွားပြီး စက်ရုံ412 အထိရောက်လာသည်။

ဒီအကြောင်းပြချက်ကြောင့် လူအချို့က ဆေးကုသမှုခံယူရန် ချင်းရှန်းထံလာကြပေမဲ့ တကယ်တော့ သူတို့က ကျောက်ချင်းစုန့်အကြောင်း ထောက်လှမ်းလ်ိုခြင်းဖြစ်သည်။

ကွာရှင်းသည့်လူ အများအပြားမရှိသလို ပြန်၍ လက်ထပ်ကြသူများက ပိုရှားသည်။ ပို၍အရေးကြီးသည်က သူက သူ့အမှားကြောင့် ကွာရှင်းခံခဲ့ရသည့်အတွက် ဘယ်သူက လေးစားမှုပြနိုင်မှာလဲ။

သူ ဘယ်နေရာကိုပဲသွားသွား စောင့်ကြည့်နေသောမျက်လုံးများရှိသည်ဟု ကျောက်ချင်းစုန့် ခံစားရသည်။အစပိုင်းတွင် စာနာမှုရရှိနိုင်မည်ဟု သူထင်ခဲ့မိသည်။ နယ်မြေခေါင်းဆောင်များနှင့် နိုင်ငံရေးအရာရှိများက သူ့ကိုသနားပြီး လူကောင်းတစ်ယောက်နှင့်မိတ်ဆက်ပေးလျှင် ပိုကောင်းမည်ဟုထင်ခဲ့သည်။

ရလဒ်ကတော့...

ကံကောင်းစွာနဲ့ပဲ သူက သူ၏ အတွေးများကို ထုတ်မပြောလိုက်ခြင်းဖြစ်သည်။ မဟုတ်လျှင် မိသားစုဝင်များ၏ တံတွေးများလာစင်လိမ့်မည်။

သူက သူ့မိသားစု၏ အမျိုးသမီးများက အမျိုးသမီးအချင်းချင်း နားလည်ပြီး အမျိုးသားများက သူ့ကိုနားလည်မပေးနိုင်ခြင်းကို အလိုမကျဖြစ်နေရသည်။ ကွာရှင်းပြီးနောက်မှာ ကျောက်ချင်းစုန့်က လူကြီးများ၏ အပြစ်တင်ခြင်းခံရပြီး လုပ်ဖော်ကိုင်ဖက်များကလည်း လှောင်ပြောင်ကြသည်။ သူက နှစ်ရက်လောက်အထိ အိမ်ထဲပုန်းနေခဲ့ပေမဲ့ အဆုံးမှာတော့ အပြင်ထွက်ရမည်ဖြစ်သည်။

ထိုအချိန်တွင် သူက ပို၍ပိန်လာပြီး အရွယ်ကျသွားသလို ဆယ်နှစ်လောက် အိုစာသွားသည်ဟု လူအများက ထင်ခဲ့ကြသည်။ ယခု သူ့အသက် လေးဆယ့်ငါးနှစ်ဟု ပြောလျှင်တောင် ယုံကြလိမ့်မည်။

ချင်းရှန်းက အလုပ်ရှုပ်နေသည့်အတွက် သူ့ကိစ္စကိုစိတ်မဝင်စားသောကြောင့် တစ်ချက်ကြည့်လိုက်လျှင် အဆင်ပြေသည်။ ထိုအစား သူမက လျိုပေါင်ကျူးကို လေးစားသည့်အတွက် ကျက်သရေရှိသည့်ပုံစံနှင့် ထွက်လာခဲ့သည်။

ကွာရှင်းပြီးချိန်တွင် သူမက ကျောက်ချင်းစုန့်ထံမှ နစ်နာကြေး ယွမ်၁၀၀၀ ယူကာ နေ့လယ်ခင်းတွင် လန်ဟဲမြို့မှထွက်သွားသည်။ ကားတစ်စီးက သူမကိုလာကြိုသွားသည်။

ယခင်ဘဝတွင် ချင်းရှန်းသာ သူမ၏ ထက်ဝက်လောက် သတ္တိရှိခဲ့ရင် သနားစရာဘဝတွင် နေခဲ့ရမည်မဟုတ်ပေ။

သ်ို့သို့က အလွန်ခံနိုင်ရည်ရှိသည်ကို ချင်းရှန်းသိလိုက်ရသည်။ အအေးမိနေသော ကလေးတစ်ယောက်ကို ဆေးပေးသည့်ကိစ္စအား ဥပမာပေးရလျှင် ဘယ်လို နှစ်နှစ်အရွယ်ကလေးက ဆေးကိုသေချာသောက်မှာလဲ။

သို့သို့သာ လုပ်နိုင်သည်။

အခြားကလေးများကဲ့သို့ ငိုယိုရုန်းကန်ခြင်း မလုပ်သည်သာမက ဆေးကိုလည်း မထွေးထုတ်သလို ကိုယ်ပိုင်အသိစိတ်ဖြင့် သောက်ခြင်း ဖြစ်သည်။ သူမအမေက သူမကိုကမ်းပေးလျှင် သူမက အမူအရာမပျက်သောက်နိုင်သည်။ ထို့နောက် သူမအမေပေးသော ရေခွက်ကိုယူပြီး ပလုပ်ကျင်းကာ ရေနွေးအနည်းငယ်သောက်ပြီး ဘာမှမဖြစ်ခဲ့သလို ကစားရန်သွားတော့သည်။

ဆေးသောက်တယ်။ ဒါပါပဲ။

ချင်းရှန်းက သူမကို မည်သို့တုံ့ပြန်ရမည်ကိုမသ်ိပေ။

ဆေးခွက်ထဲတွင် ဆေးအရိပ်အယောင်မရှိသလို မြေပြင်တွင်လည်း ဆေးအရိပ်အယောင်ကို မမြင်ရလျှင် သူမက သူမမျက်လုံးကိုပင် မယုံနိုင်ဖြစ်ရလိမ့်မည်။

ချင်းဖန်တောင်မှ သူမ၏တူမက တစ်ခုခုမှားနေသလိုခံစားရသည်။ "တတိယအစ်မ သို့သို့က အရသာမခံနိုင်ဘူးလို့ မထင်မိဘူးလား။"

ချင်းရှန်းက ဒီအကြောင်းတွေးမိသလို လက်လည်းလက်ခံသည်။ ဒီလိုဆိုလျှင် ကိစ္စက ပြင်းထန်သည်။ သူမက တရုတ်ရိုးရာဆေးပညာရှင်၏သမီး ဖြစ်ပြီး သူမအဘွားက စားဖိုမှူးကျောက်သုန့်၏ မြေးဖြစ်သည်။ သူမက ဘယ်လိုလုပ် အရသာခံနိုင်စွမ်းမရှိတဲ့ ကလေးတစ်ယောက်ကို မွေးမှာလဲ။

ထို့နောက် သူမအမေနှင့် အဒေါ်က သူမနောက်မှလိုက်ကာ ထူးဆန်းသော အရာများကျွေးနေသည်ကို သို့သို့ခံစားမိသည်။ ဥပမာ ရှာလကာရည်၊ သကြားခဲ၊ ငန်သောအရာများနှင့် ငရုတ်သီးများပင်ကျွေးသေးသည်။

ကူညီကြပါ!

သူမအမေနှင့်အဒေါ်က ဘာလို့ဒီလောက်တုံးရတာလဲ။ သူတို့က အရသာမခံနိုင်တာ မဟုတ်ဘူးလား။ သူတို့က တကယ်ပဲ ဘယ်လိုအရသာရတယ်ဆိုတာ မေးနေကြတာပဲ။

စိတ်ပျက်စရာ အရသာပါ။

အခြားတစ်ဖက် ဆေးခန်းတွင်၊ ညနေငါးနာရီဖြစ်သည့်အတွက် ဆေးစိုက်ခင်းမှ အလုပ်များပြီးသွားပြီး လူအုပ်ကြီးက ဆေးခန်းကိုလာကာ စကားပြောရင်း ဝင်ငွေများရေတွက်နေကြသည်။

ချင်းကွေ့ယင်း၏ မျက်နှာက နေလောင်ထားသလို နီနေပေမဲ့ သူမ၏ တက်ကြွနေမှုကိုတော့ သက်ရောက်မှုမရှိပေ။ "ဒီနေ့ ကျွန်မတို့ ရိတ်ခဲ့တာက စုစုပေါင်း..." သူမက ပမာဏရေတွက်နေသည်။

ဒေသဆိုင်ရာ တိုင်းရင်းဆေးလုပ်ငန်းတွင် ဆေးဖက်ဆိုင်ရာပစ္စည်းများကို အခြောက်ခံပြီး ထုတ်လုပ်သည့်အထူးအခန်းရှိသည်။ ဒါကြောင့် နွယ်လိမ္မော်ပင်များက ခူးယူပြီးသည်နှင့် ချက်ချင်းရောင်းရသည့်အတွက် အာနိသင်လျော့မသွားစေရန် လုပ်ငန်းခွဲသို့ ထိုညနေခင်းမှာပင် ပို့ရသည်။

"အခြောက်ခံထားတာတွေက တစ်ပေါင်ကို ဆင့်၃၀ပဲ ကျတယ်လို့ကြားတယ်။ လတ်ဆတ်တဲ့ဟာတွေအတွက် ကျွန်မတို့ ၁၆စင့်ပဲ ပေးနိုင်မယ် ဘာလို့ဆိုတော့ အထက်လူကြီးတွေက လက်ထောက်ဒါရိုက်တာချင်းကို မျက်နှာသာပေးနေလို့လေ။" တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်ခြင်းဖြစ်သည်။

အားလုံးက ချင်းကွေ့ယင်းကိုကြည့်ပြီး သူမဘာပြောမည်ကို သိချင်နေသည်။

သူမက လက်ထောက်ဒါရိုက်တာချင်းကို လိုက်ပြိုင်နေသည်ကို အားလုံးသိသည်။ အသင်းမှ ထက်မြက်သူအားလုံးက အပျော်သဘောနှင့် ကြည့်ရသည်ကို ကြိုက်သူများဖြစ်သည်။ အချို့လူများက လက်ထောက်ဒါရိုက်တာချင်းက သူမကို အပင်ပန်းဆုံးနေရာသို့ ပို့ထားသည်ဟု ပွင့်လင်းစွာဖြစ်စေ တိတ်တခိုးဖြစ်စေ ပြောကြသည်။ မဟုတ်လျှင် သူမက ဘာလို့အဲ့ဒီနေရာကို အခြားတစ်ယောက်ကိုမပေးရမှာလဲ။

ယခုအခြေအနေများတွင် ချင်းကွေ့ယင်းက အဆင့်ကျော်ပြီး မဟုတ်မှန်သောစကားများပြောလျှင် အားလုံးက ပွဲကောင်းကောင်းတစ်ခု ကြည့်ရလိမ့်မည်။

လက်ထောက်ဒါရိုက်တာချင်းက သူမပြောသောစကားများကိုကြားသွားလျှင် ပို၍စိတ်လှုပ်ရှားစရာကောင်းလိမ့်မည်။

ကံမကောင်းစွာနဲ့ပဲ ချင်းကွေ့ယင်းက ယနေ့သာမန်နဲ့မတူဘဲ သူ့တို့ထင်ထားသည့်အတိုင်း လက်ထောက်ဒါရိုက်တာချင်းကို ဘာမှအပြောခဲ့ပေ။

တစ်ယောက်ယောက်က သူမကိုပြောလိုက်သည်။ "အစ်မ ကွေ့ယင်း ကြားမိသေးရဲ့လား။"

"ဘာကြားမိလို့လဲ။"

သူမ၏ လုပ်ဖော်ကိုင်ဖက်များက အတွေးကိုယ်စီနှင့် ရယ်ချင်စိတ်ကိုထိန်းထားရသည်။ ဘယ်သူက အရမ်းကောင်းတဲ့ပုံစံ ဟန်ဆောင်နေတာလဲ။ သူက သတ္တိကြောင်တဲ့သူတစ်ယောက်ပါပဲ။

"ဟမ်း။" ချင်းရှန်းက ထိုလူများကို ပြုံး၍ကြည့်ကာ တံခါးမှဝင်လာခဲ့သည်။

အားလုံးက တစ်ခုခုမှားနေသလို ခံစားရသည်။ သူမ ဘယ်အချိန်ကပဲ နားထောင်နေသည်နှင့် ဘာတွေကြားသွားသည်ကိုတော့ ဘယ်သူမှမသ်ိပေ။

ချင်းရှန်းက သူတို့၏ အမူအရာကို သတိပြုမိပုံမပေါ်ပေ။ "အစ်မ ကွေ့ယင်း ဒီနေ့ ဘယ်လောက်ရောင်းခဲ့ရတာလဲ။"

ချင်းကွေ့ယင်းက စာရင်းစာအုပ်ကိုယူကာ မြန်မြန်ပြောလိုက်သည်။ "ဒီနေ့ကျွန်မတို့ နွယ်လိမ္မော် အပင်နှစ်မူတူးမိပြီး လတ်လတ်ဆတ်ဆတ် ၄၉၈၀ ကီလိုဂရမ် ရိတ်သိမ်းပြီးပါပြီ။"

တကယ်တော့ နွယ်လိမ္မော်များက မူနှင့်ဆိုလျှင် ဧကအကျယ်ကြီးစိုက်မရပေမဲ့ ကျုံးဝေ့မင်လုပ်ထားသည့်အရာကတော့ မတူညီပေ။ အခြောက်ခံလျှင်တောင် နှစ်ထောင်ကီလိုလောက် ရနိုင်သေးသည်။ ယခု မူနှင့်တွက်လိုက်သည်က ကျေးရွာအများစုတွင် သုံးနှစ်လေးနှစ်ဝန်းကျင် စိုက်ထားသည့်နွယ်လိမ္မော်များနှင့် အရေအတွက် ညီမျှနေသည်။

ချင်းရှန်းက ခေါင်းညိတ်ပြပြီး ဆက်ပြောရန်ပြောလိုက်သည်။

"ဒီနေ့ နွယ်လိမ္မော်ရောင်းအားက အားလုံးပေါင်း ၇၉၆.၈ ယွမ်ပါ။"

အခန်းတွင်းရှ်ိလူများအားလုံးက အံ့သြသွားကြသည်။

တကယ်...တကယ် အဲ့လောက်များတာလား?"

ချင်းကွေ့ယင်းက မျက်လုံးလှန်ကြည့်ပြီးပြောလိုက်သည်။ "ဘာလဲ? ကျွန်မကို မယုံဘူးဆိုတော့ ရှင်တို့ဆုံးဖြတ်ကြတာမလို့လား?"

"မဟုတ်ပါဘူး အစ်မကွေ့ယင်း ကျွန်မတို့ ဒီနေ့ နှစ်ဧကပဲတူးထားသေးပြီး ရှစ်ဧက တူးစရာကျန်သေးတယ်လေ။အားလုံးပြီးရင် ယွမ်၃၀၀၀ ကျော်သွားမယ်မလား။"

"ဘုရားသခင်၊ ကျွန်မတို့ ယွမ်၃၀၀၀ တောင်မှရှာနိုင်တော့မှာလား။"

"ရှောင်ကျောက် ငါ အိပ်မက်မက်နေတာလား သိရအောင် ဆိပ်ဆွဲပေးစမ်းပါ...ငါ မင်းကို ဆိတ်ဆွဲခိုင်းရင် မင်းကတကယ်ပဲ ငါ့ကိုသတ်သွားမှာပဲ။"

လောင်ချန်က နှစ်ပေါင်းများစွာခံစားနေရသော စိတ်ဓာတ်ကျစရာများ ပပျောက်သွားသလို ရယ်မောလိုက်သည်။။"စိုက်ပျိုးစရိတ်နဲ့ အလုပ်သမားခနုတ်ပြီးတာတောင် အနည်းဆုံး ၂၅၀၀ ယွမ်ကျန်ဦးမယ်။"

အစည်းအဝေးခန်းမက ဆူညံပွတ်လောရိုက်သွားသည်။

"ဒါရိုက်တာက ဒီငွေတွေအားလုံးကို ထောက်ပံ့ကြေးအဖြစ် ငါတို့ကိုပေးမှာလား။"

"အမြတ်ငွေတွေက ဘယ်လိုခွဲမှာလဲ? အလုပ်ပမာဏအရလား လုပ်သက်အရလား?"

"မဟုတ်ဘူး။ ရာထူးနေရာနဲ့ အဆင့်အရခွဲမှာပါ။"

"ဒီလို မဖြစ်ပါဘူး။ ငါကလည်း ဒီအဖွဲ့အစည်းက လူအိုတစ်ယောက်ပါပဲ။ ဒီမှာ တာဝန်ကျနေတာ နှစ်၃၀နီးပါး ရှိတော့မယ်ဆိုပေမဲ့ စာမေးပွဲ ဘယ်လိုဖြေရမယ်ကို မသိတာမလို့ ရာထူးမြင့်မြင့် မရခဲ့ဘူးလေ။ လစာကလည်း မင်းတို့ထက်နည်းပြီး အလုပ်တစ်ခုထဲအတူတူကို အကျိုးအမြတ်ကလည်း မင်းတို့ထက် နည်းတယ်။ ငါနဲ့ လောင်ဝမ်က အရင်ဆုံး မကျေမနပ်ဖြစ်သင့်တဲ့သူတွေပဲ။"

"ဒေါက်တာဝမ် ခင်ဗျားရောပဲ လုပ်သက်ရှည်ပေမဲ့ ဟိုဟိုဒီဒီ နာကျင်ကိုက်ခဲနေတာရှိသလို ဒါက ငါတို့..."

ချင်းရှန်းက အသံမြည်သည်အထိ စာအုပ်ကို စားပွဲပေါ်သို့ အားကုန်သုံး၍ ရိုက်ချလိုက်သည်။

ခဏအတွင်းမှာပဲ ဆူနေသောလူအုပ်က တိတ်ဆိတ်သွားတော့သည်။

လောင်ချန်က လေးပင်စွာ ချောင်းဟန့်လိုက်သည်။

"အသေးစိတ် ခွဲခြမ်းမယ့်ကိစ္စက်ိုတော့ ဒုဥက္ကဋ္ဌချင်းနဲ့ ကျွန်တော် တိုင်ပင်လ််ိုက်မယ်။ စက်ရုံ အစည်းအဝေးကျမှ ထုတ်ပြောပြီး အလုပ်သမားတွေ ကျေနပ်မှ ဆက်လုပ်မှာပါ။ အလုပ်တောင်မစရသေးဘဲ အသားစားချင်တယ်ဆိုရင်တော့ ဘာလုပ်လို့ရနိုင်မှာလဲ။"

လုံးဝ တ်ိတ်ဆိတ်သွားတော့သည်။

"ပြီးတော့ ငါတို့အနာဂတ်မှာ အသုံးစရိတ်ဖူလုံဖို့ လိုသေးတယ်လေ။ ရသမျှ ငွေတွေအားလုံးကို သုံးနေတာက အဆင်ပြေတယ်လို့ ထင်နေတာလား။ အနည်းဆုံးတော့ အသုံးစရိတ်ချန်ထားသင့်တယ်။"

ဘယ်သူမှ ဘာမှမပြောနိုင်တော့ပေ။

ချင်းရှန်းနှင့် လောင်ချန်က အချင်းချင်းကြည့်လိုက်ပြီး လူအုပ်ကြီးကို အဝေးသို့ပို့လိုက်သည်။ သူတို့က အစည်းအဝေးခန်းထဲတွင် မိုးချုပ်သည်အထိနေခဲ့ပြီး တင်းကျပ်သောစည်းကမ်းများ မချမှတ်နိုင်ချိန်အထိ ပယ်ချခဲ့ရသည်များကလည်း များစွာရှိသည်။ ချင်းဖန်က သူတို့ကို ညစာစီစဉ်ပေးခဲ့ရသည်။

သေချာပေါက် အစီအစဉ်ဆွဲပြီးသည်နှင့် လူရှေ့ချပြသည်တော့မဟုတ်ပေ။ အထက်လူကြီးများကို အစီအစဉ်ပြပေးရန် လောင်ချန်ကို တောင်းဆိုသည်။ အကျိုးရလဒ်များ အလွန်များနေလျှင် အခြားဌာနများက ငြင်းဆန်မည်သာမက ခေါင်းဆောင်များလည်း ငြင်းဆန်ကြမည်။ ရလဒ်များနည်းလျှင်လည်း လုပ်ဖော်ကိုင်ဖက်များအတွက် မမျှတရာရောက်မည်။ ချင်းရှန်းက ဒီကိစ္စအတွက် ဦးနှောက်အတော်အသုံးပြုလ်ိုက်ရသည်။

ညစာစားနေချိန်တွင် နဖူးမှသွေးကြောမှ ပေါက်ထွက်တော့မလို ခံစားနေရသည်။ သူမက ဝတ္ထုထဲမှ ဇာတ်ဆောင်များလို မဟုတ်ဘဲ သာမန်လူတစ်ဦးသာဖြစ်သည်။ ယခင်ဘဝတွင်လည်း အိမ်ရှင်မတစ်ဦးသာဖြစ်ပြီး စီးပွားရေးကိစ္စများအကြောင်း နားမလည်ခဲ့ပေ။ ကြေညာလိုက်သည့်အစီအစဉ်ကို တစ်ယောက်ယောက်က သဘောမတူလျှင် ကိစ္စများခက်ခဲသွားမည် ဆိုသည်ကိုသာ သူမသိသည်။

ပြန်လည်ထူထောင်ခြင်းကာလ မဟုတ်သေးသည့်အတွက် သူမတို့လုပ်နေသည့်အရာက စွန့်စားခြင်းဖြစ်သည်။ တစ်ယောက်ယောက်က ဝင်ရှုပ်လ်ိုက်လျှင် ကိစ္စတစ်ခုလုံးက ဖော်ထုတ်ခံရပြီး ပျက်စီးသွားနိုင်သည်။

ဒါကြောင့် ဘယ်သူကမှ ဘယ်သူ့ကို မနာလိုမုန်းတီးမဖြစ်စေရန် ဆောင်ရွက်ရန်က အရေးကြီးသည်။ ပြီးတော့ လုပ်အားနှင့် ထိုက်တန်သည့် အကျိုးအမြတ်ရရန်လည်း လိုအပ်သည်။

"လန်ဟဲကနေ ဘဲဥတွေဝယ်လာခဲ့တယ်။ များများစားပါ။"

ချင်းရှန်းက အလိုမကျသည့်မျက်နှာ ဖြစ်နေသည်။ ဘဲဥများက ပရိုတင်းဓာတ်ပြည့်ဝသည်ကို သူမ သိသော်လည်း နေ့တိုင်းတော့ မစားနိုင်ပေ။

"များများစားပါ။ ဘဲဥတွေက အာဟာရရှိတယ်လို့ လူကြီးတွေပြောတာကြားဖူးတယ်။ အနာဂတ်မှာ..."

သူက စကားပြောရန် တုံ့ဆိုင်းနေသည်။

"အဘွားက တတိယအစ်မကို ဝဝကစ်ကစ် မြေးလေးတစ်ယောက် သူ့အတွက်အမြန်မွေးပေးစေချင်နေတယ်။" ချင်းဖန်က သူမကိုကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်။

ချင်းကွေ့ဟွားက သူမ၏တူနှင့် သူ့ကိုရိုက်လိုက်သည်။

"မဟုတ်တာတွေ ပြောနေတာပဲ။"

"အဘွားက ရှေးဆန်ပြီး မိန်းကလေးထက် ယောက်ကျားလေးကို ပိုသဘောကျနေတာပဲ။ ကလေးတစ်ယောက်ရဲ့ ကျားမဖြစ်ခြင်းဆိုတာက မျိုးရိုးဗီဇအပေါ် မူတည်နေတာ။ ပြီးတော့ ခေါင်းကို ဒီလိုထပ်ရိုက်နေရင် ဉာဏ်ထ်ိုင်းသွားတော့မယ်။ အဘွားကို မချစ်တော့ဘူးနော်။"

ချင်းကွေ့ဟွားက ပါးစပ်မှ ထုတ်ပြောမိတော့မည့် စကားများကိုထိန်းထားရသည်။ "ပါးစပ် ပိတ်ထားစမ်းပါ။"

ချင်းဖန်က ငြင်းခုံနေသည်ကိုမြင်ရသဖြင့် ချင်းရှန်း စိတ်မသက်မသာဖြစ်မိသည်။ ထို့ကြောင့် အလျင်အမြန်ပြောလိုက်သည်။

"အဘွား ဒီကိစ္စကြောင့် အချိန်ကုန်မခံပါနဲ့။ သို့သို့က နှစ်နှစ်ပဲရှိသေးပြီး ကျွန်မလည်း နောက်ထပ်ကလေးမလိုချင်ပါဘူး။ လောင်ဟဲနဲ့ကျွန်မ စိတ်ဆုံးဖြတ်ပြီးပြီ။ ဒါက ကျွန်မတို့အတွက် တစ်ယောက်ထဲသော ကလေးဖြစ်ပြီး တစ်ဘဝလုံး သူ့ကိုပဲချစ်သွားမှာပါ။"

မြေးယောက်ျားလေး လိုချင်သည်မှာ ဒီအမျိုးသမီးကြီး၏ စွဲလမ်းမှူတစ်ခုဖြစ်သည်။ သူမက ပါးစပ်မှထုတ်ပြောသည်သာမ စိတ်ထဲတွင်လည်း တကယ်ကို လိုချင်နေခြင်းဖြစ်သည်။ ဒါပေမဲ့ သို့ပေါင်နှင့် ပတ်သက်လျှင်လည်း သူမက မိန်းကလေးဖြစ်သည့်အတွက် စားဝတ်နေရေး ထောက်ပံ့နေရသည်ဟု သူမ မထင်ထားပေ။ ချင်းရှန်းကလည်း သူမ၏ ချစ်မေတ္တာကို ရင်ထဲမှ နက်ရှိုင်းစွာခံစားရပြီး သို့သို့ကို သွားလေရာ သယ်ယူသွားနိုင်သည်ကိုလည်း သ်ိသည်။

ဥပမာ ယခင်နှစ်ဆောင်းရာသီကိုကြည့်လျှင် သိနိုင်သည်။ အိမ်မှ ခုတင်ပျက်စီးသွားပြီး အလွန်အေးသည့်အတွက် သူမက မိုးလင်းသည်အထိ သို့သို့၏ ခြေထောက်လေးများကို သူမလက်နှင့်အနွေးဓာတ်ပေးခဲ့သည်။

ပုံမှန်ဆိုလျှင် အားလုံးက ဆန်ကြမ်းများစားရပြီး သို့သို့ကသာ ဆန်အချောစားရသူဖြစ်သည်။ သူမက ဖက်ထုပ်ပေါင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲနှင့် အရာအားလုံးကိုစားနိုင်သည်။ အစားအသောက်တိုင်းက ကြက်ဥ၊ ဘဲဥနှင့် နံရိုးကြီးများဖြစ်သည်။ နံရိုးကြီးများ ဆိုလျှင်လည်း အရိုးကို ထုချေအသားထုတ်ပြီးသားဖြစ်ပြီး အဆီများစုပ်ထုတ်ပြီးမှ သို့သို့အား ကျွေးခြင်းဖြစ်သည်။ အိမ်တွင် အစားအသောက်ကောင်းများရှိလျှင်လည်း သို့သို့က အရင်စားရသည်။ ကြွင်းကျန်သည်များကိုသာ ချင်းရှန်း၊ လောင်ဟဲနှင့် ချင်းဖန်တို့စားရသည်။ အဘွားကတော့ တစ်ခုလေးမှ မစားပေ။

အဘွားက သို့သို့ကိုချစ်သည်။

"မချစ်ဘူး။ မချစ်ဘူး။ ဘယ်သူ့ကိုမှ မချစ်ဘူး။"

သူမက ထွက်သွားလိုက်တော့သည်။

ချင်းဖန်၏ မျက်လုံးများက ယုန်ကလေးကဲ့သို့ နီရဲသွားသည်။ "အဘွားစိတ်ဆိုးသွားအောင် တစ်ခုခုပြောလိုက်မိလို့လား တတိယအစ်မ?"

"မပူပါနဲ့။ ဒီလိုမျိုး အတွေးကို လက်ခံလို့မရဘူးလေ။ အစားအသောက်ပဲ စားကြတာပေါ့။"

"ဟုတ်တယ်။ သူတို့ကို အလိုလိုက်လို့မရဘူး။ လူကြီးတွေက အမြဲမှန်တယ်ဆိုတာမျိုး ဖြစ်လို့မရဘူးမလား။"

ချင်းဖန်က အသံမာမာဖြင့် ပြောလိုက်သည်။

"တတိယအစ်မ တကယ်ပဲ ကလေးမယူတော့တာလား?"

"ဟုတ်တယ်။" လောင်ဟဲက သားကြောဖြတ်လိုက်ပြီမလို့ ကလေးမရနိုင်တော့ပေ။

ချင်းရှန်းက သူမအဘွား၏ ရှောင်လွှဲမရသောဒေါသကို စိတ်ထဲမထားပေ။ သူမနှင့် လောင်ဟဲ၏ သဘောထားကိုမသိချိန်ကလည်း သူတို့ကို သူမစိတ်ပျက်ခဲ့ရသည်။

ဒါပေမဲ့ ထိုနေရာတွင်ရှိနေသည့် သို့သို့ကတော့ သူမအဘွားစိတ်ဆိုးသွားသည်ကိုမြင်၍ နေရာမှထကာ သူမ၏ ခြေထောက်များကို ပြေးဖက်ပြီး တိုးဝှေ့နေလိုက်သည်။

စ်ိတ်တိုနေသည့် ချင်းကွေ့ဟွားလည်း စိတ်ပျော့သွားရတော့သည်။

All Chapters