Chapter 78
Vol. 7 Ch. 78
ချင်းကွေ့ဟွားက အတော်ကြာကြာ စိတ်ဓာတ်ကျမနေခဲ့ပေ။ သူမကိုအချစ်ဆုံးသော မိသားစုဝင်တစ်ဦးမှာ သို့သို့ဖြစ်သည့်အတွက် သူမက သို့သို့ကိုမျက်ရည်ကျအောင် မလုပ်ရဲပေ။
ကလေးက ငိုလေ့ရှိပေမယ့် သူမ ငိုလေလေ အခြားသူများစိတ်မကောင်းဖြစ်ရလေလေ မဟုတ်ဘူးလား?
ချင်းရှန်းကတော့ သူမကို သူမ၏အတွေးများကိုလက်လျှော့စေလိုသည့်အတွက် ဒီကိစ္စကို အာရုံသိပ်မစိုက်ပေ။ သူမက ယခုရက်ပိုင်းတွင် အစီအစဉ်ဆွဲသည့်ကိစ္စနှင့်အလုပ်ရှုပ်နေသည်။
အလုပ်ရှုပ်ရသည့်လအပြီးတွင် နွယ်လိမ္မော်များအားလုံးကိုရိတ်သိမ်းပြီးသွားပြီး ဆေးခန်းအတွက် လိုအပ်သည့်ပမာဏသာ ကျန်ခဲ့သည်။ ကီလိုပေါင်း ၅၁၀၀၀ ကျော်ရောင်းချလိုက်ရပြီး ဝင်ငွေ ၈၁၆၀ ယွမ်ရသည်။ကုန်ကျစရိတ်နှင့် ချေးငွေများကို နုတ်လိုက်လျှင် ဆေးခန်းတွင် လုပ်အားခ ယွမ် ၆၀၀၀ ကျန်သည်။
ဒီငွေပမာဏက စက်ရုံတစ်ခုလုံးစာဆိုလျှင် မလုံလောက်သော်လည်း ဝန်ထမ်းဆယ်ယောက်ကျော်သာရှိသော ဌာနလေးတစ်ခုအတွက်တော့ ပမာဏများသည်။
စာရင်းများ ဖြေရှင်းပြီးသည်နှင့် လောင်ချန်က အနီးအနားမှ သိုးတစ်ကောင်ဝယ်ကာ ငွေများကိုမြင်သာစေရန် စက်ရုံခေါင်းဆောင်များကို သိုးကောင်လုံးကင်ကျွေးသည်။
တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုသောစကားရှိသည်။ အဆီများပြီး စားကောင်းသော သိုးကင်စားပြီးသည်နှင့် လောင်ချန်၏ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော မျက်နှာကိုထောက်၍ စက်ရုံက ရန်ပုံငွေများကို သူတို့စိတ်တိုင်းကျသုံးခိုင်းခဲ့ပြီး သူတို့၏ အစီအစဉ်ကိုလည်း လက်ခံခဲ့သည်။ ဒါက အကြောင်းအရာခိုင်လုံပြီး တရားမျှတမှုရှိသည်။
ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် အားလုံးက စိတ်တိုင်းကျဖြစ်လာစေရန် အားတင်းထားရမည်။ လောင်ချန်က လက်ကာပြပြီး ဆုကြေးအနေနှင့် ယွမ်၂၀၀၀ ထုတ်လိုက်သည်။ အားလုံးက ပျော်ရွှင်သွားကြသည်။ သူတို့က လောင်ချန်ကို အသိဝင်လာပြီဟုပြောကြသည်။
ထို့နောက် အလုပ်တာဝန်ကျေပွန်မှု၊ လုပ်သက်၊ ပညာရေးအဆင့်အတန်း၊ နေ့စဉ်လုပ်အား၊ ဆေးပင်စိုက်ပျိုးရောင်းချခြင်းတွင် ပါဝင်မှုစသည်တို့ကိုကြည့်ကာ အမှတ်များတွက်လိုက်ပြီး အပိုဆုငွေများကိုလည်း ထည့်တွက်လိုက်သည်။ တွက်ချက်သည့်နည်းလမ်းများမှာ ရှုပ်ထွေးပြီး ဆုံးဖြတ်သည့်နည်းကလည်း ရှူပ်ထွေးသည်ကြောင့် ဘယ်သူမှ ဘာမှမပြောနိုင်ပေ။
အဆုံးမှာတော့ အချို့က လုပ်သက်တွင်ကောင်းနေပြီး လုပ်ကိုင်ပုံတွင် ညံ့ဖျင်းသည်။လအချို့က ပညာရေးအဆင့်အတန်းနိမ့်သော်လည်း ဆေးဝါးများ ရောင်းချရာတွင် တက်ကြွစွာပါဝင်သည်။ ထိုအရာများတွေးလိုက်သူတို့ကြားတွင်ခြားနားချက်သိပ်မရှိဘဲ ညီမျှနေသည်။
ချင်းရှန်းက ပုံမှန်လဲ့ဖုန်းမဟုတ်ပေ။ သူမ၏ လုပ်သက်မကြာသေးသည်မှလွဲလျှင် အခြားသောနေရာများတွင် ပါဝင်မှုများသည်။ သူမ၏ အပိုဆုကြေးများက အဖွဲ့အစည်းထဲတွင် အများဆုံးဖြစ်သည်။ အားလုံးပေါင်း၄၈၀ ယွမ်ဖြစ်ပြီး သူမက အပြုံးနှင့်လက်ခံလိုက်သည်။
လောင်ချန်က အဖွဲ့ထဲတွင် လုပ်သက်အကြာဆုံးဖြစ်ပြီး ယွမ်၃၀၀ အတိအကျရသည်။ အခြားသူများကတော့ ယွမ် ၁၅၀ နှင့် ၂၀၀ အကြားရသည်။ ဒါက အားလုံး၏ မျက်နှာတွင် အပြုံးများဝေနေသည်က်ို ပထမဆုံးအကြိမ်အဖြစ် ချင်းရှန်းမြင်ဖူးခဲ့ခြင်းဖြစ်သည်။
"ဒီလမှာ ဒါရိုက်တာချင်းက အပိုကြေးအများကြီးရတယ်ဆိုတာ ခက်ခက်ခဲခဲနဲ့ စက်ရုံက လူတွေကိုလက်ခံအောင်ပြောခဲ့လို့ဆိုတာ အားလုံးနားလည်မယ်ထင်ပါတယ်။ ဝင်ငွေက အနာဂတ်မှာ ပိုများမယ်ဆိုပေမယ့် အရမ်းတော့ ထပ်များတော့မှာ မဟုတ်ဘူး။"
"သေချာပေါက် စိတ်မပူပါနဲ့ လက်ထောက်ဒါရိုက်တာချင်း။ ကျွန်မတို့က လောဘမကြီးပါဘူး။ စားသောက်နေထိုင်ဖို့ အဆင်ပြေပြီး ကလေးတွေအတွက် ကျောင်းလွယ်အိတ်နဲ့ ဖိနပ်တွေ ဆင်ပေးဖို့လုံလောက်တယ်ဆိုရင် ကျွန်မတို့ကျေနပ်ပါတယ်။"
ချင်းရှန်းက ခေါင်းညိတ်လိုက်သည်။ "ပြီးတော့ အဖွဲ့ထဲမှာ ဆုကြေးငွေကိစ္စကို ကျွန်မ အပါအဝင်အားလုံး တံခါးကနေ ထွက်သွားတာနဲ့ မေ့လိုက်ပြီး ထပ်မပြောပါနဲ့တော့နော်။"
ယခု အားလုံးက ငွေများကို အိတ်ထဲထည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်သည်။
သူတို့သာ ထုတ်ပြောလိုက်လျှင် လူအများစိတ်ဝင်စားပြီး မုန်းတီးကြလိမ့်မည်။ အကယ်၍ အခြားဌာနတစ်ခုမှ လူများသိသွားလျှင် သူတို့၏ခေါင်းဆောင်က်ိုပြောမည်ဖြစ်ပြီး စက်ရုံမှခေါင်းဆောင်များ သိသွားလျှင် လူထုမကျေနပ်ချက်နှင့် အမြင်အတွက် ဒီအတိုင်းပြီးသွားမည်မဟုတ်ပေ။
အိတ်ထဲတွင် အပူငွေ့ရအောင်ပင် မထားနိုင်လျှင် ပိုက်ဆံကိုယူမသွားနှင့်။ မဟုတ်လျှင် ငိုရလိမ့်မည်။
လောင်ဝမ်က ပထမဆုံးစကားပြောလိုက်သည်။ "ကျွန်တော် လောင်ဝမ်က ဒီစကားကိုပြောမယ်။ အဓိပ္ပါယ်မရှိတဲ့ အရာကြောင့် ကျွန်တော့်ရဲ့ဆုငွေကို ဆုံးရှုံးရအောင် တစ်ယောက်ယောက်က လုပ်ခဲ့ရင် အရင်ဆုံးသူ့ကို အလွတ်ပေးမှာမဟုတ်ဘူး။ ကျွန်တော့်ရဲ့ အသက်၈၀ အရွယ်အမေကို သူ့စီခေါ်သွားမယ်။ သူ့ရဲ့ အိပ်ယာခင်းတွေလဲခိုင်းမယ်၊ ထမင်းကျွေးခိုင်းမယ်....."
လောင်ဝမ်၏ မိခင်က လူသိများသော အမယ်အိုကြီးတစ်ယောက်ဖြစ်၏။ သူမ၏အသက်က ၈၀ ရှိပြီဖြစ်ပြီး သားနှင့်ချွေးမကို ယခုထိ စိတ်ဒုက္ခပေးနိုင်သည်။ လောင်ဝမ်၏ ဆံပင်ပုံစံများမှ သုံးပုံနှစ်ပုံက သူ့အမေ၏ လက်ရာဖြစ်သည်။
အားလုံးက တိတ်ဆိတ်သွားကြသည်။
ကျန်သည့် ယွမ်၄၀၀၀မှ ၁၀၀၀ကို လုပ်ငန်းစဉ်များအတွက် ပေးငွေအဖြစ် ချင်းရှန်းက တောင်းဆိုထားသည်။ ဆေးဝယ်ရန် အပြင်သွားသည့်အခါတိုင်း ချင်းရှန်းက အဆက်အသွယ်များလုပ်ရန် လိုအပ်ပြီး ယခင်ဘဝက မသ်ိခဲ့လျှင် အဆင်ပြေသော်လည်း ယခုတော့ သူမသိသွားခဲ့ပြီ။ လောင်ချန်၏ အိတ်ထဲမှ ငွေစိုက်ထုတ်ပေးနေရသည်ကို သူမ မဖြစ်စေချင်ပေ။ ထိုငွေများမှာ သူလိုအပ်သော စီးကရက်၊ အရက်၊ သကြား၊ လက်ဖက်ရည်နှင့် နေထိုင်စရိတ်များပေးရန်အတွက်သာဖြစ်သည်။
ချင်းကွေ့ယင်းကို ဒီငွေများကြီးကြပ်ရန် သူမ တာဝန်ပေးလိုက်သည်။
အလုပ်ပြီးနောက် ချင်းရှန်းက ဆုကြေးငွေများကို အမွေစာအုပ်ထဲ ထည့်လိုက်သည်။ လတိုင်း တိုးလာသည့်ကိန်းများကိုကြည့်ပြီး သူမ ပျော်ရွှင်ရသည်။
သူမက လအနည်းငယ်လောက်နှင့် သူဌေးမဖြစ်သွားနိုင်သော်လည်း သူမ၏ဆေးပညာအစွမ်းနှင့်ပါဆိုလျှင် သူမကလေးအတွက် အိမ်ဆောက်ပေးနိုင်သည်။
သူမ အိမ်သို့ပျော်ရွှင်စွာရောက်သွားချိန်တွင် သို့သို့၏ ရယ်သံကိုကြားလိုက်ရသည်။ ဒီကလေးက ရယ်လေ့သိပ်မရှိသည့်အတွက် ဘယ်သူရောက်နေသည်ကို သိချင်မိသည်။
အိမ်ထဲသို့ဝင်လိုက်သည်နှင့် အသားည်ိုညိုနှင့်လူတစ်ယောက်က သို့သို့ကိုချီမြှောက်၍ဆော့ကစားနေသည်ကို မြင်လိုက်ရသည်။
ရင်းနှီးသည့် ချောမောသောမျက်နှာပုံစံမှလွဲလျှင် ဒီလူနှင့်ပတ်သက်၍ အခြားဘာမှမမြင်ပေ။
"အမေ့ အဖေပြန်ရောက်ပြီ!" သို့သို့က ပျော်ရွှင်စွာအော်လိုက်သည်။
"ဘာ?" ချင်းရှန်းက အိမ်ထဲဝင်လိုက်သည်နှင့် အရှုပ်များကိုရင်ဆိုင်လိုက်ရသည်။
"အမေ့ အဖေပြန်ရောက်ပြီ။"
ဟဲလျန်ရှန်းက ရယ်မောလိုက်ပြီး သူ့သမီးကိုဖက်ကာ ခေါင်းကိုပွတ်လိုက်သည်။ "အမေ့ အဖေမဟုတ်ဘူး။ သမီးအဖေလေ။"
"သမီးအဖေ ပြန်လာပြီ။"
ချင်းရှန်းက စိတ်သက်သာရာရသွားသည်။ "ဒီကလေးက ဘာလို့ နင် ငါနဲ့ သူဆိုတဲ့အသုံးကို မကွဲတာလဲ။"
ဟုတ်သည်။ သို့သို့က ယခုစကားများကို ပို၍ရှင်းလင်းစွာပြောနိုင်သော်လည်း နင် ငါနှင့်သူဆိုသောအသုံးကိုတော့မကွဲပေ။ ဥပမာပြောရလျှင် "နင် အီးပါတော့မယ်။" နင်မစားဘူး။" "ငါက အသက်ကြီးနေပြီ။" စသည်ဖြင့်ရယ်စရာများပြောတတ်သည်။ ဒါက သူမအဘွားသင်ပေးထားခြင်းဖြစ်ပြီး ချင်းရှန်းက ယခုမှကြားဖူးခြင်းဖြစ်သည်။
"အဆင်ပြေပါတယ် သို့ပေါင်က ငယ်သေးတာပဲလေ ကြီးလာရင်တော့ အဆင်ပြေမှာပါ။" ဟဲလျန်ရှန်းက သူ့သမီး၏ ခေါင်းကိုပွတ်ကာ ညင်သာစွာနှစ်သိမ့်လိုက်သည်။
ချင်းရှန်းကလည်း ကလေးထံအမြန်ပြေး၍ နှစ်သိမ့်လိုက်ပြီး ကလေးကိုမရယ်ရန် သူ့ကိုပြောလိုက်သည်။
ဒီကလေးက တကယ်ကိုရှက်တတ်သည်။ သူမ၏အဘွားက သူမကို နင် ငါနှင့်သူ အသုံးမကွဲမပြားသည့်အပေါ် ဟာသလုပ်လေ့ရှိသည်။ ဘယ်အရာက ရယ်စရာဆိုသည်ကို သူမ မသိသော်လည်း ရှက်စရာကောင်းသည်ကိုတော့ သူမသိသည်။ သူမက အမေရှေ့တွင် စကားပြောမှားမည်ကြောက်၍ နင်၊ ငါနှင့်သူ ပါသောစကားများကိုရှောင်သည်။ ဒါကြောင့် ယခုမှသာ ကြားဖူးခြင်းဖြစ်သည်။
"သို့ပေါင်က တော်လိုက်တာ။ အားလုံးကို တတ်တာပဲ။"
ချင်းရှန်းက ထိုအကဲပိုနေသောအဖေကိုကြည့်ပြီး အလုပ်ခရီးမှအပြန်တွင် ဘာဖြစ်သွားသည်ကို သ်ိချင်နေသည်။ပေကျင်းမှပြန်ရောက်ပြီးနောက် အတိတ်ကိစ္စများကို ဖြေရှင်းနိုင်သွားသော်လည်း ဒီတစ်ခါမှာတော့ စိတ်ထဲမှတင်းကျပ်မှုများအားလုံး ပျောက်သွားပြီဖြစ်ပုံရသည်။
ချင်းရှန်းလည်း အကြောင်းအရင်းမှန်ကို မတွေးနိုင်ပေမဲ့ ပျော်ရွှင်မိသည်။
ဒါတင်မက လောင်ဟဲက မိသားစုအတွက် အလုပ်ခရီးမှအပြန် လက်ဆောင်များဝယ်လာသေးသည်။ ဒါက ချင်းရှန်း အသိပေးစရာမလိုဘဲ သူကိုယ်တ်ိုင်ဝယ်လာသည့် ပထမဆုံးသော လက်ဆောင်ဖြစ်သည်။ စျေးမကြီးပေမဲ့လည်း တွေးတောပြီးဝယ်ခဲ့ပုံရသည်။
အဘွားအတွက် ပန်းပွင့်ပုံစံခေါင်းဆောင်း၊ အိုက်လန်အတွက် လက်အိတ်တစ်စုံ၊ ချင်းဖန်အတွက် ပလက်စတစ်ပတ်ထားပြီး အနီရောင်ကြယ်လေးများပုံပါသော စာအုပ်၊ သို့သို့အတွက် အကြည်ရောင်ကြိုးသိုင်းဖိနပ်နှင့် ရှင်းချန်းအတွက် နှုတ်ခမ်းနီဖြစ်သည်။
အရောင်ကိုကြည့်လိုက်ရာ အတော်လှသည်ဟု ချင်းရှန်းထင်မိသည်။ ပန်းရောင်တောက်တောက် မဟုတ်ပါ။ အနည်းငယ် ဆိုးလိုက်သည်နှင့် သူမ၏အသားအရောင်လင်းသွားမည့်အရောင်မျိုးဖြစ်သည်။
"ကျွန်မအတွက် ဒီလိုအရောင်ရွေးရမယ်လို့ ရှင်ဘယ်လိုသိတာလဲ?"
"အဆင်ပြေတယ်ထင်လို့ ဝယ်ခဲ့တာပဲ။"
ချင်းရှန်းက အလွန်ပျော်ရွှင်နေသည်။ သူမက ခပ်ပါးပါးအရင်ဆိုးလိုက်ပြီးနောက် ဖြည်းဖြည်းချင်း နှုတ်ခမ်းအပြည့်ဆ်ိုးလိုက်သည်။ သူမက မှန်ထဲသို့ကြည့်ကာ ပြောလိုက်သည်။
"နည်းနည်း အရောင်တောက်နေသေးသလို ခံစားနေရတယ်။"
"ကိုယ်ကြည့်မယ်။"
ထိုလူက အက်ရှရှအသံနှင့် သူမကိုဖက်၍ ပြောလိုက်ပြီး သူ့အကြည့်များက သူမ၏ အနီရောင်နှုတ်ခမ်းများအပေါ်ရောက်သွားကာ ရုတ်တရက် မျက်ဝန်းများထဲတွင် မှောင်မိုက်သွားသည်....
နာရီဝက်အကြာမှာတော့ ချင်းရှန်းက မောပန်းပြီး အသက်ရှူမဝဖြစ်နေပေမဲ့ သူကတော့ ထပ်လုပ်ချင်နေသေးသည်။ ချင်းရှန်းက သူ့ကိုစောင်နှင့်ပတ်ကာ အလုပ်ခရီးအကြောင်းမေးလိုက်သည်။
သူက ဒီတစ်ခါအလုပ်ခရီးကို အချိန်အတော်ကြာ သွားခဲ့သည်။ မစ္စတာချန်အစား သင်တန်းသွားတက်ရသည်ဟုပြောသည်။ သူကတော့ သင်တန်းသားမဟုတ်ဘဲ ဆရာဖြစ်သည်။ ကမ္ဘာအနှံမှာ နည်းပညာရှင်ပေါင်းရာကျော်ရှိပြီး သူကသာ အင်္ဂလိပ်စကားချောမွေ့စွာပြောနိုင်သူဖြစ်၏။
တကယ်တော့ ဖိတ်ခေါ်ခံရသူက မစ္စတာချန်ဖြစ်ပြီး မစ္စတာချန်က အလုပ်ရှုပ်နေသလို နိုင်ငံခြားဘာသာစကား မကျွမ်းကျင်သည့်အတွက် ဝန်ကြီးဌာနက အစားထိုးမည့်သူ ရှာခိုင်းခြင်းဖြစ်ပြီး သူ မသွားလျှင် လေ့ကျင့်ရေးသင်တန်းက အောင်အောင်မြင်မြင်နှင့်ပြီးသွားမည်မှာ မသေချာပေ။
"ရှင်က လူအများရှေ့မှာ သင်တန်းပို့ချခဲ့တာပေါ့ အင်္ဂလိပ်လို ပြောပြီးတော့လေ?" ချင်းရှန်းက တောက်ပစွာကြည့်ပြီး မေးလိုက်သည်။
ဒါက ရှောင်ဟဲကို ကိစ္စကြီးလုပ်နိုင်ခဲ့သလို ခံစားမိစေသည်။ "အင်း။ စကားလုံးအသုံးအနှုန်းတွေကို ကြိုကြည့်ထားတာပါ။ မဟုတ်ရင် အညွှန်းမပါဘဲ ပြောနိုင်မှာမဟုတ်ဘူး။"
"ဘာလဲ?ရှင်က အလွတ်ပြောခဲ့တာလား?"
ညအမှောင်ထဲတွင် လောင်ဟဲက ပြုံးပြီးပြောလိုက်သည်။ "အင်း ဒါက နှစ်နာရီစာသင်တန်းပို့ချတာပါပဲ။"
ရှင်းချန်း - "!"
ရှင့်ရဲ့အနေအထားက အရမ်းကိုအတည်ပေါက်ကြီးပါလား အစ်ကိုကြီး။
သူမက လောင်ဟဲသည် ယခင်ဘဝက အင်တာနက်ပေါ်တွင် နာမည်ကြီးသော ပါမောက္ခတစ်ယောက်ဖြစ်ခဲ့သည့်အတွက် သူ၏လုပ်နိုင်စွမ်းကိုသံသယမရှိပေ။ သူ၏ မသန်မစွမ်းမှု၊ အဝေးမှုန် အနီးမှုန်ပြဿနာများ ခံစားနေရချိန်တွင် စင်မြင့်ပေါ်ရပ်ကာ နှစ်နာရီစာ သင်တန်းပို့ချခြင်းကို အညွှန်းမပါဘဲ အင်္ဂလိပ်လိုပြောနိုင်သည်။ သူ၏ ထက်မြက်မှုနှင့် ရိုးရှင်းသည့်ဝတ်စားပုံ၊ ချောမောသည့်ပုံစံတို့ကြောင့် အင်တာနက်တွင် နာမည်ကြီးခြင်းဖြစ်မည်။ သူ၏ သင်တန်းပို့ချမှု ဗွီဒီယိုများကြည့်ပြီးနောက် လူငယ်အများကသင်တန်းတက်ရန်လာကြသည်။ခုံများတွင် ကျောင်းသားများပြည့်နေပြီး စင်္ကြံများတွင် ထိုင်နေသူ၊ ရပ်နေသူများမှာလည်း ကျောင်းသားများဖြစ်သည်။
ဒီအကြောင်းကြောင့် လူငယ်အများစုက အင်တာနက်မပါသည့်စာသင်ခန်းတွင် သင်လိုကြခြင်းဖြစ်သည်။
ဒါက သူ၏ကိုယ်ပိုင်အရောင်အဝါကြောင့် မဟုတ်သော်လည်း အများကြီးတော့ သက်ဆိုင်သည်။
"ကျွန်မ ရှင့်ကို ပိုပြီးတော့ သဘောကျလာသလို ခံစားရတယ်။"
ဒါက ဒီလိုတည့်တိုးဝန်ခံခြင်းမျိုးကို ပထမဆုံးအနေဖြင့် လောင်ဟဲကြားလိုက်ရခြင်းဖြစ်သည်။ သူက ရှက်လာပြီး နားရွက်များနီလာကာ ပြန်၍ပင်ပြောလိုက်သေးသည်။
"ကိုယ်လည်း မင်းကို ပိုပြီးချစ်ပါတယ်။"
ချင်းရှန်းက သူ့ကိုနမ်းလိုက်ပြီး နံရံကိုမှီကာ အိပ်ပျော်နေသော သို့သို့ကိုလည်း နမ်းလ််ိုက်သည်။
ရလဒ်အနေနှင့် အိပ်ပျော်သွားသည်နှင့် ရုံးအရာရှိတစ်ဦးက ရုတ်တရက်လာရှာခဲ့သည်။
"ဒေါက်တာချင်း ဖုန်းလာပါတယ်။"
"မင်းကိုဖုန်းဆက်တာပြီး စခန်းက်ို မဆက်တာက ထူးဆန်းတယ်။" လောင်ဟဲက အနည်းငယ်တွေးမရဖြစ်နေသည်။
အရာရှိလေးက ရှင်းပြလိုက်သည်။ "တစ်ဖက်လူက ပေကျင်းကဆက်တဲ့အဘိုးကြီးတစ်ယောက်ပါ။ အရေးကြီးကိစ္စရှိလို့ ဒေါက်တာချင်းကို ဆက်သွယ်တာဖြစ်ပြီး လူက်ိုယ်တိုင်သွားခေါ်ပေးဖို့ပြောထားလို့ပါ။"
သူ၏အသံက ဘာလို့သူမ ဖုန်းမကိုင်မှာကြောက်တဲ့ပုံစံဖြစ်နေတာလဲ?
ရုတ်တရက် တစ်ယောက်ယောက်ကို ချင်းရှန်းတွေးမိသွားသည်။ နှလုံးခုန်သံများမြန်လာပြီး ရုံးသို့အလျင်အမြန်သွားလိုက်သည်။
"ဟယ်လို ရှင်းချန်းပါ။"
"တတိယကလေး ငါဘယ်သူလဲသိရဲ့လား?"ဒါက ကြင်နာသည့်အဘိုးကြီး၏အသံဖြစ်သည်။
ချင်းရှန်းက ပြုံးလိုက်သည်။ "ဆရာပဲ၊ ဆရာ့ကို ကျွန်မ မမှတ်မိစရာလား?"
သူတို့ နောက်ဆုံးတွေ့ခဲ့သည်မှာ လအနည်းငယ်သာရှိသေးသော်လည်း သူ၏အသံမှာ ပိုအိုသွားသလိုခံစားရသည်။ ကျန်းမာရေးစောင့်ရှောက်သူတစ်ယောက် ဖြစ်ရတာက ပင်ပန်းရတယ်မလား။ သူရေးရသည့်ဆေးညွှန်း၊ ပြောရသည့်စကားများ အားလုံးက စစ်ဆေးမှုများကိုကျော်ဖြတ်ရန်လိုအပ်ပြီး မစ္စတာဟဲက အမြဲလိုလို ပေါ့ပေါ့ပါးပါးအေးအေးဆေးဆေး နေတတ်သူဖြစ်နေသည်။
"ဆရာ ကျန်းမာရေးကို ကောင်းကောင်းဂရုစိုက်ပါနော်။"
သူမက င်ိုသံဖြင့်ပြောလိုက်သည်။
သူမအဖေက ဟဲလီပိုင်လို လူတစ်ယောက်ဖြစ်န်ိုင်သည်။
သူက သူမနှင့်အတူအဖော်လုပ်ပေးသည်။ ချစ်ခင်အလိုလိုက်ပြီး တင်းကျပ်လေ့လည်းရှိသည်။ နောက်ဆုံးတွင် မိုင်ပေါင်းများစွာ အကွာအဝေးထိလာကာ သူမကို ဆေးဖက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းကို လက်မလျှော့ရန်တိုက်တွန်းခဲ့သည်။
ဟဲလီပိုင်က ရပ်သွားသည်။ "အခုတော့ အရှုပ်ကိုရှင်းကြရအောင်။ အလုပ်က အခုမှစတာ ငါ့တာဝန်ကလည်းကြီးတယ်။ အကောင်းဆုံးကြိုးစားပြီး က်ိုယ့်ကိုက်ိုယ်ဂရုစိုက်လိုက်ပါမယ်။"
ချင်းရှန်းက ထပ်မေးချင်သေးသော်လည်း ရုတ်တရက်သူက သူမ၏လက်ရှိအခြေအနေကို မေးလိုက်သည်။သူမက အလယ်တန်းအဆင့် ကျွမ်းကျင်မှုလက်မှတ်ရထားပြီး ယခင်လတွင်ပဲ ရုက္ခဗေဒပညာရှင်တစ်ယောက်အဖြစ် ရာထူးတိုးခံရသည့်အတွက် သူက ပျားရည်သောက်ရသည်ထက်ချိုမြိန်နေသည်။
တတိယကလေးက ကိုယ်ပိုင်အစွမ်းအစနှင့် အရည်အချင်း ပြည့်ဝသည့် ဆရာဝန်တစ်ယောက်အဖြစ် ကြီးပြင်းလာသည်။ အမှန်အတိုင်းပြေုရလျှင် သူမကို တိုင်းရင်းဆေးပညာသင်ပေးချိန်က အကောင်းမြင်မျှော်လင့်ချက်များသိပ်မရှိပေ။ သူမက ထက်မြက်ပေမဲ့ ပါးနပ်မှုမရှိပေ။ လမ်းပြပေးမည့်သူမရှိလျှင် သာမန်လူများထက် ပို၍ဆိုးရွားစွာရှင်သန်ရလိမ့်မည်။
ဒါပေမဲ့ နှစ်အတော်ကြာ အတူရှ်ိလာပြီးသည့်နောက်တွင် သူမ၏ရိုးသားမှုကြောင့် သူ စိတ်လှုပ်ရှားခဲ့ရသည်။ ဒီလို မရင်းနှီးဘဲ ခက်ခဲသည့် ပတ်ဝန်းကျင်တွင်နေရသည်တောင် ထိုကလေးက မကောင်းသည့်အရာများ မသင်ယူလာသည့်အပြင် ဖြောင့်မတ်၊ ရိုးသားပြီး အမှီအခိုကင်းသည်။ ထွက်သွားချိန်တွင်လည်း သူ နောင်တရမိသည်။ သူသာလျှင် နှစ်အနည်းငယ် ဆက်နေနိုင်ခဲ့လျှင် ဒီကလေး၏ အစွမ်းအစက ဒီလိုသာမန်အဆင့်တွင် ရပ်နေမည်မဟုတ်ပေ။
သူတို့နောက်ဆုံးတွေ့ချိန်က သူမပြောခဲ့သည့်စကားများကြောင့် သူသေချာတွေးမိသည်။ သူမ၏ ကုသမှုများမှာ ပါးနပ်သေသပ်ပြီး သူသင်ပေးထားသည့်နည်းများမဟုတ်ပေ။ ဒီလိုအမြင်မျိုးနှင့် သတ္တိမျိုးဖြင့်သာ ခြေတစ်လှမ်းထပ်တက်နိုင်ခဲ့လျှင်....သနားစရာဖြစ်လိမ့်မည်။
မစ္စတာဟဲက သက်ပြင်းချလိုက်သည်။ "စကားပြောဖို့အဆင်သင့်ပဲလား ကောင်မလေး။"
ယခုသူမက စက်ရုံရုံးခန်းတွင် တစ်ယောက်ထဲဖြစ်၏။ အရာရှိလေးက သန့်စင်ခန်းသွားနေပြီး လောင်ဟဲကလည်း သူမနှင့်အတူတံခါးဝတွင်ရှိနေသည်။
"မင်းယောက်ျားရဲ့နာမည်က ဟဲလျန်ရှန်းမလား?အထက်တန်းကျောင်းကနေ ဘွဲ့ရထားတာနော်။"
ချင်းရှန်းက "အင်း" ဟုဖြေလိုက်ပြီး မစ္စတာဟဲက ဘာလို့ရုတ်တရက် လောင်ဟဲအကြောင်း မေးနေသည်ကိုသိချင်မိသည်။
"အလုပ်မရှိဘူးဆိုရင် အထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်းက ဖတ်စာအုပ်တွေကိုပြန်လေ့လာခိုင်းလိုက်ပါ။ မကြာခင် အခွင့်ကောင်းတစ်ခုလာတော့မယ်။"
ချင်းရှန်းက သူ့ဆရာ၏ အနစ်နာခံတွေးတောပေးမှုများကြောင့် သူမရင်ထဲ လှုပ်ခတ်သွားရသည်။ မျိုးဆက်ပေါင်းများစွာနှင့် တစ်နိုင်ငံလုံးကို ပြောင်းလဲပစ်နိုင်သည့် လှုပ်ရှားမှုကြီး ဖြစ်လာတော့မည်ဖြစ်သည်။ အချိန်ကျလာလျှင် အခွင့်အရေးပေါင်းများစွာ တစ်ခါတည်း ရောက်လာတော့မည်ဖြစ်၏။ တစ်ရက်လောက် ကြိုသ်ိထားသူများက ကြိုတင်ပြင်ဆင်ရန် တစ်ရက်ပို၍အချ်န်ရသည်။ ဒါက အကျိုးရှိသည့်အရာဖြစ်သည်။
ဒါပေမဲ့ သတင်းက တရားဝင် မကြေညာရသေးသည့်အတွက် သူက အတိအလင်းချမပြနိုင်ပေ။ မဟုတ်လျှင် သိသွားသူတစ်ယောက်ယောက်က အရှုပ်များလုပ်နိုင်သည်။
သို့သော်လည်း ဒီရက်ပိုင်းမှ သူသိထားသည့်အတွက် သူမကို ပြောပြပုံရသည်ကို သူမက ဘယ်လိုလုပ်စိတ်ပျက်အောင်လုပ်နိုင်မှာလဲ။
သူမက ပြောလိုက်သည်။ "ကောင်းပါပြီ။ သူ့ကိုကြိုးစားပြီး စာလေ့လာဖို့ ပြောလိုက်ပါ့မယ်ဆရာ"